← Chapters

အပိုင်း (၄၃၂)

Vol. 29 Ch. 432

အပိုင်း (၄၃၂)

Vol. 29 Ch. 432

ထို့နောက်တွင် အနက်ရောင်မြစ်မျက်နှာပြင်ထက်တွင်ရှိနေသော လူငယ်၏ အနောက်ဘက်မှ အနက်ရောင် အရိပ်ကြီးက ရုတ်တရက်ခုန်အုပ်လိုက်ပြီး လူငယ်အား လွှမ်းခြုံသွားသည်။သူ၏တစ်ကိုယ်လုံးမှာ အနက်ရောင်အရိပ်ကြီး၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။

“အား”

အနက်ရောင်မြစ်၏ ကောင်းကင်ယံဆီမှ  စူးစူးဝါးဝါးထိတ်လန့်ဖွယ်အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။ထို့နောက် ဗွမ်းဆိုသောအသံနှင့်အတူ ဧရာမ အနက်ရောင်အရိပ်ကြီးက အနက်ရောင်မြစ်အတွင်း ဟွမ်ယွဲ့နှင့်အတူ ထိုးဆင်းသွားပြီး အနက်ရောင်လှိုင်းလုံးတို့ မွှေ့ထသွားစေသည်။

“ဟူးလားလားလား”

နက်ရောင်လှိုင်းလုံးများက အနက်ရောင်မြစ်အတွင်း တစ်ဟုန်ထိုး သည်းထန်စွာဖြစ်ပေါ်သွားသည်။ မကြာခင်တွင်  အနက်ရောင်မြစ်မှာ  ဘာမှဖြစ်ပျက်ခဲ့ခြင်းမရှိသည့်အလား ပြန်လည်၍ တည်ငြိမ်သော အခြေအနေပြန်ဖြစ်သွားသည်။

အဖြစ်အပျက်က အရမ်းကိုမြန်ဆန်လွန်းသည်ဖြစ်သည်။

ကမ်းခြေပေါ်တွင်ရှိနေကြသောလူအားလုံးမှာ ဟွမ်ယွဲ့ဟုခေါ်သောလူငယ်လေးက အနက်ရောင်မြစ်အတွင်း ထာဝရကျန်ရစ်ခဲ့ပြီဖြစ်သည်ကိုသိကြသည်ဖြစ်၏။

“ဟူး”

ကမ်းခြေပေါ်တွင် မိန်းမငယ်နှင့်လူငယ်တို့ မှာ ပြန်လည်၍ တည်ငြိမ်သောအခြေအနေပြန်ဖြစ်သွားသည့် အနက်ရောင်မြစ်အားကြည့်၍ သက်ပြင်းချလိုက်သည်။သူတို့၏ အဖော်ဖြစ်သူ အစောပိုင်းကမှသူတို့အနားတွင်ရှိနေခဲ့သူက ထာဝရ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“သခင်မလေး …အရမ်းဝမ်းနည်းမနေပါနဲ့..ဟွမ်ယွဲ့က မာနကြီးမောက်မာတဲ့သူတစ်ယောက်ပဲ…သူကအမြဲတမ်းသူ့အဖေ ဟွမ်တရှန်းကိုပဲတွေးပြီးတော့ တစ်ခြားသူတွေကိုသူ့ရဲ့မျက်လုံးထဲထည့်တာမဟုတ်ဖူး..သေခြင်းတားမြစ်နယ်မြေထဲမှာ သူမသေခဲ့ရင်တောင် မကြာခင်ဒါမှမဟုတ် နောက်ပိုင်းကျသူကသေမှာပဲ”

ကြယ်သုံးပွင့်သူတောင်စင်နယ်ပယ်သက်လတ်ပိုင်းလူက မိန်းကလေးအားနှစ်သိမ့်လိုက်သည်။ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်က မိန်းကလေးအားသခင်မလေးဟု သုံးနှုန်းခေါ်ဝေါ်သောကြောင့် မိန်းကလေး၏ နောက်ခံက သာမန်ဟုတ်ပုံမရပေ။

ထိုလူ၏ စကားအားကြားလိုက်ရသောအခါတွင် အခြားသေ လူငယ်မှာ ရှက်ရွံ့မှုကြောင့်မျက်နှာနီရဲသွားသည်။ခုဏက သူသည်လည်း ဟွမ်ယွဲ့နှင့်အတူတူပင်ဖြစ်သည်။သူက မိန်းမငယ်လေးအားကြည့်၍ အထင်သေးစွာဖြင့်ရယ်မောခဲ့သည်။အနက်ရောင်မြစ်သည်ဘာမှမဟုတ်ပဲ သူ ပျံသန်းသွားရုံသာလိုသည်ဟု သူပြောခဲ့သည်။

ဟွမ်ယွဲ့ကဲ့သို့ပင် သူတို့နှစ်ဦးက ငယ်ငယ်လေးကတည်းက တစ်ယောက်ကိုတစ်ယောက်သိကြသူများဖြစ်ကြသည်။သူတို့၏မိသားစုနောက်ခံများကတူညီပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်ကလည်းတူညီသည်ဖြစ်သည်။သူတို့နှစ်ဦးမှာ အရာအားလုံးအားအတူတကွပြောဆိုခဲ့ဖူးသည်။သူတို့နှစ်ဦးစလုံးတွင် အစွမ်းထက်သော ဖခင်တို့ရှိသောကြောင့် သူတို့ဖခင်တို့၏ကာကွယ်မှုဖြင့်  အခြားသူများအားသူတို့မျက်လုံးအတွင်း၌ ဘယ်သောအခါမှထည့်ထားခြင်းမရှိခဲ့ပေ။

အရာအားလုံးအားတွေးမိသောအခါတွင် လူငယ်သည်  ဟွမ်ယွဲ့အားမြစ်ပေါ်သို့ အရင်ပျံသန်းသွားခဲ့သည့်အတွက် တိတ်တဆိတ်ဝမ်းသာမိသည်ဖြစ်သည်။ အကယ်၍သူသည်လည်း ပျံသန်းသွားခဲ့လျှင် ထွက်ပေါ်လာမည့်ရလဒ်က စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။

ဤအရာအားတွေးမိသောအခါတွင် လူငယ်ထံ၌ အကြောက်တရားတို့စွဲကျန်ရစ်နေခဲ့ဆဲဖြစ်သည်။

နောက်ထပ်အကြောက်တရားများ စွဲကျန်ရစ်နေသောသူတစ်ဦးလည်းရှိနေသည်ဖြစ်သည်။ ထိုသူမှာ ရှစ်ဖုန့်ဘေး၌ ရပ်နေသောချီလင်ဘုရင်ပင်ဖြစ်၏။ခုဏက ချီလင်ဘုရင်သည်လည်းသူတို့မြစ်အား ဖြတ်ကူးသင့်သလားဟု မေးခဲ့၏။ကံကောင်းစွာဖြင့် ရှစ်ဖုန့်က သူ့အားတားခဲ့ပြီး စောင့်ရန်ပြောခဲ့သည်။

အကယ်၍ သူသာသေခြင်းတားမြစ်နယ်မြေအတွင်းသို့တစ်ယောက်တည်းလာခဲ့လျှင် သူသည်လည်းဟွမ်ယွဲ့ကဲ့သို့တူ ညီသောအရာကိုသာပြုလုပ်ပြီး တစ်ဟုန်ထိုးသွားမိလိမ့်မည်ဖြစ်သည်။ဟွမ်ယွဲ့နှင့် ၎င်းအားမြစ်အတွင်းသို့ ဆန်းကြယ်ပြီး ကြိီးမားသော အရိပ်ကြီးကမည်ကဲ့သို့ ဝါးမျို ဆွဲယူသွားသည်အားတွေးမိသောအခါတွင် အကယ်၍ သူသာထိုနေရာတွင် ဆိုပါကဟု ချီလင်ဘုရင်တွေးမိလိုက်သည်။

ဤအကြောင်းအား တွေးမိသောအခါတွင်ချီလင်ဘုရင်မှာကျောချမ်းမိနေဆဲပင်ဖြစ်၏။

ထို့နောက်သူက ရှစ်ဖုန့်အားလှည့်၍ မေးလိုက်သည်။

“သခင်လေးဖုန့်..အဲအနက်ရောင်အရိပ်က ဘာလဲဆိုတာကို သခင်လေးမြင်လိုက်လား”

“ဟင့်အင်း”

ချီလင်ဘုရင်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ရိုးရှင်းစွာခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“ဟူး”

ချီလင်ဘုရင်က သက်ပြင်းချပြီးပြောလိုက်သည်။

“ဒီလိုသာဆိုရင် ဒီဘုရင်တို့တွေ မြစ်ကိုဘယ်လိုမျိုးဖြတ်ကူးကြမလဲ”

ချီလင်ဘုရင်အနေဖြင့်မြစ်အားဖြတ်မကူးရလဲကိစ္စမရှိပေ။ သို့သော် ရှစ်ဖုန့်က သေခြင်းတားမြစ်နယ်မြေအတွင်းသို့တစ်စုံတစ်ယောက်အားကယ်တင်ရန်လာသည်ဖြစ်ကြောင်းသူသိသည်ဖြစ်သည်။အကယ်၍ ထိုပုဂ္ဂိုလ်ကိုသာ ကယ်တင်ချင်သည်ဆိုလျှင် သူ့အနေဖြင့် ဤမြစ်အား ဖြတ်ကူးရမည့်ပုံပေါ်၏။

ယခုချီလင်ဘုရင်မှာ တစ်ယောက်တည်းမနေလိုတော့ချေ။ ဤသေခြင်းတားမြစ်နယ်မြေအတွင်း ဆန်းကြယ်သောသေခြင်းတရားအပြင် ဆန်းကြယ်သော အစီအရင်များနှင့် အစွမ်းထက်သော ကျင့်ကြံသူများစွာလည်းရှိသေးသည်ဖြစ်သည်။ စွမ်းအားကြီးသောရှစ်ဖုန့်နှင့်အတူနေခြင်းက ပို၍ လုံခြုံသည်ဖြစ်၏။

“ဝူရှန့်က အဲ့ဦးတည်ချက်ဘက်မှာဆိုတာမင်းသေချာလား”

ရှစ်ဖုန့်ကခေါင်းလှည့်ပြီး အကျင့်ပျက်ကောင်နင်ချန်အားမေးလိုက်သည်။

“အမှန်ပဲ..ငါ့ရဲ့ချစ်ဖို့ကောင်းပြီးထက်မြတ်တဲ့ ဂျူနီယာညီလေး”

နင်ချန်က ရှစ်ဖုန့်ဘက်သို့ခေါင်းလှည့်ပြီး ဆိုးရွားသေအပြုံးတစ်ခုအားပေးလိုက်သည်။ထို့နောက်ရှစ်ဖုန့်အားပြောလိုက်၏။

“ဒါက တကယ်စိတ်ကျေနပ်ဖို့ကောင်းတယ်..ခုဏက ငါတို့ကို ဟာသလုပ်ရဲတဲ့သူကတော့ အဆုံးသတ်မှာသေသွားရပြီ..”

ရှစ်ဖုန့်က နင်ချန်၏ စကားတို့အား တိုက်ရိုက်ပင်လျစ်လျူရှုလိုက်ပြီး  သူ၏မျက်လုံးတို့အား အနက်ရောင်မြစ်ပေါ်၌ ထပ်မံ၍ အာရုံစူးစိုက်ထားလိုက်သည်။ သူကတီးတိုးရေရွတ်လိုက်သည်။ျ

“ဝူရှန့်နဲ့ ဖျောင်ရွှယ်ယွဲ့တို့တွေဒီမြစ်ကိုဘယ်လိုဖြတ်ကူးကြလဲဆိုတာကို သိချင်မိတယ်..ဖျောင်ရွှယ်ယွဲ့ရဲ့ ဝိညာဉ်က ဒီအတိုင်း ဖျက်ဆီးခံလိုက်ရတာက နှမြောစရာပဲ”

ကမ်းခြေသို့‌နောက်ထပ်လူသုံးယောက် ရောက်လာခဲ့ပြီး သိပ်မကြာခင်တွင် အခြားသောသူများကလည်း သူတို့၏ အနောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။အဆုံးသတ်တွင် မြစ်ကမ်းပါးပေါ်၌   လူသုံးဆယ်ခန့်စုစည်းမိကြသည်ဖြစ်သည်။အရင်ဆုံး ဤလူများက ကမ်းပါး ပေါ်တွင်ရပ်ပြီး သူတို့၏ ရှေ့တွင်ရှိနေသော  အနက်ရောင်မြစ်အားကြည့်လိုက်ကြသည်။

ရောက်လာသူများထဲမှ အချို့သောကျင့်ကြံသူများမှာ ရှစ်ဖုန့်က လုံဟူဂိုဏ်းသားသုံးယောက်အားသတ်ပစ်ခဲ့သည်ကို မြင်ခဲ့သူများဖြစ်ကြသည်။  ဤကျင့်ကြံသူများ က ရှစ်ဖုန့်အားမြင်လိုက်ကြရသောအခါတွင် အကောင်းဆုံးကြိုးစား၍ အတက်နိုင်ဆုံးသူ့အဝေးမှနေကြ၏။ ရှစ်ဖုန့်က သူတို့၏ နှလုံးသားထဲတွင် မမြင်နိုင်သော အခြိမ်းအခြောက်အဟန့်အတားအား  တည်ဆောက်ပေးခဲ့သည်ဖြစ်သည်။

ထို့နောက်တွင် သူတို့ရှေ့တွင်ရှိနေသော အနက်ရောင်မြစ်အားကြည့်နေကြည့် သည့်သူများထဲမှ အချို့သောကျင့်ကြံသူများက ခေါင်းများကိုလှည့်လိုက်ကြပြီး  သေခြင်းတားမြစ်နယ်မြေ၏ အခြားသော ဦးတည်ဘက်ဆီသို့ကြည့်လိုက်ကြသည်။

အနက်ရောင်မြစ်အား အန္တရာယ်မရှိဟု ခံစားကြရသော ကျင့်ကြံသူတစ်ယောက်လည်းရှိနေ၏။ ဟွမ်ယွဲ့ကဲ့သို့ပင်သူက မြစ်အားဖြတ်သန်းရန်အတွက်ပျံသန်းသွားသော်လည်း အဆုံးသတ်ကတော့ ဟွမ်ယွဲ့ကဲ့သို့ အတူတူပင်ဖြစ်သည်။ သူ၏ကိုယ်အား အနက်ရောင်အရိပ်ကြီးက ရစ်ပတ်လွှမ်းခြုံသွားပြီး  အနက်ရောင်အရိပ်က သူ့အား မြစ်အတွင်းသို့ပြန်ဆွဲချသွားကာကြီးမားသော ရေလှိုင်းတို့အားဖန်တီးဖြစ်ပေါ်စေလိုက်သည်။

ရှစ်ဖုန့်မှာ သူတို့၏ရှေ့တွင်ရှိနေသော အနက်ရောင်မြစ်အား ဆက်လက်၍ စိုက်ကြည့်နေဆဲဖြစ်သည်။အစောပိုင်းက သူမြင်ခဲ့ရသည်များအားအခြေခံ၍ နင်ချန်၏ လျှို့ဝှက် လက်စွဲစာအုပ်က သူတို့အား ဂရုစိုက်ရန်သတိပေးနေသည်ဖြစ်သည်။သူတို့မည်မျှပင်သတိထားပါစေ မြစ်အားဖြတ်သန်းခြင်းက အသုံးမဝင်ဖြစ်နေ၏။ အစောပိုင်းကထိုလူများမှာ အနက်ရောင်မြစ်အတွင်းရှိ တည်ရှိမှုအား သတိပေးလိုက်ပြီးဖြစ်သည်။

“ဒီဘုရင်တို့တွေ အဲ့အရာကြီးအိပ်မောကျသွားမှ  အဲ့တာကို သတိထားမိစေခြင်းမရှိဘဲနဲ့ မြစ်ကို ဂရုတစိုက်နဲ့အရင်ဆုံးဖြတ်သန်းရမယ်နဲ့တူတယ်”

ချီလင်ဘုရင်ကသူ့ခေါင်းအားလှည့်၍ ရှစ်ဖုန့်အားပြောလိုက်သည်။

ချီလင်ဘုရင်၏ စကားတို့အားကြားပြီးသည့်နောက် ရှစ်ဖုန့်က ပြုံး၍ပြောလိုက်သည်။

“ဒါဆိုရင် အဲ့အရာကြီး အိပ်မအိပ်ဆိုတာကို ဒီသခင်လေးတို့ဘယ်လိုမျိုးသနိုင်မလဲ..ဘယ်သူကရော အဲ့တာအိပ်မအိပ်ဆိုတာကို သိမှာလဲ ….အခြားကျင့်ကြံသူတွေကို စမ်းသပ်ပေးဖို့တောင်းတိုပြီးတော့ သူတို့ကို အဲတည်ရှိမှုကမြစ်ထဲဆွဲချသွားမလားဆိုတာကို ကြည့်ရမှာလား”

“တကယ်တော့ ဘယ်သူကမှ စမ်းသပ်တာကို လုပ်ချင်မှာမှမဟုတ်တာ”

ချီလင်ဘုရင်က ခါးသက်စွာ ပြုံးလိုက်သည်။

“ဟီးဟီး..အဲ့တာကရိုးရှင်းတယ်မဟုတ်ဖူးလား”

ထိုအချိန်တွင် ခပ်ဝဝနှင့်  ထိပ်ပြောင်သော ရှစ်ဖုန့်တို့နှင့် မလှမ်းမကမ်းနေရာ၌ရှိနေသည့် ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတို့က သူတို့ပြောသောစကားအားလုံးအားကြားလိုက်သည်။သူကပြုံးပြီးပြောလိုက်၏။

“ဒီမှာရှိနေတဲ့ လူတွေကြားထဲမှာ ဘိုးဘေးနယ်ပယ်အချို့ရှိနေတာပဲ..ပြီးတာနဲ့ ကျပန်းဘိုးဘေးနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုရှာပြီးတော့ သူ့ကိုကြိုးစားကြည့်ဖို့သွားခိုင်းတာပေါ့”

ထိုလူက ဤစကားများအားပြောသောအခါတွင်သူ၏မျက်လုံးထဲ၌ ဘိုးဘေးနယ်ပယ်ကျင့်ကြံသူတစ်ယောက်အား လူသားကဲ့သို့ရှုမြင်ပုံမရပေ။

ထျန်းဟန်တိုက်ကြီးပေါ်တွင် အားနည်းသူများမှာအားကြီးသူများ၏ သားကောင်များဖြစ်ကြသည်။ထိပ်ပြောင်နှင့်လူကဤကဲ့သို့ပြောသောအခါတွင် သူပြောသည်အားကြားကြသော သူတော်စင်နယ်ပယ်များက ထိုအချင်းအရာနှင့်ပက်သက်ပြီး မှားယွင်းသည်ဟု မခံစားကြရချေ။နေရာများစွာတွင် ဤကဲ့သို့သောအခြေအနေမျိုးနှင့်ရင်ဆိုင်ရတိုင်း အားနည်းသူများက ထိုးကျွေးခံများသာဖြစ်ကြရသည်ဖြစ်သည်။

အနက်ရောင်မြစ်၏ကမ်းပါးပေါ်တွင် အချို့သောကျင့်ကြံသူများကရောက်လာကြပြီး အချို့ကတော့ပြန်လည်၍ထွက်ခွာသွားကြသည်ဖြစ်သည်။ဤအချိန်တွင်  ဤနေရာ၌ လူသုံးဆယ်နီးပါးရှိကြသောလည်း အများစုကသူတော်စင်နယ်ပယ်များဖြစ်ကြ၏။ထို့အပြင်သူတို့၏အစွမ်းအစပေါ်၌ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိကြသောကြောင့်သူတို့အနေဖြင့် သေခြင်းတားမြစ်နယ်မြေအားလည်းစူးစမ်းလေ့လာရဲခြင်းမရှိကြချေ။

သို့သော် သူတော်စင်နယ်ပယ်များအပြင် ဤနေရာ၌ဘိုးဘေးနယ်ပယ်ကိုးယောက်လည်းရှိသေးသည်ဖြစ်သည်။ထိပ်ပြောင်လူ၏စကားအားကြားလိုက်ရသောအခါတွင် ပြန်လှည့်မသွားခဲ့ကြသော ဘိုးဘေးနယ်ပယ်ကျင့်ကြံသူများထဲမှ ငါးဦး၏မျက်နှာမှာ ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားကြသည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters