← Chapters

အပိုင်း(၄၃၁)

Vol. 29 Ch. 431

အပိုင်း(၄၃၁)

Vol. 29 Ch. 431

သူတို့ရှေ့တွင်ရှိနေသော အနက်ရောင်မြစ်အားကြည့်လိုက်ပြီးနောက် ချီလင်ဘုရင်က ရှစ်ဖုန့်အားကြည့်၍ မေးလိုက်သည်။

“မြေပုံအရ ဒီမြစ်ကဘယ်လောက်ထိကျယ်တယ်ဆိုတာကို ဒီဘုရင်တို့ပြောနိုင်လား”

သူရည်ညွှန်းသော မြေပုံဆိုသည်က  သူတို့ ကမ္ဘာဦးကျောက်တုံး တစ်သိန်းဖြင့်ဝယ်ယူခဲ့သော “သေခြင်းတားမြစ်နယ်မြေသို့ပြည့်စုံသော လမ်းညွှန်မှု” စာအုပ်မှာ မပြည့်စုံသော  မြေပုံများပင်ဖြစ်သည်။

ချီလင်ဘုရင်၏ စကားဆုံးသွားသော အခါတွင် ရှစ်ဖုန့်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဟင့်အင်း …အဲ့သူတောင်းစားအိုကြီးက ဒီသခင်လေး တို့ရှိနေတဲ့နေရာအထိပဲ  ရေးဆွဲထားခဲ့တာ …ဒီသခင်လေးတို့ရှေ့က အနက်ရောင်မြစ်နဲ့ပက်သက်ပြီး သူဘာကိုမှမရေးဆွဲခဲ့ဘူး”

“မဖြစ်နိုင်တာ”

ရှစ်ဖုန့်၏  စကားတို့အား ကြားပြီးသည့်နောက်တွင် အကျင့်ပျက်ကောင် နင်ချန်က ပဟေဠိဆန်သော မျက်နှာထားဖြင့်ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ ထို့နောက် အကျင့်ပျက်ကောင်နင်ချန်က  “ သေခြင်းတားမြစ်နယ်မြေသို့ပြည့်စုံသော လမ်းညွှန်မှု”ဟူသည့်စာအုပ်အားထုတ်ယူလိုက်သည်။ သို့သော် နင်ချန်ထုတ်ယူလိုက်သော စာအုပ်က ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ ထုတ်ယူလိုက်သောစာအုပ်နှင့်များစွာခြားနားလေသည်။

ရှစ်ဖုန့်စာအုပ်၏ အဖုံးအရောင်ကအပြာဖြစ်ပြီး  လမ်းဘေးဆိုင်များတွင်ရောင်းချသော အရာကဲ့သို့ပင်ဖြစ်သည်။ သို့သော်နင်ချန်ထုတ်ယူလိုက်သောစာအုပ်က ကြီးကျယ်ခမ်းနားပြီး ရုတ်ခြည်းသူ့အားလွှမ်းမိုးသွားသည်။

စာအုပ်တစ်ခုလုံးက ရွှေရောင်ဖြစ်ပြီး ရွှေရောင်အလင်းတို့ လင်းလက်နေသည်။ စာအုပ်နှစ်ခုအားနှိုင်းယှဉ်လိုက်လျှင် ဆီနှင့်ရေကဲ့သို့ ခြားနားလှသည်ဖြစ်သည်။

ထို့နောက် နင်ချန်က စာအုပ်မှ စာမျက်နှာများအားလှန်လိုက်သည်။ရှေ့ဆုံးစာမျက်နှာများမှာ   သေခြင်းတားမြစ်နယ်မြေတစ်ခုလုံး ၏ မြေပုံများပင်ဖြစ်သည်။စာမျက်နှာ အနည်းငယ်အား လှန်လှောပြီးနောက် သူ၏ စာအုပ်တွင်တကယ်ပဲ  အနက်ရောင်မြစ်၏မြေပုံတစ်ခုရေးဆွဲထားသည်ကိုသူတို့တွေ့လိုက်ရသည်။မြေပုံပေါ်တွင်  “သေခြင်းမြစ်”ဟု အမှတ်အသားပြုလုပ်ထားပြီး  မီတာတစ်ရာ ကျယ်ဝန်းသည်ဟုမှတ်သားထား၏။

ထို့နောက်တွင် သတိပေးသော စာကြောင်းအချို့လည်းရှိနေသေးသည်။

“သေခြင်းမြစ်ကိုဖြတ်သန်းတဲ့အချိန်မှာ သင့်အနေနဲ့တော်တော်လေးသတိထားဂရုစိုက်ရမယ်…သင့်အနေနဲ့သေခြင်းမြစ်ရေကိုသင့်ကိုထိစေလို့လုံးဝမဖြစ်ဖူး”

“အကယ်၍လူတစ်ယောက်ရဲ့ကိုယ်ကိုသာထိသွားပြီဆိုရင် အဲ့လူသေရလိမ့်မယ်”

“သေခြင်းမြစ်ကို ဖြတ်သန်းနေစဉ်မှာလည်း သင်ဟာတော်တော့်တော်တော်လေးကို သတိထားရမယ်.. ဘာဆူညံသံကိုမှ မပြုလုပ်ပါနဲ့..မြစ်ထဲမှာ စွမ်းအားကြီး သက်ရှိတစ်ကောင်ရှိတယ်ဆိုတာကို သတိပြုပါ”

ဤဗျူဟာစာအုပ်အားကြည့်ပြီးနောက် ရှစ်ဖုန့်၏ စာအုပ်အားကြည့်လိုက်လျှင်  ရှစ်ဖုန့်၏ စာအုပ်မှာ မိထွေးက ပြုစုထားသော ကလေးနှင့်ဆင်တူသည်။ ၎င်းမှာ လုံးဝကိုချိုးချထားသော မူကွဲပင်ဖြစ်သည်။

ဤစာအုပ်တွင်တော့ မြေပုံအပိုတစ်ခုသာပါရှိရုံမက မှတ်ချက်များ သိတိပေးချက်များနှင့် အထူး မှာကြားချက်များလည်းပါရှိသည်ဖြစ်သည်။

ရှစ်ဖုန့်၏ စာအုပ်ကတော့ လုံးဝကို အသုံးကျခြင်းမရှိပေ။ ရှစ်ဖုန့်တို့က ၎င်းအား ကမ္ဘာဦးကျောက်တုံးတစ်သိန်းပေး၍ ဝယ်ယူခဲ့ရပြီးနင်ချန်ကတော့ အဘိုးအိုက ပေးခဲ့ခြင်းဖြစ်သည်။ သူက အဘိုးအို၏ တရားမဝင်သားမဟုတ်ဟု ပြောရပင်ခက်သည်ဖြစ်သည်။

နင်ချန်က ရွှေရောင်တို့လင်းလက်နေသော စာအုပ်အား ဖယ်လိုက်ပြီး အထင်သေးမှုအပြည့်ဖြစ်သောမျက်နှာဖြင့်ပြောလိုက်သည်။

“ဂျူနီယာယာညီလေး မင်းကွာ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုး မူပိုင်ခွင့်ခိုးထားတဲ့စာအုပ်ကို အရှက်မဲ့ ဝယ်လာရတာလဲ..ဒီလိုစာအုပ်မျိုးကိုဖတ်ရတာက ရှက်ဖို့ကောင်းတယ်ဆိုတာကို မင်းမသိဘူးလား”

“လီးပေါ့…ငါတို့ကိုမင်းနဲ့များတူတယ်ထင်နေတာလား…ငါတို့က အဲ့သူတောင်းစားကြီးရဲ့ တရားမဝင်ကလေးဟုတ်လို့လား”

ချီလင်ဘုရင်မှာနင်ချန်၏ စကားတို့အားကြားလိုက်ရပြီးနောက်  စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ျ

သူတို့၏ခန္ဓာကိုယ်များအား ထိန်းသိမ်းရန်တွက်သေခြင်းတားမြစ်နယ်မြေအတွင်းရှိ အနက်ရောင်မြစ်မှ မြစ်ရေအား သူတို့၏ခန္ဓာကိုယ်များကို ထိတွေ့စေ၍ မရပေ။

ထိုထက်ပိုသည်ကား  အနက်ရောင်မြစ်အတွင်း၌ စွမ်းအားကြီးတည်ရှိမှုတစ်ခုရှိသည်ဖြစ်သည်။

“သခင်လေး ဖုန့်  သခင်လေး မြစ်ကိုဖြတ်ကူးချင်လား”

ချီလင်ဘုရင်က အနက်ရောင်မြစ်အားကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်အားအသံတိုးတိုးဖြင့်မေးလိုက်သည်။

“မလောနဲ့ စောင့်အုံး”

ရှစ်ဖုန့က လက်ကိုဆန့်ထုတ်လိုက်ပြီး ချီလင်ဘုရင်ကိုတားလိုက်သည်။

“အမ်…မြေပုံကဒီနေရာမှာ ဆုံးသွားပြီပဲ”

ဤအခိုက်အတန့်တွင်  ရှစ်ဖုန့်နှင့်အခြးသူများ ၏အနောက်ဘက်မှ  စိတ်ရှုပ်ထွေးသောအသံတစ်ခုထွက်ပေါ်လာသည်။

ရှစ်ဖုန့်နှင့်အခြားသောသူများကလှည့်ကြည့်လိုက်သောအခါတွင်  သူတို့နောက်ရှိ မီးခိုးဖြူရောင်မြူများအတွင်းမှ ကျင့်ကြံသူလေးယောက်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ ကျင့်ကြံသူလေးယောက်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကဦးဆောင်လာသည်။ ထိုအဖွဲ့တွင် ယောက်ျားလေးနှစ်ယောက်နှင့်  အဖြူရောင်ကိုဝတ်ဆင်ထားသော လှပငယ်ရွယ်ဖြူစင်သည့် မိန်းကလေးတစ်ဦးတို့ပါရှိသည်။

သက်လက်ပိုင်းအရွယ်လူ၏ ကျင့်ကြံမှုနယ်ပယ်က အမြင့်ဆုံးဖြစ်သည်။သူကကြယ်သုံးပွင့်သူတော်စင်နယ်ပယ်ဖြစ်ပြီး  လူငယ်နှစ််ယောက်ကကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်များဖြစ်ကြသည်။မိန်းကလေးကတော့ ကြယ်ရှစ်ပွင့် ဘိုးဘေးနယ်ပယ်တစ်ယောက်ဖြစ်သည်။

အံ့အားသင့်သော အသံက  လူငယ်တစ်ယောက်ထံမှထွက်ပေါ်လာခြင်းဖြစ်သည်။လူငယ်က နင်ချန်ပြောခဲ့သည့် ခိုးကူးစာအုပ် “သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသောလမ်းညွှန်မှု”ကို ကိုင်ဆောင်ထားသည်။

သူတို့လေးယောက်က လျှောက်လှမ်းထွက်လာပြီးနောက် ရှစ်ဖုန့်နှင့်အခြားနှစ်ယောက်အား အကြိမ်များစွာဖျက်ခနဲကြည့်လိုက်ကြသည်။ထို့နောက် နောက်ဆုံးတွင် သူတို့၏ မျက်လုံးများက  သူတို့ရှေ့ရှိ အနက်ရောင်မြစ်ထံ၌ ရပ်တန့်သွားသည်။

“ကျွန်မတို့မြစ်ကို ဘယ်လိုကူးကြမလဲ…အဲ့တာက အန္တရာယ်ရှိလောက်လား”

မိန်းမငယ်လေးက သူတို့ရှေ့တွင်ရှိနေသော အနက်ရောင်မြစ်အား စိုးရိမ်စွာဖြင့်ကြည့်လိုက်ပြီးပြောလိုက်သည်။

“ဟားဟား ညီမလေး ကျွင်း မစိုးရိမ်ပါနဲ့ …တို့တေွကဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတွေပါ…အကယ်၍ ဒီမြစ်ထဲကရေက အဆိပ်ရှိနေတယ်ဆိုရင်တောင် တို့တွေပျံပြီးတော့ဖြတ်သွားလို့ရတာပဲဟာ … “

စာအုပ်အားလက်အတွင်းကိုင်ထားသောလူငယ်က မိန်းကလေး၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရယ်မောလိုက်သည်။

“ဟုတ်တယ် အမှန်ပဲ.ဒါက မြစ်တစ်ခုပဲဟာ..တို့လို့ပျံပြီး ဖြတ်သွားနိုင်တဲ့သူတွေအတွက်ဘာမှမဟုတ်ဖူး”

အခြားသောလူငယ်တစ်ယောက်ကလည်း အထင်သေးသောအပြုံးဖြင့်ပြောလိုက်သည်။

မိန်းကလေးအား သူတို့နှစ်ဦးကြည့်သောအကြည့်တို့ကို အကဲဖြတ်ရသလောက် သူတို့အနေဖြင့်သူမအပေါ်၌ ခံစားချက်များရှိနေသည်ကို ပြောဖို့လွယ်သည်ဖြစ်သည်။

“အကယ်၍ အဲ့လိုဖြတ်သွးလို့ရတယ်ဆိုရင် ဘာလို့သူတို့က ပျံပြီးတော့ မဖြတ်သွားကြတာလဲ”

မိန်းကလေးက ဂရုတစိုက်တွေးလိုက်သည်။ သူမက မြစ်အားမျက်နှာမူထားသော ရှစ်ဖုန့်နှင့်အခြာသူနှစ်ယောက်အားတွေးမိပြီး အလျင်စလိုမပြုမူခဲ့ပေ။

“ဟမ့်”

မိန်းကလေး၏စကားအားကြားလိုက်ရသောအခါတွင် စာအုပ်ကိုင်ထားသောလူငယ်က အထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

“သူတို့က အသက်ရှင်ဖို့ကိုပဲ လောဘကြီးပြီး သေရမှာကိုကြောက်ကြတဲ့လူစုသက်သက်ပဲ ……သူတို့ထဲကနှစ်ယောက်က သူတော်စင်နယ်ပယ်ဖြစ်နေတာအလကားပဲ…ဒီလိုသရဲဘောကြောင်တာကို ဘယ်လိုလုပ်ပြီးတော့ သူတော်စင်နယ်ပယ်ကို ရောက်လာလဲမသိဘူး..ကျုပ်အမြင်အရတော့သူတို့ရဲ့သိုင်းလမ်းကြောင်းက ဒီမှာပဲရပ်တန့်နေလိမ့်မယ်”

လူငယ်က ယဉ်ကျေးမှုမရှိသလို အသံကလည်း မတိုးပေ။ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်က သူပြောသည်ကိုကြားမည်အားသူမကြောက်ပေ။ သူ၏အမြင်တွင် ၎င်းတို့က သူတော်စင်နယ်ပယ်နှစ်ယောက်သာဖြစ်သည်။ထိုထက်ပိုသည်ကား ၎င်းတို့ထဲကတစ်ဦးက ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်ပြီး ကျန်တစ်ဦးက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်သာဖြစ်သည်။ အခြားတစ်ဖက်တွင် သူတို့ထဲ၌ သက်လတ်ပိုင်းအရွယ်ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ်ဦးရှိသည်။ သူတို့သာ အကယ်၍ မနာမခံလုပ်ရဲလျှင် ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်က ၎င်းတို့အား ချက်ချင်းသတ်လိမ့်မည်ဖြစ်သည်။

“ရှင်…ရှင့်အသံကို တိုးတိုးပြောတာပိုကောင်းလိမ့်မယ်”

မိန်းကလေးက လူငယ်အား ပြောလိုက်သည်။

“ဟားဟား..ညီမလေးကျွင်း ဘာတွေကို ကြောက်နေတာလဲ..အခု  ကျုပ် ဟွမ်ယွဲ့က မြစ်ကို ဖြတ်ကူးတာက ဘာလဲဆိုတာကိုပြမယ်..ဘာကို အနက်ရောင်မြစ်လဲ…ဘာကိုသေခြင်းတားမြစ်နယ်မြေလဲ..ကျုပ်ဟွမ်ယွဲ့အတွက်တော့ အဲ့တာတွေကအလကားပဲ..”

ဟွမ်ယွဲ့အမည်နှင့်လူငယ်က ဝင့်ကြွားစွာပြောလိုက်သည်။

တက်ဆက်တည်း ဟွမ်ယွဲ့က “သေခြင်းတားမြစ်နယ်မြေသို့ ပြည့်စုံသောလမ်းညွှန်မှု”စာအုပ်အားသူ၏ သိုလှောင်လက်စွပ်အတွင်းသိမ်းလိုက်သည်။ သူခန္ဓာကိုယ်အားတစ်ချက်လှုပ်ရှားလိုက်ပြီး အနက်ရောင်မြစ်ထံသို့ ပျံသန်းသွားလိုက်သည်။ သိပ်မကြာခင် သူက အနက်ရောင်မြစ်မျက်နှာပြင်ပေါ်သို့ရောက်ရှိသွားသည်။သူက မြစ်ပေါ်တွင် ဝင့်ကြွားစွာရပ်ပြီး သူ့ခြေထောက်နှင့်မြစ်ရေပြင်အား မီတာဝက်ခန့်အကွာအဝေးကိုထိန်းထားသည်။ ထို့နောက်သူကလှည့်လိုက်ပြီး နောက်တွင်ရှိနေသော သူတို့အား မျက်နှာမူလိုက်သည်။

ဤအချိန်တွင် ဟွမ်ယွဲ့၏ မျက်နှာထက်၌ ဝင့်ကြွားမှုများဖြင့်ပြည့်နှက်နေသည်။ သူက ရှစ်ဖုန့်နှင့်အခြားသူများအားကြည့်လိုက်ပြီး နောက်ဆုံးတွင်ဖြူစင်လှပသောမိန်းကလေးပေါ်သို့အကြည့်တို့ကျရောက်သွားသည်။သူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်၏။

“ညီမလေးကျွင်း ကျုပ်ပြောသလိုပဲ ဒါက အနက်ရောင်မြစ်လေးတစ်ခုပါပဲ…ကျုပ်တို့လို မြစ်ကိုပျံပြီတော့ ဖြတ်သန်းနိုင်သူတွေအတွက်ဘာမှမဟုတ်ဖူး”

“အား”

မြစ်မျက်နှာပြင်ထက်၌ ဝင့်ကြွားစွာရပ်နေသည့် လူငယ်အားကြည့်၍ အမျိုးသမီး၏မျက်နှာထက်၌ ရုတ်ခြည်းချောက်ချားမှုတို့ဖြစ်ပေါ်လာသည်။သူမသည်သာမကဘဲ မိန်းကလေး၏ဘေးတွင်ရှိနေသောလူငယ်နှင့် သက်လတ်ပိုင်းအရွယ်လူတို့၏မျက်နှာများသည်လည်း ကြီးစွာပြောင်းလဲသွားသည်။

“ဟွမ်ယွဲ့ပြေး  ….မြန်မြန်ပြန်လာခဲ့..”

မိန်းကလေးက ဟွမ်ယွဲ့အား သတိပေးသည့်အနေဖြင့် လျှင်မြန်စွာအော်ပြောလိုက်သည်။

“ပြန်လာခဲ့  ဟွမ်ယွဲ့ အန္တရာယ်ရှိတယ်”

အခြားသော လူငယ်ကလည်း အော်ပြောလိုက်သည်။

ဟွမ်ယွဲ့အမည်နှင့် လူငယ်၏ နောက်ကျောဘက်တွင် ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခုပေါ်လာသည်။

“ဘာလဲ ဟားဟားဟား  မင်းတို့က ငါ့ကို ခြောက်လှန့်ဖို့ကြိုးစားနေတာလား..ဟားဟားဟား..ဟားဟားဟား..ညီမလေးကျွင်း မင်းနောက်တတ်မယ်လို့ငါမထင်ထားခဲ့မိဘူး”

သူတို့၏အော်သံများအားကြားရသောအခါတွင်  ဟွမ်ယွဲ့အမည်နှင့်လူငယ်က ဆက်လက်၍ ရယ်မောနေသည်။သူ၏မျက်နှာထက်တွင် ကျေနပ်ပီတိဖြစ်မှုများဖြင့်ပြည့်နှက်နေသလို ဤအချိန်၌ သူက အန္တရာယ်ကျရောက်လုနီးနီးအခြေအနေဖြစ်နေသည်ကို ယုံကြည်မှုမရှိပေ။

ဆက်ရန်…………..

ဘာသာပြန်သူ-ARISE

All Chapters