← Chapters

ကျုပ် ကျုပ်ကတိကို မဖျက်တတ်ပါဘူး

Vol. 13 Ch. 188

ကျုပ် ကျုပ်ကတိကို မဖျက်တတ်ပါဘူး

Vol. 13 Ch. 188

ဂလု!

ရှန့်ကျန်းမြို့မှ လူထုသည် ယဲ့ဖန်က မာစတာ လီ၏ မူလ သလင်းကျောက်အား ဝါးစား နေသည်ကို ကြည့်ပြီး သူတို့ မျက်နှာများက အလွန် ထိတ်လန့်ပုံ ပေါ်လာကာ တံတွေးကို မနည်း မြိုချနေကြသည်။

ဤကဲ့သို့ လူထူးလူဆန်းကောင်က မာစတာ လီ၏ မူလ သလင်းကျောက်အား ခုခံနိုင်လိမ့် မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိပါ။

"မဖြစ်နိုင်ပါဘူး … သူက မကောင်းဆိုးဝါး မို့လို့လား"

"မြတ်စွာဘုရား … ရူးနေပြီ … အဲ့ကောင် ရူးနေပြီ"

"အံ့ဩစရာပဲ … ဒီလောက် ကြောက်စရာ ကောင်းတဲ့လူကို ရှန့်ကျန်းက ဘယ်လိုလုပ် ရန်စသွားမိတာလဲ"

ဤတိုက်ရိုက် သတင်းထုတ်လွှင့်မှုအား ကြည့်ရှုနေသည့် မြို့သူမြို့သား များစွာက ဤမျှ ထူးဆန်းသည့် လူ ကမ္ဘာဂြိုဟ်ပေါ်မှ ရှိနေလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ် မထားမိပါ။

သူတို့မျက်လုံးထဲတွင် ယဲ့ဖန်သည် သေချာ ပေါက်ကို မကောင်းဆိုးဝါးပင်။

သို့သော် ထိုအချိန်တွင် စူးရှသော အော်သံ တစ်ခုကြောင့် လူတိုင်း ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။

ထို့နောက် ရှန့်ကျန်းမြို့မှ ကြည့်နေသူများ သူတို့၏ ဖုန်း၊ ရုပ်မြင်သံကြားစက်တို့၏ မျက်နှာပြင်ကို သေချာကြည့်လိုက်သောအခါ လီကျိုးယောင်၏ ရင်ဘတ်မှ သွေးများနှင့် ဒဏ်ရာတစ်ခုကို မြင်လိုက်ရသည်။

"သေစမ်း"

လီကျိုးယောင်၏ မျက်နှာက အလွန်အမင်း ဖြူရော်လာကာ သူ့မျက်လုံးထဲတွင် ထိတ်လန့် ကြောက်ရွံ့နေဟန်များ စိုးမိုးလို့လာသည်။

အကယ်၍ သူ၏ မူလသလင်းကျောက်အား ဆုံးရှုံးလိုက်ရပါက သူသည် သူ၏ အကြီးမားဆုံး အားထားရာကို ဆုံးရှုံးလိုက် ရပေမည်။

သူ အလွန်ကြောက်ရွံ့မိသည်။ သူ လုံးဝကို ကြောက်ရွံ့မိသည်။

*ထွက်ပြေးရမယ်*

လီကျိုးယောင် ဦးစားပေး တွေးမိသည့်အရာက လက်စားချေခြင်း အစား ထွက်ပြေးခြင်းပင် ဖြစ်သည်။

ဆရာသခင်အဆင့် ဖြစ်သော်ငြားလည်း လီကျိုးယောင်သည် သေမှာတော့ စိုးမိသည်။

စက္ကန့်ပိုင်း အတွင်းမှာတင် လီကျိုးယောင်သည် နောက်လှည့်ကာ အဝေးသို့ ထွက်ပြေး သွားသည်။

ပျာယာခတ်နေသော ယုန်တစ်ကောင် ပို၍ လျင်မြန်သော နှုန်းနှင့် ပြေးနေသဖြင့် သူသည် သိပ်မကြာခင်မှာတင် ငါးမီတာ၊ ခြောက်မီတာ အဝေးသို့ ရောက်ရှိသွားသည်။

ဤသည်ကို ကြည့်ပြီး ရှန့်ကျန်းမြို့မှ ကြည့်နေသူများကြား ပွက်လောရိုက်သွားသည်။

သူတို့၏ နတ်ဘုရားဖြစ်ပြီး ရှန့်ကျန်းမြို့မှ အသန်မာဆုံးသူက ထွက်ပြေးဖို့ ရွေးချယ်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားမိပါ။

ကြည့်နေသူများ၏ မျက်နှာများ ချက်ချင်း ပြာနှမ်းလာသည်။ သူတို့ ပြင်းထန်စွာ ပါးရိုက်ခံလိုက်ရသကဲ့သို့ မျက်နှာများက နီမြန်းလို့ လာသည်။

ရှန့်ကျန်းအင်အားစုများက ကျန်းနန်စီရင်စု ဒေသရှိ အင်အားစုများကို ဖိနှိပ်နိုင်လာခဲ့ သဖြင့် ယနေ့သည် ရှန့်ကျန်းမြို့၏ ဂုဏ်သိက္ခာအား ပြန်လည်ဆယ်ယူနိုင်သော နေ့ဖြစ်လာတော့မည်ဟု သူတို့ ယုံကြည်ခဲ့မိကြသည်။

သို့သော် ကျန် ရှန့်ကျန်းအင်အားစုများ အသတ်ခံလိုက်ရသည့် အချိန်တွင် ဆရာသခင် အဆင့်သူက မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပါ။

ဤသည်က ရှန့်ကျန်းမြို့၏ သမိုင်းတွင် အမှောင်မိုက်ဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံး နေ့ပင် ဖြစ်တော့သည်။

ထိုစဉ် ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ခင်ဗျားကိုယ် ခင်ဗျား ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား"

ထို့နောက် ယဲ့ဖန်သည် လီကျိုးယောင်နောက်သို့ ကျားသစ်က သမင်နှင့် တူသော ဂဇဲဆိတ်နောက်သို့ အမဲလိုက်သကဲ့လို့ လိုက်လေတော့သည်။

*မြန်မြန်…မြန်မြန်…မြန်မြန်*

သို့သော် လီကျိုးယောင် မီတာ တစ်ရာ အဝေးသို့ ရောက်နေချိန်တွင် ယဲ့ဖန်က သူ့နောက်ကျောကို ဓားနှင့် လှမ်းခုတ်လိုက်ပြီး ဖြစ်သဖြင့် သွေးများ ပန်းထွက်လာကာ ဒဏ်ရာ နက်နက်ရဲရဲ ရသွားခဲ့သည်။

"အရမ်း…အရမ်း မြန်လွန်းတယ်"

ကြည့်နေသည့်သူများ ရင်တုန်လာကြသည်။ ယဲ့ဖန်၏ အလျင်က သူ၏ ရူးလောက်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အချိုးကျ တူညီနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိပါ။

ယဲ့ဖန်က လီကျိုးယောင်ထံသို့ အေးအေးလူလူ လျှောက်လာသည်။

သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

"ဆရာသခင်လောက်က သိပ်သန်မာနေပြီလို့ ခင်ဗျား ထင်နေတာလား"

ရွှစ်!

သူက လီကျိုးယောင်၏ ဘယ်ဘက်ပခုံးကို အားဖြင့် ခုတ်လိုက်သည်။

"ဆရာသခင် အဆင့် တစ်ယောက်က ကျန်းနန် စီရင်စု ဒေသက လူတွေကို ပုရွက်ဆိတ်တွေလို ဆက်ဆံလို့ရမယ်လို့ ထင်နေတာလား"

ရွှစ်!

လီကျိုးယောင်၏ ပေါင်ကို အားဖြင့် ထပ်ခုတ်လိုက်သည်။

"ဆရာသခင်အဆင့်က ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား"

ရွှစ်! ရွှစ်! ရွှစ်!

ကြည့်နေသည့်သူများ အလွန် ထိတ်လန့်သွားကြသည်။ ယဲ့ဖန် တစ်ခွန်းပြောလိုက်တိုင်း လီကျိုးယောင်၏ ကိုယ်တွင် ဒဏ်ရာ တစ်ချက် ပေါ်လာသည်။

ထို့ကြောင့် လီကျိုးယောင် တစ်ကိုယ်လုံး သွေးထွက်သံယို ဒဏ်ရာများနှင့် ပြည့်နှက်လာသည်။

သူ့ပုံစံက လုံးဝ ဆရာသခင်တစ်ယောက်နှင့် မတူတော့ပါ။ ထိုအစား သူသည် ရိုက်နှက်ခံနေရသည့် လမ်းဘေးခွေးနှင့် တူနေသေးသည်။

သူ ဆက်၍ ထွက်ပြေးချင်သော်လည်း ပို၍ ပို၍ အဖြစ်ဆိုးလာသည်။ သူ၏ ဆိုးရွားသော အခြေအနေများအပြင် သူ့၌ ထွက်ပြေးရန်မှ အပ အခြား ရွေးချယ်စရာ မရှိတော့။

လီကျိုးယောင်၏ မျက်နှာတွင် နောင်တရနေဟန်၊ ကြောက်ရွံ့နေဟန်များဖြင့် ပြည့်နှက်နေသည်။

သူ့၌ အခြားအခွင့်အရေးများ ထပ်ရမည်ဆိုလျင် သူ ဘယ်တော့မှ ဤသင်္ချိုင်းမြေထဲသို့ ဝင်ရောက်မိမည် မဟုတ်။

ရွှစ်!

နောက်ထပ် ဒဏ်ရာတစ်ခု ထပ်ရလာချိန်တွင် လီကျိုးယောင် လုံးဝ ဒေါသ ထွက်လာသည်။

"ရပ်စမ်း…ယဲ့ဖန်…ရပ်စမ်း…မြန်မြန်"

လီကျိုးယောင်က နောက်လှည့်ကာ ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်ပြီး စောဒကတက်လိုက်သည်။

"မင်း … မင်း ငါ့ကို မသတ်သင့်ဘူးနော် … ငါက မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ပဲ"

*မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်း*

ထိုနာမည်ကို ကြားလိုက်သဖြင့် ယဲ့ဖန်က မျက်လုံးကို မှေးစင်းလိုက်ပြီး တိုက်ခိုက်သည်ကို ရပ်လိုက်သည်။

"မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းဆိုတာ ဘာလဲ"

*အမ်*

လီကျိုးယောင် ကြောင်အသွားသည်။ ထို့နောက် သူက ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်ကာ ပြန်မေးလိုက်သည်။

"မင်း … မင်း မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းကို မသိဘူးလား"

သို့သော် လီကျိုးယောင်က သိပ်မရှင်းပြဘဲ မချင့်မရဲ ပြုံး၍ ပြောလိုက်သည်။

"ယဲ့ဖန် … မင်း ဆရာသခင် အဆင့်အောက်က သူတွေ အားလုံးက ပုရွက်ဆိတ်တွေပဲ ဆိုတဲ့ ငါ့စကားကို မင်း နားထောင်ခဲ့သင့်တယ်"

"ဒါပေမယ့် အဲ့ဆရာသခင် အဆင့်က သူတွေကလည်း လူတစ်ချို့ရဲ့ မျက်လုံးထဲမှာ ပုရွက်ဆိတ်သာသာပဲ ဆိုတာကို လူနည်းစုပဲ သိကြတယ်"

*ဘာ*

လီကျိုးယောင်၏ စကားကြောင့် ယဲ့ဖန်၏ နောက်လိုက်များနှင့် ရှန့်ကျန်းမြို့မှ ကြည့်နေသူများ အပါအဝင် အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

ဆရာသခင် အဆင့်များကို ဤလောကတွင် အဆင့်အမြင့်ဆုံးဟု သူတို့ ထင်မှတ် ထားခဲ့သည်။

ဆရာသခင် အဆင့်များပင် ပုရွက်ဆိတ်သာသာပဲ ရှိလိမ့်မည်ဟု သူ ထင်မထားမိပါ။

ယဲ့ဖန် တစ်ယောက်သာ တည်ငြိမ်နေဆဲ ဖြစ်သည်။

*ဟုတ်တယ်လေ …. ဆရာသခင် အဆင့်တွေလည်း ပုရွက်ဆိတ်သာသာပဲကို*

စကြဝဠာ အတွင်းတွင် အဖျက်စွမ်းအားရှင်များ ရှိရာ ဂြိုဟ်များစွာ ရှိနေသည်။ သူတို့ တစ်ယောက်ချင်းစီကပင် ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။

ထို့ပြင် များစွာသော လူထူးလူဆန်းကြီးများနှင့် သန်မာသော တစ်ကိုယ်ရေသမားများ ကမ္ဘာပေါ်တွင် ရှိနေမှန်း ယဲ့ဖန် သိနေသည်။

"မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်း ဆိုတာက နှစ်ရာနဲ့ချီပြီး တည်ရှိနေတဲ့ အဖွဲ့အစည်းပဲ။ သူတို့က သိုသိုသိပ်သိပ်နဲ့ ရက်ရက်စက်စက် ပြုမူကြတယ်။ အဲ့အဖွဲ့အစည်းထဲကို ဆရာသခင် အဆင့်အောက်က သူတွေ ဝင်ရောက်ဖို့ အဆင့်မမှီဘူး"

လီကျိုးယောင်၏ အကျဉ်းချုပ် ရှင်းပြမှုကြောင့် ခြံဝန်းတစ်ခုလုံး ဆူညံသွားသည်။

*ဆရာသခင် အဆင့်အောက်က သူတွေ ဝင်ရောက်ဖို့ အဆင့်မမှီဘူး*

*ဒါဆို မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းထဲမှာ အားအနည်းဆုံးသူက ဆရာသခင် အဆင့်ပေါ့*

*ဒါပေမယ့် ဒါ မဖြစ်နိုင်ဘူးလေ*

*ဟွာရှနိုင်ငံမှာ နိုင်ငံ့ထောက်တိုင်အဖြစ် ဆရာသခင်အဆင့် လေးယောက်ပဲ ရှိတာ*

*ဒါပေမယ့် မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းမှာ အားအနည်းဆုံးသူက ဆရာသခင်အဆင့် ဖြစ်နေတယ်။ ဒါက မဟူရာ ကြက်ခြေခတ် အဖွဲ့ရဲ့ အင်အားက ဘယ်နိုင်ငံရဲ့ အင်အားစုထက်မဆို ပိုကြီးတယ်လို့ ပြောချင်တာလား*

*ဒါ …. လုံးဝ မဖြစ်နိုင်ဘူး*

လီကျိုးယောင်က အခြားသူများ၏ မဟေဠိဖြစ်နေသော အတွေးများအား သိနေဟန်ဖြင့် ခါးသက်သက်အကြည့်နှင့် ထပ်ပြောလာသည်။

"ဟွာရှနိုင်ငံ တစ်ဝှမ်းမှာ အင်အားကြီးတဲ့ လူတွေနဲ့ အဓိက ကလန်တွေ ရှိတယ်။ ဘယ်လိုလုပ် ဆရာသခင် အဆင့် လူက လေးယောက်ပဲ ရှိနိုင်မှာလဲ။ တကယ်တော့ ဆရာသခင် ဖြစ်ခါနီးအဆင့်က လူတိုင်းကို လျှို့ဝှက်အဖွဲ့အစည်း တစ်ခုက ခေါ်မွေးစား ထားတာ"

"အဲ့လူတွေက ဆရာသခင်အဆင့်ကို ရောက်ပြီဆို သူတို့ မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းကို ဝင်ရောက်ဖို့ အဆင့်မှီသွားပြီ"

"အဲ့ဒါကြောင့် ဆရာသခင် ဖြစ်ခါနီးအဆင့် ဒါမှမဟုတ် ဆရာသခင်အဆင့်က လူတစ်ချို့လောက်ပဲ လူကြားထဲ လူလုံးထွက်ပြကြတာ"

"နိုင်ငံ့ထောက်တိုင် လေးယောက်ကလည်း တကယ်တော့ ရုပ်သေးရုပ် လေးရုပ်ပဲ။ အဲ့လေးယောက်လုံးရဲ့ နောက်ကွယ်တိုင်းမှာ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုစီရှိတယ်။ ငါ့နောက်ကွယ်က လျှို့ဝှက်အဖွဲ့အစည်းက မဟူရာ ကြက်ခြေခတ် အဖွဲ့ပဲ"

ထို့နောက် လီကျိုးယောင်က အင်္ကျီလက်ကို ပင့်တင်လိုက်သဖြင့် မနှစ်မြို့ဖွယ် ကောင်းသည့် အနက်ရောင် သင်္ကေတတစ်ခုက လူမြင်ကွင်းထဲ ထင်းခနဲ ပေါ်လာသည်။

ထိုသင်္ကေတသည် အလွန် ဆိုးယုတ်လှသည်။

"ယဲ့ဖန် မင်း အရှေ့အာရှက မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းရဲ့ ဂိုဏ်းခွဲ ခေါင်းဆောင်ကို မြင်ဖူးလား"

*အမ်*

ယဲ့ဖန် ကြောင်သွားရသည်။ လီကျိုးယောင်၏ လေသံအရ အဆိုပါ အရှေ့အာရှရှိ မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းရဲ့ ဂိုဏ်းခွဲ ခေါင်းဆောင်သည် ယဲ့ဖန်နှင့် ပတ်သက်နေပုံ ရသည်။

"ဘယ်သူလဲ"

"သူက လော့စစ်ရဲ့ ယောက်ဖကြီး၊ ကုန်းယွင်ဖေးရဲ့ အဖေ၊ လော့ဟန်ရွှမ်းရဲ့ ယောက်ျား ကုန်းကျန့်ထျန်းပဲ"

*ဘာ*

သူ့စကားကြောင့် ယဲ့ဖန်၏ နောက်လိုက်များ အားလုံး ထိတ်လန့်ကာ မေးတဆတ်ဆတ် ဖြစ်လာသည်။

အန်းရှီ၏ လှပသော မျက်နှာလေးတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။

အကယ်၍ ကုန်းယွင်ဖေး၏ ဖခင်က ဤမျှ အင်အားကြီးမည်ဆိုပါက ကုန်းကလန်က အဘယ်ကြောင့် ကျန်းရှီမြို့မှာ နေထိုင်နေရသနည်း။

ထို့ပြင် ကုန်းယွင်ဖေးနှင့် လော့ဟန်ရွှမ်းတို့ သေသွားချိန်တွင် လူလုံးထွက်မပြခဲ့ပေ။

လူတိုင်း၏ မျက်နှာတွင် ဇဝေဇဝါဖြစ်နေဟန်များဖြင့် ဖုံးလွှမ်းလာသည်။ သို့သော် လီကျိုးယောင်က ပြုံးနေသည့်အပြင် သူ့မျက်နှာတွင် အဆုံးမရှိသော ကြောက်လန့် တုန်လှုပ်နေဟန်များ ပျော်ဝင်နေသည်။

ထို့နောက် သူက ပြောလိုက်သည်။

"မဟူရာ ကြက်ခြေခတ် အဖွဲ့သားတိုင်း သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အဆက်ဖြတ်ထားရတယ်"

"သူက အရှေ့အာရှက မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းရဲ့ ဂိုဏ်းခွဲ ခေါင်းဆောင် ဖြစ်နေပင်မယ့်လည်း ကုန်းကျန့်ထျန်းက အဖွဲ့ရဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ခံ ထားရတယ်"

"ကုန်းယွင်ဖေးနဲ့ လော့ဟန်ရွှမ်းတို့ အသတ်ခံလိုက်ရတာတောင်မှ သူတို့အတွက် သူ့မှာ လက်စားချေခွင့် မရှိဘူး။ ဒါပေမယ့် ငါ အသတ်ခံရရင်တော့ သူ သေချာပေါက် လက်စားချေမှာပဲ"

"ငါတို့ အဖွဲ့အစည်းရဲ့ စည်းကမ်းအရ မဟူရာ ကြက်ခြေခတ် အဖွဲ့ဝင်ကို တစ်ယောက်ယောက်က သတ်ခဲ့မယ်ဆိုရ်င အဲ့လူနဲ့ ပတ်သတ်တဲ့ သူတိုင်း သတ်ဖြတ်ခြင်း ခံရလိမ့်မယ်"

"မင်း ငါ့ကို သတ်ချင်နေတုန်းပဲလား"

လီကျိုးယောင်က ဆိုးယုတ်သည့် လှောင်ပြုံးပြုံးကာ ယဲ့ဖန်အား အထင်သေးသလို ကြည့်နေလိုက်သည်။

သို့သော် သူ့အမေးအဆုံးတွင် သူ့ခေါင်း ပြုတ်ထွက်ကာ လေထဲ မြောက်တက်သွား လေတော့သည်။

ထိုအချိန်တွင် အထင်သေးနေခဲ့သည့် သူ့မျက်လုံးများက အေးစက်လို့ နေခဲ့သည်။

သူ့ကိုယ်သူ မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်း၏ အဖွဲ့ဝင်ပါဟု ဖော်ထုတ်ပြခဲ့ တာတောင်မှ ယဲ့ဖန်က သူ့ကို သတ်ရဲလိမ့်မည်ဟု သူ မယုံကြည်ထားခဲ့မိ။

လီကျိုးယောင်၏ ခန္ဓာကိုယ် မြေကြီးပေါ်သို့ ဖုတ်ခနဲ လဲကျသွားချိန်တွင် ခက်ထန်သော လေသံတစ်သံ ထွက်ပေါ်လာသည်။

"၁၈၉ ချက်၊ ငါ ငါ့ကတိကို မဖျက်ပါဘူး"

All Chapters