← Chapters

ပြင်းထန်သောသေကျေပျက်ဆီးမှုများ

Vol. 68 Ch. 949

ပြင်းထန်သောသေကျေပျက်ဆီးမှုများ

Vol. 68 Ch. 949

တွမ်ရက်ဂျီစိတ်လှုပ်ရှားနေသည်ကို ကြည့်ရင်း စုန့်ကွမ်းဟွေ၏အမူအရာက အထူးအဆန်းဖြစ်သွားပြီး ဒီရေလှိုင်းတံပိုးတစ်ခုက သူ့နှလုံးသားထဲ၌ တိုးဝင်လာသည်။ ဤလူအား ထန်ရှု ဘာလုပ်ခဲ့သည်ကို နားမလည်ခဲ့သော်လည်း တွမ်ယန်ဒီထံမှ ထန်ရှု၏အဆင့်အတန်းကို သိရှိပြီးနောက် သိုင်းကားများရှိပြကွက်များနှင့် တူသည်ကို သူ သဘောပေါက်လာသည်၊ ကျွမ်းကျင်သူအချို့က သူတို့ရဲ့စွမ်းရည်များအား အခြားသူထံသို့ လွှဲပြောင်းပေးခဲ့ပြီး လွှဲပြောင်းပေးခံရသူ၏ကျင့်ကြံခြင်းက အချိန်တိုအတွင်း ခုန်ပေါက်ကျော်လွှားတိုးတက်လာသည်နှင့် တူ၏။

"မင်း တကယ် ပိုသန်မာလာတာ သေချာရဲ့လား၊ တွမ်"

"လုံးဝပဲ"တွမ်ရက်ဂျီက လေးလံစွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်"ရေချိုးပြီးတာနဲ့ ငါ စမ်းသပ်ခဲ့တယ်။ ငါအမြဲမနိုင်တဲ့အများဆုံးအလေးချိန်က တစ်ရာကီလိုဂရမ်၊ ဒါပေမယ့် အခု ငါက နှစ်ရာကီလိုဂရမ်ပစ္စည်းတစ်ခုကို မနိုင်နေပြီ"

ဒါက စုန့်ကွမ်းဟွေအား တုန်လှုပ်သွားစေပြီး ထန်ရှုအပေါ် သူ့အကြည့်များက ယခင်ကနှင့် မတူတော့ပေ။ ရုပ်ရှင်ပြကွက်တစ်ခုလို ဆယ်မိနစ်အတွင်း၌ ထန်ရှုက ကျွမ်းကျင်သူတစ်ယောက်အား ဖန်တီးနိုင်ခဲ့သည်။ ဒါက သူ တကယ်အားကောင်းသည်ကို သက်သေပြခဲ့သည်လည်း ဖြစ်၏။

ဒိလိုဆိုရင်.....ထန်ရှုက သူ့မရီးဒျာန်လမ်းကြောင်းတွေကို ဖွင့်ပေးဖို့ ကူညီပေးနိုင်မယ်ဆိုရင်....သူလဲ ကီလိုဂရမ်ရာကျော်တဲ့ပစ္စည်းတွေကို မနိုင်မယ့် ခွန်အားမျိုး ရှိလာနိုင်မလား။

စိတ်အားထက်သန်မှုများက စုန့်ကွမ်းဟွေ၏မျက်လုံးများထဲ၌ အကန့်အသတ်မရှိဖြစ်တည်လာပြီး သူက ထန်ရှုအား ကြည့်ကာ မေးလိုက်တော့သည်"ထန်ရှု၊ ငါ့ကိုယ်ငါ အမြဲတမ်း စစ်သားတစ်ယောက်လို့ပဲ ခံယူထားခဲ့တယ်၊ ငါ ငယ်ငယ်ကတည်းက ခွန်အားနဲ့တိုက်ခိုက်ရေးစွမ်းပကားကို လေးစားခဲ့တယ်။ ငါ စစ်တပ်ကနေ ထွက်လာတာ နှစ်နှစ်ဆယ်‌ကျော်ရှိပြီဆိုပေမယ့် ငါ့ရဲ့ကွန်ဖူးကို ဘယ်တော့မှ လစ်လျူမရှုခဲ့ဘူး၊ သိုင်းပညာတွေ သင်ယူဖို့ သိုင်းဆရာကြီးအဆင့်သိုင်းပညာရှင်တွေကိုတောင် ငှားယမ်းခဲ့တယ်"

စုန့်ကွမ်းဟွေ ဘာလိုချင်သည်ကို ထန်ရှု နားလည်သော်လည်း ဒီလိုစတီးရွိုက်နှင်တူသည့်ကျင့်ကြံခြင်းတိုးတက်မှုမျိုးက ကောင်းသောအရာတစ်ခုမဟုတ်ပေ။ ဥပမာအားဖြင့် တွမ်ရက်ဂျီ။ သူ၏စွမ်းအားက အမှန်တကယ် လျင်မြန်စွာ တိုးတက်လာသော်လည်း မတည်ငြိမ်သောအခြေခံအုတ်မြစ်တစ်ခု ရှိလာခဲ့ကာ သူ၏အောင်မြင်မှုက အကန့်အသတ်နှင့် တိုးတက်ရန် ပိုမိုခက်ခဲလာစေသည်။ သူက ကြီးမားများပြားသောကျင့်ကြံခြင်းအရင်းအမြစ်များအား သုံးစွဲခဲ့လျှင်ပင် ရွှေအမြုတေအဆင့်ကို ရောက်ရှိရန် ခက်ခဲနေမည်ဖြစ်ပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်က အိမ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

"ကျေးဇူးပြုပြီး မလောပါနဲ့၊ ဦးလေးစုန့်"ထန်ရှုက လက်ဝှေ့ယမ်းက ပြော၏"ငါ တွမ်ရဲ့ခွန်အားကို မြှင့်တင်ပေးဖို့ ကူညီခဲ့တယ်၊ ဒါကြောင့် ငါ့ရဲ့စွမ်းအားအမြောက်အများကုန်ဆုံးစေတယ်။ ပြီးတော့ ဒီနေ့တစ်နေကုန် ခရီးသွားနေရတာ၊ မကြာခင် ငါ နဂါးကိုးကောင်းကျွန်းကို ခရီးထွက်ရအုံးမယ်။ အဲ‌နေရာကကိစ္စက အလောတကြီးဖြေရှင်းဖို့ လိုတယ်၊ ဒါကြောင့် မင်းကို ကူညီဖို့ ကိစ္စကို နောက်မှ ပြောကြတာပေါ့"

စုန့်ကွမ်းဟွေက ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြော၏"ကောင်းပြီလေ၊ မင်း ဒီလိုပြောမှတော့ နောက်မှပဲ ငါတို့ တွေ့ကြတာပေါ့။ ဒါနဲ့ မင်း အဲကို သွားဖို့ သီးသန့်လေယာဉ်တစ်ခု ငါ စီစဉ်ပေးရမလား"

ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏"မလိုဘူး၊ ဦးလေး။ ငါ ကျွန်းပေါ်ကငါ့လူတွေနဲ့ ဆက်သွယ်ထားပြီးပြီ။ ရဟတ်ယာဉ်တစ်စီးက ငါ့ကို လာခေါ်လိမ့်မယ်"

"ဒါဆိုလဲ ကောင်းပါပြီ"စုန့်ကွမ်းဟွေက ဆိုဖာပေါ်မှ ဆင်းကာ ပြောလိုက်သည်"မင်းကို ငါ့ရဲ့ဖုန်းနံပါတ် ပေးထားပြီးပြီနော်၊ ဒါကြောင့် မင်း ငါ့အကူအညီလိုအပ်ရင် အချိန်မရွေးခေါ်လိုက်။ ငါ မင်းနဲ့ နဂါးကိုးကောင်ကျွန်းကို မလိုက်တော့ဘူး။ မင်း ပြန်လာတာနဲ့ ငါ့ကို ဆက်သွယ်ပြီး ငါ့အိမ်လာလည်ဖို့ မမေ့နဲ့"

"ကောင်းပါပြီ"ထန်ရှုက ပြန်ဖြေ၏။

မကြာမီ ထန်ရှုနှင့်တွမ်ရက်ဂျီတို့က စုန့်ကွမ်းဟွေအား အပြင်သို့ လိုက်ပို့ခဲ့သည်။ အာရုဏ်ဦးနေလုံးကြီးက အရှေ့အရပ်မှ ထွက်လာချိန်ဖြစ်ပြီး နဂါးကိုးကောင်းကျွန်းမှရဟတ်ယာဉ်က ရောက်ရှိလာ၏။ လောင်ပင်လယ်အော်အပန်းဖြေစခန်း၏ လေယာဉ်ကွင်းသို့ ဆင်းသက်ပြီးနောက် ထန်ရှုက ကျန်းရှင်းယာ၊ တစ္ဆေ၊ ဂူထောင်နှင့် ကျန်းကြွယ်တို့နှင့်အတူ ရဟတ်ယာဉ်ပေါ်သို့ တက်ခဲ့သည်။ ထိုအချိန်တွင် မိုအားဝူထံမှ ဖုန်းဝင်လာသည်၊ သူတို့အဖွဲ့လဲ စိုင်ဖန်သို့ ရောက်ရှိနေပြီး လောင်ပင်လယ်အော်အပန်းဖြေစခန်းသို့သွားရာလမ်းပေါ်တွင် ရှိနေပြီဖြစ်၏။

"တွမ်၊ မင်းရဲ့ရဟတ်ယာဉ်တစ်စီး ငါ့ကို ငှား။ အားဝူရဲ့အဖွဲ့က ဒီနေရာကို ရောက်‌နေပြီ၊ ငါတို့တွေ နဂါးကိုးကောင်းကျွန်းကို အတူတူသွားမလို့"

အမူအရာပြောင်းလဲသွားပြီး တွမ်ရက်ဂျီက မေး၏"ရပါတယ်၊ သူဌေး။ ဒါနဲ့ မိုအားဝူတို့အဖွဲ့မှာ လူဘယ်နှစ်ယောက်ရှိလဲ"

"လေးယောက်"ထန်ရှုက ပြန်ဖြေလိုက်သည်။

"လေးယောက်ပဲလား။ ဒါဆို ငါလဲ အဲကို သွားမယ်"တွမ်ရက်ဂျီက ကမန်းကတန်းပြောလာ၏"လုံကျန့်ယုက ဒါနဲ့ပတ်သက်ပြီး ငါ့ကို ဖုန်းခေါ်ခဲ့တယ်၊ ဒါကြောင့် ငါလဲ အဲကို တစ်ချက်သွားကြည့်ရမယ်"

"ဟုတ်ပြီလေ၊ ဒါဆို အတူသွားကြတာပေါ့"ထန်ရှုက ခေါင်းညိတ်ကာ ထပ်ပြော၏"ဒါပေမယ့် မင်းနဲ့လူအများကြီး မခေါ်လာနဲ့"

"နားလည်ပါတယ်"

****

မနက်ရှစ်နာရီတွင် ရဟတ်ယာဉ်နှစ်စင်းက နဂါးကိုးကောင်ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။ လေယာဉ်ကွင်းပေါ်သို့ ဆင်းသက်ပြီး‌နောက် မိုအားဝူ(မိုအောင်းဝမ်ဖြစ်မယ်ထင်တယ်)နှင့်လုံကျန့်ယူက အခြားလူလေးယောက်နှင့်အတူ အပြေးအလွှားရောက်ရှိလာ၏။

"ငါ့ကို လက်ရှိအနေအထားပြောပြ"

ထန်ရှုက နဂါးကိုးကောင်းကျွန်းပေါ်ရှိပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အပေါ်စီးမှ မြင်‌တွေ့ပြီးဖြစ်၏။ ကျယ်ကျယ်ပြန့်ပြန့်ဆောက်လုပ်ပြုပြင်ပြီးနောက် အစီအစဉ်က ပြီးစီးသွားပြီး အဆောက်အဦးများအား နေရာအမျိုးမျိုး၌ အစုလိုက်အပြုံလိုက် ဆောက်လုပ်ထား၏၊ ကျွန်းပေါ်ရှိသစ်နွယ်ချုံပင်များကလည်း ပိုများပြားလာသည်။ ရှုပ်ထွေးကွေ့ကောက်သောလမ်းများက ဦးတည်ဘက်တိုင်းတွင် တည်ဆောက်ထားပြီး ကျွန်းပေါ်ရှိအဆောက်အဦးများနှင့် ချိတ်ဆက်ထားသည်။

ထို့အပြင် တောင်စောင်းကိုးခုက မပြောင်းမလဲတည်ရှိနေပြီး ယခုတွင် လှေကားလက်ရန်းများနှင့် ဝန်းရံထားသည်။ ကြည့်ရသလောက် ဧရိယာက ကျွန်းပေါ်ရှိကန့်သတ်နေရာများ ဖြစ်လာ၏။ ကုန်သင်္ဘောများ၊ ရွက်လှေများ၊ ပင်လယ်ကူးသင်္ဘောများနှင့်ရေယာဉ်များကပြန်လည်တောက်ဆောက်ထားသောဆိပ်ကမ်းနှစ်ခု၌ စနစ်တကျဆိုက်ကပ်ထားပြီး လက်နက်ကိုင်အစောင့်များက စောင့်ကြပ်နေလျက်ရှိသည်။ အသစ်ဆောက်ထားသောမီးပြတိုက်အနည်းငယ်ပင် ရှိ၏။

"အဲဒီဆယ်ကျော်သက်ခြောက်ယောက်ရဲ့အထောက်အထားကို ငါတို့ စုံစမ်းပြီးပြီ"မိုအားဝူ(မိုအားဝမ်)က အသံနက်ရှိုင်းစွာနှင့် ဆိုလာ၏"သူတို့အားလုံးက စင်ကာပူတရုတ်တွေပဲ၊ လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က တရုတ်ကနေ ထွက်ပြေးသွားပြီး စင်ကာပူမှာ ပြန်တည်ထောင်ထားတဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်တွေပဲ။ ဟိုအဖိုးကြီးနှစ်ယောက်ကတော့ ငါတို့ကို အရမ်းရန်လိုတယ်။ ကျွန်းပေါ်ကအဆောက်အဦးတွေကို ဖျက်ဆီးမယ့် သူတို့ရဲ့ရည်ရွယ်ချက်တွေကို ယာယီလက်လျှော့ထားပေမယ့် သူတို့က တောင်ထိပ်ကို သိမ်းပိုက်ထားပြီး ထွက်သွားဖို့ ငြင်းဆန်နေတုန်းပဲ"

"အဲဒီရှေးဟောင်းဂိုဏ်းနဲ့ပတ်သက်ပြီး အခြားအသေးစိတ်ဘာအချက်အလက်ရှိသေးလဲ၊ ၎င်းရဲ့နာမည်လိုမျိုးပေါ့"ထန်ရှုက မေးလိုက်သည်။

"ဒါတော့ သူတို့ကို မမေးခဲ့ဘူး၊ အဲဒီလူငယ်လေးခြောက်ယောက်က ထပ်ပြောရမှာ တွန့်ဆုတ်နေတယ်"မိုအားဝမ်က ခေါင်းခါယမ်းကာ ပြော၏"သူတို့က ငါတို့ကို ကြောက်နေတယ်လို့ ငါ ထင်တယ်။ ငါတို့က သူတို့ကို နေရာထိုင်ခင်းတွေ ပေးပေမယ့် သူတို့က လက်မခံဘူး၊ သူတို့ယူလာတဲ့ရိက္ခာကိုပဲ အသုံးပြုခဲ့ကြတယ်"

ထန်ရှုက ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။ ကျောက်တံတားသို့‌ ရောက်လာသောအခါ သူက ကားပေါ်သို့ တက်၏။ ကားက နန်းတော်ဆီသို့ ဦးတည်မောင်းသွားပြီး သူက ထပ်‌မေးလိုက်သည်"ငါတို့ဖက်က အထိအခိုက်ဘယ်လိုရှိလဲ"

"လူနှစ်ယောက်သေတယ်၊ ခြောက်ယောက်က အပြင်းအထန်ဒဏ်ရာရတယ်၊ အသေးစားဒဏ်ရာရတာ ဒါဇင်ကျော်ရှိတယ်"မိုအားဝမ်က‌ ဖြေ၏"ဝံပုလွေခေါင်းဆောင်လဲ ဒဏ်ရာအပြင်းအထန်ရသွားတယ်၊ အခု နန်းတော်ထဲမှာ ပြန်အားဖြည့်နေတယ်"

သတင်းက ထန်ရှု၏မျက်လုံးများအား အေးစက်စက်လင်းလက်သွားစေသည်။ သူက အပြင်ဘက်သို့ တစ်ကိုယ်တည်း ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်"သူမက ကျန်းရှင်းယာ၊ ငါ့အမျိုးသမီးပဲ"

"သခင်မ"မိုအားဝမ်၏အတွေးများက ရွေ့လျားသွားပြီး သူက ကမန်းကတန်းခေါ်လိုက်သည်။

ထန်ရှုက ဤနဂါးကိုးကောင်ကျွန်းအား ဝယ်ယူထားသည်ကို ကျန်းရှင်းယာက သိထားပြီဖြစ်၏။ သို့သော် ဤ‌နေရာရှိမြင်ကွင်းများကြောင့် သူမက တုန်လှုပ်ခဲ့ရသေးသည်၊ ကျွန်းတစ်ခုလုံး၏ဆောက်လုပ်ရေးစီမံကိန်းပြီးစီးရန်အတွက်လိုအပ်သောဘတ်ဂျက်ပမာဏက မြင့်မားလွန်းသည်ကို သူမ သိသောကြောင့်ပင်။ ထို့ပြင် သင်္ဘောအမျိုးစုံရှိရုံတင်မက လေယာဉ်များလည်း ရှိသည်။ ဤ‌နေရာက လျို့ဝှက်စစ်တပ်ဌာနချုပ်တစ်ခုနှင့် တူ၏။

ထို့အပြင် ကျွန်းတွင် အဆောက်အဦးအမျိုးမျိုးအပြင် ခမ်းနားထည်ဝါသောနန်းတော်တစ်ခုရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ လက်နက်တပ်ဆင်ထားသောလူများစွာက ကျောက်တုံးတံတားအနီးအတွင် နေရာယူထားသည်ကိုပင် သူမက တွေ့ခဲ့ရ၏။

"မင်္ဂလာပါ"

မိုအားဝမ်၏နှုတ်ဆက်အခေါ်အဝေါ်က သူမအား ပျော်ရွှင်သွားစေသည်၊ ထို့ကြောင့် ကျန်းရှင်းယာက ပြုံးလျက် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

"ရှင်းယာ၊ အားဝမ်နဲ့အားဝူက ညီအကိုတွေလေ။ ဒီကျွန်းက ငါတို့ဟာပဲ၊ ဒါကြောင့် ဒီနေရာကို မင်းရဲ့ကိုယ်ပိုင်အိမ်အဖြစ် သတ်မှတ်နိုင်တယ်"ထန်ရှုက ပြောလေသည်။

"အိမ်တစ်လုံးအနေနဲ့ ကြီးလွန်းတယ်။ မြို့တစ်ခုနဲ့ တူတယ်၊ အရမ်းလှတယ်"ကျန်းရှင်းယာက ရယ်လေ၏။

"အေးဆေးပေါ့။ ဒီ‌နေရာက ငါ့ရဲ့လျှို့ဝှက်ပိုင်နက်ဖြစ်ပြီး ဘယ်နိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိဘူး"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"မင်းက ဒီ‌‌နေရာရဲ့အိမ်ရှင်မဆိုတာ သိဖို့ပဲ လိုတယ်"

"ဟုတ်ပါပြီ"ကျန်းရှင်းယာက ခေါင်းညိတ်လိုက်လေသည်။

မကြာမီ ကားတန်းက ‌နန်းတော်ဂိတ်သို့ ရောက်ရှိလာသည်။ ကားထဲ၌ ရှိနေသေးစဉ် ဂူရင်၏လက်ကို ကိုင်လျက် ဝင်ပေါက်၌ ရပ်နေသော မုချင်းဖျင်အား မြင်လိုက်ရသည်။ သူတို့က စောင့်နေတာ ကြာပြီးမှန်း သိသာလှ၏။

"ရင်ရင်အချစ်ကလေး....."

ကားထဲမှ ထွက်လာပြီးနောက် သူက မုချင်းဖျင်နှင့်ဂူရင်တို့ဆီ လျှောက်သွား၏။

နားဝင်ချိုလောက်အောင်ရယ်လျက် ဂူရင်က တင့်တယ်လှပစွာကခုန်‌‌နေသောလိပ်ပြာတစ်ကောင်အလား ပြေးလာကာ ထန်ရှု၏ရင်ခွင်ထဲသို့ ဝင်လျက် သူ့အား နမ်းလိုက်ချေသည်၊ သူမက စိတ်လှုပ်ရှားစွာ ပြောလေ၏"ရင်ရင် ဆရာ့ကို မတွေ့ရတာ နှစ်ဝက်ရှိပြီ။ ရင်ရင် ဆရာ့ကို အရမ်းသတိရနေတာ"

"ဆရာလဲ မင်းကို အရမ်းသတိရနေပါတယ်၊ ရင်ရင်"ထန်ရှုက ပြုံးကာ ပြော၏"ဒါနဲ့ မင်းက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရှိနေရတာလဲ။ ဒီမှာ နေရတာ ပျော်ရဲ့လား"

"ပျော်တယ်၊ ရင်ရင်၊ ဒီကျွန်းကို သဘောကျတယ်"ရင်ရင်က ပြုံးကာ ဖြေလိုက်သည်။

"ဒါ အရမ်းကောင်းတယ်"ထန်ရှုက ပြုံးကာ ပြော၏"မင်းရော အဆင်ပြေရဲ့လား၊ အမမု"

"အားလုံးအဆင်ပြေပါတယ်၊ မစ္စတာထန်"မုချင်းဖျင်က ခေါင်းညိတ်ကာ ပြန်ဖြေ၏"ဒီနေရာမှာ အားဝူနဲ့ကျန်တဲ့လူ‌တွေရှိနေတော့ လုပ်စရာသိပ်အများကြီးမရှိပါဘူး"

ထန်ရှုက ခေါင်းညိတ်ကာ တုံ့ပြန်ပြီး ကျန်းရှင်းယာအား မုချင်းဖျင်နှင့် မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူက ပြောလေ၏"အမမူ၊ ရှင်းယာကို ခေါ်သွားပြီး သူမနေဖို့ လုပ်ပေးလိုက်ပါ။ အားဝမ်နဲ့ငါက ကိစ္စအချို့ လုပ်စရာရှိတယ်"

"ငါ မစ္စကျန်းအတွက် အားလုံးစီစဉ်ပေးပါ့မယ်၊ မစ္စတာထန်။ ဒါပေမယ့် မင်းတို့ ဘေးကင်းအောင် ဂရုစိုက်ပါ"မုချင်းဖျင်က အလျင်စလိုပြော၏"ကျွန်းပေါ်မှာရှိနေတဲ့အဲဒီလူတွေက အရမ်းအားကောင်းတယ်"

"မစိုးရိမ်ပါနဲ့"ထန်ရှုက ပြော၏"သူတို့က ငါ သတိထားရလောက်မယ့်သူမျိုးတွေ မဟုတ်ဘူး"

မကြာမီ ထန်ရှုက လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်"အားဝမ်၊ တစ်ယောက်ယောက်ကို လွှတ်ပြီး အဲဒီဆယ်ကျော်သက်ကလေးခြောက်ယောက်ကို ဟိုသက်ကြားအိုနှစ်ယောက်ရှိတဲ့နေရာကို ခေါ်လာခိုင်းပါ။ ဒီအချိန်အတောအတွင်း အနေအထားကို ငါတို့ အရင်သွားကြည့်မယ်။ သူတို့ရဲ့စွမ်းရည်က ဘယ်လောက်တောင် ကောင်းလို့ သူတို့က ငါ့ရဲ့နဂါးကိုးကောင်ကျွန်းကို ပြဿနာလာရှာရဲတယ်ဆိုတာ ငါ သိချင်တယ်"

မိုအားဝမ်က ခေါင်းညိတ်ကာ အမိန့်ထမ်းဆောင်ရန် သူ့လူများအား လက်ဝှေ့ယမ်းပြပြီး ထန်ရှုနှင့်အတူ ကားထဲသို့ ပြန်ဝင်သွား၏။ ထို့နောက် ကားဒါဇင်ကျော်က ကျွန်းပေါ်ရှိကုန်းမြေဆီသို့ ဆက်လက်ရွေ့လျားလာသည်။ ဆယ်မိနစ်ကြာပြီးနောက် ကားတန်းက တောင်ထိပ်အလယ်ရှိအ‌ဆောက်အဦးတစ်ခုအရှေ့၌ ရပ်သွားသည်။

"ကားက ဒီနေရာထိပဲ သွားလို့ရတယ်။ သိပ်တော့ မလိုတော့ပါဘူး၊ တောင်ထိပ်ကို ရောက်ဖို့ ငါတို့ ခြေကျင်ပဲ လျှောက်ရမယ်၊ သူဌေး"မိုအားဝမ်က ပြော၏"အများဆုံးဆယ်မိနစ်အတွင်း ငါတို့ တောင်ထိပ်ကို ရောက်မှာပါ"

ထန်ရှုက ခေါင်းညိတ်ဖြေကာ သူ့လူများအား ဦးဆောင်ပြီး တောင်ထိပ်သို့ ခြေကျင်တက်၏။ အနီးနားရှိကျောက်တုံးကြီးတစ်တုံးပေါ်တွင် ဆံပင်ဖရိုဖရဲနှင့်အနက်ရောင်ဝတ်ထားသည့်လူအိုကြီးနှစ်ယောက်အား မြင်လိုက်ရသည်။ သူတို့၏လက်ထဲတွင် စိန်စီခြယ်ထားသောတောင်ဝှေးများရှိပြီး သူတို့မျက်နှာများအား တိရစ္တာန်ပုံဆေးမင်ကြောင်များ ဖုံးအုပ်ထိုးခြယ်ထားကာ သူတို့အသွင်အပြင်အား ထိတ်လန့်ဖွယ်ရာဖြစ်စေသည်။

သူတို့အပြင် ငါးမီတာကျော်ရှည်ပြီးရေပုံးတစ်ခုအလားထူသည့်ဧရာမစပါးအုံးနှစ်ကောင်ရှိပြီး ကျောက်တုံးပတ်လည်၌ တွန့်လိမ်တွန့်လိမ်သွားလျက် တရှဲရှဲမြည်နေသည်။ ထန်ရှုတို့အဖွဲ့ ချဉ်းကပ်လာသောအခါ မြွေနှစ်ကောင်က ကျောက်တုံးရှေ့၌ ရပ်သွားပြီး သူတို့အား စိုက်ကြည့်လာသည်၊ ၎င်းတို့က ချက်ချင်း တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံရ၏။

***

All Chapters