အပိုင်း(၄၂၇)
Vol. 29 Ch. 427
ရှစ်ဖုန့်မှာ ထိုအကျင့်ပျက်ကောင်အား သူ၏မျက်နှာပေါ်ရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့်ကြည့်လိုက်သည်။ သူကအေးစက်စွာပြောလိုက်သည်။
“မင်းယွဲ့ဝူရှန့်ကို ပေါက်ကရတွေလုပ်ရဲရင် .ဒီသခင်လေးသေချာပေါက် မင်းကိုသတ်ပြီးတော့ မင်းရဲ့ဝိညာဉ်ကိုဆွဲထုတ်ပစ်မယ်… မင်းရဲ့ဝိညာဉ်ကို မီးတောက်တွေနဲ့အဆုံးမဲ့ လောင်ကျွမ်းအောင်လုပ်ပစ်မယ်”
“ဟားဟား..အဲ့သလိုလား.. ငါအဲ့လိုခံစားမှုမျိုးကို အရင်က အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ဖူးတယ်… အဲ့တာက အရမ်းကိုနာကျင်ပြီးတော့ မခံမရပ်နိုင်ကိုဖြစ်မှာပဲ… အဲ့တာက သေတာထက်ကိုမှ ပိုပြီးတော့ ဆိုးရွားလိမ့်မယ်… ဟားဟား အကယ်၍ ငါသာ ထပ်ပြီးတော့ အသက်မရှင်ချင်တော့ရင် အသက်ရှင်ရတာကိုပင်ပန်းလာတဲ့အခါကြရင် ဂျူနီယာညီလေးကိုရှာပြီးတော့ အဲ့တာကိုကြိုးစားကြည့်ရမယ်”
အကျင့်ပျက်ကောင်က ထူးဆန်းသော အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ ထို့နောက်သူကပြောသည်။
“ဒါပေမဲ့ ဂျူနီယာညီလေး မင်းအမျာကြီးတွေးနေတာပဲ..ငါကဘယ်လိုလုပ်ပြီးတော့ ဂျူနီယာညီမလေး ဝူရှန့်ကို ထိခိုက်အောင်လုပ်မှာတဲ့လဲ..ငါက သူမအပေါ်တုန်နေအောင်ချစ်ဖို့ကိုတောင်မစောင့်စားနိုင်တဲ့သူပဲဟာ”ျ
ထို့နောက်တွင်ရှစ်ဖုန့်က သူနှင့်ထပ်မံ၍စကားများ အချိန်ဖြုန်းခြင်းကိုမပြုတော့ပေ။ဘာပဲဖြစ်ဖြစ်သူကပြောသည့်အတိုင်းလုပ်သော လူစားဖြစ်သည်။ အကယ်၍ ဤပုဂ္ဂိုလ်ကသာ ဝူရှန့်အပေါ်၌ ဘာဖြစ်ဖြစ်ပြုလုပ်ရဲခဲ့လျှင် သေချာပေါက်၎င်းအား သေခြင်းတရားအတွက်တောင်းပန်ရအောင်ပြုလုပ်လိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က အကျင့်ပျက်ကောင်အားမေးလိုက်သည်။
“ဝူရှန့်ကသေခြင်းတားမြစ်နယ်မြေထဲက ဘယ်နေရာမှာရှိတယ်ဆိုတာကိုသိလား”
ဤအကျင့်ပျက်ကောင်က သေခြင်းတားမြစ်နယ်မြေအတွင်းဝူရှန့်ရှိသည်ကိုသိသည်ဖြစ်သောကြောင့် သူမရှိနေသောနေရာကိုလည်းသိနေနိုင်လောက်သည်။
“ဒါပေါ့ ..ငါသိတာပေါ့”
အကျင့်ပျက်ကောင်က ပြောလိုက်သည်။
“ရှေ့ကနေလမ်းပြ”
ရှစ်ဖုန့်က အမိန့်ပေးသောလေသံဖြင့်ပြောလိုက်သည်။
“ဟားဟားဟား..ဂျူနီယာညီလေး… မင်းဘာလို့အရမ်းကိုစိတ်မရှည်ဖြစ််နေတာလဲ..မင်းလဲငါ့လိုပဲ ဂျူနီယာညီမလေးဝူရှန့်ကိုတွေ့ရဖို့ မစောင့်နိုင်တော့တာလား.. ဒါပေမဲ့ မှန်ပါတယ်လေ…ဂျူနီယာညီမလေးဝူရှန့်က သူငယ်ငယ်လေးကတည်းက အရမ်းကိုလှတဲ့သူပဲဟာ ..ငါအရမ်းကိုတော်တော့်တော်တော်လေးငယ်တဲ့အချိန်ကတည်းက ငါကဂျူနီယာညီမလေးဝူရှန့်နဲ့………….”
အကျင့်ပျက်ကောင်က ဆက်လက်စကားပြောနေသော်လည်း ရှစ်ဖုန့်က လျှင်မြန်စွာသူ့ကိုတားလိုက်သည်။ သူကအေးစက်စွာအော်ပြောလိုက်သည်။
“တိတ်စမ်း..အဓိပ္ပါယ်မရှိပြောနေတာကိုရပ်ပြီးတော့ ဒီသခင်လေးအတွက်လမ်းကိုသာ ဦးဆောင်ပြစမ်း”
ရှစ်ဖုန့်က လပြည့်ဓားအားထုတ်ယူရန် အသင့်ပြင်ထားလိုက်သည်။ အကယ်၍ ဤအကျင့်ပျက်ကောင်သာ အဓိပ္ပါယ်မရှိသည်များထပ်မံပြောဆိုလျှင် သူ့အနေဖြင့် ဤလပြည့်ဓားဖြင့်သတ်မည်ဖြစ်သည်။ ထို့နောက် ၎င်း၏ ဝိညာဉ်အားဆွဲထုတ်၍ မီးတောက်များအတွင်းညှင်းပန်းနှိပ်စက်မည်ဖြစ်သည်။မီးရှို့ခံရသော ဝိညာဉ်တစ်ခုအနေဖြင့် စကားမပြောရဲစရာအကြောင်းမရှိချေ။
“ဟားဟား..ကြည့်စမ်းပါအုံးဂျူနီယာညီလေးရာ..မင်းက လခြမ်းကွေးဓားကိုထုတ်ပြီးတော့ ငါ့ကို လည်းသတ်မလို့လား..ဟားဟားဟား..ဂျူနီယာညီလေးကအရမ်းကိုရက်စက်တဲ့သူပဲ…အားအား..မလုပ်ပါနဲ့ ..မင်းရဲ့စီနီယာအကိုက အခုပဲ ဦးဆောင်လမ်းပြပါ့မယ်..တကယ်ပါ”
အကျင့်ပျက်ကောင်က ဆက်လက်၍ စကားပြောလိုသော်လည်း ရှစ်ဖုန့်က လပြည့်ဓားအားသူ၏သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်သည်ကိုတွေ့ရသောအခါတွင် လျှင်မြန်စွာသူ၏လက်ကိုဝေ့ယမ်းပြီး မျက်နှာချိုသွေးကာရယ်မောလိုက်သည်။
သေခြင်းတားမြစ်နယ်မြေအပြင်ဘက်အတွင်းလပြည့်ဓားအားခြိမ်းခြောက်နိုင်မှုအားလူတိုင်မြင်ပြီးဖြစ်သည်။ဤအကျင့်ပျက်ကောင်သည်လည်းချွင်းချက်မရှိပေ။
“ဖမ်းလိုက် ငါ့ရဲ့ချစ်ဖို့ကောင်းတဲ့ ဂျူနီယာညီလေး.”
ဤအခိုက်အတန့်တွင် ဤအကျင့်ပျက်ကောင်ကသူ၏လက်ကောက်ဝတ်အားဖျက်ခနဲလှုပ်လိုက်ပြီး ငွေကျောက်တုံးတစ်တုံးက ရှစ်ဖုန့်ထံသို့ ရွှတ်ခနဲဝင်ရောက်လာသည်။
ရှစ်ဖုန့်က လက်ကိုမြှောက်၍ ၎င်းအား ဖမ်းလိုက်သည်။ရုတ်ခြည်း ငွေကျောက်တုံး ကသူ၏လက်အတွင်းပေါ်လာသည်။
“ဒါက..သေခြင်းတားမြစ်နယ်မြေထဲက ငွေကျောက်တုံးပဲ…”
ရှစ်ဖုန့်လက်အတွင်းရှိငွေကျောက်တုံးအားမြင်တွေ့ရသောအခါတွင် ချီလင်ဘုရင်က အလန့်တကြားအော်ပြောလိုက်သည်။ ကြောင်တောင်တောင်မျက်လုံးများဖြင့် ဤလူငယ်က ရှစ်ဖုန့်အားငွေကျောက်တုံးတစ်တုံးပစ်ပေးလိမ့်မည်ဟု သူမမျှော်လင့်ထားမိပေ။
ရှစ်ဖုန့်သည်လည်းသူ့လက်အတွင်းမှငွေကျောက်တုံးအားစိုက်ကြည့်နေသည်။၎င်းမှာ ချီလင်ဘုရင်အားသူပေးလိုက်သော တစ်ခုနှင့်တစ်ထေရာတည်းတူညီသည်ဖြစ်သည်။သူကခေါင်းမော့လိုက်ပြီး အကျင့်ပျက်လူငယ်အား ထပ်မံ၍ကြည့်လိုက်သည်။
အဖြူရောင်နှင့်အကျင့်ပျက်လူငယ်ကပြောလိုက်သည်။
“ဂျူနီယာညီလေး မင်းကငါ့ထက်အများကြီးပိုပြီးတော့အစွမ်းထက်တယ်…အကယ်၍ မင်းသာငါ့ကိုသတ်လိုက်ရင် ဒါတွေက မင်းအပိုင်တွေဖြစ်လာမှာပဲ..ဒီတော့ ငါဒါကိုမင်းကိုပေးပါ့မယ်..ငါ့ကိုမသတ်ပါနဲ့”
ဤသည်မှာအမှန်တရားဖြစ်သော်လည်း ဤအကျင့်ပျက်ကောင်၏ ပါးစပ်မှထွက်လာချိန်တွင် ထူးဆန်းနေ၏။၎င်းမှာ မမှန်သလို တရားနည်းလမ်းလဲမကျသည့်အပြင် ကျိုးကြောင်းဆီလျော်မှုလည်းမရှိပေ။
သို့သော် ခဏကြာမျှစဉ်းစားပြီးနောက်ချီလင်ဘုရင်မှာသူ့ကိုယ်သူပြန်ပြောလိုက်သည်။
“ဒီကောင်က အကျင့်ပျက်ဖောက်ပြန်နေတဲ့ကောင်ပဲဟာ ..ငါဘာလို့ သူနဲ့ပက်သက်ပြီး တရားနည်းလမ်းကျတွေစဉ်းစားနေရတာလဲ”
“ငါနဲ့လိုက်ခဲ့ပါ ဂျူနီယာညီလေး..”
ဤအချိန်တွင် အကျင့်ပျက်လူငယ်က ရှစ်ဖုန့်အား ထပ်မံ၍ခေါ်လိုက်သည်။ထို့နောက်သူကရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့အတွက်လမ်းကိုဦးဆောင်လိုက်သည်။ အကျင့်ပျက်ကောင်က လမ်းကိုဦးဆောင်နေရင်းစကားပြောလိုက်သည်။
“တကယ်တော့ ငါဟာ ဂျူနီယာညီမလေး ကိုတွေ့ရဖို့ မစောင့်နိုင်တော့ဘူး”
“အဲ့နှစ်ကိုပြန်ပြီးတွေးကြည့်ရင် ငါမှတ်မိသေးတယ် လရောင်ဖြာနေတဲ့အောက်မှာငါနဲ့ဂျူနီယာညီမလေးဝူရှန့်တို့က တိုင်တည်…………….”
အကျင့်ပျက်ကောင်ကထိုအကြောင်းအားပြောချိန်တွင် ရှစ်ဖုန့်က အလျှင်အမြန်ကြားဝင်ဟန့်တားလိုက်သည်။
“နေအုံး”
ထို့နောက်ရှစ်ဖုန့်က ပြက်ပြက်သားသားပြောလိုက်သည်။
“ဝူရှန့်ကတော့ မင်းဆရာလိုမျိုး အမြင်ကန်းတဲ့သူဖြစ်မယ်လို့ ဒီသခင်လေးမယုံဘူး”
“ဟားဟား..”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါတွင် အကျင့်ပျက်ကောင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးပြောလိုက်သည်။
“ငါ့ရဲ့ဂျူနီယာညီလေးက တော်တဲ့သူဖြစ်နေတာပါပဲလား..အစတုံးက ငါ့ရဲ့လိမ်ညာမှုတွေက ချို့ယွင်းချက်မရှိဘူးလို့ ထင်နေခဲ့တာ ဒါပေမဲ့ မင်းခပ်မြန်မြန်ပဲ မြင်သွားနိုင်မယ်လို့ တော့ မမျှော်လင့်ခဲ့ဘူး”
“ဟမ့်”
ရှစ်ဖုန့်က နှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။
“ဘယ်သူမဆိုဒါကိုမြင်နိုင်တယ်..ဝူရှန့်က အမြင်မကန်းဘူး”
“ဟားဟား.ပြောရရင် အဲ့အချိန်တုံးက ငါကငယ်သေးတယ်. တို့ဆရာကမင်းရဲ့စီနိယာဦးလေးက တို့တွေတစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ကိုခေါ်သွားခဲ့တယ်… အဲ့အချိန်က ငါတို့ကတကယ် လရောင်ဖြာတဲ့အောက်မှာရှိခဲ့တာ…ဒါပေမဲ့…ငါက ဂျူနီယာညီမလေးဝူရှန့်ကို ငိုတဲ့အထိ ထုရိုက်ခဲ့တာလေ..”
“ဟားဟား….ဟီးဟီးဟီး..ဂျူနီယာညီမလေး ဝူရှန့်ကို မျက်ရည်ကျအောင်ရိုက်ရတဲ့ စိတ်ကျေနပ်မှုက ငါ့မျက်လုံးရှေ့မှာ အခုဖြစ်နေသလိုမျိုး အခုထိဦးနှောက်ထဲမှာစွဲကျန်နေတုံးပဲ…အဲ့တာကငါ့ကိုအတောမသတ် တသသဖြစ်စေတယ်..ဟူး..အချိန်ဆိုတာက တကယ်ပဲ ဘယ်သူ့ကိုမှ မချမ်းသာပေးဘူးပဲ..”
အကျင့်ပျက်ကောင် က နောက်ဆုံးစကားအားပြောသောအခါတွင် မမျှော်လင့်ဘဲ နောင်တရသည့်သက်ပြင်းတစ်ချက်ကိုချလိုက်သည်။
“အကျင့်ပျက်ကောင်”
ရှစ်ဖုန့်မှာဘယ်တပည့်ကများ က ဤကဲ့သို့ နိမ့်ကျသောတပည့်ကို လက်သင့်ခံခဲသည်ကိုပို၍ပို၍ သိချင်လာမိသည်။
“စကားမစပ် ..ဂျူနီယာညီလေး..ငါမင်းရဲ့နမည်ကိုမသိရသေးဘူး..ဒါနဲ့..မင်းကငါ့ထက်အစွမ်းထက်တာကြောင့် ငါ့ကိုခွေးလေးတစ်ကောင်ကိုသတ်သလို အလွယ်တကူသတ်နိုင်တယ်..ဒါကြောင့်ငါပဲအရင်ပြောပါ့မယ်…ငါ့ရဲ့မိသားစုနမည်အရတော့ယုမင်ချန်ဖြစ်ပြီးတော့ ငါ့နမည်ကတော့နင်ချန် လို့ခေါ်တယ်..အဲ့တာက အထင်ကြီးစရာမကောင်းဘူးလား..တစ်နေ့ကြရင်ကွာ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးမှာရှိတဲ့လူတိုင်းက သေချာပေါက် နင်ချန်လို့ခေါ်တဲ့ စွမ်းအားအကြီးဆုံး ဧကရာဇ်တစ်ယောက်ကိုသိနေကြမှာ”
နင်ချန်က နောက်ဆုံးစကားတို့အားပြောသောအခါတွင် ရုတ်တရက်ရပ်တန့်လိုက်ပြီး ခေါင်းကိုမော့၍ ကောင်းကင်ထဲသို့မော့ကြည့်လိုက်သည်။
ရှစ်ဖုန့်က အကျင့်ပျက်ကောင်၏ ဘေးသို့လျှောက်သွားလိုက်သည်။ အကျင့်ပျက်ကောင်၏ မျက်နှာအားမြင်လိုက်ရသောအခါတွင် ဆိုးယုတ်သောမျက်နှာထားတို့ပျောက်ကွယ်နေသည်။ ထို့နောက်တွင် အကျင့်ပျက်ကောင်၏ မျက်နှာထက်၌ နှိုင်းယှဉ်၍ မရနိုင်သော စိတ်ပိုင်းဖြတ်ထားမှုတို့ဖြစ်ပေါ်နေသည်။
“ရှစ်ဖုန့်”
ရှစ်ဖုန့်ကအကျင့်ပျက်ကောင်အားသူ၏နမည်ကိုထူးမခြားနားသည့်ပုံစံဖြင့်ပြောလိုက်သည်။
ရှစ်ဖုန့်၏အသံအားကြားပြီးသည့်နောက် နင်ချန်ဟုခေါ်သော အကျင့်ပျက်ကောင်က ဖြည်းဖြည်းချင်း သူ့ခေါင်းအားငုံ့လိုက်သည်။ရုတ်ခြည်းဆိုသလို မကောင်းသောအပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင်ထပ်မံ၍ပေါ်လာသည်။ သူကရှစ်ဖုန့်အား ရယ်မော၍ ပြောလိုက်သည်။
“ခုဏတုံးက ငါတစ်စုံတစ်ခုကိုတွေးမိသွားပြီးတော့ မသိလိုက်ပဲ စိတ်လွတ်သွားတာ”
“ဒါပေမဲ့ကံကောင်းစွာနဲ့ ငါ့အနားမှာရှိနေတာက မင်းဖြစ်နေတယ်..အကယ်၍တစ်ခြားသူတစ်ယောက်သာဆိုရင် ငါစိတ်လွတ်နေတဲ့အချိန်ခဏလေးမှာငါ့ကို ခွေးတစ်ကောင်လိုမျိုးသတ်ဖြစ်ကောင်းဖြစ်နေနိုင်တယ်”
“အခုငါမင်းကိုခွေးတစ်ကောင်လိုသတ်ချင်လာပြီ”
ရှစ်ဖုန့်က အကျင့်ပျက်ကောင်အားကြည့်၍ အေးစက်စွာပြောလိုက်သည်။
“ဒါက မင်းဒီသခင်လေးကိုခေါ်သွားချင်တဲ့ ဝူရှန့်ရှိတယ်ဆိုတဲ့နေရာလား..ဘယ်မှာတုံးဝူရှန့်က”
ရှစ်ဖုန့်စကားပြောပြီးပြီးချင်း ရှစ်ဖုန့်ရှိရာနှင့်အခြားသူများရှိရာပတ်ဝန်းကျင်မှ အကန့်သတ်မဲ့စွမ်းအင်များက တလိပ်လိပ် ထိုးတက်လာသည်။ ၎င်းတို့မှာ ကျောက်စိမ်းရောင်ရေတိုင်လုံးများဖြစ်ကြသည်။ ရေပန်းကဲ့သို့ မြေကြီးထဲမှတိုးထွက်လာပြီးကောင်းကင်ထဲသို့ထိုးတက်သွားသည်။
ဤအစိမ်းရောင်ရေတိုင်လုံးများအတွင်း များပြားလှသော စွမ်းအင်တို့ပါရှိနေရုံသာမက အားကောင်းသောဆန်းကြယ်သည့်အဆိပ်တို့လည်းပါဝင်နေသည်ကိုရှစ်ဖုန့်အာရုံခံမိသည်။
ဤနင်ချန်ဟုခေါ်သော အကျင့်ပျက်ကောင်ကသူတို့အားယွဲ့ဝူရှန့်ပိတ်မိနေသော အစီအရင်ဆီသို့ခေါ်လာမည်ဟုဆိုသော်လည်း ၎င်းကသူနှင့်ချီလင်ဘုရင်တို့အား အခြားဆန်းကြယ်အစီအရင်တစ်ခုစီသို့ခေါ်လာသည်မှာ သိသာသည်ဖြစ်သည်။
ကျောက်စိမ်းရောင်ရေတိုင်လုံးများက မြေကြီးထဲမှတိုးထွက်ကာကောင်းကင်ထဲသို့တည့်တည့်မတ်မတ်ထိုးတက်သွားပြိး ၎င်းတို့ကပို၍ပို၍ပေါ်လာကာ ရုတ်ခြည်းဆိုသလို အစိမ်းရောင်အရည် အဆိပ်စက်ဝိုင်း အစီအရင်တစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။ ၎င်းတို့ရှစ်ဖုန့်အပါအဝင်ကျန်လူနှစ်ယောက်အား ဗဟိုပြု၍ဝန်းရံထား၏။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE