အပိုင်း(၄၂၈)
Vol. 29 Ch. 428
“ဟီးဟီး”
ကောင်းကင်ထဲသို့ထိုးတက်လာပြီး သူတို့သုံးယောက်အား ဗဟိုပြု၍ ဝန်းရံထားသော အစိမ်းရောင် ရေတိုင်လုံးများကိုကြည့်၍ အကျင့်ပျက်ကောင်နင်ချန်က ဆိုးရွားသော “ဟီး”ဟူသည့်ရယ်မောသံအားပြုမူလိုက်သည်။
“မင်းဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား”
ရှစ်ဖုန့်က အကျင့်ပျက်နင်ချန်အား ကြည့်လိုက်ပြီး သူ၏သတ်ဖြတ်လိုစိတ်တို့အားထပ်မံ၍ထုတ်ပြလိုက်သည်။လပြည့်ဓားကသူ့လက်အတွင်းထပ်မံ၍ပေါ်လာသည်။
“ဒါ..ဒါက ဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ..ဂျူနီယာညီလေး မင်းရဲ့ဓားကိုခပ်ဝေးဝေးမြန်မြန်ဖယ်လိုက်ပါ..မင်းရဲ့စီနီယာအကိုကိုထိခိုက်အောင်မလုပ်ပါနဲ့ ငါလည်းဒီနေရာမှာအခုပိတ်မိနေတာပဲဟာ…အကယ်၍ ငါသာဂရုမစိုက်ရင် ငါလဲသေမှာပဲ”
ရှစ်ဖုန့်လပြည့်ဓားအားထပ်မံထုတ်ယူလိုက်သည်ကိုတွေ့လိုက်ရသောအခါတွင် နင်ချန်က ရှစ်ဖုန့်အားအမောတကောရှင်းပြလိုက်သည်။
“ဒါဆိုမင်းခုဏကဘာလို့ရယ်တာလဲ”
ရှစ်ဖုန့်က နင်ချန်အားကြည့်လိုက်ပြီးထပ်မံ၍အေးစက်စွာပြောလိုက်သည်။
“ဟုတ်တယ် အမှန်ပဲ..ဒီဘုရင်လည်းမင်းခုဏက ရယ်လိုက်တာကိုမြင်တယ်… အကြံအစည်တွေရှိနေတဲ့ကောင်တွေပဲ ဆိုးယုတ်တဲ့အပြုံးကိုပြုံးတာ..”
ဤအချိန်တွင်ချီလင်ဘုရင်က ဒေါသတကြီးပြောလိုက်သည်။
“ဟင့်အင်း..အဲ့လိုမဟုတ်ဖူး..ခင်ဗျားကျုပ်ကို အထင်လွဲနေတာ..”
နင်ချန်က မှန်ကန်သည့်ပုံစံဖြင့်ပြောလိုက်သည်။
“ကျုပ်က အကျင့်ပျက်ကောင်တစ်ယောက်ပဲဟာ”
သူက သူ့ကိုယ်သူအကျင့်ပျက်ကောင်ဟု ပြောနေသည့်အချိန်တွင် သူကမှန်ကန်သည်ဟုပင် နင်ချန်ပြုမူနေသေးသည်။
ထို့နောက်သူက ထပ်မံ၍ပြောလိုက်သည်။
“အကျင့်ပျက်ကောင် မလုပ်နိုင်ဖူးဆိုတာဘာမှမရှိဘူး..ဒါက ငါ့ရဲဝသီပါနေတဲ့အပြုံးပဲ.. တစ်ချို့အချိန်တွေမှာဆိုရင် ငါက စားလဲပြုံး၊လမ်းလျှောက်လဲပြုံး၊အိပ်ရင်တောင်မှဒီလိုမျိုးပြုံးတယ်.. ငါ့အတွက်ဒီလိုမျိုး ပြုံးတယ်ဆိုတာကသဘာဝပဲ …ဒီမှာကြည့်ပါလား”
“ဟီးဟီး”
နင်ချန်က မှန်ကန်သည့်ပုံစံဖြင့်ပြောလိုက်သည်။ထို့နာက်သူက အကျင့်ပျက်ကောင်၏ ဆိုးယုတ်သောအပြုံးအားရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ကိုပြုံးပြလိုက်သည်။ထို့နောက်တွင်သူ့မျက်နှာပေါ်ရှိအပြုံးကပျောက်ကွယ်သွားပြီး ချက်ချင်းပဲသမာသမတ်ကျသောပုံစံတစ်ခုပေါ်လာပြီး ပြောလိုက်သည်။
“အကိုချီလင်..ခင်ဗျားလည်းမြင်တယ်မလား..ဒါကကျုပ်ဘယ်လိုကောင်ဆိုတာပဲ.. ခင်ဗျားတို့အားလုံးကြည့်လိုက်အုံး ကျုပ်တို့က အခု ဒီအစီအရင်ထဲမှာပိတ်မိနေတာ ..ကျုပ်တို့အားလုံးသေရမှာကိုစိုးရိမ်ကြပေမဲ့ ခင်ဗျားတို့အားလုံးမှာတော့ မျက်နှာပေါ်မှာ သိက္ခာရှိတဲ့အမူအယာတွေရှိနေတယ်.. ဒါပေမဲ့ ခင်ဗျားတို့ကျုပ်ဟာ အကျင့်ပျက်သူတစ်ယောက်ဆိုတာကိုတော့ ဂရုစိုက်တဲ့ပုံမပေါ်ဘူး..ခင်ဗျားတို့သာမန်လူတွေက သေချာပေါက်ကို ကျုပ်လိုလူနဲ့ခြားနားတာပဲ”
ဤအကျင့်ပျက်ကောင်က ဤစကားများအားပြောနေသည့်အချိန်တွင် မျက်နှာထားအရ သူ့အတွက် အကျင့်ပျက်တစ်ယောက်ဖြစ်ရခြင်းက တကယ်ပဲ ဆီလျော်မှုရှိသကဲ့သို့ဖြစ်နေသည်။
“သခင်လေးဖုန့်….သူက သူ့ကိုယ်သူ အကျင့်ပျက်သူတစ်ယောက်လို့ပြောခဲ့တယ်..အကျင့်ပျက်သူတစ်ယောက်ဆိုတာက ဘာဆိုလုပ်ကိုင်ရဲတဲ့သူပဲ”
ဤနင်ချန်ဟူသောငကြောင်ကောင်က သူတို့အား ဤအစီအရင်အတွင်းခေါ်သွင်းလာပြီးသည့်နောက် ချီလင်ဘုရင်မှာ ရှစ်ဖုန့်အားဤငကြောင်ကို တစ်ချက်တည်းနဲ့သတ်ပစ်ရန်အတွက် သူတောင်းဆို၍ရနိုင်ရန် မျှော်လင့်နေမိသည်။
“ဂျူနီယာညီလေး..တစ်ခြားသူတွေရဲ့လုပ်ကြံအသေရေဖျက်တဲ့စကားတွေကိုနားမထောင်ပါနဲ့.. ငါတို့ ငရဲဘုံကိုးခုအဆက်အနွယ်တွေက တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြပြီး ဘယ်တုံးကမှာ အချင်းချင်းမသတ်ဖြတ်ကြဘူး..”
နင်ချန်က ရှစ်ဖုန့်အား ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့်ပြောလိုက်သည်။
“အကယ်၍ မင်းကသာ လက်သည်တရားခံဆိုတာကို ဒီသခင်လေးရှာတွေ့တာနဲ့ မင်းကိုချက်ချင်းဒီသခင်လေးသတ်ပစ်မယ်”
ရှစ်ဖုန့်က နင်ချန်အား အေးစက်စွာကြည့်လိုက်သည်။ ထို့နောက်သူ၏ခေါင်းအားမော့ပြီး ကောင်းကင်ထဲသို့ကြည့်လိုက်သည်။
ဤအချိန်တွင် သူတို့၏အထက်၌ အစိမ်းရောင်အဆိပ်များဖြင့်ဖွဲ့စည်းထားသော ဧရာဖားပြုပ်ကြီးတစ်ကောင်ရှိနေသည်။ ၎င်းမျာ တောင်ငယ်လေးတစ်လုံးကဲ့သို့ဖြစ်ပြီး သိပ်သည်းသော မီးခိုးဖြူရောင်မြူများအတွင်း ခပ်ရေးရေး ပေါ်နေသည်။
ချီလင်ဘုရင်ကသူတို့အထက်တွင်ပေါ်လာသော ဖားပြုတ်ကြီးထံသို့ကြည့်လိုက်သည်။သူကကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်သော်လည်း သူ့အနေဖြင့်လုံးဝခုခံနိုင်စွမ်းမဲ့နေသည်ကိုခံစားရသည်။ ဤအခိုက်အတန့်တွင် သူတို့အား အစိမ်းရောင်တိုင်လုံးများက ဝန်းရံထားပြီး သူတို့၏လွတ်မြောက်ရာလမ်းကြောင်းတို့အားလုံးဝ ဖြတ်တောက်ခြင်းခံထားရသည်။
“သခင်လေးဖုန့် ကျုပ်တို့အခုဘာလုပ်ကြမလဲ”
ချီလင်ဘုရင်က သူတို့အပေါ်သို့ဖိကျဆင်းလာသော အစိမ်းရောင်ဖားပြုတ်ကြီးအားကြည့်၍ စိုးရိမ်တကြီးပြောလိုက်သည်။နောက်ဆုံး၌သူ့တွင်ငွေကျောက်တုံးကိုရရှိခဲ့သော်လည်း ထိုငကြောင်ကောင် နင်ချန်က ဤထူးဆန်းသောအဆိပ်အစီအရင်အတွင်းသို့ခေါ်ဆောင်လာခဲ့သည်။ ထိုထက်ပိုသည်ကား သေခြင်းတားမြစ်နယ်မြေအတွင်းဝင်ရောက်ခဲ့ပြီးသည့်နောက် သူ့အနေဖြင့်ဘာကိုမှမရရှိသေးခြင်းဖြစ်သည်။ အကယ်၍သူသာဤကဲ့သို့သေဆုံးသွားရလျှင် သူ့အနေဖြင့်ထိုအရာအားလက်သင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
“ဂျူနီယာညီလေး ငါတို့အသက်တွေကမင်းအပေါ်မူတည်နေပြီ မင်းလုပ်နိုင်တယ်ဆိုတာကိုငါသိတယ်..”
နင်ချန်ကလည်းရှစ်ဖုန့်အား တိုက်တွန်းလိုက်သည်။
ရှစ်ဖုန့်က လည်း သူ၏ခေါင်းကိုမော့လိုက်ပြီး သူတို့အပေါ်သို့ဖြည်းညှင်းစွာဖိကျလာနေသော ဧရာမအစိမ်းရောင်ဖားပြုပ်ကြီးအားစိုက်ကြည့်နေသည်။ ထို့နောက်ခေါင်းငုံ့လိုက်ပြီး သူ့ရှေ့တွင်ရှိနေသော အစိမ်းရောင်တိုင်လုံးများအားကြည့်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ၏ တတိယတိုက်စားခြင်းနတ်ဆိုးမျက်လုံးအားဖွင့်လိုက်သည်။ ထို့နောက် သိပ်သည်းသော အနက်ရောင်နတ်ဆိုးမြူတို့ပန်းထွက်လာပြီး သူ့ရှေ့တွင်ရှိနေသော အစိမ်းရောင်တိုင်လုံးများထံသို့ တလိပ်လိပ်ဦးတည်သွားသည်။
ထို့နောက် သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်ပေါ်မှ ဟုန်းခနဲ ထွက်ပေါ်လာသည်။ အနက်ရောင်နတ်ဆိုးမြူတို့နောက်လိုက်ပါ၍ သွေးနီရောင်မီးတောက်တို့ကလည်း ရှေ့သို့ ဦးတည်လောင်ကျွမ်းသွား၏။ ထို့နောက် ရှစ်ဖုန့်က သူ့နောက်တွင်ရှိနေသောလူနှစ်ဦးအားအော်ပြောလိုက်သည်။
“ဒီသခင်လေးနောက်ကိုကပ်ပြီးလိုက်ခဲ့”
သူစကားပြောပြီးပြီးချင်း သွေးနီရောင်အလင်းတစ်ခုကရှစ်ဖုန့်၏ ကိုယ်ပေါ်၌လင်းလက်လာသည်။ဤအခြေအနေတွင်သူက သွေးနီရောင်ချပ်ဝတ်အားဝတ်ဆင်ထားသည်။ သွေးနီရောင်ချပ်ဝတ်က အားကောင်းသော သွေးနီရောင်အလင်းတစ်ခုလင်းလက်နေ၏။ တစ်ချိန်တည်းမှာပင် သူက သူလက်အတွင်းရှိ လပြည့်ဓားအား သူ့ရှေ့တွင်ရှိနေသော အနက်ရောင်နတ်ဆိုးမြူနှင့် သွေးနီရောင်မီးတောက်များရှိရာသို့လွှဲယမ်းလိုက်သည်။
ထို့နောက် ရှစ်ဖုန့်က နောက်မှနေ၍ နီးကပ်စွာလိုက်ပါလိုက်သည်။သူ၏ကိုယ်ပေါ်တွင် အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး လပြည့်ဓားထံသို့ တစ်ဟုန်ထိုးဦးတည်သွားလိုက်သည်။ သူရပ်နေခဲ့သောနေရာတွင် အဖြူရောင်အရိပ်တစ်ခုသာကျန်ရစ်နေခဲ့သည်။
ချီလင်ဘုရင်နှင့်နင်ချန်တို့ကလည်း လုံးဝတုန့်ဆိုင်းနေခြင်းမရှိပေ။ သူတို့ ရှစ်ဖုန့်၏နောက်မှ နီးကပ်စွာလိုက်ပါသွားပြီး တစ်ဟုန်ထိုးဦးတည်သွားလိုက်သည်။
ယခုအနက်ရောင်နတ်ဆိုးမြူတို့၌ တိုက်စားခြင်းအခြေပြုဓာတ်နှင့် “နတ်ဆိုး”၏ နတ်ဆိုးစွမ်းအင်များလည်းပါရှိသည်ဖြစ်သည်။ ရှစ်ဖုန့်က အနက်ရောင်နတ်ဆိုးမြူတို့အား အစိမ်းရောင်ရေတိုင်လုံးတန်းများအား တိုက်ခိုက်ရန်အသုံးပြုခဲ့ပြီး သွေးနီရောင်မီးတောက်တို့ကိုအသုံးပြု၍ ၎င်းတို့ကိုလောင်ကျွမ်းစေသည်။ ထို့နောက်သူက လပြည့်ဓားအတွင်းစွမ်းအင်တို့ထည့်သွင်းပြီး သူ၏အားအကောင်းဆုံးတိုက်ခိုက်မှုကိုထုတ်ဖော်လိုက်သည်။
ယခုရှစ်ဖုန့်က သူ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်စွမ်းအားတို့အား လပြည့်ဓားအတွင်းသို့ထည့်သွင်းထားသည်။၎င်းကကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်စွမ်းအားသို့မရောက်ရှိသေးသော်လည်း နီးကပ်နေပြီးဖြစ်သည်။
များပြားလှသောတိုက်ခိုက်မှုတွဲလုံးများ၏ တရစပ်ထိုးနှက်မှုအောက်တွင် အစိမ်းရောင်ရေတိုင်လုံးတန်းများ၏ အလယ်၌ တံခါးတစ်ချပ်စာအရွယ်အစားရှိသော ကြီးမားသည့်အပေါက်ကြီးတစ်ခုက ပေါက်ကွဲထွက်ပေါ်လာသည်။ ရှစ်ဖုန့်က အခွင့်အရေးကိုအမိအရဆုပ်ကိုင်ပြီးတစ်ဟုန်ထိုးတိုးထွက်လိုက်သလို သူ့နောက်မှလိုက်ပါလာသော ချီလင်ဘုရင်နှင့် နင်ချန်တို့ကလည်း တစ်ဟုန်ထိုးထွက်လိုက်သည်။
“ဝုန်း”
ရုတ်တရက် ကျယ်လောင်သော ဆူညံသံတစ်ခုက သူတို့သုံးယောက်၏ နောက်မှထွက်ပေါ်လာသည်။ သေခြင်းတားမြစ်နယ်မြေ၏ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။
သူတို့သုံးယောက်သား တစ်ချိန်တည်းတွင်လှည့်ကြည့်လိုက်ကြပြီး အစောပိုင်းကသူတို့၏ ဦးခေါင်းထက်တွင်ရှိနေသော ဧရာမဖားပြုတ်ကြီးမှာ ယခုအခါတွင် မြေပြင်ပေါ်၌ လဲလျောင်းနေသည်။
“ဟူး..ဖူး..”
တောင်ကုန်းတစ်ခုကဲ့သို့မြေပြင်ပေါ်တွင်လဲလျောင်းနေသည့် ဖားပြုတ်ကြီးအားကြည့်ရင်းချီလင်ဘုရင်မှာ သက်ပြင်းခက်ကြမ်းကြမ်းနှစ်ချက်ချလိုက်သည်။သူ့တွင် စွဲကျန်ရစ်နေသော အကြောက်တရားတို့အားခံစားမိနေဆဲဖြစ်သည်။အစောပိုင်းက ရှစ်ဖုန့်ကြောင့်သာမဟုတ်ခဲ့လျှင် သူ့အနေဖြင့် ဧရာမဖားပြုတ်ကြီး၏ အစိတ်စိတ်အမွှာမွှာခြေမွမှုကိုခံရလိမ့်မည်ဖြစ်သည်။
ဖိကျလာသော ဧရာမဖားပြုတ်ကြီးမှာ စိတ်ကူးကြည့်၍ မရအောင်ပင် စွမ်းအားကြီးမားသည်ဖြစ်သည်။
ရှစ်ဖုန့်ကသူ၏ ညာလက်အား ဝေ့ယမ်းလိုက်ပြီး သူ့ထံသို့ပြန်လည်ပျံသန်းလာသော လပြည့်ဓားအားဖမ်းယူလိုက်သည်။
ဤအချိန်တွင်ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့ လွတ်မြောက်သွားပြီးနောက် ကောင်းကင်ထဲသို့ထိုးတက်နေသော အစိမ်းရောင်ရေတိုင်လုံးများအလည်တွင်ရှိနေသည့် ဧရာမအစိမ်းရောင်ဖားပြုတ်ကြီးမှာမြူခိုးများကဲ့သို့ ဖြည်းဖြည်းချင်း စတင်၍မှေးမှိန်လာပြီးဟင်းလင်းပြင်ထဲမှ ဖြည်းညှင်းစွာပျောက်ကွယ်သွားသည်။
“ဖူး..သီသီလေးပဲ…ကျုပ်တို့အကုန်လုံးမာလကီးယားသွားရတော့မလို့..”
ဤအချိန်တွင်နင်ချင်၏ မျက်နှာထက်တွင်လည်း အကြောက်တရားတို့စွဲကျန်ရစ်သည့်ပုံဖြစ်ပေါ်နေသည်။ သူ၏မျက်လုံးများကသာမန်ပုံစံအဖြစ်ပြန်လည်၍ပြောင်းသွားသော ကြီးမားသည့်အစီအရင်ရှိရာသို့ကြည့်နေဆဲဖြစ်သည်။
“မင်းက အကျင့်ပျက်ငကြောင်ကောင်မဟုတ်ဖူးလား..ဘာလို့သေမှာကိုကြောက်နေရတာလဲ”
ချီလင်ဘုရင်က နင်ချန်အား ဒေါသတကြီးမေးလိုက်သည်။အကယ်၍ ဤငကြောင်ကောင်သာဦးဆောင်လမ်းပြလာခဲခြင်းမဟုတ်ကြောင့်မဟုတ်ခဲ့လျှင် သူတို့အနေဖြင့် ဤကဲ့သို့အန္တရာယ်များသောနေရာသို့ရောက်ရလိမ့်မည်မဟုတ်ပေ။ အကြောင်းပြချက်မရှိသူတို့သေလုနီးပါးဖြစ်ခဲ့ရသည်ကိုပြန်တွေးမိသောအခါတွင် ချီလင်ဘုရင်မှာ နင်ချန်အား လည်မျိုကိုညှစ်၍သတ်ပစ်ချင်လာသည်။
နင်ချန်ကပြန်လည်၍ပြောလိုက်သည်။
“ဒါပေါ့ ကျုပ်က အကျင့်ပျက်တဲ့ကောင်ဆိုပေမဲ့ ကျုပ်လည်းလူသားပဲဟာ …ကျုပ်သေရင် နာကျင်ပြီးတော့ သက်တောင့်သက်သာမရှိဘဲနဲ့သေရမှာကြီးဟာကို”
ဆက်ရန်…….
ဘာသာပြန်သူ-ARISE