← Chapters

သွား…သေလိုက်တော့

Vol. 13 Ch. 184

သွား…သေလိုက်တော့

Vol. 13 Ch. 184

"မင်းတို့ အားလုံး ဒီမှာ နေခဲ့ရမယ်"

ထိုသို့ ယဲ့ဖန် ပြောလိုက်ပြီးနောက်တွင် ရှန့်ကျန်း မြို့မှ ကြည့်နေသူများ ပွက်လော ရိုက် သွားတော့သည်။

"သူက ယဲ့ဖန်လား… တော်တော် စိတ်ကြီးဝင် လိုက်တဲ့ကောင်"

"ဟုတ်ပါ့ကွာ… သူက ဆရာသခင်အဆင့် လူငယ်လေး ဆိုတာထက် ကြယ်သုံးလုံး အဆင့် သာသာလေးပဲ ရှိတာပါလား …. သူ သက်သက်မဲ့ လေလုံးထွားနေတာပါကွာ"

"ဟဟ…နောက်ဆုံးတော့ သူ လူလုံးထွက်ပြရဲပြီပေါ့လေ … ဒါပေမယ့် အရမ်း နောက်ကျသွားပြီ … သူ့လက်အောက်ငယ်သားတွေ အားလုံး သူတို့ရဲ့ ခွန်အားကို ဆုံးရှုံးသွားပြီးပြီ … သူ သေကိုသေတော့မှာပဲ"

ဖုန်းများ၊ ရုပ်မြင်သံကြားစက်များမှ တစ်ဆင့် ကြည့်နေသူများက အထင်သေးသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။

သူတို့စိတ်ထဲတွင် ရှန့်ကျန်း အင်အားစုများသည် တိုက်ပွဲကို ပွဲသိမ်းခါနီးနေပြီဟု ထင်နေကြသည်။ နောက်ထပ် ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင် တစ်ယောက် ထပ်ရှိနေလျင်တောင် နောက်ဆုံး ရလဒ်က ပြောင်းသွားမည် မဟုတ်ပေ။

ရှန့်ကျန်းမြို့မှ သူများက ယဲ့ဖန် သေမည့်အချိန်ကိုသာ စိတ်ရှည်လက်ရှည်နှင့် စောင့်နေကြသည်။

နောက်ဆုံးတွင် သူတို့ စကားထပ်စလိုက်ကြသည်။

"ကြည့်စမ်း … ဆရာသခင် တစ်ပိုင်းအဆင့် မာစတာကျန့်က ယဲ့ဖန်ကို ဝင်တိုက်နေပြီကွ"

သည်းထိတ်ရင်ဖို ဖြစ်နေသော မျက်နှာများနှင့် ကြည့်နေသူများက ရှန့်ကျန်းမြို့မှ ဒဏ်ရာရနေသော ဆရာသခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက် အခွင့်အရေးကို အမိအရ အသုံးချကာ ယဲ့ဖန်ထံသို့ အလစ်ဝင်တိုက်သည်ကို စောင့်ကြည့်နေကြသည်။

လေတိုးသံနှင့်အတူ သူသည် ယဲ့ဖန်၏ နောက်ကျောဘက်မှ နှလုံးရှိရာသို့ ဓားရှည်ဖြင့် ထိုးလိုက်သည်။

ဤတိုက်ခိုက်မှုသည် လျင်မြန် တိကျ၍ ရက်စက်လွန်းရာ ကျသည်။ သူက သူ၏ ခွန်အား၊ ပေါ့ပါး သွက်လက်မှုနှင့် အလျင်တို့ကို ပြည့်ပြည့်စုံစုံ ပေါင်းစပ် အသုံးချနိုင်ခဲ့သည်။

"သွားသေလိုက်တော့"

ထိုဆရာသခင် တစ်ပိုင်းအဆင့်က ရက်စက်သော ချီဓာတ်များ ထုတ်လွှတ်ရင်း အေးစက်စက် မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။

မျက်တောင် တစ်ခတ်အတွင်းမှာပင် သူ၏ ဓားရှည်က ယဲ့ဖန်နှင့် မီလီမီတာခန့်သာ ကွာဝေးတော့သည်။

ဤမြင်ကွင်းကို ကြည့်ပြီး ရှန့်ကျန်းမြို့မှ ကြည့်နေသူများ ပျော်ရွှင်သွားကြသည်။

"ဟဟ…စောက်ရူးပါကွာ … သူ့ကိုယ်သူ ကိုယ်ယောင်ပြတဲ့ ခဏအတွင်းမှာပဲ သူ အသတ်ခံရတော့မယ် … စောက်ရမ်း ရယ်ရတယ်ကွာ"

"တစ်စုံတစ်ယောက်က စောက်ဆရာကြီး ယောင်ဆောင်မယ်ဆို မိုးကြိုးပစ်ခံရလိမ့်မယ်ကွ … မဟုတ်သေးဘူး … ဓားထိုးခံရလိမ့်မယ် ပြောတာ … မာစတာကျန့် နိုင်ကိုနိုင်ရမယ်"

"သူက သမိုင်းတစ်လျှောက်လုံးမှာ အရယ်ရဆုံးနည်းနဲ့ သေသွားမယ့် ပထမဆုံး ကြယ်သုံးလုံး အဆင့်ကောင် ဖြစ်လာတော့မှာပဲကွ"

ရှန့်ကျန်းမြို့သူမြို့သားများက အထင်သေးသည့် အပြုံးများဖြင့် ကြည့်နေကြသည်။

ယဲ့ဖန် မုချသေရမည်ဟု သူတို့ ထင်နေကြသည်။ သူတို့ ထင်ထားသည့်အတိုင်းပင် ဆရာသခင် တစ်ပိုင်းအဆင့်သည် ယဲ့ဖန်အား တုံ့ပြန်ချိန် မပေးဘဲ လျင်မြန်စွာ လှုပ်ရှားနေသည်။

ထို့ကြောင့် သူ၏ ဓားရှည်က ယဲ့ဖန်၏ နောက်ကျောမှ နှလုံးရှိရာသို့ ထိုးမိလု နီးပါး ဖြစ်လာသည်။

မာစတာကျန့် အခွင့်အရေး ရလာချေပြီ။ သို့သော် နောက်ထပ် ဖြစ်လာသည့် မြင်ကွင်းကြောင့် ကြည့်နေသူများ သေမတတ် ထိတ်လန့်လာကြသည်။

ဓားရှည်က ယဲ့ဖန်၏ နောက်ကျောမှ နှလုံးရှိရာသို့ တကယ့်ကို ထိုးစိုက်သွားကာ သတ္တုချင်း ရိုက်ခက်သံ ထွက်ပေါ်လာပြီး လက်ခနဲ ဖြစ်သွားသည်။

သို့သော် ဓားရှည်က ယဲ့ဖန်၏ ကိုယ်မှ ပြန်ကန်ထွက်လာသည်။

….

ဆရာသခင် တစ်ပိုင်းအဆင့်သည် ချက်ချင်း ကြောက်လန့်ကာ မယုံသင်္ကာ ဖြစ်သွားရသည်။

ယဲ့ဖန်၏ ကိုယ်က စတီးသံထည်နှင့် ပြုလုပ်ထားသကဲ့သို့ ဆရာသခင် တစ်ပိုင်းအဆင့်၏ ဓားရှည်တောင်မှ တိုးမပေါက်သလို ဖြစ်နေသည်။

"မ…မဖြစ်နိုင်လိုက်တာ"

….

ချက်ချင်းဆိုသလိုပင် ကျန်းရှီမြို့နှင့် ရှန့်ကျန်းမြို့တို့ ပွက်လောရိုက်သွားကြသည်။

မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

သူ၏ ပထမတိုက်ကွက် အရေးနိမ့်သွားသည်နှင့် ဆရာသခင် တစ်ပိုင်းအဆင့်၏ မျက်နှာက ကြောက်ရွံ့ဟန် ပြလာပြီး ကြုံးဝါးလိုက်သည်။

"သေစမ်း"

ထိုနောက် သူသည် မြေကြီးကို ခြေဆောင့်နင်း၍ မြန်နိုင်မျှ မြန်မြန် နောက်ဆုတ်ရန် ကြံရွယ်လိုက်သည်။

လက်ကြီးတစ်ဘက်က သူ့အား ဖမ်းမိသွားကာ ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်က သူ့အား သေမတတ် ကြောက်ရွံ့သွားစေသည်။

"မဖြစ်ဘူး"

စူးရှသော အော်သံနှင့် ကြောက်ရွံ့နေသော အကြည့်များနောက်တွင် ထိုလက်ကြီးက သူ့ဦးခေါင်းအား ဖိချေသွားသည်။

ခွပ်!

ကြောက်မက်ဖွယ် ကောင်းသော အသံနှင့်အတူ မာစတာကျန့်၏ ဦးခေါင်းကား ကြက်ကလေး ငှက်ကလေးကဲ့သို့ တစ်စစီ ကျိုးကြေသွားလေတော့သည်။

သူ၏ အလောင်းသည် အီနားရှား (တည်ရင်း၊ ရပ်ရင်း တည်တတ်၊ ရွေ့တတ်သော ဂုဏ်သတ္တိ) ကြောင့် မီတာအနည်းငယ်ခန့် လွင့်ထွက်သွားသည်။

သူ၏ ခေါင်းပြတ်နေသော ကိုယ်ကြီးသည် မြေကြီးပေါ်သို့ ပုံပျက်ပန်းပျက်နှင့် ပြန်ပြုတ်ကျလာသည်။

သူ သေသွားလေပြီ။

ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောကြောင့် ရှန့်ကျန်းမြို့၊ ကျန်းရှီမြို့မှ ကြည့်နေသူများနှင့် လီကျိုးယောင် အပါအဝင် ခြံဝန်းတစ်ခုလုံး တိတ်ကျသွားသည်။

သူတို့မျက်လုံးများက အလွန်ပြူးကျယ်နေ၏။

ဆရာသခင်တစ်ပိုင်းအဆင့် တစ်ယောက်က တစ်ချက်တည်းနှင့် သေသွားခဲ့သည်။

မ….မဖြစ်နိုင်လိုက်တာများ။

ဂလု!

တစ်ဘက်မှ ကြည့်နေသာ သူများ မနည်းကို တံတွေး မျိုချလိုက်ရသည်။

"အခု ဘာဖြစ်သွားတာလဲ … ဆရာသခင် တစ်ပိုင်းအဆင့်က …. အသတ်ခံလိုက်ရတယ်"

ဘယ်သူမှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပါ။ အင်အားကြီးသည့် ဆရာသခင် တစ်ပိုင်းအဆင့်က မည်သို့မျှ မခုခံနိုင်ဘဲ အသတ်ခံလိုက်ရသည်။

….

တစ်ခဏမျှ တိတ်ဆိတ်မှုက ကြီးစိုးနေပြီးနောက် ရှန့်ကျန်းမြို့မှ ကြည့်နေသူများ ဆူညံ ပွက်လောရိုက်လာသည်။

*နတ်ဆိုး*

ထိုစကားတစ်လုံးကသာ လူတိုင်း၏ စိတ်ထဲ ဝင်ရောက်လာသည်။ ထိုစကားလုံး တစ်လုံးတည်းကသာ ယဲ့ဖန်အား ဖော်ညွှန်းပြောဆိုရန် ကိုက်ညီလှသည်။

မကြာခင်မှာတင် ယဲ့ဖန်သည် ခြံဝန်းထဲ ရပ်နေရင်း ရှန့်ကျန်းမှ တစ်ခြား အင်အားစုများကို စိုက်ကြည့်ကာ ပြင်းထန်သော ချီဓာတ်တို့နှင့်အတူ ကြွေးကြော်လိုက်သည်။

"မင်းတို့ အားလုံးက ပုရွက်ဆိတ်သာသာတွေပဲ … အတူတူ ရောက်လာပြီး အတူတူ သေရမယ့်ကောင်တွေ"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် တစ်ဘက်မှ အင်အားစုများကြား ကျွက်ကျွက်ညံလာသည်။

*သူက ရှန့်ကျန်းအင်အားစု အားလုံးကို တစ်ခါတည်း စိန်ခေါ်နေတာပဲ*

…..

လူတိုင်း ထိတ်လန့်သွားကြသည်။ ခြံဝန်းထဲရှိ ရှန့်ကျန်းအင်အားစုများထဲတွင် ဆရာသခင်အဆင့် တစ်ယောက်၊ ဆရာသခင် တစ်ပိုင်းအဆင့် လေးယောက်၊ ကြယ်သုံးလုံး အဆင့် ဆယ်ယောက်ကျော်နှင့် ကြယ်နှစ်လုံးအဆင့် သိုင်းပညာရှင် အနည်းငယ် ကျန်နေသေးသည်။

သူတို့၏ လက်ရှိ တိုက်ပွဲဝင် ပုံစံကပင် ကျန်းနန် စီရင်စုဒေသ တစ်ခုလုံးကို အသာလေး လွှမ်းမိုးနိုင်သည်။

သို့သော် ယဲ့ဖန်က သူတို့အားလုံးကို တစ်ယောက်တည်း စိန်ခေါ်ချင်နေသည်တဲ့လား။

ချက်ချင်းဆိုသလိုပင် ရှန့်ကျန်းမြို့သူမြို့သားများလုံး ပေါက်ကွဲလာကြသည်။

"မောက်မာလိုက်တာ … ဒီကောင်က စောက်ရမ်း မောက်မာတာပဲ … ဒီကောင်က ရှန့်ကျန်း အင်အားစု အားလုံးကို အထင်သေးနေတာပဲ"

"ဟုတ်တယ် … သူက ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက်လေးကို သတ်လိုက် နိုင်တာလေ … ငါတို့မှာ ဆရာသခင် တစ်ပိုင်းအဆင့် လေးယောက်နဲ့ ဆရာသခင်အဆင့် တစ်ယောက်ကြီးများတောင် ကျန်နေသေးတာကို … သူက အရှက်မရှိတဲ့ ငကြောင်သာသာပါကွာ"

"သူ့ကို သတ်ပစ် … သူ့ကို ရှန့်ကျန်းရဲ့ ခွန်အားကို ပြလိုက်စမ်းပါ…"

ရှန့်ကျန်းမြို့မှ ကြည့်နေသူများ ဒေါသထွက်နေကြသည်။ ယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးနေမှန်း သူတို့ သိလိုက်သည်။

အန်းရှီနှင့် ယဲ့ဖန်၏ အခြားလက်အောက်ငယ်သားများတောင်မှ စိုးရိမ်နေကြသည်။

အန်းရှီတွင် ထူးခြားသည့် ပင်ကိုယ်အစွမ်းအစရှိပြီး ဆရာသခင် တစ်ပိုင်းအဆင့် သုံးယောက်ကို တစ်ယောက်တည်း သတ်နိုင်သော်လည်း ရှန့်ကျန်း အင်အားတစ်စုလုံးကို စိန်ခေါ်ရဲသည့်အထိတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပါ။

သို့သော် ယဲ့ဖန်သည် ယခုမှ နိုးထလာသည် ဖြစ်ပြီး သူ၏ အဆင့်အသစ်တွင် တည်ငြိမ်အောင် လုပ်ဖို့ အချိန်အလုံအလောက် မရသေးပါ။ သူ့ရန်သူအားလုံးကို တစ်ခါတည်း စိန်ခေါ်ခြင်းက သူ့အတွက် အန္တရာယ် များနိုင်သည်။

သို့ပင်မယ့်လည်း အန်းရှီနှင့် အခြား လက်အောက်ငယ်သားများက ယုံကြည်ချက် ရှိရှိနှင့် ယဲ့ဖန်၏ အနောက်၌ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လိုက်ကြသည်။

"အရှက်မရှိလိုက်တာ … ဘယ်လောက်တောင် အရှက်မရှိလိုက်တဲ့ ခွေးမသားလေးလဲ"

ထိုစဉ် ဖုန်းရှောင်ထျန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူက ယဲ့ဖန်အား နုတ်နုတ်စင်းချင်သကဲ့သို့ ကြည့်နေသည်။

"မင်းက ကြယ်သုံးလုံး အဆင့် သာသာ အရူးပါကွာ … မင်းက ငါတို့ကို စိန်ခေါ်ရဲတာလား … အရှက်မရှိလိုက်တာကွာ"

"ငါတို့ မာစတာလီရဲ့ အကူအညီမပါဘဲ မင်းကို သတ်ပစ်မယ်"

ထိုသို့ပြောပြီး ဖုန်းရှောင်ထျန်းက အခြား ရှန့်ကျန်း အင်အားစုများကို အချက်ပြကာ ကြွေးကြော်လိုက်သည်။

"သူက သေချင်နေမှတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရအောင်"

ထိုသို့ပြောဆိုပြီး ဖုန်းရှောင်ထျန်းက လက်တစ်ချက်လှုပ်ကာ သန်မာသော ချီစွမ်းအင် အမျှင်တန်းအား ယဲ့ဖန်ထံသို့ ပစ်လွှတ်လိုက်သည်။

အခြား ဆရာသခင် တစ်ပိုင်းအဆင့် သုံးယောက်သည်လည်း သူတို့၏ သန်မာသော ချီစွမ်းအင်များကို ယဲ့ဖန်ထံသို့ အသံထက်မြန်သော နှုန်းဖြင့် ပစ်သွင်းလိုက်သည်။

ကြယ်သုံးလုံး အဆင့်နှင့် ကြယ်နှစ်လုံးအဆင့် သိုင်းပညာရှင်များကလည်း သူတို့၏ လက်နက်များအား ယဲ့ဖန်ထံသို့ အားနှင့် ဝှေ့ရမ်းလိုက်သည်။

တစ်ယောက်ချင်းစီ၏ တိုက်ကွက်များက အဖျက်စွမ်းအား အလွန်ကြီးမားလှ၏။ မာစတာလီတောင်မှ ထိုအင်အားစုများကြား ကြားညပ်မည်စိုး၍ ရှောင်ထွက်လိုက်ရသည်။

သို့သော် ယဲ့ဖန်က ရှေ့သို့ ပြေးတက်လာကာ ကြုံးဝါးလိုက်သည်က "သွား…သေလိုက်တော့"

တစ်ချိန်တည်းဆိုသလိုပင် သူ့လက်ထဲမှ ဓားကျိုးက ဘုန်းခနဲ အသံထွက်ကာ လေထုထဲသို့ သွေးဆာနေသော အလင်းတန်းများ ဖန်တီးလာသည်။

နောက်ပိုင်း ဖြစ်ပေါ်လာသည့် အရာများကြောင့် လူတိုင်း သေမတတ် ထိတ်လန့် သွားကြသည်။

All Chapters