စံပြ၉ယောက်၏ ဟောပြောပို့ချခြင်း
Vol. 42 Ch. 578
“ ငါ အရင်သွားလိုက်မယ်” ဧကရာဇ်ချီယွမ်က ပြောလိုက်သည်။ ထို့နောက် သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ထိုင်ခုံနှစ်ခုကို ဖန်ဆင်းလိုက်၏။ တစ်ခုက သူ့အတွက် ဖြစ်ကာ ကျန်တစ်ခုက ဝမ်ဝေ့အတွက် ဖြစ်သည်။ ကျန်လူများက ဘေးတွင် စောင့်ဆိုင်းနေစဉ် ဧကရာဇ်ချီယွမ်နှင့် ဝမ်ဝေ့တို့က ထိုင်လိုက်ကြသည်။
“ သက်ရှိတွေအားလုံးကို အခြေခံအားဖြင့် ချီ၊ အဆီအနှစ်နဲ့ စိတ်ဝိညာဉ်ဆိုပြီးတော့ ခွဲခြားထားတယ်။ ကျင့်ကြံရေးဖြစ်စဉ်က အဲဒီကဏ္ဍတွေကို တိုးတက်အောင် လုပ်ခြင်းနဲ့ စတင်နိုင်တယ်။ အဲဒါက ကိုယ်တိုင်ရှာဖွေတွေ့ရှိမှုနဲ့ သာမန်မှုတို့ရဲ့ ခရီးစဉ်ပဲ။ ခန္ဓာကိုယ်၊ စိတ်နဲ့ စိတ်ဝိညာဉ်တို့ရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ …”
ဝမ်ဝေ့က သူ့စိတ်ဝိညာဉ်အမှုန်များနှင့် အနာဂတ်ဗုဒ္ဓကိုယ်ကို အသက်သွင်းပြီး နားလည်နိုင်စွမ်းကို မြှင့်တင်ဖို့ တုံ့ဆိုင်းမနေပေ။ တစ်ချိန်တည်းဆိုသလို သူက လူဝင်စားအားလုံးကို ထိုဟောပြောချက်ကို နားလည်စေလိုက်၏။
လူဝင်စားများက ဘဝအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုးကို ဖြတ်ကျော်ခဲ့သူများဖြစ်၍ သူ နားမလည်နိုင်သည့် အရာကို သူတို့က နားလည်ကောင်း နားလည်နိုင်သည်။ ထို့အပြင် သူ ဆယ်ယောက် ရှိထားခြင်းက သူတစ်ယောက်တည်းထက် ဟောပြောပို့ချခြင်းကို နားလည်အောင် လုပ်သည်က ပို၍ကောင်းပေသည်။
ဝမ်ဝေ့က သူ့ဘိုးဘေး၏ တာအိုအကြောင်း ဟောပြောချက်ကို နားထောင်နေရင်း ကျင့်ကြံရေး အနှစ်သာရသည် သူ့ရှေ့တွင် ရိုးရိုးရှင်းရှင်း ထွက်ပေါ်လာကြောင်း မြင်လိုက်ရ၏။ ထို့နောက် ဧကရာဇ်ချီယွမ်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ ဧကရာဇ်တစ်ပိုင်းအဆင့်အထိ မူလနည်းစနစ်အကြောင်းကို ရှင်းပြခဲ့သည်။
ဝမ်ဝေ့က ထိုနည်းစနစ် ဖန်တီးသူ ကိုယ်တိုင် ရှင်းပြသည်ကို မြင်ပြီး ထူးကဲသည့် အရာတချို့ရှိကြောင်း ဝန်ခံရပေမည်။ သူက တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်ကာ မူလနည်းစနစ်ကို ကန့်သတ်ချက်လွန်အောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း သူ မသိသေးသည့် သို့မဟုတ် မစဉ်းစားမိသည့် ကိစ္စများစွာ ရှိနေသေးသည်။
သို့သော် ယခုတွင် ဖန်တီးသူက သူ့အား ရှင်းပြလာသည့်အခါ နောက်ဆုံးတွင် သူက နားလည်သွား၏။
မူလနည်းစနစ်ကို ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ရှင်းပြပြီးသည့်နောက်တွင် ဧကရာဇ်ချီယွမ်က သူ တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူ၏ မူလဇစ်မြစ်၊ တာအိုနှင့် နားလည်နိုင်စွမ်းအကြောင်းကို ရှင်းပြခဲ့သည်။
သူ ပြီးဆုံးသွားသည့်အခါ ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်ကို မည်သို့ဝင်ရောက်နိုင်ကြောင်း ဝမ်ဝေ့အား အသေးစိတ် ရှင်းပြခဲ့သည်။
အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တအံ့တဩအမူအရာဖြင့် မျက်လုံးပွင့်လာသည်။ သူက ကျင့်ကြံရေးလောက၏ အထွတ်အထိပ်နှင့် နှိုင်းယှဉ်လိုက်သည့်အခါ မည်မျှအလှမ်းဝေးနေကြောင်း နားလည်သွားပြီး သူ့တာအိုဘိုးဘေး၏ အင်အားကို ရရှိပြီးသည့်နောက် ဂုဏ်ယူမှုသည်လည်း ပျောက်ဆုံးသွားခဲ့သည်။ သူ့ခရီးစဉ် စတင်ခါစဖြစ်၍ ပိုမိုနှိမ့်ချနေဖို့သာ ဆုံးဖြတ်ခဲ့၏။ လျှောက်လှမ်းရမည့်လမ်းက အဝေးကြီး လိုအပ်နေသေးသည်။
ထို့နောက် သူက သူ့အသိစိတ် ပင်လယ်အတွင်းရှိ စည်းမျဉ်းသစ်ပင်ကို စစ်ဆေးကြည့်ခဲ့စဉ် ထိုအရာက ဖြည်းဖြည်းချင်း ငွေရောင် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သူက အပြုံးဖြင့် ပြောလိုက်၏ “ ဘိုးဘေးကို ကျေးဇူးတင်ပါတယ်။”
ဧကရာဇ်ချီယွမ်က ပြုံးလိုက်ပြီးနောက် အဆောင်တစ်ခု ထုတ်ကာ ပေးလိုက်သည် “ ဒါက မင်းအတွက် လက်ဆောင်။ ဒါက မူလနည်းစနစ် ဖန်တီးတုန်းက ငါ မလုပ်ခဲ့ရတဲ့ ကိစ္စတွေ အပါအဝင် အတွေးအခေါ်တွေ အားလုံး ပါဝင်တယ်။ အဲဒါက မင်းအတွက် အကျိုးရှိလောက်တယ်”
ဝမ်ဝေ့က ဝမ်းသာစွာ လက်ခံလိုက်သည်။
ဧကရာဇ်ချီယွမ်က ထရပ်ပြီးနောက် ဓားဧကရီအား နေရာပေးလိုက်သည်။
“ ကောင်လေး မင်း ဓားသမားဖြစ်လာဖို့ စိတ်ဝင်စားလား။ မင်းရဲ့ ပါရမီကို ဖြုန်းတီးပစ်ရတာ နှမြောစရာကောင်းတယ်”
“ ကျွန်တော် အားနာပါတယ်။ ဒါပေမဲ့ ဓားသမားလမ်းစဉ်က အရမ်းကို တစ်ဖက်စွန်းရောက်လွန်းတယ်”
ဝမ်ဝေ့က တဲ့တိုးပြောရသည့်အတွက် အနည်းငယ် ရှက်ရွံ့နေမိသည်။ သို့သော် သူ ခံစားရသည်သာ ဖြစ်သည်။ သို့သော်လည်း အနောက်ဘက်တွင် ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က သူ့အား လက်မထောင်ပြသည်ကို မြင်လိုက်ရသည်။
“ ငါ သိပါတယ်” သူမက အဆောင်တစ်ခုကို ထုတ်ပြီးသည့်နောက် ပြောလိုက်သည် “ ဒါက မင်းအဖေအတွက်။ ဒီထဲမှာ ငါ့ဓားတာအို ပါဝင်တယ်။ ဒါက သူ့ဓားကို အကူအညီ ဖြစ်စေလိမ့်မယ်”
ဝမ်ဝေ့က လက်ဆောင်ကို ရိုရိုကျိုးကျိုး လက်ခံရယူလိုက်သည်။
“ ငါ့ဓားတာအိုနဲ့ ပတ်သက်ပြီး မင်းကို သင်ပြစရာမရှိပေမဲ့ ဓားသမားတွေက အကြွင်းမဲ့တိုက်ခိုက်သူတွေဆိုတော့ တိုက်ကွက်သဘောတရား အကြောင်းကို သင်ကြားပေးမယ်”
ဓားဧကရီက သူမ၏ ဓားတာအိုအကြောင်းကို ဟောပြောပို့ချခဲ့ပြီး မိုးမြေကို ပိုင်းဖြတ်စဉ်အချိန်ကို အလေးထားပြောခဲ့သည်။ သူမ၏ တာအိုတစ်ခုလုံးက ကောင်းကင်တာအိုကို မည်သို့ဖျက်ဆီးနိုင်ကြောင်း ပါဝင်နေ၏။
သို့သော်လည်း သူမ၏ ဟောပြောပို့ချချက်က လူတစ်ယောက်၏ တိုက်ကွက်သည် ကန့်သတ်ချက်ကို ကျော်လွန်ကာ အမြင့်ဆုံးရောက်ရှိနိုင်မည့်အချက်ကို အာရုံစိုက်ထားသည်။ ဝမ်ဝေ့က ဤဟောပြောပို့ချချက်သည် သူ့ခရီးစဉ်တစ်လျှောက်လုံးတွင် အကျိုးအမြတ် ဖြစ်စေလိမ့်မည်ဟု ခံစားနေမိသည်။
ဝမ်ဝေ့က မျက်လုံးပွင့်လာသည်။ ဤတစ်ကြိမ်တွင် သူက ဓားသမားတစ်ယောက်၏ ထက်ရှမှုမျိုး ပိုင်ဆိုင်ထား၏။ သူ၏ အမြဲပြောင်းလဲ တာအိုနှလုံးသားက သူမ၏ ဟောပြောပို့ချချက်ကို ပိုမိုနားလည်ဖို့ ကူညီပေးသည်။
ဓားဧကရီက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သူမ၏ နေရာကို တိုက်ပွဲရူးဆီ ပေးလိုက်သည်။
“ မင်းရဲ့ အိပ်မက်လေ့ကျင့်ရေးကျင့်စဉ်က တကယ်ကိုကောင်းတယ်။ ငါ အဲဒါကို အသုံးပြုပြီးတော့ မင်းကို ကူညီပေးမယ်”
ထို့နောက် ဝမ်ဝေ့က သူသည် အသက်ဝင်လွန်းသည့် အိပ်မက်တစ်ခုအတွင်း ကျရောက်နေသည်ကို မြင်လိုက်ရသည်။ ထိုအိပ်မက်အတွင်း သူက တိုက်ခိုက်ခြင်းတစ်ခုကိုသာ ပြုလုပ်ပြီး နှစ်ကာလများစွာ ကုန်ဆုံးခဲ့ရသည်။ သူက မျိုးနွယ်အမျိုးမျိုးနှင့် ထူးကဲသည့် လူအမျိုးမျိုးကို တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ရေးပုံစံအမျိုးမျိုး၊ တိုက်ပွဲပုံစံ၊ မန္တန်၊ ပတ်ဝန်းကျင်လေ့လာမှုနှင့် တိုက်ပွဲ၏ အနိုင်ရရှိမှုကို တိုးမြှင့်ပေးဖို့ ကူညီပေးနိုင်သည့် တခြားအရာများစွာကိုလည်း သင်ယူခဲ့ရသည်။
သူ မျက်လုံးပွင့်လာသည့်အခါ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်တိုက်ပွဲ အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ သူက သူ့တိုက်ပွဲချီနှင့် အတွေ့အကြုံတို့သည် သိသိသာသာ တိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။
“ တကယ်ကို မကောင်းဆိုးဝါးလေးပဲ” တိုက်ပွဲရူးက အပြုံးဖြင့် ချီးကျူးလိုက်သည်။ ထို့နောက် သူက အဆောင်တစ်ခုဖွဲ့ကာ ပေးလိုက်၏ “ ဒါက လီကျွင်းအတွက်။ သူက တကယ်ကို မျိုးဆက်ကောင်းပဲ”
ဝမ်ဝေ့က အလျင်အမြန် လက်ခံလိုက်သည်။
ထို့နောက် ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က ရောက်ရှိလာ၏။
“ ငါ့ကျမ်းအတွက် သင့်တော်တဲ့ အမွေဆက်ခံသူတွေ့တာ ဝမ်းသာတယ်။ ပြီးတော့ မင်းက ကန့်သတ်ချက်ကိုတောင် ကျော်လွန်သွားသေးတယ်”
သူက ဆုံမှတ်အတွင်း တွင်းနက်ကြီးများ ဖွဲ့စည်းသည့် သဘောတရားနှင့် ပတ်သက်ပြီး ပျော်ရွှင်နေမိသည်။ ထိုအတွေးအခေါ်က သူ့ကျမ်းနှင့် ပြီးပြည့်စုံကာ သင့်တော်ပြီး နောက်တစ်ဆင့်အတွက် တိုးမြှင့်ပေးနိုင်သည်။
“ မင်းကို ငါ့တာအိုနဲ့ ခွန်အားအစစ်အမှန်တာအိုအကြောင်း ဟောပြောပို့ချပေးမယ်”
ဝမ်ဝေ့က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီးသည့်နောက်တွင် မျက်လုံးမှိတ်လိုက်သည်။ သူက တက်တက်ကြွကြွ နားထောင်လိုက်၏။ သူ့စည်းမျဉ်းသစ်ပင်က ငွေရောင်အဖြစ် အလျင်အမြန် ပြောင်းလဲလာသည်။ သူက သူ့ကိုယ်သူ ခိုင်မာသည့် အုတ်မြစ်ရဖို့ရာ သေချာဖို့ နောက်အဆင့် မတက်လှမ်းဖို့ရာ ထိန်းချုပ်ထားလိုက်သည်။
ဟောပြောပို့ချချက် ပြီးဆုံးသွားသည့်နောက်တွင် ဝမ်ဝေ့က ခွန်အားအစစ်အမှန် ဂိတ်ပေါက်အပြီးတွင် ကာယဂိတ်ပေါက်ရှိကြောင်း သိလိုက်ရသည်။ ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က နှစ်ခုလုံးကို ဖွင့်လှစ်ထားနိုင်၏။
သို့သော်လည်း သူက ထိုအရာကို ဒိုင်မေးရှင်းအနိမ့်တွင် ဖွင့်လှစ်ဖို့ လိုအပ်ချက်များကို သဘောပေါက်ပြီးသည့်နောက်တွင် နှုတ်ခမ်းများက တွန့်ချိုးသွားတော့သည်။ သို့သော်လည်း ဆုလာဘ်ကို စဉ်းစားပြီးသည့်နောက်တွင် သူက စိတ်ပြန်တက်ကြွလာ၏။
ဤဟောပြောပို့ချချက်တွင် ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ် ကိုယ်တိုင် တွေ့ကြုံထားရသော အတွေ့အကြုံများပါဝင်နေသည့်အပြင် ခန္ဓာကို လေ့ကျင့်ပေးနိုင်သည့် လှည့်ကွက်များ သို့မဟုတ် နည်းလမ်းများစွာ ပါဝင်နေသောကြောင့် သူက အောင်မြင်မည်မှန်း သိလိုက်သည်။
“ ဒါက မင်းအတွက် လက်ဆောင်” ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က ဝမ်ဝေ့ဆီ လက်စွပ်တစ်ကွင်း ထုတ်ပေးလာသည် “ ဒီထဲမှာ မင်းရဲ့ လူဝင်စားတွေအားလုံးအတွက် တွင်းနက်ကြီး ဖွဲ့စည်းနိုင်မဲ့ ကမ္ဘာဦးကြယ်တာရာ အဆီအနှစ်တွေ ပါဝင်တယ်”
ဝမ်ဝေ့က ထိုလက်စွပ်ကို အသေအချာ သိမ်းဆည်းလိုက်ပြီးသည့်နောက်တွင် အကြည့်များက လင်းလက်တောက်ပသွားသည်။
“ အခု ငါ့အလှည့်ပဲ” လိပ်ခွံဧကရာဇ်က ပြောလိုက်သည် “ ငါ မင်းကို သင်ကြားပေးမှာက ကာကွယ်ရေးရဲ့ အထွတ်အထိပ်ပဲ။ တကယ်လို့ မင်းက ငါ့စွမ်းရည်ရဲ့ ဆယ်ပုံတစ်ပုံကို သင်ယူနိုင်ခဲ့မယ်ဆိုရင် စကြဝဠာထဲမှာ တချို့အရာတွေကပဲ မင်းကို သတ်နိုင်လိမ့်မယ်”
ဝမ်ဝေ့က ထိုဘိုးဘေးသည် သူ့အဝတ်အစားအမြင်အပြင် နောက်ထပ် ထူးကဲသည့် ပင်ကိုစရိုက်ရှိကြောင်း သဘောပေါက်လိုက်သည်။ ထို့နောက် သူက မျက်လုံးကို မှိတ်ကာ ဟောပြောပို့ချချက်ကို နားထောင်လိုက်၏။
လိပ်ခွံဧကရာဇ်က ကာကွယ်ရေးကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။ သူ့တာအိုက ဓားသမားလိုမျိုး အဆုံးစွန်ကာကွယ်မှု လမ်းစဉ်နောက်ကို လိုက်သည်။ ထို့အပြင် ထိုလူက အစီအရင်များ၊ အဆောင်များ၊ ဆေးလုံးနှင့် လက်နက်များကို ကာကွယ်ရေးအတွက် မည်သို့အသုံးပြုရမည်ကို သိထားလေသည်။
ဒီလူက သူ့ကာကွယ်နိုင်စွမ်းကြောင့် တကယ်ကို မသတ်နိုင်တဲ့ ပိုးဟပ်လိုပဲ..
ဝမ်ဝေ့က မျက်လုံးကို ဖွင့်လိုက်ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။
“ မင်း ရိုင်းတာ တစ်ခုခုတွေးလိုက်မိတယ်မလား”
“ မဟုတ်ပါဘူး ဘိုးဘေး။ ဒီတပည့်က အဲ့လိုမလုပ်ရဲပါဘူး။” ဝမ်ဝေ့က ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်သည် “ ကျွန်တော်က အဲ့လိုအရာမျိုးလုပ်ဖို့ အရမ်းကို လေးစားမိနေလို့ပါ”
“ အင်း ငါ နည်းနည်း အာရုံခံစားမိလွန်းသွားတာ နေမယ်။ ဒါက မင်းအတွက် လက်ဆောင်”
ဝမ်ဝေ့က သူ့ဆုံမှတ်များအား ကာကွယ်ရေးအစီအရင်အဖြစ် အသုံးပြုနိုင်သည့် ကျင့်စဉ် ပါဝင်သော စာအုပ်ကို လက်ခံလိုက်ရသည်။ ထိုအရာက သူ ထုံရို့ပင်းကို တွေ့ပြီးသည့်နောက်တွင် တွေးမိလာသည့် အတွေး ဖြစ်သည်။ လိပ်ခွံဧကရာဇ်အနေဖြင့် သူသည် ထိုအရာကို လိုအပ်သည်ကို မည်သို့သိထားကြောင်း မမေးလိုက်ပေ။ ထိုသူများ၏ စွမ်းအားက နက်နဲလွန်းကြောင်း နားလည်ထား၏။ သူက နည်းလမ်းဖန်တီးဖို့ရာ အချိန် မလိုအပ်တော့သည့်အတွက် ဝမ်းသာနေမိသည်။
“ ငါက မင်းကို ဓာတ်ငါးပါး၊ ကျွမ်းကျင်အတတ်ပညာ တာအို၊ မီးအားနဲ့ ယင်ယန်တွက်ချက်မှုတွေ အကြောင်းကို သင်ကြားပေးမယ်” အထွေထွေသောင်းပြောင်းဧကရာဇ်က ပြောလိုက်သည်။ သူက ဟောပြောပို့ချချက် မတိုင်ခင် အချိန်မဖြုန်းဘဲ ဝမ်ဝေ့ကလည်း သေသေချာချာ နားထောင်လိုက်သည်။
ဝမ်ဝေ့က ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ပညာရပ်များအပေါ် သူ့နားလည်နိုင်စွမ်းသည် နက်နဲလာကြောင်း ခံစားမိလိုက်၏။
ထို့နောက် သူက ဂမ္ဘီရအကြောင်းကို သင်ယူခဲ့ရသည်။ ထိုအရာက သူ၏ ကျွမ်းကျင်မှု ဖြစ်၏။ ယင်ယန်တွက်ချက်မှုကမူ ဂမ္ဘီရနှင့် တူညီသော်လည်း သင်္ချာသဘောတရားနှင့် တူညီသည့် နည်းစနစ်မျိုးကို အသုံးပြုထားသည်။
သင်္ကေတများနှင့် ပြုလုပ်ထားသည့် ပုံကြမ်းမှတဆင့် လူတစ်ယောက်သည် မိုးမြေကြားမှ လျှို့ဝှက်ချက်များ သို့မဟုတ် ဗဟုသုတများကို တွက်ချက်နိုင်လေသည်။ ထိုကန့်သတ်ချက်က အသုံးပြုသူ၏ အရည်အချင်းနှင့် အင်အားအပေါ် မူတည်နေ၏။
အထွေထွေသောင်းပြောင်း ဧကရာဇ်က သူ လိုချင်သည့် သတင်းအချက်အလက်ကို ရရှိဖို့ ဂမ္ဘီရနှင့် ယင်ယန်တွက်ချက်မှုကို မည်သို့အသုံးပြုရမည်ကို သင်ကြားပေးခဲ့သည်။
“ ဘိုးဘေးကို ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ဦးညွှတ်ကာ ပြောလိုက်သည်။
“ ပြဿနာမရှိပါဘူး။ ဒါက မင်းအတွက် လက်ဆောင်ပဲ”
ဝမ်ဝေ့က ပင်ကိုချီကို မသေမျိုးချီအဖြစ် ပြောင်းလဲပေးနိုင်သည့် ထူးကဲသည့် သတင်းအချက်အလက်များ ပါဝင်နေသည့် အဆောင်တစ်ခုကို လက်ခံရရှိလိုက်သည်။ သူက အံ့ဖွယ်အသိစိတ်အတွင်းသာ ထိုသတင်းအချက်အလက်ကို အသုံးပြုနိုင်သည်က နှမြောစရာကောင်းလှသည်။ မဟုတ်ပါက သူ့အနာဂတ်အတွက် အကြီးအကျယ် အထောက်အကူ ဖြစ်လိမ့်မည်။
“ ဒါက မိန်းကလေး ယန်းလီလင်းအတွက် လက်ဆောင်” သူက နောက်ထပ် အဆောင်တစ်ခုကို ထုတ်ပေးလာ၏။
ငရဲအကဲဖြတ်ရေးဧကရာဇ်က ဝင်ထိုင်လိုက်ပြီးသည့်နောက်တွင် ဘာမှ များများစားစား မပြောဘဲ ဟောပြောပို့ချလေသည်။ ထိုနားလည်နိုင်စွမ်းအတွင်း ဝမ်ဝေ့က မျက်မှောင်အသာကြုတ်လိုက်၏။ သူက ငရဲအကဲဖြတ်ရေးတာအိုသည် ထူးခြားလွန်းပြီး အကောင်းနှင့် အဆိုး၊ ဝိညာဉ်၊ ယင်နှင့် ယန်၊ တခြားသောအရာများကို ပေါင်းစပ်ထားကြောင်း ခံစားမိလိုက်သည်။
ဟောပြောပို့ချချက်အပြီးတွင် ငရဲအကဲဖြတ်ရေး ဧကရာဇ်က မေးလိုက်၏ “ မင်း သတိထားမိလား”
“ ဟုတ်ကဲ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ကျင့်ကြံရေးလမ်းစဉ်၏ ဟာကွက်ကို သဘောပေါက်သွားသည်။ ထိုအရာက သူ့ဝိညာဉ် ဖြစ်၏။ သူက အားကောင်းလွန်းသည့် ဝိညာဉ်ကို ရှိထားပြီး ပြုစုပျိုးထောင်ဖို့ရာအတွက် စိုးရိမ်နေစရာ မလိုအပ်သောကြောင့် တိုက်ပွဲအများစုတွင် အသုံးပြုခဲသည်။ ထို့ကြောင် သူ့ဝိညာဉ်ကို အလားအလာအပြည့် အသုံးမပြုဖူးပေ။ ငရဲအကဲဖြတ်ရေးဧကရာဇ်က သူ့ဟာကွက်ကို ထောက်ပြခဲ့ပြီး သူ့ဝိညာဉ်ကို ကောင်းမွန်စွာ အသုံးပြုနိုင်မည့် နည်းလမ်းကို ညွှန်ပြခဲ့သည်။
ဝမ်ဝေ့က ငွေရောင်အဖြစ် ပြောင်းလဲနေသည့် သူ့စည်းမျဉ်းသစ်ပင်အား ကြည့်လိုက်သည်။ သူက ဓာတ်ငါးပါးအပြင် ဝိညာဉ်စည်းမျဉ်းကိုပါ ခံစားမိလိုက်၏။
ထို့နောက် အရိပ်အုပ်ချုပ်သူအလှည့် ကျရောက်လာသည်။
“ ငါ့ရဲ့တာအိုက မင်းနဲ့ မသင့်တော်ဘူး။ ဒါပေမဲ့ တစ်ခုခု သင်ယူနိုင်ဖို့တော့ မျှော်လင့်တယ်”
ထိုသူက အရိပ်တာအိုအကြောင်း ဟောပြောပို့ချလေသည်။ ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးမှုတချို့ ရှိနေသော်လည်း မမေးလိုက်ပေ။
“ ဒါက မင်းအတွက်။ မင်းက ထူးခြားတယ်။ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ ဝမ်ကျူက မင်းစွမ်းအားရဲ့ ၅၀ရာခိုင်နှုန်းပဲ ရယူနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ဆိုရင် သူမက ၅၀ကနေ ၇၀ရာခိုင်နှုန်းအထိ အသုံးချနိုင်လိမ့်မယ်”
ဝမ်ဝေ့က အဆောင်ကို တရိုတသေဖြင့် လက်ခံယူထားလိုက်သည်။
“ နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီ” သက်တံဧကရီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် “ ငါက အလျင်နှုန်းရဲ့ အထွတ်အထိပ်လမ်းစဉ်ကို လိုက်တယ်။ ငါက ငါ့စီနီယာတွေကို အနိုင်မယူနိုင်ပေမဲ့ ငါ ထွက်ပြေးချင်ရင် သူတို့တွေ ဘယ်သူမှ လိုက်ဖမ်းနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ပြောနိုင်တယ်”
တခြားသူများက သူမ ပြောသည်မှာ အမှန်ဖြစ်နေသည့်အတွက် အနည်းငယ် မျက်နှာပူသလို ခံစားမိလိုက်ကြသည်။
ဝမ်ဝေ့က ထိုဟောပြောပို့ချချက်ကို စိတ်လှုပ်ရှားစွာဖြင့် နားထောင်လိုက်၏။ သူမက အရှိန်မြှင့်တင်နိုင်သည့် နည်းလမ်းတစ်မျိုးကို သင်ကြားပေးခဲ့သည်။ ထိုအရာက အလင်း၊ မိုးကြိုး၊ မြေဆွဲအား၊ ကာလံဒေသံပေါင်းစပ်ခြင်း သို့မဟုတ် စိတ်၏ အရှိန်သဘောတရားအထိ ပါဝင်ခဲ့ပြီး သူမက ထိုအရာအားလုံးကို အသုံးပြုကာ အမြန်နှုန်းကို မြှင့်တင်ခဲ့သည်။
ဝမ်ဝေ့က မျက်လုံးပွင့်လာပြီးသည့်နောက်တွင် မနေနိုင်ဘဲ မေးလိုက်၏ “ သက်တံဧကရီကရော စံပြပဲလား”
“ ဒါပေါ့”
“ ဘယ်လိုဖြစ်ပြီးတော့လဲ။ အချိန်အရဆိုရင် အဓိပ္ပာယ်မရှိဘူးမလား”
သူက သက်တံဧကရာဇ်နှင့် အရိပ်အုပ်ချုပ်သူတို့၏ တာအိုသည် တခြားသူများနှင့် အဆင့်အတူတူ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ သို့သော် ထိုနှစ်ဦးက မိစ္ဆာခေတ်ကာလအပြီးတွင် တာအိုကို သက်သေပြခဲ့ခြင်းဖြစ်သောကြောင့် စံပြဖြစ်လာဖို့ မည်သို့ အချိန်လုံလောက်ကြောင်း နားမလည်နိုင်ပေ။
သက်တံဧကရီက ချက်ချင်းပြန်မဖြေဘဲ ဧကရာဇ်ချီယွမ်ကိုသာ ကြည့်လိုက်သည်။
“ ငါတို့တွေက အားကောင်းတဲ့လူတွေကို လိုအပ်တဲ့ တစ်စုံတစ်ခု ဖြစ်ပွားလာခဲ့တယ်။ အဲဒါကြောင့် ဂိုဏ်းရဲ့ အနာဂတ်ဧကရာဇ်တွေကို အနာဂတ်ကနေ ဆင့်ခေါ်ဖို့ တန်ကြေးကို ပေးခဲ့ရတယ်” ဧကရာဇ်ချီယွမ်က ရှင်းပြလိုက်သည်။
“ ဒီလူနှစ်ယောက်က အနာဂတ်မှာ စံပြဖြစ်လာတဲ့သူတွေပေါ့”
“ ကျွန်တော်ရော လာခဲ့သေးလား” ဝမ်ဝေ့က မေးလိုက်သည်။
“ မဟုတ်ဘူး” ဧကရာဇ်ချီယွမ်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
“ ငါတို့က ဧကရာဇ် ၉ယောက်ထက်ကျော်လွန်ပြီးတော့ ဘယ်သူ့ကိုမှ မဆင့်ခေါ်ခဲ့ဘူး”
“ နှမြောစရာပဲ”
“ အဲ့လိုတော့ မဟုတ်ဘူး။ ငါတို့ကျရှုံးမှုရဲ့ ကံကြွေးကို မင်းက ခံယူစရာမလိုတာ ကောင်းတာပေါ့” ဧကရာဇ်ချီယွမ်က သက်ပြင်းချကာ ပြောလိုက်သည်။
“ မင်း မထွက်သွားခင် ကိစ္စတချို့ရှိသေးတယ်။ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင် ပါဝင်ယှဉ်ပြိုင်သူတွေကို မသတ်နဲ့။ မင်းက အဲ့လိုအင်အား ရှိထားမှန်း သိပေမဲ့ လျှို့ဝှက်ပြီးတော့တောင် မလုပ်နဲ့”
“ ဘာလို့လဲ”
ဝမ်ဝေ့က ကိစ္စများစွာ ရှုပ်ထွေးလာမည်ကို သိသည့်အတွက် ထိုသို့ လုပ်ဖို့ရာ ဘယ်သောအခါမှ မကြံစည်ထားခဲ့ပေ။ သို့သော် ကိစ္စများက တခြားတစ်ခု ဖြစ်ဟန်ပေါ်၏။
“ ဒိုင်မေးရှင်းအနိမ့်က ပြောင်းလဲလာပြီးတော့ ဒိုင်မေးရှင်းအမြင့်က လူတွေ ဝင်ရောက်စွက်ဖက်တာကို တားဆီးထားတယ်။ အဲဒါက စံပြတွေအပါအဝင်ပဲ။ အသင်္ချေအင်ပါယာကမ္ဘာက ရောက်ရှိလာမဲ့ အပြောင်းအလဲအတွက် ဗဟိုချက် ဖြစ်လာလိမ့်မယ်။ အဲဒီမတိုင်ခင် ခေတ်ကာလရဲ့ သားတော်အဖြစ် ရွေးချယ်ခံရလိမ့်မယ်”
“ ကျွန်တော်ကို ပြောချင်တာလား”
“ ဟုတ်တယ်။ ကောင်းကင်တာအိုက မင်းကို သေချာပေါက် ရွေးချယ်လိမ့်မယ်။ ဒါပေမဲ့ မင်းက တခြားသူတွေကို သတ်မယ်ဆိုရင် မင်းရဲ့ အပြုအမူက ကမ္ဘာကို အားနည်းအောင်လုပ်တဲ့ အပြုအမူအဖြစ် မြင်ခံရပြီးတော့ မင်း ရွေးချယ်ခံနိုင်ရချေ လျော့နည်းသွားလိမ့်မယ်။
အခု မင်းက ခေတ်ကာလရဲ့ သားတော်ဂုဏ်ပုဒ်ကို ဂရုမစိုက်တာကို သိတယ်။ ဒါပေမဲ့ အဲဒီအရာက ကံကြမ္မာက မင်းကို ကောင်းကင်ဘုံအဆင့် ဖြစ်မလာခင်အထိ အကျိုးအမြတ် ဖြစ်စေလိမ့်မယ်။ ကောင်းကင်တာအိုအပေါ် မင်းရဲ့ ခံစားချက်အရ ဒီအခွင့်အရေးကို မဖြုန်းတီးပစ်နဲ့”
“ ကျွန်တော် သိပါပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ကောင်းကင်တာအိုကို သဘောမကျသော်လည်း စစ်ဆေးမှုသည် သူတစ်ယောက်တည်း မဟုတ်ကြောင်း သိလေသည်။ ထို့အပြင် သူက သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ပြီး အကျိုးအမြတ်ရရှိဖို့ မကြိုက်သည့် အရာကိုလည်း လုပ်ဆောင်နိုင်၏။
“ လမ်းညွှန်ပြသတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ထို၉ယောက်ကို လေးလေးစားစား ဦးညွှတ်လိုက်သည်။ ယနေ့ သူတို့၏ အကူအညီက သူ့ကျင့်ကြံရေးဘဝ တစ်လျှောက်လုံးတွင် အထောက်အကူ ဖြစ်စေလိမ့်မည်။ ထို့နောက် ဝမ်ဝေ့က လျှို့ဝှက်နယ်မြေမှ ထွက်လာလိုက်၏။
ထိုစဉ် ငရဲအကဲဖြတ်ရေးဧကရာဇ်က ပြောလာသည် “ သူတို့က ငါတို့စောင့်ဆိုင်းနေတဲ့သူဆိုတာ သေချာလား။ ဒီကောင်လေးက လျှို့ဝှက်ချက်တွေ များလွန်းတယ်”
“ သူ ပြောတာမှန်တယ်” အထွေထွေသောင်းပြောင်း ဧကရာဇ်ကလည်း ဝင်ပြောလိုက်သည် “ သူ့အပေါ်မှာရှိတဲ့ တားမြစ်ချက် အငွေ့အသက်ကို ထားလိုက်ဦး။ သူ့ဆီကနေ သမိုင်းမတိုင်မီ ကမ္ဘာ အငွေ့အသက်ကို ခံစားမိနေတယ်။ ပြီးတော့ သူက အသင်္ချေဝါးမျိုသူရဲ့ ပြန်လည်ဝင်စားသူ ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်”
***