← Chapters

အညံ့ခံတောင်းဆိုခြင်း

Vol. 68 Ch. 951

အညံ့ခံတောင်းဆိုခြင်း

Vol. 68 Ch. 951

ချောင်းမြောင်းတိုက်ခိုက်သော်လည်း မိုအားဝူ၏တိုက်ခိုက်မှုက အလွန်ထိရောက်သည်။ နှလုံးအား စူးဝင်သွားသည်ဖြစ်စေ၊ သို့မဟုတ် မီးမြားများက ရင်ဘက်အား ထိမှန်သွားသည့်ဖြစ်စေ၊ အနက်ဝတ်လူအိုကြီးအား ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားစေ၏။ ဤတစ်ခါတွင် အနက်ရောင်မြူခိုးများထွေးထုတ်မည့်အစား လူအိုကြီးက အနက်ရောင်နှင့်ပြာလဲ့လဲ့သွေးများသာ ပန်းထွက်စေသည်။

"အကိုကြီး....."

အခြားအနက်ဝတ်လူအိုကြီးက အနေအထားကို မြင်ပြီး သူ၏မှော်တုတ်တံအား ချက်ချင်း ဝှေ့ယမ်းလိုက်သည်၊ အနက်ရောင်မြူခိုးနှင့်ပြုလုပ်ထားသောဧရာမကျားတစ်ကောင်က ထွက်ပေါ်လာပြီး မိုအားဝူအား ထန်ရှုရှိရာဘက်သို့ နောက်ဆုတ်သွားစေ၏။

လူအိုကြီးက မလိုက်သွားဘဲ သူ၏အတွင်းအိတ်မှ ကြွေပုလင်းတစ်လုံးအား ထုတ်ကာ အထဲမှ မီးခိုးနက်ရောင်ဆေးတစ်လုံးအား ယူထုတ်ပြီး ဒဏ်ရာရနေသောလူအိုကြီး၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် အနက်ရောင်မြူခိုးတစ်ခုအား သူ့လက်ချောင်းအက်ကွဲရာများမှ ထုတ်လွှတ်ကာ ဒဏ်ရာရလူအိုကြီး၏နှလုံးထဲသို့ အဆက်မပြတ်ပေါင်းစပ်ခဲ့သည်။

မြင်ကွင်းမှ ကီလိုမီတာအနည်းငယ်အကွာတွင် ထာဝရခန်းမမှကျွမ်းကျင်သူများ၏ဦး‌ဆောင်မှုအောက်တွင် ဓားများကိုင်ထားသည့်အနက်ရောင်ဝူရှုးဝတ်စုံနှင့်လူငယ်ခြောက်ယောက်က တောင်ထိပ်သို့ ချီတက်လာ၏။ သူတို့သည်လည်း တိုက်ပွဲမြင်ကွင်းအား မြင်တွေ့ခဲ့ရသည်။

တိုက်ပွဲကို မြင်ပြီး ခေါင်းဆောင်လူငယ်က မျက်လုံးများလင်းလက်သွားကာ နောက်လှည့်လျက် တိုးတိုးပြောလိုက်သည်"သူတို့က ဓားပျံတွေ အသုံးပြုနေတာပဲ။ ကြည့်ရတာ သူတို့လဲ ငါတို့လိုကျင့်ကြံသူတွေပဲ ဖြစ်ရမယ်။ အရင်တိုက်ခိုက်တဲ့ငါးယောက်က ငါတို့လောက်အားကောင်းပုံမပေါ်ပေမယ့် နောက်ဆုံးတစ်ယောက်က ငါတို့နဲ့ခွန်အားချင်း ယှဉ်နိုင်တယ်။ ဒီလောက်များတဲ့ကျင့်ကြံသူတွေကို မြင်ရလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ အထူးသဖြင့် ဒီလိုအဆုံးမရှိတဲ့ပင်လယ်ထဲကကျွန်းတစ်ကျွန်းပေါ်မှာ....။ ငါတို့ဆရာပြောတာ မှားနေပုံပဲ။ ကမ္ဘာမှာ ကျင့်ကြံသူတွေအများကြီး ရှိတာပဲ"

သူ့ဘေးနားရှိလူငယ်တစ်ယောက်က ခေါင်းညိတ်ကာ ထပ်လောင်းပြော၏"မင်း ပြောတာမှန်တယ်၊ အကို။ ငါတို့ဆရာက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ အပြင်ကမ္ဘာနဲ့ပတ်သက်ပြီး သူမ မသိဘူးလို့ ငါ ထင်တယ်။ ငါတို့ဂိုဏ်းက တရုတ်ကနေစင်ကာပူကို ပြောင်းရွှေ့သွားပေမယ့် တရုတ်က ရှည်လျားတဲ့သမိုင်းကြောင်းတစ်ခုရှိပြီး လူဦးရေများပြားတယ်။ ပါရမီရှိသူတွေ တောင်ပုံရာပုံရှိနေမှာ သဘာဝပဲ။ ငါတို့တွေ ဒီတစ်ကြိမ် ခရီးထွက်လာရုံပဲ၊ အဲဒီမှော်ဆရာနှစ်ကောင်သတ်ဖြတ်နေတာကို မြင်ပြီး သူတို့ကို ဖမ်းရင်း ဒီ‌‌နေရာကို ရောက်လာခဲ့တာ။ မလိုအပ်ဘဲနဲ့ ဒီကျင့်ကြံသူတွေနဲ့ငါတို့ကြား ပြဿနာမတက်စေသင့်ဘူး"

ဟုတ်တယ်။ မင်း ပြောတာ မှန်တယ်"ပထမလူငယ်က ခေါင်းညိတ်ကာ ဘာမှထပ်မပြောတော့ပေ။

ကျောက်တုံးကြီး၏ထိပ်ဖျားပေါ်တွင် ဒဏ်ရာရလူအိုကြီးဝစ်ဇနစ်ဆိုလော့က ပါးစပ်‌နားရှိပြာလဲ့လဲ့အနက်ရောင်သွေးများအား သုတ်ကာ ပြောလိုက်၏"စိတ်အေးအေးထားပါ။ ငါတို့ရဲ့အသက်ဗဟိုချက်က နှလုံးမဟုတ်ဘူး။ ငါ့နှလုံးတစ်ခုလုံး အပိုင်းပိုင်းဖြစ်သွားရင်တောင် ငါ မသေဘူး။ ဒါပေမယ့် မင်းက သူတို့ကို ဂရုစိုက်ရမယ်။ ဒီလူတွေထုတ်လွှတ်တဲ့မီးက မှော်ဆရာတွေရဲ့မီးဒြပ်စင်နဲ့တူတယ်"

ဝိုင်ခရက်ဆိုလော့က လေးနက်စွာ ခေါင်းညိတ်လျက် ပြန်‌ပြော၏"တကယ်ပဲ၊ ဒီလူတွေရဲ့စွမ်းအားက လှောင်ပြောင်စရာမဟုတ်ဘူး။ အခုဆိုရင် ငါတို့က နဂါးနက်တစ်ကောင်ကို ဆုံးရှုံးသွားပြီ၊ အခြားတစ်ကောင်ကလဲ ဒဏ်ရာအပြင်းအထန်ရထားတယ်။ ဒီအတိုင်းဆက်သွားရင် ငါလဲ ဆက်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"

"သူတို့နဲ့ ညှိနှိုင်းကြည့်ရအောင်။ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီကျွန်းမှာပဲ ဆက်နေရမယ်"ဝစ်ဇနစ်ဆိုလော့က ခေါင်းညိတ်ကာ ပြောလေသည်"ကလန်ကလူတွေကို ဆက်သွယ်ထားပြီးပြီ။ ငါတို့ ဒီကျွန်းပေါ်မှာ နေနိုင်သရွေ့ ငါတို့လူတွေ အမြန်ရောက်လာမှာပဲ။ အဲအခါကျရင် ဒီလူတွေ ဘယ်လောက်ပဲ သန်မာနေပါစေ၊ ငါတို့ကလန်ကို ယှဉ်နိုင်မယ်လို့ ငါ မထင်ဘူး။ အဲအခါကျမှ လက်စားချေရင်လဲ ငါတို့အတွက် နောက်မကျပါဘူး"

ဝိုင်ခရက်ဆိုလော့က ခဏစဉ်းစား၏။ ထို့နောက် သူက ထန်ရှုအား ကြည့်ကာ အော်ပြောလိုက်သည်"မင်းတို့ရဲ့အရေအတွက်များတယ်ဆိုပြီး ငါတို့ကို အနိုင်ကျင့်လို့ရမယ် ထင်မနေနဲ့။ နှစ်ရက်အတွင်း ငါ့ကလန်ကလူတွေ ဒီကို ရောက်လာမယ်။ အဲအခါကျရင် မင်းတို့ အခုလို မောက်မာနေအုံးမလား ကြည့်ရတာပေါ့"

"ဟားဟားဟား....."

ဒါက ထန်ရှုအား ရယ်မိသွားစေသည်၊ သူက လျှပ်တစ်ပြက်အတွင်း ဝိုင်ခရက်ဆိုလော့အရှေ့မီတာအနည်းငယ်အကွာ၌ ထွက်ပေါ်လာ၏။ သူက အနှီလူနှစ်ယောက်အား ကာကွယ်နေသည့် နောက်ဆုံးလက်ကျန်ဧရာမစပါးအုံးအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အသံလေးလံစွာနှင့် ပြောလိုက်တော့၏"တိုင်းပြည်တိုင်းမှာ ကိုယ်ပိုင်ပိုင်နက်ဆိုတာရှိတယ်၊ ကလန်တိုင်းမှာလဲ အတူတူပဲ။ ဒီကျွန်းက ငါ့ပိုင်နက်လို့ မင်းတို့ကို ငါ ပြောခဲ့ပြီးသား။ ငါ ဒါကို ဝယ်ဖို့ ငွေအမြောက်အများသုံးခဲ့ရတယ်၊ ‌ဆောက်လုပ်ရေးအတွက်လဲ ငွေအင်အားတွေ၊ လူအင်အားတွေ၊ အရင်းအမြစ်တွေ သုံးခဲ့ရတယ်။ အခု မင်းတို့က ငါ့‌နေရာကို လာပြီး ငါ့ကို မောင်းထုတ်ချင်နေတာလား။ ဘယ်လိုတောင် ကျိုးကြောင်းမဲ့တာတွေ မင်းတို့ပါးစပ်က ထွက်လာနေတာလဲ"

"ငါတို့ ဒီကျွန်းကို ဝယ်မယ်လို့ ငါ ပြောခဲ့တယ်မလား"ဝစ်ဇနစ်ဆိုလော့က လေးနက်စွာ ဆိုလေ၏"ငါ့ကလန်ရဲ့ကလေးတွေက ပိုက်ဆံအများကြီး ယူလာပေးမယ်။ မင်းတို့ရဲ့ကုန်ကျစရိတ်အားလုံးအတွက် လုံလောက်စေမှာပါ"

"ဟမ့်"ထန်ရှုက နှာခေါင်းရှုံ့ကာ တုံ့ပြန်သည်"အခု ငါ့ကို ပြော၊ ငါ မင်းတို့ကလန်ရဲ့ပိုင်နက်ကို သဘောကျရင်၊ ဥပမာအားဖြင့် မင်းတို့ကလန်ရဲ့နယ်‌မြေကို လိုချင်ရင် ငါ ဝယ်တဲ့အခါ မင်းတို့ ငါ့ကို ရောင်းဖို့ ဆန္ဒရှိမှာလား"

"အာ...."ဝစ်ဇနစ်ဆ်ိုလော့က မှင်တက်သွားပြီး ပြောစရာမရှိဖြစ်သွား၏။

သူ့ကလန်က သူတို့ကျွန်းအား သိမ်းပိုင်နေထိုင်လာသည်မှာ နှစ်ထောင်ချီရှိချေပြီ။ သူတို့အား အ တောမသတ်နိုင်‌လောက်သောရွှေတောင်များပုံပေးလာရင်တောင် သူတို့က ရောင်းမည်မဟုတ်ပေ။

"မင်းတို့ ဘာပြောအုံးမှာလဲ"ထန်ရှုက ထပ်မံနှာခေါင်းရှုံ့လိုက်ပြန်သည်"မင်းရဲ့လျှာက မဖြေနိုင်တော့ဘူးမလား။ မင်းတို့က အခြားသူတွေရဲ့ပိုင်ဆိုင်မှုတွေကို လုယက်တဲ့ ဓားပြသာသာပါပဲ။ မင်းတို့ ဘာလုပ်နိုင်တာ၊ မင်းတို့ ဘာမလုပ်နိုင်တာ သိရင် ဒီ‌‌နေရာကနေ ထွက်သွားတော့။ မင်းတို့ရဲ့ကလန်ကို ငါ့ကျွန်းပေါ်ကို ဘယ်တော့မှ ခြေမချဖို့ပြောလိုက်၊ မဟုတ်ရင် ငါတို့က ကမ္ဘာ့ရန်ဘက်တွေ ဖြစ်သွားလိမ့်မယ်။ အဲအခါကျရင် ငါ့မှာရှိတဲ့စွမ်းအားအလုံးစုံထုတ်ရရင်တောင် မင်းတို့ရဲ့ကလန်တစ်ခုလုံးကို ငါ သတ်ဖြတ်နိုင်တယ်"

ခြိမ်းခြောက်တာပဲ....ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားခြိမ်းခြောက်တာပဲ.....

ဤအချင်းအရာအား အခြားတစ်ယောက်ယောက်က ပြောလျှင် ဝစ်ဇနစ်ဆိုလောနှင့်ဝိုင်ခရက်ဆိုလောတို့ညီအကိုနှစ်ယောက်က လှောင်ပြောင်သရော်ကာ အထင်သေးစွာ တုံ့ပြန်မိပေလိမ့်မည်။ သို့သော် ထန်ရှုထံမှ လာသည်ဖြစ်ပြီး သူတို့၏နှလုံးသားအား တုန်လှုပ်မိစေကာ သူတို့က သတိပိုကြီးလာသည်။

သူတို့က ထန်ရှု၏ဇာစ်မြစ်အား မသိသောကြောင့်ပင်၊ ထို့ပြင် ဤလူငယ်တွင် ကျွမ်းကျင်သူနောက်လိုက်များစွာ ရှိသည်၊ ဤအရာက သူတို့အား အလေးအနက်ထားလာစေ၏။

"မင်းက အတိအကျ ဘယ်သူလဲ"ဝိုင်ခရက်ဆိုလောက အသံလေးနက်စွာ ‌မေးလိုက်သည်။

"ငါ ဘယ်သူလဲဆိုတာ သိဖို့ မင်းမှာ အရည်အချင်းမမှီဘူး"ထန်ရှုက စိတ်မပါစွာ ပြန်ဖြေ၏"မင်းတို့သိထားရမှာက ငါ့မှာ ဆန္ဒရှိရင် ဒီနေ့ မင်းတို့ရဲ့အသက်ကို ငါ ရှင်းပစ်နိုင်တယ်ဆိုတာပဲ။ ငါက မင်းတို့ရဲ့ကလန်ကို ကမ္ဘာမှ ဖယ်ရှားချင်ရင် မင်းတို့တွေ ကမ္ဘာမြေကနေ ထွက်ပြေးသွားရင်တောင် မင်းတို့အားလုံးကို သုတ်သင်ဖို့ နည်းလမ်းတွေ ငါ့မှာရှိတုန်းပဲ"

ဝိုင်ခရက်ဆိုလော့နှင့်ဝစ်ဇနစ်ဆိုလော့တို့က အကြည့်များဖလှယ်လိုက်ကြသည်။ သူတို့က ထန်ရှု၏အဆိုအား မယုံကြည်သော်လည်း ထိုသို့ကြွားဝါမှုက သူတို့အား အတန်ငယ်စိတ်ဓာတ်ကျသွားစေ၏။ ထို့နောက် ဝစ်ဇနစ်ဆိုလော့က ထပ်ပြောလိုက်သည်"ငါတို့ တစ်လှမ်းဆုတ်ပေးနိုင်တယ်။ ငါတို့လိုအပ်တာက ကျွန်းရဲ့အလယ်ဗဟိုမှာရှိတဲ့နဂါးကျောက်တုံးပဲ။ အဲဒါကို ရတာနဲ့ ငါတို့ ချက်ချင်းထွက်သွားမယ်"

နဂါးကျောက်တုံးလား။

ယခု ထန်ရှုက သူ့မျက်လုံးထဲရှိသတ်ဖြတ်ခြင်းဆန္ဒအား ဖုံးကွယ်မနေတော့ပေ။ နဂါးကျောက်တုံးက နဂါးသွေးကြော၏အမြုတေဖြစ်သည်၊ အတိအကျဆိုလျှင် ၎င်း၏အဆီအနှစ်ပင်။ ၎င်းကို ယူသွားသည်နှင့် ဤမြေအား ကောင်းချီးပေးထားသည့်ဖုန်းရွှေက ပျောက်ကွယ်သွားလိမ့်မည်၊ ထို့နောက် နဂါးသွေးကြောကွယ်ပျောက်ပြီး ကောင်းကင်မြေကြီးစိတ်ဝိညာဉ်ချီက လျော့ကျသွားကာ ဤ‌နေရာက သာမန်နေရာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

"သူတို့အားလုံးကို သတ်....."

အမိန့်ပေးပြီးနောက် ထန်ရှုက ဦးဆောင်ကာ သူ၏နတ်ဘုရားဓားအား ချက်ချင်းထုတ်လွှတ်ပြီး အနှီနှစ်ယောက်ထံ ပျံသန်းသွားစေရင်း လျှပ်စီးအလား လျင်မြန်စွာ ဝှေ့ယမ်းသည်။ ဓားပျံသန်းလျှင်ချင်း ဆယ်မီတာရှည်သောဓားရောင်ခြည်တန်းက လူအိုနှစ်ယောက်အား ခုတ်ပိုင်းချကာ သူတို့အနောက်ရှိ‌ကျောက်တုံးကြီးအား တိုက်ရိုက်ပျက်ဆီးကြေမွသွားစေသည်။

"သတ်"

ထန်ရှုနှင့်အတူပါလာသောအစောင့်ဆယ်ယောက်အပါအဝင် မိုအားဝူတို့အဖွဲ့အပြင် မိုအားဝမ်နှင့်ထာဝရခန်းမ၏ပင်မကျွမ်းကျင်သူအချို့က သူတို့၏ဓားပျံများအား ထုတ်လွှတ်လိုက်သည်။ သတ်ဖြတ်ခြင်းဆန္ဒက ပေါက်ကွဲထွက်သွားပြီး ဝစ်ဇနစ်ဆိုလော့နှင့်ဝိုင်ခရက်ဆိုလော့တို့နှစ်ယောက်စလုံးအား ဝိုင်းအုံသွား၏။

"တောက်၊ ဘယ်လိုလုပ်ပြီး သူတို့ဒီလောက်သန်မာရတာလဲ"

ဓားစွမ်းအင်ကြောင့် ဒဏ်ရာရသွားပြီး ဝိုင်ခရက်ဆိုလော့က သွေးများအန်ထွက်ကာ အော်လိုက်သည်။ ဒဏ်ရာအပြင်းအထန်ရထား‌သောသူ့အကိုဝစ်ဇနစ်ဆိုလော့အား ဓားစွမ်းအင်က ရိုက်ခတ်သွားပြီး ဒဏ်ရာပြက်ကျယ်တစ်ခုချန်ထားရစ်လျက် သွေးများပန်းထွက်သွား၏။ သူတို့အား ကာကွယ်နေသည့်ဧရာမစပါးအုံးလျှင်ပင် တိုက်ရိုက်သတ်ဖြတ်ခံခဲ့ရသည်။

နောင်တကြီးစွာရခြင်းက သူ့တစ်ကိုယ်လုံး ပြည့်နှက်လာသည်။ ဤအခါမှသာ သူက သေစေနိုင်သောအမှားတစ်ခုပြုခဲ့သည်ကို သဘောပေါက်လာသည်-ထန်ရှု၏စွမ်းအားအား အထင်သေးမိခြင်းပင်။ ဤကျွန်း၏လျှို့ဝှက်ချက်ဖြစ်သည့်နဂါးကျောက်တုံးအား တောင်းဆိုမှုကြောင့် ထန်ရှု၏သတ်ဖြတ်ခြင်းဆန္ဒ ထောင်းကနဲထွက်လာခဲ့မှန်း သူ သဘောပေါက်သွားလေ၏။

"ထွက်ပြေးရမယ်...."

သူက အနောက်မြောက်ဘက်သို့ တစ်ချက်ကြည့်၏၊ ထို့‌နောက် သူ့အကိုရှိရာသို့ ချက်ချင်းပြန်လှည့်ကာ လက်မောင်းအား ဆုပ်ကိုင်လျက် အ‌နောက်မြောက်ဘက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ဝမ်းနည်းစရာကောင်းသည်ကား သူ၏မြန်နှုန်းက ဓားပျံ‌များပေါ်တွင်လိုက်ပါလာသောထန်ရှုနှင့်မိုအားဝူတို့အဖွဲ့ထက် အများကြီးပိုနှေးကွေးခြင်းပင်။ စက္ကန့်အနည်းငယ်အတွင်း ဓားပျံများက သူတို့ညီအကိုအား ဝန်းရံသွားပြီး ရှုပ်ထွေးပွေလီသောပျံသန်းလမ်းကြောင်းများဖြင့် စတင်တိုက်ခိုက်လာသည်။

"ကျေးဇူးပြုပြီး ရပ်ပေးပါ.....ငါတို့နဂါးကျောက်တုံးကို မယူတော့ပါဘူး....."

ဝိုင်ခရက်ဆိုလော့က တရစပ်တိုက်ခိုက်မှုတို့အား စက္ကန့်အနည်းငယ်သာ ခုခံတားဆီးနိုင်ခဲ့ပြီး သူက အော်လိုက်လေသည်။

ထန်ရှုထိန်းချုပ်ထားသောနတ်ဘုရားဓားက ဓားရောင်ခြည်တန်းအလွှာများအဖြစ် ပြောင်းလဲသွား၏။ ဓားရောင်ခြည်တန်းအလွှာများက လှိုင်းများပမာ ဝိုင်ခရက်ဆိုလော့နှင့်ဝစ်ဇနစ်ဆိုလော့တို့အား အဆက်မပြတ်တိုက်ခိုက်ခဲ့သည်။

"မင်း ထွက်ပြေး‌တော့.....မြန်မြန်....."

သေစေနိုင်သောဒဏ်ရာရထားသည့်ဝစ်ဇနစ်ဆိုလော့က ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုအား ရုတ်တရက်ပေါက်ကွဲစေလိုက်သည်။ သူက ဝိုင်ခရက်ဆိုလော့အား ရုတ်ခြည်းဆုပ်ကိုင်ကာ ခွန်အားပြည့်ထုတ်သုံးလျက် အနောက်မြောက်သို့ ပစ်ထုတ်လိုက်၏။ သို့သော် ဓားပျံအချို့က သူ့ခန္ဓာကိုယ်အား ချက်ချင်းထိုးဖောက်သွားသည်။ သူ့ခန္ဓာကိုယ်က ရာဘာဘောလုံးတစ်လုံးအလား စတင်ဖောင်းပွလာပြီး အနက်ရောင်မြူက လေဆင်နှာမောင်းတစ်ခုအား ဖွဲ့စည်းကာ သူ့ခန္ဓာကိုယ်ပတ်လည်၌ ဝဲလည်လာသည်။

"မင်းတို့က ငါ့ကို သတ်ချင်တာလား။ ဒါဆိုလဲ ငါနဲ့အတူ မြေမြှုပ်ဖို့ ပြင်ထားပေတော့။ မင်းတို့အားလုံးကို ငါနဲ့အတူ ငရဲကို ခေါ်သွားမယ်ကွ"

ဝစ်ဇနစ်ဆိုလော့က ခက်ထန်တင်းမာစွာ အော်လျက် သူ့ခန္ဓာကိုယ်အား ဖောက်ခွဲလိုက်၏။ အနက်‌ရောင်မြူမှဖြစ်တည်လာသောလေဆင်နှာမောင်းက ချက်ချင်းပေါက်ကွဲထွက်လာပြီး ဆယ်ဆကြီးမားလာကာ အားနည်းသောကျွန်းအစောင့်အဖွဲ့ဝင်များအား လွှမ်းခြုံသွားတော့သည်။

"ပြန်ဆုတ်ကြ....ဒီအနက်ရောင်မြူက အဆိပ်ရှိတယ်....."

ထန်ရှု၏အသားအရေက အနက်ရောင်မြူနှင့် ထိ‌တွေ့သွားပြီး ပြင်းထန်သောအဆိပ်တိုက်စားမှုကို မြင်ပြီး သူ့အမူအရာက ပြောင်းလဲသွား၏။ သူက လျှို့ဝှက်ပညာရပ်တစ်ခုအား ပြတ်ပြတ်သားသားထုတ်ဖော်ကာ ကောင်းကင်မှ မိုးထန်ထန်ရွာသွန်းကျစေသည်။ တစ်ချိန်တည်း၌ သူက မူလဖရိုဖရဲစွမ်းအားစီးကြောင်းတစ်ခုအား ထုတ်လွှတ်ကာ လူတစ်ယောက်၏ခါးအား ရစ်ပတ်စေပြီး အဝေးသို့ တွန်းထုတ်လိုက်သည်။

မြင်ကွင်းမှမနီးမဝေးတွင် လူငယ်ခြောက်လုံးက ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ မိုအားဝူနှင့်ကျင်းရှီတို့အဖွဲ့တိုက်ခိုက်ချိန်တွင် သူတို့က အနည်းငယ်သာ အံ့အားသင့်၏။ သို့‌သော် ထန်ရှု တိုက်ခိုက်လာသောအခါ ထိုလူက သူတို့ထက် အများကြီးပိုသန်မာသည်ဟု သူတို့က ချက်ချင်း ပြောနိုင်သည်။

"သူ ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာရတာလဲ။ ရွှေအမြုတေအဆင့်စွမ်းအားရှင်တွေကတောင် ဒီလိုမလုပ်နိုင်ဘူးမလား။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ရွှေအမြုတေအဆင့်ထိ ကျင့်ကြံထားတဲ့အခြားကျင့်ကြံသူတွေ မရှိဘူးလို့ ဆရာ ပြောခဲ့တယ်မလား" မျက်နှာအနည်းငယ်ဖြူရော်နေလျက် လူငယ်တစ်ယောက်က ရေရွတ်လိုက်သည်။

သူ့ဘေးနားတွင် ‌အခြားလူငယ်တစ်ယောက်က ပြင်းထန်သောတိုက်ပွဲအား တုန်လှုပ်စွာ စိုက်ကြည့်ရင်း တံတွေးမျိုချမိသည်"သူက အရမ်းသန်မာတယ်။ ငါတို့ရဲ့ဆရာကတောင် ဒီလူကို မယှဉ်နိုင်ဘူးလို့ ငါ ထင်တယ်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှ ဒီလိုမလုပ်နိုင်ဘူး......."

သူတို့အသံက လွင့်စင်ပပျောက်သွားရင်း လူငယ်နှစ်ယောက်က အကြည့်များဖလှယ်လိုက်ကြကာ သူတို့၏အဟုန်က ရုတ်ခြည်းရပ်သွားလေသည်။

ထန်ရှု၏အသက်ကသာ တိုက်ပွဲတွင်ပါဝင်နေသောထိုလူလတ်ပိုင်းများနှင့်တူလျှင် သူတို့က လက်ခံရန်တွန့်ဆုတ်မည်မဟုတ်။ တကယ်တမ်းတွင် သူက နှစ်ပေါင်းများစွာကျင့်ကြံထားသည့်စီနီယာတစ်ယောက်ဖြစ်နိုင်သည်မဟုတ်လော။ သို့သော် ထန်ရှုက ငယ်ရွယ်လွန်းသည်၊ သူတို့ထက် အနည်းငယ်မျှသာ အသက်ကြီးရုံသာ ရှိ၏။ ဤအရာက အမြဲတမ်းဂုဏ်ယူ‌မောက်မာလေ့ရှိသောသူတို့အတွက် ခက်ခဲသောထိုးနှက်ချက်တစ်ခုဖြစ်ကာ သူတို့အနေနှင့် နည်းနည်းလေးတောင် လက်မခံချင်ပေ။

***

All Chapters