အပိုင်း(၄၂၄)
Vol. 29 Ch. 424
“ဟားဟား…ဟားဟားဟား..”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင် အဝါရောင်ဝတ်ရုံနှင့်ဖက်တီးမှာ သူ့အနေဖြင့်ကမ္ဘာပေါ်တွင် အရယ်ရဆုံးသော ပျက်လုံးတစ်ခုအားကြားလိုက်ရသကဲ့သို့ဖြစ်နေသည်။ သူ၏ခေါင်းကိုမော့၍ ရယ်မောလိုက်သည်။
“မင်းက ကြယ်တစ်ပွင့် သူတော်စင်နယ်ပယ်လေးသက်သက်ပဲ …ငါ့လိုစွမ်းအားမျိုးရှိတယ်ဆိုတာနဲ့ပဲ မင်းကငါ့ကိုသတ်နိုင်မယ်လို့ထင်နေတာလား”
“ဟားဟားဟား..ဟားဟားဟား..ကောင်းတယ်..မင်းမှာဒီလိုမျိုးသိုင်းနည်းစနစ်တစ်ခုရှိနေတာကြောင့် ငါမင်းကိုဖမ်းမိပြီး ညှင်းပန်းနှိပ်စက်ပြီးတာနဲ့ မင်းသိုင်းနည်းစနစ်ကိုလွှဲပေးရလိမ့်မယ်…သေခြင်းတားမြစ်နယ်မြေထဲကို ငါဝင်လာခြင်းမှာပဲ သိုင်းနည်းစနစ်ကိုရအောင်လုပ်နိုင်စွမ်းရှိနေပြီ …ဟားဟား ဒါကတကယ့်ကိုမှ ကောင်းမွန်တဲ့်နေရာတစ်ခုပဲကွာ”
ဖက်တီးမှာ သေခြင်းတားမြစ်နယ်မြေဆီသို့ နောက်ပိုင်းမှရောက်လာခဲ့ပြီး ရှစ်ဖုန့်က လုံဟူဂိုဏ်းမှ လူသုံးယောက်အားမည်ကဲ့သို့သတ်ပစ်ခဲ့သည်ကို မြင်တွေ့ခဲ့ခြင်းမရှိပေ။ ပင်ကိုယ်အားဖြင့် သူသည် ရှစ်ဖုန့်၏ လပြည့်ဓား အစွမ်းအား မြင်ဖူးခြင်းမရှိပေ။
ဖက်တီးသည်လည်း သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသော လမ်းညွှန်မှုစာအုပ်အား ဝယ်ယူခဲ့သည်ဖြစ်သည်။ ငွေကျောက်တုံး အား သူမြင်လိုက်ချိန်တွင် သူထိုအရာအား ရရှိတော့မည်ဖြစ်သောကြောင့် အရမ်းပျော်ရွှင်သွားခဲ့သည်။ သို့သော် လူသားတို့၏လောဘတရားဆိုသည်မှာကား အကန့်အသတ်ရှိသောအရာမဟုတ်ချေ။
ရှစ်ဖုန့်၏ ငရဲဘုံကိုးခု အကြွင်းမဲ့သတ်ဖြတ်ခြင်းဆီးလ်အားမြင်တွေ့ပြီးနောက် ပင်ကိုယ်အားဖြင့် ဖက်တီးတစ်ယောက်ထွက်သွားရန် အင်တင်တင်ဖြစ်နေခဲ့သည်။ အကယ်၍သူသာသိုင်းနည်းစနစ်ကိုရရှိခဲ့ပြီး ၎င်းအားလေ့လာသင်ယူနိုင်ခဲ့လျှင် သူ၏ပါရမီဖြင့် သူသည် ကြယ်လေးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ကိုပင် စိန်ခေါ်နိုင်လိမ့်မည်ဖြစ်သည်။
ဤအချင်းအရာအားတွေးမိသောအခါတွင် ဖက်တီးမှာ စိတ်လှုပ်ရှားလာသည်။ သူ၏အရှိန်အဝါကမြင့်တက်လာပြီး ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ထံသို့လျှောက်လှမ်းလာလိုက်သည်။ သူရှစ်ဖုန့်အားကြည့်လိုက်ပြီး သရော်လိုက်သည်။
“မင်းအတွက်ဘာကကောင်းလဲဆိုတာကိုသိတယ်ဆိုရင် မင်းရဲ့သိုင်းနည်းစနစ်ကိုငါ့ကိုလွှဲပေးလိုက်…အဲ့တာဆိုမင်းနောက်ပိုင်းခံစားရမဲ့ဒုက္ခဝေဒနာက လျော့နည်းသွားလိမ့်မယ်”
“ဟမ့်..မင်းကဒီသခင်လေးရဲ့ သိုင်းနည်းစနစ်ကိုလိုချင်တာလား..မင်းအဲ့တာကိုလေ့ကျင့်ဖို့အတွက်အသက်ရှင်အုံးမှရမယ်”
ဖက်တီး၏ အရှိန်အဝါက တစ်လှမ်းချင်းလျှောက်လှမ်းလာရင်း မြင့်တက်လာသည်။ငွေကျောက်တုံးအားကြားဖြတ်လုယူပြီးနောက် ၎င်း၏ သူ၏သိုင်းနည်းစနစ်အား လိုချင်နေ၏။ရှစ်ဖုန့်၏ မျက်နှာပေါ်တွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပိုမို၍ ပြင်းထန်လာသည်။ သူ၏ ညာလက်အားဖျက်ခနဲလှုပ်လိုက်ပြီး လပြည့်ဓားကသူ၏ လက်အတွင်းပေါ်လာ၏။
“ဒီသောက်ရူး ကြယ်သုံးပွင့်သူတော်စင်နယ်ပယ် ဖက်တီးက အချိန်ကွက်တိကိုရောက်လာတာပဲ.. ဒီသခင်လေးသာ ဒီ ဝက်ဖက်တီးကိုသတ်ပြီးတာနဲ့ သူ့ရဲ့သေခြင်းစွမ်းအင်တဲ့သွေးတို့ကိုဝါးမျိုနိုင်လိမ့်မယ်… အဲ့အခါကြရင် ဒီသခင်လေးရဲ့ကျင့်ကြံမှုနယ်ပယ်က နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားလိမ့်မယ်”
ထိုအချိန်တွင် သိပ်သည်းသော မီးခိုးဖြူရောင် မြူတို့အား ရှစ်ဖုန့်၏ လက်အတွင်းရှိ လပြည့်ဓားမှ ထုတ်လွှတ်လာပြီး အပေါ်သို့တစ်ဟုန်ထိုးထိုးတက်သွားသည်။
“အမ်”
အဝါရောင်ဝတ်ရုံနှင့်ဖက်တီးမှာ မီးခိုးရောင်မြူတို့အားထုတ်လွှတ်နေသည့် လပြည့်ဓားအားကြည့်ရင်း အာမေဋိတ်သံခပ်တိုးတိုးထွက်သွားသည်။ ရုတ်ခြည်းဆိုသလို သူ၏မျက်နှာထက်တွင်ရှိနေသာအပြုံးက ပို၍ကြီးမားကျယ်ပြန့်လာသည်။
“ဟားဟား ..ကောင်းတယ် ကောင်းတယ်..ဒီလခြမ်းကွေးပုံစံဓားက တကယ်ပဲ သေခြင်းတားမြစ်နယ်မြေကလိုမျိုးတူညီတဲ့ သိပ်သည်းတဲ့မြူတွေကိုထုတ်လွှတ်တယ်..မင်းအဲ့တာကို သေခြင်းတားမြစ်နယ်မြေထဲကနေရလာတာပဲဖြစ်ရမယ်..ကောင်းတယ်ကွာ..ငါလည်းအဲ့ဓားကိုလိုချင်တယ်”
“အဆင့်တစ်ခုမြင့်တဲ့သူကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ သိုင်းပညာရပ်နည်းစနစ်တစ်ခုလည်းရှိနေတယ်..သေခြင်းတားမြစ်နယ်မြေထဲက လခြမ်းကွေးပုံစံဓားလည်းရှိနေတယ်…ဟားဟား..ငါဒီနေ့တကယ်ကံကောင်းတာပဲ..ဟားဟား..ဟားဟားဟား..ဒါတွေအားလုံးကငါ့ဟာတွေပဲဖြစ်လိမ့်မယ်..သေခြင်းတားမြစ်နယ်မြေ…ငါအရမ်းကိုချစ်သွားပြီကွာ”
ဤအချိန်တွင် အဝါရောင်ဝတ်ရုံနှင့်ဖက်တီးမှာ ရှစ်ဖုန့်အား ဧရာမရတနာပစ္စည်းတစ်ခုကဲ့သို့ ကြည့်နေသည်။သူ၏မျက်နှာထက်တွင် လောဘတရားများဖြင့်ပြည့်နှက်နေ၏။
ထို့နောက်ရုတ်ခြည်း ဖက်တီးမှာ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်အား စတင်၍ တစ်ဟုန်ထိုးလှည့်ပတ်လိုက်ပြီး ကြီးမားပြင်းထန်သော ဧရာမ အဝါရောင်မုန်တိုင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။၎င်းက ကုန်းမြေတစ်လျှောက်ဖြတ်သန်းသွားပြီး စွမ်းအားကြီးစုပ်ယူအားတစ်ခုအဖြစ်ဖန်တီးကာ ၎င်းက အပျက်အစီးနယ်မြေပတ်ဝန်းကျင်ရှိ ကျောက်တုံးများ၊အပျက်အစီးများနှင့် ဖုန်မှုန့်များအားလုံးတို့ကိုစုပ်ယူသွားသည်။
သို့သော် သေခြင်းတားမြစ်နယ်မြေအတွင်းရှိသိပ်သည်းသော မီးခိုးဖြူရောင်မြူများမှာမူ ထွင်းဖောက်နိုင်သော အရာဝထ္ထုတစ်ခုကဲ့သို့ဖြစ်နေသည်။၎င်းအပေါ်တွင် အဝါရောင်မုန်တိုင်းကြီးက လုံးဝသက်ရောက်ခြင်းရှိမနေပေ။၎င်းက ဧရိယာတစ်ခုလုံးအားဆက်လက်လွှမ်းခြုံထားပြီး ပြင်းထန်သော အဝါရောင်မုန်တိုင်းကြီးလည်းအပါအဝင်ဖြစ်လေသည်။
“အကယ်၍ မင်းမှာ ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်လိုမျိုးထပ်ဆောင်းအပိုစွမ်းအားရှိနေရင်တောင် ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်လေးတစ်ယောက်က ငါ့မုန်တိုင်းရဲ့တိုက်ခိုက်မှုကို ဆက်လက် ပြီး ဘယ်လိုမျိုး တားဆီးမလဲကြည့်ကြသေးတာပေါ့”
“သခင်လေးဖုန့်”
ဤအချိန်တွင် ရှစ်ဖုန့်၏ ဘေးတွင်ရှိနေသောချီလင်ဘုရင်မှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။အဝါရောင်မုန်တိုင်း၏ အားကောင်းသော စုပ်ယူအားအောက်တွင် သူ၏ကိုယ်ကသူ့ရှေ့တွင် ရှိနေသော အဝါရောင်မုန်တိုင်းအတွင်းသို့ ပျံတက်သွားတော့မည်သကဲ့သို့ခံစားနေရသည်။
ရှစ်ဖုန့်၏ ဘယ်လက်တွင်အဖြူရောင်အလင်းတစ်ခုတောက်ပနေ၏။သူက လက်ကိုဆန့်ထုတ်လိုက်ပြီး ချီလင်ဘုရင်၏ လက်မောင်းအားကိုင်လိုက်ကာ ရုတ်ခြည်းချီလင်ဘုရင်၏ ခန္ဓာကိုယ်အား တည်ငြိမ်သွားစေသည်။
ထို့နောက်တွင် ရှစ်ဖုန့်၏ လက်အတွင်းရှိလပြည့်ဓားက အဝါရောင်မုန်တိုင်းကြီးထံသို့ပျံသန်းသွားပြီး မီးခိုးဖြူရောင်မီးတောက်များဖြင့်တောက်လောင်နေ၏။ သို့သော် ဤအကြိမ်တွင် လပြည့်ဓားက မီးမုန်တိုင်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားခြင်းမရှိပေ။၎င်းကတဝှီဝှီပျံသန်းနေစဉ် မီးခိုးဖြူရောင်မီးတောက်များသာတောက်လောင်နေပြီး မီးခိုးဖြူရောင်မီးတောက်များဖြင့်တောက်လောင်နေသော မီးတောက် ဘီးတစ်ခုကဲ့သို့ဖြစ်နေသည်။
“ဟမ်..ဒါကဘယ်နယ်ပယ်ရဲ့စွမ်းအားလဲ..ဘာလို့ငါအဲ့တာကို ဖြတ်ပြီးမမြင်နိုင်ရတာလဲ….”
ရုတ်တရက် အဝါရောင်မုန်တိုင်းအတွင်းမှ အံ့အားသင့်သော အော်ပြောသံတစ်ခုထွက်ပေါ်လာသည်။သို့သော် ထိုအချိန်တွင် မီးတောက်ဘီးတစ်ခုကဲ့သို့ဖြစ်နေသောလပြည့်ဓားမှာ အဝါရောင်မုန်တိုင်းကြီးနှင့်ရုတ်ခြည်းပစ်ဆောင့်သွားသည်။
“ဝုန်း”
ပြင်းထန်သောအသံတစ်ခုက သေခြင်းတားမြစ်နယ်မြေအတွင်းထွက်ပေါ်လာသည်။ ထို့နောက် အဝါရောင်ဝတ်ဖက်တီး၏ မယုံကြည်နိုင်သောအော်ဟစ်သံတစ်ခုက ဧရိယာအတွင်းထွက်ပေါ်လာ၏။
“ဘာ..ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..အား..”
ကျယ်လောင်သော အော်သံနှင့်အတူ ဧရိယာပေါ်တွင် သိမ်းကျုံး ဖြတ်သန်းနေသော အဝါရောင်မုန်တိုင်းကြီးမှာ ရုတ်ခြည်းပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏ ရှေ့တွင်ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ လေထဲတွင်သဲများဖုန်များဖြင့်ပြည့်နှက်နေပြီး မီးခိုးဖြူရောင်တိမ်တိုက်များနှင့်အတူတကွ မြင်ကွင်းကို ပိတ်ကာထားသည်။
ရှစ်ဖုန့် ချီလင်ဘုရင်၏လက်မောင်းပေါ်သို့ ဆုပ်ကိုင်ထားမှုအား ဖြည်းဖြည်းချင်းဖြေလျော့လိုက်သည်။သူ၏မျက်နှာပြင်ပေါ်ရှိ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒမှာလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။သူက သူ့ရှေ့တွင်ရှိနေသော ဖုန်များဖြင့်ပြည့်နေသည့် ဧရိယာအား ဆိတ်ငြိမ်စွာစောင့်ကြည့်နေသည်။
ဖုန်များက မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်းကျဆင်းလာပြီး တော်တော်များများကပျောက်ကွယ်သွားသည်။ဖုန်ထုအတွင်းတွင် အဝါရောင်နှင့် ဝဖိုင့်သောပုံရိပ်မှာ ခင်ရေးရေးမြင်တွေ့ရပြီးနောက် ဖြည်းဖြည်းချင်းထင်ရှားလာသည်။
အဝါရောင်ဝတ်ရုံနှင့်ဖက်တီး၏ မျက်လုံးများက ပြူးကျယ်နေသည်။သူ၏မျက်နှာထက်တွင်လက်သင့်မခံနိုင်မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေ၏။သူကခေါင်းကိုငုံ့လိုက်ပြီးသူ၏ရင်ဘက်အား ကြည့်လိုက်သည်။
လပြည့်ဓားက သူ၏ရင်ဘက်တွင်စိုက်ဝင်နေပြီး သူ၏နှလုံးအားစူးဝင်နေသည်။တောက်ပနီရဲသောသွေးတို့က ဓားသွားတစ်လျှောက်ဖြည်းဖြည်းချင်းစီးဆင်းလာပြီး မြေပြင်ပေါ်သို့တစ်စက်စက်ကျဆင်းလာသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ဘယ်လိုလုပ်ပြီးတော့ ဒါကဖြစ်နိုင်မှာလဲ..သူက ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပဲဟာ..ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုးစွမ်းအားကြီးတဲ့ တိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်နိုင်ရတာလဲ.ဒါကအံ့ဖွယ်လက်နက် ဒါကအံ့ဖွယ်လက်နက်တစ်ခုပဲဖြစ်ရမယ်…ငါမဆင်မခြင်လုပ်ခဲ့မိတယ်..အရမ်းကိုမဆင်မခြင်လုပ်ခဲ့မိတယ်..ငါဒီလိုမျိုး သေရတော့မယ်..ငါဒါကိုလက်သင့်မခံနိုင်ဘူး..အကယ်၍ ငါသာဒီအံ့ဖွယ်လက်နက်ကိုရခဲ့ရင်………”
ထိုအချိန်တွင် အဝါရောင်ဝတ်ရုံနှင့်ဖက်တီးမှာ ရုတ်တရက်စကားပြောနေရာမှရပ်တန့်သွားသည်။သူ၏ဝသောခန္ဓာကိုယ်တွင်ခေါင်းကငုံ့နေဆဲဖြစ်ပြီး လက်သင့်မခံနိုင်မှု၊ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုတို့ကိုမျက်နှာပေါ်တွင်ဆက်လက်ထိန်းသိမ်းထားသည်။သို့သော်သူ၏ဝသောခန္ဓာကိုယ်က ယခုအခါတွင်ခံစားချက်မဲ့နေ၏။သူ၏နှလုံးအား လပြည့်ဓားဖြင့်ထိုးစိုက်ခံလိုက်ရပြီး သူက နှလုံးသားအတွင်းလက်သင့်မခံနိုင်မှုများပြည့်နှက်စွာဖြင့် သေဆုံးသွားခဲ့သည်။
အမည်မသိ ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်ဖက်တီးမှာသေဆုံးသွားခဲ့ပြီဖြစ်သည်။
အဝါရောင်ဝတ်ရုံနှင့်ဖက်တီး၏ကိုယ်က နောက်ပြန်လဲကျတော့မည့်အခါတွင် ရှစ်ဖုန့်ကသူ၏ညာလက်ကိုဆန့်ထုတ်လိုက်သည်။
“ဇီ”ဆိုသောအသံနှင့်အတူ လပြည့်ဓားက အဝါရောင်ဝတ်ရုံနှင့်ဖက်တီး၏ရင်ဝမှ ပျံသန်းထွက်လာပြီး တောက်ပနီရဲသော သွေးနီရောင်စီးချောင်းတစ်ခုအား ယူဆောင်လာသည်။လပြည့်ဓား၏ ပြန်လည်စွဲယူမှုအောက်တွင် ဖက်တီး၏ကိုယ်သည်လည်း နောက်သို့ယိုင်လဲနေရာမှရပ်တန့်သွားသည်။
ထို့နောက်ချက်ချင်း ရှစ်ဖုန့်က သူ၏ဘယ်လက်မှ လက်ငါးချောင်းအား ဖြန့်လိုက်ပြီး ဖက်တီး၏ကိုယ်ဆီသို့ထိုးညွှန်လိုက်သည်။ပျံသန်းထွက်လာသောသွေးမြှားများကရှစ်ဖုန့်၏လက်ဖဝါးအတွင်းသို့ဦးတည် လာကြ၏။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE