← Chapters

နှာဘူးတစ်ကောင်

Vol. 13 Ch. 193

နှာဘူးတစ်ကောင်

Vol. 13 Ch. 193

Class 2, Senior 1 တွင် ထိပ်ပြောင်ပြောင်နှင့် ဆရာတစ်ယောက် ပါးစပ် အမြှုပ်တစီစီ ထကာ သင်တန်းစာ သင်ပေးနေသည်။

အတန်းထဲမှ ကျောင်းသား တစ်ဝက် လောက်က အိပ်ငိုက်နေကြသည်။ ထိုစဉ် အသံထက် မြန်သော ပေါက်ကွဲသံ တစ်သံ ကျောင်းဝင်း တစ်ဝိုက် ပျံ့နှံ့လို့လာသည်။

စာသင်ခန်း တံခါးက တစ်စစီ ကျိုးပဲ့သွားကာ လျှပ်ခနဲ မီးလက်သွားသည်။

အသံကျယ်ကြီးကြောင့် နိုးလာသော ကျောင်း သား များနှင့် ဆရာတို့ အံ့ဩသွား ကြသည်။

ဘာတွေ ဖြစ်နေသလဲ ဘယ်သူမှ မသိကြ။ သို့သော် သည်လောက်နှင့် မပြီးသေး။

အလင်းရောင် တစ်ခုက အခန်းတွင်း ခေါက်တုံ့ ခေါက်ပြန် သွားနေသည်။

လှပသော ကျောင်းသူလေးတစ်ယောက် ထိုင် ခုံမှာတင် ငေးငိုင်သွားသည်။

အလင်းရောင်က ထိုင်ခုံနား လှစ်ခနဲ ဖြတ်သွား ပြီးနောက် ထိုင်ခုံသည် နှစ်ပိုင်း ပြတ်သွား လေတော့သည်။

ကျောင်းသူလေးသည်လည်း ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားတော့သည်။

"ဘုရားရေ … ပန်းရောင်လေးဟ"

အပျော်အပါးမက်သော အသံတစ်သံ ထွက် လာသည်။

ထိုကျောင်းသူလေးသည် တစ်ခဏမျှ ငေးမော သွားသော်လည်း ဘာကို ဆိုလိုမှန်း ရိပ်မိ သွားသည်နှင့် သူမ မျက်နှာလေးက ချက်ချင်း ဆိုသလို နီမြန်းလာတော့သည်။

ရှက်လည်းရှက်၊ ဒေါသလည်း ထွက်ကာ သူမ အခန်းတစ်ဝိုက်ကို ဝေ့ကြည့်ပြီး အသံ ပိုင်ရှင်ကို လိုက်ရှာမိသည်။

သို့သော် သူမ ဘယ်သူ့ကိုမှ မတွေ့။

သို့သော် ဤသည်ကား အစပင် ရှိသေးသည်။ နောက်ထပ် ကျောင်းသူလေး၏ ခုံက ဘေး ကနေ သပ်သပ်ရပ်ရပ်ကို ကွဲထွက်သွား သည်။

ထိုစဉ် အပျော်အပါးမက်သော အသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဖြူစင်လိုက်တဲ့ ယုန်လေး၊ ငါ ကြိုက်တယ်၊ ဂတ်…ဂတ်…"

ထိုစဉ် အခန်းတစ်ခန်းလုံး ပွက်လောရိုက် သွားသည်။

ကျောင်းသူလေးများ၏ ခုံများ တစ်ခုံပြီး တစ်ခုံ ကျိုးသွားပြီး မဖွယ်မရာ အသံက ထပ်၍ ထပ်၍ ထွက်ပေါ်လာသည်.

"အာ … ခရမ်းရောက် lesbian … ချီးပဲ … ငါ သည်းမခံနိုင်ဘူးဟေ့"

"ချီး … သူမက ဘာမှ မဝတ်ထားဘူးဟ … ဟူး … လူတွေရဲ့ အကျင့်စာရိတ္တက တစ်နေ့ တစ် ခြား ဆိုးရွားလာပါလား။ လူသားတွေရဲ့ နှလုံး သား ကလည်း ဟိုးအရင်တုန်းကလို မဟုတ် တော့ဘူး"

"ချီး … ဒါ ကြိုးတစ်လုံးလေးပဲ … ဘုရား ... ဘုရား … ဒါကို မြင်လို့ကတော့ ဘုန်းကြီး တောင် ဈာန်လျောသွားနိုင်တယ်"

ထိုအသံက အလွန် ညစ်တီးညစ်ပတ် နိုင်လှ၏။ တစ်ခန်းလုံး အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။ ကျောင်းသူ အားလုံး နီးပါး၏ ခုံများ ကျိုးနေလေသည်။

သူတို့၏ မျက်နှာလေးများက ရှက်စိတ် ကြောင့် အလွန် နီမြန်းလို့နေ၏။

ထိုမဖွယ်မရာ အသံကို ကြားလေ သူတို့ ပိုဒေါသ ထွက်ပြီး အံတင်းတင်း ကြိတ်မိ လေဖြစ်သည်။

နောက်ဆုံး ကျောင်းသူလေး၏ ခုံ ကျိုးသွား ပြီးနောက် ထိုအသံက ထပ်မံ၍ ထွက်ပေါ် လာသည်။

"မည်းလိုက်တာ… သောက်ရမ်းကို မည်းနက် နေတာပဲ"

ဖွီ!

ထိုကျောင်းသူလေး သွေးအန်မတတ် ဖြစ်သွားရှာသည်။ ထိုအချိန်တွင် စာသင်ခန်းထဲမှာ များစွာသော ကျောင်းသူလေးများ၏ ခုံများသည် ကိုယ်ပျောက် လူဆိုးကောင်ကြောင့် ကျိုးသွားတော့သည်။

ကျောင်းသူလေးများ၏ ထိုင်ခုံ အကုန်ကျိုးသွားပြီးတော့ ထိုအရာသည် ဆရာ၊ ဆရာမများ၏ ရုံးခန်းသို့ လှစ်ခနဲ ဝင်ရောက်သွားသည်။

….

ဖန့်ယင်းသည် ရုံးခန်းထဲ၌ စာမေးပွဲ စာရွက်များကို အမှတ်ခြစ်နေသည်။ သို့သော် ထိုအချိန်တွင် အလင်းတန်းတစ်ခုက ရုံးခန်းထဲ လှစ်ခနဲ ဝင်လာပြီး ဖန့်ယင်း၏ ခုံသို့ တန်း၍ ဝင်ရောက်လာသည်။

ထိုစဉ် လက်တစ်ဘက်က ရုတ်တရက် ပေါ်လာပြီး ထိုဓားကျိုးကို ဖမ်းကိုင် ထားလိုက်သည်။

"မင်း သေချင်နေတာလား"

အလွန် တင်းမာသော အသံကြောင့် နတ်ဆိုး နဂါး တုန်ယင်သွားသည်။

ထို့နောက် ဆန်းကြယ် ရေခဲ ချီဓာတ်က ဓားကျိုးထဲသို့ စိမ့်ဝင်သွားသည်။

"အား…အား…အား"

နတ်ဆိုး နဂါးသည် သူ့နတ်ဆိုး ချီဓာတ်များ အေးခဲလာသဖြင့် ဓားထဲ လျှောက်ပတ် သွားနေမိသည်။ နာကျင်လွန်း၍ သူ ဝိညာဉ် ဆုံးရှုံးမတတ် ဖြစ်လာရသည်။

"ဟုတ်ပါပြီ … ငကြောင်ကောင်ရဲ့"

"ငါ…. ငါ မှားသွားပါတယ်၊ ငါ့ကို ခွင့်လွှတ်ပေးပါ၊ ငါ့ကို ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ"

နတ်ဆိုး နဂါး ကြောက်ရွံ့လာသည်။ ယဲ့ဖန်က သူ့ကို တကယ် သတ်နိုင်ကြောင်း ယခုမှ သူ သေချာ သိလာရသည်။

ယဲ့ဖန်၏ ဆန်းကြယ် ရေခဲ ချီဓာတ်က သူ့ကို အေးစက် တောင့်တင်းသွားစေနိုင်သည်။

သို့သော် သူ့အသံက ဓားကျိုးကြောင့် လုံးဝ ပိတ်ဆို့ထားသလို ဖြစ်နေသည်။

*ဟင်*

ထိုစဉ် ဖန့်ယင်းသည် ယဲ့ဖန်၏ အသံကို ကြားလိုက်ရသဖြင့် ခေါင်းမော့လိုက်သည်။

"ယဲ့ဖန်လား"

ဖန့်ယင်း တစ်ခဏမျှ ငိုင်နေပြီးမှ ထအော်လိုက်မိသည်။

"ကောင်စုတ်လေး … နင် ဘယ်သူ့ကို သေချင်နေတာလားလို့ ပြောလိုက်တာလဲ။ နင် ဘယ်တွေရောက်နေတာလဲ။ နင် ကျောင်းကို လာတောင် မတက်ဘူး။ နင် ကျောင်းသားရော ဟုတ်သေးရဲ့လား"

ယဲ့ဖန် ရုတ်တရက် ရောက်လာသောကြောင့် ဖန့်ယင်း တကယ်ကို ထိတ်လန့်သွားမိသည်။

သူ၏ 'သေချင်နေတာလား' ဟု နှုတ်ဆက်ပုံကြောင့် ဖန့်ယင်း ဒေါသူပုန် ထနေရသည်။

ဖန့်ယင်း၏ တရစပ် မေးခွန်းများကြောင့် ယဲ့ဖန် ချက်ချင်း ရှက်လာကာ နှာခေါင်းကို ပွတ်ရင်း ပြောလိုက်သည်။

"မမလေးဖန့် … ကျွန်တော် အဲ့လို ပြောဖို့ မရည်ရွယ်ပါဘူး၊ အဲ့ဒါက … အဲ့ဒါက နားလည်မှု လွဲသွားတာပါ"

ယဲ့ဖန် နတ်ဆိုးနဂါး၏ ဘိုးဘေးတွေကို ကျိန်ဆဲလိုက်ရင်း ဆန်းကြယ် ရေခဲ ချီဓာတ်ကို သူ့လက်သို့ ပို့လွှတ်လိုက်သဖြင့် နတ်ဆိုး နဂါး ကျယ်လောင်စွာ အော်ငိုရပြန်သည်။

ယဲ့ဖန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည်နှင့် ဖန့်ယင်း အရင်လို တည်ငြိမ်လာသည်။

ထို့နောက် သူမက ယဲ့ဖန်၏ မျက်လုံးကို စိုက်ကြည့်ကာ မေးလိုက်သည်။

"နင် ငါမေးတာကို ပြန်မဖြေဘူး။ နင် ဘာလို့ ဒီရက်ပိုင်း ကျောင်းလာမတက်တာလဲ။ ပြီးတော့ ခုနက ကျောင်းကို ဖျက်ဆီးသွားတဲ့ အဖြစ်အပျက်က နင်နဲ့ ပတ်သက်နေတယ် မလား"

ဖန့်ယင်း၏ ပြတ်သားသော အကြည့်ကြောင့် ယဲ့ဖန် ဆွံ့အသွားရသည်။

ဖန့်ယင်းကို ကြည့်နေရင်းမှ သူ ခပ်မြန်မြန် စကားလမ်းကြောင်း လွှဲလိုက်သည်။

"မမလေးဖန့် … အခုတလော ကိုယ်တွင်း အပူတွေကို တအား ထိန်းနေရလား။ ခင်ဗျား ခါးရော ကျဉ်လာသလား။ ခင်ဗျား ကျောအောင့်သေးလား။ ခင်ဗျား အိပ်မက်ဆိုးတွေ အမြဲမက်လား"

*ဘာ*

ဖန့်ယင်း ဇဝေဇဝါ ဖြစ်သွားသည်။ သူမ တစ်ခဏလောက် တွေးတောနေပြီးနောက် ခေါင်းညိတ်လိုက်ပြီး ယဲ့ဖန်အား တွေဝေစွာ မေးလိုက်သည်။

"နင် …. နင် ဘယ်လိုလုပ် သိနေတာလဲ"

သူမတွင် အခုတလော ကျန်းမာရေး ပြဿနာများ တကယ်ကို ရှိနေသည်။ သူမ အိပ်မက်ဆိုးကြောင့် အမြဲ ညသန်းခေါင်လောက် ပြန်ပြန်နိုးလာရသည်။

သို့သော် ယဲ့ဖန်က ဘယ်လိုသိနေရတာပါလိမ့်။

ထို့နောက် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ရှင်းပြလိုက်သည်။

"မမလေး ဖန့် တကယ်တော့ အဲ့ဒါက လုံးဝ ရောဂါ မဟုတ်ပါဘူး။ ခင်ဗျားမှာ သွေးနဲ့ ကိုယ်တွင်း အပူတွေ လွန်ကဲနေလို့ပါ"

*ဘာ*

ယဲ့ဖန် ပြောချင်တာကို သူမ နားမလည်သဖြင့် ဖန့်ယင်း မှင်တက်သွားရသည်။ ယဲ့ဖန် ထပ်ပြောလိုက်သည့် စကားကြောင့် သူမ ပို၍ပင် စိတ်ရှုပ်သွားရ၏။

"မမလေးဖန့် ခင်ဗျားရဲ့ အပျိုစင်သွေး တစ်ချို့ ထုတ်နိုင်အောင် ကျွန်တော် ကူညီပေးပါရစေ၊ စိတ်မပူပါနဲ့၊ ခဏပဲ ကြာမှာပါ။ နာတာတို့၊ ယားယံတာတို့ မဖြစ်စေရပါဘူး၊ ကျွန်တော် ကတိပေးပါတယ်"

*ဘာ*

*အပျိုစင်သွေး*

*ခဏပဲ ကြာမယ်*

*နာလည်းမနာဘူး၊ ယားလည်း မယားဘူး*

*ဒီကောင်စုတ်…*

ဖန့်ယင်း မဖော်ပြအပ်သော မြင်ကွင်းတစ်ခုကို မြင်ယောင်လာပြီး သူမ မျက်နှာက ရှက်စိတ်ကြောင့်ရော ဒေါသစိတ်ကြောင့်ပါ နီမြန်းလာသည်။

ထိုစဉ် ယဲ့ဖန်က သူမနား တိုးလာသည်ကို သူမ မြင်လိုက်ရသဖြင့် သူက သူမကို မုဒိန်းကျင့်တော့မည်ဟု သူမ တွေးလိုက်မိသည်။

ဖန့်ယင်း မျက်နှာလေးတွင် ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာသည်။

ထိုစဉ် ယဲ့ဖန်က လက်တစ်ချက် လှုပ်ကာ ငွေအပ်တစ်ချောင်းကို ထုတ်လိုက်သည်။

….

ဖန့်ယင်း တစ်ခဏမျှ ကြောင်သွားသည်။ ထို့နောက်တွင်တော့ ယဲ့ဖန် ဘာလုပ်ချင်တာလဲ ဆိုတာကို သူမ သဘောပေါက်သွားသည်။

ယဲ့ဖန်က ငွေအပ်နှင့် သွေးတစ်ချို့ ဖောက်ထုတ်ကာ သူမကို ကူညီပေးချင်ပုံရသည်။

သူမစိတ်ထဲမှ ဟိုမြင်ကွင်းကို သူမ ပြန်မြင်ယောင်လာပြီး သူမ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲရင်း မျက်နှာလှလှလေးက အလွန် နီမြန်းလို့နေသည်။

"ယဲ့ဖန် အဲ့ဒါ အလုပ်ဖြစ်ပါ့မလား"

ယဲ့ဖန်၏ ထူးချွန်သော ဆေးပညာကို ချင်ရွှယ်ထံမှ ဖန့်ယင်း ကြားပြီးသား ဖြစ်သည်။ ဒါတောင်မှ သူမ ယုံမှားသံသယ ဖြစ်မိသေးသည်။

"စိတ်မပူပါနဲ့ မမလေးဖန့်… ဒီငွေအပ်နဲ့ ခင်ဗျားရဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းပေးပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်"

ယဲ့ဖန်က ပြန်ပြောရင်း ပုလင်းသေးသေးလေး တစ်ပုလင်းကို ပြုံး၍ ထုတ်လိုက်သည်။ ထို့နောက် သူက လက်ကောက်ဝတ်ကို ဆတ်ခနဲ လှုပ်ရှား၍ ငွေအပ်ကို ဖန့်ယင်း၏ လက်ဖျံသို့ စိုက်လိုက်သည်။

သွေးစက်က ပုလင်းလေးထဲ စိမ့်ဝင်သွားသည်။

ငွေအပ်ကို တစ်လှည့် ပုလင်းကို တစ်လှည့် ကြည့်ရင်း ဖန့်ယင်း ရုတ်တရက် ကြံကြံဖန်ဖန် စိတ်ကူးယဉ်လိုက်မိသည်။

"ဒီလူက ငါ့အတွက်ပဲ ဖြစ်ရမယ်"

စက္ကန့်အနည်းငယ် ကြာသောအခါ ယဲ့ဖန်က ဒဏ်ရာကို အသာလေး ဖိလိုက်ပြီးနောက် သွေးထွက်တာ ရပ်သွားသည်။

ထို့နောက် သူ၏ သွေးစက်ထည့်ထားသော ပုလင်းလေးကို အိတ်ကပ်ထဲ သေချာ ကောက်ထည့်လိုက်သည်။

"မမလေးဖန့် ပြီးသွားပါပြီ"

ထိုသို့ပြောပြီး ယဲ့ဖန်က ချက်ချင်းပင် အခန်းထဲမှ ခပ်သွက်သွက် ထွက်သွားရင်း ထပ်ပြောလိုက်သည်။

"နောက်မှ တွေ့ကြတာပေါ့ မမလေးဖန့်"

ဖန့်ယင်း မည်သို့မျှ မတုံ့ပြန်နိုင်ခင်တွင် ယဲ့ဖန်က သူမ မြင်ကွင်းထဲမှ ထွက်ခွာသွားပြီ ဖြစ်သည်။

*သေစမ်း*

*ဒီကောင် ဒီကို တကယ်ပဲ ငါ့သွေးကို လိုချင်လို့ လာတာလား*

ဖန့်ယင်းသည် ယဲ့ဖန်၏ တကယ့် ရည်ရွယ်ချက် အစစ်အမှန်ကို သံသယဝင်လာသည်။

သို့သော် ယဲ့ဖန်က ဖန့်ယင်း၏ သံသယစိတ်ကို စိုးရိမ်မနေပါ။

သွေးတစ်ဝက်ပါသော ပုလင်းလေးကို လှုပ်ရင်း သူက ပြီတီတီ မျက်နှာနှင့် ရေရွတ်လိုက်သည်။

"ဒီ မွေးရာပါ စိတ်ဝိညာဉ် သွေးတစ်ဝက်ပါတဲ့ ပုလင်းနဲ့ဆို ငါ နတ်ဆိုးပြန်လည် ရှင်သန်ဆေးလုံးကို ပိုလုပ်နိုင်ပြီ"

အသာပြုံးလိုက်ပြီး ယဲ့ဖန်က ကျောင်းပေါက်ဝသို့ တန်း၍ လျှောက်သွားသည်။ သို့သော် သူ ကျောင်းပေါက်ဝ ရောက်သည်နှင့် သတင်းထောက်များစွာက ကျောင်းထဲဝင်ဖို့ တိုးဝင်ဖို့ ကြိုးစားနေသည်ကို တွေ့လိုက်ရသည်.

"မြန်မြန်လုပ် … မြန်မြန်လုပ် … စောနလေးတင် ကျန်းရှီ မြူနီစီပယ် အလယ်တန်းကျောင်းမှာ သဘာဝလွန် ဖြစ်ရပ် ဖြစ်သွားတယ်တဲ့ … ကျောင်းသူလေးတွေရဲ့ ခုံတွေက ဘာကြောင့်မှန်း မသိဘဲ ကျိုးကုန်ပြီး ကိုယ်ပျောက် နှာဘူးကောင် ရှိနေသလိုပဲတဲ့"

"ချီးပဲဟေ့ … ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်တဲ့ လောကကြီးလဲ။ ဘယ်လိုလုပ် ကိုယ်ပျောက် နှာဘူးကောင် ဆိုတာမျိုးက ရှိနေမှာလဲ"

"အဲ့ကိုယ်ပျောက် နှာဘူးကောင်က တော်တော်လေး ထန်တာတဲ့။ သူက ကျောင်းသူလေးတွေရဲ့ အောက်ခံကိုတောင် ခိုးကြည့်သေးတယ်တဲ့။ ဘုရား…ဘုရား"

သတင်းထောက်များ၏ စကားသံများကို ကြားပြီး ယဲ့ဖန် ဆွံ့အသွားရသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ ဆန်းကြယ် ရေခဲ ချီဓာတ်ကို သူ့လက်သို့ ပို့လွှတ်လိုက်သဖြင့် နတ်ဆိုး နဂါးသည် အသတ်ခံရတော့မည် ဝက်တစ်ကောင်လို အော်ဟစ်နေရတော့၏။

All Chapters