← Chapters

အစီအစဉ်ကျမှု အမိန့်မှာတမ်း

Vol. 42 Ch. 586

အစီအစဉ်ကျမှု အမိန့်မှာတမ်း

Vol. 42 Ch. 586

အောင်းထျန်းယီ၏ မှတ်ဉာဏ်များကို ဖြေရှင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က ပထမဆုံးတိုက်ပွဲအလား စတင်တိုက်ခိုက်လိုက်သည်။ သူ မျက်လုံးကို ဖွင့်လိုက်သည်နှင့် မှတ်မိသည့်အရာက သူသည် ပိုင်နက်တစ်ခုအတွင်း ကျရောက်ကာ သူ့နည်းစနစ်များက အသုံးမဝင်ခြင်း ဖြစ်သည်။

ထို့ကြောင့် သူက ထိုအခြေအနေကို အားသုံးဖြေရှင်းဖို့ ပြင်ဆင်ထားသည်။

ထိုစဉ် ဝမ်ဝေ့က မည်သည့်သတင်းအချက်အလက် ထုတ်ဖော်ရမလဲဟု စဉ်းစားနေမိသည်။ ထိုသတင်းအချက်အလက်က အသစ်ဖြစ်ရမည်ဖြစ်ကာ တစ်နည်းနည်းဖြင့် အဖိုးတန်ပြီး သံသယများများ မဖြစ်နိုင်သည့်အရာမျိုး ဖြစ်ရမည်။

ငါ အစီအစဉ်ကျမှုစည်းမျဉ်းကို ထုတ်ဖော်လိုက်မယ်…

သူ့အစီအစဉ်ကျမှု၊ မကျမှု စည်းမျဉ်းသည် တိုက်ပွဲအတွက် အဓိကအသုံးပြုခြင်း မဟုတ်သော်လည်း သူ အလိုရှိပါက လုပ်ဆောင်နိုင်သည်။

“ အစီအစဉ်ကျမှု အမိန့်မှာတမ်း … အသွင်ပြောင်းခြင်းကို ပယ်ဖျက်ပြီး လူသားအသွင်နဲ့ပဲ ရှိရမယ်”

ဝမ်ဝေ့က ထိုစကားများကို ပြောလိုက်သည်နှင့် အားကောင်းသည့် စွမ်းအားတစ်ခုက အောင်းထျန်းယီအပေါ် ကျဆင်းလာကာ သူ့နဂါးအသွင်ပြောင်းမှုကို ပယ်ဖျက်သွားသည်။ သူက ခုခံဖို့ အမြောက်အများကြိုးစားခဲ့ပြီး ခေတ္တမျှ သူက အောင်မြင်ခဲ့သည်။ သို့သော် စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ စွမ်းအားက သူ့အား လွှမ်းခြုံသွား၏။

ထို့နောက် သူက လူသားအသွင် ပြန်ပြောင်းသွားသည်။

အောင်းထျန်းယီက ဤပုံစံဖြင့် သူ့အင်အား၏ ၇၀မှ ၈၀ရာခိုင်နှုန်းသာ ထုတ်သုံးနိုင်သည့်အတွက် မပျော်ရွှင်တော့ပေ။

“ နဂါးလေး မင်း လက်လျှော့ချင်ပြီလား။ အဲဒါဆို မင်းရဲ့ နှလုံးသားနဲ့ ကြေးခွံကိုပေးလိုက်။ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်”

အောင်းထျန်းယီက သူ့နှလုံးသားမှ မထိန်းချုပ်နိုင်သည့် ဒေါသမီးတောက်ကို ခံစားမိလိုက်သည်။ သူက ပါးစပ်ဟကာ ဟွင်သွမ်းမိုးကြိုးမီးတောက်ဗုံးကို ပစ်ခတ်လိုက်၏။

ဝုန်း

ဝမ်ဝေ့ကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် “ အစီအစဉ်ကျမှု အမိန့်မှာတမ်း … ဟွင်သွမ်းမီးတောက်နဲ့ မိုးကြိုးအတွက် ခံနိုင်ရည်”

တိုက်ကွက်က သူ့အား ထိမှန်ကာ အားကောင်းသည့် ပေါက်ကွဲမှုမျိုး ထုတ်လွှင့်လာသည်။ သို့သော်လည်း ဝမ်ဝေ့က အကောင်းအတိုင်း ပေါ်ထွက်လာ၏။ သူက သူ့အရေပြားမှ လောင်ကျွမ်းရာ အနည်းငယ်မျှကို ကြည့်လိုက်သည်။

စိတ်ဝင်စားစရာပဲ။ ငါက ဟွင်သွမ်းမီးတောက်ရှိတော့ အဲဒီဓာတ်နဲ့ ခံနိုင်ရည်ရှိနေပြီးသားပဲ။ ဒါပေမဲ့ ငါက မိုးကြိုးကိုတော့ ခံနိုင်ရည် ၉၉ရာခိုင်နှုန်းပဲ ရှိသေးတယ်…

သူက အစီအစဉ်ကျမှု စည်းမျဉ်းသည် သူသိထားသည့် အရာအပြင် တချို့တားဆီးချက်များ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

နမူနာအားဖြင့် သူ ထုတ်ဖော်သည့် အမိန့်မှာတမ်း အားလုံးက ပိုင်နက်အတွင်းရှိ သူနှင့် တစ်ဖက်လူဆီ သက်ရောက်မှုရှိကာ သူသည်လည်း အသွင်ပြောင်းမှု အသုံးမပြုနိုင်ပေ။ ထိုစည်းမျဉ်းကို ဖယ်ရှားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက အစီအစဉ် မကျမှု စည်းမျဉ်းကို အသုံးပြုဖို့ ဖြစ်သည်။ သို့သော် ထိုအရာကို ကန့်သတ်ထားသည်။

ကောင်းပြီ။ နောက်ထပ်တစ်ခု စမ်းကြည့်တာပေါ့…

“ အစီအစဉ်ကျမှု အမိန့်မှာတမ်း … ဘယ်လမ်းစဉ်ကမှ စည်းမျဉ်းကို အသုံးပြုလို့ မရဘူး။ အစီအစဉ် မကျမှု အမိန့်မှာတမ်း။ အားအကောင်းဆုံး ဝိညာဉ်စွမ်းအားရှိတဲ့သူက ခြွင်းချက်”

အောင်းထျန်းယီက အစီအစဉ်ကျမှု အမိန့်မှာတမ်း စွမ်းအားသည် သူ့အပေါ် အလုပ်ဖြစ်လာကြောင်း ခံစားမိသည့်အခါ အမူအရာက ပြောင်းလဲသွားသည်။ သို့သော်လည်း သူက သူ့ပင်ကိုစည်းမျဉ်းများသည် သက်ရောက်မှု မခံရကြောင်း သိလိုက်ရ၍ စိတ်အေးသွားမိသည်။

“ မင်းက ကိုယ့်ဘာသာကိုယ် အထင်ကြီးနေတာပဲ။ သေမျိုးတစ်ယောက်က မိုးမြေကိုယ်တိုင် ကောင်းချီးပေးထားတဲ့ ပင်ကိုစည်းမျဉ်းကို ဘယ်လိုလုပ် သက်ရောက်မှု ရှိနိုင်မှာလဲ”

“ ငါ သိပြီ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် သူ့စကားများကို လျစ်လျူရှုထားသည်။

ပင်ကိုစည်းမျဉ်းက ထူးခြားတယ်။ တကယ်လို့ သူတို့အပေါ် သက်ရောက်မှု ရှိစေချင်ရင် တူညီတဲ့ တန်ကြေးတစ်ခုတော့ လိုအပ်တယ်…

“ အစီအစဉ်ကျမှု အမိန့်မှာတမ်း … စည်းမျဉ်း တားမြစ်ခြင်း။

အစီအစဉ် မကျမှု အမိန့်မှာတမ်း … အမြင့်ဆုံးဝိညာဉ်စွမ်းအားက ခြွင်းချက်။

တန်ကြေး - နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး”

အောင်းထျန်းယီက သူ့ပင်ကိုစည်းမျဉ်း ထိန်းချုပ်မှု ကင်းလွတ်သွားသည်ကို ခံစားမိလိုက်သည်။ အစီအစဉ်ကျမှု စွမ်းအားက သူတို့အား စည်းပိတ်လိုက်၏။ ထိုစဉ် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်း စည်းပိတ်ထားသည့် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို အသုံးမပြုနိုင်ပေ။

“ ဒါ ဒါ ဒါ လုံးဝမဖြစ်နိုင်ဘူး” အောင်းထျန်းယီက အော်ပြောလိုက်သည်။ သူက ထိုတားမြစ်ချက်များကို အဆုံးသတ်ပစ်ဖို့ နည်းလမ်းကို ကြိုးပမ်းနေ၏။

လျှို့ဝှက်နည်းစနစ်- သွေးမျိုးဆက် လောင်ကျွမ်းခြင်း

သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့အရှိန်အဝါကို ချက်ချင်းဆိုသလို တိုးမြှင့်သွားစေသည်။ အောင်းထျန်းယီ၏ အင်အားက ထာဝရအရှင် ပွင့်ချပ်(၃)လွှာအဆင့်သို့ ရောက်ရှိသွား၏။ ထိုစွမ်းအားအသစ်ဖြင့် သူသည် တားမြစ်ချက်များကို ဖယ်ရှားဖို့ ကြိုးစားလိုက်သည်။

“ မင်းရဲ့သွေးက အရမ်းကို အဖိုးတန်လွန်းတယ်။ ဒီလိုဖြစ်ခွင့် မပေးနိုင်ဘူး” ဝမ်ဝေ့က ပြောလိုက်သည် “ အစီအစဉ်ကျမှု အမိန့်မှာတမ်း … လျှို့ဝှက်နည်းစနစ် အသုံးပြုခွင့်မရှိ”

အောင်းထျန်းယီ၏ နည်းစနစ်က အလုပ်မဖြစ်တော့ဘဲ သူ့အင်အားက ပွင့်ချပ်တစ်လွှာအဆင့်သို့ ပြန်လည်ပြုတ်ကျသွားသည်။ သူ့မျက်နှာအထက် စိတ်ပျက်ဖွယ် အမူအရာမျိုး ပေါ်ထွက်လာ၏။ သူက ယခင်က တိုက်ပွဲများစွာ ရှုံးနိမ့်ခဲ့ဖူးသည်မှာ သူ့သွေးမျိုးဆက် အားကောင်းမလာခင်အချိန်အထိသာ ဖြစ်၏။ သို့သော်လည်း ဤသည်က တစ်ဖက်လူနှင့် ရင်ဆိုင်ရသည့်အခါ အင်အားမဲ့နေသည်ဟု ခံစားမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ကြည့်ရတာ သူက ကံကြမ္မာနဲ့ ကံတရားကို မထိန်းချုပ်နိုင်တဲ့ ပုရွက်ဆိတ်တစ်ကောင်ကလွဲပြီး ဘာမှမဟုတ်ဘူးလို့ ခံစားနေရတယ်…

သူက ထိုခံစားချက်ကို မုန်းတီးမိ၏။

“ အစီအစဉ်ကျမှု အမိန့်မှာတမ်း … ခန္ဓာကိုယ်ခွန်အားပဲ အသုံးပြုလို့ ရမယ်။

အစီအစဉ်မကျမှု အမိန့်မှာတမ်း … ထိပ်တိုက်ရင်ဆိုင်ပြီးသွားရင် အားအကောင်းဆုံး ခန္ဓာကိုယ်ပိုင်ရှင်က တစ်ဦးတည်းသော အသုံးပြုနိုင်သူ ဖြစ်လာလိမ့်မယ်။

အဲဒါဆိုတော့ နဂါးလေး အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က နတ်ဆိုးဆန်ဆန် အပြုံးမျိုးဖြင့် မေးလိုက်သည်။

အောင်းထျန်းယီက သူ့ တုန်ယင်နေသည့် နှလုံးသားကို ကျော်လွှားဖို့အတွက် နာကျင်မှုကို ဖြစ်စေရန် လျှာကို ကိုက်လိုက်သည်။  သူက သူ့ခန္ဓာကိုယ်မှ ခွန်အား အားလုံးကို စုစည်းလိုက်ပြီး တစ်ဖက်လူဆီ ပြေးဝင်သွား၏။ သူ စုဆောင်းထားသည့် သတင်းအချက်အလက်များမှ ထိုသူသည် မည်မျှ အားကောင်းကြောင်း သိထားလေသည်။ သို့သော်လည်း သူ့တွင် အခွင့်အရေး ရှိနေသေး၏။

ဟွင်သွမ်းသက်ရှိအနေဖြင့် သူသည် အားကောင်းသော ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။

ဝုန်း

အောင်းထျန်းယီ၏ လက်မောင်းက တွန့်လိမ်သွားပြီး ကြောက်မက်ဖွယ် ပုံစံမျိုး ထွက်ပေါ်လာသည်။ သူက မအော်သလို နာကျင်မှုကြောင့်ပင် မညည်းတွားပေ။ သို့သော်လည်း သူက လောကအမြင် ကွဲကြေသွားသလိုမျိုး ကြောင်အအ ဖြစ်သွားသည်။ သူက သူ့ခန္ဓာကိုယ်မှ စွမ်းအားသည် ထွက်သွားကြောင်း ခံစားမိလိုက်သည်နှင့် သူခံစားနေရသည့် စိတ်ပျက်နေသည့် ခံစားချက်က မြင့်တက်လာသည်။

“ မင်းက အစကတည်းက နိုင်ဖို့ အခွင့်အရေး မရှိဘူး။” ဝမ်ဝေ့က ပြောလိုက်သည်။

ထိပ်တိုက်ရင်ဆိုင်မှုက မျှတဟန်ပေါ်သော်လည်း ထိုသို့ မဟုတ်ပေ။ ဝမ်ဝေ့က အသွင်ကူးပြောင်းမှုကို တားဆီးထားသည့်အတွက် အောင်းထျန်းယီအနေဖြင့် သူ၏ ၈၀ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။

သူကလည်း ရှေးဟောင်းဖျက်ဆီးခြင်း အသွင်ကူးပြောင်းမှုကို အသုံးမပြုနိုင်သည့်အတွက် သူ့ဘက်ကတည်း ဆုံးရှုံးမှုဖြစ်၍ မျှတသည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း သူ့ကူးပြောင်းမှုက သူ့အင်အားကို တိုးမြှင့်ပေးပြီး နဂါး၏ ပုံစံကမူ အောင်းထျန်းယီ၏ သဘာဝခန္ဓာကိုယ်ဖြစ်ကာ အသွင်ကူးပြောင်းမှုက နည်းဗျူဟာကျကျ ဟာကွက်တစ်ခု ဖြစ်နေသည်။

ဝမ်ဝေ့က ထိုနည်းစနစ်များ၊ စည်းမျဉ်းများ သို့မဟုတ် ကန့်သတ်ချက်များသည် ဤစည်းမျဉ်းအတွက် အရေးသာချက် ဖြစ်ကြောင်း သိလိုက်၏။ အကယ်၍ မှန်မှန်ကန်ကန်အသုံးပြုပါက သူသည် ပတ်ဝန်းကျင်ကို သူ့အတွက် အကျိုးရှိအောင် လုပ်ပြီး တစ်ဖက်လူကို အားနည်းအောင် လုပ်နိုင်သည်။

သူက သူနှင့် ရင်ဘောင်တန်းနိုင်သည့် ပြိုင်ဘက်ကို တွေ့ဆုံသည့်အခါ အစီအစဉ်ကျမှု စွမ်းအားက အသုံးဝင်မည် မဟုတ်ပေ။ သို့သော် သူက တခြားနည်းလမ်းဖြင့် အသုံးပြုဖို့ တွေးထားပြီးသား ဖြစ်၏။ နမူနာအားဖြင့် အစီအစဉ်ကျမှု စည်းမျဉ်းများကို သူကိုယ်တိုင်အတွက်သာ သက်ရောက်မှုရှိစေခြင်း ဖြစ်သည်။

နောက်ထပ် နမူနာတစ်ခုအနေဖြင့် ပိုင်နက်ကို သူ့အတွက်သာ အလုပ်ဖြစ်ခွင့်ပေးပြီး အစီအစဉ်ကျမှု စွမ်းအားကို သူ့တိုက်ကွက်များအား မြှင့်တင်ခြင်း သို့မဟုတ် တခြားသောအရာများကို လုပ်နိုင်ခြင်းတို့ကို ခွင့်ပြုပေးနိုင်သည်။ ထိုအရာကို ခုခံရေးတွင်လည်း အသုံးပြုနိုင်၏။

ဝမ်ဝေ့က အောင်းထျန်းယီကို စိုက်ကြည့်လိုက်သည် “ သေမျိုးတစ်ယောက်အနေနဲ့ ကူကယ်ရာမဲ့သလို ခံစားရတာ ဘယ်လိုနေလဲ။ မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ပုရွက်ဆိတ်တစ်ကောင်လိုမျိုး အလွယ်တကူ ချေမွပစ်လို့ရတယ်”

“ ပါးစပ်ပိတ်ထား” အောင်းထျန်းယီက အော်ပြောလိုက်သည်။

“ မစိုးရိမ်ပါနဲ့။ မင်းကို ဒီနေ့ကို မေ့မရအောင် လုပ်ပေးမယ်”

“ မလုပ်နဲ့။ ငါ့အဖေက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး”

“ မင်း ပြောခဲ့တဲ့၊ မင်း ကျိန်ဆိုခဲ့တဲ့ ကျမ်းသစ္စာကို မေ့သွားပြီလား” အောင်းထျန်းယီ၏ မျက်နှာက ဖြူဖျော့လာသည်။ သူ့အဖေသည် သူ့အား ကယ်တင်ရန် ဒိုင်မေးရှင်းအနိမ့်သို့ ဆင်းမလာနိုင်ကြောင်း အမှတ်ရလိုက်၏။

“ ငါ ပထမဆုံးအကြိမ် တွေ့တုန်းက ပြောတာကို မှတ်မိလား”

ယခုတွင် အောင်းထျန်းယီ၏ မျက်နှာက သွေးရောင်ပင် ဖျော့တော့သွားသည်။

“ မင်းရဲ့ကြေးခွံ၊ နှလုံးသား၊ ကြွက်သား၊ သွေးနှင့် အသားက အဖိုးတန်တယ်။ အဲဒါကြောင့် ငါ အားလုံးကို လိုချင်တယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ အခု ငါက မင်းကို မသတ်နိုင်ဘူး။ အဲဒါဆိုတော့ ငါ ယူမဲ့ မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ကောင်းမွန်စေဖို့ အကူအညီတချို့တော့ လိုတယ်။ ငါ ဘာယူမယ်ဆိုတာကို မင်း နားလည်ရဲ့လား”

အောင်းထျန်းယီက သူ့အား ကြောင်တောင်တောင်ဖြင့် ကြည့်လာကာ ပြန်မဖြေပေ။

ဝမ်ဝေ့က ခေါင်းအသာ ယမ်းလိုက်၏။ ဤပါရမီရှင်၏ စိတ်အခြေအနေက ထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားနေသည်။ သူက သူ့ဝိညာဉ်စွမ်းအားဖြင့် ခြိမ်းခြောက်ခဲ့သော်လည်း ထိုလူသည် အလွယ်တကူ ပြိုကွဲသွားလိမ့်မည်ဟု ထင်မထားမိပေ။

“ ငါ တဲ့တိုးပဲ ပြောမယ်။ မင်းကို ကုသဖို့ ငါ့ရဲ့ အရင်းအမြစ်တွေကို မသုံးချင်ဘူး။ အဲဒါကြောင့် မင်းရဲ့သိုလှောင်လက်စွပ်ကို ပေးလိုက်။ ငါ ကိုယ်တိုင် ယူရအောင်တော့ လာမလုပ်နဲ့”

အောင်းထျန်းယီက သူ့သိုလှောင်လက်စွပ်ကို ပေးကာ စည်းတံဆိပ်ကိုပင် ဖွင့်ဟပေးလိုက်သေးသည်။ ထို့နောက် ဝမ်ဝေ့က သူ ပြောထားသည့်အတိုင်း လုပ်ဆောင်လိုက်၏။

သူက နဂါး၏ ကြေးခွံ၊ ကြွက်သား၊ နှလုံးသား၊ အရိုး၊ သွေးနှင့် အသားများကို ယူဆောင်လိုက်သည်။ ထိုဖြစ်စဉ်အတွင်း အောင်းထျန်းယီက အသက်ရှင်နေဆဲဖြစ်၍ အရာအားလုံးကို ခံစားနေရသည်။

ဝမ်ဝေ့က ထိုသူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးများကို အသုံးပြုကာ ပြန်လည်ကောင်းမွန်အောင် လုပ်ပေးချင်သော်လည်း  ထိုဆေးလုံးများကို တစ်ခါမှ မမြင်တွေ့ဖူးသည့်အတွက် သူ့အတွက်သာ လေ့လာရန် သိမ်းဆည်းထားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူ့လက်ထဲတွင် ရှိထားသည့် ဆေးလုံးများသာ အသုံးပြုလိုက်၏။

အထဲရှိ အရင်းအမြစ်များအတွက်မူ သူက မယူပေ။ အကြောင်းမှာ သူ ထိုအရာများအပေါ်တွင် အားကောင်းသည့် အမှတ်အသားများကို ခံစားမိ၍ ဖြစ်သည်။ သူတို့က ဒိုင်မေးရှင်းအမြင့်၏ ကမ္ဘာဦးမျိုးနွယ်အပိုင် ဖြစ်လောက်သည်။

သူက ထိုပစ္စည်းများကြောင့် နဂါးမျိုးနွယ်ကို အောင်းထျန်းယီအား စွန့်ပယ်ဖို့ အတင်းအကြပ် ဖိအားပေးမှုထဲမှာ ဝင်ရောက်မပတ်သက်လိုပေ။

နောက်ဆုံးတွင် ဝမ်ဝေ့က စိတ်ပျက်လက်ပျက်ဖြင့် ကြောက်လန့်တကြား ဖြစ်နေသည့် အောင်းထျန်းယီအား ကြည့်လိုက်သည်။ ထိုသူက မပြောပြနိုင်လောက်သည့် ထိတ်လန့်မှု ခံစားခဲ့ရဟန်ပေါ်၏။

ကြည့်ရတာ ငါ လွန်သွားပုံပဲ…

ဝမ်ဝေ့က အောင်းထျန်းယီကို စစ်ဆေးကြည့်ရင်း တွေးလိုက်မိသည်။

သူ့တာအိုနှလုံးသားက လုံးဝပြိုကွဲမသွားသေးဘူး။ အဲဒါကြောင့် သူ့အဖေက ပြန်လည်ပြင်ဆင်ပေးနိုင်လောက်တယ်…

ထို့ကြောင့် သူက တစ်ဖက်လူ၏ ပုခုံးကို ပုတ်ကာ” ငါ့ကို အပြစ်မတင်နဲ့။ မင်းအဖေကိုပဲ အပြစ်တင်။ သူက မင်းအသက်ကို ကယ်ခဲ့ပေမဲ့ ဒီလိုအခြေအနေကို ကျရောက်စေခဲ့တာပဲ”

ဝမ်ဝေ့က အောင်းကျင်းအား ထည့်သွင်းလိုက်ရသည့်အတွက် နောင်တမရှိပေ။

ငါ ထုတ်ဖော်လိုက်တဲ့ အချက်အလက်တွေက နယ်ရှင်တစ်ယောက်အနေနဲ့ အဆင့်အတန်းကို ဖော်ပြဖို့ လုံလောက်တယ်။ ဒါပေမဲ့ အရမ်းကြီး သံသယဖြစ်ဖို့ မကောင်းဘူး…

ထို့နောက် သူက အမှောင်ထု စွမ်းအားနှင့်အတူ ပိုင်နက်ကို ရုတ်သိမ်းလိုက်သည်။

ပြိုင်ပွဲဝင်များက အောင်းထျန်းယီ၏ ငေးမောနေသည့် အကြည့်ကို မြင်တွေ့ပြီးသည့်နောက်တွင် အနိုင်ရရှိသူကို ချက်ချင်း သိလိုက်ကြသည်။ သူတို့က တုံ့ဆိုင်းနေသည့် အကြည့်မျိုးကို မြင်တွေ့သည့်အခါ အောင်းထျန်းယီထံတွင် မည်သို့သော ဆိုးဆိုးရွားရွား ကိစ္စဖြစ်ပျက်ခဲ့လဲဟု စဉ်းစားနေမိကြ၏။

သူတို့က ဝမ်ဝေ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်သော်လည်း ထိုသူကမူ သူတို့အား လျစ်လျူရှုထားသည်။

ဝမ်ဝေ့ ဂရုစိုက်သည်က အောင်းထျန်းယီကို အနိုင်ယူပြီးသည့်နောက်တွင် ကံကြမ္မာဘယ်လောက် ရလိုက်သလဲဟူ၍ ဖြစ်သည်။ ထိုပမာဏက သူသည် ဒိုင်မေးရှင်းအနိမ့်၏ ကောင်းကင်ရွေးချယ်ခံများကို အနိုင်ယူစဉ်အခါကနှင့် ယှဉ်နိုင်လောက်အောင် များပြားလှသည်။

သူက ထိုအရာသည် ပုံမှန်လား သို့မဟုတ် ဒိုင်မေးရှင်းအနိမ့်၏ လတ်တလော အပြောင်းအလဲ ရလဒ်ကြောင့်လား မသိပေ။

***

All Chapters