← Chapters

ယုတ္တိဗေဒထက် ကျော်လွန်၍

Vol. 68 Ch. 948

ယုတ္တိဗေဒထက် ကျော်လွန်၍

Vol. 68 Ch. 948

ဤအချိန်တွင် တွမ်ရက်ဂျီတစ်ယောက်တည်းသာ တုန်လှုပ်‌နေရသည်မဟုတ်၊ ဘေးနားရှိဆိုဖာပေါ်တွင် ထိုင်နေသော စုန့်ကွမ်းဟွေပင် ထန်ရှုအား အံ့အားသင့်သောအမူအရာ မယုံသင်္ကာဖြစ်စွာနှင့် ကြည့်နေခဲ့သည်။

သူ၏နေရာက ပိရမစ်၏ထိပ်ဆုံးတွင် ရှိသူတစ်ယောက်အနေနှင့် စုန့်ကွမ်းဟွေက သာမန်လူတစ်ယောက်သိသင့်သည်ထက်ကျော်လွန်သောအရာများအား သိသည်။ ဗန်ပိုင်းယားနှင့်သားရဲတစ်ပိုင်းလူများကဲ့သို့ကြောက်စရာကောင်းသည့်အားကောင်းသောမျိုးနွယ်များနှင့် ရေဒါအောက်တွင်နေထိုင်သော(မမြင်နိုင်သည့်‌နေရာတွင်တည်ရှိလှုပ်ရှားနေသော)စုန်းများကဲ့သို့ ကျွမ်းကျင်သူပုံရိပ်များက အမှန်တကယ်တည်ရှိသည်ကို သူ သိ၏။ အတိတ်တွင်သူတို့ညီအကိုများကလည်း ထိုကဲ့သို့တည်ရှိမှုများအား ရင်‌ဆိုင်ခဲ့ရသည်။

ဒါပေမယ့် တွမ်ရက်ဂျီကို အဲဒီကြောက်စရာကောင်းတဲ့တည်ရှိမှုတွေလို အားကောင်းစေရမယ်လို့ ထန်ရှုက ဘာလို့ ကတိပေးရဲတာလဲ။ သူက အဓိပ္ပါယ်မရှိတာပြောနေတာလား ဒါမှမဟုတ် အမှန်တကယ်ပြောနေတာလား။

"ထန်ရှု......"

စုန့်ကွမ်းဟွေက အော်လိုက်သော်လည်း ထန်ရှုက လက်မြှောက်ကာ သူ့အား တားဆီးလိုက်သည်။

ထန်ရှုက တွမ်ရက်ဂျီအား ပြင်းပြင်းထန်ထန်တစ်ချက်ကြည့်ကာ လေးနက်စွာ ဆက်ပြောလိုက်သည်"မင်းက အညံ့ခံဖို့ ရွေးချယ်ရင်တောင် ငါ့ရဲ့လူယုံဖြစ်လာမှာမဟုတ်ဘူးဆိုတာ မင်း နားလည်ရမယ်။ ဒါပေမယ့် မင်းရဲ့ခွန်အားက အကြီးအကျယ်တိုးလာမယ်၊ မင်းရဲ့သက်တမ်းကလဲ အဆအနည်းငယ်ပိုရှည်လာမယ်လို့ ငါ အာမခံနိုင်တယ်"

"သက်တမ်းပိုရှည်တယ်ဆိုတာက ဘာပြောချင်တာလဲ"တွမ်ရက်ဂျီက မေး၏။

"ဥပမာအားဖြင့် မင်းက ပုံမှန်အားဖြင့် အသက်တစ်ရာထိပဲ အသက်ရှင်နိုင်တယ်၊ ငါ့ကိုရွေးချယ်လိုက်ရင် လက်ရှိတစ္ဆေထက် ပိုသန်မာတဲ့အထိ မင်းကို ပိုသန်မာအောင် လုပ်ပေးရုံသာမက မင်းက အသက်နှစ်ရာ၊ သုံးရာ ဒါမှမဟုတ် လေးရာအထိ အသက်ရှင်သန်နိုင်မယ်။ ဒါနဲ့ ပတ်သက်ပြီး ငါ့ကို သံသယမဖြစ်နဲ့။ ငါ့ရဲ့စရိုက်ကို မင်း ရှင်းရှင်းလင်းလင်းသိပါတယ်၊ ငါ ဘယ်တော့မှ လေကြီးလေကျယ်မပြောဘူး၊ ဘယ်တော့မှ အဓိပ္ပါယ်မရှိတာတွေ မပြောဘူး"

"ဒါ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး"တွမ်ရက်ဂျီက ခေါင်းခါယမ်းကာ ပြောလေသည်"လူသားတွေက ဘယ်လိုလုပ်ပြီး အသက်နှစ်ရာသုံးရာအထိ ရှင်နိုင်မှာလဲ"

"အဲဒီဗန်ပိုင်းယားတွေ ဘယ်လောက်ထိ အသက်ရှင်နိုင်သလဲလို့ မင်းထင်လဲ"

"အာ....."

တွမ်ရက်ဂျီက ပြောစရာစကားမဲ့ကာ အံ့အားသင့်သွားသည်။ ဗန်ပိုင်းယားများက နှစ်ထောင်ချီအသက်ရှင်နိုင်သည်ကို သူ သိသည်၊ ကြောက်စရာအကောင်းဆုံးသူများက ထိုထက်တောင် ပိုအသက်ရှင်နိုင်သည်။ ဒါပေမယ့် လူသားတွေကလဲ အဲဒိီလောက်ထိ တကယ် အသက်ရှင်နိုင်တာလား။

ရုတ်တရက် အနည်းငယ်စိတ်မရှည်မှုက သူ့အသံထဲတွင် ပါလာပြီး ထန်ရှုက ပြောလိုက်သည်"ငါ အခုပဲ မင်း အဖြေကို လိုချင်တယ်။ မင်း လက်ခံတာဒါမှမဟုတ်ငြင်းပယ်တာပဲဖြစ်ဖြစ်၊ ငါ အခု လိုချင်တယ်"

"ထန်.....သူဌေး၊ ငြင်းပယ်ခွင့် ရှိသေးတယ်လို့ မင်း ထင်တာလား"တွမ်ရက်ဂျီက ဟန်လုပ်ပြုံးလျက် မေးလိုက်သည်။

"မင်းက မငြင်းမှတော့ ဒါ ပြီးပြတ်သွားပြီပေါ့"ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်"ဒီ‌နေ့က စပြီး မင်းက ငါ့လူပဲ၊ နဂါးကိုးကောင်းကျွန်းက ပြဿနာကို ဖြေရှင်းပြီးတာနဲ့ မင်းကို ကျင့်ကြံခြင်းနည်းစနစ်သင်ကြားပေးဖို့ ငါ တစ်ယောက်‌ယောက် လွှတ်လိုက်မယ်။ မင်းရဲ့တိုက်ခိုက်ရေးစွမ်းပကားက သုံးနှစ်အတွင်းမှာ အဆများစွာ တိုးလာမယ်လို့ ငါ အာမခံတယ်"

"အမ်"

တွမ်ရက်ဂျီက ခေါင်းညိတ်ကာ ဘာမှမပြောပေ။ သူက ထန်ရှုအား အညံ့ခံရန် ရွေးချယ်ခဲ့မှတော့ သူ့စိတ်ထဲရှိအ‌တွေးများအားလုံးအား ပြောင်းလဲရမည်သာဖြစ်၏။ ကမ္ဘာ့နံပါတ်တစ်လူသတ်သမားတစ္ဆေကတောင် ထန်ရှု၏အောက်ဆွဲဖြစ်နေသောကြောင့် ထန်ရှု၏နောက်လိုက်ဖြစ်ခြင်းက ရှက်စရာမဟုတ်ဟု သူ ထင်သည်။

"မင်းကို မှတ်ထားစေချင်တာ နောက်တစ်ခုရှိတယ်၊ တွမ်"ထန်ရှုက သတိပေး၏"မင်းကို ဦးလေးစုန့်အရှေ့မှာ အကြွင်းမဲ့ရိုသေလေးစားစေချင်တယ်။ ပြီးတော့ သူနဲ့မင်းရဲ့အရင်‌ကျောထောက်နောက်ခံကြားမှာ ပြဿနာတစ်ခုခုဖြစ်လာရင် မင်း သူ့ဘက်က ရပ်တည်ရမယ်။ ငါ စိုင်ဖန်မှာ မရှိရင်တောင် မင်းက သူ့ရဲ့အမိန့်အားလုံးကို နာခံရမယ်"

"ဒါက ....."တွမ်ရက်ဂျီက စုန့်ကွမ်းဟွေအား တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်"ငါ မင်းအမိန့်ကို နာခံပါ့မယ်"

စုန့်ကွမ်းဝေက စောင်းဝေ့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာ၏"မင်း ငါတို့နဲ့ ပူပေါင်းလာတဲ့အတွက် ငါ အရမ်းဝမ်းသာတယ်၊ တွမ်။ ဒါပေမယ့် မင်းက ထန်ရှုကို အညံ့ခံဖို့ ဆန္ဒမရှိဘူးဆိုတာ ငါ ပြောနိုင်တယ်၊ ဒါကြောင့် မင်းရဲ့စကားကို တည်ဖို့ ငါ သတိပေးချင်တယ်။ မင်း သူ့ကို ကတိပေးထားပြီးသား၊ ဒါကြောင့် မင်း မလိုက်နာဘူးဆိုရင် ငါ ဒါဝက်နှင့်သဘောတူညီချက်ကို ချိုးဖြတ်ရရင်တောင် မင်းကို ရှင်းပစ်မယ်"

တွမ်ရက်ဂျီက လုံးဝတွန့်ရှုံ့ခြင်းမရှိ၊ တဲ့တိုးပြောလိုက်သည်"အားဝူနဲ့တစ္ဆေတို့ကတောင် မစ္စတာထန်ကို အညံ့ခံရတယ်။ ဒါက ထန်ရှုရဲ့စွမ်းအားက ငါထင်ထားတာထက် ပိုကြောက်စရာကောင်းတယ်လို့ ဆိုလိုတယ်။ ငါ နည်းနည်းတွန့်ဆုတ်မိတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါ့ရဲ့ရွေးချယ်မှုကို ပြုလုပ်ပြီးမှတော့ အကောင်းဆုံးလုပ်မယ်လို့ ငါ အာမခံပါတယ်"

"မင်းက အညံ့ခံဖို့ ဆန္ဒမရှိဘူးပေါ့လေ"ထန်ရှုက ကျီစယ်ပြံးလျက် မေးလိုက်သည်။

"ဟုတ်တယ်"ဖုံးကွယ်ရန် မကြိုးစားဘဲ တွမ်ရက်ဂျီက ပြန်ဖြေ၏။

ထန်ရှု၏ပုံရိပ်က အရိပ်တစ်ခုပမာ လျှပ်တစ်ပြက်လက်သွားပြီး ဆိုဖာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ တစ်စက္ကန့်၏တစ်ထောင်ပုံတစ်ပုံအတွင်း သူက တွမ်ရက်ဂျီအရှေ့၌ ရပ်နေပြီဖြစ်၏။ သူက တွမ်ရက်ဂျီအား ဆိုဖာမှ ဆွဲထူကာ သူ့ပါးစပ်ထဲသို့ ဆေးတစ်လုံးပစ်ထည့်ပြီးနောက် အော်ပြောလိုက်သည်"မင်းရဲ့ခန္ဓာကိုယ်ကို ဖြေလျှော့ထား၊ မင်းရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲမှာ စွမ်းအင်စီးဆင်းမှုကို အာရုံခံ။ နာကျင်တာကို အောင့်ခံထား။ မင်းရဲ့ခန္ဓာကိုယ် ဆုတ်ပြတ်သလို ခံစားရရင်တောင် သည်းခံပြီး စွမ်းအင်ကို အာရုံခံဖို့ အကောင်းဆုံးကြိုးစား"

ထိုသို့ပြောပြီးနောက် မူလဖရိုဖရဲစွမ်းအင်စီးကြောင်းတစ်ခုက တွမ်ရက်ဂျီ၏ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားခဲ့ပြီး အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံခြင်းနည်းစနစ်လမ်းကြောင်းအတိုင်း စတင်လှည့်ပတ်ခဲ့သည်။

"တောက်....နာလိုက်တာ...."

တွမ်ရက်ဂျီက စူးစူးဝါးဝါးအော်ဟစ်နေပြီး သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ယင်လာသည်။

ထန်ရှုက သူ့အား လစ်လျူရှုထားပြီး မူလဖရိုဖရဲစွမ်းအင်ကို ထိန်းချုပ်ကာ မြန်မြန်လည်ပတ်စေပြီး ပိတ်ဆို့နေသောသွေးကြောမှတ်များနှင့်မရီဒျာန်များအား ဖွင့်ပေးသည်။ မရီဒျာန်များကို ထိုးဖောက်ပြီးနောက် သူက လျင်မြန်စွာ ပြန်ပြုပြင်ကာ အားဖြည့်ပေးခဲ့သည်။ ဆယ်မိနစ်အတွင်း၌ ထန်ရှုက တွမ်ရက်ဂျီ၏ခန္ဓာကိုယ်ထဲရှိ ပိတ်ဆို့နေသောသွေးကြောမှတ်၃၆ခုအား ထိုးဖောက်ခဲ့ပြီး ကျင့်ကြံခြင်းနည်းစနစ်၏သေးငယ်သောကောင်းကင်ဘုံပတ်လည်ကြောင်းအခြေခံအုတ်မြစ်အရ စွမ်းအင်ကို ဖြန့်ကျက်ကာ အပေါက်များအား ပြီးပြည့်စုံစေပြီး လည်ပတ်ခြင်းသံသရာစက်ဝိုင်းအား အပြည့်အဝဖြစ်စေခဲ့သည်။

"အာ၊ အနံ့ဆိုးဆိုးဝါးဝါးထွက်လာပါလား"

တွမ်ရက်ဂျီ၏ခန္ဓာကိုယ်မှ ပုပ်စော်အနံ့အား ဧည့်ခန်းထဲရှိလူတိုင်းက အနံ့ခံမိသွားကြသည်။

ထန်ရှုက တွမ်ရက်ဂျီ၏ခန္ဓာကိုယ်အား လွှတ်လိုက်ပြီး ဆို‌ဖာပေါ် ပစ်ထုတ်လိုက်သည်။ သူက ပင့်သက်ရှိုက်ကာ ဟောဟဲဟောဟဲဖြစ်နေပြီး သူ့အဝတ်အစားများက ချွေးများနှင့် ရွှဲရွှဲစိုနေသည်။ သူက ပြုံးကာ ပြော၏"အောက်ထပ်က ရေချိုးခန်းထဲမှာ ရေသွားချိုး။ မင်းရဲ့လူတွေကို အဝတ်အစားအသစ်တစ်စုံပို့ခိုင်းလိုက်။ မင်းမှာ နာရီဝက်ပဲ အချိန်ရှိတယ်၊ ငါ မင်းကို ဒီနေရာမှာပဲ စောင့်နေမယ်"

တုန်ယင်‌‌နေရင်း တွမ်ရက်ဂျီက အသံပြာပြာနှင့် ပြန်ဖြေလိုက်တော့သည်"ငါ....ခွန်အားမရှိတော့ဘူး။ နာလွန်းတယ်......ငါ့အသားကို ဓားနဲ့ လှီးဖြတ်နေသလိုပဲ"

"ငါ့ကို ယုံ။ မိနစ်အနည်းငယ်ကြာရင် မင်း မနာတော့ဘူး။ အဲအစား ဇိမ်ရှိတဲ့ခံစားချက်တစ်ခု ဖြစ်လာလိမ့်မယ်၊ ခုနှစ်ထပ်မြောက်ကောင်းကင်ဘုံမှာ ရောက်နေသလိုမျိုးပေါ့"‌ထန်ရှုက ဖျော့ဖျော့လေးပြုံးလျက် ပြောလေသည်"ငါ့မှာ အချိန်မရှိဘူး၊ ထပ်နှောင့်နှေးနေလို့ မရတော့ဘူး။ နာရီဝက်အတွင်း မင်း ငါ့ရှေ့မှာ ပြန်ပေါ်လာတာကို ငါ လိုချင်တယ်"

"အယုတ်တမာကောင်ကတော့....."

တွမ်ရက်ဂျီက စိတ်ထဲ၌ ကျိန်ဆဲလိုက်ကာ ရုန်းကန်ထရပ်ပြီး လှေကားထစ်များဆီသို့ တစ်လှမ်းချင်း ရွေ့လျားသွားတော့သည်။

တွမ်ရက်ဂျီပျောက်ကွယ်သွားပြီးနောက် ထန်ရှု၏အပြုအမူများနှင့်တွမ်ရက်ဂျီအား အပြည့်အဝအာရုံစိုက်နေသော စုန့်ကွမ်းဟွေက အံ့အားသင့်သောအမူအရာနှင့် မေးလာ၏"ခဏက မင်း ဘာလုပ်ခဲ့တာလဲ၊ ထန်ရှု"

"ငါ သူ့ရဲ့မရီဒျာန်အချို့ကို ပွင့်အောင် ကူညီပေးခဲ့တာ၊ တစ်ချိန်တည်းမှာ သူ့ရဲ့ခွန်အားကို တိုးစေတယ်"ထန်ရှုက ပြုံးကာ ပြောလေ၏"သူက ငါ့ကို အညံ့ခံတယ်ဆိုပေမယ့် နည်းနည်းတွန့်ဆုတ်နေတုန်းပဲ၊ ဒါကြောင့် သူ့ရွေးချယ်မှုရဲ့ချိုမြိန်မှုနဲ့ပိုသန်မာလာတာကို အရသာခံစေပြီးရင်တော့ သူက လုံးဝအညံ့ခံလာမှာလေ။ ဒါနဲ့ ဦးလေးစုန့်၊ တွမ်ရက်ဂျီက ငါတို့ရဲ့ပထမဆုံးတွေ့ဆုံမှုအတွက် ငါ့ရဲ့လက်ဆောင်ပဲ။ ဦးလေးကြိုက်မယ်လို့ ငါ မျှော်လင့်တယ်"

စုန့်ကွမ်းဟွေက ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ရုတ်တရက် ပြော၏"ငါ မင်းရဲ့အဖေကို ဆက်သွယ်ဖို့ လိုတယ်"

ထန်ရှုက ဖုန်းကိုင်ထားသောသူ့လက်အား ဆန့်ထုတ်ကာ ပြုံးလျက် ပြောလိုက်သည်"ငါ ဦးလေးကို ဖုန်းနံပါတ်ပေးပြီးပြိီ‌နော်၊ ဦးလေး သူ့ကို အချိန်မရွေး ‌ဖုန်းခေါ်လို့ရတယ်"

စုန့်ကွမ်းဟွေက ကျေးဇူးတင်ကြောင်းပြောပြီး ထရပ်ကာ သူ့လူများအား အမိန့်ပေးပြီးနောက် တံခါးဘေးနားရှိအခန်းလွတ်တစ်ခုဆီသို့ လျှောက်သွား၏။

နာရီဝက်ကြာပြီးနောက် သူက အခန်းထဲမှ ထွက်လာသည်၊ သူ့မျက်လုံးများက ကြင်နာမှုအပြည့်နှင့် ထန်ရှုအား ကြည့်၏။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုက ဖုံးကွယ်မဲ့နေသည်။

"မင်း ငါ့အဖေနဲ့ စကားပြောပြီးပြီးလား၊ ဦးလေးစုန့်"ထန်ရှုက မေးလိုက်၏။

"ဟုတ်တယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"မင်းအဖေဆီကနေ မင်းအကြောင်းအများကြီး ငါ သိခဲ့ရတယ်၊ ထန်ရှု။ မင်းက တကယ်ကို အံ့အားသင့်စရာပဲ။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို မင်း တည်ထောင်ထားမှန်း ငါ သိလိုက်ရတယ်၊ ထန်မိသားစုရဲ့အကူအညီမပါတောင်မှလေ။ ဒါပေမယ့် ငါ မထင်ထားတာက မင်းလဲ ကျင့်ကြံသူတစ်ယောက်ဆိုတာပဲ"

"အာ၊ သူက ဒါတောင် ပြောခဲ့တာဆိုတော့ အဖေက မင်းကို တကယ်ယုံကြည်ပုံပဲ"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

"လက်ရှိပဲဖြစ်ဖြစ်လွန်ခဲ့တဲ့ဆယ်စုနှစ်ပဲဖြစ်ဖြစ် ငါတို့က ညီအကိုတွေပဲ၊ သေဖော်ရှင်ဖက်သွေးသောက်ညီအကိုတွေပဲ၊ နောက်အနှစ်နှစ်ဆယ်ကျရင်လဲ အဲအတိုင်း ဖြစ်နေမှာပဲ"စုန့်ကွမ်းဟွေက ဖြောင့်ဖြောင့်တန်းတန်းတဲ့တိုးပြောလိုက်သည်။

ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည်"မင်းရဲ့ဖြူစင်တဲ့ညီအကိုစိတ်ဓာတ်ကို ငါ တကယ်လေးစားမိတယ်၊ ဦးလေးစုန့်။ ဒါဆို ငါ ပေးတဲ့လက်ဆောင်ကိုရော မင်း ဘယ်လိုထင်လဲ"

"အရမ်းကောင်းတယ်၊ ငါ ကြိုက်တယ်"စုန့်ကွမ်းဟွေက တက်ကြွစွာ ပြန်ဖြေ၏"တွမ်ရက်ဂျီက ဒါဝက်ရဲ့ညာလက်ရုံး၊ ငါအလေးအနက်ထားရင်ဆိုင်နေရတဲ့ရန်သူတစ်ယောက်ပဲ။ ဒါပေမယ့် အခု သူက ငါ့လူတွေထဲကတစ်ယောက်ဖြစ်လာပြီ။ သူနဲ့ဆိုရင် ဒါဝက်နဲ့ရင်ဆိုင်ရတာ အများကြီးပိုလွယ်မယ်ဆိုတာ ငါ ပြောနိုင်တယ်"

"မင်းက စိုင်ဖန်ရဲ့နံပါတ်၂ပုဂ္ဂိုလ်လို့ပြောတာ ဟုတ်လား ဦးလေးစုန့်"ထန်ရှုက ပြုံးကာ မေးလိုက်သည်"မင်း ဒီ‌နေရာရဲ့တစ်ဦးတည်သောအကြီးအကဲဖြစ်ချင်လား။ မင်း ဆန္ဒရှိရင် ငါ ကူညီပေးနိုင်တယ်"

"မင်း လုပ်နိုင်လား"စုန့်ကွမ်းဟွေက ကမန်းကတန်းမေးလိုက်၏။

"ကားမတော်တဆတစ်ခုဖြစ်အောင် ဖန်တီးပြီး နံပါတ်၁ပုဂ္ဂိုလ်ရဲ့အသက်ကို ယူလိုက်ရုံပေါ့၊ မင်း ဘယ်လိုထင်လဲ"ထန်ရှုက ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်"ဒါမှမဟုတ် ဒါနဲ့ပတ်သက်ပြီး တစ္ဆေကို ပြောလိုက်ရုံပဲ။ သူ့အနေနဲ့ ပြီးမြောက်ဖို့က လွယ်လွယ်လေးပဲ"

ရှုပ်ထွေးသောမျက်နှာနှင့် တစ္ဆေအား တစ်ချက်ကကြည့်လိုက်ပြီး စုန့်ကွမ်းဟွေက ပြော၏"သူ့ရဲ့အထောက်အထားအစစ်အမှန်က......"

"ငါ မင်းကို မဖုံးကွယ်တော့ပါဘူး၊ ဦးလေးစုန့်။ သူက ကမ္ဘာအကောင်းဆုံးလုပ်ကြံသတ်ဖြတ်သူတစ္ဆေပဲ"ထန်ရှုက ပြော၏"မင်းက အာဏာနဲ့ရာထူးမြင့်မားတဲ့သူဆိုတော့ အကြောင်းအရာတော်တော်များများသိသင့်တယ်။ မင်း ဒီနာမည်ကို မကြားဖူးလို့တော့ ငါ့ကို မပြောနဲ့နော်"

တစ္ဆေလား။ ကမ္ဘာ့နံပါတ်တစ်လုပ်ကြံသတ်ဖြတ်သူလား။

စုန့်ကွမ်းဟွေ၏မျက်ခုံးများက ကျုံ့သွားပြီး သူ့မျက်နှာက ဖြူရော်သွား၏။ ယခင်က တွမ်ရက်ဂျီထံမှ တစ္ဆေနာမည်ကို သူ ကြားခဲ့သည်။ ထိုလူက အေးစက်စက်ကျောချမ်းဖွယ်အာရုံကို ထုတ်လွှတ်နေသည်ဟုသာ သူ ခံစားမိသည်၊ ထိုကြောက်စရာကောင်းသောလုပ်ကြံသတ်ဖြတ်သူနှင့် ဆက်စပ်နေမည်ဟု သူ့စိတ်ထဲ၌ လုံးဝမတွေးမိပေ။

တစ္ဆေဆိုတဲ့တည်ရှိမှုကို သူ ဘယ်လိုလုပ်ပြီး မသိရမှာလဲ။ ထိုအကောင်က ကမ္ဘာတစ်ဝှမ်းရှိ အကျော်အမော်ပုဂ္ဂိုလ်များကြားတွင် မကောင်းသတင်းဖြင့်ကျော်ကြားနေသည့်ကြောက်စရာကောင်းသောတည်ရှိမှုပင်။ တစ်နေ့တွင် သူ အိပ်ပျော်နေစဉ် ဤလူသတ်သမားက သူ့ခေါင်းအား လာဖြတ်မည်ကို သူက စိုးရိမ်ပူပန်နေခဲ့ရသည်။

ပြီးတော့ ဒါပေမယ့်......ဒီအကောင်က....ဘယ်လိုလုပ်ပြီး ထန်ရှုရဲ့လူဖြစ်လာရတာလဲ။ တစ္ဆေလိုမွန်းစတားတစ်ကောင်က အခြားသူတွေကို အညံ့ခံပြီး တစ်ယောက်ယောက်ရဲ့လက်ပါးစေ ဘယ်လိုလုပ်ဖြစ်လာတာလဲ။

ရုတ်တရက် သူ၏သွေးဖောက်ညီအကိုက သူ့သားအကြောင်း ဖုန်းဖြင့် ပြောခဲ့သည်ကို စုန့်ကွမ်းဟွေက သတိရလိုက်သည်။ ထန်ရှုအဖေက သူ့သားနှင့်ပတ်သက်၍ အနည်းအကျဉ်းသာ သိသည်ဟု သူ ခံစားမိ၏။

"အံ့အားသင့်စရာပဲ...."

စုန့်ကွမ်းဟွေက ထိတ်လန့်တုန်လှုပ်‌နေစဉ် တွမ်ရက်ဂျီက မျက်နှာနီရဲလျက် စိတ်လှုပ်ရှားစွာနှင့် လှေကားမှ ပြေးတက်လာသည်။ သူက ထန်ရှုရှေ့သို့ အပြေးလာကာ ကျယ်လောင်စွာ ပြောလိုက်၏"ထန်.....သူဌေး၊ မင်း ဘယ်လိုတောင် လုပ်ခဲ့တာလဲ။ ငါ အများကြီးပိုသန်မာလာတယ်လို့ ခံစားရတယ်-အနည်းဆုံး ငါ့အရင်ခွန်အားရဲ့နှစ်ဆရှိမယ်။ ပြီးတော့ ငါ့ခန္ဓာကိုယ်ကလဲ သက်သောင့်သက်သာရှိနေရော၊ ငါ အနှိပ်ခံဖူးသမျှထက် ပိုဇိမ်ရှိတယ်"

"မင်း ဒါနဲ့ ကျွမ်းဝင်သွားရင် မင်းခွန်အားက နှစ်ဆမက ပိုသန်မာလာတယ်ဆိုတာ မင်း သိလာလိမ့်မယ်"ထန်ရှုက ပြုံးကာ ပြော၏"ငါ့မှာ မင်းကို ပိုသန်မာစေနိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာ မင်း ယုံကြည်ပြီးလား"

"ငါ ယုံပါပြီ"တွမ်ရက်ဂျီက စိတ်လှုပ်ရှားစွာ ပြောလိုက်လေတော့သည်။

***

All Chapters