ငါ ပေါ်မလာဘူးဆိုရင် ငါ မင်းကို ဘယ်လိုလုပ် သတ်လို့ရမှာလဲ
Vol. 13 Ch. 195
"ယဲ့ဖန်"
သူ့မျက်နှာကို မြင်လိုက်သည်နှင့် ဖုန်းကျစ် ချိုက်နှင့် အခြားသူများ ထိတ်လန့်ကာ မျက်နှာပျက် သွားကြသည်။
သူတို့ ဗီဒီယိုကို ကြည့်ပြီးသွားပြီ ဖြစ်သော ကြောင့် သူတို့ သူ့မျက်နှာကို မှတ်မိပါသည်။
သို့သော် သူတို့သည် ကြမ်းပြင်ပေါ် ကျလာ သော ပြာပုံများကို ကြည့်ပြီး နေရာမှာ ရပ်မြဲ တိုင်း ရပ်နေကြသည်။
"ငါ…. ငါပဲ မျက်စိပြာနေတာလား"
ဖုန်းကျစ်ချိုက် အပါအဝင် ဖုန်းကလန်မှ မည်သူမဆို ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။
"သူ့ရဲ့ အဖြူနဲ့အနက် ချီဓာတ်က လူတွေကို ပြာဖြစ်သွားအောင် ဘယ်လိုလုပ် လုပ်နိုင် သွားတာလဲ။ အဲ့ဒါ ဘာကြီးလဲဟ"
"ယဲ့ဖန် မင်း တကယ် လာရဲတာပဲ"
ဖုန်းကျစ်ချိုက်က မျက်ခွံ တဆတ်ဆတ် လှုပ်နေ သလို ခံစားရရင်း ယဲ့ဖန်အား အလွန် မုန်းတီး ရန်လိုသည့် အကြည့်များဖြင့် ကြည့် နေလိုက်သည်။
ဖုန်းကလန်မှာ အခြားသူများကလည်း သူတို့ လက်နက်ကို ချက်ချင်း ဆွဲထုတ်ပြီး ယဲ့ဖန်အား ဝိုင်းထားလိုက်သည်။
သူတို့၏ ပြုမူ လှုပ်ရှားပုံကို ကြည့်ရင်း ယဲ့ဖန်က မိစ္ဆာဆန်ဆန် အပြုံးနှင့် ပြန်ပြောလိုက်သည်။
"ငါ ပေါ်မလာဘူးဆိုရင် မင်းကို ငါ ဘယ်လို သတ်လို့ရမှာလဲ"
*မောက်မာတယ်*
ယဲ့ဖန်က ဖုန်းကျစ်ချိုက်နှင့် ဖုန်းကလန်မှ အခြားသူများကို အလွန်အထင်သေးသည်။
"ကောင်းတယ် … တယ် မောက်မာတဲ့ ခွေးမ သားလေးပါလား … ငါ့အစ်ကိုရဲ့ သေဆုံးမှု အတွက် လက်စားချေတဲ့ အနေနဲ့ မင်းကို ငါ နုတ်နုတ်စင်းပစ်မယ်"
ဖုန်းကျစ်ချိုက်က ပြောရင်း လက်တစ်ဘက် မြှောက်ကာ အမိန့်ပေးလိုက်သည်။
"သူ့ကို သွားသတ်ကြစမ်း"
သူ့စကားအဆုံးတွင် အခြားသူများက ယဲ့ဖန် ထံသို့ ပြင်းထန်သော ချီဓာတ်များဖြင့် ခုန်ဝင် လာကြသည်။
"သေပေတော့"
ပြင်းထန်သော တိုက်ပွဲခေါ်သံများ နှင့်အတူ သူတို့သည် သူတို့လက်နက်များကို ယဲ့ဖန် ထံသို့ ဝင့်လိုက်သည်။
လက်နက်တစ်ခုချင်းစီတိုင်းတွင် ပြင်းထန် သော ချီဓာတ်များနှင့် ပြည့်နှက် နေသည်။
ထို့ပြင် ဖုန်းကလန်တွင် ကျန်ရှိနေသော အင် အားစု များတွင် အနိမ့်ဆုံးသူက ကြယ်တစ်လုံး အဆင့် ဖြစ်သည်။ လူအများစုသာဆိုလျင် ကြယ်တစ်လုံးအဆင့် ဒါဇင်နှင့် ချီသော လူများ သူတို့ထံ ပြေးဝင်လာသည်ကို မြင်ပါက ကြောက်လန့်ကာ ပြိုလဲသွားလောက်သည်။
သို့သော် ယဲ့ဖန်က သေစေနိုင်သော တိုက် ကွက် များကို ရှောင်ရှားခြင်း မပြုသည့် အပြင် အေးတိအေးစက် မျက်နှာထားဖြင့် ငြိမ်နေ သည်။
သူ့မျက်လုံးထဲတွင် သူတို့အားလုံးက ပုရွက် ဆိတ် သာသာ၊ သာ ဖြစ်သည်။
သူတို့၏ သေစေနိုင်သော တိုက်ကွက်များက ယဲ့ဖန်နား နီးကပ်လာစဉ်တွင် ယဲ့ဖန်က ရုတ်တရက် ခြေဆောင့်လိုက်သည်။
ထို့နောက် သူက အဖြူနှင့် အနက်ရောင် နတ်ဆိုး ချီဓာတ်များကို အရပ်မျက်နှာ အနှံ့ ထုတ်လွှတ် လိုက်သည်။
အဖြူနှင့်အနက်ရောင် နွယ်ပင်များသဖွယ် ချီဓာတ်များက သူတို့အား ရစ်ပတ် ချည်နှောင်သွားသည်။
ဘေး၌ ရှိနေသော အင်အားစုများကိုတော့ ချက်ချင်း ဆိုသလိုပင် ရေခဲလွှာများက ဖုံးလွှမ်းသွားသည်။
ထို့နောက် သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်း လာသည်။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များကို ရေခဲထုများက ဖုံးအုပ်လာပြီး သူတို့အားလုံး ရေခဲပန်းပု ကဲ့သို့ တောင့်တင်းသွားကြသည်။
…
သူ၏ နောက်လိုက်များကို ကြည့်ပြီး ဖုန်းကျစ်ချိုက်နှင့် ဖုန်းကလန်မှ အခြားအင်အားစုများ မှင်တက် သွားကြသည်။
အေးခဲနေသော လူများကို သူတို့ ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။
"ရှောင်ဝူ"
အင်အားကြီးသူတစ်ယောက်က သူ့အား အေးခဲ တောင့်တင်းသွားသည်ကို မြင်ပြီး အလွန် စိတ်မကောင်း ဟန်ဖြင့် အော်ဟစ်လာသည်။
ထို့နောက် ဓားကိုင်ထားသော ရှောင်ဝူ၏ လက်တစ်ဘက်က ကြမ်းပြင်ပေါ် ပြုတ်ကျ လာသည်ကို မြင်ပြီး သူ တောင့်ခနဲ ဖြစ်သွားသည်။
ခွပ်!
ကြမ်းပြင်နှင့် ထိမိသည်နှင့် ထိုလက်တစ်ဘက်က တစ်စစီ ဖြစ်လို့သွားသည်။
သို့သော် ဤသည်က အစသာ ရှိသေးသည်။ သူ၏ လက်တစ်ဘက် ပြုတ်ကျပြီးနောက် ရှောင်ဝူ၏ ခန္ဓာကိုယ်တစ်ခုလုံး လဲကျကာ ကွဲကြေသွားပြီးနောက် ပြာဖြစ်သွားလေသည်။
ဆင့်ကဲ ဖြစ်ပွားခြင်းက ဇယ်ဆတ်သလို ဆက်တိုက် ဖြစ်လာသည်။ ဖုန်းကျစ်ချိုက်နှင့် ဖုန်းကလန်မှ အခြား အင်အားစုများ၏ အံ့ဩနေသော အကြည့်အောက်မှာပင် အေးခဲသွားသော အင်အားစုများက တစ်ယောက်ပြီး တစ်ယောက် လဲကျကာ ပြာဖြစ်သွား လေတော့သည်။
ခွပ်! ခွပ်! ခွပ်!
အသံတစ်သံဆီတိုင်းက လဲကျသွားသော အင်အားစု များကို ကိုယ်စားပြုနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်ကို သတ်မည်ဟု ကြွေးကြော် ထားသော ဒါဇင်နှင့် ချီသည့် အင်အားစုများ ပြာဖြစ်သွားလေသည်။
ခန်းမတစ်ခုလုံး သုသာန်အလား တိတ်ဆိတ်လို့ သွားသည်။
အသက်ရှင်နေသေးသူများ၏ မျက်လုံးများတွင် အကြောက်တရားများ စိုးမိုးနေကာ ယဲ့ဖန်အား နတ်ဆိုးဟု ထင်မြင်နေမိသည်။
"မင်း …. မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ဖုန်းကျစ်ချိုက် ကိုယ့်မျက်လုံးတောင် ကိုယ် မယုံနိုင်ပါ။ ယဲ့ဖန်၏ တိုက်ပွဲ ဗီဒီယိုများကို သူ ကြည့်ဖူးပါသည်။ သို့သော် အခု သူမြင်နေရသည့် ပညာရပ်နှင့် တူသည့် အရာမျိုး ယဲ့ဖန် အသုံးပြုသည်ကို သူ လုံးဝ မမြင်ခဲ့ဖူးပါ။
တစ်စက္က့န် အတွင်းမှာ ဒါဇင်နဲ့ချီသော အင်အားစုများကို ဘယ်လိုလုပ် သတ်နိုင်ပါမည်နည်း။ ဒါ မိစ္ဆာပညာရပ်ပဲ ဖြစ်ရမည်။
ထိုအချိန်တွင် ဖုန်းကျစ်ချိုက် ယဲ့ဖန်ကို စ၍ ကြောက်လာသည်။
သို့သော် ဖုန်းကျစ်ချိုက်၏ အမေးကြောင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ မျက်လုံးထဲ အလင်းတစ်ချို့ လှစ်ခနဲ ဖြတ်ပြေးသွားပြီး ပြန်ပြောလိုက်သည်။
"မင်း သိစရာ မလိုပါဘူး။ ငါ မင်းကို ဘယ်လိုသတ်မလဲ ဆိုတာကိုပဲ မင်း သိဖို့လိုတာ"
သူ၏ ခက်ထန်သော စကားအဆုံးတွင် ယဲ့ဖန်က ခန်းမထဲ လှမ်းဝင်လာသည်။
သူ တစ်လှမ်းလှမ်းလိုက်တိုင်း ဖုန်းကလန်၏ ကျန်ရှိနေသော သူများ ရင်ထဲ တထိတ်ထိတ် ဖြစ်လို့လာသည်။ သူတို့ နဖူးကနေ ချွေးတဒီးဒီး ကျလာသည်။
"သေစမ်း … ခွေးမသားလေး"
ဖုန်းကျစ်ချိုက် အလွန် ဒေါသထွက်သွားသည်။ သည်လောက် မောက်မာသည့်သူမျိုး သူ့တစ်သက်လုံး တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ယဲ့ဖန်က သူ့ကို ပုရွက်ဆိတ်သဖွယ် ဆက်ဆံ နေသည် မဟုတ်ပါလား။
"သေပေတော့"
ချက်ချင်း ဆိုသလိုပင် ဖုန်းကျစ်ချိုက်နှင့် အခြားသူများက ယဲ့ဖန်ထံသို့ ပြိုင်တူ ပြေးဝင် လာကြသည်။
ဖုန်းကျစ်ချိုက် လက်တစ်ချက် ဝင့်လိုက်သောအခါ ပြင်းထန်သော ချီဓာတ်များက ယဲ့ဖန်၏ အရေးပါသော ကိုယ်အင်္ဂါများသို့ ဦးတည်လာသည်။
ချီများက လေထုကိုပင် ဆွဲဖြဲနိုင်လောက်သည်။ ဘေးမှ သူများကလည်း သူတို့၏ လက်နက်များကို ယဲ့ဖန်ထံသို့ အသံထက် မြန်သော နှုန်းဖြင့် ဝှေ့ရမ်းလိုက်သည်။
ဖုန်းကလန်မှ ကျန်ရစ်နေသော သူများသည် ကြယ်သုံးလုံးအဆင့်နှင့်အထက် သူများ ဖြစ်ကြသည်။
အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် သူများက ယဲ့ဖန်ကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်း ဖြစ်သဖြင့် သူတို့၏ တိုက်ပွဲဝင် ခွန်အားများက ပိုမို တိုးပွားလာပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
"သေပေတော့…သေပေတော့…သေပေတော့"
ဖုန်းကျစ်ချိုက်နှင့် ဖုန်းကလန်မှ သူများက သူတို့၏ သေစေနိုင်သော တိုက်ကွက်များကို ထုတ်ဖော် အသုံးပြုနေသည်။
သူတို့ ယဲ့ဖန်အား မြန်နိုင်သမျှ မြန်မြန် သတ်ချင်နေကြသည်။
သို့သော် သူတို့အားလုံး အရပ်မျက်နှာ အနှံ့မှ ဝင်ရောက်လာသည်ကို ကြည့်ပြီး ယဲ့ဖန်က မခိုးမခန့် မျက်နှာပေးမျိုးနှင့် ကြည့်နေသည်။
မည်သူမျှ သတိမမူလိုက်သည့် အခိုက်မှာပဲ ယဲ့ဖန်က လက်တစ်ချက် လှုပ်လိုက်သဖြင့် ဓားကျိုးတစ်လက်က သူ့လက်ထဲ ပေါ်လာသည်။
ထိုဓားကျိုးထံမှ အလွန် ပြင်းထန်၍ ကြောက်မက်ဖွယ် ကောင်းသည့် ချီဓာတ်များ ထွက်ပေါ်နေသည်။
ထိုစဉ် နဂါးတစ်ကောင် ဟိန်းဟောက်လိုက်သည့် အသံက အခန်းတွင်း ပဲ့တင်ထပ်လာသည်။ ထို့နောက် ဓားကျိုးက တဆတ်ဆတ် တုန်လာပြီး လေထုထဲ ပျံဝဲတော့မလို ဖြစ်လာသည်။
"အဲ့ဒါ… အဲ့ဒါ စိတ်ဝိညာဉ် ပစ္စည်းပဲ"
ဖုန်းကျစ်ချိုက် ရေရွတ်လိုက်သည်။ သူ့တိုက်ကွက်က ယဲ့ဖန်ကို မထိမှန်ခင်တွင် သေရေးရှင်ရေး ကာလ ဖြစ်ပေါ်လာတော့မလို သူ ခံစားလာမိသည်။ ထို့ကြောင့် သူသည် အမြီးတက်နင်းခံလိုက်ရသည့် အော်ဟစ် လိုက်သည်။
"မဖြစ်ဘူး …. နောက်ဆုတ်ကြ"
ထို့နောက် သူ မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်ရန် ပြင်လိုက်သည်။ သူ သတိပေး စကားကို ကြားသော ဖုန်းကလန်၏ အခြား အင်အားစုများက တစ်ခဏမျှ အံ့ဩသွားကြသည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်က သူ့ဓားကျိုးကို ဝင့်ကာ သူတို့အား ရက်ရက်စက်စက် ခုတ်ပိုင်းလေတော့သည်။
နောက်ထပ် နဂါးအော်သံနှင့်အတူ ဓားကျိုးထံမှ အလွန်စူးရှသော အလင်းတန်း ဖြာထွက်လာသည်။
ရွှစ်! ရွှစ်! ရွှစ်!
ဓားထံမှ အလင်းတန်းက လျှပ်စီးထက်တောင် မြန်နေသေးသည်။ သူတို့၏ လက်နက်များ တစ်ခုပြီး တစ်ခု ပျက်စီးသွားလေသည်။
ထို့နောက် ဖုန်းကလန်မှ အင်အားစုများ တစ်ယောက်ပြီး တစ်ယောက်ထံမှ သွေးများ ပန်းထွက်လာသည်။
ရွှစ်! ရွှစ်! ရွှစ်!
အခန်းတွင်း သွေးမိုးရွာနေလေ၏။ ဖုန်းကလန်မှ အင်အားစုများ ရုတ်တရက် ငြိမ်သက်သွားသည်။
…
လူတစ်ယောက်က သူ့ခါးကို ငုံကြည့်လိုက်သည်။ ထိုအခါ ရှည်လျားသော ဓားရာတစ်ချက်ကို သူ မြင်လိုက်ရသည်။
"မဖြစ်နိုင်ဘူး"
ပျာယာခတ်နေသော အကြည့်အောက်တွင်ပင် သူ့ကိုယ် အပေါ်ပိုင်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ထို့နောက် ကျန်ရှိနေသော သူများသည်လည်း ကိုယ်နှစ်ခြမ်း ကွဲကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
ဖုန်းကျစ်ချိုက်တောင်မှ လဲကျသွားရသည်။ သူ့လည်ပင်းအား လက်ဖြင့် တင်းနေအောင် ဖုံးအုပ်လို့ ထားသည်။ သို့ပင်မယ့် သွေးများက သူ့လက်ချောင်းများကြားမှ ပန်းထွက် နေဆဲပင်။
"စိတ်ဝိညာဉ် ပစ္စည်း … အဲ့ဒါ … စိတ်ဝိညာဉ် ဒဏ္ဍာရီအဆင့်က သူတွေပဲ လုပ်နိုင်တဲ့ စိတ်ဝိညာဉ် ပစ္စည်းပဲ"
*ဒဏ္ဍာရီအဆင့်တွေက တစ်ကိုယ်တည်း သီးခြားနေတဲ့ လူထူးလူဆန်းအိုကြိးတွေလေ*
*ဒဏ္ဍာရီအဆင့်က တစ်ယောက် ပြုလုပ်ထားတဲ့ ပစ္စည်းက ဘယ်လိုလုပ် ယဲ့ဖန် လက်ထဲ ရောက်နေ ရတာလဲ*
ဖုန်းကျစ်ချိုက်သည် ထိတ်လန့် တုန်လှုပ်နေသော မျက်လုံးများဖြင့် ရေရွတ်နေမိသည်။
ထိုစဉ် သူ့မျက်လုံးများက သုန်မှုန်လာသည်။ ဘုတ်ခနဲ အသံနှင့်အတူ ကြမ်းပြင်ပေါ် လဲကျပြီး သူ သေဆုံးသွားလေတော့သည်။
ဖုန်းကလန်၏ အင်အားစုများ အားလုံး တစ်ချက်တည်းနှင့် သုတ်သင်ခံလိုက်ရလေပြီ။
အကယ်၍များ ရှန့်ကျန်း မြို့သူမြို့သားများက ဤအဖြစ်အပျက်ကို မြင်တွေ့ခဲ့ပါက သူတို့ သေမတတ် ကြောက်လန့်သွားလောက်သည်။
ဆရာသခင် အဆင့်များ ပါသော အင်အားစုများစွာကို တစ်ချက်တည်းနှင့် သတ်နိုင်သော ကြောက်မက်ဖွယ် ကောင်းသည့် လူတစ်ယောက် တည်ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ် မထားလောက်ပေ။
စာစဉ် (၁၃) ဤတွင် ပြီးပါပြီ။