အပိုင်း (၄၂၉)
Vol. 29 Ch. 429
ဤအချိန်တွက် ရှစ်ဖုန့်က အကယ်၍သူသေလျှင် နာကျင်ပြီး သက်တောင့်သက်သာမရှိစွာဖြင့်သေရမှာဖြစ်ကြောင်းပြောနေသော အကျင့်ပျက်ကောင်နင်ချန်အားကြည့်လိုက်သည်။ ထို့နောက်သူက လပြည့်ဓားကို ၎င်း၏ လည်ပင်းထက်၌ ထောက်ထားလိုက်ပြီး အေးစက်စွာမေးလိုက်သည်။
“ဝူရှန့် ဘယ်မှာရှိလဲဆိုတာကို မင်းသိလားမသိဘူးလား”
“ဒါပေါ့ ငါသိတာပေါ့..ငါသိပါတယ်..”
လပြည့်ဓား၏ ဖိအားအောက်တွင် အကျင့်ပျက်ကောင်နင်ချန်က အဆက်မပြတ်ခေါင်းငြိမ့်ပြီး ဖြေလိုက်သည်။ထို့နောက် သူကပြောလိုက်သည်။
“အာ..ဂျူနီယာညီလေး ..ကျေးဇူးပြုပြီးညင်သာပါကွာ…မင်းရဲ့လက်နက်ကြီးကို မဆင်မခြင်မသုံးစမ်းပါနဲ့..အဲ့တာကိုအရင်ဆုံးဖယ်ထားလိုက်ပါ..ကောင်းကောင်းမွန်မွန်စကားပြောကြတာပေါ့”
“ဒီဓားအသွားကအရမ်းကိုအေးတာပဲ..ငါလည်ပင်းကိုအဲ့တာနဲ့ထောက်ထားချိန် ငါအရမ်းကြောက်မိတယ်…အဲ့တာက မင်းငါ့ကိုတကယ်ပဲ ဒီဓားနဲ့လည်ပင်းဖြတ်တော့မလိုပဲ…မင်းရဲ့အပြောင်းအလဲက အရမ်းကိုမြန်တယ်လေ”
တကယ်တော့ရှစ်ဖုန့်က အကျင့်ပျက်ကောင်နင်ချန်၏ ဤစကားများအားဂရုစိုက်ခြင်းမရှိပေ။လပြည့်ဓားအား ၎င်း၏လည်ပင်းထက်တွင်ဆက်လက်တင်ထားဆဲဖြစ်သည်။သူကအေးစက်စွာမေးလိုက်သည်။
“မင်းသေခြင်းတားမြစ်နယ်မြေထဲကို အရင်က ရောက်ဖူးလား”
“ဟင့်အင်း”
နင်ချန်က ခေါင်းကိုခါယမ်းပြီး အမှန်အတိုင်းဖြေလိုက်သည်။
“ဒါဆိုရင်ဝူရှန့်ဘယ်မှာရှိလဲဆိုတာကို မင်းဘယ်လိုမျိုးသိတာလဲ”
ရှစ်ဖုန့်၏ မျက်နှာထက်တွင် စိတ်မရှည်မှုတို့ဖြည်းဖြည်းချင်းဖြစ်ပေါ်လာသည်။ သူကလပြည့်ဓား၏ နင်ချန်၏လည်ပင်းနှင့်ပို၍ နီးကပ်စွာထောက်ထားလိုက်သည်။
“ဂျူနီယာညီလေး..ငါက အကျင့်ပျက်ကောင်ပါ….မင်းခုဏတင်မေ့သွားပြီလား..ငါက အကျင့်ပျက်ကောင်လေ..တကယ်တော့ငါက သာမန်လူတွေ မသိတဲ့ အချို့ကိစ္စတွေကိုသိတယ်”
နင်ချန်က ရှင်းပြသည်။
“ပြောစမ်း”
နင်ချန်၏ စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်ကထပ်မံအေးစက်စွာအော်ပြောလိုက်သည်။ သူကလပြည့်ဓားကိုထပ်မံလှုပ်ရှားလိုက်သည်။အေးစက်ပြီး ထက်ရှသောဓားသွားက နင်ချန်၏လည်ပင်းအားတိုက်ရိုက်ထိသွားသည်။ရုတ်တရက်နင်ချန်၏လည်ပင်းထက်တွင် သွေးတန်းတစ်ခုပေါ်လာသည်။ျ ထိုသွေးတန်းထံမှ သေးငယ်သော တောက်ပနီရဲသည့်သွေးစအချို့ထွက်ပေါ်လာ၏။
“ကောင်းပြီ..ငါပြောပါ့မယ်…ငါ့ရဲ့ချစ်ဖို့ကောင်းတဲ့ဂျူနီယာညီလေး မင်းရဲ့ဓားကိုအရင်ဖယ်လိုက်သင့်တယ်”
နင်ချန်က ရှစ်ဖုန့်အား ဓားကို အဝေးသို့ဖယ်ရန်ပြောသောအခါတွင် ရှစ်ဖုန့်ကမဖယ်ရုံသာမက သူ၏လည်ပင်းနှင့်ပို၍ပင်နီးကပ်စေလိုက်သည်။ နင်ချန်ချက်ချင်းပဲသူ့ကိုယ်သူအမှန်ပြန်လည်ပြင်ဆင်လိုက်သည်။
“အိုး..အိုး.ကောင်းပြီ..ကောင်းပြီ…. ဒီလိုလုပ်ဖို့မလိုအပ်ဖူး.. ဒီလိုမျိုးငါ့ကိုထောက်ထားတာလဲတော်တော်လေးကောင်းတာပဲ.ငါ့ရဲ့ချစ်ဖို့ကောင်းတဲ့ဂျူနီယာညီလေး.မင်းရဲ့စီနီယာအကိုကို ထပ်ပြီးတော့မထိခိုက်စေသ၍ မင်းကြိုက်သလိုထောက်ထားလို့ရတယ်”
“တကယ်က ဂျူနီယာညီမလေး ဝူရှန့်ရဲ့ခန္ဓာကိုယ်ပဲ..ငါကလေးဘဝတုံးက ဘိုးဘေးတီထွင်ခဲ့တဲ့ ငရဲဘုံကိုးခု ခြေရာကောက်ဆီးလ်ကို တိတ်တိဆိတ်ထည့်သွင်းခဲ့တာ.သေချာတဲ့အကွာအဝေးတစ်ခုအတွင်းငါတို့တွေရှိနေသ၍ ဂျူနီယာညီမလေးဝူရှန့်ရဲ့တည်နေရာကိုငါမြင်နိုင်စွမ်းရှိတယ်”
နင်ချန်ကနောက်ဆုံးတွင် အမှန်တရားကိုပြောလာသည်။
ငရဲဘုံကိုးခု ခြေရာခံဆီးလ် မှာ ထိုအချိန်တုံးက သူ အားလပ်သည့်အချိန်တွင် ဖန်တီးခဲ့သောအရာတစ်ခုဖြစ်သည်။ယခု ဤအကျင့်ပျက်ကောင်က ဤကဲ့သို့သော အရာမျိုးအား ယွဲ့ဝူရှန့်၏ အပေါ်တွင်တကယ်အသုံးပြုခဲ့၏။
“လီးပေါ့..ဒီကောင့် ကို တပည့်အနေနဲ့ ဘယ်ကောင်ကများ ရွေးခဲ့တာလဲ”
ထို့နောက်ရှစ်ဖုန့်က ထပ်မံ၍မေးလိုက်သည်
“မင်းဘယ်လိုသိတာလဲ…ဝူရှန့်ကသေခြင်းတားမြစ်နယ်မြေထဲမှာပိတ်မိနေတယ်ဆိုတာကို “
ဤသည်မှာသော့ချက်ဖြစ်သည်။ဤငကြောင်ကောင်က သေခြင်းတားမြစ်နယ်မြေအတွင်း လုံးဝမဝင်ဖူးခဲ့သောကြောင့် အကယ်၍ ဝူရှန့်က သေခြင်းတားမြစ်နယ်မြေအတွင်းရှိနေခဲ့သည်ဆိုလျှင်တောင် သူက ဝူရှန့်တစ်ယောက် အစီအရင်အတွင်းပိတ်မိနေသည်ကို မည်ကဲ့သို့သိပါသနည်း။
“အင်း..အဲ့တာက ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ အဘိုးအိုတစ်ယောက်က ငါ့ကိုပြောပြခဲ့တာ…”
နင်ချန်မှာ ရှစ်ဖုန့်၏လပြည့်ဓားက သူ့နားသို့ တစ်လှမ်းပိုပြီးနီးကပ်လာမည်ကိုကြောက်မိသည်။ ရှစ်ဖုန့်စကားပြောပြီးနောက်သူကလျှင်မြန်စွာဖြေလိုက်သည်။
“ကြင်နာတဲ့ နှလုံးသားနဲ့ အဘိုးအိုတစ်ယောက်လား…..ဘာကြင်နာတတ်တဲ့နှလုံးသားနဲ့အဘိုးအိုလဲ”
ရှစ်ဖုန့်က ထပ်မံအေးစက်စွာအော်ပြောလိုက်သည်။
“ဒါက”
နင်ချန်က အပြာရောင်မျက်နှာဖုံးနှင့်စာအုပ်တစ်အုပ်အား အလျှင်အမြန်ထုတ်ယူလိုက်သည်။ စာအုပ်၏ မျက်နှာဖုံးပေါ်တွင် “သေခြင်းတားမြစ်နယ်မြေဆီသို့ ပြည့်စုံသောလမ်းညွှန်မှု” ဟုရေးသားထားသည်။
ဤစာအုပ်အားမြင်တွေ့ပြီးသည့်နောက်တွင် ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့က ချက်ချင်းပဲနားလည်သွားသည်။ ဤအကျင့်ပျက်ကောင်ပြောနေသော ကြင်နာသည့်နှလုံးသားနှင့် အဘိုးအို ကမည်သူများဖြစ်သနည်း။
၎င်းမှာ စာအုပ်များအားရောင်းချသော ကြောင်သူတော်အဘိုးကြီးပင်ဖြစ်လေသည်။
ထို့နောက် နင်ချန်က ပြောလိုက်သည်။
“အဲ့ကြင်နာတဲ့နှလုံးသားရှိတဲ့ အဘိုးကြီးနဲ့ ငါနဲ့ဆုံခဲ့တာ…အတုမရှိထိုးမြင်နိုင်စွမ်းကဘာလဲဆိုရင် သူက တစ််ချက်ကြည့်ရုံနဲ့ ငါဟာ ထူးခြားတဲ့အရိုး တည်ဆောက်ပုံတစ်ခုနဲ့မွေးလာတဲ့သူဖြစ်ပြီးတော့ အနာဂတ်မှာသေချာပေါက် ကြီးမားတဲ့အောင်မြင်မှုတွေရလိမ့်မယ်လို့ပြောနိုင်တာပဲ….အဲ့နောက်သူက သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသောလမ်းညွှန်မှုစာအုပ်နဲ့ ငွေကျောက်တုံးငါးတုံးကို အလကားပေးခဲ့တယ်”
နင်ချန်ကပြောလိုက်သည်။ သူက သူ၏ အိပ်ကပ်ထဲမှ ငွေကျောက်တုံးလေးတုံးကို ထုတ်ယူလိုက်ပြီး ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့အားပြလိုက်သည်။ ငွေကျောက်တုံးက စုစုပေါင်းငါးတုံးရှိပြီးတစ်တုံးအား အစောပိုင်းက ရှစ်ဖုန့်ကို သူပစ်ပေးခဲ့သည်ဖြစ်သည်။
နင်ချန်၏ စကားတို့အားကြားရပြီး သူထုတ်ယူလိုက်သည့်ငွေကျောက်တုံးလေးတုံးအားမြင်တွေ့လိုက်ရပြီးနောက်ချီလင်ဘုရင်မှာ အလွန်အံ့ဩစွာဖြင့် အော်ပြောလိုက်သည်။
“အဘိုးကြီးကမင်းကို ဒီငွေကျောက်တုံးတွေ အလကားပေးလိုက်တယ်လို့ ပြောချင်တာလား”
ကြောင်သူတော်အဘိုးကြီးက ဤအကျင့်ပျက်ကောင်အပေါ်တွင် တကယ်ပဲ အရမ်းကို သဘောကောင်းမွန်နေသည်လော။ ဤသည်မှာ တရားမဝင်ကလေးတစ်ယော်ကအား ဆက်ဆံသည့်ပုံပင်ဖြစ်သည်။
ဤအကျင့်ပျက်ကောင်က တကယ်ပဲ ထိုအဘိုးအို၏ တရားမဝင်ကလေးဖြစ်နိုင်သည်လော။
အကယ်၍ သူက ၎င်းအား ငွေကျောက်တုံး တစ်တုံးနှစ်တုံးပေးလိုက်သည်ဆိုလျှင် ယင်းကအဆင်ပြေသေးသည်ဖြစ်သည်။သို့သော် သူက ၎င်းအား တကယ့်ကို ငွေကျောက်တုံးငါးတုံးအားပေးခဲ့၏။
အကယ်၍ သူသည်ထိုအဘိုးအို၏ တရားမဝင်ကလေးဖြစ်သည်ဟုပြောလျှင် ယင်းက အရမ်းကိုသံသယဖြစ်ဖို့ကောင်းလိမ့်မည်ဖြစ်သည်။ချက်ချင်းပဲချီလင်ဘုရင်က နင်ချန်၏ အသွင်အပြင်နှင့် အဘိုးအိုအားနှိုင်းယှဉ်လိုက်သည်။သူတို့က ဆင်တူမှုမရှိသော်လည်း ယင်းမှာ အဘိုးအိုက အသက်ကြီးပြီး အသားအရေတို့က လျော့ရိလျော့ရဲဖြစ်နေပြီး အရေးအကြောင်းအတွန့်များဖြင့် ပြည့်နေသော ကြောင့်ဖြစ်လောက်၏။
ထို့နောက်ချီလင်ဘုရင်၏ စိတ်ထဲတွင် အဝတ်အစား ဗြောင်နှင့် အဘိုးအို၏ ခါးကုန်းသောအသွင်အပြင်ကပေါ်လာသည်။ထို့နောက်သူကအဘိုးအို၏ ဦးခေါင်းကိုဖယ်လိုက်ပြီး နင်ချန်၏ဦးခေါင်းအား အတူတကွထားကြည့်လိုက်သည်။
ထို့နောက် နင်ချန်၏ ဦးခေါင်းက “ဟီးဟီး” ဟူသော အပြုံးကို ပြသလာသည်။
“ဒါဆို့ ဝူရှန့်ရဲ့သတင်းကိုလည်း မင်းအဲ့အဘိုးကြီးဆီကနေကြားခဲ့တာပေါ့ ဝူရှန့်က သေခြင်းတားမြစ်နယ်မြေထဲက အစီအရင်တစ်ခုထဲမှာ ပိတ်မိနေတယ်လို့လည်း သူကမင်းကိုပြောလိုက်လား”
ရှစ်ဖုန့်က ထပ်မံမေးလိုက်သည်။
“အင်း..အဲ့ကြင်နာတတ်တဲ့အဘိုးက ငါ့ကိုပြောတယ်”
နင်ချန်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“မင်းအရင်က အဲ့အဘိုးကြီးကိုမြင်ဖူးလား”
ရှစ်ဖုန့်က မေးလိုက်သည်။
“ဟင့်အင်း ……အဲ့တာငါ့သူ့ကို ပထမဆုံးအကြိမ်မြင်ဖူးတာ..”
နင်ချန်ကပြောလိုက်သည်။
“အဲ့အဘိုးကြီးက ဘယ်လိုလူလဲ…ဘာလို့သူကဒီအကျင့်ပျက်ကောင်အပေါ်အ ရမ်းသဘောကောင်းရတာလဲ…ပြီးတော့ အဘိုးကြီးက ငွေကျောက်တုံးတွေအများကြီးကို တစ်ကြိမ်တည်းနဲ့ထုတ်ယူနိုင်ပြီး ဒီအကျင့်ပျက်ကောင်ကို တစ်ကြိမ်တည်းနဲ့ငါးတုံတောင်ပေးလိုက်တယ်..သူ့အနောက်မှာ ဘယ်သူရှိနေတာလဲ….ဒီအကျင့်ပျက်ကောင်က တကယ်ပဲ အဲ့အဘိုးကြီးရဲ့တရားမဝင်ကလေးတစ်ယောက်များဖြစ်နိုင်မလား”
ရှစ်ဖုန့်သည်လည်းချီလင်ဘုရင်ကဲ့သို့ ထပ်တူတွေးနေသည့်ပုံပေါ်သည်။ ချီလင်ဘုရင်ကပြောလိုက်သည်။
“သခင်လေးဖုန့်….ဒီဘုရင်တော့ ဘာကိုမှ ခန့်မှန်းနေစရာမလိုဘူးလို့ထင်တယ်…..ဒီအကျင့်ပျက်ကောင်က အဘိုးကြီးရဲ့ တရားမဝင်ကလေး ဒါမှမဟုတ် တရားမဝင် မြေးပဲဖြစ်ရမယ်”
ချီလင်ဘုရင်၏စကားတို့အားကြားရသောအခါတွင် နင်ချန်က ချက်ချင်းပဲငြင်းလိုက်သည်။
“အဓိပ္ပါယ်မရှိလိုက်တာ..ငါက အဲ့အဘိုးကြီးရဲ့ တရားမဝင်ကလေးလည်းမဟုတ်သလို မြေးလည်းမဟုတ်ဖူး.သူကငါဟာတစ်သန်းမှာတစ်ယောက်မျိုးသာရှိတဲ့ ထူးခြားတဲ့ အရိုးတည်ဆောက်ပုံနဲ့ မွေးလာတာကိုပဲမြင်နိုင်ခဲ့တာ”
“ပြီးတော့ အဘိုးအိုက အဲ့လိုပြောတာကြောင့် ငါဟာ ဒီကမ္ဘာပေါ်မှာ ကောင်းကင်ဘုံရဲ့စစ်မှန်တဲ့သားတော်တစ်ပါးပဲဖြစ်တယ်..သေခြင်းတားမြစ်နယ်မြေလိုနေရာတစ်ခုကိုဝင်ရောက်ကြတဲ့ မင်းတို့လိုလူတွေက မကြာခင်သေရမယ်ဆိုပေမဲ့ ငါကတော့ ဘာပဲဖြစ်နေပါစေ သေမဲ့လူစားမျိုးမဟုတ်ဖူး”
“အကျင့်ပျက်ကောင်တစ်ကောင်က ဘယ်လိုဖြစ်ပြီးတော့ ကောင်းကင်ဘုံရဲ့ စစ်မှန်တဲ့သားတော်ဖြစ်မှာလဲ”
ချီလင်ဘုရင်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်က နင်ချန်၏လည်ပင်းဆီမှာ လပြည့်ဓားအားပြန်ရုတ်သိမ်းလိုက်ပြီး နင်ချန်အားအေးစက်စွာအော်ပြောလိုက်သည်။
“ကောင်းပြီ စကားများတာတော်တော့ အခုဒီသခင်လေးကို ဝူရှန့်ဆီကိုခေါ်သွား”
“မင်းပဲဆက်ပြီးလမ်းကိုဦးဆောင်.မင်းက မသေနိုင်တဲ့ ကောင်းကင်ဘုံရဲ့ စစ်မှန်တဲ့သားတော်ပဲဟာ”
“ဟုတ်ပြီ ဂျူနီယာညီလေး.ငါလည်းပဲအဲ့လိုထင်တာပဲ…”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင်နင်ချန်က လေးနက်စွာခေါင်းညိမ့်လိုက်သည်။
ထို့နောက်နင်ချန်က ချီလင်ဘုရင်ဘေးသို့လျှောက်လာပြီး သူ၏မျက်နှာက အစောပိုင်းကချီလင်ဘုရင်ကဲ့သို့ အထင်သေးသော အမူအယာတစ်ခုကိုလှစ်ဟာပြလိုက်သည်။
“ခင်ဗျားလိုမျိုးလူက သေခြင်းတားမြစ်နယ်မြေလိုမျိုး အန္တရာယ်များတဲ့နေရာတစ်ခုမှာ နောက်ထပ်နှစ်ခန်းစာလောက်တောင် ရှင်နိုင်မှာမဟုတ်ဖူး..ခင်ဗျားဂရုစိုက်တာပိုကောင်းမယ်”
(မှတ်ချက်-ဘာသာပြန်သူက တော့ ဒီနေရာမှာ FOURTH WALL BREAK သွားတယ်ထင်ပါတယ်ဗျ)
“ဟမ့်”
ချီလင်ဘုရင်က နင်ချန်၏စကားအားကြားလိုက်ရသောအခါတွင် နှာခေါင်းရှုံ့လိုက်သည်။သူကလက်ကိုဆန့်ထုတ်၍ နင်ချန်ရှေ့တွင် လက်ငါးချောင်းထောင်ပြပြီးပြောလိုက်သည်။
“အနည်းဆုံးအခန်းငါးခုလောက် ဒီဘုရင်က အသက်ရှင်နိုင်တယ်”
“နားစမ်းပါ..နှစ်ခန်းပဲ”
နင်ချန်က ချီလင်ဘုရင်အား နားစမ်းပါ ဟုပြောကာ “နှစ်ခန်းပဲ” ဟုပြောပြီးနောက် ချီလင်ဘုရင်အား လျစ်လျူရှုကာ ရှေ့သို့လျှောက်သွားပြီး လမ်းကိုဆက်လက်ဦးဆောင်လိုက်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE