← Chapters

အပိုင်း(၄၃၅)

Vol. 29 Ch. 435

အပိုင်း(၄၃၅)

Vol. 29 Ch. 435

ကျောက်ချင်းယွင်တစ်ယောက်အမှန်တကယ်သေဆုံးသွားခဲ့ပြီဖြစ်သည်။သူ၏ ဝိညာဉ်ပျောက်ကွယ်သွားပြီဖြစ်၍ ယခုထက်ပိုပြီးသေခြင်းတရားထပ်မံမဖြစ်နိုင်တော့ပေ။

ဤအချိန်၌ များစွာသောကျင့်ကြံသူများမှာ နင်ချန်အား ထပ်မံ၍  အထင်သေးရဲခြင်းမရှိကြတော့ပေ။ ထိုအစားသူတို့က ၎င်းအား လေးနက်စွာကြည့်နေကြသည်။၎င်းမှာ  ကြယ်တစ်ပွင်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးအား အသံတစ်ချက်မှမထွက်စေဘဲသတ်ပစ်နိုင်သော လူတစ်ယောက်ပင်ဖြစ်၏။

အချို့သောကျင့်ကြံသူများမှာ သူတို့၏ အသိများပြန်ဝင်လာကြပြီး  သူတို့၏အဖော်ဖြစ်သူများအားပြောလိုက်ကြသည်။

“ဒီအဘိုးကြီးသေသွားတာက သူ့ကိုယ်ပေါ်မှာဘာငွေကျောက်တုံးမှရှိမနေတာကြောင့်  သေခြင်းတားမြစ်နယ်မြေက ဆန်းကြယ်စွမ်းအားရဲ့သတ်တာကိုခံလိုက်ရတာများဖြစ်နိုင်မလား….ငါတို့ရဲ့ အတူတူလာခဲ့တဲ့လူတုံးကလည်း သူဒီလိုမျိုးသေသွားတာကိုငါတို့ကြည့်နေခဲ့ရတာ ပြီးတော့ သူသေသွားတဲ့ပုံစံကလည်း တော်တော်လေးကိုဆင်တူတယ်”

သူ၏စကားတို့အားကြားလိုက်ရပြီးနောက် အဖော်ဖြစ်သူက ပြောလိုက်သည်။

“တိုက်ဆိုင်တာလား…ဘယ်လိုဖြစ်ပြီးတော့ ဒါက အရမ်းကိုတိုက်ဆိုင်လွန်းရတာလဲ.. မင်းကြဘာလို့ငါ့ကိုတိုက်ဆိုင်မှုလေးတစ်ခုတောင်မပြရတာလဲ ..ဒါက တိုက်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ  ငါတို့တွေဒီလူကိုစော်ကားလို့မရဘူး.. ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်…ဘယ်ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်ကများ သေခြင်းတားမြစ်နယ်မြေထဲကိုခြေချရဲလို့လဲ.. ဒီလူရဲ့ကျင့်ကြံမှု က ငါ့တို့ဖြတ်ပြီး မမြင်နိုင်တဲ့အဆင့်တစ်ခုကိုရောက်နေပြီ”

ဤအချိန်၌ များစွာသောလူများမှာလည်း ဤလူကဲ့သို့ပင် နင်ချန်အား  ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ဦးမဖြစ်နိုင်ဟုတွေးကြသည်။ ဤလူက အားနည်းချင်ဟန်ဆောင်နေသည်ပဲဖြစ်ရမည်ဖြစ်သည်။ ၎င်းအား ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်ဟု မြင်ကြရသောကျင့်ကြံသူတိုင်း၌ တူညီသောအတွေးများရှိကြသည်။ဤလူ၏ သိုင်းကျင့်ကြံမှုမှာ  နက်နဲသော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူတို့အနေဖြင့် လုံးဝဖောက်မြင်နိုင်ခြင်းမရှိကြပေ။

တစ်ချိန်တည်းမှာပဲ  ဤနေရာ၌ရှိနေကြသောလူအားလုံးမှာ နင်ချန်၏သိုင်းကျင့်ကြံမှုအား  ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်အဆင့်၌သာ မြင်ကြရသည်ဖြစ်သည်။

ကျယ်လောင်စွာရယ်မောပြီးသည့်နောက်  နင်ချန်က  ကျောက်ချင်းယွင်၏ သိုလှောင်လက်စွပ်အားချွတ်ယူလိုက်သည်။ထို့နောက်  သူက လှည့်လိုက်ပြီး  သူ၏မာနကြီးသော ခေါင်းကိုမော့၍  ရှစ်ဖုန့်ထံသို့လျှောက်လှမ်းလာသည်။ သူ၏လမ်းကြောင်း၌ပိတ်နေကြသော ကျင့်ကြံသူများမှာ နောက်သို့ဆုတ်လိုက်ကြပြီး နင်ချန်နှင့်အကွာအဝေးတစ်ခုအား ကွာခြားအောင်ထိန်းလိုက်ကြသည်။ နင်ချန်ဖြတ်သွားစဉ်သူတို့အနေဖြင့် အသံတိတ်သတ်ဖြတ်ခြင်းခံလိုက်ရမည်ကို ကြောက်ကြသည်ဖြစ်သည်။

နင်ချန်က ကျင့်ကြံသူတစ်ဦးအားကြည့်လိုက်လျင်ပင် ထိုကျင့်ကြံသူမှာ  နင်ချန်အား ကြည့်ရဲခြင်းမရှိပေ။ အချိန်ခဏလေးနှင့် အကျင့်ပျက်ဖောက်ပြန်သောကောင်နင်ချန်မှာ ကျားကိုစားရန်ဝက်ဟန်ဆောင်ထားသော အထွတ်အထိပ်ပြိုင်ဘက်ကင်းဆရာသခင်တစ်ယောက်ဖြစ်လာခဲ့သည်။

“ဂျူနီယာညီလေး ပြီးတော့ခင်ဗျား …အခန်းနှစ်ခန်းစာလောက်တောင်  ရှင်နိုင်မှာမဟုတ်တဲ့ အဘိုးကြီး မင်းတို့တွေအရမ်းများသွားပြီ..”

ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့၏ဘေးသို့လာပြီးသည့်နောက် နင်ချန်က ထက်တွန့်တက်လိုက်သည်။ အစောပိုင်းက ချီလင်ဘုရင်မှသူ့အားမသိဟုဆိုခဲ့ပြီး ရှစ်ဖုန့်က လည်းရိုးရှင်းစွာပင် ခေါင်းကိုဘေးသို့လွှဲခဲ့သည်ဖြစ်သည်။

“အခန်းနှစ်ခုစာလောက်တောင် ရှင်နိုင်မှာမဟုတ်တဲ့ အဘိုးကြီး”

ဤအချင်းအရာအားကြားလိုက်ရသောအခါတွင်  ချီလင်ဘုရင်မှာ တကယ်ပဲ နင်ချန်အား သေသည်အထိ လည်မျိုညှစ်သတ်ချင်လာသည်။

ဖောက်ပြန်နေသောနှလုံးသားနှင့်နင်ချန်မှာ ချီလင်ဘုရင်၏ အတွေးတို့အားမြင်နိုင်ပုံရသည်။

“ဘာလို့လဲ..ခင်ဗျားကျုပ်ကို လည်မျိုညှစ်သတ်ချင်တာလား.. လက်နဲ့ပဲဆိတ်ကြည့်လိုက် ..ခင်ဗျားလည်းခုဏကဖြစ်သွားတာကိုမြင်တယ်မလား”

“ကျုပ်က ကောင်းကင်ဘုံရဲ့သားတော်ပဲ..ခုဏက အဲ့အဘိုးကြီးက ကျုပ်ကို သေတဲ့အထိ ရိုက်နှက်ခြေမွချင်တာ ဒါပေမဲ့ ကျုပ်ကသေတဲ့အထိ အရိုက်မခံရရုံသာမကဘဲ  သူကပဲအရင်သေသွားတယ်… အကယ်၍ ခင်ဗျားလည်း ကောင်းကင်ဘုံရဲ့ဆန္ဒကိုဆန့်ကျင့်ချင်တယ်ဆိုရင်  ကျုပ်ကို ထိကြည့်လိုက်”

နင်ချန်ကစကားပြောရင်း  သူ၏လည်ပင်အားချီလင်ဘုရင်ထံမော့ပေးလိုက်သည်။

“ကျွတ်….ကံကောင်းနေတဲ့ အကျင့်ပျက်ကောင်ကွာ..”

ချီလင်ဘုရင်မှာ နင်ချန်အား အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

ဤအချိန်တွင်  ရှစ်ဖုန့်က နင်ချန်နှင့်ချီဘင်ဘုရင်တို့ဘေးမှထွက်ခွာသွားပြီး  အစောပိုင်းက သေဆုံးသွား သော အလောင်းထံသို့ လျှောက်သွားလိုက်သည်။ သူ၏ခေါင်းအားငုံ့လိုက်ပြီး  အလောင်းကိုကြည့်လိုက်သည်။

ရှစ်ဖုန့်က အလောင်းရှေ့၌  ရပ်နေသည်ကိုတွေ့လိုက်ရသောအခါတွင် အချို့သောကျင့်ကြံသူများမှာ စိတ်ရှုပ်ထွေးသွားသည်။ ထို့နောက် ရှစ်ဖုန့်က ညာလက်အား အလောင်းထံဆန့်ထုတ်လိုက်သည်ကိုသူတို့မြင်တွေ့လိုက်ကြရသည်။

ထို့နောက်တွင် ကျောင်ချင်းယွင်၏အိုမင်းသောမျက်နှာရှိ ဒွာရငါးပေါက်ထံမှ  သွေးတန်းငါးခုပန်းထွက်လာသည်ကို အားလုံးမြင်လိုက်ကြရသည်။

“ဒါ…ဒါ..ဒါက..”

ကျောက်ချင်းယွင်၏မျက်နှာမှ သွေးတန်းများထွက်လာသည်ကိုတွေ့လိုက်ရသောအခါတွင်  အချို့က အထိတ်တလန့်ဖြင့်အော်လိုက်ကြသည်။ ထို့နောက်တွင်းသွေးများက ပန်းထွက်လာသကဲ့သို့  လူငယ်၏လက်ဖဝါးကသွေးများကိုစုပ်ယူသွားပြီး  ကျောက်ချင်းယွင်၏ကိုယ်မှာ လျှင်မြန်စွာရှုံ့တွခြောက်သွေ့သွားသည်ကို  အားလုံးမြင်လိုက်ကြရသည်။ မကြာခင်တွင် ၎င်းမှာ လေတိုက်စား ခြင်းခံလိုက်ရသကဲ့သို့ ရှုံ့တွခြောက်သွေ့သော အလောင်းတစ်ခု အဖြစ်လျှင်မြန်စွာ ကျဆင်းသွားသည်။

သွေးများထွက်လာပြီး ခြောက်သွေ့သော အလောင်းတစ်ခုဖြစ်သွားသည့်မြင်ကွင်းအားတွေ့လိုက်ရသောအခါတွင်  များစွာသော သူတော်စင်နယ်ပယ်ကျင့်ကြံသူများမှာ ကြောက်ရွံ့မှုတို့ဖြစ်သွားကြသည်။အထူးသအဖြင့်ဤကဲ့သို့  ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော သေခြင်းတားမြစ်နယ်မြေကဲ့သို့နေရာမျိုးတွင်ဖြစ်သည်။

“ဒီအလောင်းက ငါဒီကိုလာခဲ့တဲ့လမ်းမှာတွေ့ခဲ့တဲ့ တစ်ခုနဲ့တစ်ထေရာတည်းတူတာပဲ..အဲ့တာက သေခြင်းတားမြစ်နယ်မြေရဲ့ဆန်းကြယ်စွမ်းအားကြောင့်လို့ ငါတွေးနေခဲ့တာ …ဒီလူငယ်က အဲ့တာကိုလုပ်ခဲ့တာများဖြစ်နိုင်မလား”

“ဒီလူငယ်ဖြစ်နိုင်လောက်တယ်… ဒါက သေခြင်းတားမြစ်နယ်မြေရဲ့ ဆန်းကြယ်စွမ်းအား  ဖြစ်နိုင်လောက်တယ်. အဲ့လူငယ်က ဒီလူငယ်လေးကို ဂျူနီယာညီလေးလို့ခေါ်ခဲ့တာကိုမင်းမကြားခဲ့ဖူးလား..ဒီလူက အဘိုးကြီးကို အသံတိတ်သတ်ခဲ့တာပဲ …အဲ့တာက သေခြင်းတားမြစ်နယ်မြေကစွမ်းအားနဲ့ အတိအကျကိုတူညီနေတာ”

“သူတို့က သေခြင်းတားမြစ်နယ်မြေရဲ့ အမွေအနှစ်ကို အမွှေဆက်ခံခဲ့ကြတာများလား  ….သူတို့က သေခြင်းတားမြစ်နယ်မြေရဲ့   ဆန်းကြယ်တဲ့စွမ်းအားကိုရခဲ့တာလား”

အချို့သောကျင့်ကြံသူများက တိတ်တဆိတ်ခန့်မှန်းကြသည်။

ကျောက်ချင်းယွင်၏သွေးတို့အားဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်က ကျင့်ကြံသူများ၏ဆွေးနွေးမှုများအား ထပ်မံ၍ အာရုံစိုက်ခြင်းမရှိတော့ပေ။  သူကသူ၏မူလနေရာဆီသို့ ဂရုမထားသော ဟန်ပန်ဖြင့်ပင် ပြန်လည်လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် သူက လှည့်လိုက်ပြီး  လမ်းကြောင်းအားပိတ်ဆို့ထားသော  အနက်ရောင်မြစ်ကိုလှည့်ကြည့်လိုက်သည်။

“ကျောက်ချင်းယွင်သေသွားခဲ့ပြီး ငါ့ဘဝရဲ့အမုန်းတရားကိုငါ ဒဏ်ခတ်ခဲ့ပြီးပြီ.. ငါကြိုးစားကြည့်ဖို့ဆန္ဒရှိတယ်”

ဤအခိုက်အတန့်တွင်  အိုမင်းသော အသံတစ်ခုက  လူအုပ်ထဲမှထွက်လာခဲ့သည်။ ၎င်းမှာ  ကျန်းခန်းဟုခေါ်သော  ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ် အဘိုးအို၏အသံပင်ဖြစ်သည်။ သူ့အနေဖြင့် မြေစာပင်ဖြစ်ရမည့်  ကံတရားမှ လွတ်မြောက်နိုင်ခြင်းမရှိသည်ကိုသိသည်ဖြစ်သည်။ ထို့ကြောင့်  ရုတ်ခြည်းပဲသူထရပ်လိုက်ပြီး  သေခြင်းတရားအတွက် စိတ်ပိုင်းဖြတ်ထားသော ဆုံးဖြတ်ချက်ပြတ်သားသည့်မျက်နှာထားဖြင့်  လူအုပ်အား စကားပြောလိုက်သည်။

အတင်းအကျပ်တွန်းပို့ကာ မြေစာပင်ဖြစ်ခံရမည့်အစား ကျောရိုးမဏ္ဍိုင်အဖြစ်သာ သူထွက်လိမ့်မည်ဖြစ်သည်။သူသေရမည်ဆိုလျှင်တောင် ဂုဏ်သိက္ခာတရားနှင့်အတူသေလိမ့်မည်ဖြစ်သည်။

ထို့နောက်တွင် ကျန်းခန်းဟုခေါ်သောအဘိုးအိုက   သေခြင်းရှင်ခြင်းအားဂရုစိုက်ခြင်းမရှိသကဲ့သို့ မြစ်ကမ်းစပ်သို့လျှောက်လှမ်းသွားသည်ကို လူအုပ်မှာတွေ့လိုက်ရသည်။ လူအုပ်ကလည်း အစောပိုင်းကနင်ချန်အားပြုလုပ်ပေးသကဲ့သို့   သူ့ဘဝအား စွန့်လွှတ်ရန်ဆန္ဒရှိနေသော အဘိုးအိုအတွက်  လမ်းတစ်ခုဖွင့်ပေးလိုက်ကြသည်။

ထို့နောက်တွင်အဘိုးအိုက မြစ်ကမ်းစပ်ဆီသို့လျှောက်သွားပြီး ပိန်းပေါက်အောင်နက်မှောင်‌သော အနက်ရောင်မြစ်အား စိုက်ကြည့်နေ၏။ ထို့နောက်သူက သက်ပြင်းရှည်ကြီးချလိုက်ပြီးပြောလိုက်သည်။

“ကျောင်းအာ..ရှန့်အာ…ချမ့်အာ..ငါမင်းတို့နဲ့မကြာခင်တွေ့ရတော့မယ်..ငါ့ကိုစောင့်နေကြပါ”

အဘိုးအိုက အသက်ရှူရင်းတီးတိုးရေရွတ်နေသည်။ ဤနမည်မှာသူ့မိသားစု အဖွဲ့ဝင်များ၏ အမည်နာမများဖြစ်လိမ့်မည်ဖြစ်ပြီး  ဤလူများအတွက်  လက်စားချေခြင်းလမ်းကြောင်းပေါ်သို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကလဲ့စားချေနိုင်ရန်အတွက် ကြိုးကြိုးစားစားလုံ့လဝီရိယရှိစွာဖြင့်ကျင့်ကြံခဲ့ပြီး ကျောက်ချင်းယွင်အားသတ်ပစ်ရန်ကျိန်ဆိုခဲ့သည်။

သို့သော် ထိုအထက်စီးဆန်ကြသော သူတော်စင်နယ်ပယ်ကျင့်ကြံသူများကတော့  သွေးအေးစွာဖြင့်စိုက်ကြည့်နေကြသည်။ သူတို့က အဘိုးအိုအားအေးစက်စွာကြည့်နေသည်။ သူတို့အနေဖြင့် ၎င်း၏  ဇတ်လမ်းသို့မဟုတ်မမျှော်လင့်ဘဲကြုံကြိုက်ခဲ့ရမှုများအား   စိတ်ဝင်စားခြင်းမရှိပေ။ ဤအဘိုးအို မြစ်အားဖြတ်ကူးရာ၌ သေမည်လားရှင်မည်လားဆိုသည်ကိုသာ သူတို့ မြင်တွေ့ရန်အတွက်စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

သို့သော် အဘိုးအိုက လှုပ်ရှားပြီး ပျံသန်းတော့မည့်အချိန်တွင်  အသံတစ်ခုကရုတ်တရက်ထွက်ပေါ်လာသည်။

“နေအုံး”

“ဟမ်”

“ဟင်”

ချက်ချင်းပဲအားလုံးက အသံလာရာဦးတည်ချက်ဆီသို့ကြည့်လိုက်ကြသည်။ အဆုံးသတ်တွင်  ထိုသို့ပြောလိုက်သောသူကလူငယ်လေးတစ်ဦးဖြစ်နေသည်ကိုသူတို့တွေ့လိုက်ကြရသည်။ ၎င်းမှာ ကျောက်ချင်းယွင်၏သွေးတို့အား‌ခြောက်သွေ့သည်အထိစုပ်ယူခဲ့သော လူငယ်လေးပင်ဖြစ်သည်။

“အဲ့လူငယ်က အဘိုးကြီးရဲ့ နာကျင်မှုတွေကို တွေးမိပြီးသူ့ကိုကာကွယ်ပေးချင်လို့များလား..”

ကျင့်ကြံသူတစ်ဦးက ခပ်တိုးတိုးပြောလိုက်သည်။

“ဒီလူငယ်လေးက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်ပြီး သူ့ဘေးမှာရှိနေတဲ့သူက ကြောက်ဖို့ကောင်းတဲ့ နယ်ပယ်တစ်ခုကိုရောက်နေပြီ.. အကယ်၍ သူတို့သာ အဘိုးအိုကိုကာကွယ်ပေးမယ်ဆိုရင် သူတို့မှာ အဲ့လိုလုပ်ဖို့အတွက် အရည်အချင်းတကယ်ရှိတယ်..အဲ့ထက်ပိုတာကား အဘိုးအိုအပြင်  ဘာနောက်ခံမှမရှိတဲ့ ဘိုးဘေးနယ်ပယ်အခြားလေးယောက်ရှိနေသေးတယ်..”

အခြားကျင့်ကြံသူတစ်ဦးကပြောလိုက်သည်။

သေတော့မည့်အဘိုးအိုအားတားဆီးလိုက်သောသူမှာ ရှစ်ဖုန့်ပင်ဖြစ်သည်.

ထို့နောက်  ရှစ်ဖုန့်၏ထပ်မံပြောဆိုမှုအားလူအုပ်က ကြားလိုက်ရသည်။

“အကယ်၍ အဲ့တရာသာ တကယ်အိပ်မောကျသွားတယ်ဆိုရင် ခင်ဗျား မြစ်ကိုနောက်မှဖြတ်လဲရတယ်… အခုသေဖို့အလျှင်မလိုနဲ့အုံး”

ရှစ်ဖုန့်အနေဖြင့် အဘိုးအိုအတွက် စိတ်မကောင်းဖြစ်မှုမခံစားရပေ။ သို့သော် မြစ်အတွင်းမှဆန်းကြယ်သောတည်ရှိမှု၏  ဆွဲယူမှုပြုလုပ်ခဲ့ခြင်းက သိပ်မကြာသေးပေ။ထို့ကြောင့်  မြစ်အတွင်းရှိထိုအရာက နက်ရှိုင်းစွာ အိပ်မောကျသော အနေသို့ ရောက်ရမည်ဆိုလျှင် အရမ်းမြန်မြန်တော့ဖြစ်လိမ့်မည်မဟုတ်ဟုသူခံစားရသည်ဖြစ်သည်။

ဆက်ရန်……

ဘာသာပြန်သူ- ARISE

All Chapters