← Chapters

ကူယာ သံသယဝင်သည့်သူ

Vol. 35 Ch. 484

ကူယာ သံသယဝင်သည့်သူ

Vol. 35 Ch. 484

ကူယာ၏ မျက်ဝန်းများ၌ ကျေးဇူးတင်ရိပ်များဖြင့် ပြည့်နေကာ …

“ကျမကို ဒီမေးခွန်း  မေးပေးလို့ ကျေးဇူးတင်ပါတယ်”

မိုဝူကျီက ကူယာ စကားနောက်မှ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပေသည်။ ယခင်တစ်ခါ လော့ချွမ်းဟယ်ကို သွားကယ်စဉ်က ကူယာနှင့် ဆရာကြီးဖူကျိတို့သာ လိုက်မလာခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာကြီးဖူကျိနှင့် သူမတို့က သံသယဝင်ခံနေရခြင်း ဖြစ်ပေသည်။

သို့သော်လည်း မိုဝူကျီက သူမ၏ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို ပေးရုံသာမက  ဤမေးခွန်းကိုလည်း မေးပေးလေ၏။ ထိုသည်မှာ သူက သူမကို ယုံကြည်နေကြောင်း ပြသနေခြင်း ဖြစ်ပေသည်။

“ဒီမှာ ကျုပ်တို့လူတွေချည်းပဲ ဆိုတော့ စိတ်ကြိုက်ပြောလို့ ရတယ်”

မိုဝူကျီက ကူယာကို ခေါင်းညိတ်ပြလိုက်ပြီး စိုးရိမ်စရာ မလိုကြောင်း  ပြသလိုက်သည်။ မိုဝူကျီက အကယ်၍ ကူယာက လော့ချွမ်းဟယ်ကို ကယ်ဖို့ လိုက်ပါသွားလျှင်  သူတို့က ယင်ပြန့်မြို့ကို ခိုးဝင်မည် ဖြစ်သောကြောင့် သူတို့လမ်းကြောင်းကို သတိထားမိဖို့ရာ မဖြစ်နိုင်၍   သူမက ထုံယဲ့တို့ကဲ့သို့ ဖြစ်လာမည် မဟုတ်ကြောင်း သိသည်။

ကူယာက ပြန်ဖြေလိုက်သည် …

“ကျမ အသက်မဲ့မြစ်ကနေ ထွက်လာပြီးတော့ အားလုံး ဒုက္ခရောက်နေပြီဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့ ဒီကိစ္စကို စုံစမ်းကြည့်ရင်း ပေသီးနဲ့ အခြားလူတွေကို ကယ်ဖို့အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တယ်။

ဆရာကြီးဖူကျိနဲ့ ကျမတို့ နှစ်ယောက်တည်း ယင်ပြန့်မြို့ကို ပါမသွားတာ သိတော့ ဆရာကြီးဖူကျိကိုတောင် သံသယ ဝင်မိလိုက်သေးတယ် ...”

မိုဝူကျီပင် နှလုံးခုန် မြန်လာမိသည်။ အရှင်းဆုံးပြောရလျှင် သူက ဆရာကြီးဖူကျိကို သံသယအဝင်ဆုံး ဖြစ်၏။ အကြောင်းမှာ ဆရာကြီးဖူကျိက အင်မော်တယ် ကူးသန်းရေး သင်္ဘောကို လိုချင်နေ၍ ဆရာကြီးဖူကျိက သူတို့ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ အကြောင်းလည်း သိပေသည်။ နောက်တစ် တစ်ချက်မှာ ကူယာက သူအင်မော်တယ်လျို အတွင်း ရှိစဉ် အာရုံခံမိခဲ့သေးသည်။ ဆရာကြီးဖူကျိက အတွေ့အကြုံနှင့် ကျင့်ကြံဆင့် ပတ်သက်လာလျှင် ကူယာထက် ပိုသာပေသည်။ သူက သင်္ဘောကို ထိန်းချုပ် ထားသောကြောင့်  သဘောတရားအရ ဆိုရလျှင် ဆရာကြီးဖူကျိလည်း သူ့ကို အာရုံခံမိပေလိမ့်မည်။

ဆရာကြီးဖူကျိက သူ့ကို သတိပြုမိသောကြောင့်  အင်မော်တယ်လျိုကို သူတစ်ယောက်တည်း ဖြတ်လာသည့် ကိစ္စမှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။ ထိုအချက်များအရ  လူများက အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက် အင်မော်တယ်လျိုကို ဖြတ်ခဲ့ကြောင်း သိကုန်ကြခြင်း ဖြစ်သည်။

သို့သော်လည်း ကူယာ စကားနောက်တွင် ဆိုလိုချင်သည့် တခြားအဓိပ္ပာယ် ပါဝင်နေသည်။ သူတို့အဖွဲ့ကို သစ္စာဖောက်သွားသူမှာ ဆရာကြီးဖူကျိ ဟုတ်ဟန် မပေါ်ပေ။

“ဒါပေမဲ့ နောက်ပိုင်းကျ ဆရာကြီးဖူကျိက ကျမတို့အဖွဲ့ကို သစ္စာဖောက်ဖို့ အကြောင်းအရင်း မရှိဘူးလေ။ တကယ်လို့ သူက အဖွဲ့ကို သစ္စာဖောက်မယ်ဆိုရင် သူ့ရည်ရွယ်ချက်က အင်မော်တယ် ကူးသန်းရေး သင်္ဘောအတွက်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အင်မော်တယ် ကူးသန်းရေး သင်္ဘောကို စီနီယာအစ်ကိုလော့ လက်ထဲ ချန်ထားခဲ့တာ။

စီနီယာအစ်ကို လော့ကလည်း ယင်ပြန့်မြို့ထဲမှာ ပိတ်မိနေတာဆိုတော့ ဆရာကြီးဖူကျိက ကျမတို့ကို သစ္စာဖောက်ရင်  သူ့စွမ်းရည်နဲ့ အဲဒီအင်မော်တယ် သင်္ဘောကို ပြန်ယူနိုင်စွမ်း ရှိမှာမဟုတ်ဘူး”

ကူယာက ဆက်မပြောသေးသော်လည်း မိုဝူကျီက သူမအမြင်ကို သိလိုက်သည်။ ကူယာ၏ အကျိုးအကြောင်း တွေးခေါ်မှုမှာ  ယုတ္တိတန်ပေ၏။ သို့သော်လည်း မိုဝူကျီက ဆရာကြီးဖူကျိကဲ့သို့ လူမျိုးတွင် ယင်ပြန့်မြို့ဆီမှ အင်မော်တယ် ကူးသန်းရေး သင်္ဘောကို ပြန်လည်ရရှိဖို့ရာ  နည်းလမ်းများ ရှိနေမည် ဖြစ်ကြောင်း ယုံကြည်သည်။  ဆရာကြီးဖူကျီ ဖြစ်ကြောင်း မသေချာသေး၍သာ သူက ထုတ်မပြောသေးခြင်း ဖြစ်၏။

မိုဝူကျီက ဆက်မပြောတော့ချေ။ အင်မော်တယ် ကူးသန်းရေး သင်္ဘောကို လော့ချွမ်းဟယ်ဆီ ထားခဲ့သည်ဆိုသော အချက်ကို အဖွဲ့အတွင်းသာ သိပေသည်။ ထို့အပြင် သူက လော့ယွင်၏ သိုလှောင်လက်စွပ် ရရှိချိန်တွင် အထဲ၌ သင်္ဘောကို မတွေ့မိပေ။ လော့ယွင်၏ လက်စွပ်အတွင်း၌ အင်မော်တယ် ဆေးပင်များနှင့် သတ္တုများ အပြင် အဆင့်မြင့် အင်မော်တယ်ကျောက်များသာ ရှိသည်။ သို့သော် အင်မော်တယ် ကူးသန်းရေး သင်္ဘော မပါဝင်ပေ။

“အစ်ကိုခို့ယွင်က ကျုပ်ကြောင့် သေသွားရတာ။ ဆရာကြီးဖူကျိ ဖြစ်ဖြစ်၊ မဖြစ်ဖြစ်  ကျုပ်တို့တွေ အမှန်တရားကို ဖော်ထုတ်ရမယ်။  တကယ်လို့ သူဖြစ်နေမယ် ဆိုရင်တော့ ကျုပ် လော့ချွမ်းဟယ် ကိုယ်တိုင် အစ်ကိုခို့အတွက် လက်စားချေပေးမယ်”

လော့ချွမ်းဟယ်လည်း   ဆရာကြီးဖူကျိကို သံသယဝင်မိသည်။

ကူယာက မပြောခင် အနည်းငယ် တုံ့ဆိုင်း နေပြီးနောက် …

“အစ်ကိုခို့ယွန် သေ၊ မသေတာကိုလည်း မသေချာသေးဘူးလေ”

မိုဝူကျီက ကူယာစကားများကို လက်ကာပြရင်း ဖြတ်ပြောလိုက်သည် …

“ဒီစကားဝိုင်း ဒီမှာ ရပ်ကြတာပေါ့။ အခု အသက်မဲ့မြစ်အတွင်းက အင်မော်တယ် ဖွေရှာလှေကားဆီ သွားကြရအောင် ကျုပ်နောက်လိုက်ခဲ့။ အင်မော်တယ်လောကို သွားပြီးရင် လောကအသစ်ဆီ ရောက်သွားလိမ့်မယ်။

အရေးကြီးဆုံးက ကျုပ်တို့ ကိုယ်ပိုင် စွမ်းအား တိုးတက်လာဖို့ပဲ  ...”

မိုဝူကျီက ကူယာသည် ခို့ယွန်ကို သံသယဝင်နေသည် ဖြစ်ကြောင်း သိသော်လည်း သူက ခို့ယွန်မှာ သစ္စာဖောက် မဟုတ်ကြောင်း ယုံကြည်သည်။ ခို့ယွန်က သေသည် ဖြစ်စေ၊ ရှင်နေသည် ဖြစ်စေ ခို့ယွန်က သူတို့ကို သေချာပေါက် သစ္စာဖောက်မည် မဟုတ်ပေ။

***

လဝက်အကြာ အဖွဲ့က အနက်ရောင် ဝဲဂယက်ရှေ့တွင် စုရုံးနေကြသည်။ မိုဝူကျီက တစ်ခါဝင်ကြည့်ဖူးသည့် အတွက် ထိုအနက်ရောင် ဝဲဂယက်မှာ ကြောက်ဖို့ကောင်းပြီး စိတ်စွမ်းအားကိုပင်  ဝါးမျိုပစ်နိုင်ကြောင်း သိထားသော်လည်း လက်တွေ့တွင် အမှန်တကယ် ထိုမျှ မခြိမ်းခြောက်နိုင်ပေ။

မိုဝူကျီ၏ လမ်းညွှန်မှုအောက်တွင် အဖွဲ့က တစ်ယောက်ချင်းစီ အနက်ရောင် ဝဲဂယက်အတွင်း ဝင်ရောက်လိုက်ကြသည်။

“ကျမက ယုံရင်အစွန်းအဖျားက အင်မော်တယ် ဖွေရှာလှေကားကို ရောက်ဖူးတယ်။ အဲဒီလှေကားက မီးခိုးရောင် မှိန်ပျပျလေး   ဒါပေမဲ့ ဒီဟာက တကယ်ကို ရွှေရောင်ပဲ  ...”

ဟန်ချင်းရုက အင်မော်တယ် စွမ်းအားများ သိပ်သည်းနေပြီး အထက်သို့ ထောင်မတ်နေသည့် ရွှေရောင်လှေကားကို မြင်သည့်အခါ ချက်ချင်း ပြောလိုက်သည်။

“ကျုပ် အရင်တက်ကြည့်မယ်”  ပေသီးက ပြောလိုက်ပြီး အင်မော်တယ် ဖွေရှာလှေကားပေါ် ခြေချလိုက်တော့သည်။

မိုဝူကျီက စိတ်စွမ်အားကို ပေသီးနောက် လွတ်လိုက်ကာ ပေသီး မည်သို့ တက်သွားကြောင်း မြင်တွေ့ချင်သော်လည်း  မကြာခင်တွင် ထိုအရာမှာ အသုံးမဝင်ကြောင်း သိလိုက်ရသည်။ သူ့စိတ်စွမ်းအားကို အင်မော်တယ်ဖွေရှာ လှေကားက ဖယ်ရှားပစ်လိုက်သည်။

ပေသီး တက်သွားသည့် အမြန်နှုန်းမှာ ထိုမျှ မမြန်ဆန်ပေ။ ထိုသို့ဆိုလျှင်ပင် သူက မကြာခင် မိုဝူကျီ မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏၊ ထို့နောက် သူ့အရိပ်အယောင် အားလုံး ပျောက်ကွယ်သွားသည်။

“ဒါက  အင်မော်တယ်ဖွေရှာလှေကား ဖြစ်တဲ့ပုံပဲ။ ကျမတို့တွေ ဒီဟာနဲ့ အင်မော်တယ်လောကကို သွားလို့ ရပြီ” ဟန်ချင်းရုက ပေသီး ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ပြောလိုက်သည်။

“ဂျုနီယာညီလေးမို ... ကျုပ်တို့တွေ အင်မော်တယ် လောကကို အရင်သွားနှင့်မယ်။ အဲဒီကနေ စောင့်နေမယ်”

လော့ချွမ်းဟယ်က ကွေ့ဝှက် မပြောနေတော့ပဲ တိုက်ရိုက်သာ ပြောလိုက်သည်။ သူက မိုဝူကျီ၏ စွမ်းရည်များကို ကောင်းကောင်း သိထားသည်။  အာကာသ ချောက်နက်ထဲတွင် ဖြစ်စေ၊ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် ဖြစ်စေ  မိုဝူကျီက နှစ်ခုလုံးမှ လွတ်မြောက်လာနိုင်သည် မဟုတ်ပါလော။

မိုဝူကျီက ဤယုံရင် အစွန်းအဖျားနေရာမှ သေချာပေါက် ထွက်လာနိုင်လိမ့်မည်။ သူက အင်မော်တယ် လောကသို့ မြန်မြန်သွားပြီး ကျင့်ကြံရမည်။ မဟုတ်လျှင် သူ့ဂျုနီယာညီလေး၏ ခြေလှမ်းများကို အမီလိုက်နိုင်မည် မဟုတ်ပေ။

“စီနီယာအစ်ကိုမို  ကျမလည်း သွားတော့မယ်” ကူယာက မိုဝူကျီဆီ ဦးညွှတ် နှုတ်ဆက်ပြီး လော့ချွမ်းဟယ်နောက်မှ အင်မော်တယ်လှေကားဆီ တက်သွားတော့သည်။

ကူယာနှင့် လော့ချွမ်းဟယ်တို့ ပျောက်ကွယ်သွားသည်ကို စောင့်ပြီးနောက် ထုံယဲ့လည်း နှုတ်ဆက်လိုက်သည်။

ထုံယဲ့ အပြီးတွင် ကျာချီက အင်မော်တယ်ဖွေရှာ လှေကားကို မတက်သေးချေ။ မိုဝူကျီက နားမလည်နိုင်ပဲ ကျာချီကို ကြည့်ကာ မေးလိုက်သည်  “ဂျုနီယာညီမ ကျာချီ ... ဘာလို့ မတက်သေးတာလဲ”

မိုဝူကျီက တျန်းဂျီဂိုဏ်းချုပ် ဖြစ်၍ ကျာချီက သူ့ကို စီနီယာအစ်ကိုဟု ခေါ်ရပေမည်။ ပုံမှန်အားဖြင့်လည်း သူက ကျာချီကို စီနီယာအစ်မဟု မခေါ်ပေ။

ကျာချီက မိုဝူကျီဘေးတွင် ရှိနေသော ဟန်ချင်းရုကို ကြည့်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် …

“အစ်ကိုမို ... ကျမလည်း အင်မော်တယ် လောကကို သွားတော့မယ်။ ဒါပေမဲ့  ဒါပေမဲ့   ...”

ထစ်အထစ်အ ပြောပြီးနောက် ကျာချီက အသက်ဝဝရှူကာ မိုဝူကျီကို ဦးညွှတ်ပြလိုက်ပြီး  “အစ်ကိုမို  ... တောင်းပန်ပါတယ် ...”

ထိုသို့ပြောပြီးနောက် သူမက ချက်ချင်းလှည့်ကာ လှေကားကို တက်လိုက်တော့သည်။

မိုဝူကျီက ကျာချီ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း နားမလည်နိုင်စွာ ရေရွတ်လိုက်သည်  “သူမက ဘာကို တောင်းပန်တာလဲ”

ဟန်ချင်းရုက ရုတ်ချည်း ပြောလိုက်သည်  “သူမက အဖွဲ့ကို သစ္စာဖောက်တဲ့သူများ ဖြစ်နေမလား”

မိုဝူကျီက ခေါင်းခါကာ …

“မဖြစ်နိုင်ဘူး။ ကျာချီက ကိုယ်ပိုင်မာနရှိတယ်။ သူမက ဒီလိုမျိုးကိစ္စ လုပ်မှာ မဟုတ်ဘူး။

ဒါနဲ့  အစ်မချင်းရုလည်း သွားတော့လေ။ ကျုပ်တော့ ဒီမှာ ဆက်နေနေလိုက်ဦးမယ်။ မကြာခင် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနိုင်မယ်လို့ ယုံကြည်တယ် ...”

မိုဝူကျီက ထိုစကားကို ပြောစဉ် အပိုပြောနေခြင်း မဟုတ်ပေ။ ဝိညာဉ်ကြော မပါရှိဘဲ သူက ကျင့်ကြံဖို့ရာ နည်းလမ်းရှာပြီး ကောင်းကင်အင်မော်တယ် အဆင့်ထိ ရောက်နိုင်ခဲ့လေသည်။ သူက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနိုင်မည် မဟုတ်ကြောင်း မယုံပေ။ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ရာ ခက်ခဲသည်ဆိုလျှင်  ဝိညာဉ်ကြော မပါရှိဘဲ ကျင့်ကြံသည်ထက် ခက်ခဲမည်လား။

“ဂျုနီယာမောင်လေး ... တကယ်လို့ ရှင့်ကြောင့်သာ မဟုတ်ရင် ကျမတော့ သေသွားလောက်ပြီ”

ဟန်ချင်းရုက မိုဝူကျီကို တစ်ခုခု ပြောပြချင်ဟန် ပေါ်သော်လည်း ထိုစကားအဆုံးတွင် သူမက ဘာဆက်ပြောရမည်ကို မသိတော့ပေ။ သူမက သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည် …

“ဒီလက်စွပ်ထဲမှာ ကျမ ပန်းမြိုင်ရာအိမ်တော်မှာ ရှိတုန်းက စုဆောင်းထားတဲ့  ဆေးပင်တွေပါတယ်။

သူတို့က အဆင့်နိမ့် ဆေးပင်တွေဆိုပေမဲ့  ကျမအတွက်က အသုံးမလိုတော့ဘူးလေ။  အဲဒါကြောင့် ရှင့်ကို ပေးခဲ့လိုက်မယ် ...”

မိုဝူကျီလည်း မငြင်းပယ်တော့ပေ။ သူက အင်မော်တယ်ဆေးလုံးများ ဖော်စပ်ရန် ပြင်ဆင်နေသည့်အတွက် ထိုဆေးပင်များမှာ အတော်လေး အသုံးဝင်ပေသည်။

မိုဝူကျီက သိုလှောင်လက်စွပ် သိမ်းပြီးသည်ကို မြင်ကာ ဟန်ချင်းရုက တိတ်သွားပြန်သည်။ အသက်ရှူကြိမ် ဆယ်ကြိမ်စာခန့် လောက်တွင် သူမက မိုဝူကျီကို ကြည့်ကာ …

“ဂျုနီယာမောင်လေး ... ကျမ ရှင့်ကို အင်မော်တယ်လောကကနေ  စောင့်နေမယ်နော်”

ထိုသို့ ပြောပြီးနောက် သူမက လှေကားပေါ် တက်ကာ ကျန်လူများကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျီက ခေါင်းခါလိုက်ပြီး ထိုလက်စွပ်ကို သူ့ထာဝရ ကမ္ဘာလောက၌ ထားထားလိုက်သည်။ သူက အင်မော်တယ်ဖွေရှာ လှေကားကို တက်ရန် မကြိုးစားကြည့်ပေ။ သူက အင်မော်တယ်ဝင်ရိုးကို မဖွဲ့စည်းရသေးရုံ သာမက  သူ့တွင် ကောင်းကင်အင်မော်တယ် စွမ်းအားစက်ကွင်းလည်း မရှိသေးချေ။ လှေကားပေါ် ခြေချမိသည်နှင့် ချက်ချင်း ကန်ထုတ်ခံရလိမ့်မည်။

သို့သော်လည်း မိုဝူကျီက ချက်ချင်း ထွက်မသွားပေ။ ထို့အစား သူက နေရာတစ်ခုကို ရွေးကာ  သူ့ထာဝရ ကမ္ဘာလောကထဲ ဝင်ရောက်လိုက်သည်။  ထိုစဉ် သူ့၌ ကျင်းရှန်းအဆင့် ကျင့်ကြံသူများဆီမှ ရရှိထားသော လက်စွပ်တချို့နှင့် ကောင်းကင် အင်မော်တယ်ဆီများမှ ရရှိထားသော လက်စွပ်အပုံလိုက် ရှိနေသေးသည်။

သူက အားလုံးကို ရှင်းလင်းပြီး ဆေးလုံးဖော်စပ်ရာ၌ လေ့ကျင့်ဖို့ တွေးထားလေသည်။  အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်ပြီးနောက် သူ့ဆီ ရှီနေသော အင်မော်တယ် ဆေးပင်များကို ဆေးလုံးအဖြစ် ဖော်စပ်ကာ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ ကြိုးစားကြည့်ရမည်။

***

All Chapters