ကျန်းရှီမြို့က မင်းတို့ရဲ့ သင်္ချိုင်းမြေပဲ
Vol. 13 Ch. 183
ကျန်းရှီမြို့မှ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ သကဲ့သို့ ရှန့်ကျန်းမြို့မှ ဤတိုက်ပွဲအား ကြည့်နေသူများ အလွန် တက်ကြွလာ ကြသည်။
"သတ်…သတ်…သူတို့အားလုံးကို သတ်ပစ်လိုက်"
"ဟဟ…. ငါတို့ နိုင်တော့မယ်ကွ … သူတို့ ရှုံး တော့မှာပဲ … ကျန်းရှီမြို့က အင်အားစုတွေ ချက်ချင်း အသတ်ခံရတော့မှာ"
"ဘယ်လောက်တောင် မိုက်လိုက်တဲ့ တိုက်ပွဲ လဲ …. မာစတာလီက ခြံဝန်းထဲက လူတိုင်းကို ခြေဆောင့်နင်းပြီး အခြေအနေကို ပြောင်းပြန် လှန်လိုက်တာပဲ"
….
ရှန့်ကျန်းမြို့မှ လူများ အလွန် စိတ်လှုပ်ရှား လာကြသည်။
ယခင်တုန်း လီကျိုးယောင်မှအပ ရှန့်ကျန်း မြို့မှ ဆရာသခင် တစ်ပိုင်းအဆင့် သိုင်းပညာ ရှင် လေးယောက်နှင့် ကြယ်သုံးလုံး အဆင့် သိုင်းပညာရှင်များ အားလုံး အရေးနိမ့် တော့မည့် အခြေအနေနှင့် ကြုံတွေ့နေ ရသည်။
သို့သော် လီကျိုးယောင်က သူတစ်ယောက် တည်းနှင့် အခြေအနေအား ပြောင်းပြန် လှန်ပစ် လိုက်နိုင်မည်ဟု သူတို့ ထင်မှတ် မထားခဲ့မိကြပါ။
ကျန်းရှီအင်အားစုများ၏ စိတ်ဓာတ်ကျသွား သော မျက်နှာများကို ကြည့်နေသူများ မြင် လိုက် ရသည်နှင့် သူတို့ အလွန် ပျော်ရွှင်လာ ကြသည်။
"မာစတာလီက ယဲ့ဖန်ကို သတ်ပြီးပြီလား ဆိုတာ ငါ သိချင်လိုက်တာ … သူသာ အဲ့ ကောင်ကို သတ်လိုက်နိုင်ပြီ ဆိုရင် ကျန်တဲ့ ကျန်းရှီ အင်အားစုတွေ ဘာအခွင့်အရေးမှ ရ တော့မှာ မဟုတ်ဘူး"
"ဟုတ်တယ် … ယဲ့ဖန်က အခု အခြေအနေကို ပြန်ပြီး ကပြောင်းကပြန် ဖြစ်အောင် လုပ်နိုင် တဲ့ နောက်ဆုံးလူပဲ"
"အိုး ဘုရားရေ… ငါ သူ့ခေါင်း အဖြတ်ခံ ရတာကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး"
ရှန့်ကျန်းမြို့မှ ကြည့်နေသူများက တက်ကြွ ကာ ဆွေးနွေးနေကြသည်။
ဤတိုက်ပွဲကို ရှန့်ကျန်း အင်အားစုမှ အနိုင် ရကာ ယဲ့ဖန် သေလိမ့်မည်ဟု သူတို့ သေချာ ပေါက် ယုံကြည်ထားကြသည်။
သတင်းထောက်များနှင့် အွန်လိုင်း ဆယ်လီ များတောင် အခြေအနေ တစ်မျိုးပြောင်း လိမ့်မည်ဟု မထင်ထားကြ။
"ဥက္ကဋ္ဌရှန့် … လုပ်လိုက်စမ်းပါ … သူ ထပ်ပြီး မတောင့်ခံ နိုင်တော့ပါဘူး … ခင်ဗျား သူ့ကို သုံးကွက် အတွင်း သတ်လိုက်လို့ရတယ်"
"မာစတာလီက အရမ်း မိုက်တာပဲ … ဆက်လုပ်ပါဗျို့ … သူတော့ သွားပြီပဲ"
"ရှန့်ကျန်းအင်အားစုက အင်အားကြီးတယ် … မာစတာလီလည်း အင်အားကြီးတယ်"
ထိုအချိန်တွင် သတင်းထောက်များနှင့် အွန် လိုင်း ဆယ်လီများက ရှန့်ကျန်း အင်အား စုကြီးအတွက် ချီးကျူးထောပနာ ပြုနေ ကြသည်။
သူတို့အားလုံး တိုက်ပွဲ၏ အဆုံးသတ်အား သိနေသကဲ့သို့ အလွန် ကြည်နူး ပျော်ရွှင် နေကြသည်။
တိုက်ပွဲကား အလွန်ပြင်းထန်လာသည်။ သူတို့ ၏ သွေးများကြောင့် မြေကြီးများပင် ချော်လာ ရသည်။
ကြယ်နှစ်လုံးအဆင့် ကြေးစားများ၊ ကြေးစား ဘုရင် ကိုးယောက်၊ ညအဖွဲ့၏ အရှင်သခင် သုံးယောက်နှင့် နတ်ဆိုးအလောင်းကောင် အားစစ်တို့ သွေးများဖြင့် ပေရေနေကာ ဒဏ်ရာ အပြင်းအထန် ရထားကြသည်။
သူတို့အားလုံး စိတ်မချမ်းမြေ့စွာ ဖြစ်နေ ကြသည်။
"သခင်ကြီး"
အရှင်သခင် သုံးယောက်နှင့် အခြားသူများ အားလုံး ဒဏ်ရာရထားသော သားရဲများကဲ့သို့ စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် အော်ဟစ်လိုက်ကြသည်။
ထိုအချိန်တွင် သူတို့သည် တိုက်ပွဲကို အာရုံမစိုက်နိုင်ဘဲ အားလုံး ယဲ့ဖန်အတွက်သာ စိုးရိမ်နေကြသည်။
ယဲ့ဖန်သည် ဒဏ်ရာရကာ သတိလစ်နေသဖြင့် လီကျိုးယောင်ကဲ့သို့ ဆရာသခင် တစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်း မရှိပေ။
ရွှစ်! ရွှစ်! ရွှစ်!
သူတို့ အားလုံး အာရုံမစူးစိုက်မိသည့် တစ်ခဏတွင် ဆရာသခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် လေးယောက်က အခွင့်အရေးအား အမိအရ ဆုပ်ကိုင်ကာ နတ်ဆိုး အလောင်းကောင် အားစစ်နှင့် အရှင်သခင် သုံးယောက်အား ထိခိုက်ဒဏ်ရာ ရအောင် တိုက်ခိုက်လိုက်သည်။
ဘန်း! ဘန်း! ဘန်း!
အရှင်သခင် သုံးယောက် လေထဲသို့ လွင့်ထွက်သွားကြသည်။ သူတို့ အလွန်အမင်း နာကျင်လို့ နေကြ၏။
ထိုအချိန်တွင် ကျန်းရှီအင်အားစု အားလုံး လုံးဝကို မျှော်လင့်ချက် မဲ့လာသည်။
အန်းရှီသည် သူမ၏ တိုက်ပွဲဝင် ခွန်အားအား ဆုံးရှုံးသွားသည်။ နတ်ဆိုး အလောင်းကောင် အားစစ်နှင့် အရှင်သခင် သုံးယောက်တို့သည်လည်း သူတို့၏ တိုက်ပွဲဝင် ခွန်အားများကို ဆုံးရှုံးသွားသည်။
ကျန်းရှီ အင်အားစုများ အားလုံး ယနေ့ မုချ သေရပေတော့မည်။ ညီညာသော ခြေသံများနှင့်အတူ ဖုန်းရှောင်ထျန်းနှင့် ရှန့်ကျန်းမှ အခြားအင်အားစုများက နတ်ဆိုး အလောင်းကောင် အားစစ်ထံသို့ တစ်လှမ်းချင်း လှမ်းလာကြသည်။
သရော်လှောင်ပြောင်ဟန်များဖြင့် သူတို့က ဓားကို ဝင့်ကာ ကျန်းရှီအင်အားစုများ၏ ခေါင်းကို ဖြတ်ရန် ပြင်လိုက်သည်။ ထို့နောက် သူတို့က လှောင်ပြောင် ပြောဆိုလိုက်သည်။
"ဟဟ… ယဲ့ဖန်လည်း သေသွားလောက်ပြီ … မင်းတို့လည်း သူ့နောက် လိုက်သွားတာ ပိုကောင်းတယ်"
ထို့သို့ ပြောပြီး ဖုန်းရှောင်ထျန်းနှင့် အခြားအင်အားစုများက ကျန်းရှီ အင်အားစုများအား ရက်စက်စွာ ခုတ်ပိုင်းလိုက်ကြသည်။
"မဖြစ်ရဘူး"
အန်းရှီ ဝမ်းနည်းစွာ အော်ဟစ် ငိုကြွေးမိသည်။ သို့သော် အရှင်သခင် သုံးယောက်ကတော့ သူတို့ မျက်လုံးများကို မှိတ်ထားကြသည်။ သေခြင်းတရားက ရောက်ရှိလာချေပြီ မဟုတ်ပါလား။
ဘန်း!
ကျန်းရှီ အင်အားစုများ ပို၍ ပို၍ စိတ်ဓာတ်ကျလာချိန်တွင် ရှန့်ကျန်းမြို့မှ သူများ ပို၍ တက်ကြွလာလေ ဖြစ်သည်။ သို့သော် ရုတ်တရက် ငလျင်လှုပ်သကဲ့သို့ အသံကြီး ထွက်ပေါ်လာလေသည်။
တစ်ခဏမျှကြာသော်အခါ ဧည့်ခန်းတံခါးက တစ်စစီဖြစ်ကာ လူတစ်ယောက်က တံခါးဝမှ ကျည်ဆံကဲ့သို့ လွင့်ထွက်လာသည်။
*အမ်*
လူတိုင်း တွေဝေသွားကြသည်။ လွင့်ထွက်လာသည့် လူကို ဖျတ်ခနဲ မြင်လိုက်ရသည့် အချိန်တွင် သူတို့ ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ထိုသူက လီကျိုးယောင်ပင်။
*မဖြစ်နိုင်လိုက်တာ*
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။
လီကျိုးယောင်က ယဲ့ဖန်အား သတ်ပြီးပြီဟု သူတို့ သေချာပေါက် ထင်ထားခဲ့ကြသည်။ သို့ပင်မယ့် ယခုတွင် ….
လီကျိုးယောင် အလွန်အရှက်ရသွားသည်။
သူ၏ မုတ်ဆိတ်များသည် သွေးများနှင့် ပေကျံနေပြီး သူ့မျက်နှာမှာလည်း ဖုန်မှုန့်များ ကပ်ညိနေသည်။ သူ့မျက်လုံးများကလည်း သရဲတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ထိတ်လန့်ဟန် ပေါ်နေသည်။
သူသည် ဧည့်ခန်းမအတွင်း၌ ကြောက်မက်ဖွယ် ကောင်းသည့် အရာတစ်ခု ရှိနေသည့် အလား စိုက်ကြည့်လို့နေသည်။
သူ အံ့ဩမှင်တက်လို့နေ၏။ ဤအဖြစ်အပျက်ကို ကြည့်ပြီး အခြားသူများလည်း တိုက်ခိုက်နေရာမှ ချက်ချင်း ရပ်တန့်လို့သွားသည်။
ဖုန်းရှောင်ထျန်းနှင့် ရှန့်ကျန်းမြို့မှ အခြားသူများ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်သွားကြသည်။
လီကျိုးယောင်က ကိုးဆင့်သွေးဝင်္ကပါအား ချိုးဖျက်ခဲ့သည့်တိုင် သူ့ခန္ဓာကိုယ်တွင် စွန်းထင်းရာ တစ်ခုမှ ရှိမနေဘဲ သန့်ရှင်းသပ်ရပ်နေခဲ့သည်။ ဘယ်အရာကများ သူ့ကို အရှက်ရအောင် လုပ်လိုက်တာပါလိမ့်။
"မာစတာလီ…ခင်ဗျား…"
ဖုန်းရှောင်ထျန်းက လီကျိုးယောင်အား မေးခွန်းထုတ်ရန် ပြင်လိုက်သော်လည်း ထိုစဉ် တံခါးဝသို့ နီးကပ်လာသော ခြေသံအချို့ကို ကြားလိုက်ရသည်.
ထိုခြေသံသည် အလွန် တိုးညှင်းသော်လည်း ကမ္ဘာကို တုန်လှုပ်နိုင်လောက်ပေသည်။
တစ်ချိန်တည်းမှာပင် အေးစက် ပြင်းထန်သည့် ချီဓာတ်များက ခြံဝန်းအတွင်းသို့ လွှမ်းခြုံလာသဖြင့် လူတိုင်း တုန်ယင်လာသည်။
…
ကြည့်ရှုသူများသည်လည်း မျက်ခုံးတလှုပ်လှုပ်နှင့် ဧည့်ခန်းအတွင်းအား ကြည့်နေမိ ကြသည်။
အန်းရှီနှင့် အခြားသူများသည်လည်း ရင်တထိတ်ထိတ်နှင့် ကြည့်နေမိသည်။
လူအုပ်ကြီး၏ အကြည့်များအောက်တွင် လူတစ်ယောက်သည် အိမ်ထဲမှ ထွက်ပေါ် လာသည်။
ထိုသူကား ယဲ့ဖန်ပင်။
ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် အန်းရှီနှင့် အခြား ကျန်းရှီ အင်အားစုများ ပျော်ရွှင်လာကြသည်။
"ဖန်"
"သခင်ကြီး"
ယခုကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် ယဲ့ဖန် ပြန်လည်သတိရလာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားသဖြင့် သူတို့ ထိတ်လန့်အံ့ဩသွားကြသည်။
*ယဲ့ဖန် ဟုတ်လား*
ယဲ့ဖန်၏ အမည်ကို ကြားသည်နှင့် ဖုန်းရှောင်ထျန်းနှင့် အခြား ရှန့်ကျန်းအင်အားစုများ အားလုံး၏ အကြည့်က တံခါးဝသို့ ရောက်ရှိသွားကြသည်။
*သူက ယဲ့ဖန်လား*
ထို့နောက် ဖုန်းရှောင်ထျန်းနှင့် ရှန့်ကျန်းမှ အခြားအင်အားစုများသည် လီကျိုးယောင်အား ပြန်ကြည့်လိုက်မိကြသည်။ သူ့မုတ်ဆိတ်မွှေးများမှ သွေးများနှင့် ယဲ့ဖန်၏ ပိန်ပါးပါး ကိုယ်ကို ကြည့်ပြီး သူတို့ မယုံသင်္ကာ ဖြစ်လာကြသည်။
*သူ…သူက မာစတာလီကို ထိခိုက်အောင် လုပ်လိုက်တာလား*
*ဒါ…. ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ဖုန်းရှောင်ထျန်းနှင့် ရှန့်ကျန်းမှ အခြားအင်အားစုများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သူတို့၏ အမြင်တွင် ယဲ့ဖန်သည် ကြယ်သုံးလုံးအဆင့်သာ ရှိသော သူဖြစ်သည်။ သူ၏ မတည်ငြိမ်သေးသော ချီဓာတ်အရ မကြာသေးခင်ကမှ အဆင့်တက်လာသည်မှာ သိသာလှသည်။
သို့သော် သူသည် ဆရာသခင် အဆင့်နှင့် အကွာကြီး ကွာနေသေးသည်။ သူက ဘယ်လိုလုပ် လီကျိုးယောင်ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။
လီကျိုးယောင်၏ မျက်နှာပေါ်တွင်တောင်မှ ထိတ်လန့်ဟန်များ ပေါ်လွင်နေသည်။
အစပိုင်းက သူသည် အခန်းထဲမှ လင်းလန်ကို သတ်ရန် ပြင်နေခဲ့သော်လည်း ရုတ်တရက် ယဲ့ဖန်က သတိရလာသည်။
ပို၍ ကြောက်ဖို့ကောင်းသည်က ယဲ့ဖန်သည် သူ့အား လက်သီးတစ်ချက်တည်းနှင့် အခန်းထဲမှ လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့ခြင်းပင်။
ထိုအချက်က သူ့အား အလွန် ထိတ်လန့်စေသလို အတော်လေးလည်း ဒေါသထွက် သွားစေသည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်သည် အင်အားစုများ၏ အံ့ဩနေသော အကြည့်များကို အလေးမထားဘဲ အန်းရှီ၊ အရှင်သခင် သုံးယောက်နှင့် သူ့ဘက်မှ လူများကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သွေးစီးကြောင်းများနှင့် သူတို့ကိုယ်ပေါ်မှ ဆိုးရွားလှသော ဒဏ်ရာများကို မြင်ပြီး ယဲ့ဖန်သည် အလွန် ပြင်းထန်၍ လွှမ်းမိုးနိုင်သော ချီဓာတ်ကို ထုတ်လွှတ်လိုက်သည်။
"မင်းက ငါ့မိန်းမတွေနဲ့ ငါ့ညီအစ်ကိုတွေကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ … ကောင်းတယ် … သိပ်ကောင်းတယ်"
ယဲ့ဖန်သည် ထိုသို့ ပြောလိုက်ပြီးနောက် သူ့မျက်လုံးများက အလွန် ခက်ထန်ကာ အေးစက်လို့ လာသည်။
သူသည် ရှန့်ကျန်းမြို့မှ အင်အားစုများအား စိုက်ကြည့်လိုက်သဖြင့် သူတို့အားလုံး ထိတ်လန့်ကာ ကတုန်ကယင် ဖြစ်သွားရသည်။
သူ့အကြည့်သည် အရိုးကွဲမတတ် အေးစက်လှပေ၏။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်လက်ထဲတွင် ဓားကျိုးတစ်လက် ပေါ်လာသည်။
ထိုဓားကျိုးသည် သွေးဆာနေသကဲ့သို့ တုန်လာသည်။
"ကျန်းရှီမြို့က မင်းတို့ရဲ့ သင်္ချိုင်းမြေပဲ"
"မင်းတို့ အားလုံး ဒီမှာ နေခဲ့ရမယ်"