← Chapters

သတ္တိရှိရှိ လေလံဆွဲသူ

Vol. 34 Ch. 469

သတ္တိရှိရှိ လေလံဆွဲသူ

Vol. 34 Ch. 469

ယာယီအမြွှာလက်စွပ် အပြီးတွင် ဆေးလုံးအချို့၊ မှော်ရတနာအချို့နှင့် အတူ မြေမှုန့်လျော့ပါးခြင်း အင်မော်တယ် ဆေးလုံးပင် ပါသေး၏။ မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်ဆေးလုံး အတွက် ခေါ်ဈေးများမှာ အသီးထက် ပိုပြင်းထန်ပေသည်။ သို့သော်လည်း မိုဝူကျီ  သူကိုယ်တိုင် ဆေးလုံးဖော်စပ်နိုင်မည်ဟု  ယုံကြည်ထား၍ ပါဝင်၍ ဈေးမခေါ်ပေ။  မိုဝူကျီက ပါဝင်၍ လေလံမဆွဲသော်လည်း ဆေးလုံး၏ နောက်ဆုံးဈေးနှုန်းမှာ မိုဝူကျီ ပေးချေခဲ့ရသည့် အသီးတန်ဖိုးထက် အနည်းငယ်သာ မြင့်ပေသည်။

“နောက်ထပ် ပစ္စည်းကတော့ အတော်လေး အဖိုးတန်တဲ့အရာပါ ...” ထိုစဉ် လီယွဲ့က နာမည်ကို မကြေညာပဲ ကျောက်စိမ်းသေတ္တာကို ဖွင့်ကာ ကြည်လင်နေသည့် ကျောက်တုံးတစ်တုံးကို အများရှေ့ ဆွဲထုတ်ပြလိုက်သည်။

ထိုအရာမှ အံ့မခန်း အပူချိန်ကို အားလုံး  ခံစားမိလိုက်ပြီး  မိုဝူကျီပင်  စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်မိသွားသည်။

အကယ်၍ အရင်နှစ်အနည်းငယ်မှ ဖြစ်နေလျှင် သူက ထိုအရာကို သိမည် မဟုတ်ပေ။ ဟန်ချင်းရု၏ ချောင်မူရှစ်စာအုပ်ကို ဖတ်ရှုပြီးနောက် လီယွဲ့လက်ထဲမှ ထိုအရာကို ကောင်းကောင်း သိသွားလေသည်။

ပညာရှင်နှလုံးသားကို ရနိုင်ခဲ့ခြင်းမှာ မိုဝူကျီ၏ ကံကောင်းမှုနှင့် တိုက်ဆိုင်မှုကြောင့် ဖြစ်ပြီး  ကျင့်ကြံခြင်း လောကတွင် ဖြစ်စေ၊ အခြားနေရာတွင် ဖြစ်စေ ထိပ်တန်းမီးတောက်ကို ရှာတွေ့နိုင်ဖို့ရာ အင်မတန် ခက်ခဲလှပေသည်။

ယခင် မိုဝူကျီက ပန်းပဲပစ္စည်းများနှင့် ပန်းပဲထုလုပ်ရန် သတ္တုများအကြောင်း ကောင်းကောင်း မသိသောကြောင့် သူက ထိပ်တန်းမီးတောက် အကြောင်း အပြည့်အဝ နားမလည်ထားပေ။ သူသိထားသည်မှာ သူ့ပညာရှင် မီးတောက်သည် ထိပ်တန်းမီးတောက် အမျိုးအစား ဖြစ်ပြီး မီးတောက်များကို ကျင့်ကြံခြင်းလောက၌ အဆင့် ၇ ဆင့် ပိုင်းခြားထားလေ၏။ ထိုအဆင့် ၇ ဆင့်ကို မီးတောက်အရောင်ဖြင့် ပိုင်းခြားထားပြီး အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာနှင့် ခရမ်းရောင်တို့ ဖြစ်၏။

သူ ပထမဆုံး ဆေးဖော်စပ်စဉ်က သူက မီးကျောက် အသုံးပြုခဲ့ဖူးလေသည်။ မီးကျောက်၏ အဆင့်များမှာ အရောင်ပေါ် မူတည်၍ ခွဲခြားထားပြီး ခရမ်းရောင်မီးကျောက်မှာ အားလုံးက လိုချင်နေကြပြီး  အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်ပေသည်။ မိုဝူကျီက သူ့ထိပ်တန်းမီးတောက် ရရှိပြီးနောက် သူက မီးကျောက်ကို ထိုစဉ်ကတည်းမှ မသုံးစွဲဖြစ်တော့ပေ။

ကိုယ်ပိုင် ထိပ်တန်းမီးတောက် ရရှိပြီးနောက်တွင် မီးကျောက် ဆက်လက် သုံးစွဲနေမည့် ကျင့်ကြံသူမရှိပေ။

မိုဝူကျီက ကျန်းရှင်းမှ ထွက်လာပြီး အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကို ရောက်မလာခင်အထိ သူ့ပညာရှင်နှလုံးသား မီးတောက်၏ အဆင့်ကို မသိခဲ့ပေ။ အကြောင်းမှာ သူ့ပညာရှင်နှလုံးသား မီးတောက် အဆင့်တက်လာသော်လည်း အရောင်မှာ မပြောင်းမလဲပဲ စိမ်းပြာအဖြစ် ကျန်ရှိနေဆဲဖြစ်ကာ အရောင်သိပ်သည်းဆပင် ပြောင်းလဲမသွားပေ။ သူ့ပညာရှင်နှလုံးသား အားကောင်းလာလား ဆိုသည့် ကိစ္စကို သူသာလျှင် သိပေ၏။ အရင်တစ်ခါ ဝံပုလွေဘုရင်တောင်မှ ကန်ကြွယ်နှင့် တိုက်ခိုက်စဉ်က သူ့ပညာရှင်နှလုံးသားမှာ ကန်ကြွယ်၏ မီးတောက်ကို စုပ်ယူလိုက်ကာ နောက်တစ်ဆင့်   အားကောင်းလာခဲ့သော်လည်း အရောင်မှာ စိမ်းပြာအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။

ဤပညာရှင် နှလုံးသားမှာ သူ့အင်မော်တယ် မော်တယ်ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်နှင့် အလားသဏ္ဌာန်ထူပေသည်။ မည်မျှ အားကောင်းလာစေကာမူ သာမန်အတိုင်း ရှိနေဆဲဖြစ်သည်။ သူနှင့် အတူတူသာ ဖြစ်ပြီး သူလည်း ပိုအားကောင်းလာလေလေ သာမန်နှင့်  ပိုတူလာလေလေ ဖြစ်၏။

လွန်ခဲ့သည့် လအနည်းငယ်ခန့်က သူ ချောင်မူရှစ်စာအုပ်ကို ရရှိပြီးနောက် မီးတောက်တစ်ခုက ခရမ်းရောင်အဖြစ် ရောက်ရှိသွားပြီးနောက် အင်မတန် အားကောင်းလာကြောင်း သိသွားမိသည်။ အကယ်၍ ဆက်အဆင့်တက်လိုလျှင် နိဗာန ဆင့်ကဲ ပြောင်းလဲခြင်းကို ဖြတ်သန်းရလိမ့်မည်။ နိဗာန ဆင့်ကဲပြောင်းလဲခြင်း ဖြတ်သန်းပြီးသည့် မီးတောက်များကို အင်မော်တယ် မီးတောက်များအဖြစ် သိကြပြီး ထိုအင်မော်တယ် မီးတောက်များကို အဆင့် ၉ ဆင့် ပြန်ခွဲခြားထားသည်။

ဤမီးတောက်၏ အဓိကနှင့် အဖိုးတန်ဆုံး အရာမှာ ထိပ်တန်းနိဗာန မီးတောက် အနှစ်သာရ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ထိုအရာမှာ မီးတောက်ကို အင်မော်တယ် မီးတောက်အဖြစ် ပြောင်းလဲ ပေးနိုင်သောကြောင့် မည်မျှအဖိုးတန်မည်ကို တွေးကြည့်၍ ရပေသည်။

ထိုစဉ် လီယွဲ့ ကိုင်ဆောင်ထားသော သတ္တုမှာ  ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရ  ဖြစ်ပေသည်။

မိုဝူကျီ စိတ်လှုပ်ရှားနေသည့် အကြောင်းအရင်းမှာ ဤသတ္တုလေးက သူ့ပညာရှင် နှလုံးသားမီးတောက်ကို အင်မော်တယ်အဖြစ် ပြောင်းလဲပေးနိုင်ရုံသာမက  အရေးကြီးဆုံးမှာ သူ့မီးတောက်များက နောက်တစ်ဆင့် ရောက်ရှိသွားလျှင် သူ့ထိပ်တန်းမီးတောက် လက်သီးချက်မှာ အဆများစွာ တိုးပွားသွားပေလိမ့်မည်။ ဤသည်က သူ့အသက်လေးအတွက် ကာကွယ်ရေးတစ်လွှာ ထပ်မံ ပေါင်းထည့်ထားသလို ဖြစ်ပေ၏။

“ဒီဟာကို အားလုံးလည်း သတိထားမိမယ်လို့ ထင်ပါတယ်။ ဒီဟာက ထိပ်တန်း နိဗာနမီးတောက် အနှစ်သာရပါ။

ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရက အင်မတန် ရှားပါးပြီးတော့ ကိုယ့်ဆီမှာ မီတောက်ရှိပြီးသား ဖြစ်နေရင်လည်း ဆိုးကျိုးမရှိပါဘူး။ ကြမ်းခင်းဈေးက အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်းပါ။ တစ်ခါတိုးတိုင်း ၅၀၀၀ထက်မနည်းရပါဘူး  ... လေလံ စလိုက်ကြစို့”

လူတော်တော်များများက ထိုထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို မှတ်မိကြပြီး မီးတောက် ပိုင်ဆိုင်ထားသော ကျင့်ကြံသူတချို့မှာလည်း မိုဝူကျီကဲ့သို့ စိတ်လှုပ်ရှားနေကြသည်။ သူတို့မီးတောက်ကို အင်မော်တယ် မီးတောက်အဖြစ် ပြောင်းလဲပေးနိုင်သည့် အရာကို မည်သူကများ မလိုချင်ပဲ ရှိမည်နည်း။

သို့သော်လည်း ကြမ်းခင်းဈေး ကြေညာလိုက်သည်နှင့် ကျင့်ကြံသူ အများအပြားက စိတ်အားငယ်စွာ ထိုင်ချ လိုက်ကြတော့သည်။ ယုံရင်အစွန်းအဖျား နေရာရှိ ကျင့်ကြံသူများအတွက် အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်းမှာ သူတို့ဆီ ရှိရန် စိတ်ကူးကြည့်ဖို့ရာပင် အလွန်များပြားသော ပမာဏ ဖြစ်ပေသည်။

“အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်း” ဈေးနှုန်းမှာ အလွန်မြင့်မားနေသော်လည်း လေလံဆွဲသူတော့ ရှိနေသေးသည်။

“အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်း တစ်သောင်း” နောက်ထပ် လေလံခေါ်လိုက်ပြန်သည်။

“အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်း တစ်သောင်း ငါးထောင်”

***

လေလံခေါ်ဈေးများမှာ လေလံအခန်းငယ်များမှ ဆက်တိုက် ထွက်ပေါ်နေပြီး ထိုကျင့်ကြံသူများမှာ အလွန်အဆင့်မြင့်သည့် အဆင့်အတန်းရှိမှန်း သိသသာပေသည်။ ယုံရင်အစွန်းအဖျား နေရာ၌ အင်အားစုကြီးများမှသာ ဖြစ်ရမည်။ အကြောင်းမှာ အင်အားစုငယ်လေးများက ဤနေရာ၌ သူတို့အတွက် လေလံအခန်းငယ် မရရှိနိုင်ကြပေ။

အချိန်တိုလေးအတွင်း ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရ ဈေးနှုန်းမှာ အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်း ခုနစ်သောင်းအထိ မြင့်မားသွားလေပြီ။ ထိုစဉ် လေလံဆွဲသူ အရေအတွက်မှာ လျော့ကျသွားပြီး  အခန်းငယ်လေး နှစ်ခန်း၊ သုံးခန်းသာ အပြိုင်ရှိတော့သည်။

“အင်မော်တယ် ဝင်ရိုးကျောက်တုံး ငါးသောင်း” မိုဝူကျီက အင်မော်တယ်ဝင်ရိုး ကျောက်တုံးများဖြင့် ထပ်မံ လေလံဆွဲလိုက်သည်။

မိုဝူကျီ၏ ခေါ်ဈေး ပေါ်လာသည်နှင့်  လူအုပ်ကြီး တစ်ခုလုံးကို မှင်တက်သွားစေသည်။ စောစောလေးက ဈေးနှုန်းမှာ အဆင့်မြင့် အင်မော်တယ်ကျောက် နှစ်သိန်း မကျော်သေးသော်လည်း မိုဝူကျီ၏ ပထမဆုံးခေါ်ဈေးမှာ အဆင့်မြင့် အင်မော်တယ်ကျောက် ငါးသိန်းနှင့် ညီမျှသော  အင်မော်တယ်ဝင်ရိုး ကျောက်တုံး ငါးသောင်း ဖြစ်နေသည်။

ဒါကမှ   တကယ့်ချမ်းသာခြင်း ဖြစ်ပေသည်။

ဟန်ချင်းရုက မိုဝူကျီကို လှည့်ကြည့်လိုက်သည်။ အကြောင်းမှာ မိုဝူကျီက မည်မျှကြွယ်ဝကြောင်း သူမလည်း သိပေ၏။

သူမက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရန် အင်မော်တယ်ဝင်ရိုး ကျောက်တုံး ၆သိန်းကျောက် အသုံးပြုခဲ့သည်ကို သတိရလိုက်သောအခါ  ထိုပမာဏနှင့်  အဆင့်မြင့် အင်မော်တယ်ကျောက် မည်မျှနှင့် လဲလှယ်နိုင်ကြောင်း  ပြန်လည် တွေးတောနေမိသည်။ မိုဝူကျီ၏ ရက်ရောမှုကြောင့်သာ မဟုတ်လျှင် သူမက ဤသို့ အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့မည် မဟုတ်ပေ။

“အဆင့်မြင့် အင်မော်တယ်ကျောက် ငါးသိန်း ငါးသောင်း” မိုဝူကျီက လေလံခေါ်ဈေး တိုးပေးမည့်သူ ရှိမည်မှန်း ထင်မထားသည့်အချိန်တွင် နောက်ထပ် လေလံဆွဲသံ ထွက်ပေါ်လာသည်။

အသံကို ကြားလိုက်ရပြီးနောက် ဧရာမ မျက်နှာပြင်ပိတ်ကားချပ်၌  အင်မော်တယ်ကျောက် ငါးသိန်း ငါးသောင်း ပေါ်လာသည်။

တစ်ယောက်က လေလံဆွဲသည့်အခါ အားလုံးကို ပြန်လည် ကြေညာစရာ မလိုပေ။ လိုအပ်သည့်အရာမှာ ခေါ်ဈေးကို ချရေးလိုက်သည်နှင့် ပိတ်ကားချပ်တွင် ပေါ်လာမည် ဖြစ်ပေရာ ခေါ်ဈေးနှင့် ထိုင်ခုံနံပါတ် သို့မဟုတ် အခန်းနံပါတ်တို့ ပါဝင်လေသည်။

ယခု တစ်ယောက်ယောက်က လေလံ ထပ်ဆွဲလိုက်သည့်အခါ သူ့ဈေးနှုန်းကို အားလုံးမြင်အောင် ပြသလိုက်ရာ သူက မိုဝူကျီနှင့် ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို ရရှိဖို့ရာ ယှဉ်ပြိုင်နေရသည့် အတွက် မကျေမနပ် ဖြစ်နေကြောင်း သိသာလေသည်။

အားလုံးက ကျင်းရှန်း အဆင့်ကျင့်ကြံသူ၏ အသံကို မှတ်မိကြလေရာ ကျင်းရှန်းအဆင့် ကျင့်ကြံသူက ဤသို့သော နေရာမျိုးတွင် ပေါ်လာခြင်းက ပြောင်းလဲမျှခြေ အဆောင်ကြောင့် ဖြစ်နိုင်ပြီး သူက အင်မော်တယ်လောကမှ ရောက်လာခြင်းသာ ဖြစ်ရမည်။ ယုံရင်အစွန်းအဖျား နေရာ၌  ထိုသို့မျိုး လူမျိုးကို မည်သူကမျှ ရန်စရဲမည် မဟုတ်ပေ။ ထို့အပြင် မည်သူကမျှ ယုံရင်အစွန်းအဖျား နေရာတွင် ထာဝရ နေမည် မဟုတ်ဘဲ တစ်ရက်ရက်ကျ အင်မော်တယ်လောကကို သွားရောက်ကြမည် ဖြစ်ပေသည်။ အကယ်၍ အင်မော်တယ် လောကသို့ မရောက်ခင် ထိုနေရာမှ  တစ်ယောက်ယောက်ကို ရန်စမိပါက  ဤနေရာတွင် အနာဂတ် သေချာပေါက် ရှိတော့မည် မဟုတ်ပေ။

“အင်မော်တယ်ဝင်ရိုး ကျောက်တုံး ရှစ်သောင်း”  မိုဝူကျီက တစ်ဖက်လူကို မကြောက်ရွံပေ။ အကြောင်းမှာ သူ့အသက်လေးကို ကာကွယ်ဖို့ရာ ဤ ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို လိုအပ်ပေသည်။

“ရပ်စမ်း” အေးစက်စက် အသံက အခန်းငယ်လေးမှ ပျံ့လွင့်လာပြီး ထိုကြားတွင် သတ်ဖြတ်လိုစိတ် များလည်း ပါဝင်နေရာ လေလံပွဲ တစ်နေရာလုံး ခံစားမိလိုက်ကြသည်။

လေလံပွဲနေရာက တိတ်ဆိတ်သွားပြီး အားလုံးက မိုဝူကျီကို တိတ်တဆိတ် လေ့လာနေကြသည်။

ဒီလူက ဘယ်နေရာကများ ရောက်လာတာတုံး။ သူလည်း အင်မော်တယ်လောကက ရောက်လာတာများလား။ အင်မော်တယ်လောက၌ ထိုမျှ အင်မော်တယ်ဝင်ရိုး ကျောက်တုံး ပေါများလိမ့်မည်ဟု သူတို့   မသိခဲ့ကြပေ။

မိုဝူကျီက ယှဉ်ပြိုင်မှု အလျှော့ပေးလိုက်လျှင်ပင် တစ်စုံတစ်ယောက်ကိုတော့ ရန်စပြီးသွားလေပြီ။

လီယွဲ့က လေလံပွဲကို မနှောင့်ယှက်ရန် ပြောထားသော်လည်း လီယွဲ့မှာ   ထိုကျင်းရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီအား  ခြိမ်းခြောက်နေသည့်  စကားကို မကြားသည့်အလား ပြုမူနေသည်။ သူမက ထိုကျင်းရှန်းအဆင့် ကျင့်ကြံသူကို စိတ်အနှောင့်အယှက် မပေးလိုသည်မှာ ထင်ရှားလှသည်။

“အဆင့်မြင့် အင်မော်တယ်ကျောက် ရှစ်သိန်း တစ်သောင်း ... ဘယ်သူက ထပ်တိုးပေးရဲတုံး ကြည့်ကြတာပေါ့” ကျင်းရှန်းအဆင့် ကျင့်ကြံသူက လေလံခေါ်ပြီးသည့် နောက်တွင် သူ့အသံ၌ မိုဝူကျီဆီ ဦးတည်နေသည့်အလား သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။

မိုဝူကျီက စိတ်အတွင်း၌ အေးစက်စွာ ရယ်မောကာ တုံ့ဆိုင်းခြင်းမရှိ သူ့လေလံခေါ်ဈေးကို အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်သိန်းအထိ တိုးပေးလိုက်သည်။

သူက ခြိမ်းခြောက်ခံရသည်ကို ကြောက်ရွံ့နေလျှင် ဤလေလံပွဲသို့ လာမည် မဟုတ်ပေ။

“မင်းမှာ ...   သတ္တိရှိတာပဲ ...  တော်တော် သတ္တိကောင်းနေတာပဲ” ထိုကျင့်ကြံသူမှာ ဒေါသထွက်လွန်း၍ သူ့စကားများကို တစ်လုံချင်း ပြောနေရသည်။ ထိုသို့သာ ဆက်တိုက်ပြောလိုက်ပြီး သူကဆက်၍ တိုးမပေးတော့ပေ။

သူမှာ အမှန်ပင် သတ္တိရှိပေသည်။ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်၏ ကျူးယိရန်နှင့် ဝေကုန်းဖုန့်တို့က တစ်ယောက်နှင့် တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ သူတို့က မိုဝူကျီသည် အလောတကြီး မလုပ်တတ်သည့်သူ ဟုတ်၊ မဟုတ် မသိကြသော်လည်း သူတို့ အကြံမှာ တစ်စစီ ပျက်စီးသွားလေပြီ။

မိုဝူကျီကို ထိုကျင်းရှန်းအဆင့် ကျင့်ကြံသူက ပစ်မှတ်ထားထားသည် ဖြစ်ရာ ထိုသူမှာလည်း အင်မော်တယ်လောကမှ အင်အားစုကြီး တစ်ခုမှ ဖြစ်ပေလောက်သည်။ ထို့ကြောင့် ပုံမှန် အခြေအနေအောက်တွင် တစ်ယောက်မျှ သူတို့နှင့် ယှဉ်လုကြမည် မဟုတ်ပေ။ မိုဝူကျီက ပြီးဆုံးသွားလေပြီ။ ကျင်းရှန်းအဆင့် ကျင့်ကြံသူက ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်နှင့် မိုဝူကျီတို့ မည်သို့ဆက်စပ်နေကြောင်း သေချာပေါက် ဂရုစိုက်မည် မဟုတ်ပေ။

***

All Chapters