← Chapters

မိုဝူကျီ၏ စွမ်းအားစက်ကွင်း

Vol. 35 Ch. 486

မိုဝူကျီ၏ စွမ်းအားစက်ကွင်း

Vol. 35 Ch. 486

အင်မော်တယ်ဖွေရှာ လှေကားပေါ်တက်ရန်   မိုဝူကျီ၏ ၉၈ ၇၁၃ ကြိမ်မြောက် ကြိုးစားမှု၌  ပြင်းထန်သည့် အားတစ်ခုက သက်ရောက်လာပြန်သည်။ သို့သော်လည်း မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက စိတ်စွမ်းအား ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာစေပြီး ထိုဝဲဂယက်မှာ ပြင်းထန်သည့်အားကို တားဆီးနိုင်စွမ်း ရှိနေသည်။

တစ်နှစ်တာနီးပါး ကြာမြင့်ချိန်တွင် မိုဝူကျီက လွင့်စဉ်မသွားတော့ပဲ ပထမဆုံးအကြိမ် အဖြစ် ပထမ လှေကားထစ်ပေါ် ခြေချနိုင်ခဲ့သည်။

မိုဝူကျီက ဒုတိယ လှေကားထစ်သို့   တန်းမတက်သေးပေ။ ထို့အစား သူ့စိတ်စွမ်းအား ဝဲဂယက်ကိုသာ ချင့်ချိန် စဉ်းစားကြည့်နေမိသည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ ဖြစ်ပေါ်လာသော ဝဲဂယက်က ကောင်းကင် အင်မော်တယ် စွမ်းအားစက်ကွင်းနှင့် တူပေ၏။ သူနေနေဖို့ရာ အန္တရာယ်ကင်းသည့် နေရာတစ်ခု ဖန်တီးပေးလေသည်။

မိုဝူကျီက မနီးမဝေးမှ အနက်ရောင် ဝဲဂယက်ကို ကြည့်လိုက်မိပြီး သူက ထိုဝဲဂယက်မှ တစ်ဆင့် ဉာဏ်အလင်း ပွင့်လာခြင်း ဖြစ်ပေသည်။ ထိုစိတ်စွမ်းအား ဝဲဂယက် ပေါ်လာခြင်းမှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကြောင့်လည်း ဖြစ်ပေ၏။

အချိန်တချို့ အကြာတွင် မိုဝူကျီက ခြေထောက်ကို ဖြည်းဖြည်းမြှောက်ရင်း ဒုတိယ လှေကားထစ်ပေါ် တက်ရန် ပြင်လိုက်သည်။ သူ့စိတ်စွမ်းအား ဝဲဂယက်မှာ ကောင်းကင် အင်မော်တယ် စွမ်းအားစက်ကွင်းနှင့် တူပြီး သူ့အတွက် ဘေးကင်းသော နေရာကို ပြုလုပ်ပေးသည်။ ဖြစ်နိုင်သည်က  သူ့အနာဂတ်စွမ်းအား စက်ကွင်း၏ အခြေတည်ပုံစံသာ ဖြစ်လိမ့်မည်။ သို့မဟုတ် ဤစိတ်စွမ်းအားမှာ အမှန်တကယ် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် စွမ်းအားစက်ကွင်း တစ်ခု ဖြစ်လာလျှင် သာမန် ကျင့်ကြံသူထက် သေချာပေါက် အားကောင်းပေလိမ့်မည်။

မိုဝူကျီက ဒုတိယလှေကားထစ်ကို တက်လိုက်တော့သည်။

ပို၍ ပြင်းထန်သည့်အားက သက်ရောက်လာပြန်သည်။ မိုဝူကျီက နှစ်ခါပြန်မတွေးတော့ပဲ သူ့အသိစိတ် ပင်လယ်အတွင်းမှ စိတ်စွမ်းအား အားလုံးကို နှိုးဆွလိုက်ပြီး  စိတ်စွမ်းအား ဝဲဂယက်များ တစ်ခုပြီး တစ်ခု ပြုလုပ်လိုက်သည်။

“ဘုန်း”

သူ့စိတ်စွမ်းအား ဝဲဂယက်မှ အင်မော်တယ်ဖွေရှာ လှေကားမှ ပြင်းထန်သည့်အားနှင့် ရင်ဆိုင်တွေ့သွားသည်။ မိုဝူကျီစိတ်တစ်ခုလုံး ပြောမပြတတ်လောက်သည့် နာကျင်မှု လွှမ်းမိုးသွားကာ ထိုနာကျင်မှုမှာ မိုဝူကျီကို ဆက်တိုက် ညည်းညူနေစေသည်။ နောက်အခိုက်အတန်လေး၌ မိုဝူကျီက လွင့်စဉ်သွားပြန်သည်။

“ဘမ်း” နောက်တစ်ကြိမ် မိုဝူကျီက သဲကြမ်းပြင်နှင့် ရိုက်မိသွားပြန်သည်။ ဤတစ်ကြိမ်၌ သူက ချက်ချင်း ပြန်မကောင်းသေးပေ။ သူက အကြိမ်များစွာ လွင့်စဉ်သွားသော်လည်း သူ့တွင် အသက်ဓာတ် လမ်းကြောင်း ရှိသည့်အတွက် ချက်ချင်းနီးပါး ပြန်လည်ကောင်းနိုင်စွမ်း ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ  သူ့အသက်ဓာတ် လမ်းကြောင်းမှ ပြန်လည် ကောင်းမွန်လာမှုမှာ အရမ်းမမြန်ဆန်တော့ပေ။ အကြောင်းမှာ သူ့အသိစိတ် ပင်လယ်လည်း ဒဏ်ရာရသွား၍ ဖြစ်သည်။

မည်သည့် ကျင်ကြံသူပင် ဖြစ်နေပါစေ အရေးကြီးဆုံး အစိတ်အပိုင်းမှာ အသိစိတ်ပင်လယ်သာ ဖြစ်ပေ၏။ အသိစိတ်ပင်လယ် ဒဏ်ရာရရှိခြင်းသည် ဝိညာဉ်လမ်းကြောင်း ပျက်စီးသွားသည်ထက် ပိုဆိုးရွားပေသည်။

မိုဝူကျီ၏ ချီသွေးကြောများက ဝိညာဉ် လမ်းကြောင်းများနှင့် ဆင်တူပြီး  ယခင် သူ့ချီသွေးကြောများမှာ  အာကာသ ဓားအစီအရင်ကြောင့် ပျက်စီးသွားခဲ့သည်။  သူ့ကျင့်ကြံဆင့်မှာ မြေကမ္ဘာ အင်မော်တယ် အဆင့်မျှသာ ဖြစ်၍ ဝမ်လျန်ရှီးက ဆေးလုံး ပေးခဲ့သောကြောင့်သာ ပြန်ကောင်းမွန်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ့အတွက် ပြန်လည် ကောင်းမွန်လာရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ယခုတွင် သူ့အသိစိတ်ပင်လယ်မှ ပျက်စီးသွားလေပြီ။

ယခု ဘာလုပ် ရတော့မည်နည်း...

မိုဝူကျီက အင်မော်တယ်ဖွေရှာ လှေကားကို ထပ်မကြိုးစားကြည့်တော့ပေ။ သူ့အသိစိတ်ပင်လယ် ပျက်စီးသွားသောကြောင့်  နောက်တစ်ခေါက် ကြိုးစားကြည့်လျှင် သေခြင်းတရားနှင့် တွေ့ဆုံရလိမ့်မည်။

သူက ဆေးလုံးတချို့ သောက်သုံးလိုက်သည်။ သူက ဆေးလုံးများစွာ ဖော်စပ်ထားသော်လည်း အသိစိတ်ပင်လယ်ကို ပြန်လည် ကောင်းမွန်လာစေမည် ဆေးလုံး တစ်လုံးပင် မရှိပေ။

လေးနာရီလုံးလုံး ထိုင်နေပြီးနောက် မိုဝူကျီက သူ့အသိစိတ် ပင်လယ်အတွင်း စစ်ဆေးကြည့်ရန် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို အသုံးပြုဖို့ ကြိုးစားကြည့်လိုက်သည်။ သူ့အသိစိတ် ပင်လယ်အတွင်း သူ့စိတ်စွမ်းအား ရောက်ရှိသွားသည်နှင့် မိုဝူကျီက မှင်တက်မိသွားသည်။

သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှာ သူ့အသက်ဓာတ် လမ်းကြောင်းနှင့် သူ့အဆိပ်ဖြေ လမ်းကြောင်များကဲ့သို့ တူညီသော လုပ်ဆောင်ချက် ရှိနေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ အသက် ဓာတ်လမ်းကြောင်းက သူ့ပြင်ပ ဒဏ်ရာများကို ပြန်လည် ကုသစေပြီး သူ့အဆိပ်ဖြေ လမ်းကြောင်းမှာ  အဆိပ်များကို ဖယ်ရှားပေးပြီး သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှာ သူ့အသိစိတ် ပင်လယ်ကို ကုသနိုင်စွမ်း ရှိနေသည်။ တစ်ပတ် လှည့်ပတ်ခြင်းဖြင့် သူ့အသိစိတ် ပင်လယ်၏ တစ်ဝက်လောက်အထိ ကုသပြီးသွားလေပြီ။

အမွှေးတိုင် တစ်ဝက်စာ ကြာချိန်လောက်တွင် မိုဝူကျီက စိတ်ဓာတ်ခွန်အား ပြည့်ဝစွာဖြင့် မတ်တတ်ပြန်ရပ်လိုက်သည်။ သူ့အသိစိတ်ပင်လယ်မှာ အပြည့်အဝ ပြန်ကောင်းသွားပြီး သူ့စိတ်စွမ်းအားပင်  တိုးတက်လာလေ၏။

သူကိုယ်တိုင် ဖန်တီးထားသော  အင်မော်တယ် မော်တယ် ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်မှာ အမှန်တကယ် ကောင်းကင်ဘုံအား  သွေဖည်နေသည်။  သူ့အသိစိတ် ပင်လယ်ကို ပြန်လည် ကုသပေးနိုင်သော ချီသွေးကြောမျိုးမှာ အင်မော်တယ်အဆင့် ကျင့်စဉ်ထက်ပင် သာလွန်နေသည် မဟုတ်ပါလော။

မိုဝူကျီက တွေးမိလိုက်သောကြောင့်  ဂုဏ်ယူမိသွားသည်။ သူက ဤနေရာ၌ ပိတ်မိနေစဉ်  သူ့ကျင့်ကြံခြင်း၌ သိသိသာသာ မတိုးတက်လာသော်လည်း သူ့ရလဒ်မှာတော့ အတော်လေး ပိုကောင်းလာပြီ ဖြစ်၏။ တစ်ချက်မှာ သူက အဆင့် ၃ ဆေးလုံးအကြီးအမှူး ဖြစ်လာခဲ့သည်။ ဒုတိယအနေဖြင့် သူက သူ့စိတ်စွမ်းအား ဝဲဂယက်ကို ဖန်တီးနိုင်ခဲ့ပြီး ထိုဝဲဂယက်မှာ သူ့စွမ်းအား စက်ကွင်း ဖြစ်လာလိမ့်မည်။

အရေးကြီးဆုံးက  သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှာ သူ့အသိစိတ်ပင်လယ်ကို  ကုသနိုင်စွမ်း ရှိသည်ကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။

သူက ထိုအတွေးဖြင့် စိတ်လှုပ်ရှားမိသွားသည်။  သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက  သူ့အသိစိတ်ပင်လယ်ကို  ကုသနိုင်သည် ဆိုလျှင် သူ့သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်းက သူ့ချီသွေးကြောများကို ကုသနိုင်စွမ်း ရှိနေသည်များလား။ အကယ်၍ သူ့သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်းက သူ့ချီသွေးကြောများကို ကုသနိုင်စွမ်း ရှိခဲ့သည် ဆိုလျှင် သူက ဝမ်လျန်ရှီးကို မတွေ့လျှင်ပင်   သူ့ဘာသာ ပြန်လည် ကောင်းမွန်လာလိမ့်မည်။

မိုဝူကျီက စိတ်ထဲ ပေါ်လာသည်နှင့် လုပ်ကြည့်လိုက်သည်။ သူ့ချီသွေးကြော တစ်ခုထဲမှ အင်မော်တယ် သဘာဝစွမ်းအားက အပြင်းအထန် လှုပ်ခါသွားပြီး သူ့ချီသွေးကြောမှာ အားအပြည့် ပေါက်ထွက်သွားသည်။

ချီသွေးကြောတစ်ခုသာ ဖြစ်သော်လည်း သူ့ခန္ဓာအတွင်းမှ ခံစားချက်မှာ သူ့ကို လွှမ်းမိုး မထားနိုင်တော့ပေ။ ထိုစဉ် သူ့အင်မော်တယ် သဘာဝစွမ်းအားများနှင့် သူ့တာအိုစွမ်းအားများက နှေးကွေးလာသလို ခံစားလိုက်ရသည်။

မိုဝူကျီက သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းဖြင့် ချက်ချင်း ပြောင်းပြန် လှည့်ပတ်ကြည့်လိုက်သည်။ တစ်ချိန်တည်းဆိုသလို  သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းနှင့်အတူ ထိုပေါက်ထွက်သွားသော ချီသွေးကြောကို ပြောင်းပြန် လှည့်ပတ်လိုက်သည်။

အသက်ရှုကြိမ် အနည်းငယ်အကြာတွင် မိုဝူကျီ၏ စိတ်နှလုံးမှာ ပြောမပြတတ်သည့် ပျော်ရွှင်မှုတို့ လွှမ်းမိုးလာသည်။ သူ့သဘာဝ သိုလှောင်ရေး လမ်းကြောင်းက သူ့ချီသွေးကြောကို ကုသနိုင်စွမ်း ရှိလေသည်။ သူက ထိုလုပ်ဆောင်ချက်ကို မကြိုးစားကြည့် ဖူးသောကြောင့် မသိခဲ့ပေ။ အကြည့်နှင့်တင်  သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှာ သူ့သဘာဝစွမ်းအားများ သိုလှောင်နိုင်သည့် နေရာတစ်ခုမျှသာ မဟုတ်ပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းလည်း အတူတူပင် ဖြစ်သည်။ သူက သူတို့စွမ်းရည်ကို အလကား ဖြုန်းတီး ပစ်ခဲ့မိခြင်းသာ ဖြစ်၏။

ရတနာမှာ သူ့အထဲ ရှိနေသောကြောင့် လုံးဝ သတိမမူမိခြင်း ဖြစ်သည်။ ထိုစဉ် မိုဝူကျီက အားရပါးရ ရယ်မောလိုက်သည်။ သူ့ချီသွေးကြော ကျင့်စဉ်မှာ အမှန်တကယ် ထူးခြားလှပေသည်။

ခဏအကြာ မိုဝူကျီ၏ ပေါက်ပြဲသွားသော ချီသွေးကြောမှာ လုံးဝ ပြန်ကောင်းသွားလေပြီ။ မိုဝူကျီက အင်မော်တယ် ဖွေရှာလှေကားကို တက်ကြည့်ရန် တွေဝေမနေတော့ပဲ သူ့စိတ်စွမ်းအား ဝဲဂယက်ကို ပြုလုပ်လိုက်သည်။

သူ့ကိုယ်သူ တည်ငြိမ်အောင် ထားပြီးနောက် မိုဝူကျီက ဒုတိယအထစ်သို့ တက်လှမ်း လိုက်တော့သည်။ ပြင်းထန်သည့် အားတစ်ခုက ကျရောက်လာပြန်သည်။ သို့သော်လည်း မိုဝူကျီက ယခင်နှင့် မတူတော့သည့် အတွက် သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် အသိစိတ် ပင်လယ်အတွင်းမှ စိတ်စွမ်းအားများဖြင့်   စိတ်စွမ်းအား ဝဲဂယက်ကို ပြုလုပ်ထားနိုင်ရုံသာမက သဘာဝ စွမ်းအား  သိုလှောင်ရေး လမ်းကြောင်းအတွင်း အင်မော်တယ် သဘာဝစွမ်းအားများကိုလည်း ဝဲဂယက်အဖြစ် ပြုလုပ်လိုက်သည်။

မိုဝူကျီ၏ စိတ်စွမ်းအား ဝဲဂယက်မှာ အင်မော်တယ် သဘာဝစွမ်းအား ဝဲဂယက်နှင့် ပေါင်းစပ်သွားပြီး မိုဝူကျီ ဘေးပတ်လည်တွင် ပြိုင်ဘက်ကင်း စွမ်းအား စက်ကွင်း ဖြစ်ပေါ်လာစေသည်။ အပေါ်ယံ၌  တည်ငြိမ်ကာ ရိုးရှင်းလှသော်လည်း မိုဝူကျီ၏ အင်မော်တယ် သဘာဝစွမ်းအား ဝဲဂယက်နှင့် စိတ်စွမ်းအား ဝဲဂယက်တို့မှ ဖြစ်ပေါ်လာသော စွမ်းအား စက်ကွင်း ဖြစ်၏။

ဝဲဂယက် စွမ်းအား စက်ကွင်း ဖြစ်ပေါ်လာသည်နှင့် မိုဝူကျီက ဒုတိယ လှေကားထစ်ပေါ်၌ မြဲမြဲ ရပ်နေနိုင်ပြီ ဖြစ်၏။

မိုဝူကျီက ဒုတိယအထစ်၌ ရပ်လိုက်သည်။ သူ့စိတ်ထဲ၌ ပျော်ရွင်မှုများ ကြီးစိုးနေလေ၏။ တစ်နှစ်တာအတွင်း သူက ပထမအထစ်ကို ခြေချခွင့် ရခဲ့သည်။ အပြန်အလှန်အားဖြင့် သူက  ပထမအထစ် တက်လှမ်းဖို့ရာ ဉာဏ်အလင်းပွင့်စေရန် တစ်နှစ်တာ ကုန်ဆုံးခဲ့ရသည်။ ဒုတိယအထစ်အနေနှင့် သူက တစ်ခါ ကြိုးစားကြည့်ရုံသာ ဖြစ်၏။

တစ်ခါတစ်ရံတွင် လိုချင်နေသည့် ကိစ္စများက စာရွက်ပါးလေးသာ ခြားနားနေသကဲ့သို့ ဖြစ်နေတတ်သည်။ ထိုအရာကို အသာလေးထိလိုက်ရုံဖြင့် လိုချင်တာကို ရရှိနိုင်လိမ့်မည်။

လက်ရှိ သူက ထိုစာရွက် အပါးလွှာလေးကို ခွာချလိုက်ပြီ ဖြစ်၏။ ယခု သူက အင်မော်တယ်ဖွေရှာ လှေကား ဒုတိယအထစ်၌ မြဲမြဲ တက်နေရုံသာမက  သူ့အင်မော်တယ် သဘာဝစွမ်းအား ဝဲဂယက်နှင့် စိတ်စွမ်းအား ဝဲဂယက် ပေါင်းစပ်ထားခြင်းမှ ဖြစ်ပေါ်လာသော ပြိုင်ဘက်ကင်း ကောင်းကင်အင်မော်တယ် စွမ်းအားစက်ကွင်းကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။

မိုဝူကျီက ထိုသဘောတရားများကို နားလည်ပြီးနောက် သူ့တစ်ကိုယ်လုံး  စိတ်သက်သာရာ ရသွားလေ၏။

သူက အင်မော်တယ်ဝင်ရိုးကို မဖွဲ့စည်းနိုင်လျှင်ရော ဘာအရေးလဲ ... အားလုံးကဲ့သို့ သူက အင်မော်တယ်ဖွေရှာ လှေကားပေါ် တက်လှမ်းနိုင်လေသည်။

ထိုစဉ် မိုဝူကျီ၏ စိတ်မှာ ရှင်းလင်းသွားပြီး တတိယအထစ်သို့ တက်လှမ်းလိုက်သည်။

သူ့ချီသွေးကြော ၁၀၈ ခုလုံးမှ အင်မော်တယ် သဘာဝစွမ်းအားများက ထွက်ပေါ်လာပြီး အင်မော်တယ် သဘာဝစွမ်းအား  ဝဲဂယက်များ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာသည်။ သူက စိတ်စွမ်းအား သုံးဖို့ရာပင် မလိုအပ်ပေ။ သူက အင်မော်တယ်ဖွေရှာ လှေကား မြင့်မြင့်အထိ အလွယ်တကူ တက်လှမ်းနိုင်လိမ့်မည်။

မိုဝူကျီက အင်မော်တယ်ဖွေရှာ လှေကားကို ထပ်မတက်တော့ပဲ ပြန်ဆင်းခဲ့လိုက်သည်။

မိုဝူကျီက အင်မော်တယ်ဖွေရှာ လှေကားသို့ အပြီးထိ တစ်ခါမျှ မတက်ဖူးပေ။ ပုံမှန်အားဖြင့် တခြားကျင့်ကြံသူများ အတွက် မသိသော်လည်း သူတို့က တစ်ခါတည်းဖြင့် ထိပ်ဆုံးထိ ရောက်ရှိသွားကြသည်။ အကယ်၍ သူတို့သာ နောက်တစ်ကြိမ် ကြိုးစားပါက  ဖိအားမှာ နောက်တစ်ဆ တိုးသွားပေလိမ့်မည်။ ယခု သူက အင်မော်တယ်ဖွေရှာ လှေကားကို တက်၍ အင်မော်တယ်လောကသို့ ဝင်ရန် ယုံကြည်ချက် ရှိလေသည်။

သူ ပြန်ဆင်းလာသည့် အကြောင်းအရင်းမှာ  ဖြေရှင်းစရာ ကြွေးကျန်တချို့ ကျန်ရှိနေ၍ ဖြစ်သည်။

ပထမဦးစွာ သူက ခို့ယွန်အစား လက်စားချေပေးရန် လောင်ချိုက်ကို သတ်ပစ်မည်။ ဒုတိယအနေဖြင့် သူက ဆရာကြီးဖူကျိကို ရှာရမည်။ ဆရာကြီးဖူကျိက သူတို့ကို သစ္စာဖောက်ခဲ့သည် ဖြစ်စေ၊ သစ္စာမဖောက်ခဲ့သည် ဖြစ်စေ အမှန်တရားကို ဖော်ထုတ်ရမည်။

နောက်တစ်ခုမှာ ဤအချိန်လောက်ဆိုလျှင် ယင်ပြန့်မြို့၌ အင်မော်တယ်လောကနှင့် ချိတ်ဆက်ထားသော ကူးသန်းရေး အစီအရင် တစ်ဖန် ပြုပြင်ပြီးလောက်လေပြီ။ သူ မိုဝူကျီက မကျေနပ်ချက်များကို မျိုသိပ်ထားတတ်သူ မဟုတ်၍  ထွက်သွားဖို့ရာ ပြင်ဆင်ပြီးမှတော့ ယင်ပြန့်မြို့ကို  နောက်တစ်ကြိမ်  ဖျက်ဆီးပစ်ခဲ့ရမည်။

အကယ်၍ သူက တစ်ကြိမ် လုပ်နိုင်ပါက ဒုတိယအကြိမ်လည်း လုပ်နိုင်ပေသည်။

အင်မော်တယ်ဖွေရှာ လှေကားမှ ဆင်းလာပြီးနောက် မိုဝူကျီက  ကောင်းကင် အင်မော်တယ်အဆင့် ရောက်ရန် ပြင်ဆင်ထားသော အင်မော်တယ်ကျောက်များကို ထုတ်လိုက်သည်။ သူက ကောင်းကင်အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ရောက်သည့်အခါ သူ့ပြိုင်ဘက်ကင်း ဝဲဂယက် စွမ်းအားစက်ကွင်းပါ ထည့်တွက်လိုက်သည့် အခါ လောင်ချိုက်ကဲ့သို့ ကျင်းရှန်းအဆင့် ကျင့်ကြံသူကိုပင် အချိန်တိုအတွင်း ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မည်။

***

All Chapters