← Chapters

ကောင်းကင် ဧကရာဇ်၏ စုံစမ်းစစ်ဆေးမှု

Vol. 36 Ch. 500

ကောင်းကင် ဧကရာဇ်၏ စုံစမ်းစစ်ဆေးမှု

Vol. 36 Ch. 500

ထိုကိစ္စအတွက် လုံးဝ ပြဿနာ မရှိချေ။ မိုဝူကျီက ခရမ်းရောင် ဝတ်ရုံနှင့်  အမျိုးသမီး ပြောမည်ကို    စိတ်ပူစွာ စောင့်ဆိုင်းနေလေ၏။ ထိုနောက် သူက ချက်ချင်း သဘောတူကာ ဤနေရာမှ ထွက်သွားရမည်။

ထင်ထားသည့်အတိုင်း ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးက ဆက်ပြောလိုက်သည်

“ ဒီနေ့ မင်းနဲ့ ရှန်းယွီတို့ ကံကြမ္မာကို အဆုံးသတ်ကြမယ်။ ဒီနေ့ မင်းနဲ့ ရှန်းယွီအတွက် ဒီအိမ်ထောင်ရေးကို အဆုံးသတ်ပြီးတော့ မင်းတို့ရဲ့ တာအိုနှလုံးသားတွေကို သန့်ရှင်းစေဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

တကယ်လို့ မင်းတို့ ပြန်တွေ့ခဲ့ရင် ဖြတ်သွားဖြတ်လာ အဆင့်ထက် မပိုဘူး။ ယန်းယဲ့ ...  မင်း ဆန္ဒရှိလား .... ”

မိုဝူကျီက စိတ်ထဲမှ သက်ပြင်းချကာ ယန်းယဲ့ သဘောတူလိုက်သည်နှင့်  မုရုန်ရှန်းယွီက သူ့အတွင်း စိတ်နတ်ဆိုးများမှ လွတ်မြောက် သွားပေလိမ့်မည်။ အကယ်၍  မူလယန်းယဲ့ ဖြစ်နေလျှင်  သဘောတူဖို့  အတင်းကြပ်ဖိအား ပေးခံရလျှင်ပင် သူ့နှလုံးသားတော့ နာကျင်မိ လိမ့်မည်။ သူက ယန်းယဲ့ မဟုတ်သည့်အတွက် ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး ပြောသည့်အတိုင်း ဖြတ်သွားဖြတ်လာ တစ်ယာက်မျှသာ ဖြစ်ပေသည်။

မိုဝူကျီက မတ်တတ်ရပ်၍ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး စကားကို သဘောတူကာ မုရုန်ရှန်းယွီနှင့်  ကံတရား အဆုံးသတ်တော့မည့်ဆဲဆဲတွင် မုရုန်ရှန်းယွီက အရင် ထပြောလိမ့်မည်ဟု ထင်မထားခဲ့‌ပေ

“  ဆရာ .... တပည့်ရဲ့ ယန်းယဲ့နဲ့ အိမ်ထောင်ရေးက အဆုံးမသတ်သင့်သေးဘူးလို့ ခံစား မိနေတယ်။ တကယ်လို့ တပည့်တို့က အလောတကြီး အဆုံးသတ်လိုက်လျှင် အဲကိစ္စက တပည့်ရဲ့ နှလုံးသားမှာ အနှောင်အဖွဲ့ ဖြစ်တည်လာမှာကို စိုးရိမ်မိတယ်။

အဲလိုဆိုရင် တပည့်ရဲ့ တာအိုနှလုံးသားအပေါ်လည်း သက်ရောက်မှု ရှိလာလိမ့်မယ်  ”

မိုဝူကျီက ခဏတာ ကြောင်အမ်းသွားလေ၏။

ဘာတွေ ဖြစ်နေတာလဲ .....

မုရုန်ရှန်းယွီက ယန်းယဲ့အပေါ် ခံစားချက် ရှိနေလိမ့်မည်ဟု မယုံနိုင်ပေ။ သူက အသုံးချခံ နေရုံမျှသာ ဖြစ်ပြီး ကျီယွဲ့နှင့် အတူတူ ဖြစ်လေသည်။ ဤယန်းယဲ့၏ ဘဝမှာ အမှန်တကယ် ခါးသီးဖို့ ကောင်းလှသည်။ မိန်းမအမျိုးမျိုး၏ အသုံးချခြင်းကို ဆက်တိုက် ခံနေရသည်။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မျက်မှောင် အသာကျုတ်ကာ  သက်ပြင်းချလိုက်ပြီး

“ ရှန်းယွီ  ... ဒီတစ်ကြိမ် မင်းနဲ့  ချန်ယန်တို့က ကျိုးပျက်ကမ္ဘာကို အတူတူ သွားကြရမှာလေ။ ဒီအိမ်ထောင်ရေး အဆုံးသတ်ဖို့ လိုတယ်။ မဟုတ်ရင်  အကျိုးဆက်က ပြင်းထန်လိမ့်မယ်။

မင်း သိတဲ့အတိုင်း  ငါတို့ ထိပ်သီးတာအို ဂိုဏ်းက ခံစားချက်တွေကို ပျိုးထောင် လေ့ကျင့်ဖို့ လိုအပ်တယ်။ ချန်ယန်က ယောက်ျားသားကြားက နဂါးတစ်ကောင် လေကွယ်။ ပြီးတော့ ဓားတစ်လက် ဂိုဏ်းက ကြယ်ခြောက်လုံး ပါရမီရှင် ... သူက သင့်တော်တယ် ... ”

“ ဂျုနီယာညီမလေး ရှန်းယွီ ... စီနီယာဒေါ်လေးချင် ပြောတာ မှန်တယ်။ ဒီတစ်ခါ ငါတို့တွေ ကျိုးပျက်ကမ္ဘာကို အတူတူ သွားကြရမှာဆိုတော့  ဂျုနီယာညီမလေး ရှန်းယွီနဲ့ အတူတူ တိုက်ခိုက်ပြီးတော့ ရင်းနှီးလာမှာပါ ”

ခံညားထည်ဝါသည့် လူငယ်လေးက  ရှေ့ထွက်လာကာ  မုရုန်ရှန်းယွီဘက် လက်နှစ်ဖက် ယှက်ထားရင်း ညင်ညင်သာသာ ပြောလိုက်သည်။

မိုဝူကျီက အပြည့်အဝ နားလည်သွားပေ၏။ ထိုစဉ် သူ့စိတ်ထဲ၌ ယန်းယဲ့ကိုယ်စား ဝမ်းနည်း မိနေသည်။ သို့သော်  “ ဝမ်းနည်းမှု ” ဆိုသည့် စကားစုက ယခု ဖြစ်ပျက်နေသည့် အရာများကို ဖော်ပြဖို့ရာ ကောင်းသည်မလား။

လက်တွေ့တွင် မုရုန်ရှန်းယွီက ကျိုးပျက်ကမ္ဘာကို ချန်ယန်နှင့် အတူတူ သွားမည် ဖြစ်ကာ  ထိုကမ္ဘာထဲ အတူတူ ရှိနေစဉ် အမျိုးမျိုးသော ရင်းနှီးကျွမ်းဝင်မှုများကို တွေးကြည့်၍ ရပေ၏။ သူတို့ နှစ်ယောက်သာ ဆက်ရင်းနှီးသွားပြီး တစ်ယောက်နှင့် တစ်ယောက် ချစ်မြတ်နိုး သွားနိုင်သေးသည်။ အကယ်၍ မုရုန်ရှန်းယွီနှင့် သူ့အိမ်ထောင်ရေး အဆုံးမသတ်ရသေးလျှင် မုရုန်ရှန်းယွီက သူမ  စိတ်နှလုံး၌ အထုံးအဖွဲ့ ဖြစ်လာလိမ့်မည်။ အကယ်၍ သူမက ချန်ယန်နှင့် ချစ်ကျွမ်းဝင်သွားလျှင် မုရုန်ရှန်းယွီအတွက် ဆိုးကျိုးဖြစ်စေလိမ့်မည်။

ထို့ကြောင့်သာ မုရုန်ရှန်းယွီ၏ ဆရာက သူမတို့ ကျိုးပျက်ကမ္ဘာထဲ မဝင်ခင်  သူနှင့် ကွာရှင်း ပေးလိုခြင်း ဖြစ်သည်။

အစမှ အဆုံးအထိ ယန်းယဲ့မှာ အသုံးချခံရမည့် ပါးမွှားလေးသာ ဖြစ်နေခဲ့၏။ မည်သူကမျှ ယန်းယဲ့၏ တာအိုနှလုံးသားကို အရေးမစိုက်ကြသလို မည်သူကမျှ ယန်းယဲ့၏ ခံစားချက်များကို ထည့်မစဉ်းစား ပေးကြချေ။

မိုဝူကျီက စိတ်ထဲမှသာ သက်ပြင်းချလိုက်တော့သည်။ သူက ယန်းယဲ့ မဟုတ်သည့်အတွက် ကံကောင်း လှပေသည်။ အကယ်၍ သူကိုယ်တိုင် ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့လျှင် ခရမ်းရောင်ဝတ်ရုံနှင့် အဖွားအိုကို တံ့တွေးထွေးခဲ့ပြီး‌တော့ ချန်ယန်ကို ဖယ်ရှားမည့် နည်းလမ်းကို ရှာမည် ဖြစ်သည်။

..... မင်းဘာသာ နဂါးဖြစ်ဖြစ်၊ ဂဠုန် ဖြစ်ဖြစ်  ငါ့ဇနီးကို ဆွဲဆောင်ဖို့ ကြိုးစားနေတယ် ဆိုရင်တော့ မင်း သေတာက  ပိုကောင်းလိမ့်မယ် .....

ဤကိစ္စမှာ သူနှင့် မသက်ဆိုင်သော်လည်း မိုဝူကျီက ယန်းယဲ့အတွက် မမျှတကြောင်း ခံစားမိနေဆဲ ဖြစ်သည်။

“ ဆရာ .... ယန်းယဲ့ကိုလည်း  တပည့်တို့နဲ့ အတူတူ ကျိုးပျက်ကမ္ဘာကို  သွားခွင့် ပြုသင့်တယ်လို့ ထင်တယ်။ ပိုပြီး ရင်းနှီးလာတာကနေ တပည့် နှလုံးသားက အနှောင်အဖွဲ့တွေက ဖြည်းဖြည်းချင်း ပြေပျောက် သွားလိမ့်မယ်  ”

မုရုန်ရှန်းယွီက လူငယ်လေး စကားကို တန်းပြန်မပြောဘဲ သူမ၏ ဆရာကိုသာ ဦးညွတ်၍ ပြောလိုက်သည်။

မိုဝူကျီ၏ စိတ်ထဲ၌ မကျေမနပ်မှုများနှင့်သာ ပြည့်နေသည်။ သူက မုရုန်ရှန်းယွီ၏ ရည်ရွယ်ချက်ကိုလည်း မှန်းဆမိသည်။ သူ့ကို ကျိုးပျက်ကမ္ဘာသွားမည့်ခရီး၌ လိုက်ပါခိုင်းသည်မှာ ချန်ယန်နှင့် နှိုင်းယှဉ်လျှင် ခြားနားမှု ပိုပေါ်အောင် ဖြစ်ပေလိမ့်မည်။  ထို့ကြောင့် မုရုန်ရှန်းယွီက ချမ်ယန်ဘက် ပါသွားလျှင်ပင် သူမ နှလုံးသားမှာမူ   ဖိအားများမှ လွတ်မြောက် သွားလိမ့်မည်။

ဤအမျိုးသမီးလည် ကျီယွဲ့ကဲ့သို့ အတူတူ ဖြစ်ပေသည်။ သူမ ကိုယ်ကျိုးအတွက် တခြားလူများကို တစ်စက်လေးမှ ဂရုမစိုက်ချေ။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မျက်မှောင်အနည်းငယ် ကျုတ်လိုက်ပြီး

“ ရှန်းယွီ ... ကျိုးပျက်ကမ္ဘာက ယုံရင်အင်မော်တယ် နယ်မြေထဲမှာ မဟုတ်ဘူးလေ။ အဲဆိုတော့ အန္တရာယ်များတယ်။ ဝင်ကြတဲ့သူတိုင်းကလည်း အင်မော်တယ် နယ်မြေ အမျိုးမျိုးက  ပါရမီရှင်တွေချည်းပဲ ...

အဲကို သွားဖို့က လွယ်မှာ မဟုတ်ဘူး။ တကယ်လို့ ယန်းယဲ့ပါ လိုက်လာရင် သူ့အတွက်  အန္တရာယ်များ လိမ့်မယ် ... ”

မိုဝူကျီက  ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ နောက်ဆုံးစကားမှာ လျစ်လျူရှု၍ မဖြစ်ကြောင်း သေချာ သွားလေ၏။ သူက မုရုန်ရှန်းယွီ၏ ဆရာက သူ့ကိစ္စကို စိုးရိမ်ပေး နေလိမ့်မည်ဟု မထင်ပေ။ နဂိုအကြောင်းအရင်းမှာ သူ့အတွက် ကျိုးပျက်ကမ္ဘာကို ဝင်ဖို့ရာ မလွယ်ကူ၍သာ ဖြစ်လိမ့်မည်။

မုရုန်ရှန်းယွီက မိုဝူကျီကို ကြည့်နေရင်း  တိတ်ဆိတ်သွားလေ၏။ အကယ်၍ ယန်းယဲ့က သူမ တာအိုနှလုံးသားကြောင့် ကျိုးပျက်ကမ္ဘာထဲ  ပျောက်ကွယ် သွားခဲ့လျှင် သူမက ထိုအရာနှင့် ဆက်ရှင်သန် နိုင်မည်လား။ ယခုအချိန်အထိ ယန်းယဲ့က သူမကို ကူညီပေးနေခဲ့ခြင်း ဖြစ်၏။ ယန်းယဲ့က ယန်းမျိုးနွယ်စုထဲ၌ လုပ်ချင်ရာ လုပ်နေတတ်သော်လည်း သူက သူမ မျက်နှာ မပျက်အောင်တော့ အမြဲတမ်း ဂရုစိုက်ပေးခဲ့သည်။

သူမ ဆရာပြောသည်က မှန်ကန်ပေ၏။ ခံစားချက်များကို  နှောင်ဖွဲ့မလာခင် အားလုံးကို ပျိုးထောင် လေ့ကျင့်သင့်ပေသည်။ သူမက ယန်းယဲ့နှင့် ဘာခံစားချက်မှ မရှိဖူးသည့်အတွက် ပျိုးထောင်ဖို့ ကိစ္စမှာ  ပြောနေဖို့ရာ မလိုအပ်ပေ။ သူတို့ကြားတွင် ကံတရားတစ်ခုသာ ရှိပေသည်။ ထိုကိစ္စပြီးသည်နှင့် သူတို့နှစ်ယောက်ကြားမှ ကံတရားလည်း အပြီးသတ် သွားလိမ့်မည်။

သူမက ထိုသို့ တွေးမိလိုက်သောကြောင့် ချောင်းချန်ယန်ကို ကြည့်လိုက်မိသည်။ ချောင်းချန်ယန်မှာ ယုံရင်အင်မော်တယ် နယ်မြေ၏ ထိပ်ဆုံး ရွမ်ရှန်းအဆင့် ကျင့်ကြံသူထဲ၌ တစ်ယောက် အပါအဝင် ဖြစ်ပေသည်။ သူ့တွင် ခမ်းနားထည်ဝါသည့် သွင်ပြင်တို့ ရှိပြီး ကြယ်ခြောက်လုံး ပါရမီရှင်လည်း ဖြစ်ပေ၏။ ယန်းယဲ့နှင် နှိုင်းယှဉ်ကြည့်လျှင် သူက အဆများစွာ ပိုသာနေသည်။

မုရုန်ရှန်းယွီက စိတ်ထဲမှ သက်ပြင်းသာ ချလိုက်သည်။ တကယ်တမ်း သူမအပေါ်  မိုဝူကျီ၏ မှန်းဆချက်မှာ အပြည့်အဝ မမှန်ကန်ပေ။  သူမက ယန်းယဲ့ကို လိုက်ပါလာစေချင်သည်မှာ သူမက ခံစားချက် ရှိမည့်သူကို ပြောင်းလဲချင်၍ မဟုတ်ဘဲ သူမက ယန်းယဲ့ကို ရွေးချယ်ထားခဲ့သည့် အတွက် ယန်းယဲ့အပေါ် ခံစားချက်ရှိလာပြီးမှ ကျောခိုင်းရမည် ဖြစ်သည်။ သို့သော် ယန်းယဲ့၏ လက်ရှိ သွင်ပြင်မှာ သူမအတွက် ချစ်မြစ်နိုးစိတ်ဝင်ရန် အလွန်ခက်ခဲပေသည်။

“ ယန်းယဲ့ ...  မင်း အမြင်ကရော ..” ထိုမေးခွန်းက မေးရန်  အသင့်တော်ဆုံး သူမှာ   မုရုန်ရှန်းယွီ၏ ဆရာနှင့် မုရုန်ရှန်းယွီကိုယ်တိုင် ဖြစ်ပေသည်။ သို့သော် ထိုမေးခွန်းကို မေးလာသူမှာ ချန်ယန်ဟု ခေါ်သည့် လူငယ်လေး ဖြစ်လိမ့်မည်ဟု ထင်မထားပေ။

သူက ချန်ယန်ကို မကျေမနပ် ဖြစ်မိသော်လည်း သူ့အတွက် ကျိုးပျက်ကမ္ဘာသို့ မလိုက်ဘဲ မုရုန်ရှန်းယွီနှင့် ဆက်ဆံရေး ရပ်စဲချင်သည်ဟု ပြောလိုက်ခြင်းက အကောင်းဆုံး ဖြစ်မှန်း သိပေသည်။

ထိုအဖြေက လူအများကို ကျေနပ်သွားစေလိမ့်မည်။ မုရုန်ရှန်းယွီကိုတော့ အနည်းငယ် မကျေမနပ် ဖြစ်စေသော်ငြား မုရုန်ရှန်းယွီ၏ ဆရာနှင့် ချန်ယန်ကိုတော့ ကျေနပ်စေလိမ့်မည်။ ပို၍ အရေးကြီးသည်က သူ ထွက်သွားဖို့ရန် လိုအပ်နေသည့် သူ့အလိုလည်း ပြည့်သွားပေလိမ့်မည်။ မိုဝူကျီက ချန်ယန် အဘယ်ကြောင့် ထိုမေးခွန်းမေးကြောင်း သိ၏။ ထိုလူက သူ့အား ခြိမ်းခြောက် လိုနေခြင်း ဖြစ်ရာ သူသာ တလွဲဖြေလိုက်ပါက ထိုလူကို ရန်စမိပြီးသား ဖြစ်သွားလိမ့်မည်။

သူက စိတ်ထဲ၌  မကျေနပ်သော်လည်း မိုဝူကျီက ဤနေရာမှ မြန်မြန် ထွက်သွားချင်မိသည်။

ထိုစဉ် သတင်းပို့  ဓားပျံ တစ်ချောင်း ရောက်ရှိလာကာ လူလတ်အမျိုးသား၏ လက်အတွင်း ကျရောက် သွားလေ၏။

လူလတ်အမျိုးသားက သတင်းပို့ ဓားပျံကို ကြည့်ရင်း သူ့မျက်နှာ၌ အံ့ဩမှု အရိပ်အယောင်များ အထင်းသား ပေါ်ထွက်လာသည်။

“ တာအိုရောင်းရင်းထူ ဘာကိစ္စများလဲ ” ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက သိချင်စွာ မေးလိုက်သည်။

လူလတ် အမျိုးသားက  ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးဆီ သတင်းပို့ ဓားပျံကို ပေးကာ ပြောလိုက်သည်

“ အသက်မဲ့ တာအိုဂိုဏ်း ပျက်စီးမှုကို အစပြုခဲ့တဲ့  ဟုန်မုန့် စွမ်းအင်က  ယုံရင် အစွန်းအဖျားက အသက်မဲ့မြစ်အတွင်းမှာ နောက်တစ်ခါ ပြန်ပေါ်လာပြီတဲ့။ ဒါပေမဲ့ လူတစ်ယောက်က ယူသွားလို့ ဘယ်ရောက်သွားမှန်း မသိလိုက်ရဘူး။

အဲဒါကြောင့် ကောင်းကင်ဧကရာဇ်က အသက်မဲ့လျို့ဝှက်နယ်မြေကို ချိတ်ပိတ်ထားဖို့ တောင်းဆိုထားတာ။ ပြီးတော့ ဇစ်မြစ်မသိတဲ့လူတွေကိုလည်း ယာယီထွက်သွားခွင့် ပိတ်ထားရမယ်”

(ဟုန့်မုန့်က စကြဝဠာ စတင် ဖြစ်တည်မလာခင် ကမ္ဘာဦးကတည်းက တည်ရှိခဲ့သော ဖရိုဖရဲ စွမ်းအင် တစ်ခု။ ဟုန့်မုန့်ကို  “ ပင်ကို သဘာဝ စွမ်းအား” ၊ “ အသက်နိယာမ” ၊ “ ကြီးမားသော ပုန်းအောင်းခြင်း/ ဖုံးကွယ်ခြင်း” နှင့်   “ ကျယ်ပြောသော မထင်ပေါ်ခြင်း” ဟူ၍လည်း အဓိပ္ပါယ် ရပေသည် )

“ တကယ်ကို ဟုန်မုန့် အသက်စွမ်းအင်ပဲ  ” ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။

အချိန်ခဏအကြာတွင် သူမက သက်ပြင်းချရင်း

“ အဲလိုဆိုတော့ ကောင်းကင် ဧကရာဇ်လည်း ဒီဟုန်မုန့် စွမ်းအင်ကို ရှာတွေ့နိုင်မဲ့ အခွင့်အရေး နည်းတာကို သိမှာပါ။  ဒီနေရာက လူတွေအားလုံးက သာမန် လူတွေပဲလေ .... ”

လူလတ်အမျိုးသားက ခေါင်းညိတ်ကာ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးပြောသည့် စကား နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ဟန် ရှိသည်။ အကယ်၍ ကောင်းကင်ဧကရာဇ်က ထိုအရာမှာ အသက်မဲ့ လျှို့ဝှက်နယ်မြေအတွင်း ပေါ်လာမည်ဟု ထင်လျှင် သူက အမိန့်ထုတ်ရုံမျှ မဟုတ်ဘဲ ကိုယ်တိုင် ရောက်လာလိမ့်မည်။

ထိုစဉ် မိုဝူကျီက တုန်လှုပ်နေမိသည်။ သူက ဘူးသီးခြောက်ထဲမှ စွမ်းအားမှာ အံ့ဩဖို့ ကောင်းမှန်း သိသော်လည်း ဟုန်မုန့်စွမ်းအင်မှန်း မသိခဲ့ချေ။ အကယ်၍ တစ်ယောက်ယောက်သာ သူ့ဆီ ရှိနေကြောင်း သိသွားခဲ့ပါက  သူ သောင်းဂဏန်း ရှိနေလျှင်ပင် သတ်ဖို့ရာ လုံလောက်မည် မဟုတ်ပေ။  ကောင်းကင် ဧကရာဇ်ကို မဆိုထားနှင့်  သူ့ရှေ့တွင် ရှိနေသော နှစ်ယောက်ကပင် သူ့အား အစိတ်စိတ်အမွှာမွှာ လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

“ ယန်းယဲ့ .. မင်းက ချန်ယန် ရဲ့ မေးခွန်းကို မဖြေရသေးဘူး  ”

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ဟုန်မုန့်စွမ်းအင်မှာ သူမ လက်လှမ်း မမီနိုင်သော အရာဖြစ်ကြောင်း သိထား၍ မိုဝူကျီအပေါ်၌သာ ပြန်အာရုံစိုက်လိုက်သည်။ သူမက မိုဝူကျီဆီမှ တိကျ သေချာသည့် အဖြေကို လိုချင်သည်။ ထိုမှသာ သူမ၏ အဖိုးတန် တပည့်လေး  ဖြူစင်သန့်ရှင်းသော  တာအိုနှလုံးသား ရရှိနိုင်မည် ဖြစ်၏။

အကယ်၍ ကောင်းကင် ဧကရာဇ်က ဘူးသီးခြောက်အကြောင်း စုံစမ်းမည်မှန်း မသိလျှင် မိုဝူကျီက ကျိုးပျက်ကမ္ဘာသို့ မသွားလိုဘဲ သူ့ဘာသာ ရပ်တည်မည် ဖြစ်ကြောင်း တွေဝေခြင်းမရှိ  ပြောမိလိမ့်မည်။  သို့သော် ယခုတွင် မိုဝူကျီက သူ့ဘာသာ နေရန် အလွန်အန္တရာယ် များကြောင်း သိလိုက်ရပြီ ဖြစ်၏။

သူက ကုန်းရှင်းဟောက်ကိုလည်း တွေးမိသွားသည်။ ကုန်းရှင်းဟောက်က သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို မြင်ပြီးပြီး ဖြစ်ရာ ယုံရင်အစွန်းအဖျားမှ ရောက်လာသူတိုင်း သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို အသုံးပြုကြောင်း သိပေသည်။ ထို့ကြောင့် သူ့ကို အန္တရာယ်ထဲ ကျရောက် သွားစေလိမ့်မည်။

အသက်မဲ့မြစ်အတွင်း သွားကြသော ကျင့်ကြံသူများပြား နေ၍သာ ယုံရင် အင်မော်တယ် နယ်မြေ၏ ကောင်းကင်ဧကရာဇ်က သူ့အကြောင်း ရှာမတွေ့သေးသည် ဖြစ်ရမည်။ သို့သော်လည်း မိုဝူကျီက မသေချာမရေရာသည့် ကိစ္စများကို ထည့်မစဉ်းစားလိုပေ။ ယခင်ဘဝက သူသည် သုတေသီ တစ်ဦး ဖြစ်ခဲ့၍  အမှားအယွင်း သေးသေးလေးက  အကြီးမားဆုံး အမှားအထိ  ဖြစ်လာနိုင်ကြောင်း သိထားသည်။ ထို့ကြောင့် မိုဝူကျီက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး မလုပ်နိုင်ပေ။

“ စီနီယာကို ပြန်ဖြေပါ့မယ်။ ကျတော်အတွက် ဂျုနီယာညီမလေး ရှန်းယွီရဲ့ တာအို နှလုံးသားက အရေးကြီးဆုံးပါ။

အခု ဂျုနီယာညီမလေး ရှန်းယွီက ကျတော်နဲ့ ကံတရား အဆုံးမသတ်ချင်ဘူး ဆိုပြီး ပြောခဲ့တာမလို့  ကျတော်လည်း အတူတူပါပဲ။ တကယ်လို့ ကျတော်ကို သတ်ပြီးတော့ အစိတ်စိတ် အမွှာမွှာ လုပ်လိုက်ရင်တောင် ဂျုနီယာညီမလေး ရှန်းယွီ စိတ်ထဲက အထုံးက ပြေသွားမှာ မဟုတ်ပါဘူး။

ကျတော်က ဂျုနီယာညီမလေး ရှန်းယွီအတွက် နေနေတာပါ။

အန္တရာယ်များတယ်ဆိုပေမဲ့လည်း ဂျုနီယာညီမလေး ရှန်းယွီ စိတ်ထဲက အထုံးအဖွဲ့တွေ မပြေပျောက်သွားခင်အထိ  သူမနဲ့  အတူတူ ကျိုးပျက်ကမ္ဘာကို သွားဖို့ ဆန္ဒရှိပါတယ်”

မိုဝူကျီ၏ လေသံမှာ ခံစားချက်အပြည့်ဖြစ်ပြီး ဆုံးဖြတ်ချက်က ခိုင်မာလှသည်။

မုရုန်ရှန်းယွီက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်မိသည်။

သူမရဲ့ ခင်ပွန်းကို ကောင်းကောင်း နားမလည်သေးတာများလား ....

ထိုစကားလုံးများကို ယန်းယဲ့က တစ်ခါမျှ မပြောဖူးပေ။ သူမ မျက်လုံး၌ ယန်းယဲ့မှာ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်ထဲ၌ မျှောလွှင့်နေသည်ကို နှစ်သက်သည့် လူကြောက် တစ်ယောက်သာ ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် သူက စိတ်ဝင်စားသည်ကိုသာ လုပ်၍ တခြားလူများကို ဘယ်တော့မှ မတွေးပေ။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက စိတ်ထဲမှ ညည်းညူ လိုက်သည်။ ဤမိုဝူကျီက ကူညီဖို့ ကြိုးစားနေသည် မဟုတ်ဘဲ ပြဿနာ ရှာနေခြင်းသာ ဖြစ်ပေသည်။ သို့သော်လည်း သူမက ရှန်းယွီ၏ စရိုက်ကို ကောင်းကောင်း သိထား၍ ရှန်းယွီသာ  ချန်ယန်နှင့် ချစ်မြစ်နိုးသွားပြီး ထိုခံစားချက်များကို ကျောခိုင်း လိုက်နိုင်သည်နှင့် သူမက ထိပ်သီးတာအိုဂိုဏ်း၏ နောက်အင်မော်တယ် ဧကရာဇ် ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ယန်းယဲ့ စကားလုံးများက မဆိုးလှပေ။ အကယ်၍ ယန်းယဲ့က ချောင်းချန်ယန်နှင့် အတူ ကျိုးပျက်ကမ္ဘာသို့ သွားလျှင် မုရုန်ရှန်းယွီ အတွက် ဆုံးဖြတ်ချက် ချဖို့ရာ လွယ်ကူလာလိမ့်မည်။ ထိုနည်းလမ်းဖြင့် ရှန်းယွီက ခံစားချက်များ ဖြစ်တည်လာပြီးနောက် သူမက အတိတ်မှ နှောင်ကြိုးများ ရစ်ပတ်ခံထားရတော့မည် မဟုတ်ပေ။

ထို့အပြင်  ကျိုးပျက်ကမ္ဘာကို သွားရန် နေရာတစ်နေရာစာမှာ သူမ လုပ်နိုင်စွမ်းအတွင်း ရှိနေသေးပေ၏။

***

All Chapters