← Chapters

ပိုင်နက်၏ စွမ်းအား

Vol. 42 Ch. 585

ပိုင်နက်၏ စွမ်းအား

Vol. 42 Ch. 585

ဝမ်ဝေ့က အောင်းထျန်းယီအား ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီး ဝေဟင်အထက် ပျံသန်းလာသည်။

“ အဲဒီအကြည့်က ဘာလဲ”

“ မင်းဆီမှာ ဖြစ်တော့မဲ့အရာအတွက် သနားမိလို့ပါ။ မင်းက ဒီနေ့လိုမျိုး ဆိုးဆိုးရွားရွား မခံစားရဘဲ တစ်ဘဝလုံး နေသွားနိုင်ရဲ့သားနဲ့”

“ အဓိပ္ပာယ်မရှိတာတွေ တော်တော့” မောက်မာသည့် နဂါးက ပြောလိုက်သည်။ သူက အချိန်မဖြုန်းတော့ဘဲ နဂိုအသွင်ကို ပြောင်းလဲလိုက်၏။

ထိုစဉ် ဝမ်ဝေ့က သူ့ပိုင်နက်ကို ထုတ်သုံးကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်းချုပ်လိုက်သည်။ ထို့နောက် သူက ဂမ္ဘီရအရိပ်အမြွက်ကို လက်ခံရရှိလိုက်ပြီး သူ့မိခင်၏ အမှောင်ထုစွမ်းအားကို အသုံးပြုကာ အားလုံးကို ဤတိုက်ပွဲအား စောင့်ကြည့်ခြင်းမှ တားဆီးလိုက်သည်။ သူက ပိုင်နက်အတွင်း တခြားသူများ စောင့်ကြည့်ခြင်းမှ ကာကွယ်ဖို့ အစီအရင်များစွာပင် ခင်းကျင်းခဲ့သေးသည်။

ထို့ကြောင့် မြေပြင်ပေါ်ရှိ ပြိုင်ပွဲဝင်များက အမှောင်ထု ဖုံးလွှမ်းနေသည့် စက်လုံးကြီးတစ်ခုကိုသာ မြင်ရလေသည်။ အမြင်လျှို့ဝှက် နည်းစနစ်ရှိထားသည့် လူများစွာက ထိုအမှောင်ထုကို မြင်ရလားဟု ကြိုးစားကြည့်နေကြသည်။

ကံဆိုးစွာဖြင့် ရှောင်ထျန်းတိပင် ဘာမှမမြင်ရပေ။ သူက အများကြီးလည်း မကြိုးစားကြည့်ခဲ့ပေ။ သူ့ပထမဆုံး ကြိုးစားမှုကျရှုံးပြီးသည့်နောက်တွင် သူက တခြားနည်းလမ်းများကို အသုံးပြုဖို့ လက်လျှော့လိုက်၏။

အောင်းထျန်းယီအတွက်မူ သူက ပိုင်နက်အတွင်း ကျရောက်နေသည်ကို ခံစားကြည့်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့ပင်ကိုစည်းမျဉ်းကို ပတ်ဝန်းကျင်ရှိ စည်းမျဉ်းနှင့် သဟဇာတဖြစ်ဖို့ စည်းမျဉ်းအတက်အကျ နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ ထိုအရာက ပိုင်နက်အား သူ့အတွက် အသုံးမဝင် ဖြစ်သွားစေသည်။

နှမြောစရာကောင်းလှသည်က သိပ်မကြာခင် အောင်းထျန်းယီသည် သူ့နည်းလမ်းက အသုံးမဝင်ကြောင်း သိရှိသွားကာ သူ့နည်းလမ်းက ပိုင်နက်၏ သက်ရောက်မှုကို အားနည်းအောင် မလုပ်နိုင်ခဲ့ပေ။

“ စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ထိုနည်းစနစ်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထိုအရာက ဒိုင်မေးရှင်းအမြင့်၏ ထူးခြားချက်လား သို့မဟုတ် ပိုင်နက် မရှိထားသည့် တချို့ကျင့်ကြံရေးနည်းစနစ်တွင် ရှိသည်လားဟု စဉ်းစားမိနေသည်။

လူများစွာက ပိုင်နက်ကို တိုက်ခိုက်ဖို့ အသုံးပြုကြသလို ချိုးဖောက်ဖို့ရာအတွက်လည်း အားကို အသုံးပြုကြသည်။

ကမ္ဘာဦးနည်းစနစ်က ဒီလိုမျိုး နည်းလမ်းရှိတာ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ သမိုင်းကြောင်းမှာ ပျောက်ကွယ်သွားလောက်ပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ထိုစဉ် အောင်းထျန်းယီက တစ်ဖက်လူသည် တိုက်ကွက်ကြောင့် စိတ်ထွေပြားနေသည်ကို မြင်ကာ သူ့အတွက် အခွင့်ကောင်းဟု ခံစားမိခဲ့သည်။

ထို့ကြောင့် သူက သူ၏ ဟွင်သွမ်းမိုးကြိုး လွှမ်းခြုံထားသည့် သစ်ကိုင်းမြောက်များစွာကို ဖန်တီးခဲ့သည်။ ထိုတိုက်ကွက်က သူ့ပင်ကိုစည်းမျဉ်းနှစ်ခု၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုပုံစံ ဖြစ်၏။

သူ့အတွက် ကံဆိုးသည်က ဝမ်ဝေ့၏ အကြည့်တစ်ချက်အောက်တွင် သူ့တိုက်ကွက်သည် အချိန်ရပ်တန့်သွားသလိုမျိုး တုံ့ဆိုင်းသွားသည်။ သူ့အား ကြောက်လန့်သွားစေသည်က ယခု မလှုပ်ရှားနိုင်တော့ကြောင်း သဘောပေါက်သွား၏။

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ သစ်ပင်က ပျောက်ကွယ်သွားသည်။

“ ဒီတိုက်ပွဲကို အဆုံးသတ်နိုင်တဲ့ နည်းလမ်းတွေအများကြီးပဲ” ဝမ်ဝေ့က ပြောလိုက်သည် “ နမူနာအနေနဲ့ဆိုရင် သေခြင်းတရားပေါ့”

သူ ထိုစကားများကို ပြောလိုက်သည်နှင့် အောင်းထျန်းယီထံ အနက်ရောင်အငွေ့အသက်တစ်ခု ရုတ်ချည်းလွှမ်းခြုံသွားကာ သူ့ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ပျက်ယွင်းလာကြောင်း ခံစားမိလိုက်သည်။ သူ့ကြေးခွံက ပါးလွှာကာ သစ်ကိုင်းကဲ့သို့ ကျိုးပဲ့လွယ်နေပြီး သူ့အားကြီးနေသည့် နဂါးခန္ဓာကိုယ်က ခြောက်သွေ့နေသည့် မံမီအလား ဖြစ်လာသည်။ သူ့အသက်ဓာတ်က မယုံနိုင်လောက်ဖွယ် အလျင်ဖြင့် ပျောက်ဆုံးသွား၏။

အောင်းထျန်းယီက သူ့ပင်ကိုစည်းမျဉ်းကို အဆုံးစွန်ထိ ထုတ်သုံးကာ ဖြစ်စဉ်ကို တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူ့စိတ်ထဲ အကြောက်တရားနှင့် ထိတ်လန့်မှုတို့က လွှမ်းခြုံသွားပြီး ထိုအခိုက်အတန့်တွင် သူသည် သေဆုံးသွားနိုင်ကြောင်း စဉ်းစားနေမိသည်။

သူ မသေဆုံးခင် တစ်ဖက်လူက “ ရှင်သန်ခြင်း” ဟု ပြောသည်ကို ကြားလိုက်ရသည့်အခါ ဖြစ်စဉ်က ရပ်တန့်သွားပြီး နဂိုသွင်ပြင်ဆီ ပြန်လည်ပြောင်းလဲသွား၏။

“ စိတ်ဝင်စားဖို့ ပိုကောင်းတယ်မလား” ဝမ်ဝေ့က အပြုံးလေးဖြင့် မေးလိုက်သည် “ ဒါပေမဲ့ နောက်ထပ်ရှိသေးတယ်။ အချိန်”

ထို့နောက် အချိန်စွမ်းအားက အောင်းထျန်းယီဆီ သက်ရောက်မှုဖြစ်လာသည်။ နဂါးက သူ့အကြောက်တရားကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့သည်။ သူက တတိယမြောက်နှင့် နောက်ဆုံးပင်ကိုစည်းမျဉ်း မီးဓာတ်ကို ထုတ်ဖော်ခဲ့၏။

သူက ဟွင်သွမ်းမီးတောက်၊ အဝါရောင်ချီသစ်သားနှင့် ဟွင်သွမ်းမိုးကြိုးတို့ကို ပေါင်းစပ်ကာ ကာကွယ်ရေးချပ်ဝတ်အဖြစ် ပြောင်းလဲခဲ့ပြီး သူက ဟွင်သွမ်းမိုးကြိုး မီးတောက်ကို အသုံးပြုကာ အချိန်ကို လောင်ကျွမ်းဖို့ သို့မဟုတ် ဖျက်ဆီးဖို့ ကြိုးစားရန် စီစဉ်ထား၏။ ထိုစဉ် အဝါရောင်ချီသစ်သားက သူ့အား တခြားစွမ်းအားတွေဆီမှ ကာကွယ်ပေးထားလိမ့်မည်။

ကံဆိုးစွာဖြင့် သူ့အားထုတ်မှုက အသုံးမဝင်ပေ။ ဝမ်ဝေ့၏ အချိန်စည်းမျဉ်းက သူ့ပင်ကိုစည်းမျဉ်းကို လွှမ်းမိုးသွားသည့်အတွက် အောင်းထျန်းယီက သူ့ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း နောက်ပြန်အသက်ကြီးလာကြောင်း တွေ့ရှိသွားသည်။

သူ ကီလိုမီတာများစွာ ရှည်လျားသည့် ခန္ဓာကိုယ်ကြီးက ကြီးကောင်ဝင်ချိန်၊ ကလေးဘဝ အစောပိုင်းအချိန်အထိ ရောက်ရှိသွားသည်။ သို့သော် သူ့အား ကြောက်လန့်သွားစေသည်က ကိစ္စများက ထိုနေရာတွင် ရပ်တန့်မသွားပေ။ ထိုစွမ်းအား၏ အောက်တွင် သူက ဖွံ့ဖြိုးမှု ဥ အခြေအနေအထိ ပြန်လည်ရောက်ရှိသွားပြီး သူ့မှတ်ဉာဏ်နှင့် အသိစိတ်က ရှိနေဆဲ ဖြစ်သည်။

ထိုဥအတွင်း အရာအားလုံးက အားနည်းကာ အင်အားမဲ့နေစဉ် အောင်းထျန်းယီက သူ့ပြိုင်ဘက်ဆီမှ အတွေးတစ်ချက်ဖြင့် တည်ရှိမှုကို အဆုံးသတ်နိုင်ကြောင်း ခံစားမိလိုက်သည်။ သူက မမွေးဖွားသကဲ့သို့ အခြေအနေထိ ပြောင်းလဲသွားနိုင်သည်။

ဝမ်ဝေ့က လက်ချိုးလိုက်သည့်အခါ နဂါးက မူလအရွယ်အစားသို့ ပြန်လည်ပြောင်းသွား၏။ သို့သော်လည်း အောင်းထျန်းယီက အကြောက်တရားကြောင့် မလှုပ်ရှားနိုင်ပေ။ ဝမ်ဝေ့က စကားပြောလိုက်ရင်း ဖြည်းဖြည်းချင်း ပျံသန်းသွားလိုက်၏။

“ လူနှစ်ယောက်ကြား စွမ်းအားကွာဟမှုက ကြီးနေရင် ပိုင်နက်က ကြောက်ဖို့ကောင်းတယ်”

ဝမ်ဝေ့က နဂါး၏ ရှေ့တွင်ရပ်ကာ သူ့ဦးချိုနှစ်ချောင်းကြားကို ထိလိုက်သည်။ သူက လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ ထိတွေ့လိုက်သော်လည်း အောင်းထျန်းယီက ခေါင်းကို နောက်ဆုတ်ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သူက ဝမ်ဝေ့၏ အေးစက်စက်အကြည့်ကို မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ အကြောက်တရားက လွှမ်းခြုံသွားပြီး မလှုပ်ရှားနိုင်တော့ပေ။

ဤသည်က ပိုင်နက်၏ စွမ်းအား မဟုတ်သလို နည်းစနစ်လည်း မဟုတ်ပေ။ အကြောက်တရား သက်သက်သာ ဖြစ်၏။

ဝမ်ဝေ့က သူ့လက်ကို နဂါးဦးခေါင်းပေါ် တင်လိုက်ပြီးနောက် အောင်းထျန်းယီ၏ တစ္ဆေပုံရိပ်ကို ဆွဲထုတ်လိုက်သည်။ ထိုအရာက သူ၏ ဝိညာဉ် ဖြစ်၏။ ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် ဝိညာဉ်က ဖြည်းဖြည်းချင်းစီ ကျုံ့သွားပြီး သူ့လက်ဝါးအရွယ်အစားမျှသာ ရှိတော့သည်။

“ မင်းရဲ့ မှတ်ဉာဏ်ထဲမှာ ဘာရှိလဲ ကြည့်ရအောင်”

သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် နဂါး၏ ဘဝဇာတ်ကြောင်းကို ကြည့်လိုက်သည်။ ဥမှာ ယခုလက်ရှိအချိန်အထိ အောင်းထျန်းယီသည် နှစ်သန်းတစ်ရာကျော် နေထိုင်ခဲ့ပြီးသားဖြစ်ကာ ဝမ်ဝေ့က သူတို့ကို အကြမ်းဖျင်း ကြည့်ရှုခဲ့သည်။

သူက ဒိုင်မေးရှင်းအမြင့်အကြောင်းကို အသေးစိတ်သင်ယူခဲ့ရ၏။ သို့သော်လည်း အောင်းထျန်းယီ၏ မှတ်ဉာဏ်အတွင်း အားကောင်းသည့် စည်းတံဆိပ်များစွာ ရှိနေပြီး သူက မထိတွေ့ရဲပေ။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ထိုလူ၏ မှတ်ဉာဏ်မှ ရရှိထားသော ကျင့်စဉ်နှင့်ပတ်သက်ပြီး မကျေနပ်သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ သူက အမှန်တကယ် အားကောင်းသည့် သို့မဟုတ် ထူးခြားသည့် ကျင့်စဉ်တချို့ကို လိုချင်မိသည်။

အခြားတစ်ခု စမ်းကြည့်ကြတာပေါ့…

သူက တွေးလိုက်ပြီးသည့်နောက်တွင် နဂါး၏ ဝိညာဉ်နောက်တွင် အဖြူရောင်နှင့် အနက်ရောင် စက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုစက်ဝန်းက လည်ပတ်သွားပြီးသည့်နောက်တွင် ဝိညာဉ်အပေါ် အလင်းဖြာကျလာ၏။ ထိုလှည့်ပတ်မှု တစ်ခုချင်းစီတိုင်းတွင် အောင်းထျန်းယီက သံသရာ သို့မဟုတ် ပြန်လည်ဝင်စားခြင်းကို ဖြတ်ကျော်ရသည်။

အကြိမ်မြောက်များစွာ ပြန်လည်ဝင်စားစေခြင်းဖြင့် ဝမ်ဝေ့က ထိုလူ၏ မှတ်ဉာဏ်များမှ စည်းတံဆိပ်များကို ဖယ်ရှားပစ်လိုခဲ့သည်။

ငါ့စမ်းသပ်ချက်က ကျရှုံးသွာပုံပဲ…

သူက အောင်းထျန်းယီကို စက္ကန့်ပိုင်းလေးအတွင်း အကြိမ်ရာချီ ပြန်လည်ဝင်စားမှုကို အတင်းအကြပ် ဖြတ်ကျော်စေခဲ့ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။ သူက ထိုနည်းလမ်းကို အသုံးပြုကာ ကံကြမ္မာကို ဆေးကြောနိုင်မည်လားဟု သိချင်မိ၏။

သူ့နည်းလမ်းက အောင်မြင်ခဲ့သည်။ ကံဆိုးစွာဖြင့် အမည်မသိ စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့အပြုအမူကို တားဆီးထားသည်။ ထို့ကြောင့် ဝမ်ဝေ့က ကောင်းကင်တာအိုသည် ဤနည်းလမ်းမှတဆင့် လူများ၏ ကံကြမ္မာကို ဆေးကြောပေးဖို့ သေမျိုးတစ်ယောက်ကို ခွင့်ပြုမထားကြောင်း ခန့်မှန်းမိလိုက်၏။ ထိုစွမ်းအားကို မဟာဧကရာဇ်များထံသာ ချီးမြှင့်ထားသည်။

သူ စမ်းကြည့်သည့် နောက်ထပ် စမ်းသပ်ချက်မှာ ဤနည်းစနစ်က တခြားသူများအား နဝမအဆုံးစွန်အုတ်မြစ်ကို သမာသမတ်ကျသည့် လမ်းစဉ်မှ ဖြတ်ကျော်နိုင်လားဟူ၍ ဖြစ်သည်။ သို့သော်လည်း ထိုအစိတ်အပိုင်းက နည်းနည်းလေးမှ အလုပ်မဖြစ်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က အထဲမှ အားကောင်းသည့် စည်းတံဆိပ်တချို့ကို ချိုးဖောက်နိုင်သည့်အတွက် ကျေနပ်နေမိသည်။ ထို့ကြောင့် သူက သူ တတ်နိုင်သမျှကို သင်ယူခဲ့ရသည်။ တစ်ခုတည်းသော ခြွင်းချက်ကလွဲ၍ အများစုက အသုံးမဝင်ပေ။

ထိုအရာက အောင်းထျန်းယီနှင့် သူ့အဖေ အောင်းကျင်းတို့၏ စကားဝိုင်းမှတ်ဉာဏ် ဖြစ်သည်။ ထိုလူက သွေးမျိုးဆက်ကို လှုံ့ဆော်ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ပေးမည့် ဖြစ်စဉ်အတွက် ကမ္ဘာဦးနဂါးမျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်အကြောင်းကို အသေးစိတ် ရှင်းပြပေးခဲ့သည်။

ဒီနည်းလမ်းက ငါ့ကို မိစ္ဆာနတ်ဘုရားခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲခြင်း ၁၂ မျိုးကို ကျင့်ကြံတဲ့အခါမှာ ကူညီပေးနိုင်လောက်တယ်…

ဝမ်ဝေ့က အသေအချာလေး နားထောင်ပြီးသည့်နောက် တွေးလိုက်မိသည်။ ထို့နောက် ထူးထူးဆန်းဆန်း တစ်စုံတစ်ခု ဖြစ်ပေါ်လာ၏။

နဂါးအိုကြီးတစ်ကောင်က ရုတ်ချည်းဆိုသလို သူ့အား စိုက်ကြည့်လာသည်။ ထိုအရာ၏ မှတ်ဉာဏ်က ရုတ်ချည်းဆိုသလို အသက်ဝင်လာ၏။

“ ကောင်လေး” နဂါးက ဝမ်ဝေ့အား ပြောလာသည်။

စိတ်ဝင်စားစရာပဲ။ ဒါက မှတ်ဉာဏ်စွမ်းအား ပုံစံတစ်မျိုးလား…

ဝမ်ဝေ့က ပြန်မဖြေခင် တည်တည်ငြိမ်ငြိမ် ကျန်ရှိနေ၏ “ ခင်ဗျားက အောင်းထျန်းယီရဲ့ အဖေလား”

“ ဟုတ်တယ်” အောင်းကျင်းက ပြောလိုက်သည် “ မင်းက ကြောက်ပုံမပေါ်ဘူးပဲ”

“ တကယ်လို့ ဒိုင်မေးရှင်းအနိမ့်ကိုသာ ပိတ်ဆို့မထားဘူးဆိုရင်တော့ ကျုပ် ကြောက်မိမှာပါ”

“ မင်းက အများကြီး သိထားတာပဲ” အောင်းကျင်းက ပြောလိုက်သည် “ ငါ ဒီမှာ ကြာကြာမနေဘူး။ မင်းကို ပြောချင်တာက ငါ့သားကို မသတ်ပါနဲ့။ သူ့ကို ခံစားရအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ မသတ်ပါနဲ့”

“ ဒါကိုတော့ ထင်မှတ်မထားဘူးပဲ” ဝမ်ဝေ့က အောင်းထျန်းယီ၏ ဖခင်ဆီမှ ထိုစကားများ ထွက်လာလိမ့်မည်ဟု အမှန်တကယ် မျှော်လင့်မထားမိပေ။

“ ငါ့သားရဲ့ ကျင့်ကြံရေးခရီးစဉ်က တော်တော်လေးကို ချောမွေ့နေခဲ့တာ။ အခု သူက အခက်အခဲ ဒုက္ခတွေကို ခံစားရမဲ့အချိန်ပဲ”

“ ပြဿနာ မရှိဘူး။ ဒါပေမဲ့ ကျုပ်ကို ဘယ်လောက်အထိ လုပ်စေချင်လဲ”

“ သူ့ရဲ့တာအိုနှလုံးသားကို ချိုးဖောက်လို့ ရတယ်။ ဒါပေမဲ့ အပြီးတိုင်တော့ မရှင်းထုတ်ပစ်ပါနဲ့”

“ ကောင်းပြီ” ဝမ်ဝေ့က ပြောလိုက်သည် “ ခင်ဗျားက အဖေကောင်းပဲ”

“ ငါလည်း အကောင်းဆုံး ကြိုးစားနေတာပါ” အောင်းကျင်းက မိခင် မရှိဘဲ သားကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူက အကောင်းဆုံး ကြိုးစားခဲ့၏။

“ ကောင်းပြီ။ ငါ သွားတော့မယ်” နဂါးအိုကြီးက ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။ ဝမ်ဝေ့က အောင်းထျန်းယီ၏ အသိစိတ်ပင်လယ်အတွင်းမှ ကန်ထုတ်ခံလိုက်ရ၏။

“ ဒါက ငါ့အတွက် သင်ခန်းစာတစ်ခုပဲ။ ငါက ဒိုင်မေးရှင်းအမြင့်က ပါရမီရှင်တွေရဲ့ ဝိညာဉ်ကို လွယ်လွယ်လေး ရှာဖွေကြည့်ဖို့ မသင့်ဘူး။” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် အောင်းထျန်းယီ၏ ဝိညာဉ်ကို ကြည့်လိုက်သည်။

“ အခု မင်းကို ဘယ်လိုလုပ်ရမလဲ။ မင်းရဲ့ မှတ်ဉာဏ်တွေကို ရှင်းထုတ်တာကနေ စလိုက်ရအောင်”

သူက ဒိုင်မေးရှင်းအမြင့် ပြိုင်ပွဲဝင်များသည် ဒိုင်မေးရှင်းအနိမ့် ပါရမီရှင်များအကြောင်း လေ့လာကာ သူတို့၏ စွမ်းရည်ကို သိလိုမှန်း သိထားသောကြောင့် ယခုတိုက်ပွဲအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်မိဖို့ ခွင့်မပြုနိုင်ပေ။

ထို့ကြောင့် သူက ထိုသူ၏ မှတ်ဉာဏ်များကို ဖယ်ရှားပစ်ခဲ့ပြီး ထိုအရာထဲတွင် သူ့ဝိညာဉ်အပေါ် အသုံးပြုထားသည့် သံသရာ သဲလွန်စလည်း အပါအဝင် ဖြစ်၏။ တစ်စုံတစ်ယောက်က အောင်းထျန်းယီ၏ အတိတ်မှတ်ဉာဏ်များကို ကြည့်ဖို့ အချိန်စွမ်းအားကို အသုံးပြုဖို့ ကြိုးစားလာသည့်အခါမျိုးတွင် လိုလိုမယ်မယ်  နည်းစနစ်တစ်ခုကို ထားပေးခဲ့သည်။

သူက ဆန့်ကျင်ဂမ္ဘီရနည်းလမ်းနှင့် ဆန့်ကျင်ယင်ယန် တွက်ချက်မှုများကို အသုံးပြုကာ ထိုလူ၏ မှတ်ဉာဏ်များကို ပြင်ဆင်ထားသည့် သဲလွန်စများကို ဖယ်ရှားပြီး စည်းပိတ်ခဲ့သည်။ ထို့နောက် သူက အောင်းထျန်းယီ၏ ဝိညာဉ်ကို ရှာဖွေခဲ့သည့် အရိပ်အယောင်ကိုတော့ ချန်ထားခဲ့လိုက်သည်။ အကြောင်းမှာ သူ့အဖေက သိထားပြီးသား မဟုတ်ပါလော။

“ ကောင်းပြီ။ ဒီနည်းလမ်းတွေက အားကောင်းတဲ့ ကျင့်ကြံသူတချို့ရှေ့မှာဆိုရင်တော့ အသုံးမဝင်လောက်ဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

သူက ပြဿနာတစ်ခုကို သဘောပေါက်လိုက်၏။ ထို့နောက် သူက ဘာမှမဖြစ်သလိုမျိုး ပုခုံးတွန့်ကာ ပြောလိုက်သည်။ ယခုအခါ နောက်ကျလွန်းနေပြီဖြစ်ကာ သူ့အနေနှင့် ထိုပြဿနာကို ဖြေရှင်းဖို့ မတတ်နိုင်ပေ။

သူက မည်မျှပင် တော်စေကာမူ စံပြတစ်ယောက်၏ နည်းလမ်းနှင့် စွမ်းအားရှေ့တွင် အင်အားမဲ့နေဆဲ ဖြစ်၏။

ဒီလိုဆိုရင် ကံအပေါ်ပဲ အပ်ထားလိုက်တာပေါ့…

ဝမ်ဝေ့က သူသည် ကံကောင်းမှန်း သိထားလေသည်။ ထို့ကြောင့် ထိုအရာအပေါ် မှီခို၍ ပြဿနာတစ်ခု မဟုတ်ပေ။ ထို့အပြင် ထိုအရာက အလုပ်မဖြစ်လျှင်ပင် တစ်ခုတည်းသော အကျိုးဆက်က သူ့တည်ရှိမှုကို ကပ်ပါး ၇ ယောက်က စောစောစီးစီး သိရှိသွားမည်သာ ဖြစ်သည်။

ထို့ကြောင့် အောင်းထျန်းယီ၏ ဝိညာဉ်ကို သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ထည့်သွင်းပေးလိုက်သည်။

ငါ အာရုံလွဲတဲ့အနေနဲ့ သတင်းအချက်အလက် တချို့ကိုတော့ ထားပေးသင့်တယ်။ အဲဒါက ကူညီပေးနိုင်လောက်တယ်…

ထိုအစီအစဉ်ကို အကောင်အထည် ဖော်လိုက်ပြီးသည့်နောက်တွင် သူက သူ့စွမ်းအား သို့မဟုတ် ဝှက်ဖဲတချို့ကို ထုတ်ဖော်ပြရင်း အောင်းထျန်းယီနှင့် အကြမ်းဖျင်း တိုက်ခိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ပြီးတော့ ငါက ဒီလူကို နှိပ်စက်ဖို့ လိုသေးတယ်။ သူ့စိတ်နဲ့ တာအိုနှလုံးသားကို သူ့အဖေ ပြင်နိုင်အောင်တော့ ချိုးဖောက်ပေးရမယ်…

***

All Chapters