← Chapters

အသက်မဲ့မြစ်ကြမ်းပြင်ရှိ အင်မော်တယ်ဖွေရှာလှေကား

Vol. 35 Ch. 483

အသက်မဲ့မြစ်ကြမ်းပြင်ရှိ အင်မော်တယ်ဖွေရှာလှေကား

Vol. 35 Ch. 483

မိုဝူကျီက ဝမ်လျန်ရှီး စိတ်အတွင်းမှ အတွေးများကို မသိပေ။ ထိုစဉ် သူက  အနက်ရောင် ရေဝဲဂယက်ရှေ့တွင် ထိုင်နေလေ၏။

အသက်မဲ့မြစ် ကြမ်းပြင်တစ်လျှောက် ရှာနေသည်မှာ ခြောက်လခန့် ရှိသွားပြီဖြစ်၏။ သူက ဤနေရာကို ရှာဖွေနိုင်ခဲ့သည်မှာ တိုက်ဆိုင်မှု တစ်ခုကြောင့်သာ ဖြစ်ပေသည်။ အကြောင်းမှာ သူက ထိပ်တန်း အာကာသ ရွှေကွေး အပိုင်းအစတစ်ခုကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။ ရွှေကွေးမှာ အာကာသ အမျိုးအစား ရတနာအဖြစ် ပြုလုပ်နိုင်သော  ပန်းပဲသတ္တု ပစ္စည်းတစ်မျိုး ဖြစ်ရာ  သိုလှောင်လက်စွပ်အဖြစ် ပြုလုပ်နိုင်ရုံသာမက ကိုယ်ပိုင် ဝိညာဉ်နယ်မြေ အဖြစ်လည်း ဖန်တီးနိုင်လေသည်။

ပုံမှန်အားဖြင့် ပြောရလျှင် အာကာသ ရွှေကွေးက အသက်မဲ့မြစ်အတွင်း ပေါ်မလာနိုင်ပေ။ ထို့ကြောင့် မိုဝူကျီက ထိုရွှေကွေး ပေါ်လာသည့်နေရာကို မြစ်အတွင်း  ရှာဖွေကြည့်ခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေနှင့် သူက ဤအနက်ရောင် ရေဝဲဂယက်ကို တွေ့လိုက်ရခြင်း ဖြစ်၏။ အနက်ရောင် ဝဲဂယက်မှာ ပင်လယ်ထဲမှ အစိတ်အပိုင်းများဖြင့် ဖြစ်တည်နေသည့်အတွက် သူ့စိတ်စွမ်းအားမှာ မဖောက်ထွင်းနိုင်ပေ။ မိုဝူကျီက သူ့စိတ်စွမ်းအားကို ပို့လွှတ်လိုက်သည်နှင့် ဤအနက်ရောင် ဝဲဂယက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပေမည်။

မိုဝူကျီပင်  ဤရေဝဲဂယက်ထဲသို့ မဝင်ရဲပေ။  ထို့အစား သူက ဤဝဲကယက်ကြီးကို အသုံးချ၍ သူ့စိတ်စွမ်းအား တိုးမြင့်လာအောင် လေ့ကျင့်လိုက်သည်။ သူ့စိတ်စွမ်းအားကို ထိုဝဲဂယက်မှ ဝါးမျိုပြီးသည့် အချိန်တိုင်း ပြန်ကောင်းလာသည့် အခါ အနည်းငယ် အကြမ်းခံလာစေသည်။

မကြာခင်တွင် မိုဝူကျီက  ဤရေဝဲဂယက်မှာ ယခုမရှိတော့ကြောင်း သတိထားမိလိုက်သည်။ ရေဝဲဂယက်မှာ တစ်ရက်လျှင် တစ်ကြိမ်သာ ပေါ်လာလေ့ရှိပြီး  ကြာချိန်ကိုလည်း မှန်းဆလို့ မရပေ။  တစ်ခါတစ်ရံတွင်  အမွှေးတိုင်တစ်တိုင်စာ ကြာမြင့်တတ်ပြီး ရံဖန်ရံခါ၌မူ  အသက်ရှူကြိမ် ဆယ်ရှိုက်စာလောက်သာ ကြာမြင့်ပေ၏။

သို့သော်လည်း ထိုအရာက ဤရေဝဲဂယက်ကို အသုံချ၍ သူ့စိတ်စွမ်းအားကို လေ့ကျင့်မည့် ကိစ္စအပေါ် သက်ရောက်မှု မရှိပေ။  ပြောရလျှင် သူ့စွမ်းအား စက်ကွင်း ချေဖျက် လက်သီးချက်နှင့် အာကာသ ချုပ်နှောင်မှုတို့ နှစ်မျိုးလုံးမှာ သူ့စိတ်စွမ်းအား လိုအပ်ချက် မြင့်မားပေသည်။ အကယ်၍ သူ့စိတ်စွမ်းအား အားကောင်းလာပါက သူ့စွမ်းအား စက်ကွင်း ချေဖျက်လက်သီးချက်မှာ ပို၍ အားကောင်းလာလိမ့်မည်။

သူက အခက်အခဲများစွာ ကြုံတွေ့ပြီးနောက်မှ သူ့စိတ်စွမ်းအားကို လေ့ကျင့်ပေးလို့ ရသည့်နေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်ရာ မိုဝူကျီက မည်သို့ လက်လျှော့နိုင်မည်နည်း။

ဤနေရာတွင် သူ့စိတ်စွမ်းအားကို ဆက်လက် လေ့ကျင့်နေသောကြောင့် အနက်ရောင် ဝဲဂယက် အတွင်းမှ စွမ်းအားကို အာရုံခံမိသည့် အနေအထားသို့ ရောက်ရှိလာလေပြီ။  ဤစွမ်းအားမှာ ကျယ်ပြန့် ကြီးကျယ်လှသည့် တာအို စွမ်းအားများ လှည့်လည်နေသည်နှင့် တူပေသည်။ မိုဝူကျီက မကျင့်ကြံနေသော်လည်း  သူ့ကျင့်ကြံဆင့်မှာ ဆက်တိုက် မြင့်နေကြောင်း ခံစားမိနေသည်။

ထိုစဉ် အနက်ရောင် ဝဲဂယက်မှာ ပို၍ မြန်မြန် လှည့်ပတ်လာနေသည်။ သူ့အတွေ့အကြုံအရ မိုဝူကျီသည် ထိုဝဲဂယက် မြန်မြန် လှည့်ပတ်လေလေ သူ့စိတ်စွမ်းအား အကျိုးများလေလေ ဖြစ်ကြောင်း သိထားသည်။

“ဘုန်း”

မိုဝူကျီ၏ စိတ်စွမ်းအားက ဝဲဂယက်အတွင်း ထိုးဖောက်နိုင်သွားသည်။ ပြင်းထန်သည့် ကြောက်မက်ဖွယ် အားတစ်ခုက ထွက်ပေါ်လာပြီး မိုဝူကျီက သူ့အသိစိတ်ပင်လယ်မှာ တစ်စစီ စုတ်ဖြဲခံနေသလို ခံစားနေရသည်။ ပြင်းထန်လှသည့် နာကျင်မှုက သူ့အသိစိတ်တစ်ခုလုံးနှင့် စိတ်နန်းတော် တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

မိုဝူကျီက ထိုသို့ အခြေအနေမျိုး ကြုံတွေ့ပြီးပြီ ဖြစ်၍ တစ်လက်မမှ မလှုပ်ရှားပဲ သူ့အသိစိတ် ပင်လယ်ကိုသာ  ဝဲဂယက်အတွင်း စိတ်ကြိုက် လွတ်ပေးထားလိုက်သည်။  အတွေ့အကြုံများမှ တစ်ဆင့် မိုဝူကျီသည် သူ့စိတ်စွမ်းအားဖြင့် နာကျင်မှု ခံစားရလေလေ ပို၍ အကျိုးရှိလေလေ ဖြစ်ကြောင်း သင်ယူထားသည်။

အစပိုင်းတွင် မိုဝူကျီ၏ စိတ်စွမ်းအားမှာ ဝဲဂယက်အတွင်း ဝင်လိုက်သည်နှင့် ဝါးမျိုးခံလိုက်ရ သော်လည်း ယခုတွင်မူ သူ့စိတ်စွမ်းအားမှာ အမွှေးတိုင် တစ်ဝက်စာခန့်အထိ နေနိုင်ပြီ ဖြစ်သည်။

သူ့စိတ်စွမ်းအား ကုန်ခန်းမှုနောက်တွင် သူ့အသိစိတ် ပင်လယ်အတွင်း နာကျင်မှုမှာ တိုးမြင့်လာလေ၏။ သို့သော်လည်း ဤဝဲဂယက်မှာ ပြီးဆုံးတော့မည် ဖြစ်ကြောင်း သိလိုက်သည်။ သူက တစ်ရက်တာ ပြန်ကောင်းဖို့ရာ အချိန်ရပြီး နောက်ရက်၌လည်း အတူတူ ဆက်ပြုလုပ်ရမည်။

ထိုစဉ်  မိုဝူကျီ၏ အသိစိတ်ပင်လယ်အတွင်း ရုတ်တရက်ဆိုသလို  ရွှေရောင် အလင်းတစ်ချက် ပေါ်လာသည်။ မိုဝူကျီက  ဧရာမ အကောင်ကြီးရှေ့တွင် ပုရွက်ဆိတ်လေး ဖြစ်သွားသည့်အလား ခံစားချက်ကို ချက်ချင်း ရလိုက်သည်။ ကြီးမားဖိနှိပ်သည့်အားက မိုဝူကျီကို သူ့ဝိညာဉ်တစ်ခုလုံး စုတ်ဖြဲခံလိုက်ရသည့် အလား ဖြစ်သွားစေသည်။

ထိုရွှေရောင် အလင်းအတွင်း မှိန်ဖျဖျ လှေကားထစ်များ ရှိနေသည်။ ထိုလှေကားထစ်များက တစ်နေရာရာကို ဦးတည်နေသော်လည်း မိုဝူကျီက ဝေဝေဝါးဝါးသာ ခံစားမိ၏။

မိုဝူကျီက ထိုလှေကားထစ်အပေါ် တက်ကြည့်တော့မည့် အချိန်လေးတွင် ဝဲဂယက်မှာ အစအနမရှိ ပျောက်ကွယ်သွားကာ ထိုရွှေရောင် လှေကားထစ်များလည်း လုံးဝ ပျောက်ကွယ်သွားပြန်သည်။

အသက်မဲ့မြစ်အတွင်း ပုန်းကွယ်နေတဲ့ အင်မော်တယ်ဖွေရှာ လှေကားထစ်လား ...

မိုဝူကျီက ရုတ်ခြည်း မတ်တတ်ရပ်လိုက်မိသည်။ သူက ထိုအင်မော်တယ် ဖွေရှာလှေကားကို မမြင်ဖူးသော်လည်း တကယ့် အင်မော်တယ် ဖွေရှာလှေကားအစစ် ဖြစ်ကြောင်း   သူခပ်ဝါးဝါး ခံစားမိလိုက်သည်။  ကြည့်ရသည်မှာ ကူယာ စကားများက အမှန်ဖြစ်နေဟန် ပေါ်၏။ အသက်မဲ့မြစ်အတွင်း အင်မော်တယ် လောကနှင့် ချိတ်ဆက်ထားသော လျှို့ဝှက်လမ်းကြောင်း တစ်ခု ရှိနေပေသည်။

မိုဝူကျီက နေရာတစ်ခုလုံးကို စစ်ဆေးကြည့်ပြီးနောက်  ဤနေရာတွင် သူဘယ်နေရာ ရောက်နေမှန်းပင် မမှန်းဆ နိုင်လောက်တော့သည့် အထိ  အဆင့်မြင့် ဖုံးကွယ်ရေး အစီအရင် ရှိနေကြောင်း သိလိုက်ရသည်။ မိုဝူကျီက နောက်ရက် ဝဲဂယက် ပေါ်လာသည့်အခါ အင်မော်တယ်ဖွေရှာ လှေကား ဟုတ်၊ မဟုတ်   ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ရက်က ခဏလေးအတွင်း ကုန်ဆုံးသွားပေ၏။ ဝဲဂယက်မှာ နောက်တစ်ဖန် ပြန်ပေါ်လာပြန်သည်။ မိုဝူကျီက အဆင့်၂ အင်မော်တယ် ဒိုင်းကာကို ထုတ်ယူလိုက်ပြီး ထိုအနက်ရောင် ဝဲဂယက်အတွင်း ချီတက်လိုက်သည်။

သူက ဝဲဂယက်နား ရှိနေသည်မှာ တစ်လတာ ကြာမြင့်သွားပြီ ဖြစ်ရာ  သူ့အသက်လေးကိုတော့ နုတ်ယူ မသွားလောက်ကြောင်း ယုံကြည်ထား၏။

သူဝဲဂယက်အတွင်း ဝင်လိုက်သည်နှင့် မိုဝူကျီက သူ့နား လှည့်ပတ်နေသော အားပြင်းပြင်းကို ချက်ချင်း ခံစားမိလိုက်သည်။ တစ်လတာ သူ့စိတ်စွမ်းအားကို ဝဲဂယက်ဖြင့် လေ့ကျင့်ထားသော်လည်း ဒိုင်းကာကိုပင် သေချာ မထိန်းနိုင်တော့ပေ။ အင်မော်တယ် ဒိုင်းကာမှာ ဝဲဂယက်အတွင်းမှ အားပြင်းတစ်ခုကြောင့် ပါသွားလေသည်။ အင်မော်တယ် ဒိုင်းကာအပေါ် ချန်ရစ်ထားသော သူ့အမှတ်အသားပင် ဝဲဂယက်ကြောင့် လွှင့်ပျက်သွားလေ၏။

“ဘမ်း” မိုဝူကျီက စိုးရိမ်လာမိစဉ်  သူက  မြေပြင်ပေါ်  ကျရောက်နေပြီ ဖြစ်သည်။

သူ့ခြေထောက်အောက်ရှိ မြေမှာ မြေနက်ဖြစ်ပေသည်။ ဝဲဂယက်မှာ သူ့နောက်တွင်ရှိ၏။ မိုဝူကျီက ဝဲဂယက်၏ တခြားတစ်ဖက်သို့ ထွက်လာလိုက်ပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

သူ့ရှေ့တွင် ၁၀ မီတာမှ ၁၅ မီတာကြားရှိ အပေါ်ကို ထောင်တက်နေသည့် လှေကားကြီးတစ်ခု ရှိနေပြီး လှေကားထိပ်၌ မြူများဖြင့် ဖုံးလွှမ်းနေသည်။ ထိုလှေကားမှာ ရွှေရောင်လွှမ်းနေပြီး ကူယာ၏ ဘိုးဘေး ချန်ရစ်ထားခဲ့သည့် ရွှေရောင် အင်မော်တယ် အမွေအနှစ်နယ်မြေနှင့် တူလှပေသည်။

မိုဝူကျီက လှေကားထစ်များဆီ စိတ်စွမ်းအား ပို့လွှတ်ရန် ကြိုးစားလိုက်သည်။ ထိုစဉ် စိတ်စွမ်းအားကို တန်ပြန်အားတစ်ခုက တွန်းလှန်လိုက်ပေ၏။

“ဒါက အင်မော်တယ်ဖွေရှာ လှေကား ဖြစ်လိမ့်မယ်” မိုဝူကျီက သူ့ကိုယ်သူ တွေးလိုက်မိသည်။ မိုဝူကျီက တက်ကြည့်ဖို့ရာ မကြိုးစား ကြည့်တော့ပဲ အရင်ပြန်ဖို့သာ ဆုံးဖြတ်လိုက်သည်။

***

အင်မော်တယ် အမွေအနှစ် နယ်မြေအတွင်း

“ညီလေးထုံ … မင်းက ကျုပ်ထက် မြန်မယ်လို့ ထင်မထားဘူး” ပေသီးက သူ့အခန်းထဲမှ ထွက်လာလိုက်သည်နှင့် အရင်ဦးဆုံး မြင်လိုက်ရသူမှာ ထုံယဲ့ဖြစ်၏။

ထုံယဲ့ ဝန်းကျင်မှ အင်မော်တယ် အငွေ့အသက်များမှာ ခြားနားနေပြီး တာအိုလှိုင်းများဖြင့် တောက်ပနေသည့်နှယ် ပေါ်သည်။ ထိုအရာမှာ အင်မော်တယ်ဝင်ရိုး အပြည့်အဝ ဖွဲ့စည်းပြီးသည့် ရလဒ်သာ ဖြစ်ပေသည်။

“ကျုပ်က ရက်နည်းနည်းပဲ စောတာပါ။ အကြည့်နဲ့တင်  ခင်ဗျားရဲ့ အင်မော်တယ်ဝင်ရိုးက ကျုပ်ထက် ပိုပြီး တောင့်တင်းပါတယ်ဗျာ ...”

ထုံယဲ့က ရယ်မောပြောလိုက်သည်။ သူက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရာ၌ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများများ သုံးနိုင်လေလေ  အင်မော်တယ်ဝင်ရိုး ပိုကောင်းလေလေ ဖြစ်ကြောင်း သိထားသည်။

“ဂိုဏ်းချုပ်ရော ဒီမှာ မရှိဘူးလား” ပေသီးလည်း  သူ့အင်မော်တယ်ဝင်ရိုးမှာ ထုံယဲ့နှင့် ယှဉ်လျှင် ပို၍ သိပ်သည်းကြောင်း ခံစားမိလေသည်။

“ဂိုဏ်းချုပ်က အင်မော်တယ်လောကနဲ့ ချိတ်ဆက်နေတဲ့ လမ်းကြောင်းကို သွားရှာတယ်” ကူယာလည်း သူမ အခန်းထဲမှ ထွက်လာပြီးနောက်  ပြောလိုက်သည်။ သူမ ဝန်းကျင်မှ အင်မော်တယ် အငွေ့အသက်များက သိပ်သည်းနေပြီး  သူမ၏ အင်မော်တယ် ဝင်ရိုးမှာလည်း ပြီးပြည့်စုံသည့် အနေအထားသို့ ရောက်နေမှန်း သိသာလှသည်။

“အသက်မဲ့မြစ်ထဲမှာ အင်မော်တယ်လောကနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်း ရှိတယ်ဆိုတာ မှန်လား၊ မမှန်လားတော့ မသေချာဘူး။ အခု  ကျုပ်တို့တွေက အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းပြီးပြီဆိုတော့  အင်မော်တယ် ဖွေရှာလှေကားကို တန်းတက်ရုံပေါ့” ထုံယဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကူယာက ခေါင်းခါကာ …

“ကျမတိုက ယင်ပြန့်မြို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တယ်လေ။ ပြီးတော့ အင်မော်တယ်လောကနဲ့ ချိတ်ဆက်ထားတဲ့ ကူးသန်းရေး အစီအရင်ကိုတောင် ဖျက်ဆီးပြီးတော့ ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေကိုလည်း သတ်ခဲ့တာလေ။

အင်မော်တယ် လောကက ကျမတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ကျ ယုံရင်အင်မော်တယ် နယ်မြေက အင်မော်တယ်တစ်ပိုင်း နယ်ပယ်က လူတွေကို သတိကြီးကြီး ထားနေတာဆိုတော့  သူတို့ဆီမှာ ဖိနှိပ်ခြယ်လှယ်တတ်တဲ့ သဘောထား ရှိတယ်လို့တောင် ပြောလို့ရတယ်။  အဲဒါကြောင့် အင်မော်တယ် ဖွေရှာလှေကားက ကျမတို့အတွက် မလုံခြုံနိုင်ဘူး။

တကယ်လို့ အင်မော်တယ် ဖွေရှာလှေကားမှာ စတည်းချ စောင့်နေမယ်ဆိုရင်  အင်မော်တယ်ဖွေရှာ လှေကားဆီ သွားရင် ကိုယ့်ဘာသာ ထောင်ချောက်ထဲ ဝင်တိုးသလို ဖြစ်နေလိမ့်မယ်”

ကူယာ စကားအဆုံးတွင် အင်မော်တယ် အမွေအနှစ်နယ်မြေ အပြင်ဘက်မှ အာကာသ လှိုင်းတစ်ခု ပေါ်လာလေ၏။ နောက်အခိုက်အတန့်လေး၌ မိုဝူကျီ၏ ပုံရိပ်မှာ ဤနေရာအတွင်း ပေါ်လာသည်။

“ကြည့်ရတာ အားလုံးက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးတဲ့ပုံပဲ”  မိုဝူကျီက အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းရ သေးသော်လည်း သူ့ခန့်မှန်းချက်မှာ မဆိုးချေ။  သူက ကူယာတို့ အုပ်စုကို မြင်လိုက်သည်နှင့် သူတို့ သုံးယောက်မှာ ပြီးပြည့်စုံသည့် အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ကြောင်း သိလိုက်သည်။

“ကူယာက ဂိုဏ်းချုပ် အင်မော်တယ်လောကနဲ့ ချိတ်ဆက်နေတဲ့ လမ်းကြောင်း သွားရှာတယ်လို့ ပြောတယ်။ ဘယ်လိုလဲ” မိုဝူကျီ ပြန်ရောက်လာသည်ကို မြင်၍ ထုံယဲ့က မြန်မြန် မေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြက

“ကျပ်တွေ့ပြီ ... အချိန်ကျရင် အားလုံး သွားကြည့်ကြတာပေါ့။ ဒါနဲ့  နောင်ကျ တစ်ယောက်နဲ့ တစ်ယောက် စီနီယာ ဒါမှမဟုတ် ဂျုနီယာ  ညီအစ်ကိုပဲ  ခေါ်ကြတာပေါ့။

တျန်းဂျီဂိုဏ်း  တည်ထောင် ထားပေမဲ့လည်း  ကျုပ်တိုက စီနီယာ၊ ဂျုနီယာတွေပဲလေ။ စီနီယာအစ်ကိုလော့နဲ့ ကျာချီတို့ရော အင်မော်တယ်ဝင်ရိုး ဖွဲ့စည်း မပြီးသေးဘူးလား ”

“ကျုပ်တို့လည်း ပြီးပါပြီ” လော့ချွမ်းဟယ်နှင့် ကျာချီတို့က အတူတူ ထွက်လာကြသည်။ ဟန်ချင်းရုလည်း သူတို့နှစ်ယောက်နောက်မှ ပါလာသည်။

“စီနီယာအစ်ကိုလော့က ကောင်းကင်အင်မော်တယ် စမ်းသပ်ချက် ခံယူနေရတာဆိုတော့ နှေးနှေး သွားတာပါ” ကူယာက ဘေးမှ ရှင်းပြပေးလိုက်သည်။

“ကျုပ်က အသက်မဲ့မြစ်အတွင်း အင်မော်တယ်ဖွေရှာ လှေကားကို ရှာတွေ့ခဲ့ပြီ။ အားလုံးက အင်မော်တယ်လောကဆီ ရောက်ပြီးရင် ကျုပ်တို့အကြောင်း လူသိခံလို့ မရဘူးဆိုတာ မှတ်ထားရမယ်။  ယုံရင်အင်မော်တယ်နယ်မြေ  လူတွေက အင်မော်တယ် တစ်ပိုင်းနယ်ပယ် လူတွေကို ဘာလို့ ရှာနေမှန်း မသိသေးပေမဲ့  သူတို့ကို အခုရင်ဆိုင်ဖို့ မဖြစ်နိုင်သေးဘူး။

ပြီးတော့   ကျုပ်က အင်မော်တယ်လောကကို ယာယီတော့ မသွားနိုင်သေးဘူး။  ကျုပ် ရောက်လာတာနဲ့ အားလုံးကို ပြန်ဆက်သွယ်ပါ့မယ်” မိုဝူကျီက အားလုံး ရောက်တာကို မြင်၍  ပြောလိုက်သည်။

“မောင်လေးမိုက  ဘာလို့ အင်မော်တယ်လောကကို သွားလို့ မရတာလဲ” ကျာချီက နားမလည်နိုင်စွာ မေးလိုက်သည်။

မိုဝူကျီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည် …

“ကျုပ် ကျင့်စဉ်မှာ ပြဿနာနည်းနည်း ရှိနေလို့ပါ။ ကျုပ်က အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းနိုင်သေးဘူး။ ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။  ဒီပြဿနာကို မကြာခင် ဖြေရှင်းနိုင်မှာပါ”

ထိုမေးခွန်းကို ဖြေပြီးနောက် မိုဝူကျီက ကူယာဘက် လှည့်ကာ ပြောလိုက်သည် …

“ကူယာ  ... ငါတို့တွေ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ရောက်လာတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး။

ဒါပေမဲ့  လူတွေက ကျုပ်ကိုလည်း သိတယ်၊ ပြီးတော့ ကျုပ်တို့ရဲ့ အင်မော်တယ် ကူးသန်းရေး သင်္ဘောကိုလည်း သိနေကြတဲ့အပြင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး အများကြီး ရှိတာကိုလည်း သိနေကြတယ်။ အဲဒီအပေါ် မင်းအမြင်ကို ကြားချင်တယ်”

***

All Chapters