← Chapters

ဆေးခန်းဆောင်သို့

Vol. 11 Ch. 147

ဆေးခန်းဆောင်သို့

Vol. 11 Ch. 147

သို့သော်လည်း ဟန်မူယဲ့သည် အသက်ရှည်ဆေးလုံးအား ချက်ချင်း ဖော်စပ်ခြင်း မပြုပါ။

သူ့တွင် အသက်ဆေးလုံးဖော်စပ်ရန် ဆေးအမယ်များ ရှိသော်လည်း ဆေးပေါင်းဖို မရှိပေ။

သူသည် ကြေးနီရောင်ဆေးပေါင်းဖိုငယ်အား ကျန်းမင်ကို ပြန်ပေးခဲ့သည်။

ထိုဆေးပေါင်းဖိုမှာ ကျန်းမင်နှင့် နှစ်ပါင်းများစွာ အတူရှိလာရာ ၎င်းအပေါ် သံယောဇဉ်များ ရှိနေသေး၏။

ပိုင်စုကျန်းတွင် နောက်ထပ်ဆေးပေါင်းဖိုများ ရှိနေသေးရန်သာ သူ မျှော်လင့်မိသည်။

ပိုင်စုကျန်းအကြောင်း တွေးမိလျှင် ဟန်မူယဲ့က သူမအား ကျန်းမင်နှင့် မိတ်ဆက်ပေးရန် တွေးထားသည်။

အာခီမီပါရမီရှင် ကျန်းမင်သည် မည်သည့်နည်းနှင့်ဖြစ်စေ သူ၏စွမ်းရည်များကို အသုံးချရန် လိုသည်။

သူ၏လက်ရှိကျင့်ကြံခြင်းသည် ဝိညာဉ်ကျောက်တုံးများစွာ ကုန်ဆုံး၏။

နောက်တစ်နေ့နံနက်တွင် ဟန်မူယဲ့ အခန်းအပြင်ကို ထွက်လာခဲ့သည်။

“စီနီယာအစ်ကိုဟန်…”

ဟန်မူယဲ့အပြင်သို့ ထွက်လာသည်နှင့် အံ့အားသင့်သော အသံများကို ကြားရ၏။

ကျောက်တုံးလှေကားထစ်တွင်ကား လူတချို့ ရပ်နေကြသည်။

“ကောင်းတယ်… မင်းတို့က အဖြူရောင်ဝတ်စုံနဲ့ ဖြစ်နေပြီပဲ”

ကျန်းဟန်၊ စွန်းတယုံနှင့် တခြားလူများအားလုံးမှာ တက်ကြွလန်းဆန်းနေကြသည်။

သူတို့အားလုံးမှာ အတွင်းစည်းတပည့်များ ဖြစ်လာကြသည်။

“စီနီယာအစ်ကိုဟန်… ခင်ဗျားရွေးပေးတဲ့ ဓားတွေကြောင့်သာ မဟုတ်ရင် ကျုပ်တို့က ဘယ်လိုလုပ် အတွင်းစည်းတပည့် မြန်မြန်ဆန်ဆန် ဖြစ်လာမှာလဲ”

စွန်းတယုံက ပြုံးလျက် ပြောသည်။

တခြားလူများကလည်း ခေါင်းညိတ်ကြ၏။

ကျန်းမင်နှင့် ယန်မင်ရွှမ်တို့သည် ဓားစံအိမ်ရှေ့တွင်ရပ်ကာ ဟန်မူယဲ့အား စိတ်ဝင်စားစွာ ကြည့်နေကြသည်။

ဟန်မူယဲ့က ထိုအဆင့်နိမ့်တပည့်များအား ဆေးလုံးများ ပေးခဲသည်ဟု ကျန်းမင်က ယူဆနေသည်။

တစ်ဘက်တွင် ဓားထိန်းတစ်ဦးက ထိုလူများအား မည်သို့သောအကူအညီများ ပေးနိုင်သည်ကို ယန်မင်ရွှမ် မတွေးတတ်ပါ။

ဓားထိန်းတစ်ဦးတွင် ထူးခြားသော စွမ်းရည်များ ရှိနေသည်များလား။

“စီနီယာအစ်ကိုဟန်… ကျွန်တော်တို့ ဓားလာလဲတာပါ”

“စီနီယာအစ်ကို… ကျုပ်တို့ကို ဓားကောင်းကောင်းတွေ ရွေးပေးပါဦး”

ကျန်းဟန်က သူ့လက်ထဲမှ ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဟန်မူယဲ့အား ကမ်းပေးသည်။ သူ၏လက်ဖဝါး၌ သာမန်အရည်အသွေးဝိညာဉ်ကျောက်တုံး ၁တုံး ကိုင်ထား၏။

တခြားလူများကလည်း သူ့နည်းတူ ဓားနှင့် ဝိညာဉ်ကျောက်တုံးကို ပြင်ဆင်ထားကြသည်။

သူတို့က ဓားများကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်ကို ကြည့်ကာ ဟန်မူယဲ့က ပြုံးသည်။

“ဓားတွေကို ပြန်ပို့တယ်ဆိုမှတော့ စာရင်းမှတ်ဖို့ လိုတယ်”

ကောင်းရှောင်ရွှမ်က ဓားများကို သွားယူမည်ပြုစဉ်မှာပင် ဟန်မူယဲ့က ပြောသည်။

“နည်းလမ်းဟောင်းအတိုင်းပဲ… မင်းတို့ အထူးပြုလေ့ကျင့်တဲ့ ဓားသိုင်းကို သရုပ်ပြပါ”

ကျန်းဟန်က ရယ်မောကာ သူ၏ဓားကို ထုတ်လိုက်သည်။

လတ်တလောတွင် ဟန်မူယဲ့၏လမ်းညွှန်မှုကြောင့် သူ့ဓားသိုင်းမှာ အတော်လေး တိုးတက်လာခဲ့၏။

“ဒါက သစ်သားဓာတ်မျိုးဆက်ဓားသိုင်းပဲ”

ယခု ကျန်းဟန် သရုပ်ပြသော ဓားသိုင်းစနစ်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သစ်သားဓာတ်မျိုးဆက်၊ အံ့ဖွယ်နံပါတ် ၂ဓားသိုင်း သစ်ရွက်ကြွေဓားသိုင်း ဖြစ်သည်။

ဟန်မူယဲ့က ကျန်းဟန်၏ဓားအလင်းကို ကြည့်ကာ တီးတိုးပြောသည်။

“မင်းလေ့ကျင့်တဲ့နည်းလမ်းမှန်တယ်။ ဒါပေမဲ့ သစ်ရွက်တွေလှုပ်ရှားပုံတွေဟာ အမျိုးမျိုးကွဲတယ်”

“ဓားကို ကမ်းပေး”

ဟန်မူယဲ့က လက်မြှောက်လိုက်လျှင် ကျန်းဟန်က သူ့လက်ထဲမှ ဓားကို အလျင်အမြန် ကမ်းပေးသည်။

“သေချာကြည့်…”

ဟန်မူယဲ့၏လက်ထဲမှ ဓားသည် သစ်ရွက်များကျဆင်းသည့်အလား လှုပ်ရှားသွားကာ စူးရှသော အလင်းများ ဖြစ်ပေါ်လာသည်။

ဓားအလင်းများမှ တစ်ဆင့် သူတို့သည် လေထဲတွင် သစ်ရွက်ပေါင်းများစွာ ပြန့်ကျဲလာသည်ကို ခံစားရ၏။

ရွက်ကြွေတစ်ထောင်…

သစ်ရွက်တစ်ရွက်စီတိုင်းသည် ထက်ရှသော အငွေ့အသက်ကို ပေး၏။ ၎င်းသည် ထိမိသမျှအရာအားလုံးကို ပိုင်းဖြတ်သွားမည့်ဟန်ရှိ၏။

သည်သစ်ရွက်ကြွေဓားသိုင်းအား ဟန်မူယဲ့က အဆင့်သုံးအထိ ထိုးထွင်းကြံဆနိုင်ခဲ့သည်။

သည်ဓားသိုင်း၏တတိယအဆင့်သည် ဓားဆန္ဒကို ကျင့်ကြံနိုင်ကာ ကမ္ဘာမြေအဆင့်သို့ တက်လှမ်းနိုင်၏။

ဟူး…

ဓားအလင်းများ တုန်ခါသွားကာ ရွက်ကြေများ ကျဲပါးသွား၏။

“မင်း နားလည်ပြီလား”

ဟန်မူယဲ့က ဓားကို ဓားအိမ်ထဲ ထည့်ကာ မေးသည်။

ကျန်းဟန်က မိန်းမောစွာ ရပ်နေဆဲ ဖြစ်သည်။

သူက မည်သို့ နားလည်မည်နည်း။

သူ့တွင် ထိုမျှ ကောင်းမွန်သော ထိုးထွင်းသိမြင်နိုင်စွမ်းရှိပါက ယခင်ကတည်းက အတွင်းစည်းတပည့် ဖြစ်နေလောက်ပေပြီ။

ဟန်မူယဲ့က ရယ်မောကာ ပြောသည်။

“ရတယ်… တစ်ခုခုနားမလည်တာရှိရင် နောက်ပိုင်း ငါ့ကို လာမေး”

“နောက်တစ်ခေါက် ဝိညာဉ်ကျောက်တုံး ယူမလာနဲ့တော့… ငါတို့က သေရက်နဲ့အစားအသောက်တွေ လိုအပ်နေတာမျိုး မရှိဘူး”

“သေချာတာပေါ့… သေချာတာပေါ့…”

ကျန်းဟန်က အဆက်မပြတ် ခေါင်းညိတ်သည်။

ဝိညာဉ်ကျောက်တုံး ၁၀၀ ကား သိပ်မများပါ။ သို့သော်လည်း သူတို့သည် ယခုမှ အတွင်းစည်းဂိုဏ်းသို့ ရောက်ခြင်းဖြစ်ရာ ကုန်ကျစရိတ်ကား အလွန်မြင့်သည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြန်သည်။ ကောင်းရှောင်ရွှမ်က ရှေ့ကို တက်ကာ ဓားနှင့် ဝိညာဉ်ကျောက်တုံးများကို ယူလိုက်၏။

သူသည် ဓားကို ဓားစံအိမ်ထဲကို ယူသွားကာ ဝိညာဉ်ကျောက်တုံးများအား သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

သူ ထွက်လာသောအခါ နောက်ထပ် ဓားတစ်လက် ပါလာသည်။

ကောင်းရှောင်ရွှမ် ရွေးပေးသောဓားမှာ ကျန်းဟန်နှင့် အလွန်လိုက်လျောညီထွေ ရှိပေသည်။

အံ့ဖွယ်ကိုးပါးဓားဝိညာဉ်သည် ဓားစံအိမ်မှ ဓားများအကြောင်းကို မည်သို့ မသိဘဲ နေမည်နည်း။

တစ်ရာရီအတွင်း တပည့်ကိုးယောက် ဓားများကို လဲ၍ ပြီးသွားသည်။

“ဓားစံအိမ်က စီနီယာအစ်ကိုဟန်… ခင်ဗျားရဲ့ ဓားရွေးချယ်တဲ့စွမ်းရည်က တကယ်ပဲ ထူးခြားကောင်းမွန်လှပါတယ်”

အတွင်းစည်းတပည့်အသစ် ကျိထုံက သူ၏ဓားအသစ်ကို ပွေ့ဖက်ကာ ပြောသည်။ သူ့အား ဟန်မူယဲ့က သူလေ့ကျင့်သော ဓားသိုင်းအားလည်း လမ်းညွှန်ပေးခဲ့သေး၏။

၎င်းသည် သူ၏ဓားသိုင်းအား ပိုမိုအဆင့်မြင့်စေသည်။

“ဓားစံအိမ်က စီနီယာအစ်ကိုဟန်ဟာ သေခါပေါက် အစွမ်းထက်တာပေါ့”

ဘေးတွင် စွန်းတယုံက စိတ်အားထက်သန်စွာ ပြောသည်။

သူတို့က ဓားများနှင့် ပျော်ရွှင်စွာ ထွက်သွားလျှင် ဟန်မူယဲ့က လက်လှမ်းလိုက်သည်။

ကောင်းရှောင်ရွှမ်က သူ့အား ဝိညာဉ်ကျောက်တုံး ၃တုံးပေးသည်။

သူက လက်ကျန်ဝိညာဉ်ကျောက်တုံးများအား ဟွမ်လောင်လျှို၊ ယန်မင်ရွှမ်၊ လုကောနှင့် ကျန်းမင်တို့အား ပေးသည်။

“ဒီဝိညာဉ်ကျောက်တုံးကတော့ လေ့ကျင့်ရေးမှူးလင်းအတွက်…”

ကောင်းရှောင်ရွှမ်က လက်ကျန်ဝိညာဉ်ကျောက်တုံးအား သူ၏အိတ်ကပ်ထဲကို ထည့်ကာ ရေရွက်သည်။

သူတို့လက်ထဲမှ ဝိညာဉ်ကျောက်တုံးအား ကြည့်ကာ ကျန်းမင်နှင့် ယန်မင်ရွှမ်တို့၏အမူအရာမှာ ထူးဆန်းနေသည်။

“စီနီယာအစ်ကိုဟန်… ကျုပ်တို့ဓားထိန်းတွေအကုန်လုံးမှာ ဒီလိုစွမ်းရည်ရှိတာလား”

ကျန်းမင်က ဝိညာဉ်ကျောက်တုံးကို ကြည့်ကာ ဟန်မူယဲ့အား မေးသည်။

ဓားထိန်းဖြစ်လာရန် ထိုမျှ ခက်ခဲသည်များလား။

ဟန်မူယဲ့ ပြသခဲ့သော စွမ်းရည်အရ ဓားထိန်းတစ်ဦးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားသိုင်းမျိုးစုံကို သိနားလည်ရန် လိုသလို ဓားစံအိမ်မှ ဓားများနှင့်လည်း ကောင်းကောင်းရင်းနှီးရပေဦးမည်။

ဓားစံအိမ်တောင် မရေမတွက်နိုင်သော ဓားများရှိသလို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင်လည်း နည်းစနစ်ပေါင်းများစွာ ရှိနေသည်။

ဓားထိန်းတစ်ယောက်က ထိုမျှ ခက်ခဲစရာ မရှိပေ။

ဟန်မူယဲ့က သူတို့နှစ်ယောက်အား ကြည့်ကာ ခေါင်းညိတ်သည်။

“ဝိညာဉ်ကျောက်တုံးတွေက ဒီလောက်လွယ်လွယ်ရနိုင်တယ်လို့ မင်းတို့ ထင်လား”

ကျန်းမင်ကား ဆွံ့အနေသည်။

သူကား တကိုယ်တော်ကျင့်ကြံသူဖြစ်သည်။ ယခင်က သူသည် အာခီမီပါရမီရှင် ဖြစ်သော်လည်း နောက်ပိုင်းတွင် သူသည် သန့်စင်မြူနှင်းဆေးလုံးကိုသာ တချိန်လုံးဖော်စပ်နေရာ သူ့ဘဝက အနည်းငယ် ခက်ခဲကြမ်းတမ်းခဲ့၏။

သာမန်ဝိညာဉ်ကျောက်တုံး ၁တုံးသည် သူ့အတွက် သုံးနှစ်ခန့် အသုံးပြုနိုင်၏။

ဟန်မူယဲ့သည် သာမန်အရည်အသွေး ဝိညာဉ်ကျောက်တုံး ကိုးတုံးအား အချိန်တိုအတွင်း ရရှိခဲ့၏။ သူ အကျိုးအမြတ်ရသော ပုံစံမှာ အလွန်အံ့ဖွယ်ကောင်းလှသည်။

ဟွမ်လောင်လျှိုက ပြုံးလိုက်ကာ ဓားများကို စာရင်းမှတ်ရန် စားပွဲထံသို့ လှမ်းသွားလိုက်၏။

ဟန်မူယဲ့ကလည်း ဓားစံအိမ်ထဲသို့ ဝင်ကာ အဝတ်စဖြင့် ဓားများကို စတင်၍ သန့်ရှင်းရေးလုပ်သည်။

ဤသည်ကား ဓားထိန်းတစ်ဦး၏စစ်မှန်သော အကျိုးစီးပွားဖြစ်သည်။

“ကြည့်ရတာ ဓားစံအိမ်မှာ ရှင်သန်ဖို့ မလွယ်ကူဘူးပဲ”

ကျန်းမင်က သူ၏လက်မှ ဝိညာဉ်ကျောက်တုံးများကို မသက်မသာကြည့်ကာ ပြုံးသည်။

သူ့ဘေးတွင် ယန်မင်ရွှမ်ကလည်း ခေါင်းညိတ်၏။

…

နောက်တစ်နေ့တွင် မိန်းကလေးကျင်းယွမ် ရောက်လာကာ ဟန်မူယဲ့နှင့် ကျန်းမင်တို့အား ဆေးခန်းဆောင်သို့ လာရောက်ဖိတ်ခေါ်သည်။

“စီနီယာအစ်ကိုဟန်… ဆရာက ရှင်နဲ့ စီနီယာကျန်းကို ဆေးခန်းဆောင်သို့ ဖိတ်ခေါ်လိုက်တယ်”

“သွားရအောင်…”

ဟန်မူယဲ့က ခေါင်းညိတ်ကာ ရှေ့မှ ထွက်သွားသည်။

ကျန်းမင် သူ့နောက်မှ လိုက်ပါသွား၏။

ကျန်းမင်သည် ဘေးမှ လိုက်ပါလာရင်း တီးတိုးပြောသည်။

“သခင်လေး… ယန်ရဲ့ခန္ဓာကိုယ်ကို မနေ့က စစ်ဆေးကြည့်တယ်။ သူ့ဒန်ထျန်က သဘာဝအားဖြင့် ပိတ်ဆို့နေတာ။ သူ့သွေးကြောတွေဟာလည်း ပိတ်ဆို့လုနီးပါးပဲ။ သူက တကယ်ပဲ ကျင့်ကြံဖို့ ခက်ခဲတယ်”

“အရမ်းခက်လား”

ဟန်မူယဲ့က သူ့ကို ကြည့်ကာ မေးသည်။

“လုံးဝ အခွင့်အရေးမရှိဘူးလား”

ကျန်းမင်က ခေါင်းညိတ်ကာ ပြောသည်။

“သူ့အရိုးတွေ ထုရိုက်တဲ့နာကျင်မှုမျိုး ခံစားနိုင်ရင်တော့ သူ့ဒန်ထျန်နဲ့ သွေးကြောတွေကို ဓားချီနဲ့ ဖွင့်လို့ ရလောက်တယ်”

သို့သော်လည်း သူက ခေါင်းယမ်းကာ ပြောသည်။

“ဒါပေမဲ့ ဒီလို နာကျင်မှုမျိုးက သာမန်လူတွေ ခံနိုင်တဲ့အရာ မဟုတ်ဘူး။ ပြီးတော့ သူ့မှာ ဘာကျင့်ကြံဆင့်မှ မရှိဘူးလေ”

ဟန်မူယဲ့က ဓားချီ၏နာကျင်မှုကို သိပေသည်။

၎င်းကား အမှန်တကယ်ပင် သာမန်လူများ ခံနိုင်ရည်ရှိသော အရာမဟုတ်ပါ။

“သူ့ကို မေးကြည့်ပြီးမှ ဆုံးဖြတ်တာပေါ့”

ဟန်မူယဲ့က ရှေ့ကို ကြည့်ကာ ပြောသည်။

အမှန်တကယ်အားဖြင့် ယန်မင်ရွှမ်အတွက် ရွေးချယ်စရာ သိပ်မရှိပါ။

သူ့တွင် ကျင့်ကြံဆင့်မရှိရာ ဓားနှင့် ခန္ဓာ ပေါင်းစပ်ခြင်း မပြုနိုင်ပေ။

သူ့စိတ်စွမ်းအားမှာလည်း သာမန်လူများနှင့် မထူးခြားပါ။ သူက ဓားစုစည်းစနစ်ကို လေ့ကျင့်လျှင်ပင် ဝိညာဉ်လိပ်ပြာဓားအား စုစည်းနိုင်ရန် မလွယ်ကူပါ။

ဓားချီကို သူ့ခန္ဓာကိုယ်ထဲသို့ အတွင်းသွတ်သွင်းကာ ကျင့်ကြံစေခြင်းကသာ သူ့အတွက် အခွင့်အရေးရှိနိုင်သည်။

သူတို့ရှေ့တွင် ဆေးခန်းဆောင်ကို မြင်တွေ့ရ၏။

“ကျန်းမင်…”

ဆေးခန်းဆောင်ရှေ့တွင် အဖိုးအိုတစ်ဦး ရပ်နေသည်။

ကျန်းမင်က သူ့အား မျက်နှာသေကြီးဖြင့် ကြည့်သည်။

အဖိုးကြီးက ဘယ်သူလဲ။ ငါလည်း မသိပါလား။

“ဟီးဟီး… တာအိုရောင်းရင်းကျန်းမင်က ကျုပ်ကို မသိလောက်ဘူး”

အဖိုးအိုက ခေါင်းယမ်းကာ ပြောသည်။

“ကျုပ်နာမည် စွန်းစဲပါ… လွန်ခဲ့တဲ့နှစ်တစ်ရာက တာအိုရောင်းရင်းဟာ မူရှန်မြို့မှာ ကျရှုံးတာ မြင်တွေ့ခဲ့ရတယ်”

ကျန်းမင်က ခေါင်းညိတ်ကာ ပြောသည်။

“ဒါဆို ကျုပ် အာခီမီစံအိမ်ငယ်ထဲကို ဝင်ခွင့်မရတာကိုလည်း ခင်ဗျား မြင်ခဲ့မှာပေါ့။ ဒါဆို နှစ်တစ်ရာအတွင်း ကျုပ် ဘာမှ အောင်မြင်မှုမရတာကိုလည်း သိမှာပေါ့”

စွန်းစဲက ရယ်မောလိုက်သည်။ သူက သူ့နောက်မှ ဝါးဆောင်အား လက်ညိုးထိုးပြကာ ပြောသည်။

“တာအိုရောင်းရင်းသာ ကျုပ်တို့ ဆေးခန်းဆောင်သို့ လာမယ်ဆိုရင် ဒီနေရာမှာ ကြီးကြပ်ရေးအကြီးအကဲအဖြစ် တာဝန်ပေးနိုင်ပါတယ်”

ဆေးခန်းဆောင်၏ကြီးကြပ်ရေးမှူး။

အဖိုးအို၏ကမ်းလှမ်းမှုကား သိပ်မဆိုးပါ။

ဟန်မူယဲ့က စွန်းစဲအား ထူးမခြားနားစွာ ကြည့်သည်။

အနီးအနားမှ ဆေးခန်းဆောင်တပည့်များအားလုံး အံ့အားသင့်သွားကြ၏။

အကြီးအကဲက ထိုသို့ ကမ်းလှမ်းရအောင် မည်သို့သောသူ ဖြစ်သနည်း။

ကျန်းမင်က ခေါင်းယမ်းကာ လက်ဝှေ့ယမ်းသည်။

“ကျုပ်က ဓားစံအိမ်မှာ ဓားချီအာခီမီကို လေ့လာနေတယ်”

“ခင်ဗျားတို့ ဆေးခန်းဆောင်မှာ ဓားချီနဲ့ ဆေးလုံးဖော်စပ်တာ သိတဲ့လူရှိလား”

စွန်းစဲက ပါးစပ်ဟသော်လည်း ခေါင်းယမ်းသည်။

သူ့နောက်မှ တပည့်များအားလုံးမှာလည်း အံ့အားသင့်သွားကြသည်။

“စီနီယာအစ်ကိုဟန်သိတယ်…”

ကျန်းမင်က ဟန်မူယဲ့အား လက်ညိုးထိုးပြသည်။

ဓားချီအာခီမီ။

ဒါက ဖြစ်နိုင်ပါလား။

ဆေးခန်းဆောင်ရှေ့တွင် အားလုံး၏အကြည့်က ဟန်မူယဲ့ထံသို့ ရော်ကလာသည်။

မိန်းကလေးကျင်းယွမ်က ဟန်မူယဲ့အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်သည်။ သူမသာကိုယ်တိုင် မမြင်ခဲ့ရပါက သူမသည်လည်း ယုံကြည်မည် မဟုတ်ပါ။

“အကြီးအကဲစွန်း… တခြားကိစ္စမရှိတော့ရင် ကျုပ်တို့ ပြန်ပါဦးမယ်”

ဟန်မူယဲ့က စွန်းစဲကို ကြည့်ကာ ပြောသည်။

All Chapters