← Chapters

ကောင်းကင်အလိုဆန္ဒဧကရာဇ်

Vol. 42 Ch. 576

ကောင်းကင်အလိုဆန္ဒဧကရာဇ်

Vol. 42 Ch. 576

ရှီရှန်းယန်၏ စံအိမ်အတွင်း

သူမက အစီအရင်ရှေ့တွင် ရပ်ကာ ယနေ့အဖြစ်အပျက်အကြောင်းကို ပြန်လည်တင်ပြနေသည်။

“ ဒါတွေက အဲလိုဖြစ်ခဲ့တာပါ”

ထို့နာက် စက္ကန့်ပိုင်းကြာသည်အထိ တခြားတစ်ဘက်မှ တုံ့ပြန်မှု ရောက်မလာပေ။

“ ခေါင်းဆောင် စိုးရိမ်နေဖို့ မလိုပါဘူး။ ကျွန်မ အုပ်ချုပ်သူအရှင်အတွက် ဒီကျမ်းကိုရဖို့ အကောင်းဆုံးလုပ်ပါမယ်။ မျိုးနွယ်စုရဲ့ အားစိုက်ထုတ်မှုကို စိတ်မပျက်စေရပါဘူး”

ရှီရှန်းယန်က ရွေးချယ်ရေးဖြစ်စဉ်ကတည်းက ဤတာဝန်၏ အရေးပါပုံကို သိထားလေသည်။ အုပ်ချုပ်သူတစ်ယောက်က လက်အောက်ရှိ အင်အားစုအားလုံးအတွက် ပြိုင်ပွဲကြီးတစ်ခုကို ကျင်းပပေးခဲ့သည်။ ရှီရှန်းယန်က နောက်ဆုံးအနိုင်ရရှိသည့်သူ ဖြစ်ပြီး သူမအနေဖြင့် အုပ်ချုပ်သူအပေါ် သစ္စာရှိမှုကို ပြသဖို့ အခွင့်အရေး ရလာပြီဖြစ်ကာ အာကာသမျိုးနွယ်အတွက် ဂုဏ်ယူစရာ အပြုအမူ တစ်ခုဖြစ်ကြောင်း မှတ်ယူထားခဲ့သည်။

“ တာဝန်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူး” အာကာသမျိုးနွယ်ခေါင်းဆောင်က မိနစ်ဝက်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပြောလာသည်။

“ အဲဒါက ဘာကို ပြောချင်တာလဲ”

“ ငါတို့မျိုးနွယ်က အုပ်ချုပ်သူကို ပုန်ကန်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ငါတို့တွေ အရင်းအမြစ် ချီနေရာလွတ်ထဲမှာ ပုန်းအောင်းနေပြီးတော့ ငါတို့ရဲ့ အုတ်မြစ်တချို့ကို အသုံးပြုပြီး သူမ ငါတို့ကို မရှာနိုင်အောင် တားဆီးထားမယ်”

“ ဘယ်လို ခေါင်းဆောင် … အဲဒါက ဘာကို ပြောချင်တာလဲ”

“ အားလုံးက ခေတ်သစ်ရောက်လာပြီဆိုတာကို သိကြတယ်။ အခုက ဘက်ရွေးဖို့ အချိန်ပဲ။ အာကာသမျိုးနွယ်က အုပ်ချုပ်သူတွေရဲ့ ဆန့်ကျင်ဘက်ကို ရွေးချယ်ပြီးသွားပြီ”

ရှီရှန်းယန်က ထိုသတင်းသည် သူမအတွက် ကြီးမားလွန်းသည့်အတွက် မည်သို့တုံ့ပြန်ရမှန်းပင် မသိတော့ပေ။ သူမက ဤနေရာသို့ ရောက်လာသည်မှာ သူမ၏ မျိုးနွယ်အား ဂုဏ်ယူစေကာ ဒိုင်မေးရှင်းအမြင့်တွင် အဆင့်အတန်းကို မြှင့်တင်နိုင်စေရန်ဟု တွေးထားခဲ့မိသည်။

ယခုတွင် ကိစ္စများက ထိန်းချုပ်မှု ကင်းလွတ်သွားဟန်ပေါ်၏။

“ အဲဒါဆို ကျွန်မကရော” သူမက အလျင်အမြန် မေးလိုက်သည်။

“ မင်း စိုးရိမ်နေစရာမလိုဘူး။ မျိုးနွယ်က မင်းကို မစွန့်ပစ်ပါဘူး”

ရှီရှန်းယန်က သက်ပြင်းချလိုက်ပြီးနောက် “ အဲဒါဆို ကျွန်မက ဒိုင်မေးရှင်းအနိမ့်မှာ ဘာလို့ ရှိနေတာလဲ”

“အသင်္ချေအင်ပါယာကမ္ဘာရဲ့ ခေတ်သစ်ရောက်ရှိလာမှုနဲ့ ဒိုင်မေးရှင်းအနိမ့်မှာ ကံကောင်းမှုနဲ့ ကံကြမ္မာအမြောက်အများ စုဝေးလာလိမ့်မယ်။ လူတော်တော်များများက ဒီခေတ်ကာလကို စတင်မဲ့သူက ဒိုင်မေးရှင်းအမြင့်ရဲ့ ခေတ်ကာလကိုပါ အပြောင်းအလဲ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ထားကြတယ်။ အနည်းဆုံးတော့ အရေးပါတဲ့ ကဏ္ဍကနေပေါ့။

မင်းရဲ့ တာဝန်က အခုအချိန်ကို မင်းရဲ့ အရေးသာချက်အနေနဲ့ အသုံးပြုရမယ်။ မင်းက အဲဒီကံကြမ္မာပါတဲ့လူဆီက ကံကြမ္မာကို ခိုးယူပြီး ကံကြမ္မာပါတဲ့သူ ဖြစ်လာတာမျိုး၊ သူတို့ရဲ့ လက်အောက်ခံ ဖြစ်လာတာမျိုး၊ သူတို့နဲ့ ပူးပေါင်းလိုက်တာမျိုး ဒါမှမဟုတ် မင်း အလိုရှိတာကို လုပ်နိုင်တယ်။ မင်းရဲ့ အကဲဖြတ်ချက်က အကောင်းဆုံးအပြုအမူကို ဆုံးဖြတ်ပေးလိမ့်မယ် …

အာကာသမျိုးနွယ်အတွက် ဒီခေတ်ကာလမှာ အရေးကြီးတာက ဒီအဖြစ်အပျက်ကနေ ကံကောင်းမှုစုစည်းပြီး ငါတို့ရဲ့ စည်ပင်ကြွယ်ဝမှုကို အာမခံပေးဖို့ပဲ”

ရှီရှန်းယန်က လက်သီးဆုပ်ကာ သူမ ရရှိထားသည့် သတင်းအချက်အလက်များကို နားလည်ဖို့ ကြိုးစားနေသည်။ သူမက ရုတ်ချည်းဆိုသလို အသင်္ချေအင်ပါယာကမ္ဘာမှ ခဲဖြူရောင်ဆံပင်နှင့် ပြိုင်ပွဲဝင်အား အမှတ်ရသွားမိ၏။ ထို့နောက် ရုတ်ချည်းဆိုသလို သူသည် ဤရောက်ရှိလာမည့် အဖြစ်အပျက်တွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ခံစားနေမိသည်။

“ ကိစ္စတွေက ရုတ်တရက် ဆန်လွန်းတယ်ဆိုတာကို သိပေမဲ့ မင်း ဒိုင်မေးရှင်းအနိမ့်မရောက်ခင်အထိ ငါတို့တွေ ပြောပြလို့ မရခဲ့ဘူး”

“ ခေါင်းဆောင်ကို အပြစ်မတင်ပါဘူး။ ဒါက မျိုးနွယ် ပြန်လည်ရှင်သန်ဖို့အတွက် လုပ်တာကို သိပါတယ်”

“ မင်း နားလည်တာကို ဝမ်းသာတယ်။ ငါ အချိန်သိပ်မရှိဘူး။ အဲဒါကြောင့် မြန်မြန်ပဲ ပြောတော့မယ်။

မင်းက ဒိုင်မေးရှင်းအနိမ့်မှာ တာအိုကို သက်သေပြရမယ်။ ဆိုလိုချင်တာက မင်းက ပြန်လည်ကျင့်ကြံရမယ်။ မင်းရဲ့ သိုလှောင်လက်စွပ်ထဲက အရင်းအမြစ်တွေက မင်းကို ကူညီပေးလိမ့်မယ်။ အဲဒီထဲမှာ မင်းကို အချိန်လုံလုံလောက်လောက် ရစေမဲ့ အချိန်ဟွင်သွမ်းရတနာလည်းပါတယ်။

မင်းက အသင်္ချေအင်ပါယာကမ္ဘာမှာ တာအိုကို သက်သေပြမှာလား မပြဘူးလား ရွေးချယ်လို့ရတယ်။ အုပ်ချုပ်သူ ၇ယောက်က ဒီမျိုးဆက်ရဲ့တာအိုကို သက်သေပြဖို့ နှောင့်နှေးအောင် လူတွေ စေလွှတ်ထားတယ်”

“ နှောင့်နှေးအောင်လား”

“ သူတို့က ခေတ်သစ်ရောက်ရှိလာမှုကို မတားဆီးနိုင်ဘူး။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ အခြေအနေကို ဆွဲဆန့်ထားနိုင်ဖို့ အကောင်းဆုံးလုပ်ကြလိမ့်မယ်”

“ ကျွန်မ သိပါပြီ”

“ ဒါက အများကြီးဆိုတာသိပေမဲ့ ငါ ဘာမှဆက်မပြောတော့ဘူး။ နောက်ဆုံးတစ်ခုအနေနဲ့ ကောင်းကင်အလိုဆန္ဒ ဧကရာဇ်ဖြစ်မလာနဲ့။ ဒိုင်မေးရှင်းအနိမ့်မှာ ဒီလိုလုပ်ဖို့က မဖြစ်နိုင်ဘူးဆိုတာကို သိပေမဲ့ ရောက်ရှိလာမဲ့ အပြောင်းအလဲမှာ ဘာမဆိုဖြစ်လာနိုင်တယ်”

ရှီရှန်းယန်က ခေါင်းညိတ်လိုက်သည်။ ခေါင်းဆောင်က ဘာမှမပြောလျှင်ပင် သူမက ထိုသို့မလုပ်ပေ။ သူမ ငယ်စဉ်ကတည်းက မျိုးနွယ်အကြီးအကဲများက သူမအား ကောင်းကင်အလိုဆန္ဒ ဧကရာဇ်ဖြစ်လာခြင်းအကြောင်းကို အမြဲလိုလို သတိပေးထားခဲ့သည်။ အကြောင်းမှာ ဤသည်က ဖြတ်လမ်းတစ်ခုမှ လွဲပြီး သမာသမတ်မကျသည့် နည်းလမ်းတစ်ခုသာ ဖြစ်၏။

ကောင်းကင်အလိုဆန္ဒ ဧကရာဇ်များက ကောင်းကင်အလိုဆန္ဒကို တစ်ခုထက် ပိုမိုစုပ်ယူနိုင်ခွင့်ပြုထားသည့် တာအိုသစ်ပင်ဟု ခေါ်သည့်အရာများကို ဖန်တီးကြသည်။ တာအိုသစ်ပင်က သူတို့အား ကျင့်ကြံရေးအလျင်အမြန် မြင့်မားလာစေပြီး မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းအဖြစ် ဆောင်ရွက်ပေးသည်။

သို့သော်လည်း ကောင်းကင်အလိုဆန္ဒ ဧကရာဇ်၏ ဆိုးကျိုးက ထိုတာအိုသစ်ပင်ကို ဖျက်ဆီးလိုက်သည်နှင့် ကျင့်ကြံဆင့် ပျက်စီးသွားမည် ဖြစ်၏။ ထိုစဉ် တာအိုဧကရာဇ်များက မဟာတာအိုအရင်းအမြစ်ကို ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ဆောင်ရသည်။

ရှီရှန်းယန်က အကြောင်းအရင်းအများကြီးကြောင့် ကောင်းကင်အလိုဆန္ဒ ဧကရာဇ် မဖြစ်လိုပေ။ နမူနာအားဖြင့် ကောင်းကင်အလိုဆန္ဒ ဧကရာဇ်များသည် ထာဝရကောင်းကင်ဘုံအဆင့် သို့မဟုတ် အဆုံးစွန်မဲ့စံပြများ ဖြစ်မလာနိုင်ပေ။

ကောင်းကင်အလိုဆန္ဒ ကောင်းကင်ဘုံအဆင့်များက အသက်ကို ဖန်တီးဖို့တာအို ကောင်းကင်ဘုံအဆင့်၏ သဘာဝစွမ်းရည်ကို မရှိကြပေ။ ကောင်းကင်အလိုဆန္ဒ စံပြကမူ ထိုအဆင့်ရောက်ဖို့ စံပြဝိညာဉ်ကို မလိုအပ်သည့်အတွက် သူတို့အား သိသိသာသာ အားနည်းသွားစေသည်။

ကောင်းကင်အလိုဆန္ဒ ဧကရာဇ်၏ တစ်ခုတည်းသော အရေးသာချက်က ကျင့်ကြံရေးမြန်ဆန်ပြီး သူတို့၏ ကောင်းကင်အလိုဆန္ဒကို စတေးကာ တိုက်ပွဲစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် စွမ်းရည် ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူတို့က တာအိုဧကရာဇ်များနှင့် ရင်ဆိုင်သည့်အခါသာ ထိုနည်းစနစ်ကို အသုံးပြုလေ့ ရှိသည်။

“ ကောင်းပြီ။ ငါ သွားရတော့မယ်” အာကာသမျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည် “ လတ်တလော အကြောင်းတချို့ကြောင့် ငါတို့ရဲ့ သစ္စာဖောက်မှုက ဒိုင်မေးရှင်းအနိမ့်ဆီ ရောက်ရှိဖို့ အချိန်တချို့တော့ ကြာလိမ့်မယ်”

“ လတ်တလော အပြောင်းအလဲတွေလား”

“ အဲဒီအတွက် အချိန်မရှိဘူး။ သိထားဖို့က ဒိုင်မေးရှင်းအနိမ့်ကို ဝင်ရောက်ဖို့ ပိုမိုခက်ခဲလာပြီ။ ဘာပဲဖြစ်ဖြစ် မင်း တာအိုသက်သေပြမဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာကို ဆုံးဖြတ်ပြီးတဲ့အချိန် သတိထား။ အုပ်ချုပ်သူတွေက ဒိုင်မေးရှင်းအနိမ့်မှာ ရုတ်ရုတ်သဲသဲ ဖန်တီးဖို့ သူလျှိုတချို့ကို သေချာပေါက် စေလွှတ်လိမ့်မယ်”

ထို့သို့ ပြောပြီးသည့်နောက်တွင် ခေါင်းဆောင်က စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

ရှီရှန်းယန်က ရုတ်ချည်းဆိုသလို အထီးကျန်လာသလို ခံစားလိုက်မိ၏။ ဤသည်က သူမအနေနှင့် မျိုးနွယ်ကို နောက်ခံအဖြစ် မရှိသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူမက ဆက်လက် လုပ်ဆောင်ရမည့် နောက်အဆင့်ကို ဆုံးဖြတ်ရင်း စိတ်ခံစားချက်ကို ပြန်လည်ထိန်းညှိလိုက်သည်။

ဒိုင်မေးရှင်းအမြင့် ပြိုင်ပွဲဝင်များသာ သူမ သစ္စာဖောက်သည့်ကိစ္စကြောင့် သုတ်သင်ဖို့ ဆုံးဖြတ်လိုက်လျှင် သူမအနေနှင့် အကောင်းဆုံးအရာက ထွက်ပြေးဖို့သာ ဖြစ်၏။ သို့သော်လည်း ခေါင်းဆောင်က ထိုသတင်းသည် စစ်ဆေးမှုသို့ ရောက်ရှိလာဖို့ အချိန်တစ်ခု ကြာမြင့်ဦးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

သူမက ထိုအချိန်ကို အသုံးပြုကာ ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို ရယူပြီး ရောက်ရှိလာမည့် ရုတ်ရုတ်သဲသဲ ခေတ်ကာလအတွင်း အရေးသာချက်တချို့ကို ဖန်တီးရမည်။

“ စောင့်ကြည့်ကြတာပေါ့” သူမက ရေရွတ်လိုက်ပြီးနောက် အနားယူလိုက်သည်။

……………………………………………..

ရှောင်ထျန်းတိ၏ စံအိမ်အတွင်း

“ မင်း အကောင်းဆုံးလုပ်ဖို့ လိုတယ်” မိန်းမလှတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ ဟုတ်ကဲ့ပါ ဆရာ” ရှောင်ထျန်းတိက စိတ်မပါတပါဖြင့် ပြောလိုက်သည်။

“ အခု မင်းပုံမှန် ဂရုမစိုက်တဲ့ သဘောထားမျိုး ရှိရမဲ့အချိန် မဟုတ်ဘူး။ အုပ်ချုပ်သူတွေက မင်းသာ လိုအပ်တဲ့ကျမ်းနဲ့ သတင်းအချက်အလက်ကို ယူဆောင်လာနိုင်မယ်ဆိုရင် အခွင့်အရေး ပေးလောက်တယ်”

“ ဟုတ်လို့လား။ ဒါမှမဟုတ် ကျွန်တော်က အသုံးမဝင်တော့ရင် သူတို့က စွန့်ပစ်လိုက်မှာမလား”

“ အဆိုးမမြင်စမ်းပါနဲ့။ တကယ်လို့ သူတို့သာ မင်းနဲ့ ဖြေရှင်းချင်ရင် အရင်ကတည်းက လုပ်ခဲ့ပြီးပြီပေါ့”

ရှောင်ထျန်းတိက နှာခေါင်းရှုံ့လိုက်ပြီး ဘာမှပြန်မပြောပေ။

“ ဒါက မင်းဆီမှာရှိတဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေနိုင်တယ်”

“ ဆရာရော ကျွန်တော်ပါ အဲဒါက အမှန်မဟုတ်မှန်း သိကြတာပဲလေ”

“ အရင်ကတော့ အဲ့လိုဖြစ်ပေမဲ့ ကိစ္စတွေက ပြောင်းလဲလာပြီ။ အုပ်ချုပ်သူတွေက မဟာမိတ် လိုအပ်နေကြတယ်”

“ ဟုတ်တယ်။ သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်စေတဲ့ မဟာမိတ်မျိုးပေါ့”

“ တော်တော့” အမျိုးသမီးအသံက ထွက်ပေါ်လာသည် “ မင်းရဲ့ စိတ်အနေအထားက ယခုလက်ရှိ အခြေအနေကို ဖြစ်စေတာပဲ။ မင်းကို အခွင့်အရေးပေးပြီးသွားပြီ။ မင်းက ကြိုးတောင် မကြိုးစားကြည့်ချင်ဘူး။ တာဝန်ကို ပြီးအောင်လုပ်ပြီးတော့ ကျမ်းကို ယူခဲ့။ မဟုတ်ရင် မင်းကို ဂိုဏ်းကနေ နှင်ထုတ်ပစ်မယ်။ ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ” အမျိုးသမီး၏ အသံက အဆုံးသတ်သွားသည်။

ရှောင်ထျန်းတိက ပုခုံးတွန့်လိုက်၏။ ဤသည်က သူ့ဆရာ သူ့ကို ခြိမ်းခြောက်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူကလည်း သူမကို စိတ်ပျက်အောင် လုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော်လည်း သူမက သူ့ကို အကြွင်းမဲ့ ချစ်မြတ်နိုးကာ အလိုလိုက်လေ၏။

ထို့ကြောင့် သူက သမ်းဝေပြီးနောက် ကုတင်ပေါ်သွားကာ အိပ်စက်လိုက်သည်။ သူက အစေခံအား စစ်ဆေးမှုမစတင်ခင် ရက်မတိုင်ခင်အထိ မနှိုးဖို့ရာ မှာခဲ့၏။

………………………………..

ရှစ်ရို့လန်၏ စံအိမ်အပြင်ဘက်တွင်

ရှုရှစ်က အနည်းငယ် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုးဖြင့် လျှောက်လှမ်းလာသည်။ ထိုသူ၏ တန်ကြေးက အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများ၏ သတင်းအချက်အလက်များနှင့် မှတ်ဉာဏ်ဖြစ်လိမ့်မည်ဟု ထင်မထားမိပေ။

ရှုရှစ်က အခြေအနေတောင်းဆိုးချက်ကို ပိုမိုဆိုးရွားဖို့ပင် ပြင်ဆင်ထား၏။

ကောင်းပြီ။ ကျေးဇူးကြွေးဆိုတာက ပြန်လည်ပေးဆပ်ဖို့ အခက်ဆုံးအရာပဲ…

သူမက တွေးလိုက်မိသည်။ ရှစ်ရို့လန်က သူမအား များများတောင်းဆိုဟန် မပေါ်သော်လည်း ဤသည်က အပေါ်ယံမျှသာ ဖြစ်၏။

ကိစ္စမရှိဘူး။ ငါ လိုချင်တဲ့ သတင်းအချက်အလက်ရခဲ့ပြီး ငါသာ ထာဝရဧကရာဇ် ဖြစ်လာရင် ဖန်းအာကို အသက်ပြန်သွင်းနိုင်လိမ့်မယ်။ အခု ငါ လုပ်ဖို့လိုတာက သူ့ရဲ့ အမှတ်အသားတွေကို စုစည်းဖို့ နည်းလမ်းရှာရမယ်…

ထို့နောက် ရှုရှစ်က သူမ၏ ယောက်ျားဖြစ်သူကို အမှတ်ရသွားပြီး သူမ၏ စိတ်ထဲ ပျော်ရွှင်ဖူးခဲ့သည့် မှတ်ဉာဏ်များ ပြန်လည်ပေါ်ထွက်လာကာ အတွေးနစ်သွားသည်။

ဖန်းအာ ကျွန်မ ရှင်နဲ့ ထပ်တွေ့တော့မှာပါ …

ရှုရှစ်က သူမ၏ စံအိမ်အတွင်း ပြန်ရောက်လာသည်။ သူမ ပြန်ရောက်လာသည်နှင့် တစ်စုံတစ်ယောက်က သူမအနားတွင် ပေါ်ထွက်လာ၏။ ဤသည်က အမြဲပြောင်းလဲတာအိုဆရာ ဖြစ်သည်။

“ ဘာလို့ သူမကို သွားတွေ့ခဲ့တာလဲ”

ရှုရှစ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် အခြေအနေကို ရှင်းပြလိုက်သည်။ တာအိုဆရာက သက်ပြင်းချလိုက်၏။

“ မင်းက လင်းဖန်ကို အသက်ပြန်သွင်းဖို့ စွဲလမ်းမှုဖြစ်လာတယ်ဆိုတာကို သတိမထားမိဘူးလား”

“ သူက ကျွန်မ ယောက်ျားပဲလေ”

“ ဟုတ်တယ်။ ဒါပေမဲ့ စွဲလမ်းမှုမျိုးကို မင်းစိတ်ကို သိမ်းပိုက်ခွင့်မပြုသင့်ဘူး”

“ စွဲလမ်းမှုနဲ့ ဘာမှားလို့လဲ”

“ အဲဒါက မင်းရဲ့ ရန်သူဘက်က အသုံးချသွားမဲ့ အားနည်းချက် ဖြစ်နေနိုင်တယ်”

ရှုရှစ်က သိကာ တိတ်ဆိတ်သွားလေသည် “ ကျွန်မရဲ့ အားနည်းချက်ဖြစ်လာဖို့ ခွင့်မပြုပါဘူး”

တာအိုဆရာက သက်ပြင်းချလိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။ သူ့စိတ်ပျက်မှုက ရှုရှစ်အား တစ်ညတာလုံး မပျော်မရွှင် ဖြစ်သွားစေသည်။

……………………………….

အောင်းထျန်းယီ၏ စံအိမ်အတွင်း

“ အသင်္ချေအင်ပါယာကမ္ဘာက ဟို့ဖုန်းဟွမ်မလား” သူက မေးလိုက်သည်။

“ ဟုတ်ပါတယ်”

“ အဲဒါဆိုတော့ ဘာလို့များ လာတွေ့တာလဲ”

***

All Chapters