ခက်ခဲသည့် တိုက်ပွဲ
Vol. 36 Ch. 494
မိုဝူကျီက ထိုလူ့ကို ပြန်ဖြေဖို့ရာ စိတ်ထဲ မထားဘဲ တျန်းဂျီတုတ်ကို ဆွဲထုတ်လိုက်သည်။
ရွမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီသည် သူ့စကားများ ကြားသည့်အခါ ထွက်ပြေးဖို့ရာ ကြိုးစားလိမ့်မည်ဟု မျှော်မှန်းထားကာ သူ ထွက်ပြေးလိုက်သည်နှင့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူက ချုပ်နှောင်လိုက်မည် ဖြစ်၏။ သူက မိုဝူကျီ အနေနှင့် သူ့အား ပြန်တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသူမှာ မိုးကြိုးစမ်းသပ်ချက် ခံယူပြီးခါစ ကျင်းရှန်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်ပြီး အင်မော်တယ် အရှိန်အဝါများလည်း ထွက်ပေါ်မနေပေ။
“ မင်းက ငါ့ကျင့်ကြံဆင့်ကို မသိဘူးမလား ” ဤရွမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီသည် သူ့ကျင့်ကြံဆင့်ကို မပြောနိုင်၍သာ ထိုသို့ လုပ်ရန် သတ္တိရှိလိမ့်မည် ဖြစ်ကြောင်း တွေးမိသွားသည်။
မိုဝူကျီက ထိူသူထံ တုတ်ကို ဝှေ့ယမ်းလိုက်ရင်း “ လေပေါမနေစမ်းပါနဲ့ လာတိုက်စမ်းပါ ..... ”
“ ဝှီး ”
လေဟုန်ကို ခွင်းသွားသည့် ပုံရိပ်တစ်ခု ပေါ်လာပြီး ရွမ်ရှန်းအဆင့် ကျင့်ကြံသူဆီ ရောက်ရှိလာသည်။ မိုဝူကျီက ထိုတိုက်ခိုက်မှု၌ သူ့အင်မော်တယ် စွမ်းအာ ငါး ရာခိုင်နှုန်းလောက်သာ ထည့်သုံး ထားပေသည်။ သူက သူနှင့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူကြားမှ ကွာခြားချက်ကို စမ်းသပ်လို၍ ဖြစ်သည်။ သူက ထိုကွာခြားချက်ကို မယူနိုင်ပါက ချက်ချင်း ထွက်သွားမည် ဖြစ်၏။
“ ဘယ်လိုတောင်လား ” ဤရွမ်ရှန်းအဆင့် ကျင့်ကြံသူက ဒေါသူပုန်ထသွားပြီး မိုဝူကျီ တျန်းဂျီတုတ်နှင့် ရင်ဆိုင်ဖို့ရာ အဖြူရောင် အလင်းတန်းတစ်ချက် ပစ်လွှတ် လိုက်သည်။
လွန်ကဲလာသည့် အအေးဓာတ်က မိုဝူကျီ ခန္ဓာဆီ စိမ့်ဝင်လာရင်း ထိုများပြားလှသည့် အင်မော်တယ် စွမ်းအားများကြောင့် မိုဝူကျီမှာ လွင့်စဉ် သွားတော့သည်။
မိုဝူကျီက လက်တစ်ချောင်း လှုပ်ရုံလောက်ဖြင့် လွင့်စဉ်သွားသည်ကို မြင်၍ ရွမ်ရှန်းအဆင့် ကျင့်ကြံသူက အေးစက်စွာ ရယ်မောလိုက်သည်။ မိုဝူကျီက ယခုအခါ စွမ်းအားခြင်း ကွာခြားချက်ကို နားလည် သွားလောက်လေပြီ။ သူက စွမ်းအားစက်ကွင်းကိုပင် ထုတ်မသုံးရသေးပေ။ ကျင်းရှန်း အဆင့်နှင့် ရွမ်ရှန်းအဆင့်ကြားမှ ကွာခြားချက်မှာ သတ္တိကောင်းရုံ တစ်ခုတည်းဖြင့် ဖြည့်ဆည်း နိုင်သည့် အရာ မဟုတ်ပေ။ သူက အစောပိုင်း ရွမ်ရှန်း အဆင့်တွင်သာ ရှိသေးသော်လည်း ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်သည်ကို တစ်ခါမျှ မမြင်ဖူးပေ။
လွင့်စဉ်သွားသည့် မိုဝူကျီက တည်ငြိမ်သွားလေ၏။ ရွမ်ရှန်းအဆင့် ကျင့်ကြံသူနှင့် သူ့ကြားတွင် ခွန်အားအရ ကွာခြားချက် ရှိသည်ကို သိသော်လည်း ခြားနားချက်မှာ ထိုမျှ မများပြားလှပေ။ သူက အခွင့်အရေးတစ်ခု ရှာပြီး အဆုံးသတ်ပစ်ရုံသာ လိုအပ်ပေသည်။ သူ့အကောင်းဆုံး အလောင်းအစားမှာ တစ်ဖက်သူက သူ့ကို တစ်ချက်တည်းဖြင့် သတ်လို့ ရသည်ဟု တွေးထားသည့် အချိန်မျိုးတွင် အနိုင်ယူလိုက်ခြင်းဖြင့် ဖြစ်၏။
“ ကောင်စုတ်လေး သေစမ်း ”
ရွမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီ မြေပေါ် ရောက်သည့်အထိပင် မစောင့်တော့ဘဲ ရှေ့တိုးကာ မိုဝူကျီအား သူ့ရွမ်ရှန်း စွမ်းအားစက်ကွင်းဖြင့် ပိတ်လှောင် ထားလိုက်သည်။ အေးစက်စက် အငွေ့အသက်များ ထုတ်လွှင့်နေသည့် ငွေရောင် နဂါးကြီးက သေစေလောက်သည့် အလင်းတန်းကြီးကို ယူဆောင်လာပြီး မိုဝူကျီ ထွက်ပြေးနိုင်သည့် လမ်းကြောင်းကို ပိတ်ထားရင်း စွမ်းအားစက်ကွင်းကို ရစ်ပတ် ထားလိုက်သည်။
သူက ဤတိုက်ပွဲကို မြန်မြန် အဆုံးသတ်ပစ်ရမည်။ အကောင်းမှာ ကျုံးကျန်းသာ သူက ပြန်ရောက်လာပြီး ရတနာတစ်ခုအတွက် လူသတ်ခဲ့သည်ဆိုလျှင် ဓားကြီးတောင် သခင်လေး၏ ဂုဏ်သိက္ခာအတွက် အကြီးကြီး ပျက်စီး သွားစေလိမ့်မည်။
မိုဝူကျီက သူ့အား ပိတ်လှောင်ထားသည့် အဆုံးမဲ့ ရွမ်ရှန်း စွမ်းအား စက်ကွင်းနှင့် ကောင်းကင်တစ်ဆုံး ဖုံးလွှမ်းထားသည့် အေးစက်စက် အလင်းတန်းကြီးကို အာရုံခံမိသည့် အခါ မျက်လုံးများသာ ပိတ်ထားလိုက်သည်။
ထိုစဉ် သူက ထိုတိုက်ခိုက်မှုမှ သူ ခံယူရမည့် ထိခိုက်မှုများကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
ဤရွမ်ရှန်းအဆင့် ကျင့်ကြံသူမှာ သူ့အား သတ်ဖို့ရာ ကြိုးစားနေသည်မှာ သိသာလှသည်။ သူ့တိုက်ခိုက်မှုမှာ လေးဖက်လေးတန် ဖုံးလွှမ်းနေပြီး မိုဝူကျီ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံး ပိတ်ဆို့ ထားလေသည်။
သို့သော်လည်း မိုဝူကျီက သက်ပြင်းသာ ချလိုက်မိသည်။ အကြောင်းမှာ တစ်ဖက်လူက အားကုန်သုံး၍ သူ့အား တိုက်ခိုက်ဖို့ရာ ကြိုးပမ်းနေသော်လည်း သူက မိုဝူကျီကို အထင်သေးမိဆဲ ဖြစ်သည်။
မိုဝူကျီက အစောပိုင်း ကျင်းရှန်းအဆင့်မျှသာ ရှိိသေးသော်လည်း ရွမ်ရှန်းအဆင့် ကျင့်ကြံသူလောက်က အလွယ်တကူ ထိန်းချုပ်ပိတ်လှောင်ထားနိုင်သူတော့ မဟုတ်ချေ။
မိုဝူကျီ၏ စွမ်းအားစက်ကွင်းမှာ ကျိုးပျက်မသွားဘဲ ရွမ်ရှန်းအဆင့် ကျင့်ကြံသူ၏ စွမ်းအား စက်ကွင်းထဲမှ လူသတ်ငွေ့ကို မိုဝူကျီက ကောင်းကောင်းကြီး ခံစားမိ၏။ သူက ထိုလှည့်ပတ်နေသော အလင်းတန်းအတွင်း လက်မ အနည်းငယ် အရှည်ရှိ ဓားများ ပါဝင်နေကြောင်း အာရုံခံမိသည်။ ထိုဓားရှည်လေးမှာ ရွမ်ရှန်းအဆင့် ကျင့်ကြံသူ၏ သေစေလောက်သည့် အကွက် ဖြစ်ပေသည်။ အကယ်၍ မိုဝူကျီသာ ထိုငွေနဂါးအလင်းတန်းကို မရှောင်နိုင်ခဲ့လျှင် ထိုလျှို့ဝှက်ဓားက အသက်ဝင်လာမည် မဟုတ်ပေ။ သို့သော် သူ ရှောင်ရှားလိုက်သည်နှင့် ထိုဓားက အဆိပ်ပြင်းသည့် မြွေကဲ့သို့ ထွက်ပေါ် လာလိမ့်မည်။
ရွမ်ရှန်းအဆင့် ကျင့်ကြံသူမှာ သူ့နဂါး အလင်းတန်းကြီးက မိုဝူကျီအား တစစီ ဖြဲတော့မည့် အချိန်၌ သံသယကြီးထွားလာမိသည်။ ပုံမှန်အားဖြင့် မိုဝူကျီက မည်မျှပင် အားနည်းစေကာမူ ထိုသို့မျိုး ရင်ဆိုင်ရသည့်အခါ တုံ့ပြန်မှု တချို့တော့ ရှိပေလိမ့်မည်။
မိုဝူကျီက ဘာလို့ တုံ့ပြန်မှု မရှိရတာလဲ။
သူက တစ်ဖက်လူကို သူ့စွမ်းအား စက်ကွင်းထဲ ပိတ်လှောင်ထားနိုင်လျှင်ပင် မိုဝူကျီလည်း အနည်းငယ်တော့ ရုန်းကန်မှု ရှိရမည်။ တစ်ခုခုတော့ မှားယွင်းနေလေပြီ။
ရွမ်ရှန်းအဆင့် ကျင့်ကြံသူက တွေးမိသည့်အခါ မိုဝူကျီက သူ့အကွက်ကို ထုတ်လိုက်သည်။ မိုဝူကျီ အချိန်အတော်ကြာ စုဆောင်းလာခဲ့သည့် ဝဲဂယက် စွမ်းအားစက်ကွင်းမှာ အပြင်းအထန် ထွက်ပေါ်လာသည်။ ထိုအခါ၌ သူက ငွေနဂါးအလင်းတန်းကို မရှောင်ရုံသာမက ရှေ့တက်လှမ်း တက်လာကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
မိုဝူကျီ လှုပ်ရှား လိုက်သည်ကို ခံစားမိပြီး ဤရွမ်ရှန်းအဆင့် ကျင့်ကြံသူက တုန်လှုပ်သည်ထက် အံ့အားသင့် သွားမိသည်။ အကြောင်းမှာ အစပိုင်းက မိုဝူကျီတွင် လှည့်ကွက်များ ရှိနေမလားဟု တွေးမိလိုက်သော်လည်း သူက စွမ်းအား စုဆောင်းနေရုံမျှသာ ဖြစ်နေ၏။
သို့သော်လည်း သူက သူ့ရွမ်ရှန်း စွမ်းအားစက်ကွင်းမှာ မိုဝူကျီ၏ စွမ်းအား စက်ကွင်းကို မထိန်းချုပ် ထားနိုင်သောကြောင့် အံ့အားသင့်နေမှုမှာ ပျောက်သွားတော့သည်။ မိုဝူကျီက စွမ်းအားစက်ကွင်းမှာ သူ့အပေါ် သက်ရောက်မှု မရှိသည့်အလား လှုပ်ရှားနိုင်စွမ်း ရှိနေသည်။ ထို့အပြင် မိုဝူကျီ၏ ကိုယ်ပိုင် စွမ်းအားစက်ကွင်းမှာ လေပြင်းများ အလား ဖြစ်၏။
ဒါက ကျင်းရှန်းအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားစက်ကွင်းရော ဟုတ်ရဲ့လား .....
“ ဘုန်း ”
စွမ်းအားစက်ကွင်းမှာ ကြေမွသွားပြီး ပြင်းထန်သည့် ဖိအားကို ခံစားမိလိုက်သောကြောင့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူက နောက်ဆုံးတွင် နားလည် သွားတော့သည်။ ဤကျင်းရှန်းအဆင့် ကျင့်ကြံသူက ယခင် တိုက်ခိုက်မှုတွင် သူ့အင်အားကုန် ထုတ်မသုံးခဲ့ဘဲ ယခုအခါမှ စွမ်းအား အစစ်အမှန်ကို ပြသခြင်း ဖြစ်ပေသည်။
သူက မိုဝူကျီကို အလေးအနက် မထားမိဆဲ ဖြစ်ကာ သူ့စိတ်စွမ်းအားဖြင့် ငွေနဂါးအလင်းတန်းမှ လျှို့ဝှက်ဓားကို အသက်သွင်းလိုက်သည်။ နဂိုမူလက ဓားရှည်လေးမှာ ပေါက်ကွဲ ထွက်လာကာ မီတာ ၁၀၀ အရှည်ရှိ ဓားအဖြစ် ပြောင်းလဲသွားပြီး မိုဝူကျီဆီ တဟုန်ထိုး ဝင်သွားသည်။
သတ်ဖြတ်လိုသည့် အငွေ့အသက်များက ဓားတစ်ခုလုံးတွင် ပြည့်နေပြီး လမ်းတွင် ပိတ်နေသမျှ အရာအားလုံးကို ထိုးဖောက်သွားမည့် ခံစားချက်ကို ပေးစွမ်း၏။
မိုဝူကျီ၏ စွမ်းအားစက်ကွင်းက မည်မျှ အားကောင်းစေကာမူ သူက ထိုသို့မျိုး တိုက်ခိုက်မှုအောက်တွင် ပြာအဖြစ် ပြောင်းလဲသွားလိမ့်မည်။
“ ဘုန်း ” မိုဝူကျီ၏ စွမ်းအားစက်ကွင်းမှ တောက်လောင်သည့် အပူစွမ်းအား ထွက်ပေါ်လာပြီး လမ်းကြောင်းတစ်လျှောက် ဖြစ်တည်လာစေသည်။
မဟုတ်သေးပါဘူး ..... အတိအကျဆိုရလျှင် မီးတောက်လမ်းကြောင်း တစ်ခု ဖြစ်ပေ၏။
သူ့လျှို့ဝှက်ဓားကို အသက်သွင်းပြီးနောက် ရွမ်ရှန်းအဆင့် ကျင့်ကြံသူမှာ ကြောင်အမိ သွားသည်။ မိုဝူကျီ၏ လက်သီးချက်က လက်သီးချက် စွမ်းအား စက်ကွင်းကို ယူဆောင်လာပြီး ထိပ်တန်းမီးတောက်နှင့် ပေါင်းစပ်ထားပေသည်။ သူက ထိုသူ့၏ တိုက်ခိုက်မှုကြား ပိတ်မိနေလေပြီ။ သို့သော် သူ့တွင် ရွမ်ရှန်း အဆင့် စွမ်းအားစက်ကွင်း ရှိသေးသည့် အတွက် စွမ်းအားစက်ကွင်း နှစ်ခု တွေ့ဆုံသည့်အခါ သူ့စွမ်းအားစက်ကွင်းက မိုဝူကျီ၏ လက်သီးချက် စွမ်းအားစက်ကွင်းကို အတင်းကျပ် ထွက်သွားစေသည်။
ရွမ်ရှန်းအဆင့် ကျင့်ကြံသူက ထိုအခါမှ တစ်ဖက်လူ၏ လျှို့ဝှက်အကွက်ကို နားလည် သဘောပေါက် သွားတော့သည်။ သူ လက်ရှိ ရင်ဆိုင်နေရသော ကျင်းရှန်းအဆင့် ကျင့်ကြံသူမှာ မိုးကြိုးစမ်းသပ်ချက် အောင်မြင်လာစ ဖြစ်သည့် သာမန် ကျင်းရှန်းအဆင့် ကျင့်ကြံသူ မဟုတ်နိုင်ပေ။
“ ဓားချက် ကွဲထွက်စမ်း ....” ရွှမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီကို အထင်သေးမိ၍ အမှားလုပ်မိကြောင်း သိလိုက်သည်။ သူက အစပိုင်း၌ လျော့မတွက်မိခဲ့လျှင် ဒဏ်ရာအပြင်းအထန် မရဘဲ ထိုသူ့အား အဆုံးသတ်နိုင်လိမ့်မည်။
လက်ရှိ၍ မိုဝူကျီ၏ ကြောက်မက်ဖွယ် လက်သီးချက် စွမ်းအားစက်ကွင်း တိုက်ခိုက်မှု အောက်တွင် သူက ရှောင်ရှားလိုက်လျှင်ပင် ဒဏ်ရာ ရသွားမည် ဖြစ်၏။
“ ဖူး ” ရွမ်ရှန်းအဆင့် ကျင့်ကြံသူက အကောင်းဆုံးကြိုးစား၍ ခန္ဓာကိုယ်ကို လှည့်လိုက် သော်လည်း မိုဝူကျီ၏ လက်သီးချက်မှာ သူ့ကိုယ်ချပ်ဝတ်ကို ကျိုးပျက်သွားစေပြီး သူ့ခါးဆီ ရောက်ရှိလာသည်။
အရိုးကျိုးသံများကို ကြားလိုက်ရပြီး ရွမ်ရှန်းအဆင့် ကျင့်ကြံသူမှာ သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ် ဒူးထောက်လျက် လဲကျ သွားသည်။ သူ့အတွင်း အင်္ဂါအများစုမှာ မီးပြင်းပြင်းဖြင့် လောင်ကျွမ်းခံလိုက်ရသည့် အလား အမှုန့်အဖြစ် ပြောင်းသွားတော့မည့် အလား ခံစားနေရသည်။ သူ စတင် ကျင့်ကြံကတည်းမှ သူက ထိုမျှအထိ မခံစားဖူးပေ။
မိုဝူကျီ၏ လက်သီးချက်မှာ ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို ကြီးကြီးမားမား ထိခိုက်စေခဲ့ပြီး မီတာ အတော်ရှည်သည့် ဓားရှည်မှာ ပေါက်ကွဲသွားပြီး ဓားအလင်းတန်း ရာကျော်အဖြစ် ပြောင်းလဲသွား၏။ ထိုဓားစွမ်းအားများက မိုဝူကျီကို ပိတ်လှောင်ထားပြီး သူ့ဝဲဂယက် စွမ်းအား စက်ကွင်းကို တစ်စစီ လုပ်ပစ်နေသည်။ ငွေနဂါးအလင်းတန်းမှ အလင်းတန်းကို ကာဆီး ပေးထားသော သူ့တျန်းဂျီတုတ်ကြောင့်သာ မဟုတ်လျှင် မိုဝူကျီက အပိုင်းပိုင်း အစိတ်စိတ် ဖြစ်သွားလောက်လေပြီ။
မိုဝူကျီက သွေးများ အန်ထုတ်လိုက်ရပြီး အတင်းကျပ် အားထုတ်၍ ထိုင်လိုက်ရသည်။ သူက လုံလုံလောက်လောက် အားမကောင်းသေးမှန်း သိပေသည်။ အကယ်၍ သူသာ နည်းနည်းလေးများ ပို၍ အားကောင်းခဲ့လျှင် သူ့လက်သီးချက် စွမ်းအားစက်ကွင်း ထုတ်သည်နှင့် အာကာသ ချုပ်နှောင်မှုကိုပါ တွဲ၍ သုံးခဲ့မိပေလိမ့်မည်။ တစ်ဖက်လူက မည်မျှ အားကောင်း စေကာမူ သူ့အာကာသ ချုပ်နှောင်မှုအတွင်း ကျရောက်နေလျှင် သူ့လက်သီးချက်ကို ကောင်းကောင်း ခံစားသွားရမည် ဖြစ်သည်။ ထိုသူ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ် အမြွှာမြွှာ သေချာပေါက် ဖြစ်သွားပေလိမ့်မည်။
သူ့စိတ်စွမ်းအားမှာ လုံလောက်သည့်အထိ အားမကောင်းသေးကြောင်း ကောင်းကောင်း သိထားသည်။ သူသာ အာကာသ ချုပ်နှောင်မှုနှင့် လက်သီးချက် စွမ်းအား စက်ကွင်းကို ဆက်တိုက် ထုတ်သုံးပါက သူ့လက်သီးချက်၏ စွမ်းအားမှာ လျော့ကျသွားလိမ့်မည်။ သူ့မှန်းဆချက်များက မမှားယွင်းပေ။ အကြောင်းမှာ သူက လက်သီးချက်၌ အားကုန် ထုတ်သုံးခဲ့သော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ အကောင်းပကတိ ရှိနေဆဲ ဖြစ်သည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ သူ့ထက် မာကျောကြောင်း သိသာလှသည်။ မိုးကြိုးစမ်းသပ်ချက် ခံယူပြီးနောက်တွင် မိုဝူကျီက သူ့ခန္ဓာ မာကျောလာစေမည့် ကျင့်စဉ်ကို ကျင့်ရန် ဆုံးဖြတ်ထားသည်။
“ ဟားဟား ” ရွမ်ရှန်းအဆင့် ကျင့်ကြံသူက ထရပ်လာပြီး အနည်းငယ် ချောင်းဟန့်လိုက်ရင်း မိုဝူကျီကို အေးစက်စွာ ကြည့်လိုက်သည်။
“ မင်းကို လျော့တွက်မိခဲ့တာပဲ။ မင်းလိုမျိုး သာမာန် ကျင်းရှန်းအဆင့်လေးက ငါ့ကို အနိုင်ယူ နိုင်လိမ့်မယ်ဆိုတာ တွေးမထားမိဘူး ... တကယ်တော်တယ် တော်တယ် .... ”
ရွှမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာရင်း သူ့ခြေလှမ်းတိုင်း၌ သေစေလောက်သည့် အရှိန်အဝါများ ထုတ်လွှင့်နေသည်။ မိုဝူကျီဆီ လှမ်းလာသည့် ခြေလှမ်း အရေအတွက်တိုင်းက မိုဝူကျီအတွက် သေမင်းတံခါးဝနှင့် ပို၍ နီးကပ်လာပြီ ဖြစ်ကြောင်း ပြသနေသည်။
မိုဝူကျီက သူ့ဒဏ်ရာများမှာ တစ်ဖက်လူထက် ပို၍ ပြင်းထန် နေသောကြောင့် ကုသဆေးလုံး တချို့ သောက်လိုက်သည်။
သူက အသက်ဓာတ် လမ်းကြောင်းကို မှီခိုအားထားရုံသာ တတ်နိုင်သည်။ သူ့အသက်ဓာတ် လမ်းကြောင်းက သူ့ဒဏ်ရာများကို ကုသနေနိုင်သရွေ့ အသက်ရှင်ဖို့ရာ အခွင့်အရေးတစ်ခုတော့ ရဦးမည် ဖြစ်သည်။
“ ငါ့ရှေ့တင် သေစမ်း ... မင်းက ငါ့ကို သတ်လုနီးပါးအထိ ဖြစ်ခဲ့တာဆိုတော့ မင်း သေပြီးတော့ မင်း ဘယ်လောက် အားကောင်းတယ်ဆိုတာ ဖော်ထုတ်ပေးမယ် ”
ရွမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီနှင့် တစ်ပေလောက်သာ ကွာခြားတော့သည့် အတွက် လက်ကို မြှောက်လိုက်သည်။
ထိုစဉ် မိုဝူကျီက စဉ့်နီတုံးပေါ် ရောက်နေသည့် ငါးသေတစ်ကောင်ကဲ့သို့ လုံးဝ မလှုပ်နိုင်တော့ပေ။
မိုဝူကျီကို လက်ကို မြှောက်ကာ ထူးဆန်းထွေလာ လှည့်ပတ်လိုက်ပြီးနောက် ခပ်ဩဩ ပြောလိုက်သည်
“ ကျုပ်က ခင်ဗျားကို သတ်လုနီးပါး မဟုတ်ဘူး။ သတ်ကို သတ်ပစ်မှာ .... ”
ရွမ်ရှန်းအဆင့် ကျင့်ကြံသူက တစ်ခုခု လွဲမှားနေကြောင်း အာရုံခံမိ လိုက်သည်။ ကောင်းကင်မှာ တောက်ပကာ လင်းထိန်နေသော်လည်း သူက အေးစက်မှုကို ခံစားမိနေသည်။ သူ့အနီးအနားမှ နေရာအနေအထားမှာ ပြောင်းလဲသွားဟန် ပေါ်ပြီး နေရာကျဉ်းတစ်ခုအတွင်း အပြီးသတ်တော့မည့် ခံစားချက်ကြီး ကြီးစိုးလာသည်။
မကောင်းတော့ဘူး ......
ဒီကျင်းရှန်းအဆင့် ပါးမွှားလေးမှာ သူ့သတ်ဖြတ်ရေး အကွက်တွေ ကျန်နေသေးတာပဲ .....
ရွမ်ရှန်းအဆင့် ကျင့်ကြံသူက သူ့ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ လွတ်မြောက်ဖို့ရာ အတွက် အကူအညီ ဖြစ်စေရန် အင်မော်တယ် စွမ်းအားများ အားလုံးကို စုစည်းလိုက်သည်။
သို့သော်လည်း သူက ဘာမှ မလုပ်နိုင်ခင် အသက်ရှုရတာ ခက်ခဲလာပြီး သေခြင်း စွမ်းအားများက သူ့အား ချုပ်နှောင်သွားလေ၏။ သူ့မျက်ဝန်း၌ အကြောက်တရား ကြီးစိူးလာပြီး ထိုအရာမှာ မည်သို့ နည်းစနစ် ဖြစ်ကြောင်းပင် သိမသွားရှာပေ။
ထိုစဉ် သူ့ဝိညာဉ်ကြောမှာ စတင်၍ ကြေမွလာပြီး သူ့အသိစိတ်မှာလည်း တစ်စစီ ဖြစ်သွားတော့သည်။
“ ဖူး ” မိုဝူကျီလည်း တောင့်မခံနိုင်တော့သည့် အတွက် သွေးတစ်ပွက် အန်ထုတ် လိုက်ရသည်။ သူက အင်မတန် မူးဝေနေပြီး ကြွက်သေ တစ်ကောင် မျိုချထားမိ သကဲ့သို့ အော့အန်ချင်လာမိသည်။
“ ဘမ်း ” မိုဝူကျီနှင့် မျက်နှာချင်းဆိုင်တတွင် ရပ်နေသော ရွမ်ရှန်းအဆင့် ကျင့်ကြံသူမှာ ရုတ်ခြည်း မြေပေါ် လဲကျလာပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ပင် ထိုကြောက်မက်ဖွယ် သေခြင်း စွမ်းအားအောက် တစစီ ဖြစ်သွားတော့သည်။
***