← Chapters

သွေးမျိုးဆက်တိုက်ပွဲ

Vol. 42 Ch. 583

သွေးမျိုးဆက်တိုက်ပွဲ

Vol. 42 Ch. 583

ဝမ်ဝေ့က သူ ဖန်တီးလိုက်သည့် ချိုင့်ဝှမ်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်စုံတစ်ခုကို ထိမိသည်ဟု ခံစားမိသော်လည်း တစ်ချိန်တည်းဆိုသလို လေက လွဲပြီး ဘာမှမထိမိသလိုလည်း ခံစားရပြန်သည်။ ထို့အပြင် သူက သွေးစက်တစ်စက်ပင် မတွေ့ရပေ။

ဒီခေါင်းဆောင်းပုံရိပ်က စိတ်ဝင်စားစရာပဲ…

သူက ဂမ္ဘီရနှင့် တွေ့ဆုံမှုမှတဆင့် အချက်အလက်များကို တွက်ချက်ကြည့်လိုက်သည်။ သို့သော်လည်း အဆုံးသတ်ရလဒ်က စိတ်ပျက်ဖို့ ကောင်းနေ၏။

ထို့နောက် သူက အံ့ဖွယ်အသိစိတ်ကို နေရာအနှံ့ဖြန့်ကျက်ကာ ခေါင်းဆောင်းပုံရိပ် သို့မဟုတ် ထိုကိစ္စ၏ သဲလွန်စများကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ လူတော်တော်များများက သူ့အား ထူးထူးဆန်းဆန်း ကြည့်နေကြ၏။ သူတို့က သူသည် တစ်စုံတစ်ခုကို တိုက်ခိုက်လိုက်မှန်း မြင်သော်လည်း သူ ဘယ်အရာကို တိုက်ခိုက်လိုက်မှန်း မမှတ်မိကြပေ။

ကျင့်ကြံသူများသည် သူတို့လောက် အားကောင်းလွန်းသည့် လူတစ်ယောက်ကို မမှတ်မိသည်မှာ  မူမမှန်မှုဟု တစ်ယောက်မှ မတွေးကြပေ။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လူတချို့က ဝမ်ဝေ့သည် အမည်မသိ အကြောင်းအရင်းတချို့ကြောင့် သူ့ဒေါသကို ထုတ်လွှတ်နေသည်ဟုသာ ယုံကြည်သွားကြ၏။

ပျောက်သွားပြီ…

ဝမ်ဝေ့က ခေါင်းယမ်းရင်း တွေးလိုက်မိသည်။

ထို့နောက် သူက စုဝေးရပ်သို့ ပျံသန်းသွား၏။

အရှင်စိတ်ဝိညာဉ်သည် ပုံမှန်အပြုံးမျိုး ပန်ဆင်ထားရင်း ယခင်ကိစ္စများက ဘာမှမဖြစ်ပျက်ခဲ့သလိုမျိုး ပေါ်ထွက်လာ၏။

“ မင်းတို့ရဲ့ စိုးရိမ်သောကတွေ အကုန်လုံးကို စဉ်းစားပြီးတော့ ပြဿနာကို ဖြေရှင်းပြီးသွားပြီ” အရှင်စိတ်ဝိညာဉ်က ဒိုင်မေးရှင်းအမြင့်မှ လက်ရွေးစင်များကို ကြည့်ကာ ပြောလိုက်၏။

ထို့နောက် ရှောင်ထျန်းတိက ထကာ ပြောလိုက်သည်။

“ အထက်က မဟာကောင်းကင်တာအို ကျုပ် ရှောင်ထျန်းတိက ပြိုင်ပွဲမှာ တရားမျှတစွာ ယှဉ်ပြိုင်မယ်လို့ ကျိန်ဆိုပါတယ်။ တကယ်လို့ ကျုပ်ဆီမှာ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ပါက ကျုပ်ဂိုဏ်းနဲ့ ကျုပ်နဲ့ သက်ဆိုင်တဲ့သူတွေက တိုက်ရိုက်အရဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လက်စားမချေပါဘူးလို့ ကျိန်ဆိုပါတယ်။ တကယ်လို့ ကျုပ်စကားကို မတည်ခဲ့ရင် ဆိုးဆိုးရွားရွား သေဆုံးပါစေသား”

သူ ထိုစကားများကို ပြောလိုက်သည်နှင့် ဝေဟင်မှ ခရမ်းရောင်ကြာပန်းတစ်ခု ပေါ်ထွက်လာကာ စာသားများပါဝင်သည့် စာလိပ်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ရှောင်ထျန်းတိ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွား၏။

ထိုစဉ် ဝမ်ဝေ့က ထိုကျမ်းသစ္စာ၏ ဟာကွက်ကို သတိထားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ထိုပါရမီရှင်များ၏ အင်အားစုက သူတို့အား စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်လျှင် သူတို့ကသာ တန်ကြေးကို ပေးဆပ်ရမည်ဖြစ်ကာ သူတို့၏ အင်အားစုက အကျိုးဆက်ကို ခံစားစရာ မလိုအပ်ပေ။

သို့သော်လည်း သူက ဒိုင်မေးရှင်းအနိမ့်တွင် အပြောင်းအလဲများ ဖြစ်မည်ကို သိနေသည့်အတွက် ဘာမှမပြောဖို့သာ ဆုံးဖြတ်လိုက်၏။ ထိုအင်အားစုများက သူ့အား မစွက်ဖက်သရွေ့ ကျန်သည့်အရာများက ကိစ္စမရှိပေ။

ဝမ်ဝေ့က သူ့အား ကြည့်နေသည့် ထုံရို့ပင်းကို လှမ်းကြည့်လိုက်သည်။ သူမကလည်း ဟာကွက်ကို သတိထားမိကာ သူ့အား တစ်ခုခုလုပ်မည်လားဟု ကြည့်နေဟန်ပေါ်သည်။ ထို့ကြောင့် သူက ထူးခြားဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူမသည် သူ့အပြုအမူကို အတွေးလွန်နေကြောင်း သိလိုက်သည်။

ရှောင်ထျန်းတိက ကျမ်းသစ္စာ ကျိန်ဆိုပြီးသည့်နောက်တွင် တခြားသူများကလည်း လုပ်ဆောင်လိုက်ကြသည်။ ထိုအရာများထဲတွင် ဘုန်းကြီးဝူကျစ်နှင့် ကျန်းယွီချန်းတို့လည်း အပါအဝင် ဖြစ်၏။ မည်သူကမှ ထိုအခြေအနေနှင့် ပတ်သက်ပြီး မပျော်ရွှင်ကြပေ။ တချို့က ဝမ်ဝေ့အား မိုက်တိမိုက်ကန်း အကြည့်မျိုးဖြင့် ပေးလာသော်လည်း ဝမ်ဝေ့ကမူ ဂရုမစိုက်ပေ။

“ အခုအားလုံး ဖြေရှင်းပြီးသွားပြီဆိုတော့ တိုက်ခိုက်ရေး စစ်ဆေးမှုကို စလိုက်ကြရအောင်။ ဘယ်သူက ပထမဆုံး စိန်ခေါ်သူဖြစ်မလဲ”

ခေတ္တမျှကြာသည်အထိ မည်သူမှ ဘာမှမပြောကြပေ။ ထို့နောက် တစ်စုံတစ်ယောက်က ရှေ့တွင် ထရပ်လိုက်သည်။

“ အိုး မိန်းကလေးဟို့ ကောင်းပြီ။ ဘယ်သူ့ကို စိန်ခေါ်ချင်လဲ” အရှင်စိတ်ဝိညာဉ်က မေးလိုက်သည်။

“ အောင်းထျန်းယီ” သူမက ပြောလိုက်၏။

“ ရွေးချယ်မှုကောင်းပဲ။ သခင်လေးအောင်းကရော”

အောင်းထျန်းယီက ပြန်ဖြေမည့်အစား မျက်မှောင်ကြုတ်ကာ “ သူက ကျုပ်ကို ဘာလို့ စိန်ခေါ်တာလဲ။ သူမက လက်ရွေးစင်တောင် မဟုတ်ဘူးလေ”

“ ဒါက စစ်ဆေးမှုရဲ့ စည်းမျဉ်းတွေပါ။ အဲဒါကြောင့် စိန်ခေါ်မှုကို လက်ခံပေးပါ”

အောင်းထျန်းယီက မဲ့တဲ့တဲ့ပြုံးကာ လေထဲတွင် ပျံသန်းလာ၏။ ဟို့ဖုန်းဟွမ်က သူ့နောက်မှ လိုက်သွားကာ မီတာဒါဇင်ချီ အကွာအဝေးတွင် ရပ်လိုက်သည်။

သူမက သူ့သွေးမျိုးဆက်ကို လိုချင်ကာ အင်အားသုံးရမည်ဆိုလျှင်ပင် ရယူချင်မိသည်။

ဟို့ဖုန်းဟွမ်က ယုံကြည်ချက် အပြည့်အဝ ရှိ၏။ သူမက စစ်ဆေးမှုတစ်ခုလုံးတွင် သာမန်မျှသာ လုပ်ဆောင်ခဲ့သော်လည်း သူမတွင် အကြောင်းပြချက်ကောင်းကောင်း ရှိနေသည်။ သူမ၏ အံ့ဖွယ်သားရဲ သွေးမျိုးဆက်ငါးခုလုံးက ပြီးပြည့်စုံစွာ မပေါင်းစပ်ရသေးပေ။

သူမက ပေါင်းစပ်မှုတစ်ခု ပြည့်စုံသွားသည့်အချိန်တိုင်း သူမ၏ အင်အားကို တိုးမြှင့်စေနိုင်သည့် အားဖြည့်မှုတချို့ကို လက်ခံရရှိလိုက်သည်။ ယခု သူမက သွေးမျိုးဆက် ငါးခုလုံးကို ပြီးပြည့်စုံသွားပြီဖြစ်၍ သူမ၏ စွမ်းအားက နောက်တစ်ဆင့်သို့ ရောက်ရှိသွားသည်။

သို့သော်လည်း သူမက နဂါးသွေးမျိုးဆက်သည် တခြားအရာများနှင့် မယှဉ်နိုင်နိုင်ဘဲ မျှခြေအပေါ် သက်ရောက်မှုရှိကြောင်း ခံစားမိသည်။ ထို့ကြောင့် သူမက ထိုပြဿနာကို မြန်မြန်ဖြေရှင်းလို၏။

အရင်ဆုံးစမ်းသပ်ကြည့်ရအောင်…

ဟို့ဖုန်းဟွမ်က တစ်ဖက်လူဆီ ပြေးသွားပြီး လက်သီးဖြင့် မထိုးခင် တွေးလိုက်မိသည်။

အောင်းထျန်းယီက လှောင်ပြောင်ပြုံးလိုက်ပြီးနောက် ပြန်လည်တိုက်ခိုက်လိုက်၏။ သူက အားကောင်းသည့် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသော ကမ္ဘာဦးနဂါးတစ်ကောင် ဖြစ်လေရာ ရင်ဆိုင်တိုက်ခိုက်ရမည်ကို မည်သို့ကြောက်မည်နည်း။

ဝုန်း

လေထုက နှစ်ဦးသား၏ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် တုန်ခါသွားသည်။ တိမ်များက ပြန့်ကျဲသွား၏။ အကယ်၍ စစ်ဆေးမှုနေရာလွတ်၏ အားကောင်းသည့် အစီအရင်ကြောင့်သာ မဟုတ်လျှင် အရာအားလုံးက လှုပ်ခါသွားကာ အာကာပြင်ပင် ဖျက်ဆီးခံရလောက်သည်။

ပထမလက်သီးချက်အပြီးတွင် နှစ်ဦးသားက စွမ်းအားအရ တူညီနေ၏။ ဤအချက်က အောင်းထျန်းယီ၏ မာနကို ထိခိုက်စေသည်။ ထို့ကြောင့် သူက အင်အားကိုတိုးမြှင့်ကာ ထပ်မံထိုးနှက်လိုက်သည်။

ဘန်း

ဟို့ဖုန်းဟွမ်က တိုက်ကွက်တစ်ခုတည်းဖြင့် သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားသောကြောင့် အောင်းထျန်းယီက နှာခေါင်းရှုံ့လိုက်သည်။ သာမန်ပါရမီအထက်ရှိသည့် ကမ္ဘာဦးနဂါးအားလုံးက အားစိုက်ထုတ်စရာ များများစားစား မလိုဘဲ ခွန်အားအစစ်အမှန်တာအို၏ တတိယအလွှာရှိ ကမ္ဘာဦးနဂါးတစ်ကောင် ခွန်အားကို ရောက်ရှိနိုင်ကြသည်။

သူ၏ ပါရမီဖြင့် သူသည် ခန္ဓာကိုယ်ကို ဘယ်တုန်းကမှ မလေ့ကျင့်ဖူးဘဲ နှစ်သန်းချီကြာ အရွယ်ရောက်လာပြီးသည့်နောက်တွင် ကမ္ဘာဦးနဂါး တစ်ကောင်ခွန်အားအထိ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူ့အဖေက သူ့အား မျိုးနွယ်၏ ခန္ဓာကိုယ်လေ့ကျင့်ရေး နည်းလမ်းကို ကျင့်ကြံဖို့ အားပေးခဲ့သည့်အတွက် ယခုအခါ သူ့တွင် ကမ္ဘာဦးနဂါးဆယ်ကောင် ခွန်အား ရှိနေလေပြီ။

ဟို့ဖုန်းဟွမ် သေဆုံးသွားသည့် နေရာအထက်တွင် တောက်ပသည့် မီးတောက်တစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် သူမ၏ အကောင်းအတိုင်းရှိသည့် ခန္ဓာကိုယ်က ပြန်လည်ပေါ်ထွက်လာသည်။

ဒီနဂါးရဲ့ ခန္ဓာကိုယ်က ငါ ထင်ထားတာထက် ပိုပြီးအားကောင်းနေတာပဲ…

သူမက တွေးလိုက်မိသည်။ သူမက နဂါးဆင်နှစ်သောင်းနှစ်ထောင် အင်အားဖြင့် အရေးသာလိမ့်မည်ဟု ထင်ထားခဲ့မိ၏။ ကံဆိုးစွာဖြင့် တစ်ဖက်သူသည် တတိယအဆင့် စွမ်းအားကို ရရှိထားသည်။

မည်သို့ပင်ဆိုစေကာမူ သူမက တစ်ဖက်လူ၏ ခန္ဓာကိုယ်နှင့် ကာကွယ်နိုင်စွမ်းတို့အား စမ်းကြည့်ချင်မိရုံသာဖြစ်၍ သူမ၏ ရည်ရွယ်ချက်ကို ပြီးမြောက်စေခဲ့သည်။ သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဖြူစွတ်နေသည့် ဓားမော့တစ်ချောင်း ပေါ်ထွက်လာသည်။ ထိုအရာက သူမ၏ သွေးမျိုးဆက်လက်နက် ဖြစ်၏။

ရှေးဦးနည်းစနစ်၏ (၅)ဆင့်မြောက်ကို သွေးမျိုးဆက်နိုးထခြင်းအဆင့်ဟု ခေါ်သည်။ ထိုအဆင့်တွင် ရှေးဟောင်းကျင့်ကြံသူများက တာအိုသက်သေပြပစ္စည်းနှင့် တူညီသည့် သွေးမျိုးဆက်လက်နက်များကို ဖွဲ့စည်းနိုင်ကြသည်။

ဟို့ဖုန်းဟွမ်က ကျားဖြူဓားမော့အား ကြည့်လိုက်ပြီးသည့်နောက်တွင် သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် သတ်ဖြတ်ငွေ့မျိုး ထွက်ပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ရေးစည်းမျဉ်း ထွက်ပေါ်လာ၏။

အနီရောင်လခြမ်းသဏ္ဌာန်က အောင်းထျန်းယီဆီ အလင်းထက်မြန်သည့် အမြန်နှုန်းဖြင့် ကျရောက်လာသည်။ ထို့နောက် မောက်မာနေသည့်နဂါးက အန္တရာယ်ကို ခံစားမိသော်လည်း သူ့မာနက ရှောင်ရှားဖို့ ခွင့်မပြုပေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်အနှံ့ ချပ်ဝတ်တစ်ခု ဖြစ်လာဖို့ လျှပ်စီးများ ပေါ်ထွက်လာ၏။

ဝုန်း

အောင်းထျန်းယီက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် အဖြစ်အပျက်ကို အလျင်အမြန် သုံးသပ်လိုက်သည်။ သူ့ချပ်ဝတ်မှ ရောက်ရှိလာသည့် တိုက်ကွက်က စင်တီမီတာအနည်းငယ်နက်သည့် ဒဏ်ရာတစ်ခု ချန်ထားခဲ့သည်။ သူ၏ ကြေးခွံကပင် မကာကွယ်နိုင်ခဲ့ပေ။

သူ၏ မိုးကြိုးချပ်ဝတ်က အလုပ်ဖြစ်သင့်သည်။ အကယ်၍ ကျရှုံးသွားလျှင်ပင် သူ့ကြေးခွံထက် အားနည်းသည့် အရေပြားက တိုက်ကွက်ကို တားဆီးထားနိုင်သင့်သည်။

သတ်ဖြတ်ရေးတာအို… သူမက ငါ့မိုးကြိုးကို သတ်ဖြတ်ပြီးတော့ အသုံးမဝင်အောင် လုပ်ခဲ့တာပဲ။ ပြီးတော့ ငါ့ရဲ့ကာကွယ်မှုကိုလည်း သတ်ဖြတ်ခဲ့တယ်…

“ ငါ့ခန္ဓာကိုယ်ပေါ်မှာ  အမှတ်အသားချန်ခဲ့တဲ့အတွက် ပြန်ပေးဆပ်ရမယ်” အောင်းထျန်းယီက ကောင်းကင်အထက် ဖုံးလွှမ်းသွားသည့် ဧရာမခရမ်းရောင် နဂါးကြီးအသွင်ပြောင်းကာ ပြောလိုက်သည်။

သူ့ခန္ဓာကိုယ်မှ ရှေးဆန်ကာ မြင့်မြတ်သည့် အငွေ့အသက်မျိုး ထွက်ပေါ်နေပြီး သူက ပါးစပ်ဟကာ ခရမ်းရောင်မိုးကြိုးစက်လုံးတစ်ခုကို ဖန်တီးလိုက်သည်။

ပင်ကိုစည်းမျဉ်း…

ဟို့ဖုန်းဟွမ်က အလေးအနက် တွေးလိုက်မိသည်။ သူမက တစ်ဖက်သူသည် အလေးအနက်ဖြစ်လာကာ အမှားလုပ်ဖို့ မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။

ဟွင်သွမ်းမိုးကြိုးဗုံး

အောင်းထျန်းယီက ထိုခရမ်းရောင်စက်လုံးကို မယုံကြည်နိုင်လောက်ဖွယ် အလျင်ဖြင့် ပစ်ခတ်လိုက်သည်။

ဟို့ဖုန်းဟွမ်က သူမ၏ ဓားမော့ကို ဝှေ့ယမ်းရင်း အလျင်အမြန် တုံ့ပြန်လိုက်ပြီး ဟွင်သွမ်းမိုးကြိုးအား သတ်ဖြတ်လိုက်သည်။ နှမြောစရာကောင်းလှသည်က သူမက နဂိုအရွယ်အစား၏ လေးပုံတစ်ပုံမျှသာ လျှော့ချနိုင်ခဲ့၏။

ဝုန်း

မိုးကြိုးဘောလုံးက ပေါက်ကွဲထွက်သွားပြီး ဖျက်ဆီးခြင်းနှင့်တူသည့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်။ ထိုစွမ်းအားက အရာအားလုံးကို ဖရိုဖရဲ ဖြစ်သွားစေသည်။

ဟို့ဖုန်းဟွမ်၏ ရှေ့တွင် နောက်ထပ် သွေးမျိုးဆက် လက်နက်တစ်ခု ပေါ်ထွက်လာ၏။ ထိုအရာက လိပ်ခွံပုံစံဖြစ်ကာ ကျောဘက်တွင် မြွေပုံစံ ပါရှိသည်။ လိပ်ခွံက အနက်ရောင်နှင့်အဖြူရောင် ဒိုင်းကာတစ်ခု ထုတ်ဖော်လာသည်။

ပေါက်ကွဲပြီးသည့်နောက်တွင် ထိုဒိုင်းကာတွင် အပေါက်တစ်ခု ဖြစ်လာပြီး ဟို့ဖုန်းဟွမ်၏ ခန္ဓာကိုယ်တစ်ဝက်သည်လည်း ပျောက်ဆုံးသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ ခန္ဓာကိုယ်အထက် အနီရောင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ဆုံးရှုံးလိုက်ရသည့် အစိတ်အပိုင်းများအား ပြန်လည်ကုသပေးနေသည်။

အောင်းထျန်းယီ၏ နဂါးမျက်နှာက တစ်ဖက်လူအား စိုက်ကြည့်နေသည်။ သူက မသေမျိုးမီးတောက်ရှိသည့် အစစ်အမှန်ဇာမဏီနှင့် ရင်ဆိုင်သည့်အခါ မည်မျှစိတ်တိုဖို့ကောင်းကြောင်း အမှတ်ရသွား၏။ သူတို့တွင် သူတို့၏ ကိုယ်ပိုင်စွမ်းအား သို့မဟုတ် မိုးမြေကြားမှ စွမ်းအားကို ရရှိနေသရွေ့ သူတို့သည် အဆုံးမဲ့ ပြန်လည်ကုသနိုင်သည်။

သူက ပါးစပ်ဟကာ နောက်ထပ် ဟွင်သွမ်းမိုးကြိုးဘောလုံးကို ပစ်ခတ်လိုက်သည်။

ဟို့ဖုန်းဟွမ်က မီးတောက်အတွင်း ပျောက်ကွယ်သွား၏။ မီးတောက်ပြောင်းရွှေ့ရေးမှတဆင့် သူမသည် ကျောဘက်တွင် ပေါ်ထွက်လာသည်။

သို့သော်လည်း ထိုသူက ထိုလှုပ်ရှားမှုကို တွက်ဆထားပြီးသည့်အလား သူ့ကျောဘက်မှ သစ်ပင်တစ်ပင် ချက်ချင်းပေါ်ထွက်လာ၏။ သစ်ကိုင်းများက ရှောင်ရှားဖို့ ကြိုးစားနေသည့် ဟို့ဖုန်းဟွမ်အား ချက်ချင်းဖမ်းဆီးလိုက်ကြသည်။

ကံဆိုးစွာဖြင့် သစ်ကိုင်းတစ်ခုက သူမ၏ ခြေထောက်ကို ဖမ်းမိသွားသည်။ သူမက သူမသည် ပြောင်းရွှေ့မသွားလာနိုင်တော့ကြောင်း ခံစားမိကာ သစ်ပင်သည် သူမ၏ အသက်ဓာတ်ကို စုပ်ယူနေကြောင်း သိလိုက်သည်။ ထို့အပြင် ထိုအရာက သူမ၏ ပြန်လည်ကုသနိုင်စွမ်းကိုပင် ပိတ်ပင်နေဟန်ပေါ်၏။

ဟို့ဖုန်းဟွမ်က ကပျာကယာ ဖြစ်သွားခြင်းမျိုး မရှိပေ။ ထိုအစား သူမက ပြင်းထန်သည့် မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဓာတ်ငါးပါး သဘောတရားအရ သစ်သားက မီးတောက်ကို အားဖြည့်ပေးသည်။ ထို့ကြောင့် သူမက သစ်သားများကို မီးတောက်အတွက် လောင်စာအဖြစ် အသုံးပြုလိုသည်။

ကံဆိုးစွာဖြင့် သူမသည် ထိုအရာများက သာမန်သစ်သား မဟုတ်သည့်အတွက် သူမ၏ မသေမျိုးမီးတောက်သည် အစိတ်အပိုင်းအနည်းငယ်မျှသာ လောင်ကျွမ်းနိုင်ကြောင်း သိလိုက်ရသည်။

ထိုစဉ် အောင်းထျန်းယီကမူ အံ့ဩဟန်မပေါ်ပေ။

သူ၏ သစ်သားဓာတ်က အဝါရောင်ချီသစ်သား ဖြစ်၏။ အဝါရောင်ချီသစ်ပင်က တည်ရှိမှုထဲ ပထမဆုံးသစ်ပင်တစ်ပင် ဖြစ်ခဲ့သည့်အတွက် တည်ရှိမှုထဲမှ အရာအားလုံးကို အားဖြည့်ပေးနိုင်စွမ်း ရှိသည်။ သူ၏ ထူးကဲလှသည့် အဝါရောင်ချီသစ်သား ပင်ကိုစည်းမျဉ်းဖြင့် သူသည် ထိုသစ်ပင်ဖြင့် ကိစ္စများစွာကို လုပ်ဆောင်နိုင်သည်။

ဟို့ဖုန်းဟွမ်က စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ ဤအခြေအနေမှ လွတ်မြောက်ဖို့ အားကောင်းသည့် တိုက်ကွက်ကို လိုအပ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမက ပြတ်ပြတ်သားသား ပြုမူလှုပ်ရှားလိုက်၏။

***

All Chapters