အပိုင်း(၄၃၃)
Vol. 29 Ch. 433
အနက်ရောင်မြစ်ကမ်းပါးပေါ်တွင် နောက်ပြန်လှည့်မသွားကြသော ဘိုးဘေးနယ်ပယ်ငါးယောက်ရှိသည်ဖြစ်သည်။ထိပ်ပြောင်နှင့်လူ၏ အကြံပေးမှုအားကြားလိုက်ရသောအခါတွင် သူတို့၏ မျက်နှာများမှာသိသိသာသာကိုပြောင်းလဲသွားသည်။
ဤလူငါးယောက်ထဲတွင် အဘိုးအိုတစ်ယောက် သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်နှင့် အမျိုးသမီးနှစ်ဦးတို့ပါရှိ၏။ သူတို့ထဲက တစ်ယောက် လှပသောအမျိုးသမီးဖြစ်ပြီး ခံညားပြီး ရင့်ကျတ်ပြီး ဝေဆာသော အခြားတစ်ယောက်ကတော့ ရင့်ကျတ်သောအလှနှင်ပင် လှပသော မိန်းမငယ်လေးတစ်ဦးဖြစ်သည်။သူတို့၏ ပုံပန်းသွင်ပြင်တို့အားအကဲဖြတ်ရသလောက် ဤလူနှစ်ယောက်မှာ အမေနှင့်သမီးတို့ဖြစ်ပုံရသည်။
စုစုပေါင်းဘိုးဘေးနယ်ပယ်ကိုးယောက်အထိရှိသည်ဖြစ်သည်။သူတော်စင်နယ်ပယ်အပါအဝင်အခြားလူလေးယောက်အဖွဲ့လည်ရှိနေခဲ့သည်ဖြစ်သည်။ရှစ်ဖုန့်အစောပိုင်းကမြင်တွေ့ခဲ့ရသည့် ဟွမ်ယွဲ့သေဆုံးသွားပြီးသည့်နောက်တွင် ကျန်ရှိနေခဲ့သော အမျိုးသမီးနှင့်လူငယ်တို့လည်းရှိနေသေး၏။
လူငယ်က ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်ဖြစ်ပြီး မိန်းမငယ်လေးကကြယ်ရှစ်ပွင့် ဘိုးဘေးနယ်ပယ်ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးဘက်တွင်တော့ ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးရှိနေသည်ဖြစ်၏။ပင်ကိုအားဖြင့်ထိုကျင့်ကြံသူများမှာ ၎င်းတို့နှစ်ယောက်အား ပစ်မှတ်အဖြစ်ရှုမြင်ရဲခြင်းမရှိကြပေ။
ကျန်ဘိုးဘေးနယ်ပယ်ငါးယောက်ကတော့ နယ်မြေအတွင်းမှ တိတ်တဆိတ်ထွက်ခွာသွားရန်ပြင်ဆင်လိုက်ကြသည်။သို့သော် များစွာသောကျင့်ကြံသူများမှာ ထိပ်ပြောင်နှင့်လူ၏ စကားအားကြားခဲ့ပြီးဖြစ်ပြီး သူတို့၏အကြည့်များအားထိုလူငါးယောက်အပေါ်တွင်စုပုံထားကြသည်။
ထိပ်ပြောင်နှင့်လူအတွက်ထပ်မံစကားဟရန်မလိုအပ်ခဲ့ချေ။အဖြူရောင်ဆံပင်တို့ရှိပြီး ပန်းဆီရောင်အသားအရည်နှင့်အနက်ရောင်သံမဏိချောင်းအားလက်ထဲတွင်ကိုင်ထားသောအဘိုးအိုက ကြောင်တစ်ကောင်က ကြွက်တစ်ကောင်အားကြည့်သကဲ့သို့လူငါးဦးအားလှောင်ပြောင်သောအကြည့်ဖြင့်ကြည့်လိုက်သည်။ သူကထူးဆန်းသောလေသံဖြင့်ပြောလိုက်၏။
“သွားတော့မလို့လား.ဘာလို့လဲ..မင်းတို့ငါးယောက်ကဘာလို့သွားချင်ကြတာလဲ..ခုဏက ညီကိုပြောင်ကြီးရဲ့ အကြံပေးစကားတို့မင်းတို့တွေ ထည့်မတွေးတော့ဘူးလား”
ဤအဘိုးအိုမှာ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ဘိုးဘေးနယ်ပယ်ကျင့်ကြံသူတစ်ယောက်နှင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကြားကွာခြားချက်က ကောင်းကင်နှင့်မြေကြီးကဲ့သို့ကြီးမားသည်ဖြစ်သည်။သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးထဲတွင် သူတော်စင်နယ်ပယ်အဆင့်သို့မရောက်ရှိသေးသောသူများမှာ ယေဘုယျအားဖြင့် ပုရွက်ဆိတ်များဖြင့်ဘာမှခြားနားခြင်းရှိမနေပေ။
အဘိုးအို၏ စကားအားကြားလိုက်ရသောအခါတွင် များစွာသောသူတော်စင်နယ်ပယ်ကျင့်ကြံသူများကလည်း ပွဲကောင်းတစ်ခုအားကြည့်ရန်စောင့်ဆိုင်းနေကြသကဲ့သို့ လူငါးဦးအား လှောင်ပြောင်သရော်မှုတို့ဖြင့်ကြည့်နေကြသည်။
ထို့နောက်ချက်ချင်း အဘိုးအိုကိုင်ထားသောအနက်ရောင်သံမဏိချောင်းက ဖျက်ခနဲဖြစ်သွားပြီး ဘိုးဘေးနယ်ပယ်အဘိုးအို၏ ရှေ့တွင်ပေါ်လာသည်။ သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခုကတွဲခိုနေ၏။
“ကျောက်ချင်းယွင် ..တကယ်ပဲမင်းကို”
ဘိုးဘေးနယ်ပယ်ကျင့်ကြံသူက အနက်ရောင်သံမဏိချောင်းနှင့်အဘိုးအို၏ မျက်နှာအားမြင်တွေ့လိုက်ရသောအခါတွင် အံကိုတင်းတင်းကြိတ်ပြီး အော်ပြောလိုက်သည်။
“ဟားဟား…ကျုပ်ပါပဲ…ခင်ဗျား မမျှော်လင့်ထားဘူးမလား”
ကျောင်ချင်းယွင်ဟု အမည်ရသော သူတော်စင်နယ်ပယ်ကျင့်ကြံသူက အောင်နိုင်သူတစ်ယောက်အပြုံးကိုလှစ်ဟာပြလိုက်သည်။
“ကျုပ်သူတော်စင်နယ်ပယ်အဆင့်ကိုချိုးဖျက်နိုင်လိမ့်မယ်လို့လည်းခင်ဗျားမမျှော်လင့်ထားဘူးမလား..ဟားဟား”
ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်အဘိုးအိုအားကြည့်နေရင်း ကျောက်ချင်းယွင်မှာပို၍ပင်သူ့ကိုယ်သူအားရကျေနပ်မှုတို့ဖြစ်လာသည်။
“အားလုံးပဲ..အားလုံး”
ဤအချိန်တွင် ဘိုးဘေးနယ်ပယ် အဘိုးအို၏ အမူအယာမျာချက်ချင်းလေးနက်မှုအဖြစ်သို့ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တွင်ရှိနေသော သူ၏ ဘေးပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများအား ပြောလိုက်သည်။
“အားလုံးပဲ… ဒီအဘိုးကြီးက ထျန်းတု အင်ပါယာက ပါ ..ကျုပ်နမည်ကို ကျန်းခန်းလို့ခေါ်တယ်…ကျုပ်ဟာ ကျောင်ချင်းယွင်ရဲ့ တပည့်တစ်ဖြစ်ခဲ့ဖူးတယ်”
“ဟုတ်တယ် အဲ့တာကျုပ်ပါပဲ..ကျုပ်တို့နှစ်ယောက်လုံးက ငယ်ရွယ်ကြပေမဲ့လည်း သူကပဲကျုပ်ကို သိုင်းပညာလမ်းကြောင်းပေါ်ကိုခေါ်တင်ခဲ့တာ..ဒါပေမဲ့ သူက လူ့မျက်နှာဖုံးနဲ့ တိရစ္ဆာန်တစ်ကောင်ပဲ… ကျုပ်ရဲ့ အသက်သုံးဆယ်ပြည့်မွေးနေ့မှာ သူကကျုပ်ကိုဂုဏ်ပြုပေးဟန်ဆောင်ပြီးတော့ အတင်းအကျပ် အဆိပ်ဝိုင်ကို သောက်ခိုင်းခဲ့တယ်… မင်းကငါ့ကလေးတွေကိုသတ်ပစ်ခဲ့တယ်.. ငါ့ရဲ့ချစ်ရတဲ့ မိန်းမဖြစ်သူကိုလည်း ကိုယ်ထိလက်ရောက်ဗလက္ကာရပြုကျင့်စော်ကားခဲ့တယ်…ဒီလူက လူသားတစ်ယောက်ဖြစ်ဖို့တောင်မထိုက်တန်တဲ့ကောင်ပဲ အားလုံးပဲ သူ့ကိုသတ်ပစ်လိုက်သင့်တယ်”
ကျန်းခန်းဟုခေါ်သော အဘိုးအိုမှာနောက်ဆုံး စကားလုံးများ သို့ရောက်သောအခါတွင် သူ့ရှေ့တွင်ရှိနေသော ကျောက်ချင်းယွင် လက်ညိုးငေါက်ငေါက်ထိုး၍ အံကိုတင်းတင်းကြိတ်လိုက်သည်။သူ၏ စိတ်ခံစားချက်တို့ကြောင့်သူ၏တစ်ကိုယ်လုံးပင် စတင်၍ တုန်ယင်လာသည်။
“ကျန်းခန်း..မင်းကတော့သေချင်နေတာပဲ..မင်းသေရတော့မယ်ဆိုတာကိုမင်းမသိသေးဘူးလား…မင်းကတကယ်ပဲ ခုခံရဲတာပဲ”
ကျောက်ချင်းယွင်က ယုတ်ညံ့သော မျက်နှာထားကို လှစ်ဟာပြပြီး ကျန်းခန်းအား ခက်ထန်စွာပြောဆိုလိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသော အနက်ရောင်သံမဏိချောင်းအား ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏ အကြွင်းမဲ့စွမ်းအားများဖြင့် သိပ်သည်းဖွဲ့စည်းစေလိုက်၏။
ဤအချိန်တွင် သာယာဖွယ်အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြိီး ကျောက်ချင်းယွင်၏ လုပ်ဆောင်ချက်များအား ကြားဖြတ်ဟန့်တားလိုက်သည်။
“နေအုံး”
ထို့နောက်ချက်ချင်း များပြားလှသောအကြည့်များက အသံနောက်သို့ လိုက်ပါလာသည်။ နောက်ဆုံးတွင် အဘိုးအိုအားကြားဖြတ်ဟန့်တားလိုက်သော ပုဂ္ဂိုလ်မှာ လူငယ်လေးတစ်ယောက်ဖြစ်နေသည်ကို အားလုံးမြင်တွေ့လိုက်ကြရသည်။ သူက လေးနက်သောမျက်နှာထားဖြင့် အဖြူရောင်ကိုဆင်မြန်းထားသော လူငယ်လေးဖြစ်သည်။
ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ အဘိုးအိုအားကြားဖြတ်ဝင်တားလိုက်သောသူက အကျင့်ပျက်ကောင်နင်ချန်၏ အသံဖြစ်သည်ကို ရှင်းလင်းစွာကြားခဲ့ပြီးဖြစ်သည်။
ထို့နောက်တွင် လေးနက်ပြီး တည်ကြည်သောမျက်နှာထားဖြင့် နင်ချန်က စိမ်ပြေနပြေအေးအေးလူလူလျှောက်လှမ်းထွက်လာ၏။ သူက လူအုပ်အား ဖြတ်ကျော်သွားပြီး အဘိုးအိုနှစ်ယောက်၏ ဘေးသို့ လျှောက်သွားလိုက်သည်။ သူက သူတော်စင်နယ်ပယ် ကျောက်ချင်းယွင်အား အရမ်းကိုလေးနက်စွာပြောဆိုလိုက်သည်။
“ ထိပ်ပြောင်ညီအကိုတစ်ယောက်ရဲ့ အကြံပေးတိုက်တွန်းမှုအောက်မှာ ဘိုးဘေးနယ်ပယ်ကျင့်ကြံသူတွေကို သေခြင်းတရားဆီကိုစေလွှတ်ဖို့ကို အားလုံးက တိတ်တဆိတ်ဆုံးဖြတ်နေကြတာမလား…အကယ်၍ ခင်ဗျားသာ သူ့ကိုသတ်လိုက်ရင် မြေစာပင်အဖြစ်အသုံးချဖို့ တစ်ယောက်လျော့မသွားဘူးလား”
ကျောက်ချင်းယွင်မှာ နင်ချန်အားကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ ဤလူကတကယ်ကို ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်ကျင့်ကြံသူတစ်ယောက်သာဖြစ်လေသည်။
ထို့နောက်တွင် ကျောက်ချင်းယွင်က သူ၏ ပါးစပ်ကိုဖွင့်ဟ၍ နင်ချန်အားမေးလိုက်သည်။
“မင်းဘယ်သူလဲဆိုတာကို ငါမေးလို့ရမလား”
သူက အင်ပါယာနယ်ပယ်ကျင့်ကြံသူလေးတစ်ယောက်သာဖြစ်နေသော်လည်း ကျောက်ချင်းယွင် နင်ချန်အား စကားပြောသောလေသံမှာ အဆင့်တူတစ်ယောက်အားပြောနေသည်နှင့်ဆင်တူသည်။ ၎င်းက လျှောက်လှမ်းထွက်လာပြီးသူ့ဘေးသို့လာရောက်ရဲသောကြောင့် ဤအင်ပါယာနယ်ပယ်ကျင့်ကြံသူ၏ နောက်ခံမှာ မရိုးရှင်းလှဟုသူခံစားရသည်။
“ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်လား”
“ဒီတော့ ငါတို့ကြားထဲမှာ ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်ကျင့်ကြံသူတစ်ယောက်ရှိတာပေါ့”
အားလုံးက ဘိုးဘေးနယ်ပယ်ကျင့်ကြံသူများအားစတင်၍ရှာဖွေခဲ့ကြသော်လည်းအင်ပါယာနယ်ပယ်ကျင့်ကြံသူဖြစ်သော နင်ချန်ကိုတော့ သူတို့ ဂရုမထားမိခဲ့ကြချေ။
သို့သော် မည်သူကမှ နင်ချန်အား လျော့မတွက်ရဲပေ။ ကျောက်ချင်းယွင်ကဲ့သို့ပင် ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်အနေဖြင့် ရှေ့သို့ထွက်လာရဲပြီး သူတော်စင်နယ်ပယ်တစ်ဦးအား တားဆီးရဲခြင်းကြောင့်သူ့တွင် နောက်ခံကောင်းရှိရမည်ဟု သူတို့လည်းခံစားကြရသည်။ ၎င်းက သူတော်စင်နယ်ပယ်တစ်ဦးအားဤကဲ့သို့သော အသွင်အပြင်ဖြင့်ပင်စကားပြောရဲလေသည်။
ထိုသို့သာမဟုတ်ခဲ့ပါက သူတို့က ဘိုးဘေးနယ်ပယ်များကိုမြေစာပင်အဖြစ်အသုံးပြုရန်လုပ်ဆောင်နေသောအခြေအနေတွင် အင်ပါယာနယ်ပယ်ကျင့်ကြံသူမှာ မည်သူကမျှသူ့အား အာရုံစိုက်ခြင်းမရှိသော အခိုက်အတန့်အား အခွင်းကောင်းရယူပြီး သေချာပေါက် အလှစ်ထွက်ပြေးလိမ့်မည်သာဖြစ်သည်။ ဘယ်လိုဖြစ်ပြီးသူက အခြားသူ၏ ကိစ္စတွင် တထောင်ထောင်လုပ်ကာ ဝင်စွတ်ဖတ်ပါမည်နည်း။ဤပုဂ္ဂိုလ်၌ သေချာပေါက်နောက်ခံအချို့ရှိလိမ့်မည်သာဖြစ်သည်။
များစွာသောလူများအား သူတို့၏ အတွေးများအား နှလုံးသားထဲတွင်အတည်ပြုပြီးဖြစ်သည်။
ထို့နောက်နင်ချန်က ကျောက်ချင်းယွင်အား မေးလိုက်သည်။
“ကျုပ်ဘယ်သူလဲဆိုတာက အရေးမကြီးဘူး.. ခင်ဗျားကိုမေးချင်တာက ကျုပ်ပြောတာမှန်လား ..မှားနေသေးလားဆိုတာပဲ”
နင်ချန်၏လေသံက ဖြည်းဖြည်းချင်းတင်းမာမှုတို့ဖြစ်လာသည်။ ယင်းမှာ အထက်လူကြီးတစ်ယောက်က လက်အောက်ငယ်သားတစ်ယောက်အား စစ်မေးနေသည်နှင့်တူနေ၏။
နင်ချန်၏လေသံနှင့် ပြောဆိုပုံတို့က လူအုပ်၏ အတွေးများအားသေချာစေသည်။
ကျောက်ချင်းယွင်မှာလည်း လူအုပ်ထံသို့ မသိမသာ မျက်စိကစားလိုက်သည်။ ယင်းမှာ အကယ်၍ သူသာ ကောင်းကောင်းမွန်မွန်မဖြေခဲ့လျှင် ပုံးကွယ်နေသော ကျွမ်းကျင်သူတစ်ဦးက သူ့အားတိုက်ခိုက်ပြီးသူ့အသက်အားအဆုံးသတ်လိမ့်မည်သကဲ့သို့ပင်ဖြစ်သည်။
ထို့အပြင် ကျောက်ချင်းယွင်မှာ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးသာဖြစ်သည်။ ဤလူအုပ်ထဲတွင် ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်နှင့်ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်အချို့လည်းရှိနေသေးသည်ဖြစ်သည်။ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးပင်ရှိနေ သေးသည်ဖြစ်၏။
“ဟုတ်ပါတယ်..ဟုတ်ပါတယ်”
ချက်ချင်းပဲ ကျောက်ချင်းယွင်မှာ ပေါ့ဆမနေရဲဘဲ နင်ချန်အား အလျှင်အမြန်ပြန်ဖြေကြားလိုက်သည်။
“ခင်ဗျားကတော့ဟုတ်ပြီး ဒါဆို ကျုပ်မေးပါရစေအုံး..ဘာလို့သူ့ကိုခင်ဗျားသတ်ချင်နေရသေးတာလဲ”
ကျောက်ချင်းယွင်၏ စကား အားကြားပြီးသည့်နောက်တွင် နင်ချန်က နောက်ထပ်အဘိုးအို ကျန်းခန်းအား ထိုးညွှန်လိုက်သည်။
“ဘာလို့ဆို..ဘာလို့ဆို သူက ငါ့ရန်သူပဲ…နှစ်ပေါင်းသုံးဆယ်ကျော်ကသူက အမုန်းတရားအဖြစ်တည်ရှိနေတာ…ဒီနှစ်သုံးဆယ်မှာ သူ့လက်ထဲမှာငါသေလုနီးပါးဖြစ်ခဲ့ရတဲ့ အကြိမ်အများကြီးပဲ..ငါပေါင်းပင်ကိုဖြတ်ထုတ်ပြီးတော့ အမြစ်ကနေပါရှင်းလင်းပစ်ချင်တာ..”
ကျောက်ချင်းယွင်ကပြောလိုက်သည်။
“ခင်ဗျားက ဒါကို ခင်ဗျားရဲ့ကိုယ်ပိုင်စိတ်အာသာပြေပျောက်ဖို့အတွက်လုပ်နေတာပဲ..ခင်ဗျားကဒါကိုလူတိုင်းမြစ်ကိုဖြတ်သွားလို့မရစေဖို့အတွက်လုပ်နေတာ….ခင်ဗျားရဲ့သရုပ်ဆောင်မှုတွေကသိပ်တော့မကောင်းဘူး..”
နင်ချန်က မကျေနပ်စွာဖြင့်သူ၏ခေါင်းအားခါယမ်းလိုက်သည်။ ထို့နောက် သူကခေါင်းလှည့်လိုက်ပြီး လူအုပ်အားပြောလိုက်၏။
“အားလုံးပဲ.. ကျုပ်မှာအကြံတစ်ခုရှိတယ်..ဒီလူနှစ်ယောက်ဟာ တကယ့်ကိုသေခြင်းရှင်ခြင်းရန်သူတော်တွေပဲ..ကျုပ်တို့တွေသူတို့ကို အတူတကွမြစ်ကိုဖြတ်ကူးစေမယ်ဆိုရင်ရော ဘယ်လိုလဲ”
“ဘာ …မင်းက ငါ့ကိုသူနဲ့အတူ မြစ်ကို ဖြတ်ကူးဖို့တောင်းဆိုနေတာလား”
နင်ချန်၏ စကားတို့အားကြားပြီးသည့်နောက်တွင် ကျောက်ချင်းယွင်က ကျန်းခန်းအားလက်ညိုးထိုးညွှန်ပြီး တုန်လှုပ်အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
“ဟုတ်တယ် ..အမှန်ပဲ..”
နင်ချန်က လေးနက်စွာခေါင်းညိမ့်၍ ပြောလိုက်သည်။
“နှစ်ပေါင်းများစွာသေခြင်းရှင်ခြင်းလိုဖြစ်နေတဲ့ရန်သူတော်နှစ်ယောက်က အတူတူသေရတော့မယ်ဆိုရင် ဘယ်လိုမြင်ကွင်းမျိုးဖြစ်လာမလဲဆိုတာကို ကျုပ်တကယ်မြင်ချင်မိတယ်..ပိုပြီးတော့ ဒီအကြောင်းကိုစဉ်းစားမိလေ အဲ့တာကိုပိုပြီးမြင်တွေ့ချင်လာလေပဲ..ကျုပ်နှလုံးသားတောင် စိတ်အားထက်သန်မှုတွေနဲ့ လောင်မြိုက်နေပြီ”
နင်ချန်၏ နောက်ဆုံးစကားအားကြားပြီးသည့်နောက်တွင် ချီလင်ဘုရင်မှာ ရှစ်ဖုန့်အား ခါးသက်စွာပြုံးပြလိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ဒီအကျင့်ပျက်ကောင်…ဒီဘုရင်က ဒီကောင်တစ်ခုခုလုပ်တော့မယ်လို့ထင်နေတာ.. သူတစ်ခြားသူတွေရဲ့ ကိစ္စမှာ ဝင်စွတ်ဖတ်ပြီးတော့ အဲ့လိုပြောရတဲ့အကြောင်းပြချက်က ဒီအရာကိုမြင်ချင်လို့ကိုး…ဘယ်လိုတောင်သောက်အကျင့်ပျက်တဲ့ကောင်စုတ်လဲ.”
“သူ့ရဲ့ စိတ်ဝင်စားမှုက ဒီဘုရင်တို့နဲ့ တကယ်ကို ကွဲပြားတာပဲ”
ဆက်ရန်..
ဘာသာပြန်သူ-ARISE