← Chapters

အပိုင်း(၄၃၀)

Vol. 29 Ch. 430

အပိုင်း(၄၃၀)

Vol. 29 Ch. 430

“သခင်လေးဖုန့် ဒီအကျင့်ပျက်ကောင်ကပဲ ထူးဆန်းရုံတင်မကဘူး အဘိုးကြီးကလည်း ထူးဆန်းတယ်လို့ ဒီဘုရင်ခံစားရတယ်…ဒီဘုရင်တို့တွေ  ဂရုစိုက်နေကြမှရမယ်”

ချီလင်ဘုရင်က ရှေ့မှလမ်းကို ဦးဆောင်နေသည့်နင်ချန်အားကြည့်၍ ရှစ်ဖုန့်အားတီးတိုးပြောလိုက်သည်။

“ဒီသခင်လေး နားလည်တယ်”

ရှစ်ဖုန့်က နင်ချန်အားကြည့်၍ ခေါင်းညိမ့်လိုက်သည်။

ထို့နောက် နင်ချန်က လမ်းကိုရှေ့ဆက်ဦးဆောင်ပြီး ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့က သူ့နောက်မှ ဆက်လက်၍ လိုက်ပါလိုက်သည်။ထို့နောက် သေခြင်းတားမြစ်နယ်မြေ၏ အနက်ပိုင်းသို့ သတိထား၍ ဆက်လက်စွန့်စားဝင်ရောက်လိုက်သည်။သူတို့တွင် ငွေကျောက်တုံးများရှိနေကြသော်လည်း သေခြင်းတားမြစ်နယ်မြေအတွင်းတွင် ထူးဆန်းသော အစီအရင်အချို့ရှိနေသေးသည်ဖြစ်သည်။

ပြီးခဲ့သောအခေါက်က သူတို့က ကံကောင်းစွာဖြင့် အစီအရင်အားချိုးဖျက်နိုင်ခဲ့သည်။သို့သော် နောက်တစ်ကြိမ်တွင်သူတို့ အရမ်းကံကောင်းနိုင်မည်လားဆိုသည်ကားမသိနိုင်ချေ။ထို့ကြောင့် သူတို့အနေဖြင့် ဂရုစိုက်ကြရမည်ဖြစ်သည်။

…………………………..

“ငွေကျောက်တုံးလား.. လေးခုတောင်”

ရှစ်ဖုန့်နှင့်ကျန်နှစ်ယောက်တို့ထွက်ခွာသွားပြီးမကြာခင်တွင် သူတို့ရပ်နေခဲ့သော နေရာ၌ သိပ်သည်းသော မီးခိုးဖြူရောင်မြူများအတွင်းပုံရိပ်တစ်ခုပေါ်လာသည်။အေးစက်သောသရော်သံတစ်ခုက ခပ်တိုးတိုးထွက်ပေါ်လာ၏။

“ဟားဟား..ကောင်းလိုက်တာ…အဲ့ငွေကျောက်တုံးလေးခုက ငါ့ဟာတွေပဲ..ဟမ်”

ထိုပုံရိပ်က ရှေ့သို့ မှုန်မှိုင်းသောမျက်နှာထားဖြင့်ကြည့်နေစဉ်တွင် သူ၏နဖူးရေတို့တွန့်သွားပြီး သူ၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။နောက်ဆက်တွဲအနေဖြင့် အမျိုးသမီးတစ်ယောက်၏ ဖြူဖွေးသောလက်ကဲ့သို့သေးသွယ်ပြီးကျောက်စိမ်းကဲ့သို့လက်တစ်ခုက သူ၏ ပခုံးပေါ်သို့ကျရောက်လာသည်။

အဆိုပါလက်မှာ တော်တော်လေးကိုဖြူဖပ်ဖြူရော်နိုင်လွန်း၏။ ကျင့်ကြံသူက  ဖြည်းဖြည်းချင်းသူ၏ခေါင်းအား မော့လိုက်ပြီး  သူ၏မျက်နှာက  သိသာထင်ရှားသောပြောင်းလဲမှုတို့ဖြစ်သွားသည်။

“အား”

ဝမ်းနည်းဖွယ်ကောင်းပြီး နာကျင်မှုအပြည့်ဖြင့် ငယ်သံပါအောင် အော်ဟစ်သောအသံက   သေခြင်းတားမြစ်နယ်မြေအတွင်းထွက်ပေါ်လာသည်။

…………………..

“ဟမ်”

စူးစူးဝါးဝါးအော်ဟစ်သောအသံတစ်ခုက  သူတို့၏ နောက်ဘက်သိပ်မဝေးသော နေရာမှ  ထွက်ပေါ်လာသည်။ ရှစ်ဖုန့်က ချက်ချင်းပဲ ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

ချီလင်ဘုရင်ကလည်း လှည့်လိုက်ပြီး  ရှစ်ဖုန့်နှင့်အတူ နောက်လှည့်ကြည့်လိုက်သည်။

“သေခြင်းတားမြစ်နယ်မြေထဲမှာ  ဆန်းကြယ်တဲ့စွမ်းအားကြောင့် နောက်ထပ်ကျင့်ကြံသူတစ်ဦးသေသွားပြန်ပြီ”

ချီလင်ဘုရင်ကစကားပြောရင်း သူ၏ ရင်ဘက်အား စိတ်သက်သာရာရစွာဖြင့် ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် သူ့တွင်ငွေကျောက်တုံးတစ်တုံးရှိနေခဲ့သည်။ထိုသို့မဟုတ်ပါက သူသေဆုံးသွားလိမ့်မည်ဖြစ်သည်။

“ဒီသခင်လေးကို ဒီနေရာရာမှာ စောင့်နေကြ မကြာခင်ပြန်လာခဲ့မယ်”

ရှစ်ဖုန့်ကချီလင်ဘုရင်နှင့်  သူ့ရှေ့တွင်ရှိနေသော နင်ချန်အား ပြောလိုက်သည်။ ထို့နောက်  သူကလှုပ်ရှားလိုက်ပြီး  သူတို့နောက်ဘက်သို့ တစ်ဟုန်ထိုး ဦးတည်သွားလိုက်သည်။ သူတို့နောက်တွင်ရှိခဲ့သော လမ်းအား သူတို့ လျှောက်ခဲ့ပြီးဖြစ်သောကြောင့် အရမ်းကြီး ဂရုစိုက်စရာမလိုအပ်ပေ။

ရှစ်ဖုန့်က သူတို့နောက်ဘက်သို့ တစ်ဟုန်ထိုးသွားလိုက်သည်။ သူဘာအချိန်ကို မှ ဖြုန်းတီးလိုစိတ်မရှိပေ။သေခြင်းတားမြစ်နယ်မြေအတွင်းသို့ဝင်ရောက်ခဲ့ကြသော ကျင့်ကြံသူအများစုမှာ  သူတော်စင်နယ်ပယ်များဖြစ်ကြသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးက ရလာဖို့ခက်ခဲသည်ဖြစ်သည်။

မကြာခင်တွင် ရှစ်ဖုန့်မှာ မူလသူတို့ရှိခဲ့သောနေရာသို့ရောက်ရှိလာသည်။ သိပ်မဝေးလှသော မြေပြင်ထက်တွင် အလောင်းတစ်ခုလဲလျောင်းနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

၎င်းမှာ အသက်ငါးဆယ်ဝန်းကျင်အရွယ်ရှိသော သက်လတ်ပိုင်းအရွယ်  ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သူ၏ကျင့်ကြံမှု နယ်ပယ်က ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်အဆင့်ဖြစ်သည်။သို့သော် ဤကဲ့သို အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်မှာ ယခုအခါ၌ သေခြင်းတားမြစ်နယ်မြေ၏  အပျက်အစီးများကြားထဲတွင် အလောင်းတစ်ခုအဖြစ်လဲလျောင်းနေရသည်ဖြစ်သည်။

ရှစ်ဖုန့်က အလောင်း၏ ထိပ်ဖျားတွင်ရပ်ပြီး ငုံ့ကြည့်လိုက်သည်။ဤအလောင်း၏ သေခြင်းစွမ်းအင်တို့ကပျောက်ကွယ်သွားပြီဖြစ်ပြီး ဝိညာဉ်စွမ်းအားတို့ကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် ရှစ်ဖုန့်အနေဖြင့် ဤအလောင်းအား ယခင်ကတွေ့ခဲ့သည့် အခြားသော အလောင်းများနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ခြားနားမှုတစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။

ဤအလောင်း၏  လည်ပင်းတွင် လက်သီးဆုပ်အရွယ် သွေးစွန်းနေသော အပေါက်တစ်ခုရှိနေသည်။၎င်းမှာ တစ်စုံတစ်ခုသောသက်ရှိက သေသည်အထိ ပြင်းထန်စွာတိုက်ခိုက်ခဲ့ခြင်းဖြစ်လိမ့်မည်ဖြစ်သည်။ဤအခိုက်အတန့်တွင်  တောက်ပနီရဲသောသွေးများက လည်ပင်းရှိသွေးစွန်းပေါက်မှတစ်ဆင့် ဆက်လက်၍ စီးကျနေဆဲဖြစ်သည်။

ရှစ်ဖုန့်ထွက်သွားပြီးမှ ပြန်ရောက်လာသည်အထိ  မိနစ်အနည်းငယ်သာကြာသေးသော်လည်း ဤမိနစ်အနည်းငယ်အတွင်းတွင် ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်တစ်ဦးမှာ ဤနေရာ၌ အသတ်ခံခဲ့ရသည်။

ဘယ်လိုအရာကများသူ့အားဤကဲသို့လုပ်ခဲ့ပါသနည်း။သေခြင်းတားမြစ်နယ်မြေအတွင်းသို့ဝင်ရောက်ခဲ့သည့်ကျင့်ကြံသူတစ်ယောက်များလော။ထိုသို့မဟုတ်ပါက  သေခြင်းတား မြစ်နယ်မြေအတွင်းမှ ဆန်းကြယ်သောသက်ရှိက ပြုလုပ်ခဲ့ခြင်းဖြစ်သလော။

ရှစ်ဖုန့်က အလောင်းအားကြည့်ရင်းခန့်မှန်းနေခဲ့သည်။ထို့နောက်သူက ညာလက်အားအလောင်းထံသို့ ဆန့်ထုတ်လိုက်သည်။ရှစ်ဖုန့်အနေဖြင့် ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏သွေးအား  ဤနေရာ၌ လုံးဝအချည်းအနှီးအဖြစ်မခံနိုင်ပေ။

ချက်ချင်းဆိုသလို တောက်ပနီရဲသောသွေးများက ကျင့်ကြံသူလည်ပင်းရှိအပေါက်ထံမှပန်းထွက်လာပြီး ရှစ်ဖုန့်၏လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။မကြာခင်တွင် ၎င်းတို့က ရှစ်ဖုန့်၏  စုပ်ယူခြင်းကိုခံလိုက်ရသည်။

သက်လတ်ပိုင်းအရွယ် ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်၏အလောင်းက လျှင်မြန်စွာရှုံ့တွသွားပြီး သေခြင်းတားမြစ်နယ်မြေအတွင်း နောက်ထပ် ခြောက်သွေ့သောအလောင်းကောင်တစ်ခုဖြစ်လာသည်။

“ဘာကြီးလဲဟ”

ဤအချိန်တွင် အလောင်းထံမှရှစ်ဖုန့်သွေးတို့အားစုပ်ယူပြီးသည့်နောက် ၎င်း၏သိုလှောင်လက်စွပ်အား ချွတ်ယူနေစဉ် ကျယ်လောင်သော အော်သံတစ်ခုက သူ၏ရှေ့ဘက်မှထွက်ပေါ်လာသည်။အော်သံမှာ ချီလင်ဘုရင်ထံမှလာခြင်းဖြစ်သည်။

“ဟမ်”

ဤအသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ချက်ချင်းပဲ ထပ်မံလှုပ်ရှားလိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။အလွန်လျှင်မြန်စွာဖြင့်ပင် ချီလင်ဘုရင်တို့နှင့်အတူရှိနေခဲ့သော နေရာဆီသို့ သူပျံသန်းရောက်ရှိသွားသည်။

ဤအချိန်တွင်ချီလင်ဘုရင်မှာ အပျက်အစီးမြေပြင်အား နိုးနိုးကြားကြားရှိနေသော အမူအယာဖြင့် စိုက်ကြည့်နေသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။သူက သူ၏မူလစွမ်းအင်တို့အား အဆက်မပြတ်လှည့်ပတ်ထားခဲ့သည်။

“ဘန်း”

ရှစ်ဖုန့်က ချီလင်ဘုရင်၏ဘေးတွင်ဆင်းသက်လိုက်ပြီးမေးလိုက်သည်။

“ဘာဖြစ်တာလဲ”

ချီလင်ဘုရင်မှာ မြေပြင်အားသတိဝီရိယ အနေအထားဖြင့် ဆက်လက်၍ စိုက်ကြည့်နေဆဲဖြစ်သည်။ရှစ်ဖုန့်ရောက်ရှိလာသည့်တိုင်အောင်ပင် သူ၏ အကာအကွယ်အား မလျော့ချရဲသေးပေ။သူကပြောလိုက်သည်။

“ခုဏတုံးက အမျိုးသမီးတစ်ယောက်ရဲ့လက်ကိုဒီဘုရင်တွေ့ခဲ့တယ်..ဒါပေမဲ့ အဲ့ဒါက အရမ်းအရမ်းကိုဖြူနေတာ…အဲ့တာက ရုတ်တရက်မြေကြီးထဲနေ ထွက်လာခဲ့ပေမဲ့ ဒီဘုရင်ကအဲ့တာကိုမြင်လိုက်တဲ့အခါမှာ  မြန်မြန်ဆန်ဆန်ပဲ မြေကြီးထဲကိုပြန်တိုးဝင်သွားတယ်”

“မြေကြီးထဲကနေ လက်တစ်ဖက်ထွက်လာတာလား”

ချီလင်ဘုရင်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်သည်လည်း နဖူးကြောများတွန့်စွာဖြင့်မြေပြင်ကိုစိုက်ကြည့်လိုက်သည်။သူက သူ၏ ဝိညာဉ်စွမ်းအင်အားထုတ်လွှတ်ပြီး မြေပြင်ကို စူးစမ်းစစ်ဆေးလိုက်သော်လည်း ဘာသက်ရှိလက္ခဏကိုမှ ရှစ်ဖုန့်ရှာမတွေ့ပေ။

“မင်းရောတစ်ခုခုဖြစ်ခဲ့သေးလား”

ရှစ်ဖုန့်က ခေါင်းလှည့်လိုက်ပြီး  လမ်းလျှောက်နေရာမှရပ်တန့်ကာသူ့အားကြည့်နေသော နင်ချန်ကိုမေးလိုက်သည်။

“ဟင့်အင်း..ဘာမှမဖြစ်ဘူး”

နင်ချန်က ခေါင်းခါလိုက်ပြီးပြောလိုက်သည်။

“ငါက ရှေ့ကလျှောက်နေတာ သူကငါ့နောက်မှာ…ငါသေချာပေါက်သူ့ကိုဘယ်မြင်နိုင်မှာလဲ..ပြီးတော့လည်းငါက အဓိကဇတ်ကောင်ပဲဟာ ..သူကမှာ အခန်းနှစ်ခန်းစာလောက်ပဲ အသက်ရှင်နိုင်မဲ့လူစားမျိုး…အကယ်တစ်ခုခုကသူ့ကိုတိုက်ခိုက်မယ်ဆိုရင် ဇတ်ညွှန်းအရ သေချာပေါက်သူပဲတိုက်ခိုက်ခံရမှာပေါ့..သွာစို့…အကယ်၍ အဓိကဇတ်ကောင်ကသေရမယ်ဆိုရင်တောင် အဲ့တာကအကောင်းစားသေခြင်းမျိုးပဲဖြစ်လိမ့်မယ်”

နင်ချန်၏ နားပူနားဆာစကားများအားနားထောင်ပြီးသည့်နောက် ရှစ်ဖုန့်က ၎င်းအားလျစ်လျူရှုလိုက်ပြီး  သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍  နယ်မြေတစ်ဝိုက်ကိုထပ်မံစစ်ဆေးလိုက်သည်။တကယ်လည်းဘာသက်ရှိလက္ခဏာကိုမှ သူမခံစားမိပေ။ထို့နောက်တွင် သူက ခေါင်းမော့လိုက်ပြီး ချီလင်ဘုရင်ကိုပြောလိုက်သည်။

“သွားစို့….ဒီသခင်လေးတို့တွေ ရောက်နေတဲ့နေရာကို အာရုံစိုက်ထားကြစို့”

“အင်း..သေချာကြည့်ရမှာပေါ့”

ချီလင်ဘုရင်က ခေါင်းညိမ့်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။

အချိန်ခဏမျှ ကြာပြီးနောက်တွင် သူတို့သုံးယောက်သား နက်ရှိုင်းသော အပျက်အစီးနယ်မြေအတွင်းသို့အတူတကွဆက်လက်ဝင်ရောက်လိုက်ကြသည်။

နေ့တစ်ဝက်ခန့်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ခုဏမှ စ၍ ယခုထိတိုင်အောင် ဘာမှ ဖြစ်ပျက်ခဲ့ခြင်းမရှိပေ။ ယခင်ကကဲ့သို့ အန္တရာယ်ရှိသော ဘာအစီအရင်ကိုမှလည်းသူတို့ ပက်ပင်းမကြုံခဲ့ရပေ။ ချီလင်ဘုရင် ပြောခဲ့သော လက်ဖြူကိုလည်း မမြင်တွေ့ခဲ့ရပေ။

“အိုး..ဝိုး”

ရုတ်တရက် နင်ချန်၏ ထူးဆန်းသောအသံက ရှေ့မှထွက်ပေါ်လာသည်။ ရှေ့တွင်ရှိနေသောငကြောင်ကောင်က ရုတ်တရက်သွားနေရာမှ ရပ်လိုက်သည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်က နင်ချန်ဘေးသို့လျှောက်သွားလိုက်ပြီးမေးလိုက်သည်။ချီလင်ဘုရင်ကလည်းနောက်မှလိုက်ပါလာသည်။ ဤအချိန်တွင် ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ နင်ချန်ရုတ်တရက်ရပ်တန့်လိုက်ရသည့် အကြောင်းပြချက်ကို နောက်ဆုံး၌နားလည်သွားသည်။

ဤအချိန်၌ သူတို့၏ရှေ့တွင်  ကျယ်ပြန့်သော  အနက်ရောင်မြစ်တစ်စင်းက ပေါ်လာပြီးသူတို့အားတားဆီးထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သိပ်သည်းသော မီးခိုးဖြူရောင်မြူခိုးများ၏ ဖုံးလွှမ်းထားမှုအောက်တွင်  ဆန့်ကျင်ဘက်ခြမ်းအားလုံးဝမြင်တွေ့နိုင်ခြင်းမရှိသည်ကိုတွေ့ရပြီး  အဓိကအကြောင်းပြချက်တစ်ခုက မြစ်၏ အနက်ရောင်အရောင်အစင်းကြောင့်ဖြစ်သည်။၎င်းမှာ  မှင်နက်တို့ စွန်းထင်းနေသကဲ့သို့ပင်ဖြစ်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters