← Chapters

ဓားဆန္ဒ ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 42 Ch. 587

ဓားဆန္ဒ ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 42 Ch. 587

ဝမ်ဝေ့က တခြားသူများ၏ ထူးထူးဆန်းဆန်း အကြည့်ကို လျစ်လျူရှုရင်း သူ့နေရာဆီ ပျံသန်းလာလိုက်သည်။ သို့သော်လည်း သူ ထိုင်လိုက်သည်နှင့် ထုံရို့ပင်းက မေးလာ၏ “ သူ့ရဲ့ ကြေးခွံ၊ သွေး၊ ကြွက်သားနဲ့ နှလုံးသားကို တကယ်ကြီး ယူခဲ့တာ မဟုတ်ဘူး မလား။”

သူမက ပထမနေ့က စကားဝိုင်းကို အမှတ်ရလိုက်မိသည်။ သူမ ဝမ်ဝေ့အပေါ် သိထားသလောက် သူ့အတွက် ထိုသို့လုပ်ဆောင်နိုင်ချေ ရှိ၏။

“ ဉာဏ်များတဲ့ အမျိုးသမီး … ငါ့ကို ဒီလိုဆိုးဆိုးရွားရွား အရာတွေနဲ့ မစွပ်စွဲနဲ့” ဝမ်ဝေ့က သမာသမတ်ကျစွာ ပြောလိုက်သည် “ သူက ဒီလိုဖြစ်နေတာက အားကောင်းတဲ့ ပုံရိပ်ယောင်ထဲမှာ ထားခဲ့လို့ပဲ”

ထုံရို့ပင်းက နှာခေါင်းရှုံ့လိုက်၏။ သူမက သူနှင့် ကျီစုန့်၏ တိုက်ပွဲကို ကြည့်ရှုဖူးပြီး ဝမ်ဝေ့က ဒေါသတကြီးဖြင့် ထိုသူကို ချက်ပြုတ်ခဲ့ဖူးကြောင်း အမှတ်ရနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူမက ထိုလူ၏ ရက်စက်မှုကို လျှော့မတွက်ပေ။

တိုက်ပွဲကို ဖုံးကွယ်ထားတဲ့ အပြုအမူကလည်း ထူးဆန်းတယ်…

သူမက တွေးလိုက်မိသည်။

ကြည့်ရတာ နဂါးကို လုပ်လိုက်တဲ့ ကိစ္စကို တခြားသူတွေကို မသိစေချင်တာလား။ ဒါမှမဟုတ် သူ လျှို့ဝှက်ထားချင်တဲ့ တခြားအကြောင်းအရင်း ရှိနေတာလား…

ထုံရို့ပင်းက ဆက်လက် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ဒိုင်မေးရှင်းအမြင့် လက်ရွေးစင်များနှင့် ယှဉ်ပြိုင်ပြီး သူမ၏ စွမ်းအားကို စမ်းသပ်ကြည့်လိုသော်လည်း သူတို့၏ နည်းလမ်းထက် ကျော်လွန်နေသည့် ပဋိပက္ခများကြား သူမ၏ အင်အားစုကို မဆွဲသွင်းလိုပေ။

သူမက တာအိုကျမ်းသစ္စာ၏ ဟာကွက်ကို သိထားပြီးပြီဖြစ်၍ ပိုမိုဂရုစိုက်ချင်မိသည်။ ဤစစ်ဆေးမှု၏ အမွေအနှစ်က ထိုအားစိုက်ထုတ်မှုများဖြင့် မထိုက်တန်ပေ။ မည်သို့ပင်ဆိုစေကာမူ ဤစစ်ဆေးမှုအတွင်း သူမက အကျိုးအမြတ်မြောက်များစွာ ရရှိလိုက်၏။

သူမ၏ ဝိညာဉ်က ဆင့်ကဲပြောင်းလဲသွားကာ မူလအဆောင်၏ စွမ်းအားကို ပိုမိုကောင်းမွန်စွာ အသုံးပြုလာနိုင်စေသည်။

……..

ထာဝရကလေးငယ် ရှစ်ချီအန်းက စိတ်ထဲတွင် တုန်ယင်နေသော်လည်း အပြင်ဘက်တွင် တည်ငြိမ်အေးဆေးနေ၏။ သူမက ကျမ်းသစ္စာဖြင့်ပင် ထိုလက်ရွေးစင်များနှင့် တိုက်ခိုက်ဖို့ သတ္တိမရှိပေ။ သူမ၏ မိဘများက မဟာဧကရာဇ်ဆီမှ ကောင်းချီးပေးခံရသည့် လေလွင့်ကျင့်ကြံသူ နှစ်ယောက်သာ ဖြစ်ပြီး မသေမျိုးဘဝကို ရရှိခဲ့ခြင်း ဖြစ်သည်။

သူမက သူမ၏ မွေးဖွားမှုကြောင့် မြင့်မြတ်ဟန်ပေါ်သော်လည်း နောက်ခံကမူ ဤလူများကြားတွင် အဆိုးဆုံး ဖြစ်၏။ သူမ၏ အဖေ သေဆုံးသွားမှုကြောင့် နောက်ခံက ပိုမိုလျော့ကျသွားခဲ့သည်။

ကြည့်ရတာ ငါ ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်သင့်တယ်တူတယ်…

သူမ၏ မိဘများက လေလွင့်ကျင့်ကြံသူ ဧကရာဇ်ကို ပြုစုပျိုးထောင်ပေးနိုင်မည့် အတွေးကို အမြဲလိုလို ဂုဏ်ယူလေ့ ရှိသည်။ ထို့ကြောင့် သူမက အမြဲလိုလို အမဲလိုက်ခံရနေရသော်လည်း ဘယ်အင်အားစုမှ မဝင်ရောက်ခဲ့ပေ။

ရှစ်ချီအန်းက လေလွင့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် ကိုယ်ပိုင် မာနရှိ၏။ သို့သော်လည်း ပြိုင်ပွဲဝင်များကို မြင်တွေ့ပြီးသည့်နောက်တွင် အားကောင်းသည့် အင်အားစု၏ အကျိုးအမြတ်ကို နားလည်သွား၏။ ထိုအရာက အရင်းအမြစ် သာမကဘဲ လမ်းညွှန်မှုနှင့် အကာအကွယ်လည်း အပါအဝင် ဖြစ်သည်။ အကယ်၍ သူမသာ နာမည်ကျော် ဧကရာဇ်မျိုးဆက်မှ ဖြစ်ခဲ့လျှင် သူမ၏ အမေက အမြဲလိုလို ပုန်းအောင်းကာ ထွက်ပြေးစရာ မလိုတော့ပေ။

မဟုတ်သေးဘူး။ အင်အားစုအတွက် မလိုအပ်သေးဘူး။ ငါ့အဖေနဲ့ အမေက လေလွင့်ကျင့်ကြံသူဖြစ်ရတာကို အရမ်းဂုဏ်ယူနေခဲ့တာ။ ငါ လေလွင့်ကျင့်ကြံသူအဖြစ်နဲ့ပဲ တာအိုကို သက်သေပြပြီး သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးရမယ်…

သူမက ဆုံးဖြတ်ချက်ဖြင့် တွေးလိုက်သည်။ သို့သော်လည်း သူမက အမွေအနှစ်ကို ရရှိနိုင်မည့် အခွင့်အရေးသည် နည်းပါးကြောင်း မှတ်မိလိုက်၏။ ထိုအရာက နောက်ဆုံးသော လျှို့ဝှက်ဆန်းကြယ် စစ်ဆေးမှုအပိုင်းတွင် ထူးခြားအံ့ဖွယ် အရာတစ်ခုခု မဖြစ်ပျက်ခဲ့သရွေ့ဖြစ်သည်။

အမွေအနှစ် မပါရှိဘဲ သူမ၏ ကမ္ဘာ့အသိုက်အဝန်းတွင် တာအိုကို သက်သေပြဖို့ အခွင့်အရေး မရှိပေ။ သူမအတွက် တစ်ခုတည်းသော ရွေးချယ်စရာက အားနည်းသည့် ကမ္ဘာ့အသိုက်အဝန်းသို့ သွားကာ တာအိုကို သက်သေပြဖို့ ဖြစ်သည်။ တကယ်တော့ သူမက ထိုသို့ မလုပ်ဆောင်လိုပေ။

ကြည့်ရတာ ငါ နောက်ဆုံးအနိုင်ရရှိတဲ့သူကို ကံကြွေးတချို့ တင်အောင်လုပ်ဖို့ပဲ လိုတော့တယ်…

အလင်းမျိုးနွယ် မဟာဧကရာဇ်အတွက် ကံကြမ္မာဆေးကြောနိုင်သည့် လူအရေအတွက်က မြင့်မားလေသည်။ ထို့ကြောင့် သူမက အဖိုးတန်၏။ အကယ်၍ ထိုအရာက အလုပ်မဖြစ်ခဲ့လျှင်ပင် ထာဝရအရှင်နှင့် တာအိုဘိုးဘေးကဲ့သို့ သူမ၏ အဆင့်အတန်းဖြင့် နောက်ဆုံး၌ အနိုင်ရရှိသူကို ကတိစကားပေးကာ သူတို့၏ အင်အားစုကို အားကောင်းအောင် လုပ်ဆောင်ပေးနိုင်သည်။

အခု ဆုံးဖြတ်ပြီးပြီဆိုတော့ လုပ်လိုက်ရအောင်…

ကျင်းဝူဟွားက မလှုပ်မယှက် ကျန်ရှိနေသည်။ သူမ၏ အတွေးကို သူမသာလျှင် သိလိမ့်မည်။ သူမက အောင်းထျန်းယီကို တစ်ကိုက်လောက် မြည်းစမ်းကြည့်ချင်ကာ သူမ၏ သွေးမျိုးဆက်အတွက် ရယူလိုသော်လည်း သူမက မလုပ်ရဲပေ။

သူမ၏ အဖေက ဒိုင်မေးရှင်းအမြင့်တွင် ရှိနေဆဲဖြစ်ကာ သူ ဘယ်လိုဖြစ်နေမှန်း မသိရပေ။ သူမက သူ့အပေါ် အန္တရာယ်ကျရောက်စေမည့် တစ်စုံတစ်ခုကို ဘာမှမလုပ်လိုပေ။ ထို့ကြောင့် သူမက စောင့်ကြည့်ဖို့သာ ဆုံးဖြတ်ထား၏။

အောင်းထျန်းယီက နေရာတွင် ဝင်ထိုင်ကာ  ဝမ်ဝေ့နှင့် မျက်နှာချင်းမဆိုင်ရဲသည့်အတွက် ချက်ချင်းဆိုသလို ခေါင်းငုံ့သွားသည်။

ထို့နောက် အရှင်စိတ်ဝိညာဉ်က ပြောလိုက်၏ “ နောက်ထပ် စိန်ခေါ်သူက ဘယ်သူလဲ”

မင်းက ကျန်းယွီချန်းကို စိန်ခေါ်မှာလား…

ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်မှ မေးလိုက်သည်။

မင်း ဘယ်လိုလုပ်သိလဲ…

မင်းက ဓားသမားဆိုတော့ သူ့ကို စိန်ခေါ်မှာ သေချာတာပဲလေ…

အဲဒါက အဓိပ္ပာယ်ရှိသားပဲ။ ဒါပေမဲ့ မင်းက ဘာလိုချင်လို့လဲ…

မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို သတိပေးချင်ရုံပဲ။ တကယ်လို့ သူ့ကို စိန်ခေါ်ချင်တယ်ဆိုရင် ဓားသီးသန့် စစ်ဆေးမှုလုပ်ဖို့ အကြံပြုချင်တယ်…

ဝမ်ဝေ့က ကျိလန်ဖန်း၏ အင်အားသည် ထိပ်သီးပွင့်ချပ်တစ်လွှာ ထာဝရအရှင် အင်အားမျှသာ ရှိကြောင်း ခန့်မှန်းမိ၏။ ဤသည်က သူ့ကန့်သတ်ချက် မဟုတ်ပေ။ ထိုသူက သူ့လိုမျိုး အဆင့်(၈)မျှဖြစ်ကာ သူ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် တူညီသည့်အဆင့်သို့ ရောက်ရှိသည်နှင့် သူ့အင်အားသည် ပွင့်ချပ်(၃)လွှာအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

ဓားသမားက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ထို့နောက် သူက သေရည်တစ်ငုံ သောက်သုံးလိုက်ပြီးနောက် ပြောလိုက်၏ “ ကျုပ်က တာအိုဆရာကို စိန်ခေါ်ချင်တယ်”

“ သခင်လေးကျိ သေချာရဲ့လား” ကျန်းယွီချန်းက မေးလာသည်။

“ ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုတာကို သိတယ်။ အဲဒါကြောင့် ဓားလမ်းစဉ်နဲ့ပဲ ဖြေရှင်းရအောင်”

“ ကောင်းပါပြီ” တာအိုဆရာက ဝေဟင်အထက် ပျံသန်းလာပြီး အရက်မူးနေသည့် ဓားသမားလည်း လိုက်ပါသွားသည်။

“ ကျုပ်ရဲ့ အသင်္ချေဓားဝိညာဉ်ရုပ်ခန္ဓာက ဓားဆန္ဒအမျိုးမျိုးကို သင်ယူနိုင်ခွင့်ပြုထားတယ်” ကျန်းယွီချန်းက အဖြူရောင်နှင့် အနက်ရောင် ဓားတစ်ချောင်း ထုတ်ကာ ပြောလိုက်၏ “ ကျုပ်က ဓားသမားအများကြီးကို တိုက်ခိုက်ဖူးပြီးတော့ အနိုင်ယူဖူးတယ်။ သူတို့ကို အနိုင်မပိုင်းခင် သူတို့ဆီကနေ သင်ယူခဲ့တယ်”

“ ကျုပ်ကလည်း အတူတူဖြစ်မယ်လို့ ပြောနေတာလား”

ကျန်းယွီချန်းက ပြုံးရုံမျှ ပြုံးပြလေသည်။

ကျိလန်ဖန်းက တစ်ဖက်လူ၏ အမူအရာကို ကြည့်ကာ ခေါင်းခါလိုက်သည်။ သူက သူ့ကိုယ်ပိုင်ဓားကို ထုတ်ယူလိုက်၏။ ထိုအရာက ဘာပုံစံမှ မရေးထွင်းထားသည့် အနက်ရောင် ဓားတစ်ချောင်း ဖြစ်သည်။ ကြည့်ရသည်မှာ သာမန်အရည်အချင်းရှိသည့် သေမျိုး ပန်းပဲဆရာက ထုလုပ်ထားဟန်ပေါ်သည်။

“ ကျုပ်ရဲ့ ဓားဆန္ဒက အရှိန်ပဲ။ကျုပ်အနေနဲ့ အရှိန်က အကြွင်းမဲ့လို့ ယုံကြည်တယ်။ အကြွင်းမဲ့အရှိန်က အကြွင်းမဲ့ ဓားလမ်းစဉ်ပဲ”

ကျန်းယွီချန်းက ခေါင်းခါလိုက်သည်။ သူက ထိုသို့ သန့်စင်သည့် ဓားသမားများကို သဘောမကျပေ။

“ အခု ပုံမှန်အရာတစ်ခုခုနဲ့ စလိုက်ကြရအောင်။ ရွှေဓားဆန္ဒ”

ဓာတ်ငါးပါးထဲတွင် ရွှေဓာတ်က အထက်ရှဆုံး ဖြစ်၏။ ထို့ကြောင့် ဓားသမားများစွာ၏ အကြိုက်နှစ်သက်ဆုံး တာအိုတစ်ခု ဖြစ်လေသည်။ ကျန်းယွီချန်းက ဓားကို ဝှေ့ယမ်းပြီးသည့်နောက် လခြမ်းကွေးသဏ္ဌာန် ဓားချက်ကို ထုတ်လွှတ်လိုက်သည်။

သို့သော်လည်း သူက မည်သည့်စွမ်းအား၊ ခန္ဓာကိုယ်၊ ဝိညာဉ်စွမ်းအား သို့မဟုတ် စည်းမျဉ်းကို အသုံးပြုထားခြင်း မရှိပေ။ ဓားချက်က သူ့ဓားတာအို နားလည်နိုင်စွမ်းမှ ရုပ်သဏ္ဌာန်ပြမှုသာ ဖြစ်၏။

ကျိလန်ဖန်းက ထိုတိုက်ကွက်ကို မြင်သည့်အခါ အကြည့်များက တောက်ပလာသည် “ မဆိုးဘူးပဲ။ ဒါပေမဲ့ လုံလုံလောက်လောက်တော့ မကောင်းသေးဘူး”

သူက သူ့ဓားဆန္ဒကို ထုတ်လွှတ်ဖို့ ဓားကို ဝှေ့ယမ်းလိုက်သည်။ သူ့ဓားချက်က တစ်ဖက်လူကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။

“ မြန်လိုက်တဲ့ ဓားချက်။ ဒါနဲ့ ဒီတစ်ခုကို စမ်းကြည့်ပါဦး။ မြေကမ္ဘာ ဓားဆန္ဒ”

သူ အသစ်ဖန်တီးလိုက်သည့် ဓားချက်က ကျိလန်ဖန်း၏ တိုက်ကွက်ကို အလွယ်တကူ ပိတ်ဆို့လိုက်၏။

“ ဓားသမားတွေက အကြွင်းမဲ့ တိုက်ခိုက်သူတွေလို့ ယူဆလို့ရတယ်။ ဒါပေမဲ့ အခြေခံဓားရေးလှုပ်ရှားပုံမှာ ခုခံတာကလည်း ဓားရဲ့ အစိတ်အပိုင်း ဖြစ်နေတဲ့အခါမှာ လူတော်တော်များများက တိုက်ခိုက်ရေးမှာ ဘာလို့ စွဲလမ်းနေတယ်ဆိုတာ နားမလည်နိုင်ဘူး”

“ မေးခွန်းကောင်းပဲ။ ဒါပေမဲ့ အဖြေက ရိုးရှင်းတယ်။ ဓားဆိုတာ သတ်ဖြတ်ဖို့အတွက် လက်နက်ပဲ” ကျိလန်ဖန်းက ပြောလိုက်ပြီး‌နောက် ထပ်မံ တိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ် ပိုမိုမြန်ဆန်လာ၏။

……….

အဆုံးမဲ့လေဟာနယ်၊ လျှို့ဝှက်နယ်မြေ

ခေါင်းဆောင်းပုံရိပ်က ရုတ်ချည်းဆိုသလို ပေါ်ထွက်လာပြီးနောက် သွေးအန်လိုက်ရသည်။

“ သူ့စွမ်းရည်ကို အထင်ကြီးမိထားတယ်လို့ ထင်မိတာ။ တကယ်တော့ ငါ မှားနေတာပဲ။ လူတစ်ယောက်က သာမန်သဘောတရားနဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရလောက်တဲ့ အနေအထားကို ဘယ်လိုလုပ်ရောက်နိုင်မှာလဲ ”

သူက သူ့ကိုယ်သူ ဂရုမစိုက်မိ၍သာ အပြစ်တင်နေမိသည်။ ခေါင်းဆောင်းပုံရိပ်က ထိုသူ သိသွားသည်မှာ သူသည် ပုန်းအောင်းရေး နည်းလမ်းပေါင်းများ၌ ယုံကြည်ချက်ရှိလွန်းနေကာ စိတ်ခံစားချက်ကို ထိန်းချုပ်မထား၍ ဖြစ်ကြောင်း သိလေသည်။ သူက ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်ငယ်ကို အကြာကြီး စိုက်ကြည့်မနေခဲ့သင့်ပေ။

ဒါက ငါ့အတွက် သတိပေးချက်ပဲ။ ငါ အကြာကြီး ပြင်ဆင်ပြီးသွားပြီ။ ငါ့စိတ်ခံစားချက်ကို ထိန်းချုပ်ပြီးတော့ အမှားလုပ်လို့ မဖြစ်ဘူး…

ခေါင်းဆောင်းပုံရိပ်က ဤသည်မှာ သူ စောင့်ဆိုင်းနေသည့် အခွင့်အရေး ဖြစ်ကြောင်း သိလေသည်။ ဧကရီက ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်ငယ်နှင့် အတူတူရှိမနေသလို ဟွင်သွမ်းကမ္ဘာ၏ ဒိုင်မေးရှင်းအနိမ့်ကို မပိတ်ဆို့ထားသေးဘဲ အပြင်ဘက်က အနှောင့်အယှက်များကို ကာဆီးထားသည်။

သူက ဆေးလုံးတချို့ သောက်သုံးပြီးသည့်နောက်တွင် အနီးနားရှိအိမ်ဆီ ပျံသန်းလိုက်၏။ လျှို့ဝှက်ခန်းတစ်ခုအတွင်း သူက အစီအရင်တစ်ခုကို အသုံးပြုကာ အသက်သွင်းလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သွင်ပြင် မရှိသည့် ပုံရိပ်ဒါဇင်ချီ ပေါ်ထွက်လာသည်။

“ ဒဏ်ခတ်သူ … မင်းက ဘာလိုချင်လို့လဲ”

“ အခုလှုပ်ရှားဖို့ အချိန်ရောက်ပြီ” ဒဏ်ခတ်သူ အမည်ရှိ ခေါင်းဆောင်းပုံရိပ်က ပြန်ဖြေလာ၏။

“ အဆင်သင့်ဖြစ်ပြီလား။ အခုမှ နှစ်တစ်ထောင်ပဲ ရှိသေးတယ်”

“ အဲဒါကို ဂရုမစိုက်ဘူး” ပုံရိပ်တစ်ခုက ပြောလာသည် “ မင်း ကတိပေးထားတဲ့ ပစ္စည်းတွေရော”

“ ခင်ဗျားကို နောက်ထပ် လေးပုံတစ်ပုံ ပေးမယ်”

“ ကျန်ရှိနေတဲ့ တစ်ဝက်ကရော”

“ ပစ်မှတ်ကို သတ်ပြီးတဲ့နောက်မှာ ရမယ်” ဒဏ်ခတ်သူက ပြောလိုက်သည်။ ထို့နောက် သူက ခပ်ဩဩအသံဖြင့် ဆက်လက်ပြောလိုက်၏ “ စာချုပ်အတိုင်း အကောင်းဆုံး လုပ်ဆောင်ကြ။ မဟုတ်ရင် ခင်ဗျားတို့ ပေးရမဲ့ တန်ကြေးကို သိတယ်မလား”

“ မင်းဘက်က ပေးပြီးပြီဆိုတော့ ငါတို့ဘက်ကလည်း သဘောတူညီချက်ကို ထိန်းသိမ်းမှာပါ”

“ ကောင်းပြီ။ အစီအစဉ်ကို မှတ်ထား။ အင်အားကုန်သုံးကြ။ သူ့ကို နည်းနည်းလေးမှ စဉ်းစားဖို့ ဒါမှမဟုတ် စကားပြောဖို့ အခွင့်အရေး မပေးနဲ့”

“ မင်းက စိုးရိမ်လွန်းအားကြီးနေပြီ”

ဒဏ်ခတ်သူက နှာခေါင်းရှုံ့လိုက်သည်။ သူသာလျှင် ထိုသူက တစ်ရက်တွင် မည်မျှအားကောင်းလာမည်ကို သိထားလေသည်။ သူ့အသိဉာဏ်ဖြင့် သူသည် နာနိုစက္ကန့်မျှသာ တွေးခေါ်နိုင်စွမ်း ရှိသရွေ့ မည်သည့်အခြေအနေမှမဆို ထွက်လမ်းကို ရှာဖွေနိုင်လိမ့်မည်။

“ ကျန်ရှိနေတဲ့ ဆုလာဘ်ကို လိုချင်တယ်ဆိုရင် ကျုပ် ပြောတဲ့အတိုင်းလုပ်”

“ မင်းသဘောပဲ ”

ထို့နောက် ပုံရိပ်များက တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားကြသည်။

***

All Chapters