ဝိညာဉ်ပြန်တောင်…. သုသာန် တစပြင်
Vol. 14 Ch. 198
ဝိညာဉ်ပြန်တောင်၏ တောင်ခြေတွင် လူကိုး ယောက်က ငြိမ်၍ ရပ်စောင့် နေကြသည်။ ဤနေရာသည် ယဲ့ဖန် နောက်ဒေသသို့ သွားရောက်ဖို့ အတွက် လိုကိုလိုအပ်သည့် နေရာ တစ်ခု ဖြစ်သည်။
သူတို့ တစ်ယောက်ချင်းစီတိုင်းက လွှမ်းမိုး ခြယ်လှယ်နိုင်သည့် သန်မာသော ချီဓာတ် များကို ထုတ်လွှင့်နေကြသည်။
ဆရာသခင် အဆင့်များ…
သူတို့သည် အင်အားအကြီးဆုံး ဆရာသခင် ကိုးယောက် ဖြစ်ပြီး သူတို့နောက်တွင် ဆရာသခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်တစ်ယောက်၊ ကြယ်သုံးလုံး အဆင့် ကိုးဆယ့်နှစ်ယောက်နှင့် ကြယ်နှစ်လုံး အဆင့် လေးရာရှစ်ဆယ့်နှစ်ယောက်တို့ ရပ်နေကြသည်။
ရှန့်ကျန်းမြို့၏ ဒေသတစ်ခုချင်းစီတိုင်းမှ ထိပ်တန်း အင်အားစုများ အားလုံး နီးပါး ရှိနေကြ၏။
ထို့ပြင် တစ်ကိုယ်တည်း ပုန်းကွယ်၍ ကျင့်ကြံနေကြသော အင်အားစုများစွာလည်း ရောက်နေကြသည်။
သူတို့အားလုံး ယဲ့ဖန်ကို သတ်ဖြတ်မည့် စုဝေးပွဲသို့ လာရောက်ကြခြင်း ဖြစ်သည်။
"မာစတာယန် ခင်ဗျား အဲ့ပစ္စည်းကို ပြင်ဆင်ထားပြီးပြီလား"
ယွီပါ့က ဘေးသို့လှည့်ကာ နောက် ဆရာသခင်အဆင့် လူအိုကြီးကို မေးလိုက်သည်။
သူ့စကားကြောင့် မာစတာယန်က သွေးဆာနေသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျုပ် ကောင်းကောင်းကြီး ပြင်ထားတာ ကြာလှပါပြီဗျာ၊ အဲ့ခွေးကောင်လေး ဒီည သေကို သေရမှာပါ"
မာစတာယန်၏ စကားကို ကြားပြီး ကျန်သော ဆရာသခင်များက ခေါင်းညိတ်၍ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်ကြသည်။
ထို့နောက် ပါ့ယွီက ရှေ့သို့ တစ်လှမ်းတိုးလိုက်သဖြင့် သူ၏ သန်မာသော ချီဓာတ်များကြောင့် ငလျင်လှုပ်တော့မလို ဖြစ်သွားရသည်။
ရှေ့မှ တိုက်ခိုက်ရေးသမား များစွာကို ကြည့်ပြီး သူက အော်ဟစ်ကာ စကားစလိုက်သည်။
"ရှန့်ကျန်း တိုက်ခိုက်ရေးသမားတွေ"
သူ့စကားသံကြောင့် တိုက်ခိုက်ရေးသမားများ စကားပြောနေရာမှ ချက်ချင်း ရပ်ကာ ပါ့ယွီကို စိုက်ကြည့်လိုက်ကြသည်။
ပါ့ယွီက ဆက်ပြောလိုက်သည်။
"ဆရာသခင် လေးယောက်နဲ့ အခြားအင်အားစုကြောင့် ယဲ့ဖန်လက်အောက်မှာ အသတ်ခံလိုက်ရပြီးပြီ။ သူက ရက်စက်ပြီးတော့ စက်ဆုပ်ဖွယ် ကောင်းတဲ့ ပြစ်မှုတွေကို ကျူးလွန်ထားတယ်၊ ရှန့်ကျန်းတိုက်ခိုက်ရေးသမားတွေက သူတို့ရဲ့ သေဆုံးမှုအတွက် ဒီည လက်စားချေကြမယ်"
ထို့နောက် ယွီပါ့က လက်သီးလက်မောင်းတန်း၍ ပြောဆိုလိုက်သည်။
"ရှန့်ကျန်းအတွက် တိုက်ခိုက်ကြမယ်"
တစ်ချိန်တည်းမှာပဲ ရာနှင့်ချီသော တိုက်ခိုက်ရေးသမားများသည် စိတ်လှုပ်ရှားမှုကြောင့် သွေးပွက်ပွက်ဆူလာတော့သည်။
"တိုက်မယ်…ချမယ်…တိုက်မယ်…ချမယ်"
သူတို့၏ တိုက်ပွဲအော်သံများက ပြင်းထန်၍ ကမ္ဘာတုန်လောက်ပေ၏။
ထိုစဉ် သူတို့ ခြေသံအချို့ ကြားလိုက်ရသည်။ ထို့ကြောင့် သူတို့ အမှောင်ထုထဲ ကြည့်လိုက်ကြစဉ် အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
သူ၏ အနက်ရောင် အဝတ်အစားတွင် သွေးများ ပေကျံနေသည်။ သူက ငရဲမှ လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်များကို ထုတ်လွှင့်နေသဖြင့် အခြားသူများကို ကြောက်ရွံ့ကာ တုန်ယင်သွားစေသည်။
"ယဲ့ဖန်"
ယဲ့ဖန်ကို မြင်သည်နှင့် အခြား ဆရာသခင် ကိုးယောက်နှင့် ရာနှင့်ချီသော အင်အားစုများက သူတို့၏ ပြင်းထန်သော ချီဓာတ်များကို ပြိုင်တူ ထုတ်လွှတ် လိုက်ကြသည်။
"ဓားပြကောင် ယဲ့ဖန် မင်း ဒီည သေရမယ်ကွ"
ဆရာသခင် တစ်ပိုင်းအဆင့် တစ်ယောက်က အလွန် မုန်းတီးသော မျက်လုံးများဖြင့် ယဲ့ဖန်အား ကြည့်ကာ ကြုံးဝါးလိုက်သည်။
"ငါတို့ မင်းရဲ့ သွေးကို သုံးပြီး ယဇ်ပူဇော်…."
ရွှစ်!
သူ့စကားမဆုံးခင်မှာပင် မှုန်ဝါးဝါး အလင်းတန်းတစ်ခုက လှစ်ခနဲ ဖြတ်ပြေးသွားပြီး သူ့လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။
ထို့နောက် သူ့ခန္ဓာကိုယ် လဲကျသွားကာ ဦးခေါင်းက အဝေးသို့ လိမ့်ထွက်သွားသည်။
"သေစမ်း"
ကြောက်မက်ဖွယ် ကောင်းသော ဤမြင်ကွင်းကို ကြည့်ရင်း အခြားသူများ၏ မျက်နှာတွင် အကြောက်တရားများဖြင့် ပြည့်နှက်လို့လာသည်။
ယဲ့ဖန် ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့သလို ဘာမပြော ညာမပြောနှင့် သတ်မည်ဟုလည်း မထင်ထားခဲ့မိပါ။
"ခွေးမသား ဓားပြကောင် … မင်းကများ…" နောက်ထပ် ဆရာသခင်တစ်ပိုင်းအဆင့်က ပါးစပ်ဟ၍ ပြောရုံရှိသေးသည်။
ရွှစ်!
ရှေ့ကလူအတိုင်းပင် သူ့စကားမဆုံးခင်မှာတင် အလင်းတန်း တစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။
မြေကြီးပေါ်တွင် သွေးစက်များ ပြန့်ကျဲနေပြီး ဆရာသခင် တစ်ပိုင်းအဆင့်သည်လည်း သူ့ဘယ်ဘက်ရင်ဘတ်မှ သွေးများနှင့် ဟောင်းလောင်းပေါက်ကြီးကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသော မျက်လုံးအစုံနှင့် ငုံ့ကြည့်နေရင်း လဲကျသွားလေသည်။
ထိုစဉ်မှာပဲ နောက်ထပ် ခက်ထန်သော အသံတစ်သံက ငရဲမှ တက်လာသော အသံကဲ့သို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
"ကျုပ် သေလူတွေရဲ့ စောက်ရေးမပါတဲ့ စကားတွေကို နားထောင်ရတာ မကြိုက်ဘူး"
ထိုသို့ပြောပြီး ယဲ့ဖန်က သူ့ဓားကျိုးကို ကိုင်ဆွဲကာ အင်အားစုများ ရှိရာ တပ်မကြီးထဲသို့ ပြေးဝင်သွားသည်။
"သေပေတော့"
ရာနှင့်ချီသော အင်အားစုများ ဒေါသူပုန်ထကာ သူတို့၏ လက်နက်များကို ဝင့်ကာ ယဲ့ဖန်ထံသို့ ပြေးတက်လာကြသည်။
သူတို့၏ လက်နက်များက ယဲ့ဖန်၏ ကိုယ်ပေါ်သို့ တစ်ခုပြီး တစ်ခု ဝုန်းခနဲ ကျလာသည်။ သို့သော် သူက သူတို့၏ လက်နက်များကို တိမ်းရှောင်ခြင်း မပြုပါ။
သူက ဓားကို ဝင့်၍ အင်အားစုများ၏ ဦးခေါင်းများကို တစ်ချက်ချင်းစီ လိုက်လံ ခုတ်ဖြတ်လေတော့သည်။
ချွင်! ချွင်!
လက်နက်များက ယဲ့ဖန်၏ ကိုယ်ပေါ်သို့ ကျရောက်လာသောအခါ မီးပွားများ ဖြစ်ပေါ်လာပြီး ယဲ့ဖန်၏ ကိုယ်က သံမဏိနှင့် လုပ်ထားသလိုပင်။
"ဒါ…. မဖြစ်နိုင်ဘူး"
ဆရာသခင် ကိုးယောက်၏ သူငယ်အိမ်များတောင်မှ ကျဉ်းမြောင်းလာသလို သူတို့ မျက်နှာများကလည်း မယုံနိုင်ဟန်များဖြင့် ပြည့်နှက်လာသည်။
"စိတ်ဝိညာဉ် ပစ္စည်း ပြီးတော့ သန်မာလွန်းလိုက်တဲ့ ခန္ဓာကိုယ် မွမ်းမံခြင်း ပညာရပ်"
"ကျုပ် နားလည်ပြီ၊ ဘာကြောင့် မာစတာယန်နဲ့ အခြား ဆရာသခင်တွေ ယဲ့ဖန်လက်ထဲမှာ သေသွားကြတာလဲဆိုတာကို နားလည်သွားပြီ"
ယွီပါ့က သုန်မှုန်နေသော မျက်နှာနှင့် ရေရွတ်လိုက်သည်။ သို့သော် ဆရာသခင် ကိုးယောက်ထဲက မည်သည့်တစ်ယောက်မှ စ၍ မတိုက်ကြပါ၊ သူတို့အားလုံး အခွင့်အရေးတစ်ခုကို စောင့်နေကြသည်။
ရွှစ်! ရွှစ်! ရွှစ်!
ထိုစဉ် တိုက်ပွဲနေရာ၌ သွေးမိုးများ ရွာသွန်းလျက် ရှိသည်။ ယဲ့ဖန်သည် သေမင်းနှင့် ဆင်တူလှသည်။ သူ ဖြတ်သွားသည့် နေရာတိုင်း၌ အလောင်းများ တောင်လိုရာလို ပုံလာသည်။
ဤသည်ကား တစ်ဖတ်သတ် တိုက်ပွဲကြီးပင်။
ယဲ့ဖန်က ရာနှင့်ချီသော အင်အားစုများကို သူတစ်ယောက်တည်းနှင့် ဖိနှိပ်ထားနိုင်သည်။
ဤမြင်ကွင်းက ချောက်ချားစရာ ကောင်းလှ၏။ သို့သော် ယဲ့ဖန် တိုက်ပွဲ၏ အလယ်သို့ ရောက်လာချိန်တွင် ဆရာသခင် ကိုးယောက်လုံး မကောင်းသော အပြုံးမျိုး ပြုံးလိုက် ကြသည်။
"အခုပဲ စလိုက်ရအောင်"
ယွီပါ့က ပြော၍ မနှစ်မြို့ဖွယ်ကောင်းသော မျက်နှာထားနှင့် လေထဲ မန္တန်တစ်ခုကို ရေးဆွဲလိုက်သည်။
ရုတ်တရက် ယဲ့ဖန်အား ပြင်းထန်သော ချီဓာတ်များက ဖုံးအုပ်သွားသည်။
"မဖြစ်ဘူး"
ယဲ့ဖန်၏ မျက်နှာက ချက်ချင်း မီးတောက်လာသို ဖြစ်ကာ နောက်လှည့်၍ အန္တရာယ် ရှိသော အခြေအနေမှ ရှောင်ရှားရန် ပြင်လိုက်သည်။
သို့သော် အချိန်နှောင်းသွားလေပြီ။
ဘန်း!
ကြီးမားသော ပုဆိန်တစ်လက်က ဘယ်ဆီဘယ်ဝယ်က ထွက်ပေါ်လာမှန်း မသိလိုက်ရဘဲ ယဲ့ဖန်၏ ရင်ဘတ်အား ပြင်းထန်စွာ စိုက်ဝင်သွားသည်။
ရွှစ်!
သွေးမိုးထဲတွင် ကြည့်ရဆိုးသော သွေးစီးကြောင်းနှင့် ဒဏ်ရာတစ်ခုက ယဲ့ဖန်၏ ရင်ဘတ်ပေါ်တွင် ပေါ်ပေါက်လာသည်။
သူ၏ နံရိုးတော်တော်များများ ကျိုးကုန်သည်။ ထို့အပြင် ယဲ့ဖန်သည် အနောက်သို့ လွင့်ထွက်သွားသည်။
*စိတ်ဝိညာဉ် ပစ္စည်း*
လေထဲမှ ကြီးမားလှသော ပုဆိန်ကို မြင်သည်နှင့် ယဲ့ဖန်၏ မျက်နှာက သုန်မှုန်လာသည်။
ဆရာသခင် ကိုးယောက်က ယုတ်ယုတ်မာမာနှင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် စိတ်ဝိညာဉ် ပစ္စည်းတစ်ခုကို တိုက်ပွဲကွင်း အလယ်မှ မြေကြီးအောက်တွင် မြှပ်နှံထားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ဤမြင်ကွင်းကို ကြည့်ပြီး အင်အားစုများက စိတ်အား တက်ကြွလာကြသည်။
"သူ ဒဏ်ရာရသွားပြီ၊ ဓားပြကောင် ဒဏ်ရာရသွားပြီ၊ သူ သေတော့မယ်"
အင်အားစုများ အားတက်လာကာ သူတို့၏ လက်နက်များကို ဝှေ့ရမ်းရင်း ဒုတိယတစ်ချီ တိုက်ခိုက်ရန် ပြင်လာကြသည်။
အလစ်အငိုက် တိုက်ခိုက်ခြင်း အောင်မြင်သွားပြီးနောက် ဆရာသခင် ကိုးယောက်လုံး ချက်ချင်း ပြေးဝင်လာသည်။
ကြမ်းတမ်းသော သားရဲရိုင်းကြီးများကဲ့သို့ သူတို့အားလုံးက ယဲ့ဖန်အား ချက်ချင်း ဝိုင်းထားပြီး တိုက်ခိုက်ကြသည်။
ယဲ့ဖန်၏ မျက်နှာက ပို၍ သုန်မှုန်လာသည်။ လေထဲ ဝဲနေသော ဧရာမ ပုဆိန်ကို တစ်ချက်ကြည့်ပြီး ယဲ့ဖန်က သူ၏ ဓားကျိုးကို ပစ်လွှတ်လိုက်သည်။
ဓားကျိုးက ဧရာမပုဆိန်ထံသို့ တန်းနေအောင် ပျံသန်းသွားသည်။ စိတ်ဝိညာဉ် ပစ္စည်းနှစ်ခု လေထဲ ပြင်းထန်စွာ တိုက်မိကြသည်။
စိတ်ဝိညာဉ် ပစ္စည်းများ တိုက်မိကြသလို ဆရာသခင် ကိုးယောက်လုံးကလည်း ယဲ့ဖန်အား ဝိုင်း၍ တိုက်ခိုက်ကြသည်။
"သေပေတော့"
ယွီပါ့နှင့် ကျန်ဆရာသခင် ရှစ်ယောက်က ယဲ့ဖန်၏ ချက်ကောင်းနေရာများကိုသာ ပစ်မှတ်ထား၍ တိုက်ခိုက်နေကြပြီး ယဲ့ဖန်အား တစ်ချက်တည်းနှင့် သေစေရန် ကြိုးပမ်းနေကြသည်။
ထိုအချိန်တွင် တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်လို့လာလေသည်။ ယဲ့ဖန်ကိုယ်၌ ဒဏ်ရာများ ပို၍ ပို၍ ရလာသည်။ သို့သော် သူ၏ မျက်လုံးများက နတ်ဆိုးများကဲ့သို့ အေးစက်နေတုန်းပင်။
"သေလိုက်တော့"
မာစတာယန်က နံဘေးမှ နေ၍ ယဲ့ဖန်၏ ရင်ဘတ်အား အားနှင့် ထိုးချလိုက်သည်။ သို့သော် အံ့ဩစရာ ကောင်းသော အဖြစ်အပျက် တစ်ခုဖြစ်လာခဲ့သည်။
ယဲ့ဖန်က သူ၏ ရင်ဘတ်ကို ထိုးသော တိုက်ကွက်အား မရှောင်ဘဲ ငြိမ်ခံနေလိုက်ခြင်းပင်။
ဂျွတ်!
နံရိုးအချို့ ကျိုးသွားပြန်သည်။ သို့သော် ယဲ့ဖန်က မသိမသာ ရက်စက်သော အပြုံးမျိုး ပြုံးနေဆဲပင်။
"မဟုတ်သေးဘူး"
မာစတာယန်က သူ ထောင်ချောက်ထဲ ဝင်သွားမှန်း သတိပြုမိပြီး ချက်ချင်း ရှောင်တိမ်းရန် ကြိုးပမ်းလိုက်သည်။
ထိုစဉ် ယဲ့ဖန်က အလင်းထက် မြန်သော နှုန်းဖြင့် သူ့လက်မောင်းကို ဆွဲ၍ အားနှင့် နောက်ပြန်ဆွဲလိမ်လိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ မာစတာယန်၏ လက်မောင်းတစ်ဘက် ပြုတ်ထွက်သွားကာ သွေးများက မိုးရေကဲ့သို့ စီးကျလာသည်။
"အား…အား…အား"
မာစတာယန် နာကျင်မှုကြောင့် တုန်ယင်နေသလို ဒေါသကြောင့် မျက်နှာက နီမြန်း
နေသည်။
ယဲ့ဖန်က ဒဏ်ရာတစ်ခုအတွက် တစ်ခု ပြန် အလဲအလှယ် လုပ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။ နောက်ထပ် ဖြစ်ပေါ်လာသည့် မြင်ကွင်းက ပို၍ ချောက်ချားဖွယ် ကောင်းလှသည်။