မျှော်လင့်ချက်နှလုံးသား
Vol. 42 Ch. 582
ဘုန်းကြီးဝူကျစ်က အဆောင်တစ်ခုကို အသုံးပြုကာ ကိုယ်ဖျောက်လိုက်ပြီးနောက် ဖုန်းဟွမ်၏ စံအိမ်ဆီ ဦးတည်လိုက်သည်။
ဖုန်းဟွမ်က စိတ်လှုပ်ရှားစွာဖြင့် အိမ်ရှိ အစီအရင်ကို ဖွင့်ကာ ဧည့်သည်ကို လက်ခံခဲ့၏။ သူက ချက်ချင်းဆိုသလို ဦးညွှတ်ကာ “ ဇင်နှလုံးသား ဘုံကျောင်းရဲ့ အကြီးအကဲ ရှစ်ဖူယွီက ဘုန်းကြီးဝူကျစ်ကို ဂါရဝပြုပါတယ်”
“ ဇင်နှလုံးသား ဘုံကျောင်းကို သိတယ်။ သူတို့က ကြီးမြတ်တဲ့ ဗုဒ္ဓများစွာကို ထုတ်ပေးခဲ့တာပဲ” ဘုန်းကြီးဝူကျစ်က ပြန်လည်နှုတ်ဆက်လိုက်သည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ ဗုဒ္ဓဂုဏ်ပုဒ်ကို လူတိုင်းအား ပေးခြင်းမဟုတ်သလို သူတို့၏ အင်အားနှင့် ကျင့်ကြံဆင့်အပေါ် မူတည်၍ ပေးအပ်ခြင်းလည်း မဟုတ်ပေ။
အနည်းဆုံးတော့ ထိုနှစ်ချက်က အဓိက လိုအပ်ချက် မဟုတ်ပေ။ ဘုန်းကြီးတစ်ပါးက ကျမ်းဂန်များကို နက်နက်နဲနဲနားလည်ရပြီး ဗုဒ္ဓဘာသာထံ အကျိုးဖြစ်ထွန်းစေပြီး ကုသိုလ်အမြောက်အများ ရှိရမည်။ နောက်ဆုံးတွင် သူတို့က သူတို့၏ ကိုယ်ပိုင်ခံယူချက် ရှိပြီး ဗုဒ္ဓဘွဲ့ထူး ချီးမြင့်မခံရခင် ထိုအကြောင်းကို ဟောပြောပို့ချရမည်။
မဟုတ်ပါက လူတစ်ယောက်သည် ဂုဏ်ထူးဆောင် ဗုဒ္ဓဂုဏ်ပုဒ်သာ ရရှိနိုင်ပြီး တကယ့်အစစ်အမှန် မဟုတ်ပေ။
“ ဒါနဲ့ ဇင်နှလုံးသား ဘုံကျောင်းက ဒိုင်မေးရှင်းအမြင့်မှာ တည်ရှိသေးလား” ဖုန်းဟွမ်က မေးလိုက်သည်။
“ ရှိတယ်။ ဒါတင်မကဘူး။ အဲဒီမိစ္ဆာ အကြွင်းမဲ့စတင်ခြင်း .. ဖျက်ဆီးခဲ့သမျှ အင်အားစုအားလုံးလည်း ရှိသေးတယ်”
“ ကောင်းတယ်။ ကောင်းတယ်။ ကျုပ်တစ်ယောက်တည်းလို့ ထင်နေခဲ့တာ။ ကျုပ်တို့ အမွေအနှစ်တွေ ပျောက်ကွယ်သွားပြီလို့ ထင်နေခဲ့မိတာ” ရှစ်ဖူယွီက မျက်ရည်များဝဲလာကာ ပြောလိုက်၏။
ဘုန်းကြီးဝူကျစ်က သူ့ပုခုံးကို အသာပုတ်ကာ သက်ပြင်းချလိုက်သည်။
“ ခင်ဗျားက အများကြီး ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကိစ္စတွေက အခုကစပြီး အဆင်ပြေသွားမှာပါ။ မေတ္တယျမာတာဗုဒ္ဓက အဲ့တုန်းက သူမရဲ့ အမှားကို ပြန်လည်ပြင်ဆင်ဖို့ ဘာမဆိုလုပ်ပေးမယ်လို့ စကားပါးလိုက်တယ်”
“ ကျုပ်က မေတ္တယျမာတာဗုဒ္ဓကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး”
“ အမှားက အမှားပါပဲ” ဘုန်းကြီးဝူကျစ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ အဲဒါကြောင့် ကျုပ်ရဲ့ဆရာတောင် ဒီအချက်ကို လျစ်လျူမရှုနိုင်ဘူး”
ရှစ်ဖူယွီက အသာသက်ပြင်းချကာ သူ့ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးအနည်းငယ် လျော့ပါးသွားသလို ခံစားမိလိုက်သည်။ သူက နှစ်သန်းချီကြာ သယ်ပိုးထားရသော ဝန်ထုပ်ကြီးသည် ထိုစကားများကို ကြားပြီးသည့်နောက်တွင် ထိုက်တန်သည်ဟု ခံစားမိလာသည်။
အနည်းဆုံးတော့ သူ့နာကျင်မှုနှင့် ဒုက္ခများကို အသိအမှတ်ပြုခံခဲ့ရသည်။
“ ကျုပ်ရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်။ လာပါ … အထဲဝင်ပါဦး။ ကျုပ် အဖန်ရည် ဧည့်ခံပါမယ်” ရှစ်ဖူယွီက သူသည် အပေါက်ဝတွင် ရှိသေးကြောင်း သတိပြုမိသွားကာ ပြောလိုက်၏။
“ မလိုပါဘူး။ ကျုပ်ကလည်း အလျင်လိုနေတာ”
“ ဒီလိုဆိုရင် ဒါနဲ့ ဆရာတော်ဝူကျစ်က ဘာလို့များ လာတွေ့တာလဲ” ရှစ်ဖူယွီက မေးလိုက်သည်။
“ ဆရာက ပစ္စည်းတချို့ ပို့ခိုင်းလိုက်လို့ပါ” ဘုန်းကြီးဝူကျစ်က သူ့အား သိုလှောင်လက်စွပ်ကို ပေးကာ ပြောလာသည် “ ဒါက အဲဒီတုန်းက ပျောက်ဆုံးခဲ့တဲ့ အမွေအနှစ်တွေ တချို့နဲ့ ဒိုင်မေးရှင်းအမြင့်က တခြားပစ္စည်းလေးတွေပါ။ ဒါက ပြဿနာဖြစ်လာတာကို ကာကွယ်ပြီးတော့ ယုံကြည်မှုစွမ်းအားကို သန့်စင်နိုင်တဲ့ နည်းလမ်းကောင်းတွေပါ”
ရှစ်ဖူယွီက သူ လိုအပ်နေသည့်အရာများဖြစ်၍ အကြည့်များက လင်းလက်တောက်ပလာသည်။ သူက ဗုဒ္ဓဘာသာသည် အမှားကို ထပ်မံကျူးကျော်မိပြီး နောက်ထပ် ပျက်သုဉ်းမှု ရင်ဆိုင်ရမည်ကို စိုးရိမ်နေမိခဲ့သည်။
“ ဆရာက ဒီမျိုးဆက်ရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ခင်ဗျားအောင်နိုင်ခြေရဖို့ အခွင့်အရေး မရှိဘူးလို့ ပြောလိုက်တယ်”
ရှစ်ဖူယွီက မျက်မှောင်ကြုတ်ကာ “ အဲဒါက ဝမ်ဝေ့ကြောင့်လား”
“ တကယ်လို့ တခြား မမျှော်လင့်ထားတာ မရှိဘူးဆိုင်တော့ သူနဲ့ တိထျန်းကြား ဖြစ်နိုင်တယ်”
“ တာအိုဗုဒ္ဓဘာသာရဲ့ ချီကံကောင်းမှုက အသင်္ချေအင်ပါယာကမ္ဘာနဲ့ ဆက်နွယ်နေတာ။ အဲဒါကြောင့် အဲဒီမှာ တာအိုကို သက်သေပြတာ အကောင်းဆုံးပဲ။ တကယ်လို့ တခြားကမ္ဘာ့အသိုက်အဝန်းမှာ တာအိုကို သက်သေပြရင် အကြွင်းမဲ့စတင်ခြင်းမှော်စွမ်းအားကို အပြည့်အဝ ရှင်းထုတ်နိုင်မှာ မဟုတ်ဘူး”
“ ဆရာကလည်း အဲဒါကို ကောင်းကောင်း သိထားပါတယ်” ဘုန်းကြီးဝူကျစ်က ကျမ်းတစ်ခုကို ထုတ်ကာ ပေးလိုက်၏ “ တကယ်လို့ လိုအပ်ရင် နောက်ဆုံးတိုက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။ ဒါပေမဲ့ ကျရှုံးသွားခဲ့ရင် ဒါက ထွက်လမ်းပါ”
ရှစ်ဖူယွီက စာလိပ်၏ ခေါင်းစဉ်ကို ကြည့်လိုက်သည့်အခါ ကုသိုလ်သက်သေပြ တာအိုနည်းလမ်းဟု မြင်လိုက်ရသည်။ သူက ထိုအရာကို အလျင်အမြန် ဖတ်ရှုလိုက်ပြီးသည့်နောက်တွင် သူ့အကြည့်များက ပိုမိုတောက်ပလာ၏။
“ ကျေးဇူးပါ”
“ ကျေးဇူးတင်ဖို့ မလိုပါဘူး။ ခင်ဗျားလိုအပ်တာတွေ အကုန်လုံးက သိုလှောင်လက်စွပ်ထဲမှာ ရှိတယ်” ဘုန်းကြီးဝူကျစ်က ပြောလိုက်သည် “ ဝမ်ဝေ့က မဟာမိတ်ကောင်း ဖြစ်မယ်လို့ ကျုပ်ဆရာက ပြောလိုက်တယ်။ အဲဒါကြောင့် သူနဲ့ ရန်သူဖြစ်ဖို့ မကြိုးစားပါနဲ့”
ရှစ်ဖူယွီက မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။
“ ဗုဒ္ဓဘာသာကို နောင်လာမဲ့ခေတ်ကာလမှာ အုပ်စိုးစေချင်တယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူး။ ကျုပ်တို့အလှည့်ပြီးသွားပြီ။ အဲဒါကြောင့် စကြဝဠာရဲ့ မျှခြေကို ထိန်းသိမ်းဖို့ စောင့်ဆိုင်းရမယ်”
“ဒါပေမဲ့ ကျုပ်တို့က လုံလုံလောက်လောက် ပေးဆပ်ခဲ့တယ် မဟုတ်ဘူးလား”
“ ဟုတ်ပါတယ်” ဘုန်းကြီးဝူကျစ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏ “ ကျုပ်တို့ရဲ့ ပျက်သုဉ်းမှုက အစကတည်းက မူမမှန်တဲ့ အမှားတစ်ခုပဲလေ။ အဲဒါကြောင့် ကောင်းကင်တာအိုက ကျုပ်တို့အပေါ်မှာ အကြွေးတင်နေတယ်။ ကျုပ်တို့ရဲ့ ပြန်လည်ရှင်သန်လာမှုကို အကူအညီပေးလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ကို နောက်ခေတ်ကာလကို အုပ်စိုးခွင့်ပေးမှာတော့ မဟုတ်ဘူး”
ရှစ်ဖူယွီက သက်ပြင်းချလိုက်၏။ သူက အသင်္ချေအင်ပါယာကမ္ဘာ၏ ဂုဏ်ကျက်သရေထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလကို မြင်သည့်အခါ သံသယရှိမိသည်။ ယင်ယန်မျက်ဝန်းကို ရယူခြင်းက ကိစ္စများကို လမ်းစဉ်အမှန်ကျရောက်ဖို့ လိုအပ်နေသည်။
သူ့အတွက် အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအား၏ ဟာကွက်ကို ဖန်တီးဖို့ မည်မျှလွယ်ကူသည့် အချက်ကြောင့် တစ်စုံတစ်ခုသည် သူ့အား ကူညီနေသည်ဟု သံသယ ရှိနေခဲ့မိသည်။ ရှစ်ဖူယွီက သူ့အားစိုက်ထုတ်မှုနှင့် အကျိုးပြုမှုများကို လျှော့တွက်ခဲ့မိ၏။
“ နောက်ဆုံးအနေနဲ့…” ဘုန်းကြီးဝူကျစ်က ပြောလိုက်သည် “ ကျန်းယွီချန်းက ခင်ဗျားကို သေချာပေါက် သတ်လိမ့်မယ်။ အဲဒါကြောင့် ဒီအချိန်အတွင်းမှာ အစီအရင်တွေရှိတဲ့ စံအိမ်ထဲမှာနေတာ အကောင်းဆုံးပဲ”
ဘုန်းကြီးက သက်ပြင်းချလိုက်၏ “ အကောင်းဆုံးအနေအထားက အနောက်ပိုင်းကောင်းချီးကုန်းမြေထဲမှာ ပုန်းအောင်းနေဖို့ပဲ။ ဒါပေမဲ့ ကျန်းယွီချန်းက အဲ့လိုအခွင့်အရေး ပေးပါ့မလားတော့ မသိဘူး”
“ ဆရာတော် .. ကျုပ်က ကူညီပေးနိုင်တယ်”
“ ခင်ဗျားက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ အဲဒါကြောင့် ခင်ဗျားရဲ့ အသက်ကို စွန့်စားဖို့ မလိုဘူး”
“ အဲလိုဆိုရင်တောင် ကျုပ်က မျှော်လင့်ချက်နှလုံးသား ရှိပါသေးတယ်”
ရှစ်ဖူယွီက အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည်မှာ ဗုဒ္ဓဂိုဏ်းတစ်ခုလုံး၏ မျှော်လင့်ချက်ဖြင့် ကောင်းချီးပေးထားခဲ့၍ ဖြစ်သည်။ ထိုအရာသည် မျှော်လင့်ချက်နှလုံးသား ဖြစ်၏။ ထိုကောင်းချီးက သူ့အား စွမ်းဆောင်ရည်များစွာ ချီးမြှင့်ပေးပြီး မသေမျိုးတစ်ပိုင်းအပါအဝင် နားလည်နိုင်စွမ်းနှင့် ပုန်းအောင်းသည့် နည်းလမ်းများလည်း အပါအဝင် ဖြစ်၏။
သို့သော်လည်း ထိုအရာကို တိုက်ပွဲစွမ်းအားအတွက် စတေးခဲ့သည်။
“ ဒီလိုအဖိုးတန်အရာကို မဖြုန်းတီးပစ်ပါနဲ့” ဘုန်းကြီးဝူကျစ်က အလျင်အမြန်ပြောလိုက်သည် “ တာအိုကို သက်သေပြနေရင်း ထာဝရဧကရာဇ်ဖြစ်လာဖို့ လိုအပ်နေတဲ့အခါ အဲဒါကို အသုံးပြုပြီး ကောင်းကင်တာအိုကို တောင်းဆိုနိုင်တယ်”
ကောင်းကင်တာအိုက မှားယွင်းတွက်ချက်မိသည့်အတွက် ဒိုင်မေးရှင်းအနိမ့်၏ ဗုဒ္ဓဘာသာအပေါ် ကံကြွေးအမြောက်အများ တင်နေလေသည်။ ထို့ကြောင့် ရှစ်ဖူယွီသာ မျှော်လင့်ချက်နှလုံးသားကို အသုံးပြု၍ ကောင်းကင်တာအိုကို သူ့အား ထာဝရဧကရာဇ်ဖြစ်လာစေခွင့်ပြုဖို့ တောင်းဆိုနိုင်သည်။
“ ကျုပ် နားလည်ပါပြီ” ရှစ်ဖူယွီက ပြောလိုက်သည်။
ဘုန်းကြီးဝူကျစ်က ခေါင်းညိတ်လိုက်ပြီး “ အရာအားလုံးပြီးဆုံးသွားရင် ခင်ဗျားရဲ့အဓိကတာဝန်က အဆုံးမဲ့လေဟာနယ်ထဲမှာ တတ်နိုင်သမျှမြန်မြန် ဗုဒ္ဓဘာသာကို တိတ်တဆိတ် ဖြန့်ဝေဖို့ပဲ”
ရှစ်ဖူယွီက ဘုန်းကြီးဝူကျစ်အား အပြုံးလေးဖြင့် လိုက်လံပို့ဆောင်လိုက်သည်။ သူ တစ်ယောက်တည်း ရှိသည့်အခါ သူ့မျက်နှာထက် စူးရှသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူက ကျမ်းကို ထပ်မံကြည့်လိုက်ပြီးနောက် သိုလှောင်လက်စွပ်အတွင်းမှ ခရမ်းရောင် စက်လုံးအမြောက်အများကိုလည်း ကြည့်လိုက်သည်။
တကယ်လို့ ငါ တာအိုကို သက်သေပြပြီး ကုသိုလ်နည်းလမ်းကို အသုံးပြုနိုင်ရင် ငါက ဒိုင်မေးအရှင်းအနိမ့်မှာ မြင်ဖူးသမျှထဲ အားအကောင်းဆုံး ဗုဒ္ဓတစ်ပါး ဖြစ်လာလိမ့်မယ်။ ဒီလိုစွမ်းအားနဲ့ဆိုရင် ငါက ဗုဒ္ဓဘာသာကို ကောင်းကောင်းဦးဆောင်နိုင်လိမ့်မယ်…
သူက မေတ္တယျမာတာဗုဒ္ဓကို လေးစားသော်လည်း ဖုန်းဟွမ်က သူ့ကိုယ်ပိုင် ရည်မှန်းချက်နှင့် အိပ်မက် ရှိလေသည်။ ထို့ကြောင့် သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို အလွယ်တကူ လက်လျှော့ဖို့ မလိုလားပေ။
အင်အားကင်းမဲ့နေမှုအတွက်လား…
တစ်ခါတစ်ရံတွင် အကြွင်းမဲ့အင်အားက နောက်ဆုံးသော အနိုင်ရရှိသူကို မဆုံးဖြတ်ပေးနိုင်ပေ။ ထို့ကြောင့် သူက အနားယူပြီး အနာဂတ်အတွက် စီစဉ်ဖို့ ပြင်ဆင်လိုက်၏။
သူက ဒိုင်မေးရှင်းအမြင့်မှလူများ ထွက်မသွားခင်အထိ စံအိမ်အတွင်းနေကာ သတိကြီးကြီးထားဖို့ ဆုံးဖြတ်လိုက်သည်။
……………………………………
ဝမ်ဝေ့၏ စံအိမ်အတွင်း
ကွမ်တန်အစီအရင်မှတဆင့် သူက ဘုန်းကြီးဝူကျစ်သည် ဖုန်းဟွမ်၏ စံအိမ်အတွင်း ခိုးကြောင်းခိုးဝှက် ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ သူက ရှုရှစ်နှင့် ဟို့ဖုန်းဟွမ်၏ သွားရောက်တွေ့ဆုံမှုအကြောင်းကိုလည်း မြင်လိုက်ရ၏။
ရှုရှစ်၏ ရည်မှန်းချက်က မှန်းဆဖို့ လွယ်ကူသည့် အကြောင်းမှာ သူမ၏ ခင်ပွန်းဖြစ်သူကို အသက်ပြန်သွင်းဖို့ စွဲလမ်းနေ၍ ဖြစ်သည်။ ဟို့ဖုန်းဟွမ်နှင့် ပတ်သက်လာသည့်အခါ သူမ၏ ရည်ရွယ်ချက်က များစွာ ရှိနေနိုင်သည်။ ထို့ကြောင့် ဝမ်ဝေ့က မျက်လုံးမှိတ်ကာ သူမအပေါ်တွင် ထားရှိသည့် ကံကြိုးမျှင်နှင့် ဆက်သွယ်ပြီး သတင်းအချက်အလက်တချို့ ရယူလိုက်သည်။
သွေးမျိုးဆက်လား။ သူမက သူ့သွေးမျိုးဆက်ကို လိုချင်နေတာလား…
သူက တွေးလိုက်မိသည်။
ကြည့်ရတာ အပေးအယူက ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူးပဲ…
နှမြောစရာကောင်းလှသည်က ဤသည်က သူ စုဆောင်းနိုင်သည့် သတင်းအချက်အလက်အကုန် ဖြစ်၏။ အကြောင်းမှာ အောင်းထျန်းယီက ထူးခြားသည့် စွမ်းအားတချို့ဖြင့် ကာကွယ်ထားဟန်ပေါ်သည်။ မည်သို့ဆိုစေကာမူ သူက ကျေနပ်နေမိသည်။ သူက သူ ရရှိထားသည့် သတင်းအချက်အလက်နှင့် ပတ်သက်ပြီး သဘောကျနေမိ၏။
သူက ကျမ်းသစ္စာအကြောင်း မဖြေရှင်းခင် ရက်အနည်းငယ်ကြာ အချိန်ရမည်ဟု ခံစားမိနေသည်။ ထို့ကြောင့် သူက ထိုအချိန်ကို သူ့အင်အား တိုးတက်လာအောင် လုပ်ဖို့ အသုံးချလိုက်သည်။ သူက ကာလံဒေသံ လူဝင်စားဆီသွားကာ သီးသန့်ကျင့်ကြံခဲ့၏။
သူ့ဘိုးဘေးဆီမှ ကမ္ဘာဦးကြယ်တာရာ အဆီအနှစ်နှင့် လူသားမှိုကို အသုံးပြုကာ နောက်ဆုံးတွင် ဆုံမှတ် ၁.၂၆၉ သန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အင်အား ကမ္ဘာဦးနဂါး ၃၃ကောင်အထိ ရောက်ရှိသွားခဲ့သည်။
ဝမ်ဝေ့က လက်သီးဆုပ်ကာ သူ့သွေးကြောများမှတဆင့် စီးဆင်းနေသည့် စွမ်းအားကို ခံစားလိုက်သည်။ သူ့တွက်ချက်မှုများအရ သူသည် နယ်မြေနှင့် ဝိညာဉ်အပါအဝင် ခွန်အားအကုန်အသုံးပြုပါက ပွင့်ချပ်(၆)လွှာ ထာဝရအရှင်တစ်ယောက်၏ အင်အားကို ရရှိထားလေသည်။
ယခင် တာအိုနှလုံးသား၏ ဟာကွက်ကို ဖယ်ရှားပြီးသည့်နောက်တွင် သူက အထွတ်အထိပ် အခြေအနေတွင် ရှိနေပြီဖြစ်ကာ မည်သည့်စိန်ခေါ်မှုမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေလေပြီ။
သူက သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီးသည့်နောက်တွင် စစ်ဆေးမှုက နှစ်ရက်အတွင်း ကျင်းပမည်ဖြစ်ကြောင်း သတင်းအချက်အလက် ရရှိလိုက်သည်။ ထို့ကြောင့် သူက တခြားသော လူဝင်စားများကို စစ်ဆေးကြည့်လိုက်၏။ ထိုအချိန်တိုအတွင်း များများစားစား ပြောင်းလဲသွားခြင်း မရှိပေ။
သို့သော်လည်း ကံကြမ္မာ လူဝင်စားက နောက်ဆုံးတွင် စိတ်ဝိညာဉ်အုတ်မြစ် သို့မဟုတ် ကံကြမ္မာနန်းဆောင်ကို တည်ဆောက်နိုင်မည့် နည်းလမ်းကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်၏။
တခြားသော လူဝင်စားများကလည်း သူတို့၏ ကံကြမ္မာနန်းဆောင်များကို စတင်ဖန်တီးနေကြပြီ ဖြစ်သည်။ သူတို့က ဟွင်သွမ်းပစ္စည်းများဖြင့် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ထားသည့် ပစ္စည်းများကို စတင်၍ လဲလှယ်နေကြသည်။
သူ့တွက်ချက်ထားမှုအရ ဝမ်ဝေ့သည် သူ့ခန္ဓာကိုယ်နှင့် နောက်ဆုံးပေါင်းစည်းမှုအပြီးတွင် သူက ၄.၉၉ ရာခိုင်နှုန်း မဟာတာအိုအရင်းအမြစ်နှင့် အဆင့်(၅) တာအိုဘိုးဘေး၏ အင်အားကို ရရှိလာလိမ့်မည်။ ထိုအရာက တာအိုဘိုးဘေး၏ အထွတ်အထိပ် ဖြစ်၏။
ထို့နောက် သူက ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိဖို့ သိပ္ပံနှင့် နည်းပညာကို အသုံးပြုရမည်။
သူ့တွင် ရှိထားသည့် အတွေးအခေါ်တချို့ကို အကောင်အထည်ဖော်ဖို့ရာ သူသည် ဧကရာဇ်၏ သွေးနှင့် ထူးကဲသည့် စိတ်ဝိညာဉ်မျိုးနွယ် တစ်ခုကို အသုံးပြုရမည်။ ကောင်းကင်ဘုံဗိမာန်ကမ္ဘာတွင် သူက တိထျန်းနှင့် တိုက်ပွဲအတွင်း ဧကရာဇ်သွေးစွန်းနေသည့် ကျောက်တုံးတစ်ခုကို ရရှိခဲ့သည်။
နှစ်များစွာ ကြာသည့်အချိန် ကျောက်တုံးက ဧကရာဇ်သွေးမှ မွေးဖွားလာသည့် စိတ်ဝိညာဉ်မျိုးနွယ်တစ်ခုကို မွေးဖွားခဲ့သည်။ ဝမ်ဝေ့က ထိုအရာသည် သူ့အတွက် အကူအညီဖြစ်မည်မှန်း ယုံကြည်ထား၍ ထိုစိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ထားခဲ့၏။
သူ့ဘိုးဘေးများ၏ ဟောပြောချက်ကို နားထောင်ပြီးသည့်နောက်တွင် ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိဖို့ ထိုအရာကို အသုံးပြုနိုင်ကြောင်း အခိုင်အမာ ယုံကြည်သွားသည်။
နှစ်ရက်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က စစ်ဆေးမှု၏ စုဝေးရပ်သို့ ပျံသန်းလာခဲ့သည်။ သူ ပျံသန်းလာစဉ်အတွင်း ရုတ်ချည်းဆိုသလို ရပ်တန့်ကာ တခြားနေရာတစ်ခုသို့ ကူးသန်းသွားလိုက်သည်။
ဝုန်း
သူက နည်းနည်းလေးမှ ချုပ်တည်းမထားဘဲ အင်အားအပြည့်ဖြင့် ထိုးချလိုက်သည်။
***