← Chapters

မြို့၌ အဝိုင်းခံရခြင်း

Vol. 34 Ch. 472

မြို့၌ အဝိုင်းခံရခြင်း

Vol. 34 Ch. 472

မိုဝူကျီက အခန်းအတွင်းမှ အစီအရင်များကို ထိန်းချုပ်ရန် မလိုတော့သည့်အချိန် ထိုပေါက်ကွဲလုမတတ် ဖြစ်နေသည့် မီးတောက်မှာ ရုတ်ခြည်း ငြိမ်ကျသွားတော့သည်။ ထိုအရာက လက်မအရွယ်အစား ပြန်ပြောင်းလဲသွားပြီး မိုဝူကျီလက်ထဲ ပြန်ရောက်လာသည်။

ဦးဆုံး အခိုက်အတန့်လေး၌ မိုဝူကျီက ပညာရှင်နှလုံးသား မီးတောက်၏ အပူချိန်မှာ အဆများစွာ တိုးပွားလာကြောင်း ခံစားမိသော်လည်း ပညာရှင်နှလုံးသားမှာ အင်မော်တယ်မီးတောက် အဖြစ် မပြောင်းလဲသွားသည့် နောက်ထပ် ခံစားချက်လည်း ရနေသည်။ ရပ်တန့်သွားသည့် အကြောင်းအရင်းမှာ နိဗာန မီးတောက် အနှစ်သာရမှာ သူ့ပညာရှင်နှလုံးသား ဆင့်ကဲပြောင်းလဲဖို့ရာ အတွက် မလုံလောက်သောကြောင့် ဖြစ်ပေသည်။

မိုဝူကျီက အနည်းငယ် စိတ်ပျက် မိသွားသော်လည်း အနည်းငယ် ပျော်ရွှင်သွားမိသည်။ ပြီးပြည့်စုံသည့် ဆင့်ကဲ ပြောင်းလဲခြင်း မဟုတ်သော်ငြား သူက ထိုမီးတော်ကို တောင့်မခံနိုင်လောက်အောင် အထိ ဖြစ်ခဲ့ရသည် မဟုတ်ပါလော။ အကယ်၍ သူ့ပညာရှင် နှလုံးသားသာ အပြည့်အဝ ဆင့်ကဲ ပြောင်းလဲသွားလျှင် ဤအဆောက်အဦ တစ်ခုလုံး မြေခသွားပေလိမ့်မည်။

ထို့နောက် မိုဝူကျီက ပညာရှင်နှလုံးသား အကြောင်း မစိုးရိမ်တော့ပဲ သူ့အစိမ်းရောင် ပုဆိန်လှံရှည် ဓားသွားကိုသာ ထုတ်ယူလိုက်သည်။ နှစ်ပေ ရှည်လျားသည့် ပုဆိန်လှံရှည်မှာ ကြောက်မက်ဖွယ် အန္တရာယ်ရှိသည့် အငွေ့အသက်များ ထုတ်လွှင့်နေပြီး ထိုရှေးဟောင်း အငွေ့အသက်၌ မလိုလားမှုနှင့် အလိုဆန္ဒများလည်း ပါဝင်နေဟန် ရသည်။

မိုဝူကျီက သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှာ မရိုးရှင်းကြောင်း သိထားသည်။ မဟုတ်လျှင် သူ့ထာဝရ ကမ္ဘာလောကနှင့် အငွေ့အသက်ခြင်း တူနေမည် မဟုတ်ပေ။ သူ့ထာဝရ ကမ္ဘာလောကလေးကို ကိုယ်ပိုင် ဝိညာဉ်နယ်မြေဟု ယူဆ၍ မရသော်လည်း အခြားသော ကိုယ်ပိုင်ဝိညာဉ် နယ်မြေများနှင့် နှိုင်းယှဉ်ကြည့်ဖို့ရာ အလွန်ပင် နက်ရှိုင်းပေသည်။ ထာဝရ ကမ္ဘာလောကကို လူကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်ဘဲ သူ့တာအို အသိဉာဏ်ပွင့်၍ မွေးထုတ်လာရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တခြားနည်းဖြင့် ပြောရလျှင် သူ့အမြင်အရ ဖန်ဂူ မိုးနှင့် မြေပိုင်းခြား လိုက်စဉ်ကနှင့် တူညီသော အငွေ့အသက်များ ပါဝင်နေပေသည်။ ယခု လခြမ်းကွေး ပုဆိန်လှံရှည်မှာ ထိုသို့မျိုး အငွေ့အသက် ပါဝင်နေ၍ အံ့ဩစရာ မကောင်းပေဘူးလား။

မိုဝူကျီက ထိုပုဆိန်လှံရှည်ကို ပြန်လည် သန့်စင်ရသည်မှာ ရိုးရှင်းသည့် ကိစ္စမဟုတ်ကြောင်း သိထား၍ ထိုပုဆိန်လှံရှည် ဓားသွားပေါ် အသက်သွေးတစ်စက် တိုက်ရိုက် ချလိုက်သည်။ ထိုနည်းလမ်းမှာ ဤပုဆိန်လှံရှည်ကို အသုံးပြုနိုင်ဖို့ရာ အသင့်တော်ဆုံးနှင့် အမြန်ဆန်ဆုံး နည်းလမ်း ဖြစ်ပေ၏။

နှစ်ရက်မှာ မျက်စိတစ်မှိတ်အတွင်း ဖျတ်ခနဲ ကုန်ဆုံးသွားလေသည်။ မိုဝူကျီက ပုဆိန်လှံရှည် အတွင်းမှ အတားအဆီး တစ်ခုသာ သန့်စင်မွမ်းမံပြီးခါစ ဖြစ်သော်လည်း ရှေးကျ၍ ကြီးမြတ်သော စွမ်းအားများကို ခံစားနေရပြီ ဖြစ်သည်။ အတွေးတစ်ချက်ဖြင့် ဓားသွားအလင်းမှာ သုံးမီတာအထိ ရှည်လျားလှ၍ သူ့ထောင်ချောက် အစီအရင်ကို တစ်စစီ ပိုင်းဖြဲသွားလေသည်။

“ဘုန်း” သူ့ထောင်ချောက် အပြင်ဘက်တွင် သဘာဝစွမ်းအား‌ ပေါက်ကွဲသံများ ကြားနေရပြီး ဟန်ချင်းရုက သွေးအန်ကာ   သူ့ဆီ လွှင့်ထွက်လာသည်ကို တွေ့လိုက်ရသည်။

မိုဝူကျီက ရှေ့တစ်လှမ်းတိုးကာ ဟန်ချင်းရုကို ကူပေးလိုက်သည်။ ဟန်ချင်းရုမှာ ဒဏ်ရာအပြင်းအထန် ရထားကြောင်း ခံစားမိလိုက်သည်။

သွေးသံရဲရဲ ထုံယဲ့က မိုဝူကျီကို မြင်သည့်အခါ ချက်ချင်းဆိုသလို မိုဝူကျီနံဘေး ရောက်ရှိလာသည်။

“အစ်ကိုမို  သူတို့တွေ ရောက်လာပြီ။ အဆောက်အဦ တစ်ခုလုံး တစ်စစီ ဖြစ်နေပြီ” ထုံယဲ့က သွေးတစ်ပွက် အပြည့်အန်လိုက်ရင်း ရှင်းပြလိုက်သည်။

မိုဝူကျီက အဆောက်အဦ အတွင်း၌  သူ့အခန်း တစ်ခန်းသာ ကျန်ရှိနေတော့မှန်း သိလိုက်ရသည်။  ဟန်ချင်းရုနှင့် ထုံယဲ့တို့က သူ့အား ကာကွယ်မပေးထားလျှင် သူက ပုဆိန်လှံရှည်၏ ပထမအလွှာကိုပင် သန့်စင်ပြီး မွမ်းမံနိုင်မည် မဟုတ်ပေ။

“ဝုန်း”

ထုံယဲ့စကားအဆုံးတွင် မိုဝူကျီ ခြေထောက်အောက်မှ ကြမ်းခင်းက စတင်၍ ပြိုကျလာသည်။ သုံးယောက်သား ချက်ချင်း လွှားခနဲ ခုန်လိုက်ရသည်။

သုံးယောက်လုံး မြေပြင်ပေါ် ရောက်လာသည့်အခါ ကျင့်ကြံသူ ဆယ်ယောက်ကျော် ဝိုင်းထားသည်ကို ခံလိုက်ရပြန်သည်။ ဦးဆောင်လာသူမှာ ကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ဦးဖြစ်ပြီး မိုဝူကျီက နှစ်ယောက်လုံးကို မှတ်မိသည်။ တစ်ယောက်မှာ လေလံပွဲမှ ကျင်းရှန်းအဆင့် ကျင့်ကြံသူဖြစ်ပြီး နောက်တစ်ယောက်မှာ ဟဲလျန်ကုန်သည် အိမ်တော်မှ အုပ်ချုပ်ရေးမှူး လောင်ချိုက် ဖြစ်ပေသည်။

“မြို့ထဲမှာ ဒီလိုလုပ်ရဲတဲ့သူတွေ တကယ်ရှိနေတာပဲ။ ကျုပ်တို့  ထောင်ချောက် အစီအရင်တွေကြား ရောက်နေပြီ” ထုံယဲ့က ခါးသီးစွာ ပြောလိုက်သည်။

မိုဝူကျီက ကုသဆေးလုံးတချို့ ထုတ်ကာ ဟန်ချင်းရုနှင့် ထုံယဲ့တို့ဆီ ပေးလိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “နှစ်ရက်တောင် စောင့်ပေးတယ်ဆိုတော့ ဒီလူတွေ အတော်လေး စိတ်ရှည်ရှာသားပဲ”

မိုဝူကျီက လောင်ချိုက်နှင့် တွဲလုပ်နေသော ကျင်းရှန်းအဆင့် ကျင့်ကြံသူမှာ သူ့ဇာစ်မြစ်ကို သိသွားဟန် ပေါ်ပေသည်။ ထို့ကြောင့်သာ သူ့ကို ရုတ်တရက် တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်လိမ့်မည်။

ကျင်းရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီလက်ထဲမှ အစိမ်းဖျော့ဖျော့ အငွေ့အသက်များ ထုတ်လွှင့်နေသော  ပုဆိန်လှံရှည်ကို စိုက်ကြည့်နေသည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည် …

“မင်း ဒီအဆောက်အဦထဲမှာ အမြဲတမ်း ပုန်းမနေနိုင်ဘူးဆိုတာတော့ မင်းမသိတာတော့ မဖြစ်နိုင်ဘူး။ ငါ မင်းကို ဘာလို့ အခု သတ်ဖို့ ဆုံးဖြတ်လိုက်တာတုံး သိလား”

မိုဝူကျီက ဤကျင်းရှန်းအဆင့် ကျင့်ကြံသူကို လုံးဝ လျစ်လျူရှုထားကာ လခြမ်းကွေး ပုဆိန်လှံရှည်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။ ဤပုဆိန်လှံရှည် အစိတ်အပိုင်းမှာ အင်မတန် အားကောင်းပေရာ မိုဝူကျီအတွက် တျန်းဂျီတုတ်နှင့်စာလျှင် ပိုသင့်တော်ပေ၏။ နှမြောစရာ ကောင်းသည်က ဤပုဆိန်လှံရှည်တွင် လက်ကိုင် မပါရှိချေ။ လက်ကိုင် မပါရှိခြင်းမှာ  အသုံးပြုရသည့်ကိစ္စ၌  အဆင်မပြေတော့သည့် အတွက် အဆင့်မှာ အတော်လေး ကျဆင်းသွားခြင်း ဖြစ်ပေသည်။

“မင်းမကြာခင် ငါ့ရှေ့ ဒူးထောက်ပြီးတော့ အဲဒီပစ္စည်းတွေ ပြန်ပေးလာရင်တောင် မင်းကို နောင်တတရားက ဘာဆိုတာ ကောင်းကောင်းကြီး သိအောင် ပြပေးမယ်။

မှတ်ထား ... ငါက အင်မော်တယ် လောကရဲ့ မီးခိုးခုနစ်ချက် ဂိုဏ်းရဲ့ ဟဲကျွင်းဟူပဲ  ... ဖယ်စမ်း ဒီကောင်ကို အရှင်လတ်လတ် ဖမ်းဆီးရမယ်”

သူ့စကားအဆုံးတွင် ကျင်းရှန်းအဆင့် ကျင့်ကြံသူက ကိုယ်တိုင်မလှုပ်ရှားပဲ လက်အောက် ငယ်သားများကို အမိန့်ပေးလိုက်သည်။

မိုဝူကျီတို့ကို  ဝိုင်းထားကြသော ကောင်းကင် အင်မော်တယ် ဆယ်ယောက်ကျော်က သူတို့မှော်ရတနာများကို ထုတ်ယူလိုက်ပြီး မိုဝူကျီတို့အဖွဲ့ဆီ ခုန်ဝင်လာကြသည်။

ထုံယဲ့နှင့် ဟန်ချင်းရုတို့လည်း သူတို့ မှော်ရတနာကိုယ်စီ ထုတ်ယူလိုက်ကြသည်။ သုံးယောက် ပတ်လည်တွင် သူတို့ လုပ်ထားသည့် အင်မော်တယ် သဘာဝစွမ်းအား အလွှာတစ်ခု ဖြစ်ပေါ်နေသော်လည်း ထိုအလွှာမှာ စာရွက်လေးအလား ဖြစ်ပြီး စက္ကန့်ပိုင်းလေးပင် တောင့်မခံနိုင်ပေ။

မိုဝူကျီက ချက်ချင်း ပြန်မတိုက်ခိုက်သေးပဲ သူ့တျန်းဂျီတုတ်ကို ထုတ်လိုက်သည်။ လက်ဟန်အမျိုးမျိုး ပြုလုပ်ပြီးနောက် မကြာခင်တွင် လခြမ်းကွေး ပုဆိန်လှံရှည်မှာ တျန်းဂျီတုတ်နှင့် ချိတ်ဆက်မိသွားသည်။

ယခု သူ့တျန်းဂျီတုတ်ကို ပုဆိန်လှံရှည်၏ လက်ကိုင်အဖြစ် အသုံးပြုနိုင်လေပြီ။

“ဂျွတ်”

ထုံယဲ့နှင့် ဟန်ချင်းရုတို့၏ စွမ်းအား အလွှာမှာ ကွဲကြေသွားလေသည်။ တစ်ချိန်တည်းတွင် မိုဝူကျီက လက်ကိုမြှောက်ကာ လျှပ်စီးဓားမိုးကို ပြုလုပ်လိုက်သည်။

အပြာရောင် လျှပ်စီးများက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီး လျှပ်စီးဓားများက မိုးများအလား ကျဆင်းလာသည်။

“ဘုန်း ဘုန်း ဘုန်း”

ထိုမျှများပြားလှစွာ အရှိန်ဟုန်ဖြင့် ကျဆင်းနေသော လျှပ်စီးဓားချက်များ အောက်တွင် အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းထားသော ကောင်းကင် အင်မော်တယ်အဆင့် ကျင်ကြံသူပင် သူတို့ကိုယ်သူတို့ ကာကွယ်ရန် အားကုန် ထုတ်သုံးထားရသည်။ အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းရသေးသော ကျင့်ကြံသူများမှာ တိုက်ရိုက် အသတ်ခံလိုက်ရသည်။

ဤတိုက်ပွဲကို စောင့်ကြည့်နေကြသော အင်မော်တယ်များမှာ မိုဝူကျီ၏ စွမ်းအားကို မြင်လိုက်ရသည့်အခါ သူတို့အမူအရာများက ပြောင်းလဲသွားပေ၏။ မိုဝူကျီက အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းရသေးသလို ကိုယ်ပိုင် အင်မော်တယ် စွမ်းအားစက်ကွင်းလည်း မဖန်တီးနိုင်သေးပေ။ အကယ်၍ မိုဝူကျီသာ ကိုယ်ပိုင် စွမ်းအားစက်ကွင်း ရှိနေပါက ထိုလျှပ်စီးဓားများက သူ့ကို ဝိုင်းထားသော ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူ ထက်ဝက်လောက်ကို အလွယ်တကူ သတ်နိုင်လိမ့်မည်။

ဟန်ချင်းရုပင် မိုဝူကျီ၏ တိုက်ခိုက်မှုများကြောင့် ကြောင်ကြည့်နေမိသည်။ သူမက မိုဝူကျီသည် လျှပ်စီးဓား ပြုလုပ်နိုင်သည်ကို သိသော်လည်း ထိုမျှပမာဏများများ ထုတ်လွှင့်နိုင်လိမ့်မည်ဟု ထင်မထားပေ။ ထိုသို့မျိုး အရည်အချင်းဖြင့် သူက အဝိုင်းခံထားရလျှင်ပင် ကြောက်ရွံ့နေစရာ မလိုပေ။ သူ့ရန်သူများတွင် သူ့ထက်  အဆင့်မြင့်သူများ  မရှိနေသရွေ့မိုဝူကျီက အလွယ်တကူ သုတ်သင် ပစ်နိုင်လိမ့်မည်။

ထိုစဉ် ဟန်ချင်းရုက မိုဝူကျီသည် အကြောက်အလန့်မရှိ ဤလေလံပွဲကို လာရဲသည့် အကြောင်းအရင်းကို သဘောပေါက် သွားတော့သည်။ ထိုသို့မျိုး တိုက်ကွက်ဖြင့် မိုဝူကျီအတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုမှာ ကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ယောက်သာ ဖြစ်ပေ၏။ အရှင်းဆုံး ပြောရလျှင် သူမက မိုဝူကျီနောက် ဤလေလံပွဲဆီ လိုက်လာစဉ် သူမက သေဖို့ရာအထိ ပြင်ဆင် ထားပြီးလေပြီ။ သို့သော် ယခုတွင် သူမက မိုဝူကျီ၏ စွမ်းအားကို မြင်တွေ့လိုက်ရသည့် အခါ သူတို့ သေဖို့ရာ မလိုအပ်ကြောင်း သိလိုက်သည်။ ပြောရလျှင် သူတို့ အသက်ဆက်ရှင် နိုင်သေး၏။

အကယ်၍ သူတို့ အသက်ဆက်ရှင်နိုင်လျှင် မည်သူက ရူးမိုက်စွာ သေဖို့ရာ ဆန္ဒရှိမည်နည်း။

သူတို့က  ထိုအတွေးဖြင့် ဟန်ချင်းရုနှင့် ထုံယဲ့တို့မှာ စိတ်အား တက်ကြွလာကြသည်။

မိုဝူကျီက တိုက်ပွဲကို ထိန်းချုပ်ထားနေဆဲ ဖြစ်သည်။ ဟန်ချင်းရုနှင့် ထုံယဲ့တို့ပါ ဝင်တိုက်လာသည့်အခါ သူတို့ကို ဝိုင်းထားသည့် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူ သေဆုံးသည့်  အရေအတွက်မှာ တိုးပွားလာတော့သည်။

ဟဲကျွင်းဟူ မျက်နှာမှာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့သည်။ မိုဝူကျီက ထိုလျှပ်စီးဓားများ ထုတ်လိုက်သည့်အခါ တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ နယ်လှည့်ကျင့်ကြံသူ တစ်ဦးဆီမှာ ဤသို့သော အားကောင်းလှသည့် လျှပ်စီးတိုက်ကွက် ရှိနေတာလား။ အင်မော်တယ် လောကတွင် လျှပ်စီးဂိုဏ်းဟု ခေါ်သော ဂိုဏ်းတစ်ဂိုဏ်း ရှိပေသည်။ ထိုဂိုဏ်းမှ ဂိုဏ်းသားများ အားလုံးမှာ လျှပ်စီးသဘာဝ ဝိညာဉ်ကြော ပါရမီရှင်များ ဖြစ်ကြသည်။ အကယ်၍ မိုဝူကျီသာ ထိုလျှပ်စီးဂိုဏ်းက ဖြစ်နေလျှင် သူ့ကို ဆိုမထားနှင့် သူတို့မီးခိုးခုနစ်ချက် ဂိုဏ်းတစ်ခုလုံးမှာ  အမှိုက်အပြင် မပိုပေ။

လျှပ်စီးဂိုဏ်းမှာ အင်မော်တယ်လောက၌ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်ကာ မီးခိုးခုနစ်ချက်ဂိုဏ်းက အဆင့်တူ မဟုတ်ပေ။

သို့သော်လည်း ဟဲကျွင်းဟူက မိုဝူကျီသည် ထိုလျှပ်စီးဂိုဏ်းမှ မဟုတ်ကြောင်း  မကြာခင် နားလည် သွားတော့သည်။  အကယ်၍ လျှပ်စီးဂိုဏ်းတွင် မိုဝူကျီကဲ့သို့ ပါရမီရှင်မျိုး ရှိပါက ယုံရင်အစွန်းအဖျားတွင် ဖြစ်နေပါစေ မိုဝူကျီ၌  ကာကွယ်သူအနေနှင့် ဤရိုးရှင်းသော ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူ နှစ်ယောက်အစား  ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ပါရှိပေလိမ့်မည်။ ထို့အပြင် လောင်ချိုက်က သူ့အား ထိုကိစ္စ လိမ်ညာမည် မဟုတ်ပေ။ အကြည့်နှင့်တင် မိုဝူကျီက အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ရောက်ရှိလာသော လျှပ်စီးသဘာဝ ဝိညာဉ်ကြော  ပါရမီရှင်သာ ဖြစ်လိမ့်မည်။

“တာအိုရောင်းရင်းတို့ ဒီတိုက်ပွဲမှာ ပါဝင်ပေးတာနဲ့ ကျုပ် ဟဲကျွင်းဟူက  မီးခိုးခုနစ်ချက် ဂိုဏ်းကိုယ်စား ခင်ဗျားတို့ထဲက ဆယ်ယောက်ရဲ့ အင်မော်တယ်ဝင်ရိုးတွေ ဖွဲ့စည်းနိုင်ဖို့ ကူညီပေးပါ့မယ်။

တကယ်လို့ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးသွားပြီဆိုရင် အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သောင်း ပေးပါ့မယ်။ ပြီးတော့ ခင်ဗျားတို့ ဒီလူကို သတ်နိုင်ခဲ့ရင်  သူ့ပစ္စည်းရဲ့ သုံးပုံတစ်ပုံက ခင်ဗျားအပိုင်ပဲ  ပြီးတော့ ကျုပ်တို့ မီးခိုးခုနစ်ချက်ဂိုဏ်းကို ဝင်ခွင့်ပေးမယ်  ...

အဲဒါအပြင် အဲဒီလူဆီမှာ အင်မော်တယ်ဝင်ရိုး ကျောက်တုံး အနည်းဆုံး တစ်သန်းကျော်ရှိတယ် ဆိုတော့ အားလုံးလည်း နားလည်မှာပါ ...”

ဟဲကျွင်းဟူက မိုဝူကျီကို မကြောက်သော်လည်း မိုဝူကျီ၏ ပြင်းထန်လှသည့် လျှပ်စီးဓားမိုးများက သူ့စိတ်ကို တုန်လှုပ်သွားစေသည်။ သူက ကျယ်ကျယ်လောင်လောင် ကြေညာပြီးသည့် နောက်တွင်  တိုက်ပွဲအတွင်း ပြေးဝင်လာပြီး မိုဝူကျီဆီ ခုန်အုပ်လိုက်သည်။

***

All Chapters