← Chapters

ဆရာသခင်အဆင့်၏ မူလ သလင်းကျောက်

Vol. 13 Ch. 186

ဆရာသခင်အဆင့်၏ မူလ သလင်းကျောက်

Vol. 13 Ch. 186

တိုက်ပွဲအား ရှန့်ကျန်းမြို့မှ ကြည့်နေကြသည့် သူများအားလုံး အလွန် ထိတ်လန့် တုန်လှုပ်သွားကြသည်။

"မစ္စတာ ကျန့်၊ မစ္စတာ ကျိုး… ဖုန်းရှောင်ထျန်း … ဆရာသခင် တစ်ပိုင်းအဆင့် ခြောက် ယောက်လုံး၊ ဒါဇင်နဲ့ ချီတဲ့ ကြယ်သုံးလုံး အဆင့်တွေနဲ့ ရာနဲ့ချီတဲ့ ကြယ်နှစ်လုံး အဆင့်တွေ အားလုံး အသတ်ခံလိုက်ရပြီ။ သောက်ကျိုးနည်း…ကျန်းရှီမြို့က ဘာမြို့ကြီးလဲဟ"

"မြတ်စွာဘုရား … အစက ထူးဆန်းတဲ့ သွေးဝင်္ကပါ၊ နောက် အင်အားစုအများကြီး နောက်ဆုံး လူ့ဂွစာ ယဲ့ဖန်၊ ဘယ်လောက် တောင် အံ့ဩဖို့ကောင်းတဲ့ တိုက်ပွဲလဲ"

"ကျန်းနန် စီရင်စု ဒေသကို ဖြတ်လာတဲ့ ခရီးတစ်လျှောက် ဘယ် ရှန့်ကျန်းအင်အားစုမှ သုတ်သင် မခံလိုက်ရဘူး၊ ဒါပေမယ့် ဒီ ကျန်းရှီလို မြို့သေးသေးလေကို ရောက်မှ သူတို့အားလုံး သုတ်သင်ခံလိုက်ရတယ်၊ ဒါ မဖြစ်နိုင်လိုက်တာကွာ"

ဤကဲ့သို့ မြို့သေးသေးလေးက ရှန့်ကျန်း အင်အားစုများ၏ သင်္ချိုင်းမြေ ဖြစ်လာ လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားမိကြပါ။

ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက် လုံး အသေဆိုးနှင့် သေသွားခဲ့ခြင်းပင်။

ရှန့်ကျန်း တစ်မြို့လုံး ထိတ်လန့်နေကြသည်။

သူတို့တွင် မျှော်လင့်ချက်ဟူ၍ လီကျိုးယောင် တစ်ယောက်သာ ရှိတော့သည်။

"မာစတာလီ … သူ့ကို သတ်လိုက်ပါ… ခင်ဗျား သူ့ကို သတ်မှဖြစ်မယ်"

"မာစတာလီက ရှန့်ကျန်းမြို့ရဲ့ နတ်ဘုရားပဲ … သူ ဒီတိုက်ပွဲကို သေချာပေါက် နိုင်မှာ … သေချာပေါက်"

"သတ် …. သူတို့ အားလုံးကို သတ်ပြီးတော့ ကျဆုံးသွားတဲ့ ရှန့်ကျန်း အင်အားစုတွေ အတွက် လက်စားချေပေးပါ"

ထိုအချိန်တွင် ရှန့်ကျန်းမြို့မှ ကြည့်နေ ကြသူများ အားလုံး အရူးအမူး ဟစ်အော် မိကြသည်။

သူတို့အားလုံး ဖုန်းနှင့် ရုပ်မြင်သံကြားတို့၏ မျက်နှာပြင်များကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့် နေကြသည်။

ရှန့်ကျန်း မြို့သူမြို့သားများ၏ အကြည့် အောက် မှာတင် လီကျိုးယောင်က စတင် လှုပ်ရှားလာသည်။

တစ္ဆေသရဲကဲ့သို့ သူသည် ယဲ့ဖန်ထက်သို့ အလွန် ပြင်းထန်သော အဖျက်စွမ်းအား ချီဓာတ်ကို ပစ်လွှတ်လိုက်သည်။

"ခွေးမသားလေး…. သေပေတော့"

လီကျိုးယောင် မီးကုန်ယမ်းကုန် တိုက်ခိုက်တော့သည်။ သူ ယဲ့ဖန်ကို အလွန် မုန်းတီးနေသဖြင့် ယဲ့ဖန်အား နုတ်နုတ်စင်းရန် ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်သည်။

ဘုန်းခနဲ အသံနှင့်အတူ သူ၏ သန်မာသော ချီဓာတ်က ကြည့်နေသူများ၏ ပါးများအား စပ်ဖျင်းဖျင်း ဖြစ်သွားစေသည်။

သန်မာသော ချီဓာတ်ကြောင့် လေထုသည်ပင် အက်ကွဲလာရသည်။

သို့သော် ယဲ့ဖန်က လှောင်ရယ်၍ ပြောလိုက်သည်က "ဒါလား ဆရာသခင်အဆင့် တစ်ယောက်ရဲ့ ခွန်အား…. သာမန်လောက်ပါပဲလားဟ"

ထိုသို့‌ မောက်မာစွာ‌ ပြောဆိုပြီးနောက် ယဲ့ဖန်က သူ့ဓားကျိုးအား ဘေးသို့ လွှတ်ချကာ ထိုသန်မာသော ချီအား လက်သီးဖြင့် အားကုန်ထိုးလိုက်သည်။

လက်သီး နှင့် ချီဓာတ်။

ကြည့်နေကြသူများကြား ပွက်လောက်ရိုက်လာသည်။ တိုက်ပွဲဝင် ချီဓာတ်သည် ဆရာသခင် အဆင့် တစ်ယောက်၏ အကြီးမားဆုံး အဖျက်လက်နက် ဖြစ်လေသည်။

ပြင်းထန်သော တိုက်ပွဲဝင် ချီဓာတ်သည် ရန်သူအား မြင်တွေ့ခြင်း မရှိသေးခင်တွင် သတ်ဖြတ်နိုင်သည်။

မာစတာလီ၏ တိုက်ပွဲဝင် ချီဓာတ်သည် မှော်ဝင်ပစ္စည်းများ၏ ခွန်အားနှင့် ယှဉ်နိုင်သည်။ ယခင်တုန်းက ယဲ့ဖန်သည် ဆရာသခင် တစ်ပိုင်းအဆင့်၏ ချီဓာတ်ကို သူ၏ ဓားကျိုးဖြင့် ခုခံခဲ့သည်။

ယခုအခါတွင် ထိုဆရာသခင် တစ်ပိုင်းအဆင့်ထက် လီကျိုးယောင်၏ တိုက်ပွဲဝင် ချီဓာတ်သည် ဆယ်ဆ ပို၍ သန်မာသည်။

သို့ဖြစ်ပါလျက်နှင့် ယဲ့ဖန်က သူ၏ ဓားကျိုးနှင့် ခုခံရမည့်အစား သူ့လက်သီးနှင့်သာ ခုခံရန် ရွေးချယ်ထားခဲ့သည်။

လူအများ၏ စိတ်ထဲတွင် သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာဟု မြင်မိကြသည်။

….

ကြည့်ရှုနေသူများကြား ပွက်ပွက်ညံလာသည်။ သန်မာသော တိုက်ပွဲဝင် ချီဓာတ်ကြောင့် ယဲ့ဖန် တစ်စစီ ဖြစ်တော့မည်ကို သိနေသကဲ့သို့ သူတို့ အားလုံး တက်ကြွနေကြသည်။ ထို့ကြောင့် သူတို့က လှောင်ပြုံးများ ပြုံးလို့နေ၏။

"သူ သေမှာပဲ … ဆရာသခင် အဆင့်တစ်ယောက်ရဲ့ တိုက်ပွဲဝင်ချီဓာတ်ကို သူ့လက်သီးနဲ့ ဘယ်လိုတောင် ခုခံရဲတာလဲ … စစ်ရထားကို တားချင်နေတဲ့ နှံကောင်လိုပဲ သူက လွန်လွန်ကျူးကျူး ပြုမူနေတာပဲ"

အန်းရှီနှင့် အခြားသူများက စိုးရိမ်တကြီးနှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကြသည်။

"ဖန်….သတိထား

"သခင်ကြီး ….သတိထား"

သူတို့အားလုံး စိုးရိမ်တကြီးနှင့် ယဲ့ဖန်အား အော်ဟစ်သတိပေးလိုက်မိသည်။

"သေပေတော့"

ထိုစဉ် လီကျိုးယောင်၏ လေသံက ပို၍ အောလာသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ကိုယ့်သေတွင်း ကိုယ်တူးနေသည့် အရူးတစ်ကောင်ဟုသာ ထင်မှတ်မိသည်။ ယဲ့ဖန်အား တစ်ချက်တည်းနှင့် သတ်နိုင်လိမ့်မည်ဟု သူ့အရည်အချင်းကို သူ ယုံကြည်နေသည်။

….

သူ၏ တိုက်ပွဲဝင်ချီသည် အရာအားလုံးကို ဖျက်ဆီးတော့မည့်အတိုင်းပင် ပို၍ ပြင်းထန်လာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ချီဓာတ်သည် ယဲ့ဖန်၏ လက်သီးနှင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားသည်။

ဘန်း!

ဘန်းခနဲ အသံကျယ်ကြီး နှင့်အတူ ဧရာမ ချိုင့်ခွက်ကြီး ဖြစ်ပေါ်လာပြီး ကျိုးကြေသွားသော ကျောက်တုံးများက နေရာအနှံ့ လွင့်စဉ်လာသည်။ တိုက်ပွဲ ဝန်းကျင်မှာ ရှိသည့်အရာရာတိုင်း ပျက်စီးလို့သွားသည်။

သို့သော် ယဲ့ဖန်ကတော့ နေရာမှာ ရပ်မြဲတိုင်း ရပ်နေဆဲပင်။

"အားနည်းလွန်းတယ် … မင်းက အရမ်း အားနည်းလွန်းတယ်"

ယဲ့ဖန်က လီကျိုးယောင်၏ မျက်လုံးက အထင်သေးသလို အကြည့်များနှင့် တည့်တည့်စိုက်ကြည့်နေသည်။

*ဘာ*

ဤမြင်ကွင်းကြောင့် ကြည့်နေသူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့အားလုံး ယဲ့ဖန်၏ လက်သီးကို စိုက်ကြည့်မိကြသည်။ သို့သော် ယဲ့ဖန်၏ လက်သီးက မှော်ဝင်ပစ္စည်းထက်တောင် မာကြောကာ လုံးဝကို ပြီးပြည့်စုံနေသည်။

*ဒါ…. လုံးဝ မဖြစ်နိုင်ဘူး*

လူသားတစ်ယောက်၏ ခန္ဓာကိုယ်က မှော်ဝင်ပစ္စည်းထက် ပို၍ မာကျောနေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားကြပါ။

အန်းရှီနှင့် ယဲ့ဖန်၏ နောက်လိုက်များတောင်မှ အံ့ဩသွားရသည်။ အားလုံးထဲတွင် လီကျိုးယောင်က အထိတ်လန့်ဆုံးသူ ဖြစ်သည်။

မျက်ခုံးတလှုပ်လှုပ်နှင့် လီကျိုးယောင်က ယဲ့ဖန်၏ လက်သီးအား တွေဝေကာ ငေးငိုင်ကြည့်ရင်း ရေရွတ်မိသည်။

"မဖြစ်နိုင်လိုက်တာ … လူတစ်ယောက်ရဲ့ လက်သီးက ဘယ်လိုလုပ် ဒီလောက် မာကြောနိုင်ရတာလဲ"

လီကျိုးယောင် ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သည်မှာ နှစ်နဲ့ချီ ကြာခဲ့ပြီ ဖြစ်သော်လည်း မှော်ဝင်ပစ္စည်းထက် ပို၍ မာကြောနေသည့် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို‌တော့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

"သူ သေကိုသေရမယ်"

လီကျိုးယောင် ပြတ်သားသော ဆန္ဒတို့ဖြင့် ပြောဆိုလိုက်သည်။ ယဲ့ဖန်ကို ယနေ့ မသတ်လျင် သူက သူ၏ အိပ်မက်ဆိုး ဖြစ်လာလိမ့်မည်ကို သူ သိနေသည်။

လီကျိုးယောင်၏ ချီဓာတ်များအား တစ်ကိုယ်လုံးမှ တစ်ဟုန်ထိုး တိုးထွက်လာပြီး သူ့လက်ဖဝါးတွင် လာရောက် စုစည်းလာသည်။

ထို့‌နောက် သူက ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်များအား ယဲ့ဖန် ထံသို့ ထုတ်လွှတ်တော့သည်။

သူ၏ တိုက်ပွဲဝင် ချီဓာတ်များအား လျှပ်စီးထက်တောင် မြန်နေသေးသည်။ သို့သော် ယဲ့ဖန်သည် သူ၏ တိုက်ပွဲဝင် ချီဓာတ်ပါသော တိုက်ကွက်များအား လက်သီးဖြင့် ထိုးခွင်းကာ ဖယ်ရှားနေသည်။

ဘန်း! ဘန်း! ဘန်း!

ပြင်းထန်သော ဗုံးသံများက ထပ်ဆင့် ဖြစ်ပွားလို့နေသည်။

မယုံနိုင်စရာ ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သံမဏိဖြင့် ပြုလုပ်ထားသော သားရဲကောင်ကြီးကဲ့သို့ ယဲ့ဖန်သည် မာစတာလီ၏ တိုက်ပွဲဝင် ချီဓာတ်များကို သူ့လက်သီးဖြင့်သာ ချေဖျက်လို့နေ၏။

ဘန်း! ဘန်း! ဘန်း!

သူသည် မာစတာလီ၏ တိုက်ပွဲဝင် ချီဓာတ်များအား လက်သီးကို အသုံးပြုရုံဖြင့် အသာစီး

ရလာသည်။

သူ လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် တိုက်ပွဲဝင် ချီဓာတ်အား ချေဖျက်ပြီးသား ဖြစ်ကာ ကျယ်သော ဘုန်းခနဲ အသံများ ဖြစ်ပေါ်လာစေသည်။

ထို့ကြောင့် လီကျိုးယောင် နောက်ဆုတ်ရန် ဖိအားပေးခံလာရသည်။

ဘန်းခနဲ အသံတစ်ခု အဆုံးတွင် ယဲ့ဖန်သည် တိုက်ပွဲဝင် ချီဓာတ်အားလုံးကို ချေဖျက်ပြီးသွားကာ သူက ရှေ့သို့ လျင်မြန်စွာ ပြေးတက်လာကာ လီကျိုးယောင်၏ ရင်ဘက်အား သူ၏ သံမဏိ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ လီကျိုးယောင်၏ ရင်ညွန့်ရိုး ကျိုးကြေသွားပြီး သူသည်လည်း ကြိုးပြတ်သွားသော စွန်ကဲ့သို့ ငါးမီတာခန့် လွင့်ထွက်သွားပြီးမှ ပြန်ပြုတ်ကျလာသည်။

ထို့နောက် လီကျိုးယောင် ပါးစပ်အပြည့် သွေးတစ်လုတ် အန်မိသွားရသည်။ သူ့မျက်လုံးတွင်လည်း ထိတ်လန့်နေဟန်များဖြင့် ပြည့်နှက်နေသည်။

သူ ရှုံးသွားပြီ။ သူ အရှုံးကြီး ရှုံးသွားချေပြီ။

*မ…မဖြစ်နိုင်ဘူး*

လီကျိုးယောင်သာမက ရှန့်ကျန်းမြို့မှ ကြည့်နေသည့် သူများလည်း တိုက်ပွဲ၏ အဖြစ်မှန်မှ ပုန်းကွယ်ရန် မျက်လုံးကို မှိတ်ထားကြသည်။

"မဟုတ်သေးဘူး… အံ့ဩစရာကောင်းလှချည်လား … မာစတာလီက ရှန့်ကျန်းမြို့ရဲ့ နတ်ဘုရားလေ… သူက ဘယ်လိုလုပ် ရှုံးရမှာလဲ … ဒါ လုံးဝ မဖြစ်နိုင်ဘူး"

"မြတ်စွာဘုရား … ရှန့်ကျန်းအင်အားစု အားလုံး သုတ်သင်ခံရတော့မှာလား … ဒါ ရှန့်ကျန်းမြို့က သိုင်းပညာ အသိုင်းအဝိုင်းရဲ့ နေဝင်ချိန် ဖြစ်လာတော့မှာလား"

"ကြယ်သုံးလုံးအဆင့်က ဆရာသခင် အဆင့်ကို ဖိနှိပ်ထားနိုင်တာလား… အဲ့ယဲ့ဖန်က လူမှ ဟုတ်သေးရဲ့လား"

ကြည့်ရှုနေသူများတွင် ဝမ်းနည်းမှုနှင့် ရှုံးနိမ့်သွားသော ခံစားချက်များနှင့် ပြည့်နှက်လာ လေတော့သည်။

သူတို့ နတ်ဘုရားက တိုက်ပွဲမှာ ရှုံးသွားပြီ။ သူတို့၏ အင်အားစုများကလည်း သုတ်သင်ခံ လိုက်ရလေပြီ။

ကျန်းရှီမြို့သေးသေးလေးနှင့် လူထူးဆန်း ယဲ့ဖန်က ရှန့်ကျန်း၏ တောက်ပသော နေ့ရက်များကို နေဝင်အောင် ပြုလုပ်လိုက်လေသည်။

မည်သူမျှ ဤအချက်ကို လက်မခံနိုင်ကြပါ။

ဖွီ!

ထိုစဉ် လီကျိုးယောင်သည် နောက်ထပ် ပါးစပ်အပြည့် သွေးတစ်လုတ် ထပ်အန်လာပြီး သူ့မျက်နှာက သုန်မှုန်လာသည်။ သို့သော် သူ့မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်း တောက်လို့နေသည်။

"ဟဟ…"

ရုတ်တရက် အားလုံး၏ အကြည့်အောက်တွင် လီကျိုးယောင်က ငမိုက်သား တစ်ယောက်လို ဟားတိုက်ရယ်မောလာသည်။

ရက်စက်သော အမူအရာနှင့် သူက ထပ်ပြောလာသည်။

"နှစ်နှစ်ဆယ် ရှိပြီ… နှစ်နှစ်ဆယ်တောင် ရှိခဲ့ပြီ။ ဘယ်သူ့မှ ငါ့ကို ဒီလောက် အရှက်ရအောင် မလုပ်နိုင်ခဲ့ဘူး၊ မင်းပဲ လုပ်နိုင်ခဲ့တယ်"

လီကျိုးယောင်က ယဲ့ဖန်၏ မျက်လုံးအား အလွန် ပြင်းထန်သည့် ချီဓာတ်များဖြင့် စိုက်ကြည့်ကာ ထပ်ပြောလာသည်။

"ခွေးမသားလေး … အမှန်အတိုင်း ပြောရရင် မင်း ဂုဏ်ယူသင့်တယ်"

လီကျိုးယောင်က မြို့ကို တစ်ချက်ကြည့်ကာ ဆက်ပြောလာသည်။

"လူပေါင်း ၁၈၉ ယောက် … ငါတို့ ရှန့်ကျန်းအင်အားစုက ကျန်းနန် အင်အားစု စုစုပေါင်း အယောက် ၁၈၉ ယောက်ကို သတ်ခဲ့တယ်. ယဲ့ဖန် မင်းက ကျန်းနန် အင်အားစုထဲမှာ ၁၉၀ ယောက်မြောက် အသတ်ခံရမယ့် သူပဲ"

*ဘာ*

သူ့စကားကြောင့် အန်းရှီနှင့် ယဲ့ဖန်၏ နောက်လိုက်များ တွေဝေသွားကြသည်။ အဘယ်ကြောင့် လီကျိုးယောင်က သူ ယဲ့ဖန်ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိကာ ရဲရင့်နေရသလဲဆိုတာကို သူတို့ နားမလည်နိုင်ပါ။

သို့သော် ထိုအချိန်တွင် လီကျိုးယောင်၏ လှုပ်ရှားမှုကြောင့် ယဲ့ဖန်၏ နောက်လိုက်များ သေမတတ် ကြောက်လန့်သွားကြသည်။

ဂျွတ်ခနဲ အသံနှင့်အတူ လီကျိုးယောင်က သူ့နဖူးအလယ် တည့်တည့်ကို ထိုးခွဲလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ့နဖူးတွင် သွေးများနှင့် ရွှဲစိုလာသည်။

ထို့နောက် လီကျိုးယောင်၏ လက်ဖဝါးထဲတွင် လက်သည်းအရွယ် သလင်းကျောက်လေး တစ်ခု ပါလာသည်။

ထိုသလင်းကျောက်လေးမှ အဖျက်စွမ်းအင် ချီမျှင်တန်းများက တစ်ဟုန်ထိုး ထွက်ပေါ် နေသဖြင့် လူတိုင်း ခေါင်းမွှေး ထောင်သလို ဖြစ်လာကြသည်။

"ဒါ သူ့ဆရာသခင်အဆင့်ရဲ့ မူလသလင်းကျောက်ပဲ …. မြတ်စွာဘုရား … ဒါ သူ့ရဲ့ ဆရာသခင်အဆင့်ရဲ့ မူလ သလင်းကျောက်ပဲ"

All Chapters