← Chapters

အင်မော်တယ်ဝင်ရိုးကျောက်တုံးများဖြင့် လေလံဆွဲသည့် ကျင့်ကြံသူ

Vol. 34 Ch. 468

အင်မော်တယ်ဝင်ရိုးကျောက်တုံးများဖြင့် လေလံဆွဲသည့် ကျင့်ကြံသူ

Vol. 34 Ch. 468

ကျင်းယွင်မြို့ လေလံပွဲမှာ ကျင်းယွင်မြို့အတွင်းရှိ အကြီးဆုံး ကုန်သည်အိမ်တော် ဖြစ်သည့် ကျင်းယမ်ကုန်သည် အိမ်တော်၌  ကျင်းပလေသည်။  မိုဝူကျီတို့ ရောက်ရှိလာသည့်အခါ နေရာတစ်ခုလုံး၌ ကျင့်ကြံသူများနှင့် ပြည့်နေလေပြီ။

မိုဝူကျီက စိတ်စွမ်းအားကို မကြောက်မရွံ ဖြန့်ကြက်ထားလိုက်ရင်း အနည်းဆုံး ကျင်းရှန်းအဆင့် ငါးယောက်ရှိကြောင်း အကြမ်းဖျင်း ပြောနိုင်ပေသည်။

မိုဝူကျီက စိတ်စွမ်းအားကို မကြောက်မရွံ့ အသုံးပြုလိုက်သောကြောင့် မိုဝူကျီအပေါ်သို့ စိတ်စွမ်းအားများစွာလည်း ပြန်လည် ရောက်ရှိလာကာ ထိုစိတ်စွမ်းအားများ အတွင်း၌ သတိပေးသည့် အရိပ်အယောင်များပင် ပါဝင်နေသည်။

မိုဝူကျီက စိတ်စွမ်းအားများကို မခံစားမိသည့်အတိုင်း ပြုမူကာ  သူ့စိတ်စွမ်းအားဖြင့် ဆက်လက် စစ်ဆေးကြည့်လိုက်သည်။ ထို့အပြင် သူ့ဆီ သတိပေးသည့် စိတ်စွမ်းအားများ ပို့လွှတ်လာသည့် သူများဆီ အာဏာရှိရှိ စိတ်စွမ်းအားကို ပြန်လည် ပေးပို့လိုက်သည်။

မိုဝူကျီက ကျင်းယွင်မြို့ ခရီးစဉ်အတွင်း နှိမ့်ချနေရန် စိတ်မကူးထားသည့် အတွက် တခြားလူများ၏ သတိပေးသည့် စိတ်စွမ်းအားများကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

မည်သူမျှ မိုဝူကျီ ဇစ်မြစ်ကို မသိကြ၍ မိုဝူကျီတစ်ယောက် သူ့စိတ်စွမ်းအားဖြင့် ဘာလုပ်လုပ် သူတို့က ပြဿနာရှာရန် စိတ်မကူးကြပေ။

မည်သူကမျှ ပြဿနာ လာမရှာ၍ မိုဝူကျီကလည်း တခြားလူများကို ပြဿနာ မရှာတော့ပေ။ သူက လေလံပွဲအတွင်း ပွင့်လင်းမြင်သာ ဝင်သွားလိုက်သည်။

ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်မှာ ယင်ပြန့်မြို့အတွင်း ကုန်သည်အိမ်တော် အသေးလေးသာ ဖြစ်၍ မိုဝူကျီ လက်ခံရခဲ့သည့် ကျောက်စိမ်းပြားမှာ သူ့ကို အဓိက ခန်းမအတွင်း၌သာ ရစေပြီး ကိုယ်ပိုင်အခန်းငယ် မရရှိစေပေ။

မိုဝူကျီက သူ့ကိုယ်သူ ပုန်းကွယ်နေရန် ရည်ရွယ်ချက် မရှိသည့်အတွက် စိတ်ထဲမထားပေ။

ဟန်ချင်းရုနှင့် ထုံယဲ့တို့က မိုဝူကျီ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိ၍ သူ့ဘေးနား တိတ်တဆိတ် ရွေးချယ်ထိုင်လိုက်ကြသည်။ သူတို့က ဤလေလံပွဲ ပြီးဆုံးသွားသည်နှင့် တိုက်ပွဲကြီး ဖြစ်တော့မည်မှန်း  သိပေသည်။

အကယ်၍ သူတို့အနိုင်ရလျှင် သူတို့က ယင်ပြန့်မြို့ဆီ သွားနိုင်မည် ဖြစ်ပြီး ရှုံးနိမ့်သွားပါက  ပြောစရာ မကျန်ရှိတော့ပေ။

လေလံပွဲမှာ ယုံရင်အစွန်းအဖျား နေရာမှ အင်အားစုကြီးများ ပြုလုပ်သည့် စုပေါင်းလေလံပွဲ ဖြစ်၍  ဤလေလံပွဲကို တက်ရောက်သည့် လူအရေအတွက်မှာ အင်မတန် များပြားပြီး  ယုံရင်၏ ထင်ရှား ကျော်ကြားသည့် လူအများစု ရောက်ရှိနေကြသည်။   မိုဝူကျီတို့အဖွဲ့ ထိုင်ပြီးသည့်နောက်တွင် ဒယ်သဏ္ဌာန် လေလံပွဲနေရာမှာ လူများဖြင့် ပြည့်သွားလေသည်။

တစ်နာရီအကြာတွင်  ကျောက်စိမ်းပြား ပါရှိသည့် ကျင့်ကြံသူတိုင်း ဝင်ပြီးသည့်နောက်  လေလံပွဲအဝင်ဝ၌ အတားအဆီးများ ချထားလိုက်သည်။

လေလံပွဲနေရာ အလယ်၌  မီတာအတော် ကျယ်ဝန်းသော သလင်းကျောက် စင်မြင့်တစ်ခု ဖြစ်ပေါ်လာကာ အတော်လေး အချိုးအစား လှပသော အမျိုးသမီးတစ်ဦးက ထိုအပေါ်၌ ရပ်နေလေသည်။ မိုဝူကျီကို ထိုအမျိုးသမီးကို တစ်ချက်ကြည့်ရုံဖြင့် သူမ၏ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးသွားပြီး  ကောင်းကင် အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေကြောင်း သိလိုက်သည်။

လေးဖက်လေးတန်လုံးကို ဦးညွှတ်ပြီးနောက် ထိုအမျိုးသမီးက ကြည်လင် ပြတ်သားသော အသံဖြင့် ပြောလိုက်သည် …

“ယုံရင်အစွန်းအဖျား၏ ပေါင်းစပ်လေလံပွဲကို ဆယ်စုနှစ် တစ်ကြိမ် ကျင်းပတာဆိုတော့ ယုံရင်အစွန်းအဖျားရဲ့ အကြီးဆုံး လေလံပွဲအဖြစ် သတ်မှတ်လို့ ရပါတယ်ရှင် ... ဒီလေလံပွဲကို ဦးစီးမဲ့သူကတော့ လီယွဲ့ဖြစ်ပါတယ်ရှင် ...

ယုံရင်အစွန်းအဖျား နေရာအတွင်း ရှိနေတဲ့ မြိုကြီးများ ကိုယ်စား ကျမက လေလံပွဲကို ကြွရောက်လာတဲ့ ဧည့်ပရိသတ်အပေါင်းကို ကြိုဆိုပါတယ်ရှင်   အားလုံးလည်း ကိုယ်ကြိုက်နှစ်သက်ရာ ရတနာကို အိမ်အထိ ယူဆောင်သွားနိုင်ဖို့ရာ ကံကောင်းကြပါစေရှင် ...

အရင်ဆုံး စည်းမျည်း စည်းကမ်းလေးတွေ ကြေညာပါရစေ ... ပထမဆုံး  အဆင့်နိမ့် အင်မော်တယ်ကျောက်တွေကို လက်မခံပါဘူး အင်မော်တယ် ဝင်ရိုးကျောက်တုံး၊ အဆင့်မြင့်နဲ့ အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်တွေကိုပဲ လက်ခံမှာပါ။ အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်တုံးက အဆင့်မြင့် အင်မော်တယ်ကျောက် ဆယ်တုံး ဖြစ်ပါတယ်ရှင် ...

ဒုတိယအနေနဲ့  လေလံဆွဲနေတုန်း နှောင့်ယှက်ခွင့် မပြုပါဘူး။ မဟုတ်ရင် သူတို့ကို လေလံပွဲနေရာကနေ ဆွဲထုတ်ပစ်ပါ့မယ်။ တိုက်ခိုက်ရဲရင်လည်း နေရာမှာတင် သတ်ပစ်ပါ့မယ် …

လေလံပွဲကို အခုစတင်ပြီ ဖြစ်တာကြောင့် ပထမဆုံးရတနာမှာ  အဆင့် ၃ အင်မော်တယ် အဆင့်ရှိ  “လပြည့် ဝံပုလွေ လက်သည်းချက်”  မှော်ကျင့်စဉ်  ဖြစ်ပါတယ်။  ကြမ်းခင်းဈေးက အလယ်အလတ် အင်မော်တယ်ကျောက် တစ်သောင်း ဖြစ်ပါတယ်ရှင် တစ်ခါတိုးရင် အနည်းဆုံး  တစ်ထောင်အောက် မနည်းရပါဘူး”

လီယွဲ့ စကားအဆုံးတွင် အဝါညစ်ညစ် ကျောက်စိမ်းပေလွှာ တစ်ခုက သူမရှေ့တွင် စတင်၍ မျောလွင့်လာသည်။  ကျောက်စိမ်းပေလွှာကို အတားအဆီးများနှင့် ကာရံထားသောကြောင့် မည်သည့် စိတ်စွမ်းအားမှ ထိုးဖောက်နိုင်မည် မဟုတ်ပေ။

မိုဝူကျီက စိတ်ထဲ၌ အေးစက်စွာ သက်ပြင်းချလိုက်သည်။ အကြောင်းမှာ အင်မော်တယ်ဝင်ရိုး  ကျောက်တုံးတစ်တုံးကို အဆင့်မြင့် အင်မော်တယ်ကျောက် ဆယ်တုံးနှင့် ညီမျှလျှင် သူ့တွင် ရှိနေသော အင်မော်တယ်ဝင်ရိုးကျောက် သန်းလေးဆယ်ကျော်မှာ အင်မော်တယ်ကျောက် မည်မျှနှင့် ညီမျှနေသနည်း။

ယခင် မိုဝူကျီက ကုန်းဟို့နှင့် အလဲအလှယ် လုပ်စဉ်က သူက အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်သိန်းကို  အဆင့်မြင့် အင်မော်တယ်ကျောက် သုံးသောင်းနှင့် ညီမျှသော  အဆင့်နိမ့် အင်မော်တယ်ကျောက် သုံးသန်းသာ ရရှိခဲ့သည်။ ကုန်းဟို့က တကယ့်တန်ဖိုး၏ ဆယ်ပုံတစ်ပုံသာ ပေးခဲ့ခြင်း ဖြစ်ရာ  ဤနေရာတွင် အင်မော်တယ်ဝင်ရိုးကျောက် ဈေးကွက်မျာ အင်မတန် အကျိုးမြတ် များပေ၏။

ထုံယဲ့က မနေနိုင်ဘဲ   “အစ်ကိုမို ဒီကျောက်စိမ်းပေလွှာက အတော်လေး မလွန်လွန်းဘူးလား”

မိုဝူကျီ ရယ်မောပြီး ပြန်ဖြေလိုက်သည်  “ညီလေးထုံနဲ့ အစ်မချင်းရုတို့ ကြိုက်တာတွေ့ရင် စိတ်ကြိုက်လေလံဆွဲပါ။ ဈေးနှုန်းကိုရော ဘာကိုမှ စိတ်ထဲထားစရာ မလိုဘူး။  ကုန်ကျစရိတ်အားလုံး ကျုပ် နာမည်အောက်ကပဲ ပြီးတော့မှ သူတို့ကို တစ်ခါတည်း ပေးချေလိုက်မယ်”

မိုဝူကျီက အင်မော်တယ်ကျောက် နှစ်သန်းကိုထုတ်ကာ ထုံယဲ့၏ဝေစုကို ခွဲပေးလိုက်သည်။ ထိုအရာမှာ  ထုံယဲ့အတွက်  အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ရာဖြစ်ပြီး ပစ္စည်း ဝယ်ယူရန် မဟုတ်ချေ။

မိုဝူကျီ၏ သတိပေးချက် မပါရှိဘဲ ဟန်ချင်းရုနှင့် ထုံယဲ့တို့က နားလည်လိုက်ကြသည်။ အကယ်၍ သူတို့ကို နှိုင်းယှဉ်ကြည့်လျှင် မိုဝူကျီက ဤနေရာတွင် အချမ်းသာဆုံး ဖြစ်ပေလိမ့်မည်။

သုံးယောက်သား ပြောဆိုနေစဉ် အဆင့် ၃ မှော်ကျင့်စဉ်မှာ အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ၆၇၀၀၀ ဖြင့် လေလံဆွဲသွားလေသည်။

“အဆင့် ၃ မှော်ကျင့်စဉ်ကို အရ လေလံဆွဲသွားနိုင်တဲ့  တာအိုရောင်းရင်းကို ဂုဏ်ပြုပါတယ်ရှင်  ... နောက်ထပ်ပစ္စည်းကတော့ အဆင့် ၂ အင်မော်တယ် အသီးဖြစ်တဲ့ မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်အသီးပါ။ ကြမ်းခင်းဈေးက  အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် တစ်သိန်းပါ။ တစ်ခါတိုးတိုင်း အနည်းဆုံး တစ်သောင်းပါ”

အကယ်၍ လပြည့်ဝံပုလွေ လက်သည်းချက်  ကျင့်စဉ်ကို လူကြိုက်မများဘူးဟု သတ်မှတ်လျှင် လီယွဲ့က မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်အသီး နာမည်ကို ကြေညာလိုက်သည်နှင့် လေလံပွဲ တစ်နေရာလုံး ဝက်ဝက်ကွဲ အော်သံများဖြင့် ပြည့်နှက်သွားသည်။

မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်အသီးမှာ အဆင့်မြင့် အသီး မဟုတ်ကာ အဆင့် ၂ မျှသာ ဖြစ်ပေ၏။ ပုံမှန်အားဖြင့်  ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူများက ထိုသို့ အဆင့် ၂ အင်မော်တယ်အသီးမျိုး ရှာရန် စိတ်ထဲ မထားကြသော်လည်း မြေမှုန့်လျော့ပါးခြင်း အင်မော်တယ် အသီးဖြစ်လာလျှင်တော့ ကိစ္စများက ကွဲပြားသွားလေ၏။ ထိုအရာမှာ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူကို ကျင်းရှန်းအဆင့် ရောက်အောင် ကူညီပေးနိုင်သည်။

အကယ်၍ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က ကျင်းရှန်းအဆင့် ရောက်ရှိလိုလျှင် မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်ဆေးလုံး လိုအပ်မည် ဖြစ်ကာ ထိုဆေးလုံးအတွက် အဓိက ပါဝင်ပစ္စည်းမှာ မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်အသီး ဖြစ်၏။ အကယ်၍ အသီးကို ဆေးလုံးအဖြစ် မဖော်စပ်ပဲ တိုက်ရိုက် စားသုံးလျှင်ပင် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူအတွက် နောက်တစ်ဆင့် တက်လှမ်းနိုင်ခြေ ရှိနေသေးသည်။

ယုံရင်အစွန်းအဖျား နေရာတွင် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူများစွာ ရှိနေသည့်အတွက် ထိုအသီးပေါ်လာသည်နှင့် ဈေးနှုန်းမှာ အင်မတန် မြင့်တက်သွားတော့သည်။

မိုဝူကျီက မြေမှုန့်လျော့ပါးခြင်း အင်မော်တယ် အသီးအကြောင်း သိထားလေသည်။ သုံးမျက်လုံး ချိုးငှက်၏ ထောင်ချောက်ဖြစ်သည့် မြေမှု့န်လျော့ပါးခြင်း အင်မော်တယ်အသီးကို သူ့ဆီသာ မပစ်လွှတ်လိုက်လျှင် သူ့အနေနှင့် ကောင်းကင်အင်မော်တယ် အဆင့် တက်လှမ်းရာ၌ ကျရှုံးလုနီးပါး ဖြစ်သွားလိမ့်မည်။

အချိန်တိုလေး အတွင်း မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်အသီး၏ ဈေးနှုန်းမှာ အလယ်အလတ် အင်မော်တယ်ကျောက် သုံးသိန်းထိ ခုန်တက်သွားလေ၏။

“အစ်ကိုမို ... ကျုပ်တို့တွေ အဲဒီအသီးကို ဝယ်သင့်တယ်မလား။ ကျုပ်တို့တွေ ဆေးလုံးအဖြစ် မဖော်စပ်နိုင်ပေမဲ့ အင်မော်တယ်ဆေးဆရာ တစ်ယောက်ခန့်ပြီးတော့ ဆေးလုံးဖော်စပ်လို့ ရတယ်လေ” ထုံယဲ့က မိုဝူကျီကို ပြောလိုက်သည်။

ထုံယဲ့က သူ့ကို မပြောလျှင်ပင် မိုဝူကျီက ဤအသီးကို အရယူရန် ဆုံးဖြတ်ပြီးသွားလေပြီ။

“အင်မော်တယ်ဝင်ရိုး ကျောက်တုံး ငါးထောင်” မိုဝူကျီက ဈေးစခေါ်လိုက်သည်။

မိုဝူကျီ၏ လေလံဈေးနှုန်း ထွက်ပေါ်လာသည်နှင့် လေလံပွဲတစ်ခုလုံး ငြိမ်ကျသွားသည်။

မိုဝူကျီ၏  အရင်တစ်ယောက် ခေါ်ထားသည့်  ဈေးနှုန်းမှာ လေးသိန်းနီးပါး ကပ်နေပြီ ဖြစ်၍  မိုဝူကျီ၏ ခေါ်ဈေးမှာ အလွန်မြင့်မားနေ၍ မဟုတ်ချေ။ မိုဝူကျီ၏ အင်မော်တယ်ဝင်ရိုး ကျောက်တုံး ငါးထောင်မှာ အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ငါးသိန်းနှင့် ညီမျှကာ တိုးပေးနှုန်းက များပြားသော်လည်း မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်အသီး ဖြစ်နေ၍ လွန်လွန်းနေသည်တော့ မဟုတ်ပေ။

မိုဝူကျီ  ပေးလိုက်သည့် ခေါ်ဈေး၏ ရူးလောက်ဖွယ် ကိစ္စရပ်မှာ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများဖြင့် ဈေးခေါ်လိုက်၍ ဖြစ်သည်။ သူတို့က လေလံပွဲတွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ သုံး၍ ရသည်ဟု ကြေညာခဲ့သော်လည်း အမှန်တရားမှာ သူတို့၏ အဖိုးတန်လှသော အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို လေလံဆွဲရာ၌ ထုတ်သုံးချင်သည့် ကျင့်ကြံသူဟူ၍ မရှိပေ။

ဤသို့မျိုး ယုံရင်အစွန်းအဖျား နေရာ၌ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို ဝယ်ယူရန် မဖြစ်နိုင်လုနီးပါး ဖြစ်သောကြောင့် အင်မော်တယ်ဝင်ရိုးမှာ ဤနေရာရှိ ကျင့်ကြံသူများ၏ အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၍ အဖိုးတန်ဆုံး ဖြစ်နေခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ အင်မော်တယ် လောကတွင် ဖြစ်နေပါက  အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရန် နည်းလမ်းများ ရှိသေးသောကြောင့် အင်မော်တယ်ဝင်ရိုး ကျောက်တုံးများမှာ ထိုမျှ အဖိုးမတန်ပေ။

သူတိုက မိုဝူကျီကို သတိပြုမိလိုက်သောကြောင့်  စိတ်စွမ်းအား အများအပြားက မိုဝူကျီပေါ် ရောက်ရှိလာလေသည်။  သူက ဝင်လာလာချင်း နေရာတစ်ခုလုံးကို စိတ်စွမ်းအားဖြင့် အာရုံခံ စစ်ဆေးကြည့်ခဲ့သည့် မောက်မာသည့် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်နေသည်။

လူတချို့က မိုဝူကျီကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ အကြောင်းမှာ လူတစ်ယောက်က အင်မော်တယ်ဝင်ရိုး ကျောက်တုံးများဖြင့် လေလံဆွဲသွားသောကြောင့် သူ့ဇစ်မြစ်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု တွေးထင်နေကြသည်။

“အင်မော်တယ်ဝင်ရိုး ကျောက်တုံး ငါးထောင် တစ်ခါ ... အင်မော်တယ်ဝင်ရိုး ကျောက်တုံး ငါးထောင် နှစ်ခါ ... အင်မော်တယ်ဝင်ရိုး ကျောက်တုံး ငါးထောင် သုံးခါ  လေလံအောင်သွားပါပြီ”  လီယွဲ့က အလျင်အမြန်ဖြင့်  သုံးကြိမ် လေလံကြေညာလိုက်သည်။ အကြောင်းမှာ အင်မော်တယ် ကျောက်များနှင့် ယှဉ်လျှင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး လက်ခံရရှိခြင်းက ပို၍ သာပေသည်။ သူမက အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ၅၅၀၀၀၀ နှင့် ယှဉ်လျှင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး ငါးထောင် ပိုအလိုရှိပေ၏။

အရောင်းအဝယ် ဖြစ်သွားသည်နှင့် မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်အသီးမှာ မိုဝူကျီဆီ တန်းရောက်ရှိလာသည်။ မိုဝူကျီတွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံးများစွာ ရှိနေသောကြောင့် အင်မော်တယ်ဝင်ရိုး ကျောက်တုံးငါးထောင်ကို ချက်ချင်း ပေးချေလိုက်သည်။

အရောင်းအဝယ် ပြီးဆုံးသွားသည်နှင့် လီယွဲ့က တတိယမြောက် ပစ္စည်းကို ထုတ်ကာ  “နောက်ထပ် ပစ္စည်းကတော့ အဆင့် ၃ အင်မော်တယ် ပစ္စည်းဖြစ်တဲ့  ယာယီအမြွှာလက်စွပ်။ ကြမ်းခင်းဈေးနှုန်းက အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ငါးသောင်းပါ။ တစ်ခါတိုးရင် အနည်းဆုံး ငါးထောင်ပါ”

ထိုအကြောင်းကို ကြေညာပြီးနောက် လီယွဲ့ မျက်လုံးများမှာ မိုဝူကျီ ပေါ်မှ မခွာနိုင်သေးပေ။ သို့သော်လည်း မိုဝူကျီက ထိုလက်စွပ်ကို စိတ်ဝင်စားသည့်ဟန် မရှိကာ လေလံဆွဲမည့်ဟန်လည်း မရှိချေ။

***

All Chapters