အပိုင်း (၄၂၆)
Vol. 29 Ch. 426
ချီလင်ဘုရင်မှာ ဓားတောင်နှင့်မီးပင်လယ်တို့အားဖြတ်သန်းရန်ဆန္ဒရှိနေသည်။သူ၏မျက်နှာထက်ရှိ ဖြောင့်မတ်သော အသွင်အပြင်အရ အကယ်၍ ရှစ်ဖုန့်ကသာ သူ၏တစ်ဦးတည်းသသောသမီးဖြစ်သူအား လက်ထပ်ခွင့်တောင်းခဲ့လျှင်ပင် သူငြင်းဆန်ခြင်းပြုလိမ့်မည်မဟုတ်ပေ။
သို့သော်ချီလင်ဘုရင်၏ စကားတို့အားကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်က သူ၏လက်အားဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျားအဲ့လိုလုပ်ဖို့မလိုပါဘူး..သေခြင်းတားမြစ်နယ်မြေထဲမှာ ခင်ဗျားဘာကိုမှ ရှာမတွေ့ဘဲနဲ့ အသက်ရှင်လျှင်ထွက်ဖို့လုပ်နိုင်ခဲ့တယ်ဆိုရင်တောင် အနာဂတ်မှာ ခင်ဗျားအနေနဲ့ ဒီသခင်လေး ကိုဘာမှ ကူညီနိုင်မှာမဟုတ်ဖူး”
ရှစ်ဖုန့်၏စကားများက ချီလင်ဘုရင်အား တော်တော်လေးနှိမ့်ချရာရောက်သော်လည်း ရှစ်ဖုန့်က တကယ့်ကို အမှန်တရားအားပြောကြားခြင်းဖြစ်သည်။ သူ၏လက်ရှိခွန်အား၊သူ၏ ပြိုင်ဘက်ကင်းနည်းစနစ်များ နှင့်သူ၏ပါရမီစွမ်းရည်တို့နှင့်ဆိုလျှင် သူသည်အနာဂတ်၌ ချီလင်ဘုရင်အားအပြတ်အသတ်ကိုသာလွန်သွားလိမ့်မည်ဖြစ်သည်။ သူ့အနေဖြင့် ၎င်း၏ အကူအညီအား လိုအပ်ခြင်းမရှိပေ။
ရှစ်ဖုန့်၏ စကားတို့အားကြားရသောအခါတွင် ချီလင်ဘုရင်မှာ အနည်းငယ် တုန်သွားသော်လည်း သူ့အနေဖြင့်ကိုယ့်အကန့်အသတ်အားကိုယ်သိသည်ဖြစ်သည်။ ဤမွန်းစတားနှင့်သူ၏ကြားက ခြားနားချက်အားသူသိ၏။သူက သူ၏လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်၍ သူ့ကိုယ်သူထပ်မံ၍ပြောလိုက်သည်။
“ငါပိုပြီးတော့ အစွမ်းထက်သန်မာလာရမယ်”
ထို့နောက်ချီလင်ဘုရင်မှာ သူ့လက်အတွင်းရှိငွေကျောက်တုံးအားကြည့်လိုက်သည်။ အကယ်၍ သူသာ ပိုမိုသန်မာလာရန်အတွက် ထိုးဖောက်ကျောက်ဖြတ်နိုင်သည့်အရာအား သေခြင်းတားမြစ်နယ်မြေအတွင်းရှာမတွေ့ခဲ့လျှင် သူ့အနေဖြင့် ဤငွေကျောက်တုံးနှင့်ရှစ်ဖုန့်တို့အား စိတ်ပျက်စေလိမ့်မည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က “သေခြင်းတားမြစ်နယ်မြေသို့ပြည့်စုံသောလမ်းညွှန်မှု” စာအုပ်အားထုတ်ယူလိုက်သည်။ ဤစာအုပ်အတွင်းရှိ အချက်အလက်များကအသုံးဝင်တော့ခြင်းမရှိတော့သော်လည်း သေခြင်းတားမြစ်နယ်မြေ၏ မပြည့်စုံသော မြေပုံများပါရှိသည့် စာမျက်နှာ အနည်းငယ်တော့ ရှိနေသေးသည်ဖြစ်သည်။
ရှစ်ဖုန့်က မပြည့်စုံသော မြေပုံများအားကြည့်နေပြီး ချီလင်ဘုရင်ကလည်း မြေပုံပေါ်သို့ မျက်လုံးများအားစူးစိုက်ထားသည်။ထို့နောက်သူက ပြောလိုက်သည်။
“ဒီစာမျက်နှာမှာပါတဲ့မြေပုံအရ ..အကယ်၍ ဒီဘုရင်တို့သာသေခြင်းတားမြစ်နယ်မြေထဲပိုပြီးနက်နက်ရှိုင်းရှိုင်း ဝင်သွားမယ်ဆိုရင် ဒီဘုရင်တို့ရှေ့မှာရှိနေတဲ့ ဦးတည်ချက်အတိုင်းဒီဘုရင်တို့တွေ ဆက်လျှောက်သွားသင့်တယ်”
“ကောင်းပြီ”
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ယခုဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်မှာဖျက်ဆီးခံလိုက်ရပြီး သူမအနေဖြင့် သူ၏ဆိုးဝါးသော အာဏာစက်အောက်မှ လွတ်မြောက်သွားခဲ့ပြီကာ ယွဲ့ဝူရှန့်တစ်ယောက်သေခြင်းတားမြစ်နယ်မြေအတွင်း မည်သည့်နေရာ၌ရှိသည်ကိုသူမသိတော့ချေ။သူ့အနေဖြင့် မြေပုံအတိုင်းလိုက်သွား၍သာ သေခြင်းတားမြစ်နယ်မြေအား ဆက်လက်၍ စူးစမ်းရှာဖွေရန်ကိုတက်နိုင်သည်။
ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ ဆိုးဝါးသော နည်းဗျူဟာစာအုပ်အားပိတ်လိုက်ပြီး ဆက်လက်၍ ရှေ့သို့လျှောက်လှမ်းလိုက်သည်။ဤအခိုက်အတန့်တွင် ချီလင်ဘုရင်ထံ၌ ငွေကျောက်တုံးရှိနေသောကြောင့်သူ့အနေဖြင့် အရမ်းလုံခြုံမှုရှိသလိုခံစားရသည်။သူသာယခင်ကကဲ့သို့သတိမထားမိလျှင် နောက်လာမည့်အခိုက်အတန့်၌ သေသွားမည်ကိုသူကြောက်မိသည်။
ရှစ်ဖုန့်မှာ လျှောက်လှမ်းရင် မျက်မှောင်ကြုတ်နေသည်။ သူ့အနေဖြင့် သေခြင်းတားမြစ်နယ်မြေအတွင်းရှိအရာက ဘာဆိုသည်အား သိချင်မိနေဆဲဖြစ်သည်။ဘယ်လိုတည်ရှိမှုမျိုးက ထိုလူများအားသတ်ပစ်ခဲ့သလဲဆိုသည်ကိုသူစဉ်းစားနေသည်။သေခြင်းတားမြစ်နယ်မြေအတွင်းရွေ့လျားနိုင်စွမ်းရှိသောနတ်ဘုရားဆေးပင်တစ်ပင်တကယ်ပဲရှိနေသည်လော။
ကျယ်ပြန့်သော ကောင်းကင်နှင့်မြေပြင်တစ်ခွင်တွင် မီးခိုးဖြူရောင်မြူခိုးများက ဆက်လက်၍ လွှမ်းခြုံထားဆဲဖြစ်ပြီး ဆိတ်ငြိမ်နေဆဲဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းကာ ထူးဆန်းသောခံစားမှုတစ်ခုကိုဖြစ်ပေါ်စေသည်။
“ထွက်လာခဲ့စမ်း”
ဤအခိုက်အတန့်တွင်ရှစ်ဖုန့်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လှည့်လိုက်ကာ သူအစောပိုင်းလာခဲ့သော လမ်းဆီသို့ကြည့်လိုက်သည်။
“သခင်လေးဖုန့် ဘာဖြစ်လို့လဲ.”
ချီလင်ဘုရင်က ရုတ်တရက်လှည့်လိုက်သည်။ သူက မျက်နှာပေါ်ရှိ ပဟေဠိဆန်သောပုံစံနှင့်ရှစ်ဖုန့်အား မေးလိုက်သည်။
“ဟီးဟီး..မင်းငါ့ကို ရှာတွေ့မယ်လို့ ငါမမျှော်လင့်ထားမိခဲ့ဘူး ငါ့ရဲ့ ကျိုးယို(ငရဲဘုံကိုးခု)
ဂျူနီယာညီငယ်လေး”
ဤအခိုက်အတန့်တွင် လူငယ်တစ်ယောက်၏ တသောသောရယ်မောသံက ရှစ်ဖုန့်၏ အနောက်ဘက်မှထွက်ပေါ်လာသည်။ထို့နောက် အဖြူရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက်က အေးစက်သော မျက်နှာထားနှင့်အတူ သိပ်သည်းသောမီးခိုးဖြူရောင်မြူများထဲမှထွက်လာသည်။
ရှစ်ဖုန့်နှင့်ချီလင်ဘုရင်မှာ ဤလူငယ်အား သေခြင်းတားမြစ်နယ်မြေအပြင်ဘက်၌ တွေ့ခဲ့ဖူးသည်ဖြစ်သည်။သူသည် ဤနေရာသို့လာခဲ့သော လူအများကြားထဲတွင် ကျင့်ကြံမှုအဆင့်အနိမ့်ဆုံးသောသူဖြစ်သည်။သူက အင်ပါယာနယ်ပယ်သာရှိသေးပြီး ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်သာဖြစ်သည်။
ရှစ်ဖုန့်မှာ ဤလူငယ် ယခင်က သတိပြုမိခဲ့ပြီး ၎င်းနှင့်ပက်သက်၍ တစ်စုံတစ်ခု ထူးဆန်းနေသည်ကိုခံစားခဲ့ရသည်။ယခုသူကတကယ်ကို သူသည် ငရဲဘုံကိုးခု ၏ အဆက်အနွယ်ဖြစ်သည်ဟုပြောဆိုနေသည်။
“မင်းကငရဲဘုံကိုးခု ရဲ့ အဆက်အနွယ်တစ်ယောက်လား….မင်းရဲဆရာကဘယ်သူလဲ”
ရှစ်ဖုန့်က အစောပိုင်းကလူငယ်အားကြည့် ၍မေးလိုက်သည်။
ရှစ်ဖုန့်က အစောပိုင်းကပေါ်လာသောလူငယ်အားမေးလိုက်သည်။သို့သော် လူငယ်ထံမှ ရှစ်ဖုန့်အနေဖြင့်သူယခင်ဘဝက ဖန်တီးခဲ့သည့် ဘာကျင့်ကြံမှုနည်းလမ်းကိုမှ လေ့ကျင့်ထားသည်ကို အာရုံခံမိခြင်းမရှိပေ။သူ၏ကိုယ်ပေါ်တွင် ငရဲဘုံကိုးခု ဧကရာဇ် အဆက်အနွယ် အမှတ်အသား လည်းရှိမနေပေ။
ငရဲဘုံကိုးခု အဆက်အနွယ် တပည့်များမှာ သူတို့တပည့်များ၏ကိုယ်ပေါ်တွင် အမြဲတမ်း ကျိုးယို ဝိညာဉ်အမှတ်အသားအား ချန်ထားခဲ့သည်ဖြစ်သည်။
ကျိုးယိုဝိညာဉ်အမှတ်အသားမှာ အချို့သော ဂိုဏ်းများမှ ဝိညာဉ်ကျောက်တုံးများကဲ့သို့ပင်ဖြစ်သည်။အကယ်၍ တပည့်တစ်ယောက်သေဆုံးခဲ့လျှင် အမှတ်အသားအား ချန်ထားရစ်ခဲ့သောပုဂ္ဂိုလ်က သေချာပေါက် ၎င်းကိုအာရုံခံမိလိမ့်မည်ဖြစ်သည်။
ယဲ့ဝူရှန့်သည်လည်းထိုကဲ့သို့ပင်ဖြစ်သည် ချင်ယူဖန်းက သူမအပေါ်တွင် ကျိုးယိုအမှတ်အသားအား ချန်ရစ်ထားသည်ဖြစ်သည်။ဆန်းကြယ်သောအမျိုးသမီးဖြစ်သူ အဖြူရောင်မျက်နှာလွှားဇာနှင့် မုန့်ယန်းရန် သည်လည်း သူမကိုယ်ပေါ်တွင် တပည့်တစ်ယောက်က ကျိုးယိုအမှတ်အသားကိုချန်ထားခဲ့သည်ဖြစ်သည်။ထိုအချိန်တုံးကရှစ်ဖုန့်မှာ ၎င်းမှာ မိုရှောင်ယောင် ချန်ထားခဲ့ခြင်းဖြစ်မည်ဟု ယူဆခဲ့သည်။
သို့သော် ဤအဖြူရောင်နှင့်လူငယ်ထံတွင် ငရဲဘုံကိုးခု အဆက်အနွယ်၏ ဘာလက္ခဏာ မှာရှိမနေပေ။သူ့တပည့်များ၏ ဘာသဲလွန်စကိုမှလည်း သူ အာရုံခံမိခြင်းမရှိပေ။
“ဟီးဟီး”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင် အဖြူရောင်နှင့်လူငယ်က ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ငါက ပုန်ကန်တဲ့တပည့်တစ်ယောက်ဖြစ်ခဲ့တဲ့သူပါ..ငါက အမြဲတမ်းငါ့ဆရာကို ဖခင်တစ်ယောက်လိုမှတ်ယူထားပြီး ငါ့နှလုံးသားထဲမှာငါ့ဆရာအပေါ် ဘယ်တော့မှပြောင်းလဲမှုမရှိပေမဲ့..ငါကတော့ ဂိုဏ်းကနေ ဆရာရဲ့ နှင်ထုတ်တာကိုခံထားခဲ့ရတာကြာခဲ့ပြီ…ငါ့ရဲ့ဆရာဖြစ်သူက တစ်ခြားသူတွေရဲ့ရှေ့မှာ သူ့နမည်ကိုထပ်ပြီးတော့ ထုတ်ဖော်ပြောဆိုခွင့် မပြုတော့ဘူး”
“ဒါပေမဲ့ ဘယ်သိုင်းတာအိုဦးလေးဖြစ်သူက မင်းရဲ့ဆရာလဲဆိုတာကိုတော့ငါမသိဘူးဖြစ်နေတယ်…သေခြင်းတားမြစ်နယ်မြေအပြင်ဘက်မှာ မင်းအသုံးပြုတဲ့ တို့ရဲ့ဘိုးဘေးလက်ဆင့်ကမ်းခဲ့တဲ့ ယိုမင်လက်သီးဟာ ပြီးပြည့်စုံတဲ့အခြေအနေကိုတောင်ရောက်ရှိနေပြီ.”
သေခြင်းတားမြစ်နယ်မြေအပြင်ဘက်မှာတုံးက ရှစ်ဖုန့်သည် လုံဟူဂိုဏ်းမှ ဝမ့်ပိုင်နှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး ကောင်းကင်နှင့်လက်သီးအရှင်သခင်လက်သီးအား ရင်ဆိုင်ရန်အတွက် ယိုမင်လက်သီးအားအသုံးပြုခဲ့သည်။ ဤလူငယ်လေးသည်လည်း ၎င်းအားအာရုံခံမိခဲ့သည်ဖြစ်သည်။
“ဒီသခင်လေးရဲ့ ဆရာကဘယ်သူလဲဆိုတာကိုမင်းမေးစရာမလိုဘူး..ဒီသခင်လေးကပဲမင်းကိုမေးမယ်…ဒီသခင်လေးနောက်ကို ဘာရည်ရွယ်ချက်နဲ့မင်းလိုက်လာတာလဲ”
ရှစ်ဖုန့်က ထူးဆန်းသောလူငယ်အားကြည့်၍ အေးစက်စွာမေးလိုက်သည်။
အကယ်၍ ဤလူက သူ့တပည့်ဖြစ်သူ၏ တပည့်ဖြစ်နေခဲ့လျှင်တောင် အကယ်၍ ၎င်းသာသူ့အပေါ်၌ မကောင်းသော စိတ်အကြံစည်များပြုမူရဲလျှင် ရှစ်ဖုန့်အနေဖြင့် သူ့အားသတ်ပစ်မည်သာဖြစ်သည်။ကမ္ဘာကြီးသည်ကြီးမားလွန်းပြီး ဤကမ္ဘာပေါ်တွင် လူအမျိုးမျိုးစိတ်အထွေထွေရှိကြသည်ဖြစ်သည်။သူ၏တပည့်များနှင့်နောက်လိုက်သာဝကများအားလုံးတို့က လူကောင်းများဖြစ်လိမ့်မည်မဟုတ်ပေ။
ထိုထက်ပိုသည်ကား ဤလူအား သူ၏တပည့်တစ်ယောက်က ဂိုဏ်းအတွင်းမှ နှင်ထုတ်ထားခြင်းဖြစ်သည်။ ဤအတွက်လည်း အကြောင်းပြချက်တော့ရှိမည်ဖြစ်သည်။ဤလူမှာ ထူးဆန်းပြီး သူ့အနေဖြင့် ၎င်းအား သတိထား၍ ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ထို့အပြင် သူသည် သူ၏ အပေါ်ယံပုံစံကဲ့သို့ သေချာပေါက်ရိုးရှင်းမှုရှိလိမ့်မည်မဟုတ်ပေ။ သူက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်အဆင့်သာရှိသေးသည်ဖြစ်သည်။
ရှစ်ဖုန့်၏ စကားတို့ကြားလိုက်ရသောအခါတွင် အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ပြုံးလိုက်ပြီးပြောလိုက်သည်။
“ဘာလဲ..ဂျူနီယာညီလေး..မင်းအနေနဲ့ငါ့အပေါ် စိတ်သဘောထားမကောင်းမွန်တာကိုငါတွေ့ရတယ်..ငါ့ရဲ့ဆရာဖြစ်သူက ငါ့ကို အကျင့်ပျက်ကောင် ဆိုးယုတ်တဲ့ကောင်လို့ တစ်ခါက ခေါ်ဖူးပေမဲ့လည်း ..ဟားဟားဟား…ငါလည်း အပြင်လူတွေကိုအဲ့တိုင်း ဆက်ဆံခဲ့တာပါပဲလေ…ငါ့ဆရာဖြစ်သူက ငတုံးတစ်ယောက်ဆိုတော့ သူငါ့ကိုဘယ်တော့မှ နားလည်မှာမဟုတ်ဖူး”
“ငါက ငရဲဘုံကိုးခု ဂိုဏ်းရဲ့ တပည့်ရောင်းရင်းလေးတွေကို ဘယ်တုံးကမှ အမှားမလုပ်ဖူးဘူး.. အဲ့တာထက်ပိုတာက သေခြင်းတားမြစ်နယ်မြေထဲမှာ ငါ့ရဲ့ဂျူနီယာညီမလေး ယွဲ့ဝူရှန့်တစ်ယောက် ပိတ်မိနေတယ်လို့ သိလိုက်ရတဲ့အခါမှာ ငါ့ရဲ့ချစ်လှစွာသောဂျူနီယာညီမလေး ဝူရှန့်ကိုကယ်တင်ဖို့အတွက် ချက်ချင်းပဲအပြေးလာခဲ့တာ.. ငါ့ကိုကြည့်စမ်းပါ မင်းရဲ့စီနီယာအကိုဖြစ်သူ ငါက သူ့ရဲ့ရောင်းရင်းတပည့်ဖြစ်သူတွေကို ထိခိုက်အောင်လုပ်မဲ့သူပုံစံမျိုးပေါက်နေလို့လားကွာ”
“ဝူရှန့် ဒီမှာပိတ်မိနေတာကို မင်းလည်းသိတာလား”
အဖြူရောင်ဝတ်ရုံနှင့်လူငယ်စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်အနည်းငယ်အံ့အားသင့်သွားသည်။ ယွဲ့ဝူရှန့် ဤနေရာ၌ ပိတ်မိနေသည်ဟုပြောသည်က ကျိုးကြောင်းဆီလျော်မှုရှိသည်ဖြစ်သည်။ ယွဲ့ဝူရှန့်နှင့်သိသောသူများသာလျှင် ဤနေရာသို့လာလိမ့်မည်ဖြစ်သည်။ ဖျောင်ရွှယ်ယွဲ့၏အဆိုအရ သူမနှင့်ဖျောင်ရွှယ်ယွဲ့မှလွဲ၍ ယွဲ့ဝူရှန့်နှင့်အတူလာကြသောသူများအားလုံးမှာသေဆုံးသွားကြသည်ဟုဆိုသည်။
ဖျောင်ရွှယ်ယွဲ့က ယွဲ့ဝူရှန့်တစ်ယောက်ဤနေရာတွင်ပိတ်မိနေသည်အား သတင်းများဖြန့်ခဲ့ခြင်းလော။ထိုသို့မဖြစ်နိုင်ပေ။
“ဟီးဟီး..ငါက အကျင့်ပျက်တဲ့လူတစ်ယောက်လေ.. အကျင့်ပျက်တဲ့သူတစ်ယောက်လုပ်တဲ့အရာတွေဆိုတာက သာမန်အမြင်တွေနဲ့ ဆန့်ကျင်တဲ့ဟာတွေကြီးပဲ..ငါ့အတွက် ယေဘုယျအမြင်တွေကိုဆန့်ကျင်ပြီးတော့ ကိစ္စတွေကိုလုပ်ဆောင်နိုင်တယ်ဆိုတာက အရမ်းကိုဖြစ်နိုင်တဲ့အရာတစ်ခုလည်းဖြစ်တယ်”
အဲ့တာထက်ပိုတာက မင်းလည်း ငါရဲ့ချစ်စရာကောင်းတဲ့ ဂျူနီယာညီမလေး အကြောင်းကိုသိတာပဲ…ဂျူနီယာညီမလေး ဝူရှန့်ကို ငါမတွေ့ရတာနှစ်ပေါင်းများစွာကြာနေပြီ.. သူက ပိုပြီးလှလာပြီးတော့ ဆွဲဆောင်မှုရှိလာမှာပဲ.ဟားဟားဟား..ငါ့ရဲ့ဂျူနီယာညီမလေး ငါမင်းကိုအခုတကယ်ပဲ တွေ့ချင်လာပြီကွာ”
အဖြူရောင်ဝတ်ရုံနှင့်လူငယ်မှာ အစောပိုင်းကသူ့ကိုယ်သူ မိတ်ဆက်စဉ်တွင် အရင်ဆုံးသူမျက်နှာက အေးစက်နေခဲ့သော်လည်း ထိုစကားများအားသူစပြောချိန်တွင်တော့ ရံဖန်ရံခါ ထေ့ငေါ့သောလေသံဖြင့် ကျယ်လောင်စွာပြောဆိုလေသည်။ဤလူ၏ နှလုံးသားမှာ တစ်နည်းနည်းဖြင့် အကျင့်ပျက်ဖောက်ပြန်နေသည်ဖြစ်ပြီး သူနှင့်ပက်သက်၍ တစ်ခုခုမှားယွင်းနေသည်ဖြစ်သည်။
“ဘယ်ငါ့ရဲ့ညံ့ဖျင်းတဲ့တပည့်ကများ မျက်စိကန်းပြီးတော့ ဒီလိုလူမျိုးကို လက်ခံခဲ့တာလဲ”
ဆက်ရန်…..
ဘာသာပြန်သူ-ARISE