← Chapters

ကြောင်သူတော်

Vol. 42 Ch. 588

ကြောင်သူတော်

Vol. 42 Ch. 588

ကျိလန်ဖန်း၏ တိုက်ကွက်က မြေကမ္ဘာဓားဆန္ဒကို အလွယ်တကူ ပိုင်းဖြတ်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ မြေကမ္ဘာဓားဆန္ဒက မြေသားကဲ့သို့ ခံနိုင်ရည် ရှိသည်။ ထို့ကြောင့် ပျက်စီးသွားသည့်နောက်တွင်ပင် ပြန်လည်ဖွဲ့စည်းလာပြီး ကျိလန်ဖန်း၏ ဓားဆန္ဒကို ဆက်လက်ကာကွယ်ထား၏။

ထို့နောက် ထိုအရာက ဇွဲလုံ့လဖြင့် တစ်ဖက်လူ၏ တိုက်ကွက်က ဖန်တီးသူဆီ မရောက်ခင်အထိ တားဆီးထား၏။

“ မဆိုးဘူးပဲ” ကျန်းယွီချန်းက ပြောလိုက်သည် “ ဒါရော ဘယ်လိုလဲ။ ဓာတ်ငါးပါးဓားဆန္ဒ … စကြဝဠာထဲမှာ ရှိတဲ့အရာအားလုံးက ဓာတ်ငါးပါးကနေ စတင်လာတာ။ ဓာတ်ငါးပါးက မျှခြေရဲ့ ရှေ့ပြေးပုံစံပဲ”

သူက အရောင်ငါးရောင် ပြောင်းလဲနေသည့် ဓားချက်တစ်ခုကို ထုတ်ဖော်လာသည်။

“ အလင်းထက်မြန်တဲ့ ဘာမဆို စကြဝဠာရဲ့ မျှခြေကို ဖျက်ဆီးပစ်နိုင်တယ်” ကျိလန်ဖန်းက ဓားကို အသာဝှေ့ယမ်းရင်း ပြန်ဖြေလိုက်သည်။ သူ့ဓားဆန္ဒက ဓာတ်ငါးပါးမျှခြေကို ဖျက်ဆီးကာ ဓားဆန္ဒကို ဖျက်ဆီးပစ်လိုက်သည်။

ကျန်းယွီချန်းက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် ဓားကို ဝှေ့ယမ်းကာ အနက်ရောင်နှင့် အဖြူရောင် ကာကွယ်ရေးအလွှာတစ်ခုကို ဖန်တီးလိုက်၏။

“ ယင်ယန်ဓားဆန္ဒ” ကျိလန်ဖန်းက ပြောလိုက်သည် “ ကျုပ်က အရှိန်လမ်းစဉ်ကို လိုက်ပေမဲ့ ယန်က ယင်မရှိရင် မတည်ရှိနိုင်တဲ့ သဘောတရားကို သိတယ်။ အဆုံးမဲ့အလျင်ရှိရင် နှေးကွေးသွားတဲ့အချိန်ဆိုတာလည်း ရှိမှာပဲ”

ကျိလန်ဖန်းက ဓားကို ထိုးစိုက်လိုက်ပြီးသည့်နောက်တွင် အရှိန်နှင့် နှေးကွေးမှုကြား ပြောင်းလဲနေသည့် ဓားဆန္ဒကို ဖန်တီးလိုက်သည်။ ထိုဓားချက်က ယင်ယန်ကာကွယ်ရေးဒိုင်းနှင့် ထိတွေ့သည့်အခါ ယင်ယန်မျှခြေကို ဖျက်ဆီးပစ်လိုက်ပြီး ကျန်းယွီချန်းဆီ ဦးတည်သွား၏။

တာအိုဆရာငယ်လေးက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သွေးနီရောင် ဓားချက်ဖြင့် ကျိလန်ဖန်း၏ ဓားဆန္ဒကို ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် သူက အလေးအနက်ဖြစ်လာကာ တိုက်ပွဲသည် သူ ထင်ထားသလို မလွယ်ကူကြောင်း သိလိုက်၏။

“ ဒီ သတ်ဖြတ်ရေး ဓားဆန္ဒကိုလည်း စမ်းကြည့်ပါဦး”

ကျန်းယွီချန်းက ဒုတိယ သွေးနီရောင်ဓားချက်ကို ထုတ်ဖော်လိုက်သည်။ အားလုံးက ကြည့်လိုက်သည့်အခါ တစ်ဘဝလုံးကို တိုက်ပွဲအတွင်း ကုန်ဆုံးခဲ့သည့် ဓားသမားငယ် တစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရ၏။

ထိုဓားသများငယ်လေးက သူ့ဓားရေးကို ကျင့်ကြံဖို့ ဆက်တိုက် သတ်ဖြတ်ခဲ့သည်။ လူသား၊ နတ်ဆိုး၊ နတ်ဘုရား သို့မဟုတ် နတ်ဆိုးပင်ဖြစ်စေကာမူ ကိစ္စမရှိပေ။ လူတိုင်းနှင့် အရာအားလုံးက သူ့ဓားချက်ကို ခံစားခဲ့ရသည်။ သူ့မိသားစုနှင့် မိတ်ဆွေများပင် အပါအဝင် ဖြစ်၏။ ထိုဓားသမား ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ သူ့သတ်ဖြတ်ရေး ဓားဆန္ဒကို လေ့ကျင့်ပေးဖို့သာ ဖြစ်သည်။

သူ့လက်ဖြင့် သေဆုံးခဲ့ရသည့် အသက်ပေါင်းက မရေတွက်နိုင်ပေ။ ထိုစဉ် သူက ရေတွက်ဖို့ပင် ဂရုမစိုက်ပေ။

“ မြန်ဆန်တဲ့ ဓားတစ်ချောင်းက သတ်ဖြတ်ရေးကို တားဆီးပြီးတော့ အသက်ကို ကယ်တင်နိုင်တယ်” ကျိလန်ဖန်းက ပြောလိုက်သည်။ သူ့တိုက်ကွက်က အပြာရောင်ဝတ်စုံနှင့် နောက်ထပ် ဓားသမားတစ်ဦး၏ ပုံရိပ်ကို ဖန်တီးလာသည်။ ထိုဓားသမားက သတ်ဖြတ်ရေး ဓားသမားရှေ့တွင် ပေါ်ထွက်လာကာ ထိုသူ လူအမြောက်အများကို မသတ်ဖြတ်ခင် သူ့ခေါင်းကို ဖြတ်တောက်လိုက်သည်။

ထို့ကြောင့် သူ့တိုက်ကွက်တစ်ခုက ကျန်းယွီချန်း၏ ဓားဆန္ဒကို အနိုင်ပိုင်းလိုက်နိုင်သည်။

စိတ်တိုစရာပဲ…

တာအိုဆရာ၏ ဓားမှ ထူးဆန်းသည့် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် တစ်ဖက်လူ၏ တိုက်ကွက်ကို တားဆီးလိုက်သည်။

“ ဓားက ဖြတ်တောက်ခြင်းအတွက် အကောင်းဆုံး လက်နက် မဟုတ်ဘူးလို့ ယုံကြည်ရတဲ့ ဓားသမားတစ်ဦးကိုလည်း တွေ့ဖူးတယ်” ကျန်းယွီချန်းက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“ သူက အာကာပြင်ကသာ အကြွင်းမဲ့ဖြတ်တောက်ခြင်း လက်နက်လို့ ယုံကြည်ထားတာလေ။ သူ့ရဲ့ အာကာပြင် ဖြတ်တောက်ရေး ဓားဆန္ဒကိုလည်း စမ်းကြည့်ပါဦး”

သူက ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ သူ့အနားရှိ အာကာပြင်သည် လခြမ်းကွေးသဏ္ဌာန် ဖြစ်ပေါ်လာပြီး ထိုတိုက်ကွက်သည် အာကာပြင်ကိုပင် နှစ်ပိုင်းခွဲလိုက်သလိုမျိုး ဖြစ်၏။

“ ကျုပ် ဓားရဲ့ အရှိန်က အချိန်နဲ့နေရာကို ကျော်လွန်နေတာ” ကျိလန်ဖန်းက ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။ သူ့ဓားတစ်ချက်အဝှေ့တွင် သူက အာကာပြင်ဖြတ်တောက်ရေး ဓားဆန္ဒကို ပိုင်းဖြတ်လိုက်သည်။ သူ့တိုက်ကွက်က ထိုနေရာတွင် ရပ်တန့်မသွားပေ။

သို့သော် ထင်မှတ်မထားသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာ၏။ ကျန်းယွီချန်းဆီမှ အဖြူရောင် ဓားချက်တစ်ခု ထွက်ပေါ်လာသည်။

ကျိလန်ဖန်းက မတုံ့ပြန်နိုင်ခင် သူသည် သူ့ရင်ဘတ်အထက်တွင် ဓားရာတစ်ခုဖြစ်ပေါ်လာ၏။ သူက ရင်ဘတ်ပေါ်မှ ဓားကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။

သူက ရှုံးသွားသလို ထင်ရသော်လည်း ထိုသည်က အမှန်တရား မဟုတ်ကြောင်း သိလေသည်။ တစ်ဖက်လူက သူတို့၏ သဘောတူညီချက်ကို ချိုးဖောက်ကာ သူ့စွမ်းအားကို အသုံးပြုခဲ့သည်။

“ တာအိုရောင်းရင်း ကျုပ် တောင်းပန်ပါတယ်။ ဒါက ကျုပ်ရဲ့ အမှားအယွင်းတစ်ခု ဖြစ်သွားပုံပဲ” ကျန်းယွီချန်းက အလေးအနက်ပြောလိုက်၏။

“ မဟုတ်ဘူး။ ခင်ဗျားက တမင်လုပ်တာ” ကျိလန်ဖန်းက ပြောလိုက်သည်။

“ တဆိတ်လောက်”

“ ဓားဆန္ဒက မညာဘူး။ ခင်ဗျားက ခင်ဗျားရဲ့ ရှုံးနိမ့်မှုကို လက်မခံနိုင်တော့ စွမ်းအားကို အသုံးပြုလိုက်တာပဲ” သူက ဆက်ပြောလိုက်သည် “ ခင်ဗျားရဲ့ ဓားဆန္ဒထဲမှာ မသန့်စင်မှုကို ခံစားမိတယ်။ ဒါက အမှားအယွင်း မဟုတ်ဘဲ တွက်ချက်ထားတဲ့ လှုပ်ရှားမှုတစ်ခုပဲ”

“ တာအိုရောင်းရင်း ကျုပ်နာမည်ကို မစွပ်စွဲပါနဲ့”

“ ခင်ဗျားက ဒီလိုမျိုး စိတ်သဘောထား ကျဉ်းမြောင်းနေမယ်ဆိုရင် တကယ့် ဓားသမားအစစ်အမှန် ဖြစ်လာနိုင်မှာ မဟုတ်ဘူး” ကျိလန်ဖန်းက ကျန်းယွီချန်းအား စိုက်ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူက ခုံသို့ ပြန်သွားပြီး သေရည်သောက်သုံးလိုက်၏။

ထိုစဉ် အကြည့်အားလုံးက ကျန်းယွီချန်းအပေါ် ရောက်ရှိကာ အကဲဖြတ်နေကြသည်။  နှီးနှောဖလှယ်သည့် ပြိုင်ပွဲအတွင်း သူ့စကားကို မထိန်းသိမ်းနိုင်သည့် ကျင့်ကြံသူထက် ဆိုးရွားသည့်အရာ မရှိပေ။

“ ကျစ် ဒိုင်မေးရှင်းအမြင့်က ပါရမီရှင်အားလုံးက ဒီလိုမျိုး စိတ်ပျက်ဖို့ ကောင်းတာပဲ။ တစ်ယောက်က အကျိုးအကြောင်းမသင့်လောက်အောင် မောက်မာတယ်။ ကျန်တစ်ယောက်က စိတ်သဘောထား ကျဉ်းမြောင်းပြီးတော့ အရှုံးကို လက်မခံနိုင်ဘူး”

အားလုံးက ထိုစကားများကို ကြားလိုက်ကြရသည်။ ထို့ကြောင့် အားလုံးက ပြောဆိုသူကို လှမ်းကြည့်လိုက်ကြသည်။ ထိုသူက စစ်ဆေးပွဲအတွင်း သာမန်ပါရမီရှင်ဟု ညွှန်းဆိုလို့ရသည့် ရလဒ်မျိုး ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်၏။

ထိုသူက ထိုစကားများကို ပြောပြီးသည့်နောက်တွင် သူ့မျက်နှာအထက် အံ့ဩတုန်လှုပ်သည့် အမူအရာမျိုး ရှိနေလေသည်။ သူက ထိုအကြည့်များကို ခံစားမိသည့်အခါ ထိတ်လန့်သွား၏။ သူက ကျန်းယွီချန်း၏ ခန္ဓာကိုယ်မှ ဒေါသထွက်နေသည်ကိုလည်း ခံစားမိလိုက်သည်။

သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ကာ ခြေမွပြီး စစ်ဆေးမှုနေရာမှ ပျောက်ကွယ်သွားသည်။

ကျန်းယွီချန်းက နဖူးအပေါ်တွင် သွေးကြောများ ထောင်လာသည်ကို ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သူ၏ သန့်စင်တည်ငြိမ်သော တာအိုဆရာပုံစံကို ဖမ်းထားရင်း နေရာသို့ ပျံသန်းလာလိုက်၏။

ကြည့်ရတာ ကျန်းယွီချန်းရဲ့ ဂုဏ်သတင်းက ဒိုင်မေးရှင်းအမြင့်မှာ သိပ်ကောင်းပုံမပေါ်ဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ကျိလန်ဖန်း၏ စွပ်စွဲမှုအပြီးတွင် တခြားသူများဆီမှ မည်သည့်အံ့ဩမှုမှ မမြင်ရပေ။

ထိုစဉ် ဘုန်းကြီးဝူကျစ်က သဘောတူဟန်ဖြင့် ခေါင်းအသာလှုပ်လိုက်၏။

အောင်းထျန်းယီ၏ မှတ်ဉာဏ်များမှ ဝမ်ဝေ့သည် ကျန်းယွီချန်း၏ ကောလဟာလများတချို့ကို သိလိုက်သည်။ သို့သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် စကားဖြင့် ဖော်ပြလို့မရလောက်အောင် ကျယ်ပြန့်လွန်းသည့်အတွက် သူတို့နှစ်ဦးက တွေ့ဆုံခဲသည်။

“ ဒီတိုက်ပွဲရဲ့ အနိုင်ရရှိသူက ကျိလန်ဖန်း” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည်။

နဂိုပုံစံကို အလျင်အမြန် ထိန်းလိုက်နိုင်သည့် ကျန်းယွီချန်းက လက်နှစ်ဖက်ယှက်ကာ အရှင်စိတ်ဝိညာဉ်ကို ဦးညွှတ်လိုက်ပြီး “ ဒါက ဒီလိုပဲ ဖြစ်သင့်တာပါ”

ထို့နောက် သူက ကျိလန်ဖန်းအား ကြည့်ကာ ဦးညွှတ်လိုက်ပြီး “တာအိုရောင်းရင်း ကျုပ်အမှားအတွက် တောင်းပန်ပါတယ်။ ဒါက တကယ်ကို အမှားပါ။ ကျုပ်အပေါ် ခံစားနေရတဲ့ ကိစ္စအတွက်လည်း စိတ်မကောင်းပါဘူး။ ကျုပ်က အဲ့လိုအရာမျိုး ဘယ်တော့မှ မလုပ်ပါဘူး”

ကျိလန်ဖန်းက သေရည်တစ်ငုံသာ သောက်လိုက်၏ “ ဒါက မလိမ်ဘူး”

ထို့နောက် သူက မျက်လုံးမှိတ်ကာ သူ့ဒဏ်ရာများကို ကုသဖို့ အာရုံစိုက်ထားလိုက်သည်။

ကျန်းယွီချန်းက ပြုံးလိုက်ပြီး ထိုလူ၏ တုံ့ပြန်မှုကို စိတ်ထဲမထားပေ။

ကြောင်သူတော်ပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ထိုသူ၏ မျက်နှာသွင်ပြင်နှင့် ဘာမှအမှားအယွင်း မရှိသော်လည်း သူက ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် စိတ်ခံစားချက်များကို မြင်တွေ့နိုင်သည်။ သူတို့က ဒေါသ၊ အမုန်းတရား၊ စိတ်တိုမှုနှင့် သတ်ဖြတ်လိုစိတ်တို့ ဖြစ်သည်။

ဝမ်ဝေ့က သူ့အား စိုက်ကြည့်နေသည့် ထုံရို့ပင်းဘက် လှည့်ကြည့်လိုက်သည်။

“ ဘာလဲ။ မင်းက ငါ့ကို နှစ်သက်နေတာလား။ ဒါပေမဲ့ မင်းမှာ အခွင့်အရေး မရှိဘူးလို့ ပြောလိုက်မယ်။ ငါက သစ္စာရှိတဲ့ ယောက်ျားတစ်ယောက် ဖြစ်ရုံတင်မကဘူး။ ငါ့ဇနီးက မင်းထက် ပိုချောမောပြီးတော့ ပိုပါရမီရှိတယ်။ ပိုအားကောင်းပြီးတော့ ကောင်းမွန်တဲ့ သဘောထားလည်း ရှိတယ်။ ပြီးတော့ မင်းထက် ပိုချမ်းသာပြီးတော့ ဆွဲဆောင်မှု ပိုရှိတယ်။”

ထုံရို့ပင်းက မျက်လုံးဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့အား ဆက်မကြည့်တော့ပေ။ သူမက သူ့အား စိုက်ကြည့်မိသည်မှာ ပြိုင်ပွဲဝင်၏ အပြုအမူအတွက် ဝမ်ဝေ့တွင် တာဝန်ရှိသည်ဟု ခံစားမိ၍ ဖြစ်သည်။ သူက ထိုသူ့အပေါ် စိတ်ဝိညာဉ်အရိပ်အမြွက် သုံးလိုက်သည်ဟု ထင်ခဲ့မိပြီး သူ့မျက်နှာအမူအရာမှ သတင်းအချက်အလက် ရယူနိုင်မလားဟု သိချင်မိသည်။

“ နောက်ထပ် စိန်ခေါ်သူက ဘယ်သူလဲ” အရှင်စိတ်ဝိညာဉ်က မေးလိုက်သည်။

“ ကျွန်မပါ” ရှီရှန်းယန်က မတ်တတ်ထရပ်လိုက်သည်။ ခေါင်းဆောင်နှင့် ဆွေးနွေးပြီးသည့်နောက်တွင် သူမက ဆက်လက်စောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်၏။ သို့သော်လည်း သူမက သူမ၏ နောက်အဆင့်ကို မဆုံးဖြတ်ခင် ဒိုင်မေးရှင်းအနိမ့်မှ ပါရမီရှင်များ၏ စွမ်းအားကို စမ်းသပ်လိုမိသည်။

“ မင်းက ဘယ်သူ့ကို စိန်ခေါ်မှာလဲ”

“ သခင်မလေးထုံ” ရှီရှန်းယန်က ပြောလိုက်သည်။ သူမက အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများ၏ အဆင့်ကို စမ်းသပ်ပြီး ထိုနေရာတွင် တာအိုကို သက်သေပြရမည်လား သို့မဟုတ် တခြားနေရာဆီ သွားရမည်လားဟု သိချင်မိသည်။

သူမ၏ လေ့လာမှုအပေါ် မူတည်၍ ထုံရို့ပင်းသည် အင်အားအရ အရေးသာသော်လည်း အထွတ်အထိပ် မဟုတ်ပေ။ ထို့ကြောင့် သူမက စမ်းသပ်ကြည့်ဖို့ အကောင်းဆုံးပစ်မှတ် ဖြစ်၏။

ထို့အပြင် သူမ၏ အပြုအမူများက တခြားသူ၏ သံသယကို လျှော့ချပေးပြီး သူတို့မျိုးနွယ်၏ သစ္စာဖောက်မှုအကြောင်း သိသည့်အချိန်အထိ အချိန် ဆွဲထားပေးနိုင်လိမ့်မည်။ သူမက အနိုင်ယူပြီးသည့်နောက်တွင် ကံကြမ္မာတချို့ ရယူနိုင်သည်။

“ ထုံရို့ပင်းလား” အရှင်စိတ်ဝိညာဉ်က မေးလိုက်သည်။

“ ကျွန်မ စိန်ခေါ်မှုကို လက်ခံတယ်” သူမက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။ သူမကလည်း စမ်းသပ်ကြည့်လိုမိသည်။ စတုတ္ထနေရာမှ စတင်လိုက်ခြင်းက ထိုလူများ၏ ယေဘုယျအင်အားကို စမ်းသပ်နိုင်သည့် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။

ဝမ်ဝေ့က အောင်းထျန်းယီနှင့် တိုက်ပွဲမှာ ပြုမူခဲ့ပုံအရ …

 ဒီလူတွေက အမွေအနှစ်ကြောင့် ရောက်နေတာ မဟုတ်ဘဲ သူ တစ်ခုခုသိထားတယ်ဆိုတာ သေချာတယ်။ ငါလည်း အဲဒီအခွင့်အရေးကို သုံးပြီးတော့ သတင်းအချက်အလက်များများ စုစည်းရမယ်…

ထုံရို့ပင်းက သတင်းအချက်အလက်၏ အရေးပါပုံကို သိထားလေသည်။ သူမနှင့် ဝူမင် တွေ့ဆုံမှုကြားမှ သတင်းအချက်အလက်တစ်ခုသည် သူမ၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ခဲ့၍  သူတို့၏ အရေးပါပုံကို သက်သေပြခဲ့သည်။

ဝမ်ဝေ့၏ အတွေးအခေါ်တစ်ခုက သူမအား အသင်္ချေအင်ပါယာကမ္ဘာ၏ အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံထဲမှ တစ်ယောက် ဖြစ်လာစေခဲ့ပြီး သူမအား တာအိုသက်သေပြဖို့ အခွင့်အရေး ပေးအပ်လာသည်။

“ အရှင်စိတ်ဝိညာဉ် .. ကျွန်မရဲ့ အရင်တောင်းဆိုချက်ကရော” ထုံရို့ပင်းက မေးလိုက်သည်။

“ အခု အဲဒါကို ခွင့်ပြုလိုက်ပြီ။ မင်းတို့တွေ စည်းမျဉ်းအပြည့်အစုံနဲ့ ကမ္ဘာတစ်ခုရှိနေတဲ့ စစ်ဆေးမှုရဲ့ မျှော်နန်းဆောင်ထဲမှာ တိုက်ခိုက်လို့ရတယ်”

ကောင်းလိုက်တာ…

ထုံရို့ပင်းက တွေးလိုက်မိသည်။ ထိုစည်းမျဉ်းများဖြင့် သူမသည် စည်းမျဉ်းပဲ့တင်မှုကို အသုံးပြုကာ စွမ်းအားအပြည့်အဝ ထုတ်ပြနိုင်လိမ့်မည်။

***

All Chapters