← Chapters

မိစ္ဆာ ဝိညာဉ်ရိုင်း

Vol. 14 Ch. 200

မိစ္ဆာ ဝိညာဉ်ရိုင်း

Vol. 14 Ch. 200

ရှန့်ကျန်းမြို့ သိုင်းပညာ ကွန်ရက်မှ စီနီယာ အင်အားစုများ အားလုံးနီးပါး ယဲ့ဖန် သတ်ဖြတ်ခြင်း စုဝေးပွဲသို့ လာရောက်ခဲ့ကြ သော်လည်း များစွာသော အဆင့်နိမ့် တိုက်ခိုက်ရေး သမားများ ကျန်ရှိနေသေးပြီး ကွန်ရက်ပေါ်၌ ရှိနေကြသေးသည်။

"စာရင်းဇယားအရ ယဲ့ဖန် သတ်ဖြတ်ခြင်း စုဝေးပွဲမှာ ဆရာသခင် ကိုးယောက်၊ ဆရာသခင် တစ်ပိုင်းအဆင့် နှစ်ဆယ့် တစ်ယောက်၊ ကြယ်သုံးလုံးအဆင့် ပညာရှင် ကိုးဆယ့်နှစ်ယောက် နဲ့ ကြယ်နှစ်လုံးအဆင့် ပညာရှင် လေးရာရှစ်ဆယ့်နှစ်ယောက် ပါတယ်။ ဒါ ရှန့်ကျန်းမြို့က အသန်မာဆုံး သိုင်းပညာရှင် အားလုံးနီးပါးပဲ"

"ဟဟ…ဒီလောက်များတဲ့ အင်အားစုကို မြင်ပြီး ယဲ့ဖန် သေးထွက်ကျနေပြီလား ငါ သိချင်မိတယ်"

"ယဲ့ဖန် သေတာကို ငါ စောက်ရမ်း ကြည့်ချင်နေပြီကွာ၊ ဒီလောက် ကြီးတဲ့ အင်အားစုကြီးက သူတို့ တံတွေးနဲ့တင် ယဲ့ဖန်ကို ဖို့သတ်လို့ ရတယ်"

ကွန်ရက်တွင် တိုက်ပွဲအကြောင်း ဆွေးနွေးနေသော လူများနှင့် ပြည့်နှက်နေသည်။ ယနေ့သည် ရှန့်ကျန်းမြို့မှ တိုက်ခိုက်ရေးသမားများ၏ အကြီးကျယ်ဆုံး နေ့ရက်ဖြစ်သကဲ့သို့ တိုက်ပွဲ၏ ရလဒ်ကို သေချာပေါက် သိနေသလို ပြုမူနေကြသည်။

သူတို့၏ ပျော်ရွှင်မှုက တစ်နာရီကျော်သာ ခံလိုက်သည်။

တစ်နာရီကျော်မျှ စောင့်နေပြီးနောက် ယဲ့ဖန်ကို ချုံခိုတိုက်ခိုက်မည့် အင်အားစုများထံမှ ဘာသတင်းအသစ်မှ ရမလာသေးပေ။

ထို့ကြောင့် ကွန်ရက်တွင် သံသယများ ကြီးထွားလာကြသည်။

"ဘာဖြစ်နေကြတာလဲ။ တစ်နာရီတောင် ရှိနေပြီ။ တိုက်ပွဲက မပြီးသေးဘူးလား"

"မဖြစ်နိုင်ဘူး၊ ယဲ့ဖန်က အင်အားကြီးတယ် ဆိုပင်မယ့် သူက တစ်ယောက်တည်းလေ၊ ဒီလောက် တစ်ဘက်ပိတ် အခြေအနေကြီးကို ပြီးတော့ သူက အင်အားစု အများကြီးရဲ့ တိုက်ခိုက်တာကို ခံရမှာလေ"

"ဝိညာဉ်ပြန်တောင်နဲ့ နီးတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ယောက်များ မရှိကြဘူးလား။ မြန်မြန် သွားစုံစမ်းကြလေ"

သူတို့ သံသယ ဝင်နေသော်လည်း ယဲ့ဖန်၏ သေခြင်းတရားနှင့် ပတ်သက်၍ စိတ်ချနေကြသေးသည်။

ရှန့်ကျန်းအင်အားစုက တိုက်ပွဲကို သေချာပေါက် အနိုင်ရလိမ့်မည်ဟု သူတို့ ယူဆထားကြသည်။

ဝိညာဉ်ပြန်တောင်နှင့် နီးသည့် တိုက်ခိုက်ရေးသမား များစွာက ချက်ချင်း သွားရောက် စုံစမ်းလိုက်ကြသည်။

သို့သော် သူတို့ ပြန်ယူလာသည့် သတင်းက လူတိုင်းအား ထိတ်လန့်သွားစေသည်။

"အရေးပေါ်အခြေအနေ …. ဝိညာဉ်ပြန်တောင်က ဆရာသခင် ကိုးယောက်လုံး အသတ်ခံလိုက်ရပြီ။ သူတို့ရဲ့ ဆရာသခင်အဆင့် မူလ သလင်းကျောက်တွေ ထုတ်ယူခံထားရတယ်။ သူတို့ရဲ့ အလောင်းတွေက တော်တော့်ကို ပုံပျက်ပန်းပျက် ဖြစ်နေပြီ"

"အရေးပေါ်အခြေအနေ … ဝိညာဉ်ပြန်တောင်မှာ ဆရာသခင် ကိုးယောက်ရဲ့ အလောင်းပဲ ရှိတယ်၊ ကျန်တဲ့သူတွေ ပျောက်နေတယ်"

….

ဤသတင်းများက ကွန်ရက်ပေါ်ရှိ လူတိုင်းကို မှင်တက်သွားစေသည်။

*သေကုန်ပြီ…*

*ဆရာသခင်ကိုးယောက်လုံး သေကုန်ပြီ*

*ပြီး‌တော့ ကျန်တဲ့အင်အားစုတွေ ပျောက်နေတယ်*

*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*

*အဲ့ဒါ အင်အား ခြောက်ရာကျော် ပါတဲ့ တပ်မကြီးလေ*

*ဒါပေမယ့် အခု...*

"မဖြစ်နိုင်ဘူး။ ငါ မယုံဘူးကွာ။ ယဲ့ဖန် သတ်ဖြတ်ခြင်း စုဝေးပွဲက မအောင်မြင်ဘူးလို့ ဆိုလိုချင်တာလား။ ဒါ အံ့ဩချင်စရာကြီးကွာ"

….

ကွန်ရက်ပေါ်တွင် သံသယများနှင့် ချက်ချင်း ပြည့်နှက်လာသည်။ သို့သော် ထိတ်လန့် သွေးပျက်ဖွယ် ကောင်းသည့် ဓာတ်ပုံတစ်ပုံက ကွန်ရက်ပေါ် တက်လာသည်။

ထိုပုံကား ဆရာသခင် ကိုးယောက်၏ အလောင်းပုံ ဖြစ်သည်။

"ဒါ… ဒါ မာစတာယွီပါ့ရဲ့ အလောင်းပဲ။ သူ့ပေါင်တစ်ဘက်က ဆွဲဖြုတ်ခံထားရတယ်။ သူ့ ဆရာသခင်အဆင့် မူလ သလင်းကျောက်ကလည်း အထုတ်ခံထားရတယ်၊ အိုး…မဟုတ်သေးပါဘူး၊ ဒါ ရက်စက်လွန်းတယ်"

"မာစတာယန်ရဲ့ အလောင်းကို ကြည့်ကြပါဦး၊ သူ့ကို တစ်ယောက်ယောက်က သေတဲ့အထိ တက်နင်းထားတာ ထင်တယ်"

"ဆရာသခင်အဆင့် ကိုးယောက်လုံး အသတ်ခံလိုက်ရပြီ။ ဘုရားရေ… ဘယ်လို ငကြောင်မျိုးက ဒီလို လုပ်လိုက်နိုင်တာပါလိမ့်"

"မထင်ရက်စရာပဲကွာ၊ ဒီနေ့က ရှန့်ကျန်းမြို့ သိုင်းပညာအသိုင်းအဝိုင်းရဲ့ ကမ္ဘာပျက်တဲ့ နေ့ပါလား"

ကွန်ရက်တစ်ခုလုံး ပွက်လောရိုက်သွားသည်။ တိုက်ခိုက်ရေးသမားများ အားလုံး ကြောက်လန့်လာကြသည်။

ထိုစဉ် သူတို့ သေမတတ် ကြောက်လန့်စေလောက်မည့် သတင်းများ ထပ်ရလာသည်။

"နောက်ဆုံးရသတင်း၊ တစ်ယောက်ယောက်က ယဲ့ဖန်ကို ကျိုးလုံခရိုင်မှာ တွေ့လိုက်တယ်တဲ့၊ သူ…သူ အသက်ရှင်နေသေးတယ်"

ထိုသတင်းကို ကြားလိုက်ပြီးသည်နှင့် ကွန်ရက်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကွန်ရက်ပေါ်မှ တိုက်ခိုက်ရေးသမားတိုင်း သွေးစွန်းနေသော အနက်ရောင်ဝတ်စုံနှင့်လူကို စိုက်ကြည့်ရင်း တံတွေးကို မနည်း မျိုချလိုက်ရသည်။

ယဲ့ဖန်က ဆရာသခင်အဆင့် ကိုးယောက်၏ ဦးဆောင်မှုအောက်၌ အင်အား ခြောက်ရာကျော်ရှိသည့် တိုက်ပွဲဝင်များအား ရှင်းလင်းပစ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မယုံနိုင်ပါ။

ထိုအချိန်တွင် သူတို့သည် ယဲ့ဖန်က လူမဟုတ်ဘဲ တကယ့် ငကြောင်ကောင်ဆိုတာကို သိလိုက်ရသည်။

သတင်းများက ရှန့်ကျန်းမြို့တစ်ဝိုက် ပျံ့နှံ့လို့သွားသည်။ မည်သူမျှ ဤအချက်ကို လက်မခံနိုင်ကြပါ။

စာရင်းဇယားများအရ တိုက်ပွဲအပြီးတွင် ရှန့်ကျန်းတစ်မြို့လုံး၌ ဆရာသခင် သို့မဟုတ် ဆရာသခင် တစ်ပိုင်းအဆင့် တစ်ဦးတစ်ယောက်မှ ကျန်ရှိမနေတော့ပါ။

တစ်မြို့လုံးတွင် ကြယ်သုံးလုံးအဆင့် ပညာရှင်များက အင်အားအကြီးဆုံး ဖြစ်လို့လာ၏။

ယဲ့ဖန်သည် ရှန့်ကျန်း၏ အိပ်မက်ဆိုးဟု နာမည်ကြီးလာပြီး ထိုအမည်နှင့်ပင် ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်း၏ သမိုင်းတွင် မှတ်တမ်းတင်ခြင်း ခံလိုက်ရလေသည်။

….

ယဲ့ဖန်သည် မြို့၏ တုံ့ပြန်မှုအား လျစ်လျူရှုထားသည်။ တိုက်ပွဲအပြီးတွင် ဘုရားကျောင်းပျက်ကို သူ၏ ခြေကုပ်ယူရာ နေရာအဖြစ် ရွေးချယ်လိုက်သည်။

သန့်ရှင်းသော အဝတ်အစား တစ်စုံသို့ လဲလှယ်ပြီးနောက် သူသည် မြေကြီးပေါ်တွင် ခြေချိတ်ထိုင်ချလိုက်သည်။

"ဒါတွေမှာ မဟူရာ အမှတ်တွေ တကယ်ပါနေတာပဲ"

ဆရာသခင် ကိုးယောက်၏ မူလ သလင်းကျောက်ကို ကြည့်ရင်း ယဲ့ဖန်၏ မျက်နှာထားက ရွှင်မြူးလာသည်။

ဆရာသခင်အဆင့် ကိုးယောက်၏ သလင်းကျောက်သည် သူ စုဆောင်းခဲ့သည့် တစ်ခြား သလင်းကျောက် သုံးခုနှင့် အတူတူပင် ဖြစ်သည်။ တစ်ခုချင်းစီတွင် မဟူရာ အမှတ်များ ပါဝင်နေသည်။

ထိုမဟူရာ အမှတ်များသည် အလွန် မည်းနက်၍ မိစ္ဆာ၏ သဘောလက္ခဏာများ ပါဝင်နေသည်။

သို့သော် အရောင်ကြောင့် ယဲ့ဖန် စိတ်အနှောင့်အယှက် မဖြစ်ပါ။ ချက်ချင်းပင် သလင်းကျောက်များကို သူ့ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ဂျွတ်!

သူ စ၍ ဝါးစားလေတော့သည်။

….

သလင်းကျောက် အပိုင်းအစများ သူ့ဝမ်းဗိုက်ထဲ ဝင်ရောက်သွားသည်နှင့် တစ်ဟုန်ထိုး တိုးပွားလာသော သက်စောင့်စွမ်းအားများ တစ်ကိုယ်လုံး ပျံ့နှံ့လာသလို ခံစား လိုက်ရသည်။

"ဒါနဲ့ မလုံလောက်သေးဘူး"

ယဲ့ဖန် ထိုသို့ရေရွတ်လိုက်သလို သူ့မျက်လုံးများမှ အေးစက်စက် အလင်းများ ဖြတ်ပြေးသွားသည်။

ထို့နောက် သူက အခြားဆရာသခင်များ၏ မူလ သလင်းကျောက်များကို ပါးစပ်ထဲ ပစ်ထည့်ပြီး မြန်နိုင်သမျှ မြန်မြန် ဝါးစားလေတော့သည်။

ထိုစဉ် သန်မာသော ချီမျှင်တန်းများက သူ့ကိုယ်ထဲမှ ထွက်ပေါ်လာပြီး ဘုရားကျောင်းအား အနည်းငယ် ရိုက်ချိုးမိသွားသည်။

ဘုရားကျောင်းတစ်ခုလုံး လုံးဝ ပျက်စီးသွားလေသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ယဲ့ဖန် မျက်လုံး ပြန်ဖွင့်လိုက်သောအခါ သူသည် အလွန်ကြမ်းတမ်းသော ချီဓာတ်အား ထုတ်လွှတ်လိုက်မိသည်။

သူ၏ နတ်ဆိုးသတ်ဖြတ်ခြင်း ဆုဒြာ ပထမအဆင့်အား ချိုးဖောက်၍ ဒုတိယအဆင့်သို့ တက်ရောက်သွားနိုင်ပြီး ဖြစ်သည်။

ထို့အတူ သူ့ခန္ဓာကိုယ်မှ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာကာ ဆရာသခင် တစ်ပိုင်းအဆင့်သို့ တက်ရောက်သွားသည်။

ထို့အပြင် သူ၏ ပင်ကိုစရိုက်သည်လည်း လုံးဝ ပြောင်းလဲသွားလေသည်။

ယခင်တုန်းက ယဲ့ဖန်၏ သွင်ပြင်သည် ဖြူစင်၍ ချောမောသည် သို့ပေမဲ့ ယခုအချိန်တွင် သူသည် မိစ္ဆာဆန်၍ ရက်စက်လာသည်။

သူ့မျက်နှာသည်လည်း အနည်းငယ် ပြောင်းလဲလာသည်။ သူ၏ မျက်နှာသွင်ပြင်က ယခင် နတ်ဆိုးဧကရာဇ်၏ ပုံစံနှင့် ပိုဆင်လာသည်။

ဤအခြေအနေတွင် ဖေးချမ်နှင့် ယဲ့ဖန်၏ အခြားလက်အောက်ငယ်သားများ တောင်မှ သူ့ကို မှတ်မိရန် ခဲယဉ်းသွားလောက်သည်။

"အင်အားကြီးရတာကို ငါ သဘောကျတယ်"

ထိုသို့ ယဲ့ဖန် ရေရွတ်ရင်း ခက်ထန်သော မျက်နှာထားဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

အကယ်၍ ယခုအချိန်တွင် ဆရာသခင်အဆင့် ကိုးယောက်နှင့် ရင်ဆိုင်ရမည်ဆိုပါက သူတို့အား သူ ထိခိုက်ဒဏ်ရာ မရဘဲ အသေသတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလာသည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်၏ နားက မသိမသာ လှုပ်သွားပြီးနောက် မိစ္ဆာဆန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ခင်ဗျား ထပ်ကြာကြာ မစောင့်နိုင်တော့ဘူးပဲ"

ထိုသို့ပြောပြီး ယဲ့ဖန်က ဘုရားကျောင်းပျက်၏ သစ်သားတံခါးအား လက်သီးတစ်ချက်ဖြင့် ထိုးခွင်း ဖျက်ဆီးလိုက်သည်။

ဘန်း!

သစ်သားတံခါး တစ်ခုလုံး တစ်စစီ ဖြစ်သွား၏။ ထိုစဉ် အနက်ရောင် အရိပ်တစ်ခုက လှစ်ခနဲ ဝင်ရောက်လာသည်။

အမှောင်ထုအား အကာအကွယ် ယူထားပြီး ထိုအရိပ်သည် ကြမ်းတမ်းသော စစ်သည်တော်ပုံ ပေါ်ပြီး သူ့လက်မောင်းပေါ်တွင် မိစ္ဆာဆန်၍ မနှစ်မြို့ဖွယ်ကောင်းသော မဟူရာ ကြက်ခြေခတ်ပုံ တက်တူး ရှိလေသည်။

"အာ…မင်း ငါ့ကို တွေ့တာလား"

ယဲ့ဖန်က သူ့ကို ရှာတွေ့နိုင်သည့် အရည်အချင်းကြောင့် အနက်ရောင်ဝတ်စုံနှင့်သူ ထိတ်လန့်သွားသည်။

"ခင်ဗျား ဘယ်သူလဲ"

ယဲ့ဖန်က သူ၏ မျက်လုံးအား တည့်တည့်စိုက်ကြည့်ရင်း မေးလိုက်သည်။

*ဆရာသခင် အထွတ်အထိပ်အဆင့်*

*ဒီလူက ဆရာသခင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ အင်အားကြီးတဲ့ ကောင်ပဲ*

"ငါလား…မင်းရဲ့ အိပ်မက်ဆိုးလေ"

အနက်ရောင် ဝတ်စုံနှင့်သူက ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"မင်းက ငါ့ရဲ့ ရုပ်သေး ဆရာသခင် ဆယ့်သုံးယောက်ကို သတ်လိုက်မှတော့ အခု မင်းက ငါ့ရဲ့ ရုပ်သေးရုပ် ဖြစ်မယ့် အချိန်ရောက်ပြီ။ မင်းကို သတ်မယ့်သူက မိစ္ဆာ ဝိညာဉ်ရိုင်း ဆိုတာကို မှတ်ထားလိုက်"

All Chapters