ကျုပ် ခင်ဗျားကို အရောက်ပို့ပေးရသေးတာပေါ့
Vol. 13 Ch. 185
ရွှစ်! ရွှစ်! ရွှစ်!
သေစေနိုင်သော တိုက်ကွက်များက ယဲ့ဖန်အား မိုးစက်များကဲ့သို့ ဖုံးလွှမ်း သွားသည်။
ဒါဇင်နှင့်ချီသော တိုက်ကွက်များ စုစည်းလိုက် သောအခါ အလွန် အားကောင်း၍ ကြမ်းကြုတ် ရက်စက်လှသည်။
သို့သော် ယဲ့ဖန်ကတော့ ထိုတိုက်ခိုက်မှုကို လျစ်လျူရှု ထားသည်။ ထို့အပြင် သူက ဓားကို လက်မှာဆွဲ၍ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
သူ ဖြည်းဖြည်းချင်း လျှောက်နေသော်လည်း သူသည် သူတို့နားသို့ မျက်တောင် တစ်ခတ် အတွင်း ရောက်ရှိလာသည်။
ဘန်း! ဘန်း! ဘန်း!
တိုက်ကွက်များက ယဲ့ဖန်အား လာရောက် ထိမှန်သဖြင့် အုံးခနဲ အသံကျယ်များ ထွက်ပေါ်လာသည်။ သို့သော် ယဲ့ဖန်က နည်းနည်းလေးမှ ရှောင်ဖယ်ခြင်း မရှိဘဲ ထိုတိုက်ကွက်များအား တိုက်ရိုက် ထိမှန်လာစေရန် ခွင့်ပြုလို့ထားသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ကြည့်ရှုနေသူများ ငြိမ်ကုပ်သွားသည်။ လီကျိုးယောင်တောင်မှ မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်လာသည်။
သူတောင်မှ ဒါဇင်နှင့်ချီသော တိုက်ကွက်များကို တောင့်မခံနိုင်မှန်း သူ သိနေသည်။
မြေဆီလွှာများနှင့် ကွဲကြေသွားသော ကျောက်တုံးများက နေရာအနှံ့ လွင့်စဉ်သွားသဖြင့် တိုက်ပွဲ၏ မြင်ကွင်းအား ဝေဝါးသွားစေသည်။
"သူသေသွားပြီလား"
ရှန့်ကျန်းအင်အားစုများက အလွန် သိချင်စိတ်များနှင့် ပြည့်နှက်နေကြပြီး ဖုန်တောထဲသို့ စိုက်ကြည့်နေကြသည်။
"မဟုတ်ဘူး သူ အသက်ရှင်နေသေးတယ်ဟ"
ထိုစဉ် ဆရာသခင်တစ်ပိုင်းအဆင့် တစ်ယောက်က အော်ဟစ်ပြောဆိုပြီး မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်ရန် ပြင်လိုက်သည်။
ရုတ်တရက် ဂျွတ်ခနဲ အသံနှင့်အတူ အဖြူနှင့် အနက် ချီမျှင်တန်းများက ဖုန်ထုထဲမှ ထွက်လာပြီး သူ့ကို ဆုပ်ကိုင်ကာ မြွေပွေးကဲ့သို့ ရစ်ပတ်လာသည်။
ထို့အတူ အာတိတ်သမုဒ္ဒရာ အလယ်ထဲသို့ ပစ်ချခံလိုက်ရသကဲ့သို့ သူ၏ ခန္ဓာကိုယ်အပူချိန်က ထိုးကျသွားသည်။ သူသည်လည်း သေမတတ် ထိတ်လန့် သွားရသည်။
"ချီး…သောက်ကျိုးနည်း ဘာကြီးလဲဟ"
ဆရာသခင်တစ်ပိုင်းအဆင့်ရှိသော သူသည် ဤကဲ့သို့ ထူးဆန်းသည့်အရာကို တစ်ခါမှ မမြင်ဖူးသဖြင့် ကြောက်လန့်လာသည်။
သို့သော် သူ ရုန်းကန်ဖို့ ကြိုးစားနေစဉ် တောက်ပ၍ အေးစက်စက် အလင်းတန်းက ဖျတ်ခနဲ ပေါ်လာပြီးနောက် သူ့ခေါင်းသည် လွင့်ထွက်သွားကာ သွေးများက ပန်းထွက် လာသည်။
သူ၏ ပျာယာခတ်နေသော မျက်နှာက လုံးဝကို တောင့်တင်းသွားသည်။ ပလုတ်ဟူသော အသံနှင့်အတူ သူ့အလောင်းက မြေကြီးပေါ် ပြုတ်ကျလာသဖြင့် ကြည့်နေသူများကြား ပွက်ပွက်ညံသွားသည်။
*သေသွားပြီ*
*နောက်ထပ် ဆရာသခင်တစ်ပိုင်းအဆင့် တစ်ယောက် အသတ်ခံလိုက်ရပြီ*
ရှန့်ကျန်း အင်အားစုမှ တစ်ယောက်ချင်းစီတိုင်း ရင်တုန်လာသလို ခံစားလာရသည်။
ယဲ့ဖန်က ဆရာသခင်တစ်ပိုင်းအဆင့် နှစ်ယောက်ကို နှစ်ချက်တည်းနှင့် သတ်ပစ် လိုက်သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။
ဤမြင်ကွင်းကို ကြည့်ပြီး ဘေးမှ ကြည့်နေသူများ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်းထလာသည်။
ဆရာသခင်တစ်ပိုင်းအဆင့်များ၏ သေဆုံးမှုက ယဲ့ဖန်၏ သာလွန်သော တိုက်ပွဲဝင် ခွန်အားအား ပြသနေသည်။
ဆရာသခင်တစ်ပိုင်းအဆင့်တောင်မှ ယဲ့ဖန်၏ တိုက်ခိုက်မှုအား ခုခံနိုင်စွမ်း မရှိ။
"သွား…သေလိုက်တော့"
ကျယ်လောင် ရက်စက်သည့် အသံနှင့်အတူ ယဲ့ဖန်သည် ကောင်းကင်အထိ ဖုံးလွှမ်းနေသော ဖုန်တောထဲမှ ရုတ်တရက် ထွက်လာသည်။
ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။ သူက ဓားကို တစ်ချက် ဝင့်လိုက်သည်။
ရွှစ်! ရွှစ်! ရွှစ်!
ရန်သူများ တစ်ယောက်ပြီးတစ်ယောက် သွေးအန်လာသည်။ ဓားတစ်ချက် ဝင့်လိုက်တိုင်း ယဲ့ဖန်အား လူတစ်ယောက်၏ အသက်အား ခြွေယူသွားသည်။
ခြေတစ်လှမ်းလျင် အသက်တစ်သက်။
သူ အလွန်နှေးကွေးစွာ လျှောက်နေခြင်း ဖြစ်သော်လည်း ခြေလှမ်းတိုင်းတွင် သူက နောက်ထပ် ရှန့်ကျန်းအင်အားစုထဲမှ တစ်ယောက်ကို သတ်ဖြတ်ပြီး ဖြစ်သည်။
သူက သေမင်းနတ်ဘုရားကဲ့သို့ သူတို့ကို သတ်ဖြတ်သွားခဲ့သည်။
ကြယ်နှစ်လုံး အဆင့်…
ကြယ်သုံးလုံး အဆင့်…
ဆရာသခင် တစ်ပိုင်းအဆင့် …
မည်သူမျှ ယဲ့ဖန်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိကြ။
သူက သူတို့ကို ဟင်းသီးဟင်းရွက်လေး သဖွယ် သို့မဟုတ် ဖရဲသီးကဲ့သို့ ခုတ်ဖြတ် သွားသည်။
ဒါက တစ်ဖက်သတ် တိုက်ပွဲကြီး ဖြစ်လို့နေချေသည်။
"ငရဲကို သွားလိုက်တော့"
ဖုန်းရှောင်ထျန်း ပေါက်ကွဲလာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှန့်ကျန်း အင်အားစုမှ ဆယ်ယောက်ကျော်မကသည် ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသဖြင့် သူ လိပ်ပြာလွင့်မတတ် ဖြစ်လာသည်။
လီကျိုးယောင်တောင်မှ သူ မြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားရသည်။
ယခင်တုန်းက သူသည် ဖုန်းရှောင်ထျန်းနှင့် အခြားသူများအား ယဲ့ဖန်၏ တကယ့်ခွန်အား အစစ်အား စစ်ဆေးစေလိုခဲ့သည်။ သို့သော် သူ၏ ခွန်အားက သူ ထင်ထားထက်ပင် ပို၍ သာလွန်နေသေးသည်။
"ခွေးမသားလေး…သေပေတော့"
လီကျိုးယောင်၏ မုတ်ဆိတ်မွှေးများပင် ထောင်လာပြီး သူသည် သန်မာသော ချီစွမ်းအင်အား လက်ဖဝါးတွင် စု၍ ယဲ့ဖန်ထံသို့ ပစ်သွင်းလိုက်သည်။
သူ၏ တိုက်ခိုက်မှုကြောင့် ကျန်ရှိသော ရှန့်ကျန်းအင်အားစုများ အားတက်လာကာ ယဲ့ဖန်အား အတူတကွ ဝိုင်းတိုက်တော့သည်။
ထက်ရှလာသော ဓားချက်များကြောင့် ကြည့်နေသူများ ရင်ထဲ လေးလံ နာကျင်လာရသည်။
ဒါဇင်နှင့်ချီသော သူများ ယဲ့ဖန်အား ဝိုင်းတိုက်နေသည်ကို ကြည့်ပြီး ကြည့်ရှုနေသူများသည် အသည်း တအေးအေးဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်မိသည်။
သို့သော် ယဲ့ဖန်ကမူ သူတို့၏ တိုက်ခိုက်မှုအား ရှောင်ရှားခြင်း မပြုဘဲ အထင်သေးသလို အပြုံးနှင့် အော်ဟစ်လိုက်ပြီး ခက်ထန်သော အကြည့်တို့နှင့်အတူ ကြည့်နေသည်။
"ကောင်းတယ်"
ထို့နောက် သူက သူ၏ ဓားကျိုးအား အားကုန်ဝေ့ရမ်းလိုက်သည်။
သူ့ဓားမှ ထွက်ပေါ်လာသော အလင်းတန်းက အရပ်မျက်နှာအနှံ့ ဖုံးလွှမ်းလာသည်။ တစ်ချိန်တည်းမှာပင် သူသည် ပို၍ ပို၍ ပြင်းထန်သည့် ဓားရောင်များကိုသာ ထုတ်လွှင့်နေပြီး ဓားရောင်များက လျှပ်စီးတန်းကဲ့သို့ ရန်သူများကို ပိုင်းဖြတ်သွားသည်။
မည်သူမျှ တစ်သက်လုံး မမေ့နိုင်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။
ရွှစ်! ရွှစ်! ရွှစ်!
ဓားရောင်တစ်ချက်တိုင်းတွင် ရန်သူတစ်ယောက်ပြီး တစ်ယောက်၏ အသက်အား သေမင်းနတ်ဘုရားကဲ့သို့ ခြွေယူသွားသဖြင့် လေထုထဲ သွေးနံ့များ လှိုင်လှိုင်ထလာသည်။
တစ်ယောက်…နှစ်ယောက်…ငါးယောက်…ဆယ်ယောက်….
စက္ကန့်ပိုင်းအတွင်းမှာပင် တိုက်ပွဲအတွင်း အလောင်းများ ထပ်လာသည်။ နတ်ဘုရားများ၏ တိုက်ပွဲကဲ့သို့ပင် မည်သည့်အလောင်းမှ ကိုယ်လက် အင်္ဂါ ပြည့်စုံခြင်း မရှိပေ။
အလောင်းတိုင်း၏ မျက်လုံးတွင် မကောင်းဆိုးဝါး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသကဲ့သို့ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ဓားရောင်များ ပျောက်ကွယ်သွားပြီးနောက် တိုက်ပွဲသည် တိတ်ဆိတ်သွားသည်။
ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင် အားလုံးနှင့် ကြယ်နှစ်လုံးအဆင့် သိုင်းပညာရှင် အားလုံး အသတ်ခံလိုက်ရလေပြီ။ လီကျိုးယောင်၊ ဖုန်းရှောင်ထျန်းနှင့် ဆရာသခင် တစ်ပိုင်းအဆင့် နှစ်ယောက်သာ အသက်ရှင် ကျန်ရစ်သည်။
ထိုစဉ် ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက် မယုံနိုင်ဟန်ဖြင့် ဒူးထောက်ကျသွားသည်။ ထို့နောက် သူ့ခါးနေရာတွင် သွေးကြောင်းရာတစ်ခု ဖြစ်ပေါ်လာသည်။
"ဘာ…"
ထို ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက်သည် ကိုယ့် အာရုံခံစားမှုကို ကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ သူ့ခါးမှ သွေးကို သူ ပွတ်သပ်ကြည့်လိုက်ချိန်တွင် သူ့ကိုယ်အပေါ်ပိုင်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားလေတော့သည်။
သူ ချက်ချင်း သေသွားလေပြီ။ ဤမြင်ကွင်းကို ကြည့်ပြီး ရှန့်ကျန်း မြို့သူမြို့သားများအားလုံး ထိတ်လန့်နေသော မျက်နှာများဖြင့် အပူတပြင်း ဆွေးနွေးကြတော့သည်။
နောက်ထပ် ဆရာသခင် တစ်ပိုင်းအဆင့်တစ်ယောက် အသတ်ခံလိုက်ရလေသည်။ သို့သော် ပွဲက မပြီးသေး။ ဗလုံးဗထွေး အသံတစ်ချို့နှင့်အတူ နောက်ထပ် ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက် ခေါင်းပြတ်ကာ သေသွားချေပြီ။
ရှန့်ကျန်းအင်အားစုတွင် ဖုန်းရှောင်ထျန်းနှင့် လီကျိုးယောင်တို့ နှစ်ယောက်သာ အသက်ရှင် ကျန်ရစ်တော့သည်။
"ဒါ…."
ရှန့်ကျန်းမြို့မှ ကြည့်နေသူများက ဖုန်းရှောင်ထျန်းအား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိကြသည်။
"မဟုတ်ဘူး … ဖုန်းရှောင်ထျန်းက ရှန့်ကျန်း သိုင်းပညာ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌပဲ … သူ မသေနိုင်ပါဘူး … သူ မသေဘူး"
ကြည့်ရှုနေသူများက အသက်အောင့်ကာ ဖုန်း၊ ရုပ်မြင်သံကြား မျက်နှာပြင်ပေါ်မှ ဖုန်းရှောင်ထျန်းအား ကြည့်နေကြသည်။
ရွှစ်!
ချက်ချင်းဆိုသလိုပင် သူ့လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ သူ့မျက်လုံးများက အလွန် ထိတ်လန့်ကာ အေးစက်တောင့်တင်းနေသည်။
ထို့နောက် သူ လဲကျသွားသည်။ ဖုန်းရှောင်ထျန်း သေသွားလေပြီ။
…..
ရှန့်ကျန်းမြို့မှ ကြည့်နေသူများ သူတို့ မျက်ဝါးထင်ထင် မြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားသည်။
တိုက်ပွဲ ပထမပိုင်းမှာတင် ယဲ့ဖန်က ဆရာသခင် တစ်ပိုင်းအဆင့် သုံးယောက်၊ ကြယ်သုံးလုံး အဆင့် ဆယ်ယောက်ကျော် နှင့် ကြယ်နှစ်လုံးအဆင့် အကုန်လုံးကို သတ်လိုက်ချေပြီ။
*မ…မဖြစ်နိုင်ပါဘူး*
ရှန့်ကျန်းမြို့မှ ကြည့်နေသူများ ယဲ့ဖန်အား သရဲသဘက်သဖွယ် ကြည့်နေမိကြသည်။
သူတို့ တစ်ကိုယ်လုံး အေးစက်လာသလို ခံစားမိပြီး သူတို့ ထိတ်လန့်ပြီး လိပ်ပြာလွင့်တော့မလို ခံစားလာမိသည်။
"သေကုန်ပြီ…သူတို့အားလုံး သေကုန်ပြီ"
ရှန့်ကျန်း အင်အားစုများစွာ၏ အလောင်းများကို ကြည့်ပြီး လီကျိုးယောင်၏ မျက်လုံးတွင် ဒေါသအရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။
"ခွေးမသားလေး …. မင်း သူတို့အားလုံးကို သတ်လိုက်တယ် … ငါ မင်းကို သေစေချင်တယ် … သေစမ်းကွာ"
ထို့နောက် လီကျိုးယောင်သည် ရူးမတတ် ဒေါသထွက်ကာ ယဲ့ဖန်အား ပေါက်ကွဲနေသော သားရိုင်းကဲ့သို့ တစ်ဟုန်ထိုး ထွက်ပေါ်လာသော ချီဓာတ်များဖြင့် ခုန်အုပ်လိုက်သည်။
သို့သော် သူ၏ လှုပ်ရှားမှုကို ကြည့်ပြီး ယဲ့ဖန်က ခက်ထန်၊ မနှစ်မြို့ဖွယ် ကောင်းစွာ ပြုံး၍ ပြောလိုက်သည်။
"ခွေးအိုကြီး …. ကျုပ် ခင်ဗျားကို အရောက်ပို့ပေးရသေးတာပေါ့"