← Chapters

အပိုင်း(၄၃၄)

Vol. 29 Ch. 434

အပိုင်း(၄၃၄)

Vol. 29 Ch. 434

“မရ ဘူး”

နင်ချန်၏ စကားတို့အားကြားရသောအခါတွင် ကျောက်ချင်းယွင်မှာ ပြတ်ပြတ်သားသားပြောလိုက်သည်။

“ဒီနေရာမှာ  ဘိုးဘေးနယ်ပယ်က ငါးယောက်တောင်ရှိတယ်.. သူတော်စင်နယ်ပယ်တစ်ယောက်အနေနဲ့ ဘာလို့ငါက မြစ်ကိုဖြတ်ကူးရမှာလဲ”

“မြစ်ကိုအတူတူဖြတ်သန်းတယ်ဆိုတဲ့ အဓိပ္ပါယ်က ကွဲပြားလို့မဟုတ်လား”

နင်ချန်က ဆက်လက်ပြောဆိုသည်။

“လူတိုင်းကလည်း ဒါကို အရမ်းတွေ့မြင်ချင်နေမယ်လို့ကျုပ်ယုံတယ်”

နင်ချန်ကစကားပြောရင်း  ခေါင်းကိုလှည့်၍ ဘေးပတ်ဝန်းကျင်တွင်ရှိနေသောကျင့်ကြံသူများအားကြည့်လိုက်သည်။ ထို့နောက်သူ၏ စကားတို့အားကြားပြီးသည့်နောက်တွင်  ကျင့်ကြံသူအားလုံးက ခေါင်းခြောက်နေသော အနေအထားများဖြစ်နေကြသည်ကိုတွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ အချို့ဆိုလျှင် ဤပုဂ္ဂိုလ်ပြောသကဲ့သို့  ဤမြင်ကွင်းကို မြင်ချင်နေသောသူတစ်ယောက်ယောက်များရှိနေမည်လားဟု၍ အခြားသောသူများကိုပင်ကြည့်လိုက်ကြသည်။

ဤမြင်ကွင်းက လုံးဝအဓိပ္ပါယ်မဲ့ပုံပေါ်လေသည်။

“သူ့လိုမျိုးအကျင့်ပျက်ကောင်တစ်ယောက်တည်းကပဲ ဒီမြင်ကွင်းမျိုးကိုမြင်ချင်မယ်လို့ ဒီဘုရင်ခန့်မှန်းတယ်”

ချီလင်ဘုရင်က ရှစ်ဖုန့်အား ထပ်မံ၍ ပြောဆိုလိုက်သည်။

နင်ချန်မှာ ကျင့်ကြံသူအုပ်စုကသူစိတ်ကူးထားသကဲ့သို့ မျှော်လင့်စောင့်စားနေသောအမူအယာအား မည်သူကမျှထုတ်ဖော်မပြသည်ကို မြင်တွေ့လိုက်ရသည်။ထို့နောက်သူက ကျောက်ချင်းယွင်ထံသို့ကြည့်လိုက်ပြီး ဖြည်းညှင်းစွာသက်ပြင်းချလိုက်သည်။

“အားကွာ…ဒီလူတွေတကယ်ပဲ ဘဝရဲ့ ပျော်ရွှင်မှုအရသာက ဘာလဲဆိုတာကိုမသိကြဘူးပဲ..ဒီလိုဆိုရင်တော့လည်း  ကျုပ်ခင်ဗျားတို့ကိုဘာမှမလုပ်နိုင်တော့ဘူးပေါ့”

“ငါတို့ကိုဘာမှမလုပ်နိုင်ဘူး”

ကျောက်ချင်းယွင်မှာ ဤစကားလုံးများအားတိုးဖျော့စွာ ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် တုံ့ပြန်လာသည်။ သူကအလျှင်အမြန်ပဲ နင်ချန်ကိုခေါ်လိုက်ပြီး အော်ပြောလိုက်သည်။

“နေအုံး”

“ဘာဖြစ်လို့လဲ”

နင်ချန်က ခေါင်းလှည့်လိုက်ပြီး  ကျောက်ချင်းယွင်အား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။

“မင်းခုဏတုံးက ငါတို့ကိုဘာမှမလုပ်နိုင်ဘူးလို့ပြောခဲ့တယ်မလား..အဲ့တာဘာအဓိပ္ပါယ်လဲ..”

ကျောက်ချင်းယွင်က မေးလိုက်သည်။

“ခင်ဗျားက ရူးနေတာလား ငတုံးလား”

နင်ချန်က ကျောက်ချင်းယွင်အား အရူးတစ်ယောက်အားကြည့်သကဲ့သို့ကြည့်လိုက်ပြီးပြောလိုက်သည်။

“ခင်ဗျားရဲ့ သိုင်းကျင့်ကြံမှုက  သူတော်စင်နယ်ပယ်မှာ …ကျုပ်က အင်ပါယာနယ်ပယ်လေးပဲရှိတာ.. ..ကျုပ်ခင်ဗျားကို အနိုင်မယူနိုင်ဘူးလေ… ပြီးတော့ သူတို့တွေမှာလည်းကျုပ်ကိုကူညီမဲ့သူက တစ်ယောက်မှရှိတာမဟုတ်ဖူး.. ခင်ဗျားကလည်း သူတို့နဲ့အတူမြစ်ကိုဖြတ်ကူးမှာမှမဟုတ်တာ..ဒီတော့ ကျုပ်ကခင်ဗျားကို ဘာလုပ်နိုင်အုံးမှာတုံး”

“မင်းက မင်းတစ်ယောက်တည်းလို့ပြောနေတာလား”

နင်ချန်၏  စကားတို့အားကြားပြီးသည့်နောက်တွင်   ကျောက်ချင်းယွင်၏မျက်နှာမှာ  ရုတ်ခြည်းအေးစက်သွားပြီး  သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်။

“ကျုပ်တစ်ယောက်တည်းလို့တော့  ကျုပ်မပြောပါဘူး.. ကြည့်လိုက် ..အဲ့လူက ကျုပ်ရဲ့ ဂျူနီယာညီလေး.. ပြီးတော့ အဲ့လူကလည်း ကျုပ်ဘက်ကပဲ”

နင်ချန်က စကားပြောနေရင်း  ရှစ်ဖုန့်နှင့် ချီလင်ဘုရင်တို့အား ထိုးညွှန်ပြလိုက်သည်။

ကျောက်ချင်းယွင်က  နင်ချန်ထိုးညွှန်ပြသော ဦးတည်ချက်သို့ လိုက်ကြည့်လိုက်သည်။ ရှစ်ဖုန့်အား မြင်လိုက်ရသောအခါတွင်  သူ၏နှလုံးသားမှာရုတ်တရက် တုန်ယင်သွားသည်။ တစ်ဖက်လူမှာ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေသည်ဖြစ်၏။

ထို့အပြင် ကြယ်တစ်ပွင့်  သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ တစ်ယောက်ရှိနေသေးသည်ဖြစ်သည်။

ဤအခိုက်အတန့်တွင်  ချီလင်ဘုရင်ကလည်း ကျောက်ချင်းယွင်အားကြည့်၍  ပြောလိုက်သည်။

“မိတ်ဆွေ..မင်းသူပြောတာကိုနားထောင်စရာမလိုဘူး…ငါတို့တွေက ဒီလူကိုသိတာတောင်မဟုတ်ဖူး”

ချီလင်ဘုရင်၏ စကားတို့ဆုံးပြီးသည့်နောက်တွင်  ရှစ်ဖုန့်ကလည်း နင်ချန်အား သူမသိသကဲ့သို့  သူ၏ဦးခေါင်းအား ဘေးဘက်သို့ လွှဲလိုက်သည်။

“အား..မင်း..ပြီးတော့ ဂျူနီယာညီလေး..ဘယ်လိုဖြစ်ပြီးတော့မင်းတို့တွေ တော်တော်လေးသစ္စာဖောက်နိုင်ကြရတာလဲ.. ဘယ်လိုလုပ်ပြီးတော့ ဒီလိုလုပ်နိုင်ရတာလဲ..”

ချီလင်ဘုရင်၏ စကားတို့အားကြားရပြီး  ရှစ်ဖုန့်၏ အသွင်အပြင်အားမြင်တွေ့လိုက်ရသောအခါတွင်  နင်ချန်တစ်ယောက် အလျှင်အမြန် ပြစ်တင်မောင်းမဲလိုက်သည်။

“အရမ်းကောင်းတယ်..ကောင်စုတ်..ငါ့ကို ဘယ်လိုတောင် အရူးလုပ်ရဲတာလဲ..”

ဤအခိုက်အတန့်တွင်  ကျောက်ချင်းယွင်၏ မျက်နှာမှာ ပို၍ အေးစက်လာပြီး  ၎င်းမှာ ဆီးနှင်းလွှာတစ်ခု  ဖုံးအုပ်နေသကဲ့သို့ပင်ဖြစ်သည်။ သူကနင်ချန်အား အေးစက်စွာကြည့်နေပြီး  သူ၏ကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါတို့ကလည်း ပို၍သိပ်သည်းလာခဲ့သည်။

“ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်အမှိုက်ကောင်  ငါ့ကိုဘယ်လိုတောင်အရူးလုပ်ရဲတာလဲ.. “

သူ့အနေဖြင့်ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်ပုရွတ်ဆိတ်တစ်ကောင်၏ အရူးလုပ်ခြင်းကိုတကယ်ကြီးခံခဲ့ရခြင်းဖြစ်သည်။ ကျောက်ချင်းယွင်အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ပဲနေနိုင်ပါမည်နည်း။

ယင်းမှာ နင်ချန်က  သူ့အား လူများစွာ၏ရှေ့မှောက်၌ ပါးဖြတ်ရိုက်လိုက်သည်နှင့် ညီမျှသည်ဖြစ်သည်။

“သခင်လေးဖုန့်.. ဒါနဲ့ပက်သက်ပြီး တကယ်ပဲ ဒီဘုရင်တို့ ဘာမှမလုပ်ပဲနေလို့ရလို့လား”

ဤအခိုက်အတန့်တွင် ချီလင်ဘုရင်က  ရှစ်ဖုန့်အားကြည့်လိုက်ပြီး  တီးတိုးပြောလိုက်သည်။ ထို့အပြင် သူ၏မျက်လုံးအတွင်း၌ နင်ချန်၏ တကယ့်ကျင့်ကြံမှု နယ်ပယ်မှာ ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်အဆင့်သာရှိသည်ဖြစ်သည်။

သူ့အနေဖြင့် ၎င်းအား လျစ်လျူရှုနိုင်သော်လည်း သေခြင်းတားမြစ်နယ်မြေအတွင်းမှ တစ်စုံတစ်ယောက်အားရှာဖွေရန်အတွက် ရှစ်ဖုန့်အနေဖြင့် ၎င်းအားလိုအပ်သေးသည်ကိုသူသိသည်ဖြစ်သည်။

“အဆင်ပြေပါတယ်.. “

ရှစ်ဖုန့်က ပြောသည်။

“ဒီကောင်စုတ်က အမြဲတမ်းထူးဆန်းနေတာ..သူဘာတွေကျင့်ကြံထား တယ်ဆိုတာကို ဒီသခင်လေးမျက်လုံးနဲ့ကိုယ်တိုင်မြင်တွေ့ချင်တယ်”

“အိုး”

ချီလင်ဘုရင်ကခေါင်းညိမ့်လိုက်ပြီး  သူ၏ခေါင်းအားလှည့်ကာ လူအုပ်အားဖြတ်၍ နင်ချန်ကိုကြည့်လိုက်သည်။

“ငရဲကိုသွားစမ်း”

ကြမ်းကြုတ်ခက်ထန်သော အမူအယာတစ်ခုက  ကျောက်ချင်းယွင်၏ မျက်နှာထက်တွင်ပေါ်လာသည်။ သူက အနက်ရောင်သံမဏိချောင်းအား မြှောက်ကိုင်ပြီး  တိုက်ခိုက်ရန်အတွက် သူ၏ ခွန်အားအားလုံးအားစုစည်းလိုက်သည်။ ဤအခိုက်အတန့်တွင်  သူ့အနေဖြင့် နင်ချန်အား အသားပုံအဖြစ်နုပ်နုပ်စဉ်းပစ်ချင်သည့် စိတ်မှလွဲ၍ အခြားရှိမနေပေ။ သူက အနက်ရောင်သံမဏိချောင်းအား ခပ်မြင့်မြင့်မြှောက်လိုက်ပြီး  နင်ချန်ထံသို့ရိုက်နှက်ချလိုက်သည်။

“နေအုံး”

နင်ချန်က အကြောက်တရားကင်းမဲ့သော ပုံစံတစ်ခုကို လှစ်ဟာပြထားသည်။ သူ၏အေးစက်သောမျက်နှာဖြင့်  သူ့ထံသို့ကျဆင်းလာသော အနက်ရောင်သံမဏိချောင်းအား ရင်ဆိုင်လိုက်ပြီး ထီမထင်ဟန်ဖြင့်ပြောလိုက်သည်။

“ငါ့ဖင်ကြီးကိုနေအုံး.. လှည့်ကွက်တွေလာကစားနေတာကိုရပ်ပြီးတော့ ငရဲကိုလစ်လိုက်တော့”

ကျောက်ချင်းယွင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏ လက်အတွင်းရှိနေသော အနက်ရောင်သံမဏိချောင်းကရပ်တန့်ခြင်းမရှိခဲ့ပေ။ သံမဏိချောင်းဖြတ်သန်းသွားရာနေရာတိုင်းတွင်  လေထုတို့က  တစ်ဝှီဝှီမည်သံတို့ကိုထုတ်လွှတ်နေ၏။

သို့သော်ထို့နောက်တွင် ကျောင်ချင်းယွင်၏ အနက်ရောင်သံမဏိချောင်းက နင်ချန်၏ဦးခေါင်းအား ထိကာ နင်ချန်၏ခေါင်းအား  ပေါက်ကွဲစေရန်အတွက်  ရုတ်တရက်  နင်ချန်၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်ကိုအားလုံးမြင်တွေ့လိုက်ကြရသည်။

“အား”

နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်လောက်သကဲ့သို့ စူးစူးဝါးဝါးငယ်သံပါအောင်အော်ဟစ်သောအသံတစ်ခုက  ကျောက်ချင်းယွင်၏ ပါးစပ်မှထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် ကျောက်ချင်းယွင်၏ မျက်နှာထက်၌  တော်တော်လေးကိုတုန်လှုပ်မှုများဖြင့်ပြည့်နှက်နေ၏။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီး  သူငယ်အိမ်အတွင်းမှ ပြုတ်ထွက်ကျလာတော့မည်သကဲ့သို့ဖြစ်နေသည်။ ယင်းမှာ သူ့အနေဖြင့်  တော်တော်လေးကို ထိတ်လန့်ကြောက်ရွံ့ဖါယ်ကောင်းသော အရာတစ်ခုအား မမျှော်လင့်ဘဲကြုံတွေ့လိုက်ရသကဲ့သို့ပင်ဖြစ်သည်။

ထို့နောက် ကြွပ်ဆပ်သော အသံတစ်ခုနှင့်အတူ  ကျောက်ချင်းယွင်၏ လက်အတွင်းမှ  အနက်ရောင်သံမဏိချောင်းမှာ  မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ ကျောက်ချင်းယွင်၏ ကိုယ်မှာလည်း  ယိမ်းယိုင်ပြီး မြေပြင်ပေါ်သို့ ပစ်ကျကာ ဖှုန်မှုန်များ ထသွားစေသည်။

“ဒါက.. ဘာတွေဖြစ်သွားတာလဲ”

အချို့သောကျင့်ကြံသူများမှာ ကျောက်ချင်းယွင်မြေပြင်ပေါ်သို့ရုတ်တရက်လဲပြိုကျသွားရခြင်းအား နားမလည်ကြပေ။ ဘာတွေဖြစ်ပျက်သွားခဲ့မှန်းအားသူတို့မသိကြပေ။

“ဒီအဘိုးကြီးရဲ့ အရှိန်အဝါက ဖြတ်တောက်ခံလိုက်ရတဲ့ပုံပဲ.. ဒီအဘိုးကြီးသေသွားပြီ”

ကျောက်ချင်းယွင်၏  သေဆုံးသွားခြင်းအားအာရုံခံမိသည့် အချို့သောကျင့်ကြံသူများမှာ  သူတို့၏မျက်နှာများထက်၌ မယုံကြည်နိုင်မှုများအထင်းသားဖြစ်ပေါ်နေသည်။

“ဒီအင်ပါယာနယ်ပယ်လူငယ်လေးက သူတော်စင်နယ်ပယ်အဘိုးကြီး ကို မတော်တဆသတ်လိုက်မိတာလား..သူကတကယ်ပဲ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ဖုံးကွယ်ထားတာလား..သူက ကျားတစ်ကောင်ကို စားဖို့အတွက် ဝက်တစ်ကောင်လိုမျိုး  ဟန်ဆောင်ခဲ့တာလား”

ကျင့်ကြံသူတစ်ဦးက နင်ချန်အားကြည့်၍ မေးလိုက်သည်။

“သခင်လေးဖု့် သခင်လေးဖုန့်က သူ့ကိုထူးဆန်းတယ်လို့ပြောခဲ့တယ်နော်.. ဒီလူက တကယ်ကို မှာ အရမ်းထူးဆန်းလွန်းတဲ့သူပဲ..သူက ကျောက်ချင်းယွင်လို့ခေါ်တဲ့ကျင့်ကြံသူကို အသံတစ်ချက်လေးတောင်မထွက်စေပဲနဲ့ တကယ်ကြီးသတ်ပစ်ခဲ့တယ်.. “

ချီလင်ဘုရင်သည်လည်း ငကြောင်ကောင် နင်ချန်အား မယုံကြည်နိုင်မှုများဖြင့်ကြည့်နေ၏။

“ကျောက်ချင်းယွင်က ဒီသခင်လေးတို့အရင်က တွေ့ခဲ့တဲ့ လူအချို့လိုပဲ တူညီတဲ့နည်းလမ်းနဲ့သေသွားခဲ့တာ..သူ့ကိုယ်ပေါ်မှာ ငွေကျောက်တုံးမရှိခဲ့တာကြောင့်  သူက သေခြင်းတားမြစ်နယ်မြေက ဆန်းကြယ်တဲ့တည်ရှိှမှုရဲ့သတ်တာကိုခံခဲ့ရတာ”

ရှစ်ဖုန့်ကချီလင်ဘုရင်အားပြောလိုက်သည်။

ကျောက်ချင်းယွင်၏ ဝိညာဉ်မှာ ဘာအသံတစ်ခုသို့မဟုတ် သဲလွန်စတစ်ခုမှကျန်ရစ်ခဲ့ခြင်းမရှိဘဲ  သုတ်သင်ခံခဲ့ရသည်ကို ရှစ်ဖုန့် အာရုံခံမိခဲ့သည်ဖြစ်သည်။ ၎င်း၏ဝိညာဉ်ဖျက်စီးခံလိုက်ရသောအခိုက်အတန့်၌ ရှစ်ဖုန့်ကလည်း  သေခြင်းစွမ်းအင်တို့အား ဝါးမျိုခဲ့သည်။

ရှစ်ဖုန့်၏  စကားတို့အားကြားပြီးသည့်နောက်တွင် ချီလင်ဘုရင်က မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။

“ဒီတော့ အဲ့ငကြောင်က  ကျောက်ချင်းယွင်ကိုသတ်ခဲ့တာမဟုတ်ဖူးပေါ့.. ဘယ်လိုလုပ်ဖြစ်နိုင်ရတာလဲ..အဲ့ ငကြောင်က မရှောင်ခဲ့ဖူးလေ.. အနက်ရောင်သံမဏိချောင်းက သူ့ခေါင်းကိုထိကာနီးအချိန်ကြမှ ကျောက်ချင်းယွင်လို့ခေါ်တဲ့ အဘိုးအိုက သေသွားခဲ့တာ”

“အဲ့တာက တိုက်ဆိုင်မှုတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်.. ဒီငကြောင်က သေခြင်းတားမြစ်နယ်မြေက စည်းမျဉ်းတွေရဲ့ စွမ်းအားကို သိတာလညးဖြစ်ကောင်းဖြစ်နေနိုင်တယ်”

ရှစ်ဖုန့်က ဤကဲ့သို့ပြောနေရင်း  သူ၏မျက်လုံးတို့အား ငကြောင်ကောင်အပေါ်တွင် စူးစိုက်ထားသည်။ အစောကချီလင်ဘုရင်ပြောသကဲ့သို့ပင် ငကြောင်ကောင်က မရှောင်ခဲ့ပေ။ တုတ်ချောင်းကသူ့ခေါင်းအားထိတော့မည်အချိန်တွင် အဘိုးအိုမှာသေသွားခဲ့သည်။ ယင်းမှာတိုက်ဆိုင်မှုတစ်ခုဖြစ်ရန်အတွက် အရမ်းကိုများလွန်းသည်ဖြစ်သည်။

“ဟားဟား..ဟားဟားဟား.ဟားဟားဟားဟားဟား”

ဤအချိန်တွင် နင်ချန်မှာ အပျက်အစီး များအတွင်း လဲကျနေသော ကျောက်ချင်းယွင်အား ကြည့်နေသကဲ့သို့ ဟက်ဟက်ပက်ပက်လည်းရယ်မောလိုက်သည်။

“ငါက အမှန်တကယ်ကို ကောင်းကင်ဘုံရဲ့သားတော်ပဲ..ငါက ကောင်းကင်ဘုံရဲ့ရွေးချယ်ခြင်းကိုခံထားရတဲ့သူပဲ.. ငါ့အသက်ကိုလိုချင်တဲ့ ဘယ်သူမဆို သေကြလိမ့်မယ်”

“သေစမ်း”

သူနောက်ဆုံးစကားအားပြောသောအချိန်တွင် ဘာပဲ့တင်သံမှထွက်ပေါ်ခြင်းမရှိသောကြောင့်  နင်ချန်က  “သေစမ်း”ဟူသောစကားလုံးအား သူ့ဟာသူ ထပ်ပေါင်းပြောလိုက်သည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters