← Chapters

အတော်လေး ကွဲပြားနေသည့် ယန်းလဲ့

Vol. 37 Ch. 501

အတော်လေး ကွဲပြားနေသည့် ယန်းလဲ့

Vol. 37 Ch. 501

လူလတ် အမျိုးသားက ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ အတွေးများကို ထိုးထွင်း သိနေသည့်  အလား ချောင်းချန်ယန်ကို အေးအေးဆေးဆေး ပြောလိုက်သည်။

“ချန်ယန်  ... မင်း ဆရာအနေနဲ့ မင်းရဲ့ တာအိုကိုပဲ ကျင့်ကြံရမှာ မဟုတ်ဘူး နှလုံးသားကိုလည်း ကျင့်ကြံရမယ်လို့  အရင်ကလည်း ပြောဖူးပါတယ်။ ဒီလို  အမှိုက်သရိုက်  အသေးလေးကိုမှ မကျော်ဖြတ်နိုင်ရင် ဘယ်လိုလုပ် ကြီးမြတ်တဲ့ တာအိုကို  ရယူနိုင်မှာလဲ ...

မင်းနဲ့ ရှန်းယွီတို့က ယန်းယဲ့နဲ့အတူတူ ကျိုးပျက်ကမ္ဘာကို အတူတူ သွားကြရမှာလေ။ မင်း ပြန်ထွက်လာတဲ့အခါကျ ဒီနေ့ ငါ ပြောလိုက်တဲ့ စကားအဓိပ္ပာယ်ကို ကောင်းကောင်း နားလည်လာလိမ့်မယ်  ...”

“ဟုတ်ကဲ့ပါ ဆရာ ...”ချောင်းချန်ယန်က တုံ့ပြန်လိုက်ရင်း ဦးညွှတ်လိုက်သည်။

မိုဝူကျီက စိတ်ထဲကသာ ကျိန်ဆဲလိုက်သည်။

ဒီလူအိုကြီးက သူ့ကို အမှိုက်သဖွယ် သဘောထားနေခြင်း ဖြစ်၏။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မုရုန်ရှန်းယွီကို ကျောက်စိမ်းပြား လှမ်းပေးလိုက်ပြီး

“ရှန်းယွီ ... ယန်းယဲ့ကို သင်္ဘောပေါ် အတူတူ ခေါ်သွားလိုက်။ ယန်းယဲ့က နာမည်စာရင်းထဲ မပါပေမဲ့ တစ်ယောက်ယောက်က မေးခဲ့ရင် ဒီကျောက်စိမ်းပြားကို ထုတ်ပြလိုက်။ ကောင်းကင်ဧကရာဇ်ရဲ့ ကိစ္စကြောင့် တာအိုရောင်းရင်း ထူနဲ့ ငါက ဒီမှာ နေပြီးတော့ ဖြေရှင်းစရာ တချို့ ကျန်သေးတယ်”

“ဟုတ်ကဲ့ပါ   ... ဆရာကို ကျေးဇူး အများကြီး တင်ပါတယ်”မုရုန်ရှန်းယွီက ကျောက်စိမ်းပြားကို လက်ခံရင်း လေးလေးစားစား ဦးညွှတ် ပြောလိုက်သည်။

မိုဝူကျီက ဘာမှ ပြန်မပြောတော့ဘဲ မုရုန်ရှန်းယွီ ရှေ့၌  သဘောထားကြီးသူ အဖြစ် ပြုမူရမည် ဖြစ်၏။

“သွားတော့  ...  အချိန် ဆွဲမနေနဲ့တော့ ”ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက လက်ဝေ့ပြကာ ပြောလိုက်သည်။

မုရုန်ရှန်းယွီက နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက်  ခန်းမကျယ်မှ လှည့်ထွက်လာလိုက်သည်။ ချောင်းချန်ယန်လည်း မုရုန်ရှန်းယွီဘေးမှ လိုက်ကာ ထွက်လာလိုက်သည်။

ယခုအခါ မိုဝူကျီက အိမ်နောက်လိုက်အလား ဖြစ်နေပြီး နောက်မှ အသာလိုက် သွားလိုက်ရသည်။ သူမ မျက်လုံးထောင့် တစ်နေရာမှ မိုဝူကျီကို တစ်ချက် ကြည့်ကာ သက်ပြင်း ချလိုက်တော့သည်။ သူမက မိုဝူကျီသည် ကျီယွဲ့အပေါ် ထားရှိသော စိတ်ရိုင်းများကို သူမအပေါ် ထားနေတာ များလားဟု သံသယ ဝင်လာမိသည်။ အကယ်၍ ဤသို့ ဆိုပါက ယန်းယဲ့က သူ့ဘာသာ ပြဿနာ မီးထွန်း ရှာနေခြင်းသာ ဖြစ်ပေ၏။

မိုဝူကျီက အခြားလူများ ဘာတွေးနေသည်ကို ဂရုမစိုက်ပေ။ သူ့စိတ်ထဲ၌ ပြောချင်တာ တစ်ခုသာ ရှိပေသည်။

ရှေ့က နှစ်ယောက် မြန်မြန် မလျှောက်နိုင်ဘူးလား

မုရုန်ရှန်းယွီက အချိန် မဖြုန်းသည်က ကံကောင်းလှပေသည်။  သူတို့ ယာယီနေရာမှ ထွက်လာသည်နှင့် သူမက ချက်ချင်း သင်္ဘောပျံကို ထုတ်ယူကာ ချောင်းချန်ယန်နှင့် ယန်းယဲ့ကို ပြောလိုက်သည်။

“စီနီယာ အစ်ကိုချောင်းနဲ့ ယန်းယဲ့လည်း ကျမ သင်္ဘောပေါ်ပဲ တက်လိုက်ပါ”

ချောင်းချန်ယန်က ကျေးဇူးစကား ဆိုလိုက်ပြီးနောက် မုရုန်ရှန်းယွီ သင်္ဘောပေါ် တက်လိုက်တော့သည်။ မိုဝူကျီက ဝေ့ဝှက်မနေဘဲ မြန်မြန် တက်လိုက်သည်။

မုရုန်ရှန်းယွီ၏ သင်္ဘောပျံက အရိပ်ပမာ အသက်မဲ့ လျှို့ဝှက်နယ်မြေမှ ထွက်သွားကာ အဝေးတစ်နေရာ၌ ပျောက်ကွယ်သွား၏။

ကောင်းကင်ဧကရာဇ်၏ အမိန့်မပါရှိဘဲ မည်သူကမျှ ထိပ်သီး တာအိုဂိုဏ်းမှ သင်္ဘောပျံကို မတားဆီး ရဲကြပေ။

***

သင်္ဘောပျံက ခရီးစဉ်တစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် သွားနေသည်။ မုရုန်ရှန်းယွီက သင်္ဘောပျံ ဦးဖျားပိုင်း၌ ရပ်နေပြီး သူမရှေ့မှ အလွန်တရာ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကို ငေးကြည့်နေသည်။ သူမ ဘာတွေးနေသည် ကို‌တော့ မသိနိုင်ချေ။

ချောင်းချန်ယန်က မုရုန်ရှန်းယွီဘေးနား ရပ်နေပြီး  အသံတိုးတိုးဖြင့် ပြောနေသည်။

မိုဝူကျီက ချောင်းချန်ယန်ဆီမှ အမုန်းတရားကို မနှိုးဆွ ချင်သည့်အတွက် သူက သင်္ဘောပဲ့ပိုင်း၌သာ နေနေလိုက်သည်။ သင်္ဘောပျံမှ အခန်းငယ်လေးများ အတွင်း သူက ဝင်ရန် စိတ်ကူးမရှိပေ။

သူက ကျိုးပျက်ကမ္ဘာမှာ မည်သို့ ကမ္ဘာမျိုး ဖြစ်ကြောင်း မသိပေ။ သို့သော် သူ့စိတ်ထဲ၌ သူ တစ်ယောက်တည်း သွား၍ ဖြစ်နိုင်မလား တွေးတောနေမိသည်။ အကယ်၍  သူ့ကို  အင်မော်တယ် နယ်မြေမှ ကောင်းကင်ဧကရာဇ် ကိုယ်တိုင် သတိပြု မိသွားပါက  ကိစ္စများက ကောင်းမည် မဟုတ်ပေ။

မိုဝူကျီက မုရုန်ရှန်းယွီနှင့် ချောင်းချန်ယန်တို့ မည်သည့်အကြောင်း ဆွေးနွေး နေကြသည်ကို မသိလည်း မသိသလို စိတ်လည်း မဝင်စားပေ။ ယခု သူက ကျိုးပျက်ကမ္ဘာ အကြောင်းသာ စဉ်းစားနေမိသည်။ အခြားသော အင်မော်တယ် နယ်မြေမှ လူများလည်း ကျိုးပျက်ကမ္ဘာသို့ လာကြမည် ဖြစ်ပြီး မုရုန်ရှန်းယွီ၏ ဆရာက ကျိုးပျက်ကမ္ဘာမှာ ယုံရင်အင်မော်တယ် နယ်မြေအတွင်း မဟုတ်ကြောင်း ပြောခဲ့သေးသည်။ ယုံရင်အင်မော်တယ်၏ ကောင်းကင်ဧကရာဇ်က သူ့အကြောင်း သိသည် ဖြစ်စေ၊ မသိဘူး ဖြစ်စေ သူ့အတွက် ယုံရင်နှင့် ဝေးဝေးနေသည်က အကောင်းဆုံး ဖြစ်ပေ၏။

နေ့ဝက်အကြာတွင် မိုဝူကျီက ထိုအတွေးများ ဘေးဖယ် ထားလိုက်ရင်း အလယ်အလတ် အင်မော်တယ်ကျောက်များ ထုတ်ကာ စတင် ကျင့်ကြံလိုက်သည်။

အင်မော်တယ်လောကတွင် အင်မော်တယ်ကျောက်များ မရှိဘဲဖြင့် ပတ်ဝန်းကျင်ရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားမှာ ယုံရင် အစွန်းအဖျားထက် ဆယ်ဆမက ပိုကောင်းပေသည်။

မိုဝူကျီ စတင် ကျင့်ကြံသည်နှင့် အချိန် စီးဆင်းမှုကိုပင် မေ့လျော့ သွားတော့သည်။

အချိန်အတော် အကြာတွင် သူက မုရုန်ရှန်းယွီကြောင့် အသိပြန်ကပ်လာသည်။

“ယန်းယဲ့ ... ကျမတို့တွေ ရောက်ပြီ။ ကျမ နောက်က လိုက်ခဲ့”

မိုဝူကျီက မုရုန်ရှန်းယွီ၏ သင်္ဘောပျံမှာ နေရာအကျယ်ကြီး၌ ဆင်းသက်ထားကြောင်း သတိထား မိလိုက်သည်။ ထိုနေရာအလယ်၍  ဧရာမ သင်္ဘောပျံကြီး ရှိနေသည်။

ဒါက ဘယ်လိုလုပ် သင်္ဘောပျံ ဖြစ်နိုင်မှာလဲ … ဒါက ရွေ့လျားနေတဲ့ မြို့ကြီးပဲ

ထို့အပြင် နေရာမှာ အင်မော်တယ်မြို့ ကဲ့သို့ ဖြစ်နေပြီး  မိုဝူကျီ၏ စိတ်စွမ်းအားပင် မထိုးဖောက် နိုင်သည့် ကာကွယ်ရေး အစီအရင်များ ပါရှိနေသေး၏။

“ဂျူနီယာ ညီလေးယန်းက အတော်လေး ကြိုးစားတာပဲ။ ငါတို့  ခရီးသွားနေတုန်း မင်းက ကျင့်ကြံဖို့ မမေ့ဘူးပဲ”

ချောင်းချန်ယန်က မိုဝူကျီ တစ်ယောက် သင်္ဘောပျံမှ ဆင်းလာသည်ကို မြင်၍ ပြောလိုက်သည်။ သူ့လေသံတွင် လေးစားသည့် အရိပ်အယောင် တချို့ ပါဝင်နေသေး၏။

ချောင်းချန်ယန်က အလေးအနက် ပြောနေသည် ဖြစ်စေကာမူ မိုဝူကျီက ဤချောင်းချန်ယန်က သူ့အား လေးစားလိမ့်မည်ဟု မထင်ပေ။ သူက ဘာမှ ပြန်မပြောဘဲ တုံ့ပြန်သည့် အနေဖြင့် ပြုံးပြလိုက်သည်။

“ဂျူနီယာ ညီလေးယန်း  ... ဒီအာကာပြင် သင်္ဘောပေါ်က လူအားလုံးက ယုံရင်အင်မော်တယ် နယ်မြေက ထိပ်တန်း ပါရမီရှင်တွေချည်းပဲ။ ပြောရရင် တကယ့် အကြွင်းမဲ့ ပါရမီရှင် တချို့တောင် ပါသေးတယ်။

အပြောအဆိုနဲ့ အပြုအမူကို သေချာဂရုစိုက်  ... ပြဿနာ မဖြစ်စေနဲ့။ ဒီလူတွေအတွက် ကျုပ်တို့က ပမွှားသာသာပဲ”

မိုဝူကျီ တိတ်ဆိတ်နေသည်ကို မြင်၍ ချောင်းချန်ယန်က လေးလေးနက်နက် သတိပေးလိုက်သည်။

မိုဝူကျီက “ပမွှား”ဟု ညွှန်းဆိုစဉ်က သူ့ကို ပြောနေသည်ကို ဖြစ်ကြောင်း သိပေသည်။ ချောင်းချန်ယန်နှင့် မုရုန်ရှန်းယွီတို့မှာ  ကြယ်ခြောက်လုံး ပါရမီရှင်များ ဖြစ်ကြ၍ သူတို့က ပမွှားသာသာတော့ မဟုတ်ပေ။ ထို့ကြောင့်  သူက မထူးမခြားနား ပြန်ပြောလိုက်သည်။

“ကျုပ်လို ပမွှားလေး အတွက်လည်း ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်။ အဲကြောင့် စိုးရိမ်နေဖို့ မလိုပါဘူး”

မုရုန်ရှန်းယွီက မိုဝူကျီကို တစ်ချက် ကြည့်လိုက်သည်။ သူမအနေဖြင့် ယန်းယဲ့ကို အကြိမ်များစွာ မတွေ့ဖူးသော်လည်း သူမရှေ့တွင် ရှိနေသော ယန်းယဲ့မှာ သူမ မှတ်မိထားသည့် ယန်းယဲ့နှင့် ကွာခြားနေကြောင်း ခံစားမိနေသည်။ သူမ ဆရာရှေ့တွင် သူက စိတ်အားထက်သန်စွာ ပြောခဲ့သော်ငြား သာမန် ဆက်ဆံမှုမျိုး၌ သူက ထိုမျှ အပြောင်းအလဲ မြန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

အဆင့်အတန်း၊ သွင်ပြင် သို့မဟုတ် အရည်အချင်း တို့တွင် ယန်းယဲ့က ချောင်းချန်ယန်နှင့် မိုင်ပေါင်း တစ်သိန်း ရှစ်ထောင် ကွာဝေး နေပေသည်။ သူက ချောင်းချန်ယန်နှင့် ဆက်ဆံသည့်အခါ  ပို၍   ကျိုးနွံ့သင့်ပေသည်။ သို့သော်လည်း သူ့တွင်  ကျိုးနွံ့မည့် အရိပ်အယောင် မရှိသလို  ချောင်းချန်ယန်နှင့် စကားပြောနေစဉ် ယန်းယဲ့က နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်း မရှိပေ။

“ယန်းယဲ့   ... ကျမ နောက်က လိုက်ခဲ့  ... မဟုတ်ရင် ရှင် ဒီသင်္ဘောပေါ် တက်ခွင့် မရဘဲ နေလိမ့်မယ်”

မုရုန်ရှန်းယွီက ထိုမေးခွန်းများကို နားမလည်သောကြောင့် မတွေးတာ ပို၍ ကောင်းပေမည်။ သူမက မိုဝူကျီကို ညွှန်ကြားပြီးနောက် သင်္ဘောပေါ် တက်သွားလေ၏။

“သင်္ဘော ထွက်ဖို့ ဘယ်လောက် ကြာသေးလဲ”

မိုဝူကျီက သူမကို “ဂျူနီယာညီမလေး ရှန်းယွီ”ဟုပင် ခေါ်ဖို့ရာ စိတ်မပါပေ။ ထိုသို့မျိုး အပြုအမူက သူ့ကိုသူ အော်ဂလီ ဆန်စေသည်။ သူတို့က  တစ်ယောက်နှင့်တစ်ယောက် အသုံးချနေရုံမျှ ဖြစ်ကာ “ဂျူနီယာညီမလေး”ဟုသော အသုံးအနှုန်းကို သုံးဖို့ရာ မလိုအပ်ပေ။ မုရုန်ရှန်းယွီက သူ့အား အသုံးချချင်သလို သူလည်း သူမကို ပြန်၍ အသုံးချနေခြင်းသာ ဖြစ်ပေသည်။ သူတို့တွေ ကျိုးပျက်ကမ္ဘာ ရောက်သွားသည်နှင့်  ထိုသူတို့ နှစ်ယောက်က အချစ်ခရီးလမ်း ဆက်လျှောက်ကြမည် ဖြစ်၏။ သူကတော့ ကိုယ်ပိုင်လမ်းတစ်ခု လျှောက်လှမ်းရမည်။

“လဝက် ကျန်သေးတယ်”မုရုန်ရှန်းယွီက  မိုဝူကျီ အခေါ်အဝေါ်ကို ဂရုစိုက်ဟန် မပေါ်ပေ။

သူတို့ သင်္ဘော‌ပေါ် တက်သည့်အခါ အမှတ်အသားပြားများကို စစ်ဆေးနေသော ကျင့်ကြံသူ နှစ်ယောက် ရှိနေသည်။ မုရုန်ရှန်းယွီနှင့် ချောင်းချန်ယန်တို့ နှစ်ယောက်လုံးက သူတို့ကိုယ်ပိုင် အမှတ်အသားပြားများကို ထုတ်ပြလိုက်ကြသည်။ ထိုကျင့်ကြံသူ နှစ်ယောက်က မိုဝူကျီကို မေးခွန်းမထုတ်ခင် မုရုန်ရှန်းယွီက သူမ ဆရာ၏ ကျောက်စိမ်းပြားကို ထုတ်ကာ ပြောလိုက်သည်

“ယန်းယဲ့ကို ကျမတို့ ထိပ်သီး တာအိုဂိုဏ်းက ဖိတ်ကြားလာတာ။ သူက ကျမနဲ့ အတူတူ ကျိုးပျက်ကမ္ဘာကို လိုက်လာလိမ့်မယ်”

ထိုကျင့်ကြံသူက ခေါင်းညိတ်ပြကာ ဘာမှ ဆက်မပြောတော့ဘဲ သုံးယောက်လုံးကို  သင်္ဘောပေါ် တက်ခွင့် ပေးလိုက်သည်။ သူက မုရုန်ရှန်းယွီကို ကျောက်စိမ်းပြား ပေးလိုက်သေး၏။ ဂိုဏ်းကြီးများ ဖြစ်သည့် ထိပ်သီးတာအိုဂိုဏ်းနှင့် ဓားတစ်လက်ဂိုဏ်းများ အတွက် အခန်းအပို တချို့  ရှိပေသည်။  မုရုန်ရှန်းယွီ၏ ဆရာမှာ လူသိများသည့် ပုဂ္ဂိုလ်ဖြစ်သည့် အပြင် ထိပ်သီးတာအိုဂိုဏ်း၏ တောင်ထိပ်သခင် ဖြစ်သောကြောင့် သူမ လုပ်ပိုင်ခွင့် အတွင်း ရှိနေ၏။

မုရုန်ရှန်းယွီက သူမ လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် မိုဝူကျီကို လှမ်းပေးလိုက်သည်

“ဘာမှ အရေးကြီးတာ မရှိရင် ဘယ်မှ မသွားနဲ့။ ရှင်က အပိုခရီးသည် ဆိုတော့ အဆင့်နိမ့် အခန်းငယ်ထဲကပဲ  ရလာတယ်။ ဒီသင်္ဘောပျံက အင်မော်တယ်နယ်မြေ အာကာပြင်ကို ဖြတ်သွားမှာဆိုတော့ အနည်းဆုံး နှစ်ဝက်ကြာလိမ့်မယ်”

“ကျေးဇူးပဲ”မိုဝူကျီက ကျောက်စိမ်းပြားကို မြန်မြန် လက်ခံလိုက်သည်။ အဆင့်နိမ့် အခန်းငယ်ကို ဆိုမထားနှင့် သိုလှောင်ခန်း၌ နေရာမည် ဆိုလျှင်ပင် ကျေနပ်ဦးမည် ဖြစ်သည်။

မုရုန်ရှန်းယွီက သူ့အား ယုံရင်အင်မော်တယ် နယ်မြေမှ ခေါ်ထုတ် လာရုံသာမက သူ့ကို အခန်းပင် ရှာပေးလိုက်သေး၏။ ထို့ကြောင့် မိုဝူကျီက သူမကို ကျေးဇူးတင်မိလေ၏။

မုရုန်ရှန်းယွီက မိုဝူကျီကို ဘာမှ မပြောပေ။ မိုဝူကျီကို ကျောက်စိမ်းပြား ပေးပြီးနောက် သူမက ချောင်းချန်ယန်နှင့်အတူတူ အဆင့်မြင့် အခန်းသို့ သွားလိုက်တော့သည်။

မိုဝူကျီက သူ့လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်သည့်အခါ အဆင့်နိမ့် အခန်းငယ် (ဃ)၊ အခန်းနံပါတ် ၃၇၇၀ ဟူ၍ ပါရှိသည်။ သူအမြန်ဆုံး နှုန်းဖြင့် သူ့အခန်းကို တွေ့ရှိသွားရာ တံခါးကို ဖွင့်၍ အထဲ ဝင်လိုက်တော့သည်။

မုရုန်ရှန်းယွီက သူ့အား သတိမပေးလျှင်ပင် သူက အခန်းထဲမှ ထွက်လာမည် မဟုတ်ပေ။ သူက ဤသင်္ဘောပျံ မထွက်မချင်း အန္တရာယ်များ အလယ် ကျရောက်နေကြောင်း သိထား၏။

သူက အခန်းထဲ ဝင်ပြီးသော်လည်း မိုဝူကျီက စိုးရိမ်မိနေဆဲ ဖြစ်သည်။ သူက သူ့ရွေးချယ်မှုမှာ မှန်ကန်လား မသိတော့ပေ။ ဤဧရာမ သင်္ဘောပျံထဲ ဝင်လိုက်ပြီးနောက် နောက်ဆုတ်နိုင်မည့် လမ်းကြောင်းများမှာ ပိတ်ဆို့သွားလေပြီ။ အကယ်၍ ကောင်းကင် ဧကရာဇ်က အသက်မဲ့ လျှို့ဝှက်နယ်မြေမှ သူ့အကြောင်း ခြေရာခံ မိသွားလျှင် သူ့အနေဖြင့် ကံတရားကို ပုံအပ်ထားရုံသာ တတ်နိုင်လိမ့်မည်။

အဆင့်နိမ့် အခန်းငယ်မှာ အတော်လေး ကျဉ်းပေ၏။ မိုဝူကျီက ၁၀ မီတာ ပတ်လည်လောက် ရှိကြောင်း ခန့်မှန်းမိပေသည်။ အခန်းထဲ ဘာဆိုဘာမှ မရှိကာ အတားအဆီး တစ်ခုသာ ရှိပေ၏။

မိုဝူကျီက သူ့ကိုယ်ပိုင် စိတ်စွမ်းအား ထပ်ပေါင်းလိုက်ပြီး  အခင်းကို ထုတ်ကာ စတင် ကျင့်ကြံလိုက်တော့သည်။ ဤသို့သော နေရာမျိုး၌ သိုသိုသိပ်သိပ် နေသည်က အကောင်းဆုံး  ဖြစ်ပေလိမ့်မည်။

***

လဝက်မှာ မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားပေ၏။ သင်္ဘောပျံက စတင်တုန်ခါလာသည့် အခါမှ မိုဝူကျီက စိတ်အေးလက်အေး သက်ပြင်း ချနိုင်တော့သည်။ အမြင်နှင့်တင် ယုံရင်အင်မော်တယ် နယ်မြေ၏ ကောင်းကင်ဧကရာဇ်က သူ့ကို ခြေရာ မခံမိသေးကြောင်း သိလိုက်သည်။ ဤသင်္ဘောသာ ယုံရင်အင်မော်တယ် နယ်မြေမှ ထွက်ခွာသရွေ့ သူက စိတ်ပူနေစရာ မလိုတော့ပေ။

မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် အပြင်ဘက်ကို အာရုံ ခံကြည့်လိုက်သည်။ သူက အဆင့်နိမ့် အခန်းငယ်အတွင်း ရှိနေသော်လည်း သင်္ဘောမှာ လေဟုန်ခွင်း၍ သွားနေပြီ ဖြစ်ကြောင်း မှန်းဆမိပေ၏။

နောက်ဆုံးတွင် သူက စိတ်အေး သွားတော့သည်။ မိုဝူကျီက အစီအရင် အမျိုးမျိုးနှင့် အတားအဆီး အမျိုးမျိုး ခင်းကျင်း ထားလိုက်သည်။ ယခင် သင်္ဘောက မရွေ့လျားသေးသည့် အတွက် အလွန်အကျွံ မလုပ်ရဲချေ။ ယခု စိတ်တိုင်းကျ ကျင့်ကြံနိုင်ပြီ ဖြစ်ရာ သူက ကာကွယ်ရေး အစီအရင်တချို့ ခင်းကျင်းထားရန်သာ လိုအပ်ပေသည်။

နှစ်ရက်တာ ကုန်ဆုံးပြီးနောက် အခန်းအတွင်းမှ အစီအရင်စနစ် တစ်ခုလုံးမှာ တပ်ဆင် ပြီးသွားလေပြီ။ စောင့်ကြည့်ရေး အစီအရင် တစ်ခုပင် ပါရှိသေး၏။ ထိုအခါမှ မိုဝူကျီက အဆင့်မြင့် အင်မော်တယ် ကျောက်များနှင့် အင်မော်တယ် ဆေးလုံးများကို ထုတ်ကာ စတင် ကျင့်ကြံလိုက်တော့သည်။

ယခု သူက စွမ်းအားကို မြင့်တင်ရန် အရေးတကြီး လိုအပ်နေသည်။ ပုံမှန်အားဖြင့် သူက လုပ်နိုင်သမျှ ကြိုးစား ကြည့်ရမည် ဖြစ်၏။ အကယ်၍ လူတချို့ကို မကျေမနပ် ဖြစ်စေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်ကိုပင် ခင်းကျင်း မိလောက်သည်။

***

All Chapters