← Chapters

ဒါ သောက်ရမ်း မမိုက်ဘူးလား

Vol. 13 Ch. 192

ဒါ သောက်ရမ်း မမိုက်ဘူးလား

Vol. 13 Ch. 192

အားကစားကွင်းရှိ မိုးမခင်ပင်အောက်၌…

လေပြင်းများ တိုက်ခတ်လာကာ ကောင်းကင် သည်လည်း နတ်ဆိုးချီများနှင့် ဖုံးလွှမ်းလို့ လာသည်။

အနက်ရောင် နတ်ဆိုးချီသည် ဆိုးယုတ်၍ မကောင်းဆိုးဝါး ဆန်လှသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဆိုး တစ်ကောင်၏ မျက်နှာက နတ်ဆိုးတစ်ကောင် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသကဲ့သို့ ကောင်းကင်ထက်၌ ပေါ်ထွက်လာသည်။

ထိုနတ်ဆိုးက ယဲ့ဖန်က ကျေနပ်သလို ပြုံး ကြည့်ကာ အဟန့်ကောင်းသော အမူအရာဖြင့်‌ အော်ပြောလိုက်သည်။

"လူငယ်လေး … မင်း တော်ပါပေတယ် … မင်းက ပြိုင်ဘက်ကင်း နတ်ဆိုး နဂါးဘုရင် ငါ့ကို လွှတ်ပေးခဲ့တယ်၊ ငါ မင်းဆန္ဒတွေထဲက တစ်ခုကို ဖြည့်ဆည်းပေးမယ်"

သို့သော် ယဲ့ဖန်က နတ်ဆိုး၏ မျက်လုံးကိုသာ ရှုတည်တည်ဖြင့် စိုက်ကြည့်နေသည်။

*အင်*

ထိုအခိုက်တွင် နတ်ဆိုးသည် တစ်ခဏမျှ ကြောင်အသွားပြီးမှ သူ ဆက်ပြော လိုက်သည်။

"မင်း ငါ့တပည့် လုပ်မလား။ ငါကဘယ်သူမှ မလွန်ဆန်ရဲတဲ့ စကြဝဠာ ပြိုင်ဘက်ကင်း နတ်ဆိုး နဂါး ဧကရာဇ်ပဲ"

"ငါ့အချိန်တွေတုန်းက စကြဝဠာထဲက အလှ လေးများစွာက ငါ့ကို အိပ်ရာထဲမှာ ပြုစု ပေး ချင်ခဲ့ကြတာ။ စကြဝဠာထဲက ပါရမီရှင် တွေက ငါ့ရှေ့ ဒူးထောက်ပြီး ငါ့တပည့် ဖြစ်ပါရစေလို့ ငိုယို တောင်းဆိုခဲ့ကြတာ။ ဒါပေမယ့် ငါ သူတို့အားလုံးကို ငြင်းခဲ့တယ်။ လူငယ်လေး … မင်း ဒီနေ့ တော်တော် ကံကောင်းတာပဲ"

နတ်ဆိုးက သူ၏ တောက်ပခဲ့သော အချိန် များကို သတိရကာ အထီးကျန်ဆန်သော အပြုံးမျိုး ပြုံး၍ ဆက်ပြောနေသည်။

သို့သော် ယဲ့ဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ် လျက်ပင်။

….

ထို့နောက် နတ်ဆိုးနဂါးက ယဲ့ဖန်အား သူ၏ အပြာရောင် မျက်လုံးများနှင့် စိုက်ကြည့်ကာ မေးလိုက်သည်။

"ငါ မင်းကို ပြိုင်ဘက်ကင်း တိုက်ပွဲဝင် ပညာရပ်တစ်ချို့ သင်ပေးမယ် ဆိုရင်ကော ဘယ်လိုလဲ"

"လက်တစ်ချောင်း စကြဝဠာ၊ မိုးကောင်းကင်မျ နတ်ဆိုးနဂါး၊ ထိပ်တန်း ပြောင်းလဲခြင်း နတ်ဆိုး ပညာရပ် …."

"ဟူး … ငါ ငယ်ရွယ်စဉ်အခါက လက်တစ်ချောင်း စကြဝဠာ ပညာရပ်ကို သုံးပြီး ဇာခ့်ရဲ အပျိုစင် မယ်ရီကို သိမ်းပိုက်ခဲ့တယ်၊ မိုးကောင်းကင်မှ နတ်ဆိုး နဂါးကို သုံးပြီး စိတ်ဝိညာဉ်နယ်ပယ်က အပျိုစင် နတ်သမီးလေးတွေရဲ့ ချစ်မြတ်နိုးမှုကို ရယူနိုင်ခဲ့တယ်၊ ထိပ်တန်း ပြောင်းလဲခြင်း နတ်ဆိုး ပညာရပ်ကို သုံးပြီး ယန္တရားဘုရင်မရဲ့ နှလုံးသားကို စိုးမိုးနိုင်ခဲ့တယ်။ ဟူး … အဲ့ဒီ ချစ်ဖို့ကောင်းလိုက်တဲ့ မိန်းကလေးတွေ…."

နတ်ဆိုး နဂါးက စကားပြောရာမှ ရပ်ကာ မြေကြီးကို စိုက်ကြည့်နေသည်။

ထို့နောက် သူ ယဲ့ဖန်ကို တစ်ချက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က ရှုတည်တည်နှင့် ဆက်၍ စိုက်ကြည့်နေပြီး ငြိမ်သက်မြဲ ငြိမ်သက်ဆဲ ဖြစ်နေသည်ကို သူ သတိထား လိုက်မိသည်။ ထို့ကြောင့် နတ်ဆိုး နဂါးက သက်ပြင်းရှည်ကြီး ချကာ ခေါင်းခါလိုက်သည်။

"ကောင်းပြီလေ၊ လူငယ်လေး မင်းက ဒီဧကရာဇ်ရဲ့ တပည့် မဖြစ်ချင်မှတော့ ဒီဧကရာဇ် ထွက်သွားတော့မယ်၊ နောက်မှ တွေ့ကြတာပေါ့"

ထိုသို့ပြောပြီး နတ်ဆိုး နဂါး၏ နတ်ဆိုးချီက သိပ်သည်းလာကာ သူက ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်က နတ်ဆိုး နဂါးအား စိုက်ကြည့်နေရင်း မေးလိုက်သည်။

"မင်းကိုယ်မင်း ဘယ်လိုခေါ်တာ"

*အမ်*

နတ်ဆိုး နဂါး ကြောင်သွားသည်။ထို့နောက် သူက အသာပြုံး၍ လွှမ်းမိုးနိုင်သော အမူအရာဖြင့် ပြောလိုက်သည်။

"ငါက ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ စကြဝဠာမှာ ပြိုင်ဘက်ကင်း နတ်ဘုရား နတ်ဆိုး နဂါး ဧကရာဇ်ပဲ၊ မင်း ငါ့ကို နတ်ဆိုး ဧကရာဇ်လို့ ခေါ်လည်း ရတယ်"

ထို့သို့ ပြောပြီး နတ်ဆိုး နဂါးက ပြိုင်ဘက်ကင်း၍ အထီးကျန်သမား မျက်နှာကို ခေါင်းကို မော့ထားလိုက်သည်။

သို့သော်…

"ီးပဲ"

ထို့နောက် ယဲ့ဖန်က နတ်ဆိုးနဂါး၏ မျက်နှာကို အားနှင့် ပိတ်ပိတ်ထိုးလေတော့သည်။

ဘန်း!

နတ်ဆိုး မျက်နှာတစ်ပြင်လုံး ပျောက်ကွယ်သွားသည်။

"မင်းက ဒီအတိုင်း မကောင်းဆိုးဝါး ဝိညာဉ်ပဲကို၊ မင်းကိုယ်မင်း နတ်ဆိုးလို့ ခေါ်ဝေါ် ရဲတယ် ပေါ့လေ။ သေလိုက်တော့"

ဘန်း!

နတ်ဆိုး၏ မျက်နှာ ပြန်လည်ကောင်းမွန်လာသည်နှင့် နောက်တစ်ချက် ထပ်ထိုးခံ လိုက်ရသည်။

"မင်းက ဒီအတိုင်း အထီးကျန်နေတဲ့ စိတ်ဝိညာဉ်နဲ့ အဘိုးကြီးပဲ။ ဒါကို မင်းက မင်းကိုယ်မင်း ဧကရာဇ်လို့ ခေါ်ရဲတယ်ပေါ့လေ။ သေလိုက်တော့"

ဘန်း!

ယဲ့ဖန်က သူ့အား ထပ်ခါထပ်ခါ ထိုးနှက်သည်။

နတ်ဆိုးမျက်နှာက သုံးကြိမ်မှာ တစ်ကြိမ်လောက် လွင့်ပြယ်သွားလေသည်။ သို့သော် ဤသည်ကား အဆုံးမသတ်သေးပေ။

ဘန်း! ဘန်း! ဘန်း!

ယဲ့ဖန်က နတ်ဆိုးမျက်နှာအား ထပ်ခါ ထပ်ခါ အားနှင့် ထိုးနှက်သည်။

လက်သီး တစ်ချက်စီတိုင်းတွင် ဆန်းကြယ် အေးခဲ ချီဓာတ်များ ပါဝင်နေသဖြင့် မကောင်းဆိုးဝါး ဝိညာဉ် အလွန် တုန်လှုပ်လာသည်။

"ဟေ့ … ဟေ့ကောင် မင်း အရမ်း လွန်နေပြီနော်၊ ငါ မင်းကို မသတ်ချင်လို့နော်။ မင်းက ငါ့ကို ထိုးရဲတယ်ပေါ့"

"ကောင်းပြီလေ၊ ငါက ကြင်နာတတ်တဲ့ စိတ်နှလုံးသား ပိုင်ရှင်ပဲ။ အဲ့တော့ မင်းသာ ငါ့ကို လွှတ်ပေးရင် မင်း အသက်ဆက်ရှင်နိုင်တယ်"

ထိုသို့ပြောပြီးနောက် နတ်ဆိုးချီဓာတ်များက ရှေ့သို့ ဆန့်တိုးလာကာ ကောင်းကင်သို့ တက်ပြေးရန် ကြံရွယ်နေသည်။

သို့သော် ထိုအချိန်တွင် များစွာသော ဆန်းကြယ် ရေခဲ ချီဓာတ်များက သူ့ထံ တိုးကပ်လာကာ နတ်ဆိုးချီဓာတ်အား ချက်ချင်း ချိတ်ပိတ်လိုက်သဖြင့် နတ်ဆိုး မျက်နှာတစ်ခုလုံး အောက်ပြုတ်ကျလာသည်။

"မင်းကိုယ်မင်း သိပ်တော်တဲ့ကောင်လို ဟန်ဆောင်ပြီး ထွက်ပြေးချင်နေတာလား။ အဲ့တော့ သောက်ရမ်း မိုက်သွားရောလား"

ထို့နောက် ယဲ့ဖန်က လှောင်ရယ်သံဖြင့် အော်လိုက်သည်။

"ဒီမှာ ရော့ အဲ့ထက် မိုက်တဲ့ ဟာလေး"

ထိုသို့ပြောပြီး ယဲ့ဖန်က နတ်ဆိုးမျက်နှာအား ဆန်းကြယ် ရေခဲ ချီဓာတ်ဖြင့် အရူးအမူး ထိုးနှက်တော့သည်။

ဘန်း! ဘန်း! ဘန်း!

လက်သီး တစ်ချက်တိုင်းတွင် သူ၏ ချီဓာတ်က ပို၍ ကြမ်းကြုတ်လာသည်။

ယဲ့ဖန် နတ်ဆိုး နဂါးကို ရိပ်မိနေတာ ကြာလှပြီဖြစ်သည်။ နှစ်ထောင်နှင့် ချီ၍ ချိတ်ပိတ်ခံထားရသဖြင့် မီးစာ တောက်လောင်နေသော မီးအိမ်ကဲ့သို့ သူသည် သူ၏ အရင်းအမြစ်များအား လောင်ကျွမ်းစေခဲ့ပြီး ဖြစ်သည်။

သူက ရဲရင့်၍ အထိုးအခုတ် ကျွမ်းကျွင်သော သူသာ ဖြစ်သည်။

သို့ပင်မယ့် ယခုအချိန်တွင်…

တုန်လှုပ်နေသော နတ်ဆိုး နဂါးကို ကြည့်ပြီး ယဲ့ဖန်က ပြီတီတီ အပြုံးမျိုး ပြုံးလိုက်သည်။

"ဆန်းကြယ် ရေခဲ ချီဓာတ်၊ ချီးပဲ၊ ဘယ်လိုလုပ် မင်းက အဲ့လို အရာမျိုးကို သယ်ဆောင်ထားနိုင်တာလဲ"

နတ်ဆိုး နဂါး အလွန် တုန်ယင်နေသည်။ တစ်ချက် အထိုးခံလိုက်ရတိုင်း သူ ပို၍ အားနည်းလာသည်။

အဆုံးတွင် သူသည် သူ့ဝိညာဉ်ကို ဆုံးရှုံးလုမတတ် ဖြစ်လာရသည်။

"ရပ် … မင်းက ငါ့ထက် ပိုသန်မာတယ်ဆိုတာ ငါ ဝန်ခံပါတယ်"

နတ်ဆိုး နဂါးက တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ ထိုအခါမှ ယဲ့ဖန်က ထိုးနှက်ခြင်းကို ရပ်တန့်လိုက်သည်။

ထိုအခါတွင် နတ်ဆိုးချီဓာတ်မှ နတ်ဆိုး မျက်နှာ တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာသည်။

သို့သော် ဤတစ်ခေါက်တွင် နတ်ဆိုးချီဓာတ် အများစုက လွင့်ပျယ်နေသည်။ နတ်ဆိုးမျက်နှာတောင်မှ ဖောက်ထွင်း၍ မြင်နေရသည်။

ထို့နောက် နတ်ဆိုးနဂါးက ယဲ့ဖန်အား ပျာယာခတ်နေသော အမူအရာဖြင့် မေးလိုက်သည်။

"မင်း… မင်း ဘာလိုချင်တာလဲ"

သူ့မေးခွန်းကြောင့် ယဲ့ဖန်က မကောင်းဆိုးဝါးလို အပြုံးမျိုးပြုံးပြီး သူ့လက်ထဲမှ ဓားကျိုးကို ညွှန်ပြကာ ပြောလိုက်သည်။

"ငါ စိတ်ဝိညာဉ် ပစ္စည်းလုပ်ဖို့ စီစဉ်နေတာ၊ မကောင်းဆိုးဝါး စိတ်ဝိညာဉ် မရှိလို့ စိတ်ညစ်နေတာ"

"မင်းက အရမ်း ဟန်များနေမှတော့ ငါ့ဓားနဲ့ ပေါင်းစပ်လိုက်ပါလား။ ဒါဆို မင်းက ပို‌တောင် သန်မာလာဦးမယ်"

*ဘာ*

ယဲ့ဖန်၏ အပြောကြောင့် နတ်ဆိုးနဂါး မှင်တက်သွားသည်။

"မင်း … မင်း ငါ ဘယ်သူလဲ သိရဲ့လား။ ငါက ပြိုင်ဘက်ကင်း နတ်ဆိုး နဂါး ဧကရာဇ်ကွ၊ မင်းက ငါ့ကို မင်းရဲ့ ဓားဝိညာဉ် ဖြစ်ဖို့ ဘယ်လို‌တောင် မေးရဲတာလဲ။ မင်း…"

"မိပြီကွ"

နတ်ဆိုး နဂါး စကားမဆုံးခင်တွင် ယဲ့ဖန်က လက်ဆန့်ထုတ်၍ နတ်ဆိုး မျက်နှာကို လှမ်းဖမ်းလိုက်သည်။

ထို့နောက် ဓားကျိုးဖြင့် အားကုန်သုံး၍ ထိုးနှက်လိုက်သဖြင့် ဓားတွင် နတ်ဆိုး ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။

ဂျွတ်! ဂျွတ်!

ဓားသွားပေါ်တွင် အက်ကြောင်းရာများ ပေါ်လာသည်။

ထို့ကြောင့် ဓားကျိုးသည် အချိန်မရွေး တစ်စစီ ကျိုးပဲ့သွားမည့် ပုံပေါ်နေသည်။ သို့သော် ယဲ့ဖန်က ဆက်၍ လုပ်နေသည်။

သူ့လက်ချောင်းထိပ်ကို သွားဖြင့်ကိုက်ကာ ဓားသွားပေါ်တွင် သူ့သွေးဖြင့် ရှေးဟောင်းစာတစ်ချို့ ရေးသားလိုက်သည်။

ထိုစာလုံးများမှ သွေးဆာနေသော အလင်းများ ဖြာထွက်လာပြီး ဆိုးရွား၍ မကောင်းဆိုးဝါး ဆန်သော အရိပ်တစ်ခု ထင်ဟပ်နေသည်။

ထိုအချိန်တွင် ဓားထဲရောက်နေသော နတ်ဆိုး နဂါး ထိတ်လန့် တုန်လှုပ်သွားသည်။

"နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာ။ မြတ်စွာဘုရား။ ဒါက နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာလို့ ခေါ်တဲ့ နတ်ဆိုး  ခြယ်လှယ်ခြင်း ပညာရပ်ပဲ"

"ချီးပဲ၊ နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာကို တတ်မြောက်ထားတဲ့သူမှာ ဘယ်လိုလုပ် ဆန်းကြယ် ရေခဲ အရင်းအမြစ် ရှိနေရတာလဲ။ မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး"

"လူထူးဆန်း … မင်းက လူထူးဆန်းပဲ"

နတ်ဆိုး နဂါးက သေမတတ် ကြောက်လန့်ကာ ထိတ်လန့်တကြား အော်ဟစ်နေသည်။ သို့သော် ယဲ့ဖန်က သူ့အပြုအမူကို ဥပေက္ခာ ပြုထားသည်။

ထို့နောက် သူ လက်ဆန့်ထုတ် လိုက်သောအခါ ဓားသွားပေါ်တွင် ငရဲမီး ထတောက် လာသဖြင့် နတ်ဆိုး နဂါး ထိတ်လန့်တကြား အော်ဟစ်မိသည်။

ပုံသွင်းဖို့ ဆယ့်ငါးမိနစ်ခန့် အချိန်ယူလိုက်ရသည်။

ဓားကျိုးသည် ယခင်အတိုင်း သံကျေးတက်ကာ အက်ရာများနှင့် ဖြစ်နေသေးသည်။

ထိုအချိန်တွင် ဓားသွားမှ ပြိုင်ဘက်ကင်းသည့် အားကောင်းသော လက်နက်တစ်ခုကဲ့သို့ မြင်သူတိုင်း တုန်ယင်သွားလောက်သည့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်သည့် အစွမ်းများ ထွက်ပေါ်လာသည်။

"သေစမ်း …. ငါ နောက်တစ်ခါ ချိတ်ပိတ်ခံရပြန်ပြီ။ ဟို လူထူးဆန်း အဘိုးကြီးကြောင့် ငါ နှစ်ထောင်နဲ့ ချီပြီး အပိတ်ခံခဲ့ရတယ်။ အခုလည်း လူထူးဆန်း ကောင်လေးကြောင့် အပိတ်ခံရပြန်ပြီ။ ဘုရားရေ… ငါက အခြားသူတွေထက် နည်းနည်း ပိုရုပ်ချော၊ ပိုမိုက်၊ ပိုသန်မာပြီးတော့ ပိုအပျော်အပါး မက်မှန်း ငါသိပါတယ်၊ ဒါပေမယ့် ဒါ ငါ့အမှားမှ မဟုတ်တာ"

နတ်ဆိုး နဂါး ဝမ်းနည်း ပက်လက်ဖြင့် ငိုယိုလိုက်ပုံကြောင့် ယဲ့ဖန် ပြောစရာ စကားမရှိတော့သလို ဖြစ်သွားရသည်။

"ချီးပဲ … ဒီလောက် အရှက်မရှိတဲ့ကောင်မျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး"

ဂျွတ်ခနဲ အသံနှင့်အတူ ဓားကျိုး၏ မျက်နှာပြင်တွင် ဆန်းကြယ် ရေခဲချီဓာတ်ဖြင့် ပြည့်နှက်လာသောကြောင့် နတ်ဆိုး နဂါး သံကုန်ဟစ်အော် လိုက်ရသည်။

"လုပ်စမ်းပါ … မင်းရဲ့ အစွမ်းအစလေးလည်း ပြပါဦးဟ" ယဲ့ဖန်က မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။

နတ်ဆိုး နဂါးက အင်တင်တင် ဖြစ်နေသော်လည်း သူ ယဲ့ဖန်၏ အမိန့်ကို မလွန်ဆန်ရဲပါ။

ချက်ချင်းဆိုသလိုပင် ဓားကျိုးမှ ပြင်းထန်သော အလင်းများ ဖြာထွက်လာသည်။ ထို့နောက် ဓားသည် လှုပ်တုပ်တုပ် ဖြစ်ကာ ယဲ့ဖန်၏ လက်ထဲမှ မြောက်တက်လာသည်။

ထို့နောက် အလွန် တောက်ပသည့် အလင်းတန်းများ ကောင်းကင်ထက်သို့ တစ်ခဏမျှ ဖြာထွက်လာသည်။

ထို့နောက် ရုတ်တရက် ဓားက လေထဲ တန့်ခနဲ ဖြစ်သွားသည်။

"အာ … ဒီဧကရာဇ် မိန်းကလေးတွေရဲ့ ကိုယ်နံ့ကို ရလိုက်တယ်။ အိုးဟိုးဟိုး … သိပ်ကောင်း၊ သိပ်မွှေး ၊ သိပ်သန့်စင်တဲ့ ရနံ့ပါလား။ ဂတ်…ဂတ်… ငါ လာပြီဟေ့"

ဓားကျိုးသည် တစ်ချက် တုန်သွားပြီး စာသင်ခန်းများဘက်သို့ လျှပ်စီးထက် မြန်သော နှုန်းဖြင့် ပျံသန်းသွားသည်။

All Chapters