← Chapters

မသေနိုင်သောသူ

Vol. 35 Ch. 474

မသေနိုင်သောသူ

Vol. 35 Ch. 474

ဟဲကျွင်းဟူက တစ်ခုမှ  မလုပ်နိုင်သည်ကို အတည်ပြုပြီးနောက် မိုဝူကျီက ပို၍ တက်ကြွလာသည်။ သူက အင်မော်တယ် သဘာဝစွမ်းအား အများစုကို အသုံးပြုထားပြီးပြီ ဖြစ်သော်လည်း အခြားလူများနှင့် ခြားနားစွာ  သူ့၌ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းများ ရှိနေသေးသည် မဟုတ်ပါလော။

သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ အင်မော်တယ် သဘာဝ စွမ်းအားများဖြင့် သူက လျှပ်စီးဓားမိုးကို ဆက်တိုက် ထုတ်သုံးနိုင်သေးသည်။

ဟဲကျွင်းဟူ၏ အနှောင့်အယှက် မပါရှိပဲ ဟန်ချင်းရုနှင့် ထုံယဲ့တို့၏ အကူအညီဖြင့် မိုဝူကျီက ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူများကို ဟင်းသီးဟင်းရွက် လှီးဖြတ်သည့်အလား သတ်ဖြတ်ပစ်လိုက်သည်။

အားကောင်းသည့် ကောင်းကင်အင်မော်တယ် တချို့က သူ့လျှပ်စီးဓားများကို ကာဆီးနိုင်စွမ်း ရှိကြသော်လည်း သူတို့မှာ မိုဝူကျီ၏ လခြမ်းကွေး ပုဆိန်လှံရှည် လက်ချက်အောက်တွင် သေဆုံးသွားကြသည်။ အကယ်၍ မိုဝူကျီက သူတို့နှင့် မရင်ဆိုင်လျှင်ပင် ဟန်ချင်းရုနှင့် ထုံယဲ့တို့က လွတ်ပေးမည် မဟုတ်ပေ။

သူတို့ရန်သူကို သက်ညှာပေးခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်း မဟုတ်ပါလော။

ဟန်ချင်းရု စကျင့်ကြံစဉ်မှ စ၍ သူမက ယခုလောက် တစ်ခါမျှ အများကြီး မသတ်ဖူးပေ။ သို့သော်လည်း သူမက သတ်ကိုသတ်ရမည် ဖြစ်သည်။ သူမက အသက်ပင် မနည်းအချိန်လု ရှူရှိုက်နေရသည်။

မှော်ရတနာများမှ အလင်းများက လျှပ်စီးဓားမိုးများနှင့် ဆက်တိုက် ထိတွေ့နေကာ တည်းခိုဆောင် တစ်ခုလုံးမှာလည်း  ပြားပြားဝပ် ဖြစ်နေလေပြီ။

ပြန်လည် တိုက်ခိုက်နိုင်သည့် ကောင်းကင် အင်မော်တယ်တချို့မှ လွဲ၍  ကောင်းကင်အင်မော်တယ် အများစုမှာ အသတ်မခံရခင် သူတို့ အင်အားကုန် သုံးထားပြီး လျှပ်စီးဓားမိုးများကို ကာကွယ်နေကြရသည်။

လျှပ်စီးဓားမိုးများကို တားဆီးနိုင်ပြီး ပြန်လည် တိုက်ခိုက်နိုင်သူများ အတွက် သူတို့က မိုဝူကျီ၏ သီးသန့် အာရုံစိုက်မှုကို ရသွားကြသည်။

မိုဝူကျီတို့အဖွဲ့ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ တိုးပွားလာနေ သော်လည်း သူတို့ကို ဝန်းရံထားသည့် ကောင်းကင် အင်မော်တယ် အရေအတွက်မှာ ဆက်တိုက် လျော့ကျသွားလေ၏။  မိုဝူကျီကို ပြန်လည် တိုက်ခိုက်နိုင်ကြသော သူများမှာ သူတို့၏ အဆုံးသတ် တိုက်ကွက်ကို ထုတ်သုံးကုန်ကြသည်။ အကယ်၍ မိုဝူကျီ၏ အသက်ဓာတ် လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သူက ကုသဆေးလုံး မည်မျှ သောက်သုံးစေကာမူ မိုဝူကျီက မှော်ရတနာများ ဆက်တိုက် တိုက်ခိုက်မှုမှ ရှင်သန် လွတ်မြောက်နိုင်မည် မဟုတ်ပေ။  ထိုအရာက မိုဝူကျီကို ခုခံကာကွယ်ရေး နည်းစနစ် တစ်ခုခု သင်ယူရန် ဒါမှမဟုတ် အဆင့်မြင့် ကာကွယ်ရေး ရတနာ ရရှိရန် လိုအပ်နေကြောင်း တွေးမိသွားစေသည်။

အကယ်၍ သူ့တွင် ခုခံကာကွယ်ရေး ရတနာ ရှိနေပါက ဤတိုက်ပွဲမှာ အတော်လေး လွယ်ကူသွားပေလိမ့်မည်။

တချို့ ကျင့်ကြံသူများက ဟဲကျွင်းဟူ မတိုက်တော့မှန်း သတိပြုမိကြသောအခါ သူတို့လည်း တိုက်ပွဲမှ လက်ရှောင်ကာ နောက်ဆုတ် လိုက်ကြသည်။

“ဘုန်း” မိုဝူကျီက လျှပ်စီးဓားဖြင့် ကောင်းကင်အင်မော်တယ် တစ်ယောက်ကို မြေပြင်ပေါ် လှဲသိပ်နိုင်ပြီး နောက်တွင် တိုက်ပွဲကား ရပ်တန့် သွားတော့သည်။

သွေးနံ့များနှင့် တူးနံ့များက လေထုအတွင်း ပြည့်နှက်နေသည်။ ဘေးတွင် ရပ်နေသော ကျင့်ကြံသူများစွာ ရှိသော်လည်း မည်သူကမှ  တိုက်ခိုက်ရန် မထွက်လာကြပေ။

မိုဝူကျီက ကျောက်စိမ်းပုလင်း များစွာကို ထုတ်ယူလိုက်ပြီး ဟန်ချင်းရုနှင့် ထုံယဲ့တို့ကိုပါ ပေးပြီး သူကိုယ်တိုင်ပင် ဆေးပုလင်းဝက်လောက်  သောက်သုံးလိုက်သည်။

ဆေးလုံးများစွာ သောက်သုံးလိုက်ခြင်းက သူ့ကျင့်ကြံဆင့်ကို ထိခိုက်နိုင်သော်လည်း ဤသို့သော အချိန်မျိုးတွင် မိုဝူကျီက သူ့အင်မော်တယ် သဘာဝစွမ်းအားများနှင့် ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာဖို့သာ ဂရိုစိုက်ပေသည်။

ထုံယဲ့က တိုက်ပွဲကို ရှင်းလင်းနေစဉ် ဟန်ချင်းရုက ဘေးမှ စောင့်ကြပ်ပေးနေသည်။ တစ်ဖက်တွင် မိုဝူကျီက လခြမ်းကွေး ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားပြီး ဟဲကျွင်းဟူဆီ လျှောက်လှမ်းလာသည်။ သူ့အသက်ဓာတ် လမ်းကြောင်းမှာ ဆက်တိုက်ဆိုသလို သူ့ဒဏ်ရာများကို ပြန်လည် ကုစားပေးနေသည်။ သူက ဒဏ်ရာများအပြည့် ဖြစ်နေသည်ဟု ထင်ရသော်လည်း တချို့တစ်ဝက်မှာ သူလှမ်းလိုက်တိုင်း ပြန်ကောင်းနေပြီ ဖြစ်၏။

ယခင် သူက ဒဏ်ရာအပြင်းအထန် ရထားသည်မှာ သူ့စွမ်းအားက ဟဲကျွင်းဟူနှင့် အလှမ်း ကွာလွန်းနေ၍ မဟုတ်ဘဲ  ကောင်းကင်အင်မော်တယ် အုပ်စုနှင့်ပါ ရင်ဆိုင် နေရသောကြောင့် ဖြစ်သည်။ သို့သော် ယခု  ရန်သူများ ဝိုင်းထားခံရခြင်း မဟုတ်ရာ သူ့၌  အင်မော်တယ် သဘာဝစွမ်းအားများ ပြတ်လပ်သွားလျှင်ပင် ဟဲကျွင်းဟူကို ကြောက်ရွံ့နေစရာ မလိုပေ။

“မိုဝူကျီ  ... ကြည့်ရတာ ငါမှားသွားတဲ့ပုံပဲ။ မင်းက ဒီလောက် လုပ်နိုင်စွမ်း ရှိမယ်လို့ ထင်မထားဘူး။ မင်းရဲ့ လျှပ်စီးဓားမိုး တစ်ခုတည်းနဲ့ မင်းက ရိုးရိုးတမ်းတမ်း ဂိုဏ်းတစ်ခုတော့ မဖြစ်နိုင်ဘူး။ ဒီနေ့ ငါဟဲကျွင်းဟူက  မင်းဂိုဏ်းကို ထောက်ထားပြီးတော့ မင်းကို လွတ်ပေးလိုက်မယ်” ဟဲကျွင်းဟူက မိုဝူကျီ သူ့ဆီ လျှောက်လှမ်းလာသည်ကို မြင်သောအခါ အေးစက်စွာ ပြောလိုက်သည်။

မိုဝူကျီက အနည်းငယ် တုန်လှုပ်မိသွားသည်။ ဟဲကျွင်းဟူက သူ့နာမည် အရင်းကို သိနေပေ၏။ သို့သော်လည်း သူက လုံးလုံးတော့ မအံ့ဩမိချေ။ ထိုလူက လောင်ချိုက်နှင့် အတူတူ တွဲလုပ်သောကြောင့် ထိုသို့မျိုး ကိစ္စကို ပြောပြ ထားပေလိမ့်မည်။ လောင်ချိုက်က  ပန်းမြိုင်ရာ အိမ်တော်တွင် မိုဝူကျီ လုပ်ခဲ့သည့် အရာများကို သိနေလောက်သည်။

မဟုတ်သေးပါဘူး ...

တကယ်လို့ လောင်ချိုက်က သူ့နာမည်ကို ပြောပြထားလျှင် ဟဲကျွင်းဟူက သူ့အား ဂိုဏ်းအကြီးကြီးမှ ဖြစ်လိမ့်မည်တော့ တွေးမိမည် မဟုတ်ပေ။ ထို့အပြင် အကယ်၍ ဟဲကျွင်းဟူက ထိုသို့အတွေးမျိုး ရှိလျှင် ယခင်တိုက်ခိုက်မှုများ၌ ထိုမျှယုံကြည်ချက် ရှိနေမည် မဟုတ်ချေ။

“ဟဲကောင်လေး  ... ဒီတိုက်ပွဲက မင်းပြီးပြီဆိုတာနဲ့ ပြီးမယ်များ ထင်နေတာလား။ ဘဝကြီးက ဘယ်တုန်းက အဲဒီလောက် သာယာသွားတာတုံး” မိုဝူကျီက ရှုတ်ချစွာ ပြောလိုက်သည်။ ဟဲကျွင်းဟူမှာ ကရုဏာ ကြီးမားနေခြင်း မဖြစ်နိုင်ရာ သူ့၌ တစ်ခုခု မှားယွင်းနေခြင်းသာ ဖြစ်လိမ့်မည်။

“ဘာလိုချင်တာလဲ” ဟဲကျွင်းဟူက အလောတကြီး ပြောလိုက်သည်။ သူ့ဘေးမှ လူများပင် သူ့အသံ၌ အားနည်းမှုကို ကြားနိုင်လေ၏။

သူက နောင်တ အနည်းငယ် ရမိသည်။ ယခု အခွင့်အရေးကို အသုံးချ၍ ထွက်ပြေးလိုက်သင့်သည်။ ကောင်းကင် အင်မော်တယ် ရာကျော် အဝိုင်းခံထားရသည့် ကြားတွင်  မိုဝူကျီ၏ အင်မော်တယ်စွမ်းအားများမှာ ကုန်ခမ်းသွားပြီဟု တွေးမိသော်လည်း  မိုဝူကျီတို့အဖွဲ့မှာ မသေနိုင်ကြသေးပေ။

မိုဝူကျီသည် ဒဏ်ရာအများအပြား ရသွားသော်လည်း မသေနိုင်သည့်  ပိုးဟပ်ကဲ့သို့ အသက်ဆက်ရှင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ မိုဝူကျီက ဒဏ်ရာပြင်းပြင်း ရသည့်အခါတိုင်း သူက လဲကျမသွားဘဲ  လျှပ်စီးမိုးများကို ဆက်တိုက် ထုတ်လွှင့်နေဆဲ ဖြစ်သည်။ ထို့ကြောင့် မိုဝူကျီက အသက်ရှင်နိုင်ခဲ့ပြီး ကောင်းကင်အင်မော်တယ် ရာကျော်ကို သတ်ပစ်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။

သူက မိုဝူကျီ၏ ရတနာများကို မက်နေသည့်အတွက် ဟဲကျွင်းဟူက ချက်ချင်း ထွက်မသွားခြင်း ဖြစ်သည်။

သူက ပြောနေရင်း ဟဲကျွင်းဟူက လောင်ချိုက်ရှိရာဆီ တစ်ချက် ကြည့်လိုက်မိသည်။ ထိုအခါမှ လောင်ချိုက်သည် ထွက်ပြေးသွားပြီ ဖြစ်ကြောင်း သတိထားမိသွားသည်။

လူကြောက်ပဲ ...

မိုဝူကျီက တိုက်ပွဲအဆုံးတွင် မြားတစ်စင်းအလား ဖြစ်ကာ အကယ်၍ လောင်ချိုက်သာ နေခဲ့ဖို့ ဆုံးဖြတ်မိပါက သူတို့သည်လည်း မိုဝူကျီ လက်ချက်ဖြင့် သေဆုံးကြရလိမ့်မည်။ သို့သော် ထိုလူမှာ အမှန်တကယ် လူကြောက်ဖြစ်ပေ၏။ ထိုလူကြောက်က ထွက်ပြေးသွားပြီးတော့ သူ့အား သေဖို့ရာ ချန်ထားခဲ့လေသည်။ ကုန်သည်အဖွဲ့အစည်းမှ လူများမှာ အသုံးမဝင်သည့် လူလိမ်လူညစ်သာ ဖြစ်ပေသည်။

သို့သော်လည်း  လောင်ချိုက် စိတ်ထဲတွင် ဘာရှိနေသည်ကိုတော့ သူမသိချေ။ လောင်ချိုက်က မိုဝူကျီသည် သူ့စွမ်းအားအပြည့် မထုတ်ဖော်ရသေးကြောင်း ကောင်းကောင်းသိ၏။ ကျိညီအစ်ကို သေဆုံးမှုနေရာမှ လောင်ချိုက်သည် မိုဝူကျီတွင် အံ့အားသင့်စရာ ကောင်းသည့် ထိပ်တန်းမီးတောက် လက်သီးချက် ပညာရပ်ရှိမှန်း သိထားသည်။

ထိုလက်သီးချက် တစ်ချက်ဖြင့် မိုဝူကျီက ကျိယန်ကို သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု မိုဝူကျီက ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို ရရှိပြီးပြီဖြစ်ရာ သူသာ အရူးမဟုတ်သရွေ့ သူ့ထိပ်တန်းမီးတောက်ကို ဆင့်ကဲပြောင်းလဲဖို့ ချက်ချင်း ကြိုးစားပေလိမ့်မည်။ အကယ်၍ မိုဝူကျီ၏ ထိပ်တန်းမီးတောက်သာ အင်မော်တယ်မီးတောက် ဖြစ်သွားပါက ဟဲကျွင်းဟူ ပြီးနောက်  လောင်ချိုက်ပင် ထိုလက်သီးချက်နှင့် ရင်ဆိုင်ရလျှင် ပြာဖြစ်သွားနိုင်သည်။

တခြားသူများက  ဟဲကျွင်းဟူ၏ ပြောင်းလဲမျှခြေ အဆောင် ကျိုးပျက်သွားသည်ကို မသိကြသော်လည်း သူကတော့ ရှင်းရှင်းလင်းလင်း သိပေသည်။ ပြောင်းလဲမျှခြေ အဆောင် ကျိုးပျက်သွား၍သာ ဟဲကျွင်းဟူက မလှုပ်ရှားရဲခြင်း ဖြစ်၏။

ထို့ကြောင့် လောင်ချိုက်က  မိုဝူကျီတွင်  လျှို့ဝှက်တိုက်ကွက် ရှိသေးမှန်း သိထားရာ မိုဝူကျီက မသုံးသေးသောကြောင့် ထိုအဓိပ္ပာယ်က ဘာဖြစ်နိုင်မည်နည်း။ သူ လောင်ချိုက်က ယနေ့အထိ အသက်ရှင်လာနိုင်သည် ဖြစ်ရာ မိုဝူကျီက ထိုလက်သီးချက်ကို သူ့အတွက် ထားထားခြင်း ဖြစ်မှန်း မည်သို့မသိဘဲ နေမည်နည်း။ အကယ်၍ သူက တိုက်ခိုက်ရဲလျှင် သူလည်း ဟဲကျွင်းဟူနောက်မှ နောက်ဘဝ လိုက်သွားရလိမ့်မည်။ ထို့အပြင် သူက မိုဝူကျီ၏ လျှပ်စီးဓားမိုးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သော လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်မှန်း သိထားသည်။ အဖွဲ့တိုက်ပွဲများ၌ အရေးသာသော ထိုသို့သော ပညာရပ် ရှိနေသည့်သူထံ  သူက သူ့ကိုယ်သူ သေတွင်း တူးရမည်လား။  ထိုစဉ် မိုဝူကျီသည် အင်မော်တယ်လျိုကို တစ်ယောက်တည်း ဖြတ်ကျော်လာသည့် လူများလားဟု တွေးမိသွားသည်။

လောင်ချိုက် ခန့်မှန်းချက်များမှာ မှန်ကန်ပေ၏။ မိုဝူကျီက သူ့လျှို့ဝှက်တိုက်ကွက်ကို လောင်ချိုက်အတွက် ထားထားခြင်း ဖြစ်ပေသည်။

ထိုစဉ် မိုဝူကျီက ဆေးလုံးဆရာဖြစ်ခြင်း၏ အကျိုးကျေးဇူးများကို အမှန်တကယ် ခံစားနေရသည်။ ဆေးပုလင်းဝက်လောက် သောက်သုံးပြီးသည့်အချိန် သူ့အသက်ဓာတ် လမ်းကြောင်းအကူကိုပါ ထည့်တွက်လျှင် သူ့ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပြီး သူ့အင်မော်တယ် သဘာဝစွမ်းအား တချို့တစ်ဝက်ပင် ပြန်ပြည့်လာ၏။ သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ စွမ်းအားများ ရှိနေသော်လည်း သူက လက်သီးတစ်ချက် ထုတ်လွှင့်နိုင်မည်မှန်း သေချာသည်။ ယခု လောင်ချိုက်က ထွက်သွားပြီဖြစ်ရာ ဤလက်သီးချက်မှာ ဟဲကျွင်းဟူကို မသတ်နိုင်လျှင်ပင် ဟဲကျွင်းဟူကို သူ့ဘဝတစ်လျှောက် မသန်မစွမ်း ဖြစ်သွားပေလိမ့်မည်။

“ခင်ဗျားကို ကျုပ် ရတနာပေးဖို့လည်း ရည်ရွယ်ချက် မရှိသလို  ခင်ဗျားပြောတဲ့ နောင်တရဖို့လည်း အစီအစဉ် မရှိဘူး။ အဲဒါကြောင့် ခင်ဗျား ဘယ်လိုနည်းလမ်းတွေ သုံးပြီးတော့ ကျုပ်ကို နောင်တရစေမှာလဲ ဆိုတာ တကယ်သိချင်မိသား ... ပြီးတော့ ခင်ဗျားရှေ့ ဒူးထောက်ပြီးတော့ ရတနာတွေကို ဘယ်လိုများ ပေးရမှာပါလိမ့် ...” မိုဝူကျီက ပြောလိုက်ရင်း သူ့လက်ထဲမှ လခြမ်းကွေး ပုဆိန်လှံရှည်မှာ သတ်ဖြတ်ငွေ့များ လွှမ်းခြုံနေပြီ ဖြစ်၏။

မိုဝူကျီက တစ်ခု သိသွားမိသည်။ ဟဲကျွင်းဟူ၏ လက်ရှိ စွမ်းအားစက်ကွင်းမှာ အတုအယောင် ဖြစ်ကြောင်း ခံစားမိနေသည်။ အကယ်၍ သူ့ပုဆိန်လှံရှည်ဖြင့် တစ်ချက်လောက် ဝှေ့ယမ်းလိုက်လျှင်  ဟဲကျွင်းဟူ၏ စက်ကွင်းကို တစ်စစီ ဖြတ်ပစ်နိုင်လိမ့်မည်။

“ငါပြောထားတဲ့အတိုင်းပဲ မင်းရဲ့ဂိုဏ်းကို ထောက်ထားပြီးတော့ မင်းနဲ့ တွက်ကပ် မနေတော့ဘူးလို့    ...” အေးစက်စွာ ပြောလိုက်ပြီးနောက် ဟဲကျွင်းဟူမှာ လှည့်ထွက်သွားတော့သည်။

ထိုလူက သေချာပေါက် ဤမျှကြင်နာတတ်သူ မဟုတ်ပေ။ လေလံပွဲမှာရှိစဉ် ထိုလူက သေလောက်သည့်အထိ မောက်မာပြခဲ့လေသည်။ မိုဝူကျီက ထိုအရာကို တွေးမိသောအခါ ဆက်၍ မယဉ်ကျေးနေတော့ပေ။ သူ့အစိမ်းရောင် ပုဆိန်လှံရှည်မှ ထွက်ပေါ်လာသော  ဆယ်မီတာ ရှည်လျားသည့် ပုဆိန်လှံရှည် အလင်းတန်းမှာ ဟဲကျွင်းဟူကို လွှမ်းခြုံသွားတော့သည်။

***

All Chapters