အသက်မဲ့မြစ်အတွင်း ကြိုတင်ခန့်မှန်းမရနိုင်သည့် အခြေအနေ
Vol. 36 Ch. 490
ဆေးလုံးဖော်စပ်နည်းများ ရရှိပြီးနောက် မိုဝူကျီက အတော်လေး စိတ်အေးလက်အေး ဖြစ်သွားသည်။ ထို့အပြင် ပီခန်းကို သတ်လိုက်ခြင်းမှာ အင်မော်တယ် လောက ယုံရင် အစွန်းအဖျားကို ထိန်းချုပ်နေသည့် အမှန်တရားမှာ ပြောင်းလဲမသွားပေ။ သူက ယုံရင် အစွန်းအဖျားနေရာ၌ အမြဲမနေနိုင်ပေ။ အကယ်၍ သူက ယုံရင် အစွန်းအဖျား နေရာကို အမှန်တကယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရလိုပါက သူက အင်မော်တယ်လောကအတွင်း အာဏာကို မဖြစ်မနေ လုရမည် ဖြစ်၏။ သို့သော်လည်း ထိုအရာများမှာ မိုဝူကျီအတွက် စိတ်ကူးသပ်သပ်သာ ရှိနေသေးသည်။
မိုဝူကျီက ထိုအတွေးဖြင့် သလင်းကျောက်ကို ဆွဲယူကာ ပြောလိုက်သည် “ ခင်ဗျားတို့ အခြေအနေ သုံးရပ်လုံး အဆင်ပြေတယ် ”
“ တာအိုရောင်းရင်းမိုကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ တာအိုရောင်းရင်းမိုက ကျုပ်ရဲ့ ယင်ပြန့်မြို့ဆီ နောက်တစ်ခေါက် ရောက်လာရင် ဂုဏ်ကျက်သရေရှိ ဧည့်သည်တော် အဖြစ် အမြဲကြိုဆိုပါ့မယ် ”
ပီခန်းက မိုဝူကျီ စကားများ ကြားသောအခါ အစုံလိုက် အပြုံလိုက် အသတ်ခံ ရမည့် ဤကပ်ဘေးမှ ဖြတ်ကျော်နိုင်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
မိုဝူကျီက ပီခန်း စကားများကို စိတ်ထဲ မထားဘဲ ဟုန်ကျူဘက် လှည့်ကာ
“ ဟုန်ကျူ ..... ခင်ဗျားက ယင်ပြန့်မြို့မှာ နေလာတာ အကြာဆုံးဆိုတော့ မေးခွန်း နည်းနည်းလောက် မေးကြည့်ချင်တယ် ”
ဟုန်ကျူက မြန်မြန် ပြောလိုက်သည် “ တာအိုရောင်းရင်းမို ... ကြိုက်တာ မေးပါ။ ဟုန်ကျူက အကောင်းဆုံး ဖြေပေးပါ့မယ် ”
ကျင်းရှန်းအဆင့် ဖြစ်သည့် ဟုန်ကျူက ကောင်းကင် အင်မော်တယ် ဖြစ်သည့် မိုဝူကျီကို လေးလေးစားစား ဆက်ဆံနေရသည်။ သို့သော်လည်း ပီခန်းနှင့် ဟူမင်တို့က သူ့အပေါ် မကျေမနပ် မရှိကြပေ။ မိုဝူကျီက သူ့အား အလွယ်တကူ သတ်ပစ်နိုင်သည့်အတွက် လေးလေးစားစား မဆက်ဆံ မိလျှင် သေခြင်းတရားနှင့် တွေ့ဆုံသွားနိုင်လေ၏။
မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်
“ ပထမဆုံး မေးခွန်းက အင်မော်တယ် တစ်ပိုင်းနယ်ပယ်က အင်မော်တယ် ဝင်ရိုး ကျောက်တုံးတွေကို ထုတ်လုပ်ပြီးတော့ အင်မော်တယ် နယ်မြေဆီကို ပေးပို့ရတယ်။ ပြီးတော့ အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှာ အထူးသစ်သား စွမ်းအင် ရှိနေတာဆိုတော့ အဲဒီစွမ်းအားကို မဖယ်ဘဲ ကြာကြာ နေနေမယ်ဆိုရင် သစ်သားအဖြစ် ပြောင်းလဲ သွားလိမ့်မယ်တဲ့။
အဲဒီအထူး သစ်သားစွမ်းအင်ကို ဖယ်ရှားနိုင်တဲ့ သစ်သားဓာတ် ပျော်ဝင်ဆေးလုံး ရှိတယ်လို့ ကြားထားတယ် ”
ထိုနေရာ ရောက်သည့်အခါ မိုဝူကျီက လေသံ ပြောင်းလိုက်သည်။
“ဒီသစ်သားဓာတ် ပျော်ဝင်ဆေးလုံးကို သတ္တုသဘာဝ ဝိညာဉ်ကြော ပိုင်ရှင် ဆေးလုံး ဆရာကပဲ ဖော်စပ်လို့ ရတယ်။ ကျုပ် အင်မော်တယ် တစ်ပိုင်းမှာ ရှိနေတုန်း နည်းနည်း လေ့လာ ကြည့်ပေမဲ့ သတ္တုသဘာဝ ဝိညာဉ်ကြော ပိုင်ရှင် ဆေးလုံး ဆရာကို ရှာမတွေ့ခဲ့ဘူး။ ဆေးဖော်စပ်နည်းကို စုံစမ်းကြည့်တော့ ဒီနေရာက ရောက်လာတာလို့ သိလိုက်ရတယ်။
အခု အဲဒီ သတ္တု သဘာဝ ဆေးလုံးဆရာတွေက ယင်ပြန့်မြို့ထဲ ရှိနေလားဆိုတာ ကျုပ်ကို ပြော .... ”
မိုဝူကျီ လေသံပြောင်း သွားသည်နှင့် ဟုန်ကျူက တုန်ယင်သွားမိသည်။ သူက မိုဝူကျီ၏ လူသတ်ငွေ့များကို ခံစားမိနေ၏။ သူက ထိုင်နေသော်လည်း မိုဝူကျီ စကားများကြောင့် ထိတ်လန့်သွားကာ နောက်ပင် လှန်သွားသေး၏။ သူက ဖြည်းဖြည်းချင်း လက်နှစ်ဖက်ယှက်ကာ
“ တာအိုရောင်းရင်းမိုရဲ့ စကားတွေက မှန်ပါတယ်။ အဲဒီဆေးလုံးတွေကို ဒီယင်ပြန့်မြို့ကနေ ထောက်ပံ့ ပေးထားတာပါ”
ဒါပေမဲ့ အဲဒီ သတ္တုသဘာဝ ဝိညာဉ်ကြောပိုင်ရှင် ဆေးလုံးဆရာတွေက ယင်ပြန့်မြို့ထဲမှာ မရှိတော့ဘူး။ အဲဒီ သစ်သားဓာတ် ပျော်ဝင်ဆေးလုံးကို ဖော်စပ်တာက လူတစ်ယောက်ရဲ့ သက်တမ်းနဲ့ အသက်သွေးကို ထိခိုက်စေတယ်လေ။
ပြီးတော့ သတ္တုသဘာဝ ဆေးလုံးဆရာတွေက အတော်လေး ရှားတယ်။ အဲဒါမလို အင်မော်တယ်နယ်မြေက နည်းမျိုးစုံသုံးပြီးတော့ ဂြိုဟ်အမျိုးမျိုးမှာ ရှိတဲ့ သတ္တုသဘာဝ ဆေးလုံးဆရာတွေကို လိုက်ရှာပြီးတော့ ယုံရင်အစွန်းအဖျားဆီ ခေါ်လာကြတယ်။
အဲဒီနောက်မှ အင်မော်တယ် လောကကို ပို့ပေးကြတာ။ မြို့စားနဲ့ ကျုပ်တို့တောင် သူတို့တွေ ဘယ်မှာရှိတယ် ဆိုတာ မသိဘူး ”
ဟုန်ကျူက မိုဝူကျီ မေးခွန်းကို ဖြေပေးရုံသာမက မိုဝူကျီ မေးသည်ထက် ပိုရှင်းပြ လိုက်သည်။
မိုဝူကျီက ဟုန်ကျူ အဖြေကို ကြားသည့်အခါ ဤနေရာတွင် သတ္တုသဘာဝ ဆေးလုံး ဆရာအကြောင်း ထပ်စုံစမ်း၍ မရနိုင်တော့ကြောင်း သိလိုက်ပေသည်။ ဟုန်ကျူ၏ စကားများက မှန်ကန်နေပေသည်။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး
“ ဒုတိယမြောက်မေးခွန်းက မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ အားလုံး သူတို့ ဂြိုဟ်အမျိုးမျိုးကနေ အင်မော်တယ် တစ်ပိုင်းနယ်ပယ်ကို ရောက်လာတဲ့ ကိစ္စကရော အင်မော်တယ်လောကနဲ့ သက်ဆိုင်နေတာလား ”
ဟုန်ကျူက မြန်မြန် ဖြေလိုက်သည် “ တာအိုရောင်းရင်းမို ကျုပ် တကယ် မသိပါဘူး ”
မိုဝူကျီက သူတို့ဘက် လှည့်ကြည့်သည်ကို မြင်လိုက်သည့်အခါ ပီခန်းနှင့် ဟူမင်တို့က စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်ကြသည်
“ တာအိုရောင်းရင်းမို ... ကျုပ်တို့လည်း ဒီကိစ္စကို မသိကြဘူး ”
မိုဝူကျီက ထပ်မမေးတော့ပေ။ ထိုလူများမှာ ယင်ပြန့်မြို့သို့ လွှတ်ထားသော ပုရွက်ဆိတ်မျှသာ ဖြစ်ကြောင်း ယုံကြည်သည်။ သူတို့က ဘာမှမသိသည်မှာ မျှော်မှန်း ထားသလို ဖြစ်၏။
“ တတိယမေးခွန်းက ကျုပ်က ယုံရင် အကျဉ်းထောင်ကို တစ်ခေါက် ရောက်ဖူးတယ်။ ကြည့်ရတာ ထိပ်တန်း ပါရမီရှင်တေွကို ဖမ်းဆီးထားတဲ့ပုံပဲ ။ အဲဒီအကြောင်းကရော ... ”
မိုဝူကျီက ထိုမေးခွန်း မေးလိုက်သည်နှင့် ပီခန်းနှင့် အခြားလူမျက်နှာမှာ ဖြူဖျော့ သွားကြောင်း ခံစားမိလိုက်သည်။ သူက ထိုမေးခွန်းကို မမေးသင့်ကြောင်း ရုတ်ခြည်း အတွေးဝင်လာမိသည်။
အချိန်ခဏအကြာတွင် ဟုန်ကျူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်
“ ဒီလိုအရာကို တကယ် ဖြစ်ခဲ့တာကိုး .... ကျုပ်က ကောလဟာလပဲ ကြားဖူးတာ။
ဒီကိစ္စက ကျုပ်တို့လို ပါးမွှားလေးတွေ သိနိုင်တဲ့ ကိစ္စ မဟုတ်တော့ အစ်ကိုမို ကျုပ်တို့ကို ခြိမ်းခြောက်ရင်တောင် တိကျတဲ့ အဖြေကို ပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ် ဟုန်ကျူက ဒီမေးခွန်းကို အစ်ကိုမို မေးခဲ့ကြောင်း ပြောမိခဲ့ရင် မိုးကြိုးပစ်ပြီး ပြန်လည် ဝင်စားခွင့် မရဘဲ သေပါစေ ...”
ဟုန်ကျူ ကျိန်ဆိုပြသည်ကို မြင်၍ ပီခန်းနှင့် ဟူမင်တို့လည်း မြန်မြန် မတ်တတ်ရပ်ကာ မိုဝူကျီ မေးခွန်းကိစ္စအကြောင်း ထုတ်ဖော်ပြမည် မဟုတ်ကြောင်း ကျိန်ဆိုလိုက်ကြသည်။
မိုဝူကျီ စိတ်ထဲ လေးလံမိသွားသည်။ သူက ယခင်မေးခွန်းကို မမေးသင့်ကြောင်း သိလိုက်သည်။ ထိုမေးခွန်းကို မေးပြီးနောက်တွင် သုံးယောက်လုံးကို ရှင်းထုတ် ပစ်သည်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။ သို့သော်လည်း ဟုန်ကျူက ကျိန်ဆိုထားသည့် အတွက် သူတို့ သုံးယောက်ကို သတ်လိုက်လျှင် သူ့စံနှုန်းနှင့် ဆန့်ကျင်နေပေလိမ့်မည်။
မိုဝူကျီက ထိုအကြောင်းကို ထပ်မပြောတော့ပေ။ ထို့အစား ဆက်ပြီး မေးလိုက်သည်
“ နောက်မေးခွန်းတစ်ခုက ကျုပ်ဆီမှာ အင်မော်တယ် ဝင်ရိုးကျောက်တုံး အများကြီး ရှိပြီးတော့ လော့ချွမ်းဟယ်ဆီမှာ အင်မော်တယ် ကူးသန်းရေး သင်္ဘောရှိနေတယ် ဆိုတာ ယင်ပြန့်မြို့ကို ဘယ်သူ လာပြောတာလဲ ”
ဟုန်ကျူက မိုဝူကျီဆီမှ လူသတ်ငွေ့များ ဖိနှိပ်ထားသည်ကို ခံစားမိ၍ ဘာကိုမျှ လျှို့ဝှက် မထားတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်
“ အဲဒါက ခို့ယွန်ပါ သူက .... ”
“ မဖြစ်နိုင်တာ ” မိုဝူကျီက ဟုန်ကျူ စကားများကို ဖြတ်ပြောလိုက်သည်။ သူက ခို့ယွန် စရိုက်သဘောထားကို ကောင်းကောင်း သိ၍ ခို့ယွန်က သူ့အား သစ္စာဖောက်လိမ့်မည်ဟု မယုံနိုင်ပေ။ သူနှင့် ခို့ယွန်တို့ မိတ်ဆွေ ဖြစ်လာခြင်းမှာ ခို့ယွန်၏ အကျင့်စရိုက်ကြောင့်သာ ဖြစ်ပေ၏။
ဟုန်ကျူက မြန်မြန် ရှင်းပြလိုက်သည်
“ ခို့ယွန်က ပါရမီရှင် တစ်ယောက် ဆိုပေမဲ့လည်း သူက ထိပ်တန်း ပါရမီရှင် စာရင်းထဲတော့ မပါဘူး။ အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှာ ရှိနေတုန်း ကောင်းကင် အင်မော်တယ် အဖြစ် တက်လှမ်းဖို့ သူ့မိုးကြိုးစမ်းသပ်ချက် ကြုံလာတဲ့ အကြောင်းအရင်းက လော့ယွင်ကြောင့်ပဲ။
လော့ယွင်က ခို့ယွန်ရဲ့ စိတ်ထဲမှာ ကျင်းရှန်းအဆင့် ကမ္ဘာဦး စိတ်ဝိညာဉ် အမှတ်အသား ဝှက်ထားတာ။ ယုံရင် အစွန်းအဖျားနေရာကို ရောက်လာပြီးတော့ ခို့ယွန် တိုက်ခိုက်နေတုန်း အဲဒီကမ္ဘာဦး စိတ်ဝိညာဉ်က ခို့ယွန်ကို အပိုင်စီးဖို့ အခွင့်အရေး ရသွားတာ ”
“ အဲဆို အခုခို့ယွန်က ဘယ်မှာလဲ ”
မိုဝူကျီက သူ့လူသတ်ငွေ့များကို ဖုံးကွယ်ထားဖို့ရန် မကြိုးစားတော့ပေ။ အကယ်၍ သူက ခို့ယွန်ကို အပိုင်စီးထားသော လူကို မသတ်နိုင်ပါက စိတ်ရှင်းရှင်းဖြင့် နေနိုင်မည် မဟုတ်ပေ။
“ ခို့ယွန်က အင်မော်တယ်လောကကို ရောက်သွားပြီ ” ဟုန်ကျူက သတိထားကာ ဖြေပေးလိုက်သည်။
“ အဲဆို အင်မော်တယ် ကူးသန်းရေး သင်္ဘောက ခို့ယွန်နဲ့ ပါသွားတာလား ” မိုဝူကျီက လူသတ်ငွေ့ကို ချိုးနှိမ်ထားရင်း နှာခေါင်းရှံ့ကာ မေးလိုက်သည်။
ဟုန်ကျူက မြန်မြန် ဖြေပေးလိုက်ကာ
“မဟုတ်ဘူး။ ခို့ယွန်က အင်မော်တယ် တစ်ပိုင်းနယ်ပယ်က တခြားသူတွေနဲ့ သဘောတူညီချက် ရှိတဲ့ပုံပဲ။ အင်မော်တယ် ကူးသန်းရေး သင်္ဘောကို အဲဒီသူ ယူသွားတာ ”
မိုဝူကျီက သက်ပြင်းချလိုက်မိသည်။ ချမ်းသာကြွယ်ဝမှုမှာ လူအများ၏ စိတ်နှလုံးကို အမှောင်ဖုံး သွားနိုင်စေသည်။ တချို့သော ကျင့်ကြံသူများ အတွက် မိတ်ဆွေများကို ရတနာများနှင့် နှိုင်းယှဉ်၍ မရပေ။ ထို့အပြင် သူတို့အဖွဲ့မှာ ယာယီ ပူးပေါင်းခဲ့ခြင်းသာ ဖြစ်၏။
မိုဝူကျီက ဆက်နေနေဖို့ရာ စိတ်ခံစားချက် မဟုတ်တော့ပေ။ သူက မတ်တတ် ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ တကယ်တော့ ဒီနေ့ သတ်ပစ်ဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ ကျုပ်က သတ်ဖြတ်ရတာ မကြိုက်တဲ့လူ ...
ပြီးတော့ ခင်ဗျားတို့ကလည်း အခြေအနေတွေကို လိုက်ဖြည့်ဆည်း ပေးနိုင်တယ် ဆိုတော့ ဘာမှ မလုပ်တော့ပါဘူး။ ခင်ဗျားတို့တွေ ကျုပ်ကို တစ်ခုခု လုပ်ဖို့ အကြောင်းပြချက် မပေးဖို့ မျှော်လင့်တယ်။
မဟုတ်ရင် ကျုပ် တတိယ အကြိမ်မြောက် ရောက်လာရလိမ့်မယ် ”
ထိုသို့ပြောပြီး မိုဝူကျီက ဧည့်ခန်းမမှ ထွက်လာကာ ပျောက်ကွယ် သွားတော့သည်။
ဖြစ်စဉ် တစ်ခုလုံးတွင် ပီခန်း၏ စိတ်ခံစားချက်များမှာ စိတ်ဆိုးရာမှ ဒေါသအဖြစ် .. ထိုမှတဆင့် ကူကယ်ရာမဲ့ အဖြစ် ... နောက်ဆုံးတွင် လက်ခံသည့် အဆင့်အဖြစ် ရောက်ရှိ သွားတော့သည်။
အစပိုင်းတွင် ဖြစ်နေပြီး မိုဝူကျီသာ ထိုသို့ မောက်မောက်မာမာ ထွက်သွားပါက မိုဝူကျီကို သတ်ပစ်ရန် နည်းလမ်းများကို စဉ်းစားလိမ့်မည်။ သို့သော် ယခုတွင် သူက အလွန်တည်ငြိမ် နေပေသည်။ သူ့အတွက် ယင်ပြန့်မြို့မှာ နေစရာ နေရာတစ်ခုမျှသာ ဖြစ်၏။ အချိန်တချို့ အကြာတွင် သူက ယင်ပြန့်မြို့မှ ထွက်သွားရလိမ့်မည်။ ဤနေရာတွင် ဖြစ်ပျက်လာမည့် ကိစ္စများမှာ သူနှင့် မသက်ဆိုင်တော့ပေ။
ဟုန်ကျူက မိုဝူကျီ ထွက်သွားသည်နှင့် မတ်တတ် ရပ်လိုက်သည်။ သူ ယင်ပြန့်တွင် နေနေသည့် အကြောင်းအရင်းမှာ မိုဝူကျီသည် ဒုတိယအကြိမ်မြောက် ရောက်လာမည် မဟုတ်မှန်း ယုံထား၍ ဖြစ်သည်။ သို့သော် ယခုတွင် မိုဝူကျီက ယင်ပြန့်မြို့သို့ ဒုတိယအကြိမ် ရောက်လာပေသည်။ သူ့ပူးပေါင်းမှုကြောင့်သာ မဟုတ်လျှင် လောင်ချိုက်ကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံသွားပေလိမ့်မည်။ သူက ယင်ပြန့်မြို့တွင် ဆက်နေနေ၍ မဖြစ်တော့ပေ။ ဤနေရာမှ အမြန်ထွက် သွားရမည်။ သူက မိုဝူကျီ လက်မှ နှစ်ခါ လွတ်မြောက်ခဲ့သော်လည်း တတိယ အကြိမ်မြောက်ကို မည်သူမျှ မမှန်းဆနိုင်ပေ။
ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်နှင့် အင်မော်တယ် လောကနှင့် ချိတ်ဆက်ထားသော ကူးသန်းရေး အစီအရင်ကို ဖျက်ဆီးပစ်သည်မှာ သူ့အတွက် ဒုတိယ အကြိမ်မြောက် ဖြစ်၏။ အင်မော်တယ် လောက မှ မည်သို့ တုံ့ပြန်မည်ကို လုံးဝ အရေးမစိုက်ပေ။
ထိုစဉ် သူက ယုံရင်အစွန်းအဖျားနေရာ အစုံသွား၍ ဖြစ်စဉ်ဆန်းများ ဖန်တီးလိုက်သည်။ ယခင် သူ့အလိုရှိ ဖမ်းဝရမ်း ကပ်ထားကြသော မြို့များမှာ မိုဝူကျီ တစ်ခေါက် သွားရောက်ပြီးနောက် ထိုပုံတူများကို ဖြုတ်ချ လိုက်ကြရသည်။ ထိုအရာကို မြင်သည့်သူ အားလုံးက ဘာမှမဖြစ်သည့် အလား ပြုမူနေကြ၏။ တချို့လူများက ရပ်၍ မိုဝူကျီကို ဦးညွတ် သွားသေးသည်။
တချို့မြို့များနှင့် မြို့ငယ်များတွင် မိုဝူကျီက အလိုရှိ ဖမ်းဝရမ်း မဟုတ်တော့ပေ။ သူတို့က ဦးဆုံး မိုဝူကျီ၏ ပုံတူကို ဖြုတ်ချ ပေးလိုက်ကြသည်။
ယုံရင်အစွန်းအဖျား နေရာများဆီ သုံး၊ လေးလလောက် ခြေဆန့်ပြီးနောက် မိုဝူကျီက အသက်မဲ့မြစ်သို့ ပြန်လာခဲ့လိုက်သည်။
ထိုအချိန်အတွင်း သူက အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှ ကျင့်ကြံသူတချို့နှင့် တွေ့သေး၏။ သို့သော်လည်း ပြန့်ရွမ်းပိနှင့် ချူယန်တို့ကဲ့သို့ ရင်းနှီးသည့် မျက်နှာများကို မမြင်မိပေ။ ဆရာကြီး ဖူကျိအတွက် သတင်းကိုပင် မကြားမိလိုက်ပေ။
ထို့အပြင် သူ့ကျင့်ကြံဆင့်မှာ ကျင်းရှန်းအဆင့် တက်လှမ်းခါနီးနေပြီ ဖြစ်ကြောင်း ခံစားမိနေသည်။ ယုံရင် အစွန်းအဖျားနေရာ၌ ကျင့်ကြံခြင်း အထောက်အပံ့များမှာ ကန့်သတ်ချက် ရှိနေသောကြောင့် မိုဝူကျီက အင်မော်တယ် လောကသို့ သွားရန် ဆုံးဖြတ်လိုက်တော့သည်။
မူလတွင် မိုဝူကျီက အသက်မဲ့မြစ်သို့ ဦးတည်သွားကာ ရွှေရောင် အင်မော်တယ်ဖွေရှာ လှေကားပေါ်မှ တစ်ဆင့် အင်မော်တယ်လောကသို့ သွားရန် ကြံရွယ်ထားပေသည်။ သို့သော်လည်း မိုဝူကျီက အသက်မဲ့မြစ် ကမ်းပါးဘေး ရောက်လာသည့်အခါ သူရှေ့တွင် မြင်ကွင်းကြောင့် မှင်တက် မိသွားသည်။
ထိုတစ်လျောက်လုံး အသက်မဲ့မြစ်မှာ မယုံကြည် နိုင်လောက်သည့် အထိ တည်ငြိမ် အေးဆေးနေခဲ့၏။ ထို့ကြောင့် အသက်မဲ့မြစ်မှာ ကျယ်ပြောပြီး ခမ်းနားထည်ဝါနေဟန် ပေါ်နေခြင်း ဖြစ်သည်။ အသက်မဲ့မြစ် ကမ်းပါးဘေးမှာလည်း အလွန်တိတ်ဆိတ်နေပေသည်။ ပြောရမည်ဆိုလျှင် ထိပ်တန်း နှစ်ယောက်၏ တိုက်ပွဲမှ လွဲ၍ အသက်မဲ့မြစ်၌ လှုပ်ရှားမှု မရှိခဲ့ဖူးချေ။
သို့သော်လည်း ဤအခိုက်အတန့်လေး၌ အသက်မဲ့မြစ်မှာ လှိုင်းလုံးများ ထနေသည်။ ပြင်းထန် လှသည့် ပင်လယ်ရေလှိုင်းများပင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းမည် မဟုတ်ပေ။
လှိုင်းလုံးများကြား မိုဝူကျီက ပဟေဠိ ဆန်ဆန် စွမ်းအားများကို ခံစားမိနေသည်။
မိုဝူကျီက အသက်မဲ့မြစ်အတွင်း တစ်ယောက်ယောက် တိုက်ပွဲ ဖြစ်နေလိမ့်မည်ဟု မထင်ပေ။ အကြောင်းမှာ ထိုလှိုင်းလုံးများက တိုက်ပွဲကြောင့် ဖြစ်ပေါ်လာခြင်း မဖြစ်နိုင်ပေ။
မဟုတ်သေးပါဘူး .... မိုဝူကျီက တစ်ခုခုကို မှတ်မိသွားဟန် ပေါ်သည်။
အသက်မဲ့မြစ်မှာ ကျယ်ပြောပေ၏။ သို့သော် လေထန်လာလျှင် ရေသေကဲ့သို့ ဆက်လက် ငြိမ်နေမည်တော့ မဟုတ်ပေ။ အသက်မဲ့မြစ်သို့ ကူယာတို့နှင့် ရောက်လာစဉ်က သူ့စိတ်ထဲတွင် သစ္စာဖောက် ခံခဲ့ရသည့် ကိစ္စသာ ကြီးစိုးနေသောကြောင့် ထိုအချက်ကို သတိမမူမိခဲ့ပေ။
ထိုစဉ် အသက်မဲ့ မြစ်မှ လှိုင်းလုံးများမှာ ထွက်ပေါ်နေပြီး ပုံမှန်အသက်မဲ့မြစ်နှင့် လားလားမျှ မတူပေ။ အကယ်၍ သူသာ အပြန်ပြန် အလှန်လှန် တွေးကြည့်ရလျှင် ယခုလို တည်ငြိမ်နေသော နေ့ရက်၌ ရေမျက်နှာပြင်၌ လှိုင်းတွန့်လေးများ ရှိနေလျှင်ပင် လှိုင်းလုံးကြီးများတော့ ရှိမနေသင့်ပေ။
အသက်မဲ့မြစ်အတွင်း ကြိုတင်မှန်းဆမရနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာဟန် ရှိသည်။
မိုဝူကျီက ထိုအကြောင်း တွေးမိလိုက်သည့် အခိုက်အတန့်လေး၌ ပျံသန်းရေး ရတနာများစွာ ရောက်ရှိလာသည်ကို မြင်လိုက်မိသည်။ မကြာခင် သူတို့က အသက်မဲ့မြစ် အဖျားပိုင်း၌ ရပ်လိုက် ကြသည်။
***