သွေးယဇ်ပူဇော်ပွဲ၏ အစ
Vol. 14 Ch. 196
ရှန့်ကျန်းမြို့၏ သိုင်းပညာ ကွန်ရက်တွင် တိုက်ခိုက်ရေးသမား အားလုံးနီးပါးက နောက် ဆုံးရ သတင်းကိုသာ အာရုံစိုက် နေကြသည်။
ထိုစဉ် ကွန်ရက်များ၌ စတင် ရေတွက် လာသည်။
"သုံးနာရီနဲ့ နှစ်ဆယ့်ငါးမိနစ်"
သုံးနာရီ ကျော်သွားသည်နှင့် တစ်နေ့တာ ကုန် ဆုံးသွားပြီး ယဲ့ဖန်သည်လည်း ကတိ မတည် သူ ဖြစ်သွားပေလိမ့်မည်။
ကွန်ရက်တွင် ယဲ့ဖန်ကို ကျိန်ဆဲထားသည့် သတင်းများနှင့် ပြည့်နှက်လို့နေသည်။
"ငါ တကယ် စောက်ရမ်း ကံဆိုးတာပဲ … ကျန်းနန် စီရင်စုက ပုရွက်ဆိတ်က တော်တော် သူရဲဘောကြောင်တာပဲ … မနက်ဖြန်ဆို ရှန့်ကျန်း အင်အားစုက ကျန်းနန် စီရင်စုကို အပြတ်ရှင်းပစ်ပြီး ငကြောက် ယဲ့ဖန်ကို သတ်တော့မယ်"
"ဟဟ … သူက တကယ့်ကို ငကြောက်ပဲကွ … ရှန့်ကျန်းမြို့မှာ ဆရာသခင်အဆင့် ဆယ့်သုံးယောက် စုနေတာကိုလည်း ကြား ရော သူ စောက်ရမ်း ကြောက်လာတာပဲ"
"ယဲ့ဖန် ငကြောက်"
…
ကွန်ရက်ပေါ်တွင် အမုန်းသတင်းများ ပို၍ ပို၍ များလာပြီး ရှန့်ကျန်းမြို့က တိုက်ခိုက်ရေး သမားများ ပို၍ စိတ်ကြီးဝင်လာကြသည်။
သူတို့သည် ယဲ့ဖန်က သူ့ကတိကို ဖောက် ဖျက်ရန် ဆုံးဖြတ်ထားပြီး ငကြောက် ဖြစ်လာ ရန် ဆုံးဖြတ် လိုက်ပြီဟု သူတို့ အတည်ပြု မတတ် ဖြစ်နေကြသည်။
ရှန့်ကျန်းမြို့မှ တိုက်ခိုက်ရေးသမားများ ကွန် ရက် ပေါ်တွင် မုန်းတီးစွာ ဆွေးနွေး ပြောဆို နေကြစဉ် အချိန်အတော်ကြာ တိတ်ဆိတ် နေသည့် ဖုန်းကလန်၏ အင်အားစုပေါ်တွင် သနားစရာ ဝိညာဉ် တစ်ခုက ဟိုယောင် ယောင် သည်ယောင်ယောင် လျှောက်သွားလို့ နေလေပြီ။
"အာ …. ထူးဆန်းလိုက်တာ … အစ်ကို ဖုန်းချမ့်က ခုနက ငါနဲ့ စကားပြောနေတာပါ။ ဘာလို့ အခု သူ လိုင်းပေါ်က ဆင်းသွားတာလဲ"
"ဖုန်းကျစ်လင်လည်း လိုင်းပေါ်မှာ မရှိ တော့ဘူး။ ငါ သူ့ကို ဖုန်းဆက်တာတောင် မကိုင် ဘူး"
"ဖုန်းလင်း ရောပဲဟ … ငါတို့ ဒီည ဘား အတူတူ သွားမလားလို့ မေးနေတာ ဒါပေမယ့် အခု သူနဲ့ ဆက်သွယ်လို့ မရတော့ဘူး"
….
လူတိုင်း တစ်ခုခုတော့ မှားနေပြီမှန်း ရိပ်မိ လိုက်သဖြင့် အမေးစကားများ ဆက်တိုက် ဆိုသလို တက်လာ တော့သည်။
ရှန့်ကျန်းမြို့၏ ရှင်းကျဲ့ခရိုင်မှ တိုက်ခိုက်ရေး သမား အဖွဲ့တစ်ဖွဲ့က ဖုန်းကလန်သို့ သွား ရောက် လိုက်သည်။
သို့သော် သိပ်မကြာခင်မှာပင် တက်လာသော သတင်း တစ်ခုကြောင့် ရှန့်ကျန်းမြို့ရှိ သိုင်း ပညာ ကွန်ရက်တွင် အားလုံး ထိတ်လန့် သွားကြသည်။
"ဖုန်းကလန်က အင်အားစု အားလုံး ပျောက် နေတယ်။ ဆရာသခင်အဆင့် ဖုန်းကျစ်ချိုက်ရဲ့ အလောင်းက ဖုန်းကလန်ရဲ့ ဧည့်ခန်းမ အမြင့် တစ်နေရာမှာ ချိတ်ဆွဲထားတယ်။ သူ့ ဆရာသခင် အဆင့်ရဲ့ မူလသလင်းကျောက်ကို တစ်ယောက်ယောက်က ယူသွားပြီ"
….
"မာစတာဖုန်း သေသွားပြီလား။ ဒါ…. မဖြစ်နိုင်ဘူးနော်။ သူက ဆရာသခင် အလယ် အလတ် အဆင့်မှာလေ။ သူက လီကျိုးယောင် ထက်တောင် ပိုအင်အားကြီး သေးတယ်"
"ဘုရားရေ…. မာစတာဖုန်းကို ဘယ်သူ သတ် လိုက် တာလဲ။ ဖုန်းကလန်ရဲ့ အင်အား စုက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပျောက်သွား ရတာလဲ။ ဒါ… မဖြစ်နိုင်ဘူး"
"ယဲ့ဖန် … များ တိုက်ခိုက်သွားတာလား"
*ဘာ*
လူတိုင်း ကွန်ရက်ထဲ ဝင်ကာ ဆွေးနွေးပြီး ထင်ကြေးပေး နေကြသည်။
လူတိုင်းက သူ့ကို ငကြောက်ဟု ထင်နေကြ စဉ်တွင် သူက ဘယ်နေရာကနေ ဘယ်လို ရောက်လာမှန်း မသိဘဲ မာစတာဖုန်းကို တောင်မှ သတ်သွားလိုက်သေးသည်။
ဤသတင်းကြောင့် လူတိုင်း ထိတ်လန့် သွားသည်။ ယဲ့ဖန်ကို ကျိန်ဆဲနေသည့် သူများ လည်း ချက်ချင်း နှုတ်ဆိတ် သွားကြသည်။
ရှန့်ကျန်းမြို့မှ တိုက်ခိုက်ရေးသမားတိုင်း ကွန်ရက် ပေါ်တွင် နောက်ဆုံးရ သတင်း များကို အာရုံစိုက်လို့ နေကြသည်။
ဖုန်းကလန်အကြောင်း သိပြီး သိပ်မကြာခင် တွင်ပင်…
"အာ …. ကျန့်ကလန်က လူတိုင်းလည်း လိုင်းပေါ်မှာ မရှိတော့ဘူးနော် … ဘာဖြစ်သွား တာလဲ"
"ပြီးတော့ မီးဖီးနစ်ငှက် တိုက်ခိုက်ရေး ကလပ်ကို တည်ထောင်တဲ့ ကျိုးကလန်ရောပဲ၊ ငါတို့ ကျိုးကလန်က လူတွေနဲ့ ဆက်သွယ်လို့ မရတော့ဘူး"
"ရွှမ်ကလန်ရောပဲ၊ ရွှမ်ကလန်က လူတိုင်း လိုင်းပေါ်မှာ မရှိတော့ဘူး၊ သူတို့လည်း…"
သိုင်းပညာ အသိုင်းအဝိုင်းတွင် အကြောက် တရားများ ပျံ့နှံ့လို့လာသည်။
ကျန့်ကလန်၊ ကျိုးကလန်နှင့် ရွှမ်ကလန် တို့သည် ရှန့်ကျန်းမြို့၏ နာမည်ကြီး အဓိက ကလန်များ ဖြစ်သည်။ ထိုကလန်များ၏ ခေါင်းဆောင်များသည် ကျန်းနန် စီရင်စုကို ရှင်းလင်းသည့် တိုက်ပွဲတွင် ဝင်နွှဲခဲ့သည့် ဆရာသခင် တစ်ပိုင်းအဆင့်များ ဖြစ်ကြသည်။
သို့သော် ယခု ကလန်သုံးခုလုံးမှ အဖွဲ့သား များနှင့် အဆက်အသွယ် ပြတ်တောက် သွားသဖြင့် ကျန်တိုက်ခိုက်ရေးသမားများ အားလုံး စိုးရိမ်လာ ကြသည်။
ထိုကလန်များ၏ အိမ်တော်သုံးခုနှင့် အနီး အနားတွင် နေထိုင်သော သူများက ထိုကလန် များ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် စုံစမ်းကြသည်။
သို့သော် သူတို့ ပြန်ယူဆောင်လာသည့် သ တင်းကြောင့် တစ်မြို့လုံး ငလျင် အကြီး အကျယ် လှုပ်သွားသလို ရုတ်ရုတ်သဲသဲ ဖြစ်သွား လေသည်။
ကျန်းကလန်သားများ အားလုံး ပျောက် သွားပြီ။
ကျိုးကလန်သားများ အားလုံး ပျောက်သွားပြီ။
ရွှမ်ကလန်သားများ အားလုံး ပျောက်သွားပြီ။
….
ထိုအခါမှသာ ယဲ့ဖန် ရောက်လာသည်ကို အသေအချာ ပြောနိုင်သွားလေတော့သည်။
ကျန်းနန် စီရင်စုမှ သေဆုံးသွားခဲ့သည့် အင်အားစုများ အတွက် သူ ပြန်လက်စားချေ နေခြင်း ဖြစ်သည်။
"ခွေးကောင် … ဒီကောင် ရှန့်ကျန်းမြို့ကို လာရဲ သေးတယ်ပေါ့လေ။ သူ သေချင်နေ တာပဲ"
"ကျန်တဲ့ ဆရာသခင် ဆယ့်နှစ်ယောက် ဘယ် ရောက်နေ ကြတာလဲ။ အဲ့ ပုရွက်ဆိတ် ကောင်ကို မြန်မြန်သတ် ပါတော့လား။ သူ့ကို သတ်ပြီး နုတ်နုတ်စင်း ပစ်လိုက်"
ယဲ့ဖန် မြို့ထဲ ပေါ်လာခြင်းက ရှန့်ကျန်း အင်အားစု များအား ဟာရီကိန်း မုန်တိုင်း ဝင်သလို ချောက်ချားသွား စေသည်။
အဓိက ကလန်တစ်ခုချင်းစီက ယဲ့ဖန်၏ တိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ရန် စတင် ပြင်ဆင်ကြတော့သည်။
ဆရာသခင် များစွာ ရောက်ချလာပြီး တိုက် ခိုက်ရန် အဖွဲ့တစ်ဖွဲ့အဖြစ် ပူးပေါင်း လိုက် ကြသည်။
"နောက်ဆုံးရသတင်း …. ရှင်းကျဲ့ ခရိုင် ဘက်က အဓိက ကလန်အားလုံး သုတ်သင်ခံ လိုက်ရပြီ။ ယဲ့ဖန်က ရှင်းကျဲ့ခရိုင်ကနေ ထွက် လာပြီး ချွမ်ဝမ်ခရိုင်ဆီကို လာနေပြီ"
*ဘာ*
သတင်း ကြားလိုက်ရသည်နှင့် ရှန့်ကျန်းမြို့မှ တိုက်ခိုက်ရေး သမားများ ဒေါသ ထွက်လာ ကြသည်။
*ရှင်းကျဲ့ ခရိုင်က အဓိက ကလန် အားလုံး သုတ်သင်ခံလိုက်ရတယ်၊ ဒါ ရှန့်ကျန်း မြို့ကြီးရဲ့ အရှက်အကွဲဆုံး ကိစ္စပဲ*
သတင်းဆိုးများက ကွန်ရက်ပေါ် ဆက်တိုက် တက်နေသည်။
"နောက်ဆုံးရသတင်း … ချွမ်ဝမ်ခရိုင်က မာစတာ ယန်ထျန်း၊ မာစတာဟုန်ဝူနဲ့ မာစတာ ကွမ်ကျုံး ဦးဆောင်ပြီး ဆရာသခင် တစ်ပိုင်း အဆင့် ခြောက်ယောက်၊ ကြယ်သုံးလုံးအဆင့် လေးဆယ့်နှစ်ယောက်နဲ့ ကြယ်နှစ်လုံးအဆင့် ကိုးဆယ့်ရှစ်ယောက် ပါတဲ့ ကလန်သုံးခုလုံးက ယဲ့ဖန်နဲ့ တိုက်ခိုက်ဖို့ ပူးပေါင်းလိုက်ကြပြီ"
ဤသတင်းကို ကြားပြီး ရှန့်ကျန်းမြို့ တစ်ဝိုက်ရှိ သိုင်းလောက ကွန်ရက်တွင် ပွက်လော ရိုက်သွားသည်။
ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းရန် မာစတာ လီကျိုးယောင်နောက်သို့ ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက် လိုက်သွားခဲ့ သော်လည်း ရှန့်ကျန်းမြို့တွင် ချွမ်ဝမ်ခရိုင်မှ ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက် အပါအဝင် ရှန့်ကျန်းမြို့တွင် ဆရာသခင် တစ်ပိုင်း အဆင့် များစွာ ကျန်ရှိနေသေးသည်။
ကြောက်မက်ဖွယ် အင်အားကို ပိုင်ဆိုင် ထားသော ဆရာသခင် သုံးယောက်ကပါ အတူ တကွ ပူးပေါင်းလိုက်မှတော့ သူတို့ ရှုံးစရာ အကြောင်းကို မရှိတော့ပေ။
ကွန်ရက်ပေါ်မှ တိုက်ခိုက်ရေးသမားများ တက်ကြွ လာကြသည်။
ယဲ့ဖန်ကို ဆဲခဲ့သည့်သူများကလည်း ဆက်၍ အမုန်းစကားများ ဆက်တင်နေသည်။
ကွန်ရက်ပေါ်တွင် ဆက်၍ အသည်းအသန် ဆွေးနွေးနေကြသကဲ့သို့ ချွမ်ဝမ်ခရိုင်တွင်တော့ ကပ်ဆိုက်နေလေသည်။
အင်အားစုများစွာက လမ်းမပေါ် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို တားဆီးနေကြသည်။ သူတို့က ဓားများဖြင့် သူ့အား ရက်ရက်စက်စက် တိုက်ခိုက် နေကြသည်။
သို့သော် အနက်ရောင်ဝတ်စုံနှင့် လူငယ်က သူတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း အေးအေး လူလူနှင့် လမ်းဆက် လျှောက် နေသည်။
သူ ဖြည်းဖြည်းလေး လမ်းလျှောက်နေ သော် လည်း သူ၏ ဓားကျိုးက ခြေလှမ်း တစ်လှမ်း ချင်းစီတိုင်းတွင် သွေးဆာနေသလို တောက် လောင်နေ၏။
ရွှစ်!
ကြယ်သုံးလုံး အဆင့် တစ်ယောက် ကိုယ် နှစ်ခြမ်း ကွဲသွားလေသည်။
ရွှစ်!
ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက် ခါးကနေ နှစ်ခြမ်းပိုင်း ဖြတ်ခံလိုက် ရလေသည်။
အလောင်းများက မြေကြီးပေါ် တစ်ခုပြီးတစ်ခု ပုံလဲကျလာသည်။
လမ်းမတစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက် နေလေသည်။
ယဲ့ဖန်သည်လည်း သွေးများဖြင့် ပေကျံနေ သည်။ ငရဲမှ ရောက်ရှိလာသော သေမင်း နတ်ဘုရား ကဲ့သို့ သူသည် လျင်မြန်သော နှုန်းဖြင့် အသက်များကို နှုတ်ယူ နေလေသည်။
ခြေတစ်လှမ်းတိုင်း အသက်တစ်သက်။
လေထုထဲတွင် အဖြူနှင့် အနက်ရောင် နတ်ဆိုး ချီဓာတ်များဖြင့် ပြည့်နှက်လို့လာသည်။
ကျန်ရှိနေသော အင်အားစုများသည်လည်း အဖြူနှင့် အနက်ရောင် ချီဓာတ်များ၏ ရစ်ပတ် ခြင်းကို ခံလိုက်ရပြီးနောက် ပြာ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
သွေးပျက်ဖွယ် မြင်ကွင်းကြောင့် ဆရာသခင် အဆင့် သုံးယောက်လုံး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်လာသည်။
"သေစမ်း …. ခွေးကောင်လေး … သူ ဒီလို လှည့်ကွက်တွေ ဘယ်ကတတ်လာတာလဲ"
မာစတာ ယန်ထျန်းက မျက်ခုံး တလှုပ်လှုပ်နှင့် ရေရွတ်လိုက်မိသည်။
ထိုအခါမှသာ ရန်သူ၏ ခွန်အားကို သူ လျော့တွက်မိကြောင်း သတိပြုလိုက်မိသည်။
"သေပြီ …. ငါတို့လူ တစ်ဝက်လောက် သေကုန်ပြီ … ငါတို့ တိုက်ကွက် ပိုထုတ်မှ ရမယ်"
မာစတာ ကွမ်ကျုံးက သုန်မှုန်နေသော မျက်နှာနှင့် အကြံပေးစကား ပြောလိုက်သည်။
သူ့စကားကြောင့် ဆရာသခင် သုံးယောက်လုံး ပြင်းထန်သော ချီဓာတ်များ ပါဝင်သော အကြည့်များဖြင့် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"သေပေတော့"
ချက်ချင်းဆိုသလိုပင် သူတို့ သုံးယောက်လုံး အနက်ရောင် တစ္ဆေများကဲ့သို့ ယဲ့ဖန်အား ဝင်ရောက် တိုက်ခိုက်လာကြသည်။
ထိုစဉ် သူတို့၏ သန်မာသော တိုက်ပွဲဝင် ချီဓာတ်များက တစ်ဟုန်ထိုး တိုးထွက်လာပြီး ယဲ့ဖန်အား အမြောက်ဆန်များသို့ ပစ်လွှတ်သွားသည်။
သို့သော် ဤမြင်ကွင်းကို မြင်သော်လည်း ယဲ့ဖန်က အလွန် စိတ်လှုပ်ရှားသွားဟန်ဖြင့် ပြောလိုက်သည်။
"နောက်ဆုံးတော့ မင်းတို့ စိတ်မရှည်တော့ဘူးပဲ"
"ဒီလိုဆိုမှတော့ ကျန်းနန်စီရင်စုက သေဆုံးသွားတဲ့ ဝိညာဉ်တွေအတွက် ဒီဆရာသခင် တွေရဲ့ သွေးကို သုံးပြီး ယဇ်ပူဇော်ပေးရတာပေါ့"
ထိုသို့ပြောပြီး ယဲ့ဖန်က ချက်ချင်း ပျောက်သွားသည်။ သူ ပြန်ပေါ်လာသောအခါ သူသည် ဆရာသခင်များနှင့် စင်တီမီတာ ငါးဆယ်ခန့်သာ ကွာတော့သည်။
"ချီးပဲ … သူ ဘယ်လိုလုပ် ဒီလောက် မြန်မြန် လှုပ်ရှားနိုင်တာလဲ"
ဆရာသခင် သုံးယောက်လုံး ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ကြချေ။
လူတစ်ယောက်က ဒီလောက် ဒါဇင်နှင့်ချီသော မီတာ အကွာအဝေးကို မျက်တောင် တစ်ခတ်အတွင်း ရွေ့လျားနိုင်နေသနည်း။
ဆရာသခင် သုံးယောက်လုံးက ချက်ချင်း ပုံစံပြောင်းကာ ယဲ့ဖန်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။
ထိုစဉ် အလင်းတန်း သုံးခုက လှစ်ခနဲ ပေါ်ပေါက်လာသည်။
ရွှစ်! ရွှစ်! ရွှစ်!
ဆရာသခင် သုံးယောက်လုံး နေရာမှာတင် တောင့်တင်းသွားကာ သွေးများ ပန်းထွက် လာသည်။
သွေးစီးကြောင်းများက သူတို့လည်ပင်းပေါ်တွင် ထင်းခနဲ ဖြစ်ပေါ်လာပြီး အကြောက်တရားများက သူတို့မျက်နှာများကို ဖုံးလွှမ်းလာသည်။
"ဘယ် … ဘယ်လိုလုပ် ဒီလောက် မြန်မြန် လှုပ်ရှားနိုင်တာလဲ … စိတ်ဝိညာဉ် ပစ္စည်းက ဘယ်လိုလုပ် ဒီလောက် အင်အားကြီးရတာလဲ"
အစောပိုင်းတွင် ယဲ့ဖန်က သူ၏ ဓားကျိုးကို လုံးဝ မသုံးခဲ့ချေ။
ယခုအခါမှာသာ ထိုဓားကျိုးက စိတ်ဝိညာဉ်ပစ္စည်းမှန်း ဆရာသခင် သုံးယောက်လုံး သိတော့သည်။
သို့သော်လည်း နောက်ကျသွားချေပြီ။
ဘုန်းခနဲ အသံများနှင့်အတူ အလောင်းသုံးလောင်းသည် မြေကြီးပေါ်သို့ လဲကျသွား လေတော့သည်။ ထို့နောက် ကျိုးလုံ လမ်းမကြီးတစ်ခုလုံး သုသာန်အလား တိတ်ဆိတ် သွားလေတော့သည်။