မိစ္ဆာဓားမွေးဖွားလာပြီ
Vol. 56 Ch. 785
အခန်း (၇၈၅) မိစ္ဆာဓားမွေးဖွားလာပြီ
ထိုအပြာရောင်အမှုန်အမွှားလေးများက အပြာရောင်အလင်းဖြင့် အလွန်အမင်းတောက်ပနေပြီး မျက်လုံးကိုဖမ်းစားနိုင်လေရာ ပတ်ဝန်းကျင်ဧရိယာတစ်ဝက်လောက်က အပြာရောင် ပြောင်းလဲသွားသည်။
ထိုအရာများက သွေးကြောများ၏နက်နဲရာမှပေါက်ဖွားလာသော တောင်းတျဲသတ္တဝါ၏ နောက်ဆုံး အသက်သွေးကြော ဖြစ်၏။ ယခု ထိုသတ္တဝါပြန်လည်နိုးထလာရန်အတွက် အလွန်မြင့်မားသောအဆင့်သို့ရောက်ရှိလာသဖြင့် ဤ အပာရောင်အသက်သွေးကြော ထွက်ပေါ်လာခြင်း ဖြစ်သည်။
အခြားသူများဆိုလျှင် တောင်းတျဲ၏ခန္ဓာကိုယ်မှ မိစ္ဆာသွေးများအားလုံး ထုတ်ယူလိုက်လျှင်ပင် ဤလျှို့ဝှက်နည်းပညာကို ဆက်လက်အသုံးပြုပြီး မိစ္ဆာဓားကိုအောင်မြင်အောင်ပြုလုပ်ရန် ခဲယဉ်းမည် ဖြစ်သည်။
ဤသို့သောအခြေအနေများအောက်တွင် မိစ္ဆာဓားလုပ်ငန်းစဉ် ကျရှုံးသွားပြီး တောင်းတျဲသာလျှင် ပြန်လည်အသက်ဝင်လာနိုင်သည်။
တောင်းတျဲအသက်သွေးကြောထွက်ပေါ်လာသည်နှင့် ကောင်းကင်ဝါးမျိုဓားသေတ္တာ၏တုန်လှုပ်မှုက ပိုမိုမြင့်တက်လာ၏။
ရှေးဟောင်းကြေးနီဓားကြီးက ဓားအတွင်းမှ မိစ္ဆာဝိညာဉ်ကို တံဆိပ်ခတ်နိုင်ခြင်း မရှိတော့ပေ။
တောင်းတျဲ၏အော်သံကလည်း နားကွဲလုမတတ် ထွက်ပေါ်လာသည်။
ဓားသေတ္တာမျက်နှာပြင်ထက်တွင် တောင်းတျဲ၏ဦးခေါင်းက အလင်းအရိပ်ပမာ ထွက်ပေါ်လာသည်။ သူက သွေးရေကန်အတွင်းဆင်းသက်ပြီး ထိုအသက်သွေးကြောနှင့်ပေါင်းစပ်လျှက် သူ၏ခန္ဓာကိုယ်ဖြစ်သော မြေအောက်နန်းတော်ကို ပြန်လည်အသက်သွင်းလိုခြင်း ဖြစ်သည်။
သို့သော် ထိုခဏတွင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရုတ်တရက်လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးဖြင့် ကောင်းကင်ဝါးမျိုဓားသေတ္တာအပေါ်ဘက်သို့ ဖိနှိပ်ချလိုက်သည်။
အနက်ရောင်အမွှေးတိုင်အိုးလေး၏ခြေထောက်များက ဓားသေတ္တာအပြင်ဘက်နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားပြီး ထိုခဏတွင် ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးတို့ တစ်သားတည်းကျသွားသည်။ ကြည့်ရသည်မှာ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက ဤဓားသေတ္တာထက်တွင် အမြဲတမ်းတည်ရှိခဲ့သော ဆက်စပ်ပစ္စည်းတစ်ခု ဖြစ်နိုင်၏။
အနက်ရောင်အမွှေးတိုင်အိုးလေးအတွင်းမှ မီးလျှံများ ရုတ်တရက်တောက်လောင်လာပြီး ပြာမှုန့်များ လွင့်ပျံထွက်လာသည်။
ထိုသို့ဖြစ်ပျက်သွားပြီးနောက် ကောင်းကင်ဝါးမျိုဓားသေတ္တာအတွင်းမှ လွတ်မြောက်ရန်ကြိုးစားနေသော တောင်းတျဲသတ္တဝါ၏ မိစ္ဆာဝိညာဉ်က ခဏမျှ တုံ့ဆိုင်းသွားပြီး ဒေါသတကြီးကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဖဝါးတစ်ဖက်ကိုဖြန့်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ပန်ပန်...”
သူ့လက်ဖဝါးထက်မှ အလင်းရောင်တစ်ချက်လင်းလက်သွားပြီး ဝဝတုတ်တုတ်နှင့် အဖြူရောင်နှင့်အနက်ရောင် အရိပ်တစ်ခု ခုန်ထွက်လာသည်။ ခေါ်သံကြားသဖြင့် ခုန်ထွက်လာခြင်းဖြစ်ပြီးချက်ချင်းပင် သွေးကန်အတွင်းသို့ ခုန်ဝင်သွား၏။
ထိုပုံရိပ်က သေချာပေါက် ‘ပန်ပန်’ ပင်။
သူက ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲနောက်သို့ လိုက်မသွားဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ သွေးနီရေကန်တွင် ကျန်ရစ်ခဲ့ပြီး ဤသို့သောအခိုက်အတန့်ကို စောင့်မျှော်နေခြင်း ဖြစ်၏။
သွေးကန်ဆီသို့ရောက်သည်နှင့် ပန်ပန်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး တောင်းတျဲ၏အသက်သွေးကြောဖြစ်သည့် အပြာရောင်အလင်းမှုံများများကို ဗိုက်ထဲသို့မျိုချပစ်လိုက်သည်။
ချက်ချင်းပင် ပန်ပန်၏ခန္ဓာကိုယ်ထက်မှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏မျက်လုံးများက သွေးနီရောင်တောက်ပလာသည်။ ပန်ပန်၏ခန္ဓာကိုယ်မှ ပြင်းထန်သောရောင်ဝါတစ်ခုထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကြီးသည်လည်း အဆက်မပြတ် ကြီးမားလာသည်။
ပန်ပန်က များသောအားဖြင့် ခန္ဓာကိုယ်ကိုကျုံ့ထားပြီး ခပ်သေးသေးပုံစံသာနေလေ့ရှိသည်။
သို့သော် ယခုတော့ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ မူလအရွယ်အစားအတိုင်း လျှင်မြန်စွာပြန်လည်ရောက်ရှိလာပြီး တောင်တစ်တောင်ပမာကြီးမားလာသည်။
သွေးနီရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်ထက်တွင် အဆက်မပြတ်လှည့်ပတ်တောက်လောင်နေပြီး သူ၏ခန္ဓာကိုယ်အတွင်းပိုင်းမှ သွေးကြောဆုံချက်များသည်ပင် ပေါက်ကွဲလုမတတ်ပင်။
ဤတောင်းတျဲက သေဆုံးသွားပြီဖြစ်သော်လည်း ကျင့်ကြံခြင်းစွမ်းအားက မြင့်မားလွန်းသည်။ သေဆုံးနေချိန်၌ပင် သူ၏ အသက်သွေးကြောက သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မိစ္ဆာသွေးအနှစ်သာရကို ပေါင်းစပ်ထားနိုင်သည်။ ထို့ကြောင့် ထိုအသက်သေးကြောထဲတွင်ပါရှိသောစွမ်းအားကို ပန်ပန်မျိုချလိုက်ပြီး အန္တရယ်ကင်းစွာစုပ်ယူနိုင်သည့်အခြေအနေနှင့် အလှမ်းဝေးနေခြင်း ဖြစ်၏။
သို့ပေသိ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း ထိုအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူက ကောင်းကင်ဝါးမျိုဓားသေတ္တာကို ပန်ပန်၏ဦးခေါင်းထက်သို့ ရွှေ့ပြောင်းလိုက်၏။
ဓားသေတ္တာထက်တွင်ရှိသော အကာအကွယ်အလင်းတန်းက လက်ခနဲတောက်ပသွားပြီး ကြီးမားသည့်စုပ်ယူစွမ်းအားကြီးတစ်ခုထွက်ပေါ်လာကာ ပန်ပန်ခံစားနေရသည့်ဖိအားများကို ချက်ချင်း စုပ်ယူပစ်လိုက်သည်။
ထိုအခါမှ ပန်ပန်၏မျက်လုံးများအတွင်းမှ ရိုင်းစိုင်းမှုနှင့် နာကျင်မှုများပျောက်ကွယ်သွားပြီး ပြန်လည်တည်ငြိမ်သွားသည်။
ပန်ပန်၏ကြီးမားသောခန္ဓာကိုယ်ကြီးက ပြန်ကျုံ့ဝင်သွားခြင်းမရှိသေးဘဲ အောက်ဘက်ရှိသွေးကန်ထဲသို့ဆင်းသက်သွားပြီး တောင်းတျဲနှလုံးသားထဲတွင် ကျန်ရှိနေသော မိစ္ဆာသွေးပမာဏများစွာကို စုပ်ယူပစ်လိုက်၏။
ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးတို့ လုံးဝပေါင်းစပ်သွားသည့်အခါ စောစောက အပြင်ထွက်လာရန် ခြေတစ်လှမ်းသာရှိတော့သော တောင်းတျဲသတ္တဝါ၏မိစ္ဆာဝိညာဉ်က အထဲတွင် ချက်ချင်းပြန်လည်ပိတ်မိသွားသည်။
ရှေးဟောင်းကြေးနီဓားကြီး၏မျက်နှာပြင်ထက်တွင် အလင်းတန်းတစ်ခု တောက်ပလာပြီး ဓားအတွင်းပြန်ဝင်သွားသော တောင်းတျဲမိစ္ဆာဝိညာဉ်၏ ဒေါသတကြီးဟိန်းဟောက်သံများ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
မွေးကင်းစကလေးငယ် ငိုကြွေးသံနှင့်တူသော စူးရှသည့်အော်သံများ ဓားသေတ္တာအတွင်းမှ ထွက်ပေါ်လာပြီး ရေအောက်နန်းတော်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။ သို့သော် မကြာမီပင် ထိုအသံက ဓားသံတချွင်ချွင်အဖြစ် ပြောင်းလဲသွား၏။
တန်ခိုးစွမ်းအားမြင့်မားလှသော ရောင်ဝါတစ်ခုက ကောင်းကင်ထိတိုင်ပျံသန်းသွားပြီး လူတိုင်း၏စိတ်နှလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။
ခန်းဖင်း ၊ ကုဟုန်နှင့်အခြားသူများ အံ့အားသင့်သွားကြသည်။
“ဒါ... ဒါက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု မွေးဖွားလာတာပဲ ၊ အရမ်းစွမ်းအားကြီးမားတဲ့ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းပဲ ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေကြားထဲမှာ ထိပ်တန်းအဆင့်ပဲ”
သွေးကန်ထဲမှသွေးရည်များ ခြောက်ခမ်းသွားပြီး တောင်းတျဲသတ္တဝါ၏ မိစ္ဆာနှလုံးသားသည်လည်း သူ၏ အကြွင်းအကျန်ခန္ဓာကိုဘ်မှ တဖြည်းဖြည်း ကွဲထွက်သွားသည်။
တောင်းတျဲ၏ ကျန်ရှိသော ခန္ဓာကိုယ်တစ်ခုလုံးသည် ယခုအခါ တွင်းနက်များ အဖြစ်သို့ ပြောင်းလဲသွားသည် ။
မရေမတွက်နိုင်သော တွင်းနက်များ တဖြည်းဖြည်းပေါင်းစည်းသွားပြီး အရာခပ်သိမ်းနှင့် သက်ရှိအားလုံးကို ဝါးမျိုသွားတော့မည့် အလွန်နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖြစ်တည်လာသည်။
ကျူတောပင်လယ်ဒေသရှိ သဘာဝပသာဒနယ်မြေ ပင်လယ်ပြင်တွင် အဆုံးမဲ့သံလိုက်မုန်တိုင်းများ အစဉ်အမြဲ တိုက်ခတ်လျှက် ရှိသည်။ သို့သော် ထိုမုန်တိုင်းများသည် ယခုအချိန်တွင် တဖြည်းဖြည်း လျော့ပါးလာသည်။
သို့ရာတွင် ဤသို့ဖြစ်လာခြင်းက ပိုမိုကြီးမားသော ကပ်ဘေးအန္တရယ်တစ်ခု၏ အစသာလျှင် ဖြစ်၏။
သဘာဝပသာဒနယ်မြေမှ ပင်လယ်ရေများသာမက ထိုနယ်မြေနှင့်ဆက်စပ်နေသည့် ကန္တာတောင်နယ်မြေသည်ပင် အတွင်းထဲသို့ပြိုကျလာသည်။
ပင်လယ်အောက်ခြေတွင် ကြီးမားသောတွင်းနက်ကြီးတစ်ခုဖြစ်ပေါ်လာပြီး အပေါ်ဘက်မှအရာအားလုံးကို မရပ်မနားမျိုချပစ်နိုင်သော ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားကို ထုတ်လွှတ်လျှက် ရှိသည်။
ပင်လယ်နက်ရှိုင်းရာတွင်ရှိနေသော ရေအောက်နန်းတော်က လုံးဝပျောက်ကွယ်သွားခဲ့ပြီး နဂိုက နန်းတော်ထဲတွင်ရှိနေကြသူများအားလုံးမှာ ယခုတော့ တွင်းနက်ကြီးထဲတွင် ပိတ်မိနေသည်။
ထိုကြောက်မက်ဖွယ်ရာစွမ်းအားက ခန်းဖင်းကဲ့သို့ အမတကူးပောင်းခြင်းအဆင့် သိုင်းသူတော်စင်ကိုပင် ပြဿနာအကြီးအကျယ်တွေ့စေပြီး ရုန်းထွက်ရန်မတတ်နိုင်ဘဲ ဖိနှိပ်ခံနေရသည်။
ခန်းဖင်း ၊ ဟယ်တုန်းချင် ၊ ကုကျန်း သို့မဟုတ် လော့ကျီးထောင် ၊ ကုန်ဟုန်နှင့် ကုန်းစွန်းမင်တို့အားလုံး သူတို့၏ရန်သူများကို အရေးမစိုက်နိုင်ကြတော့ပေ။ တွင်းနက်ကြီးမှလွတ်မြောက်ရန်သာ သူတို့အားလုံး အစွမ်းကုန်ကြိုးစားနေကြရသည်။
တောင်းတျဲက အောင်မြင်စွာပြန်လည်ရှင်သန်လာနိုင်ခြင်းမရှိသော်လည်း ပြိုင်ဘက်ကင်းအောင် ရက်စက်ကြမ်းတမ်းသော ရတနာဓားတစ်လက်အဖြစ် မွေးဖွားလာခဲ့သည်။
သို့သော် ကျန်ရှိနေသည့် အသွေးအသားနှင့်စွမ်းအားများက အပြည့်အဝ လှုံ့ဆော်ခံလိုက်ရပြီးမှ မိစ္ဆာဝိညာဉ်က သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်နိုင်ခြင်းမရှိတော့လေရာ ကျန်ရှိနေသောစွမ်းအားများက ဒေါသတကြီးဖြင့် သွေးရူးသွေးတန်း ပေါက်ကွဲသွားခြင်းပင် ဖြစ်သည်။
တောင်းတျဲ၏ အသွေးအသားများ အပြည့်အဝလောင်ကျွမ်းသွားပြီး အရာခပ်သိမ်းကိုမျိုချနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ရာ တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ယခုအချိန် တွင်းနက်ကြီးထဲမျိုချစုပ်ယူခံရသောမည်သူမဆို ပြာမှုန့်အဖြစ် ပြောင်းလဲသွားပေမည်။
သက်ရောက်မှုအနည်းဆုံးနေရာမှာ တောင်းတျဲမိစ္ဆာ၏ နှလုံးသားနေရာပင် ဖြစ်၏။
မိစ္ဆာနှလုံးသားနေရာက ရေအောက်နန်းတော်၏ တစ်ခုတည်းသော အကြွင်းအကျန်အစိတ်အပိုင်းအဖြစ် ကျန်ရှိနေပြီး အောက်ဘက်မှတွင်းနက်၏ဆွဲငင်အားကို ခုခံထားနိုင်ပြီး မူလပုံစံအတိုင်း ထိန်းသိမ်းထားနိုင်သည်။
ရေအောက်နန်းတော်နေရာ မပျက်ဆီးသေးသည့် သွေးရေကန်ဆီသို့ မီးလျှံဇာမဏီငှက်တစ်ကောင်ပျံသန်းလာပြီး ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသည်။
ရုတ်တရက်အဖြစ်အပျက်များကြောင့် သူက အလွန်တုန်လှုပ်လျှက် ရှိသည်။
“ဒီနန်းတော်က တောင်းတျဲအသေကောင်တစ်ကောင်နဲ့ဖွဲ့စည်းထားတာကိုး ၊ ပြီးတော့ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုလည်း ဒီနေရာမှာ ရှိနေသေးတယ်”
“မဟုတ်သေးဘူး ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းက အခုမှအောင်မြင်ပြီးမြောက်သွားတာ ၊ ဘိုးဘေး’ဟေး’ က သေဆုံးသွားခဲ့တာ အချိန်ကြာလှပြီ ၊ ဒါက သူမသေခင် သူချန်ထားခဲ့တဲ့ ထုံးတမ်းအစီအရင် ယန္တရားတစ်ခုပဲ ဖြစ်ရမယ် ၊ ဒီနေ့အထိ မပြီးဆုံးသေးဘဲကျန်ရစ်နေခဲ့တာလား”
မီးလျှံဇာမဏီငှက်အလယ်တွင် လူငယ်တစ်ဘောက်အသွင်ပေါ်လာပြီး ထိုသူက မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးထားသည်။
“ဇာမဏီအရိုးအပြင် ဘိုးဘေး’ဟေး’ က ဒီလိုမျို ထုံးတမ်းအစီအရင်တွေလုပ်ခဲ့မယ်လို့ ထင်မထားခဲ့ဘူး ၊ ဒီအကြောင်းသာ စောစောကသိခဲ့ရင် ဒီလိုပြဿနာဖြစ်မှာ မဟုတ်ဘူး”
လူငယ်က တွေးရင်းဖြင့် ရန်ကျောက်ကဲနှင့် ထန်ယုံဟောင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
“ဒီနေရာက အန္တရယ်ကင်းနေလို့ တော်သေးတယ် ၊ ဇာမဏီအရိုးကိုယူပြီးမှာ ဟို အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို သွားယူရမယ်”
သူက နေရာတိုင်းကို အကဲခတ်လိုက်ပြီး ရန်ကျောက်ကဲကိုဖမ်းဆီးရန် သူ့အလက်များကို ဆန့်တန်းလိုက်သည်။
မီးလျှံဇာမဏီငှက်က အတောင်ပံများကို ဖြန့်ကားလိုက်ပြီး မီးလျှံများက ကောင်းကင်ထိတိုင် ဖြတ်သန်းမြင့်တက်သွားသည်။
ထူးကဲယန်စည်းတံဆိပ်က ထွန်းလင်းတောက်ပလာသော်လည်း ရန်သူ၏ခန္ဓာကိုယ်ထက်တွင်လည်း အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော အနီရင့်ရောင်အလင်းတန်းတစ်ခု တောက်ပနေသည်။
ထိုပစ္စည်းက ထူးကဲယန်စည်းတံဆိပ်လောက် မကောင်းမွန်သော်လည်း ထိုလူငယ်၏ကျင့်ကြံခြင်းအဆင့်က ရန်ကျောက်ကဲထက် ပိုမိုမြင့်မားသဖြင့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ စွမ်းအားကို ပိုမိုကောင်းမွန်စွာ ထုတ်ဖော်နိုင်သည်။
သို့သော် ရန်ကျောက်ကဲက တည်ငြိမ်နေဆဲပင်။
ထို့နောက်မှာတော့ အလွန်ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ကျောထက်တွင် ကြီးမားသောအနက်ရောင်ဓားသေတ္တာတစ်ခုလွယ်ထားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လူတိုင်းရှေ့တွင်ပေါ်လာသည်။
ဇာမဏီအတောင်ပံများခတ်လိုက်သောကြောင့် ဖြစ်ပေါ်လာသည့် မီးတောက်မီးလျှံများကို ဓားအလင်းတန်းကစုပ်ယူသွားပြီး သဲလွန်စမရှိ ကွယ်ပျောက်သွားသည်။
တစ်ဖက်လူက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး မီးလျှံဇာမဏီငှက်က တုန်လှုပ်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် ဓားသေတ္တာကို ချလိုက်ပြီး လက်ခုပ်တီးလိုက်သည်။
ဓားသေတ္တာပွင့်သွားပြီးအဆုံးမရှိသော ဓားစွမ်းအားများက ရိုင်းးစိုင်းကြမ်းတမ်းစွာ လွင့်ပျံထွက်လာ၏။
ဓားချီက လေထုထဲတွင် တောက်လောင်နေသော မီးတောက်မီးလျှံများကို ခွဲထုတ်လိုက်သည်။
သို့သော် ဓားချီများ ပျောက်ဆုံးသွားသည့်အခါ ဓားသေတ္တာအတွင်းမှ ဓားအလင်းတန်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။