အသက်မဲ့မြစ် မှ ဘူးသီးခွံ့ခြောက်
Vol. 36 Ch. 491
“စီနီယာမို ....” ပျံသန်းရေး ရတနာပေါ်မှ ဆင်းလာကြသော တချို့က မိုဝူကျီကို ချက်ချင်း မှတ်မိ၍ လာနှုတ်ဆက် ကြသည်။
မိုဝူကျီက ယုံရင်အစွန်းအဖျားနေရာ၌ ပြိုင်ဖက်ကင်း လူဖြစ်ပြီး အလိုရှိ ဖမ်းဝရမ်းထဲ ပါသော်လည်း ယင်ပြန့်မြို့မှ မဖမ်းဆီးနိုင်သောသူ ဖြစ်၏။ အင်မော်တယ် လောကမှ ယုံရင် အစွန်းအဖျားဆီ ကူးသန်းရေးအစီအရင် ထပ်မံ ဆောက်လုပ်လျှင်ပင် အင်မော်တယ်လောကက မိုဝူကျီကို မဖမ်းဆီးရဲတော့ပေ။ မည်သူက ထိုသို့မျိုး လူမျိုးကို အဘယ်ကြောင့် မလေးမစား ပြုမူရဲမည်နည်း။
မိုဝူကျီက အသိမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြကာ စုံစမ်းကြည့်လိုက်သည်
“ ဒီအသက်မဲ့မြစ်ရဲ့ ဇာစ်မြစ်အကြောင်း တစ်ယောက်ယောက်များ သိတဲ့လူ ရှိလား ”
ဆံဖြူ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူက ပြောလိုက်သည်
“ အသက်မဲ့မြစ်ရဲ့မူလ ဇာစ်မြစ်က မြစ်အတွင်းမှာ နေတဲ့ ဝိညာဉ်သားရဲတွေကို ကာကွယ်ဖို့ အသက်မဲ့ တာအိုဂိုဏ်းက အစပြုလာတာပဲ။
နောက်ပိုင်းကျ အသက်မဲ့တာအိုဂိုဏ်းမှာ ရတနာ ရလာတော့ နယ်မြေကြီး ဆယ်ခုလုံးမှာ တိုက်ပွဲတွေ ဖြစ်လာကြတယ်။ တိုက်ပွဲကြီး ပြီးဆုံးသွားတဲ့ နောက်ကျ အသက်မဲ့ တာအိုဂိုဏ်းက အပိုင်းပိုင်း အစစ ဖြစ်သွားပြီးတော့ ဒီအသက်မဲ့မြစ်တစ်ခုပဲ ကျန်တော့တာတဲ့ ...
ကောလာဟလတွေကတော့ ယုံရင်အစွန်းအဖျားမှာ ရှိနေတဲ့ အသက်မဲ့မြစ်က အသက်မဲ့မြစ် တစ်ခုလုံးရဲ့ အစိတ်အပိုင်း သေးသေးလေးပဲ ရှိသေးတာတဲ့။ အင်မော်တယ် လောကမှာ နောက်တစ်ပိုင်း ကျန်ရှိနေသေးတယ် ”
မိုဝူကျီက အံ့ဩသွားပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်သည်
“ အဲဆို အင်မော်တယ် လောကမှာ အင်မော်တယ် နယ်မြေ ဆယ်ခု ရှိတာလား ”
ဆံဖြူ ကျင့်ကြံသူက ပြန်ဖြေလိုက်သည်
“ အစပိုင်းတုန်းက နယ်မြေ ဆယ်ခု ရှိခဲ့တာပဲ။ အခုတော့ ၇ ခုပဲ ကျန်ရှိတော့တယ်။ အရင်တုန်းက အသက်မဲ့ တာအိုဂိုဏ်း ပျက်စီးသွားတဲ့ နောက်မှာ နယ်မြေ ဆယ်ခုလုံးကို တိုက်ပွဲဖြစ်စေတဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။
အဲတစ်ကြိမ်ကျမှ အင်မော်တယ်နယ်မြေ သုံးခုက တိုက်ပွဲအတွင်း ပျက်စီးသွားတာပဲ ”
“ အဲဆို အသက်မဲ့တာအိုဂိုဏ်း ပါသွားတာလား။ အတွင်းရေး ပဋိပက္ခများကြောင့်များ ဖြစ်နေမလား ” နောက်ထပ် ကျင့်ကြံသူ တစ်ဦးက ဝင်မေးလိုက်သည်။
ဆံဖြူ ကျင့်ကြံသူက ခေါင်းခါကာ
“ ကျုပ်လည်း အဲဒါတော့ မသိဘူး။ ပြီးတော့ ကျုပ်ကြားထားတာတော့ အသက်မဲ့မြစ်က အခု နှစ်အတွင်း ငြိမ်နေတာ တော်တော်ကြာပြီတဲ့ အခုမှ လှိုင်းလုံးကြီးတွေ ထလာတာ ... ဘယ်က ထွက်လာတာလဲ ဆိုတာ ဘယ်သူသိမှာလဲ ... ”
ထိုစဉ် အသက်မဲ့မြစ်အောက်ခြေမှ ကောင်းကင်သို့ ထောင်တက်နေသော တိုင်လုံးကြီး ထွက်ပေါ် လာကာ ထိုအရာမှ ပဟေဠိဆန်ဆန် စွမ်းအားများ ထုတ်လွှင့်နေသည်။ မိုဝူကျီက ထိုစွမ်းအားကို ခံစားမိလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးမှ အညစ်အကြေးများမှာ ထိုစွမ်းအားမှ စုပ်ယူသွားသည့် အလား ပေါ့ပါးသွားလေ၏။ သူ့ချီသွေးကြော ၁၀၈ ခုလုံးလည်း သန့်ရှင်း သွားလေသည်။
မိုဝူကျီက အံ့ဩ သွားမိသည်။ သူ ခံစားလိုက်ရသည့် စွမ်းအားမှာ အတော်လေး ထူးခြား ကောင်းမွန်သော အရာ ဖြစ်၏။
မိုဝူကျီ တစ်ယောက်တည်း ခံစားနေမိခြင်း မဟုတ်ပေ။ ဘေးနားမှ ကျန်လူများလည်း ခံစားမိကြ၏။ လက်ရှိ မိုဝူကျီက ဤနေရာတွင် ရှိနေသော်လည်း ကျင့်ကြံသူ တချို့က သူတို့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြတော့ဘဲ အသက်မဲ့ မြစ်အတွင်း ပြေးဆင်းသွားကြသည်။
မိုးမြေထိပ်တန်း ရတနာ ထွက်ပေါ်လာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက် ရသောကြောင့် မည်သူကမှ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြပေ။ မိုဝူကျီက တူညီစွာ စိတ်လှုပ်ရှား မိသွားသည်။ တာအိုကျင့်ကြံခြင်း၏ အဓိက အချက်မှာ ဘာဖြစ်မည်နည်း။ ဖြောင့်မတ်သော စိတ်ထားနှင့် ကြိုးစားမှု ရှိသည့် အချက်အပြင် အခွင့်အရေးကို မည်သို့ အသုံးချရမည်မှန်း ဖြစ်ပေသည်။
အကယ်၍ သူ ရှေ့တွင် ရှိနေသော အခွင့်အရေးကို လက်လွတ်မိပါက ဆက်လက် ကျင့်ကြံနေရန် အကျိုးမရှိပေ။
အားလုံးက အသက်မဲ့မြစ် အတွင်း ဆင်းသွားသည်ကို မြင်၍ မိုဝူကျီလည်း လိုက်ပါ သွားလိုက်သည်။
မိုဝူကျီက အသက်မဲ့ မြစ်အတွင်း မည်မျှ ကြာကြာ နေမိသည်ကို မသိသော်လည်း သုဿန်ပြင်လို တိတ်ဆိတ် ငြိမ်သက်နေမှုကို နောက်ဆုံး အခေါက်၌ ကြုံတွေ့ခဲ့ ရသည်။ ဤတစ်ကြိမ်တွင် သူက မြစ်ကြမ်းပြင်ဆီ ခြေချလိုက်သည်နှင့် စွမ်းအားများကို ခံစားမိလိုက်သည်။
အသက်မဲ့ မြစ်အတွင်းမှ လှိုင်းလုံးများက အပေါ်ယံသာမက မြစ်ကြမ်းပြင်အထိ သက်ရောက်မှု ရှိလေသည်။
ထိုစဉ် အသက်မဲ့မြစ်မှာ ရေအိုးထဲမှ ရေနွေးကဲ့သို့ ဖြစ်လာသည်။
မိုဝူကျီက မြစ်ကြမ်းပြင် တစ်နေရာမှ ထွက်ပေါ်နေသော သူ့ချီသွေးကြောများနှင့် သူ့ဝိညာဉ် အထိ သန့်စင်ပေးလိုက်သည့် တူညီသော စွမ်းအားကို ခံစားမိလိုက်သည်။
မြစ်ကြမ်းပြင် အောက်ပိုင်း တစ်နေရာမှာ အင်မော်တယ်ဖွေရှာ လှေကား ထွက်ပေါ်လာမည့် တည်နေရာ အတိုင်း ဖြစ်နေ၍ မိုဝူကျီက ဦးဆုံး ရောက်ရှိသွားသည်။
မိုဝူကျီ၏ အမြန်နှုန်းနှင့် ဤနေရာ၌ ရင်းနှီးကျွှမ်းဝင်မှုတို့ကို ထည့်တွက်လျှင် သူက ထိုထူးဆန်းသည့် စွမ်းအားများ ထုတ်လွှင့် နေသည့် နေရာသို့ နှစ်နာရီလောက်ဖြင့် ရောက်သွား နိုင်သည်။
ခရမ်းဖျော့ဖျော့ ရှိနေသည့် ဧရာမ ဘူးသီးခြောက် တစ်ခုက မိုဝူကျီရှေ့ ပေါ်လာသည်။ ထိုဘူးသီးခြောက်မှာ မြစ်ကြမ်းပြင်ပေါ်တွင် ရှိနေပြီး ထူးဆန်းဖွယ် စွမ်းအားများ ထုတ်လွှင့်နေသည်။ မိုဝူကျီက ထိုဘူးသီးခြောက်နှင့် နီးကပ်သွားလေလေ သူ့တစ်ကိုယ်လုံးကို သန့်စင် ပေးသွားသော စွမ်းအားများကို ရှင်းရှင်းလင်းလင်း ခံစားမိလေလေ ဖြစ်၏။
မိုဝူကျီက ထိုစွမ်းအားကို သတိမထားမိသော်လည်း ထိပ်တန်းဖြစ်မှန်းတော့ သိပေ၏။ သူက ထိုဘူးသီးခြောက်ဘေး ရောက်သွားပြီး ကောက်ယူရန် လက်ဆန့်လိုက်သည်။
သို့သော်လည်း မိုဝူကျီက မကြာခင် စိတ်ဓာတ် ကျမိသွားသည်။ သူက စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားများ အကုန်ထုတ်သုံး ထားသော်လည်း ထိုဘူးသီးခြောက်မှာ နည်းနည်းလေးမှ မရွေ့ပေ။ ခဏအကြာတွင် မိုဝူကျီက ထိုဘူးသီးခြောက်အတွင်း ဝင်ကြည့်ရန် ဆုံးဖြတ် လိုက်တော့သည်။
အင်မော်တယ်လောကမှ လူများက ဤရတနာကို လာယူနိုင်၍ သူက ထိုဘူးသီးခြောက်ကို မြန်မြန် သူ့အပိုင် ဖြစ်အောင် လုပ်ရမည်။
ထို့အပြင် မိုဝူကျီက ထိုဘူးသီးခြောက်မှာ အကာဖွင့်လျက်နှင့် ရှိနေသည့် အကြောင်းကို သံသယဝင်နေမိသည်။ ထိုအကာ ပွင့်နေသည့် အကြောင်းအရင်းမှာ စောစောလေးက ထိပ်တန်း ပါရမီရှင်နှစ်ယောက် တိုက်နေသည့် တိုက်ပွဲကြောင့်များလား။ သူတို့တိုက်ပွဲ၏ ဂယက်ရိုက်မှုကြောင့် ထိုဘူးသီးခြောက်၏ အတားအဆီးများကို ချိုးဖျက်သလို ဖြစ်သွားပြီး ပေါ်လာခြင်း ဖြစ်နေမလား။
ထိုဘူးသီးခြောက် အတွင်း ဝင်ခြင်းဖြင့် မိုဝူကျီက သူ့ကိုယ်သူ သေခြင်းနယ်ပယ်သို့ ထားလိုက်သလို ဖြစ်သွားသည်။ သူသာ ထိုဘူးသီးခြောက်ကို ယူမသွား နိုင်ပါက တစ်ယောက်ယောက်က သူ ဘူးသီးခြောက်ထဲ ရှိနေစဉ် ယူသွားနိုင်ခဲ့လျှင် သူ့ကံတရားမှာ ထိုလူလက်ထဲ အလုံးစုံ ရောက်သွား ပေလိမ့်မည်။
မိုဝူကျီ ဘူးသီးခြောက်ထဲ ဝင်လိုက်သည်နှင့ မိုဝူကျီက သူ့တစ်ကိုယ်လုံး အဆုံးမဲ့ စွမ်းအားများကြောင့် တစ်စစီ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုစွမ်းအား နည်းနည်းက ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို သန့်စင် ပေးနိုင်သော်လည်း အဆုံးမဲ့စွမ်းအား ပမာဏ ဖြစ်သွားသည့်အခါ သူ့ကို ဓားပေါင်းထောင်ချီ ထိုးစိုက်နေသည့်အလား ဖြစ်နေသည်။
အကယ်၍ ယခင်က လျှပ်စီးဓာတ်ဖြင့် ကျင့်ကြံဖူးသည့် အတိတ်ကြောင့်သာ မဟုတ်လျှင် သူက ထိုနာကျင်မှုကို တောင့်ခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
အချိန်တချို့ အတွင်း မိုဝူကျီက သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်နိုင်သည်။ သူက ဘူးသီးခြောက် အပြင်ဘက်တွင် ကျင့်ကြံသူများစွာ ရောက်လာတော့မည်ကို ခံစားမိ၍ သူ့ကိုယ်ပိုင်အဖြစ် သိမ်းနိုင်ရန် အရေးတကြီး လိုအပ်နေသည်။ မဟုတ်လျှင် ကျင့်ကြံသူများစွာက သေချာပေါက် ဤဘူးသီးခြောက်ဆီ ရောက်ရှိလာလိမ့်မည်။
ဘူးသီးခြောက်အတွင်း ပရမ်းပတာ ဖြစ်နေပြီး မိုဝူကျီက ဤဘူးသီးခြောက်ကို သန့်စင်နိုင်ရန် သူ့စိတ်စွမ်းအား တစ်ခုတည်းကိုသာ မသုံးတော့ချေ။
အကယ်၍ မိုဝူကျီတွင် စိတ်ဝိညာဉ် မျက်လုံးမရှိပါက ဤနေရာမှ ချက်ချင်း ထွက်သွား မိပေလိမ့်မည်။ မိုဝူကျီက စိတ်စွမ်းအားအချို့ကို ဖွဲ့စည်းလိုက်သည့် အခါ စိတ်ဝိညာဉ်မျက်လုံးက နဖူးအလယ်တွင် ပေါ်လာသည်။ စိတ်ဝိညာဉ် မျက်လုံးထဲ အထိ ဘူးသီးခြောက်မှ စွမ်းအားများ စီးဆင်းလာသောကြောင့် သူ့စိတ်ဝိညာဉ် မျက်လုံးမှာ တောက်လောင် နေသည့်အလား ခံစားမိလိုက်ပြီး မရပ်တော့ဘဲ နောက်တဆင့်ထိ ရောက်ရှိသွားပေသည်။
အသက်ရှုကြိမ် အနည်းငယ်အကြာတွင် မိုဝူကျီက ဘူးသီးခြောက် အတွင်းမှ ဖော်ညွှန်းချက်ကို တွေ့လိုက်၍ မြန်မြန် သွားကာ ထိုအပေါ် သွေးတစ်ပွက် ထွေးလိုက်ရင်း မွမ်းမံ သန့်စင်လိုက်သည်။
အမွှေးတိုင် တစ်ဝက်စာ ကြာချိန်တွင် မိုဝူကျီက ထိုဖော်ညွှန်းချက်နှင့် အတူ ထိုဖော်ညွှန်းချက်ကို မွမ်းမံ သန့်စင်ဖို့ရာ ကိစ္စကိုလည်း လုံးဝ မေ့ပစ် လိုက်တော့သည်။
မိုဝူကျီက စိတ်ထဲမှသာ သက်ပြင်း ချလိုက်နိုင်သည်။ အကြောင်းမှာ သူက ဤဘူးသီးခြောက်နှင့် ကံမဆက်စပ်မှန်း သိလိုက်သည်။ ယခု အဆင့်မြင့် ကျင့်ကြံသူ ရောက်မလာခင် သူက မြန်မြန် ထွက်သွားရမည် ဖြစ်၏။
သူက ဤနေရာမှ ထွက်မသွားခင် ထိုစွမ်းအားတချို့မှာ သူ့ထာဝရ ကမ္ဘာလောကထဲ ဝင်သွားသည်ကို ခံစားမိလိုက်သည်။
မိုဝူကျီက ထာဝရ ကမ္ဘာလောကကို ဖွင့်လိုက်သည့်အခါ ထိုဘူးသီးခြောက် အပေါ်ယံ မျက်နှာပြင်မှာ ကျောက်တုံးကြီးများ၊ ကျောက်ခဲများစွာနှင့် တိုက်မိသွားသည့်အလား ပြင်းထန်သော တုန်ခါမှုကြီးကို ခံစားမိ လိုက်သည်။
မိုဝူကျီ၏ စိတ်နှလုံးမှာ ငြိမ်ကျ သွားတော့သည်။ အကြောင်းမှာ သူက သေခြင်းတရား နယ်ပယ်ကို သွားချင်သော်လည်း ရတနာ တစ်ခုအတွက် သူ့အသက်ကို စတေးဖို့ရာ ဆန္ဒမရှိပေ။ သူက ဘူးသီးခြောက်အတွင်း ဝင်သွားခြင်းမှာ ထိုစဉ်အခါက မည်သူမျှ မရှိသေးသည့်အတွက် ဖြစ်ပေသည်။ သို့သော် စောစောက တုန်ခါမှုမှာ အဆင့်မြင့် ကျင့်ကြံသူများ ရောက်ရှိလာသည့် လက္ခဏာ ဖြစ်ပေသည်။
သူ့စွမ်းဆောင်ရည်ဖြင့် သူက ဤဘူးသီးခြောက်ကို နည်းနည်းလေးမျှ မလှုပ်ရှားနိုင်ခဲ့ပေ။ ယခု ထိုကျင့်ကြံသူက တုန်ခါအောင် လုပ်နိုင်သည့်အတွက် မည်မျှ အားကောင်းကြောင်း သိသာနေသည် မဟုတ်ပါလော။ ယုံရင်အစွန်းအဖျား ကဲ့သို့သော နေရာမျိုးတွင် သူ့ထက် အားကောင်း နေသည့်သူမှာ ထိုလူက အင်မော်တယ်လောကမှ ရောက်လာခြင်းသာ ဖြစ်ရမည်။
မိုဝူကျီက ထိုဘူးသီးခြောက်မှ မြန်မြန် ထွက်လိုသောကြောင့် စွမ်းအားများ စုစည်းနေဖို့ရာ စိတ်ထဲ မထားတော့ပေ။
မကြာခင်တွင် မိုဝူကျီက တစ်ခုခု လွဲမှားနေကြောင်း သိလိုက်သည်။ သူက ထိုမလှုပ်မရှားနှင့် မွမ်းမံသန့်စင်၍ မရသော ထိုဘူးသီးခြောက်ကြီးမှာ သူ့ထာဝရ ကမ္ဘာလောကထဲ ဝင်နေသည်ကို ခံစားမိနေသည်။ မိုဝူကျီက အခြေအနေကို တုံ့ပြန်လိုက်ပြီး သူ့ထာဝရ ကမ္ဘာလောကမှာ ကိုယ်ပိုင် ဝိညာဉ်နယ်မြေများနှင့် ခြားနားကြောင်း ကောက်ချက်ချလိုက်သည်။ ဤဘူးသီးခြောက်မှာ ခြားနားချက်ကို သတိပြုမိပြီး သူ့ထာဝရ ကမ္ဘာလောကထဲ ဝင်လိုခြင်းသာ ဖြစ်လိမ့်မည်။
မိုဝူကျီက ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဘူးသီးခြောက် အတွင်းမှ ထွက်လိုက်ရင်း မြစ်ကြမ်းပြင်ရှိ သူ့ထာဝရ ကမ္ဘာလောကထဲ ဝင်လိုက်တော့သည်။
သူ့ထာဝရ ကမ္ဘာလောကမှာ အင်မတန် သာမန် ဖြစ်လွန်း၍ ကောင်းကောင်း ဖုံးကွယ်ထားလျှင် သာမန် သဲများနှင့် တူနေပြီး မည်သူမျှ သတိထားမိမည် မဟုတ်ပေ။
သို့သော်လည်း ကွာခြားချက်မှာ ဘူးသီးခြောက်က ပျောက်ဆုံးသွားပြီး သူ့ထာဝရ ကမ္ဘာလောကမှာ မျက်မှန်း မတန်းမိသော်လည်း သူ့ထာဝရ ကမ္ဘာလောကမှာ တိုက်ခိုက်မှုများကို ခံယူနိုင်မည်တော့ မဟုတ်ပေ။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က အရူးအမူး တိုက်ခိုက်လျှင် သူ့ထာဝရ ကမ္ဘာလာကမှာ သူ မသိလိုက်ခင် တစ်စစီ ဖျက်ဆီး ခံလိုက်ရပေမည်။
“ ဘုန်း ”
မိုဝူကျီ မြစ်ကြမ်းပြင် ရောက်မသွားခင် ကြောက်မက်ဖွယ် အားကြီးတစ်ခု သူ့ဆီ ကျရောက် လာသည်။ မိုဝူကျီက ထိုအားကြောင့် လွင့်စဉ်သွားလေရာ ပတ်ဝန်းကျင်မှ ရေများမှာလည်း အဆုံးမဲ့ ဝဲဂယက်များ ဖြစ်ကုန်ကြသည်။
သူ့အနီးအနားမှ ကျင့်ကြံသူ ရာကျော် လွင့်စဉ်သွားသည်ကို မြင်၍ မိုဝူကျီက သူ့ထာဝရ ကမ္ဘာလောကထဲ ပုန်းကွယ်မနေသည်က မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ သူသာ ပုန်းကွယ်နေပါက ရလဒ်က တစ်ခုသာ ရှိပေမည်။
သူ့ထာဝရ ကမ္ဘာလောကလေး တစ်စစီ ဖြစ်သွားခြင်း .....
လက်ရှိ သူက မြစ်ကြမ်းပြင်တွင် တိုက်ခိုက်နေသော လူလေးယောက်ကို သတိပြုမိလိုက်ပြီး တစ်ယောက်ချင်းစီတွင် အံ့မခန်း စွမ်းအားများ ပြသနေကြသည်။ သူတို့က ယခင် မျက်နှာမည်း အမျိုးသားနှင့် တာအိုသူတော်စင်တို့နှင့် မနှိုင်းယှဉ်နိုင်သော်လည်း မိုဝူကျီက သူတို့လေးယောက်ထဲမှ တစ်ယောက်ပင် သူ့ကို အလွယ်လေး သတ်သွားနိုင်ကြောင်း ကောင်းကောင်း သိပေသည်။
မိုဝူကျီက ခြေမချရသေးခင် နောက်ထပ် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး အော်ပြော လိုက်သည် “ အသက်မဲ့ တာအိုဂိုဏ်းရဲ့ ဘူးသီးခြောက်ကို ဘယ်သူ သိမ်းထားလဲ။ သိမ်းထားရဲတယ် ဆိုတာ ဝန်မခံရဲရင် ကျုပ် ပိုဖုန်းကို အပြစ်လာမတင်နဲ့ ”
ဘူးသီးခြောက် ပျောက်ဆုံးသွားသည့်အတွက် လေးယောက်သား တိုက်ခိုက်ခြင်းကို ရပ်တန့် လိုက်ကြသည်။ ယခုလေးမှ ရောက်ရှိလာသော ပိုဖုန်း အပါအဝင် ငါးယောက်သား တစ်ယောက်နှင့် တစ်ယောက် အချင်းချင်း သတိထား လိုက်ကြသည်။ သူတို့မျက်လုံးထဲ၌ သူတို့ငါးယောက်ထဲမှ တစ်ယောက်က ယူသွားခြင်းသာ ဖြစ်ပေသည်။ ငါးယောက်လုံးက ပြောင်းလဲမျှခြေ အဆောင်သုံး၍ အင်မော်တယ်လောကမှ ရောက်လာခြင်း ဖြစ်ရာ ကျင်းရှန်းအဆင့် ကျင့်ကြံသူပင် အချိန်တိုအတွင်း မွမ်းမံ သန့်စင်ဖို့ရာ မဖြစ်နိုင်လေရာ ကောင်းကင် အင်မော်တယ် တစ်ယောက် အနေဖြင့် ယူဆောင်သွားရန် အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။
ငါးယောက်သား အချင်းချင်း ကြည့်လိုက်ပြီးနောက် စွမ်းအားကြောင့် လွှင့်ထွက် မသွားသည့် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူများကိုလည်း တစ်ချက် ကြည့်လိုက်ကြသည်။ မိုဝူကျီက ကျန်လူများနှင့် လွင့်စဉ် သွားသော်လည်း သူ ထွက်ပြေးသည့် ဦးတည်ရာမှာ အခြားလူများနှင့် ကွဲပြားပေသည်။ သူက အနက်ရောင် ဝဲဂယက်ရှိရာဆီ ဦးတည်နေခြင်း ဖြစ်သည်။
ထိုစဉ် ထိုငါးယောက်မှာ ပြောင်းလဲမျှခြေ အဆောင် သုံး၍ အင်မော်တယ် လောကမှ ရောက်လာကြောင်း သူက တခြားသူများထက် ပိုသိပေ၏။
ထိုအထဲက သူတိုင်းက သူ့ကို အလွယ်လေး သတ်သွားနိုင်လေ၏။ သူ ယင်ပြန့်မြို့မှ လွတ်မြောက်လာသည့် အကြောင်းအရင်းမှာ တကယ့် အဆင့်မြင့် ပါရမီရှင်နှင့် မတွေ့ဆုံရသေး၍သာ ဖြစ်ပေသည်။ ထိုသဘောတရားကို နားလည် သဘောပေါက်ပြီး နောက်တွင် သူက ဤနေရာမှာ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရမည်။
“ ခဏ ... ယုံရင်အစွန်းအဖျားက အဲဒီပါးမွှားတွေကို တစ်ယောက်မှ မလွတ်စေနဲ့ ” ငါးယောက်ထဲတွင် အမျိုးသမီး တစ်ယောက်က တစ်ခုခု အမှတ်ရသွားဟန်ဖြင့် ဒေါသတကြီး အော်ပြောလိုက်သည်။
***