ဒါလား ဆရာသခင် အထွတ်အထိပ်အဆင့်၊ သာမန်ပါပဲလား
Vol. 14 Ch. 201
*မိစ္ဆာဝိညာဉ်ရိုင်း*
သူ့နာမည်အား ပထမဆုံး အကြိမ် ယဲ့ဖန် ကြားလိုက်ရပြီးနောက် သူက လျင်မြန်စွာပင် မခိုးမခန့် အပြုံးနှင့် မေးလိုက်သည်။
"ကုန်းကျန့်ထျန်းက မင်းကို ဒီလွှတ်လိုက် တာလား"
*အမ်*
မိစ္ဆာဝိညာဉ်ရိုင်းသည် ယဲ့ဖန် သူ့အား လုံးဝ မကြောက်ဘဲ နေလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့မိပါ။ ထို့ကြောင့် သူက စူးရှသော မျက်လုံးများဖြင့် ပြန်ဟောက်လိုက်သည်။
"ဒါပေါ့ ငါ့ကို ဒီလာဖို့ တာဝန်ပေးလိုက်တာ ခေါင်းဆောင်ပဲ"
"ကောင်စုတ်လေး ဒီလောက် အင်အားကြီးတဲ့ ကျင့်ကြံနည်းကို ပိုင်ဆိုင်ဖို့ မင်းက တအား ချည့်နဲ့လွန်းတယ်၊ မင်း အဲ့ဒါကို ပိုင်ဆိုင်ထားဖို့ မထိုက်တန်ဘူး"
"ခေါင်းဆောင်က မင်းရဲ့ ကျင့်ကြံနည်းနဲ့ မင်းခန္ဓာကိုယ်ကို လိုချင်နေတယ်၊ ဒါပေမယ့် မင်းရဲ့ စိတ်ဝိညာဉ်တော့ မပါဘူးပေါ့ကွာ၊ အဲ့ဒါကြောင့် မင်း သေကိုသေမှ ဖြစ်မယ်"
ဝိညာဉ်ရိုင်း၏ ရက်စက်သော စကားများကို ကြားပြီးသော် ယဲ့ဖန်က မကောင်းဆိုးဝါး အပြုံးမျိုး ပြုံး၍ ပြန်ပြောလိုက်သည်။
"မင်းက ငါ့ကို သတ်ချင်နေတာလား။ မင်းက အရည်အချင်း မပြည့်မှီဘူး"
*ဘာ*
ဝိညာဉ်ရိုင်း တစ်ခဏမျှ ကြောင်သွားရသည်။ သေခြင်းတရားနှင့် တွေ့အံ့ဆဲဆဲ ဖြစ်နေသည့် အချိန်မှာတောင် ယဲ့ဖန်က ဘာကြောင့် သည်လောက် လေလုံးထွားနေသလဲ ဆိုတာ ကို သူ လုံးဝ နားမလည်နိုင်ပါ။
ဝိညာဉ်ရိုင်းသည် ယဲ့ဖန်အား အရူးဟု သတ်မှတ်လိုက်ဟန်ဖြင့် ဟားတိုက်ရယ်ကာ ပြောလိုက်သည်။
"ကောင်စုတ်လေး၊ မင်းက အရမ်း နုံတာပဲ၊ ငါ မင်းကို အားသုံးပြီး သတ်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"
ဝိညာဉ်ရိုင်းက ခေါင်းခါ၍ ဆက်ပြော လိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါ မင်းစားလိုက်တဲ့ ဆရာသခင်တွေရဲ့ မူလ သလင်းကျောက် တွေထဲမှာ နတ်ဆိုးသစ်စေ့ ချန်ထားခဲ့တယ်။ ငါ အမိန့်ပေးလိုက်တာနဲ့ မင်းရဲ့ ဝိညာဉ်က စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားမှာ။ မင်း ဆရာသခင်တွေရဲ့ မူလသလင်းကျောက်ကို ပိုပြီး ဝါးမျိုလေလေ၊ နတ်ဆိုးသစ်စေ့ရဲ့ အဖျက် အားက ပိုပြီး သက်ရောက်လေပဲ"
"မင်းက ဆရာသခင် ဆယ့်သုံးယောက်ရဲ့ မူလ သလင်းကျောက်ကို ဝါးမျိုထားတာ ဆိုတော့ မင်းရဲ့ စိတ်ဝိညာဉ်က ငါရဲ့ နတ်ဆိုးသစ်စေ့ တွေကြောင့် လုံးဝ ပျက်စီးသွားမှာ သေချာ တယ်"
*နတ်ဆိုးသစ်စေ့တွေ*
သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံး၍ မေးလိုက်သည်။
"မင်း ဒါတွေကို ပြောနေတာလား"
ထို့နောက် သူ့လက်ဖဝါးကို ဖြန့်ပြလိုက် သောအခါ နက်မှောင်နေသော သလင်း ကျောက် ဆယ်သုံးခုက ထင်းခနဲ ပေါ်လာသည်။
သလင်းကျောက် တစ်ခုစီတိုင်းက မကောင်း ဆိုးဝါး ဆန်၍ မနှစ်မြို့ဖွယ်ကောင်းသော ချီဓာတ်များကို ပေးစွမ်းနေသည်။
….
သလင်းကျောက်များကို မြင်သည်နှင့် ဝိညာဉ်ရိုင်း အလွန် ထိတ်လန့်သွားကာ သူ့မျက်နှာတွင် ထိတ်လန့်၍ မယုံသင်္ကာ ဖြစ်နေဟန်များ ထင်ဟပ်လာ၏။
"မင်း…မင်း ဆရာသခင်တွေရဲ့ မူလ သလင်း ကျောက်ကို ဝါးမျိုလိုက်တယ်လေ၊ ဘယ်လို လုပ် ငါ့နတ်ဆိုးသစ်စေ့တွေက အပြင်မှာ ကျန်နေခဲ့ ရတာလဲ၊ ဒါ …. လုံးဝ မဖြစ်နိုင်ဘူး"
ဝိညာဉ်ရိုင်းသည် သူ၏ လှည့်ကွက်နှင့် ပတ်သက်၍ အလွန် ယုံကြည်မှုရှိသည်။ သူ၏ နတ်ဆိုးသစ်စေ့ ထည့်ထားခြင်း ခံထားရသော သူတိုင်း သူ၏ ရုပ်သေး ဖြစ်လာကြသည်။
*ယဲ့ဖန်က နတ်ဆိုးသစ်စေ့တွေကို ဘယ်လို ဖယ်ထားလိုက်တာလဲ။ ဒါ မဖြစ်နိုင်ဘူး*
ဝိညာဉ်ရိုင်း၏ အံ့ဩနေသော အမူအရာကို ကြည့်ပြီး ယဲ့ဖန်က အထင်သေးဟန်ဖြင့် လှောင်ရယ်၍ ပြောလိုက်သည်။
"ဒါက အနိမ့်ကျဆုံး ဝိညာဉ်ထိန်းချုပ်ခြင်း လှည့်စားမှုပဲ၊ မင်းက ဒီအတိုင်း အဖြစ်မရှိတဲ့ ဝိညာဉ်ထိန်းချုပ်တဲ့ ဆရာသခင်ပဲ"
"သေစမ်း"
ဝိညာဉ်ရိုင်း၏ မျက်နှာက ချက်ချင်း သုန်မှုန် လာ၏။ လူတစ်ယောက်၏ ဝိညာဉ်အား မည်သို့ မည်ပုံ ထိန်းချုပ်ရမလဲ ဆိုတာကို ယဲ့ဖန် သိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
"ကောင်းတယ်၊ တယ်တော်တဲ့ ကောင်ပါလား၊ မင်း ဆရာသခင်တွေရဲ့ မူလ သလင်းကျောက် ထဲက ငါ့နတ်ဆိုးသစ်စေ့ကို ဖယ်ထုတ် နိုင်တော့ကော ဘာဖြစ်သလဲ၊ ငါ ဒါတွေကို နောက်တစ်ခါ ပြန်ထည့်လို့ ရတယ်"
ထိုသို့ပြောပြီး ဝိညာဉ်ရိုင်း လက်တစ်ဘက် လှုပ်လိုက်သောအခါ သုံးမြှောင့်ဓားချွန် တစ်ခု က သူ့လက်ထဲ ပေါ်လာသည်။
သူ့လက်နက်ပေါ်တွင် များစွာသော မှော်စာလုံး များနှင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာသည့် ချီဓာတ် များကို ထုတ်လွှတ်နေသည်။
အဲ့ဒါကလည်း စိတ်ဝိညာဉ် ပစ္စည်းပါလား။
ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က အသာပြုံးကာ မတ်တတ်ရပ်ရင်း ပြောလိုက်သည်။
"ကျုပ် အခုလေးတင် ဆရာသခင် တစ်ပိုင်း အဆင့်ကို အဆင့်တက်သွားတာ၊ ကြည့်ရတာ ကျုပ် ခင်ဗျားကို လေ့ကျင့်ဖော်အဖြစ် သတ် မှတ် ရမယ်နဲ့ တူပါရဲ့"
ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဘက် လှုပ်လိုက် သောအခါ သူ၏ ဓားကျိုးက လက်ထဲ ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ဓားရောင်က ဝိညာဉ်ရိုင်း ၏ လည်မျိုတည့်တည့်သို့ လှစ်ခနဲ ရောက် လာသည်။
ဓားကျိုးသည် ကြောက်မက်ဖွယ် ကောင်း လောက်အောင် အားပြင်းလှသည်။ ဝိညာဉ်ရိုင်း ၏ မျက်နှာက သုန်မှုန်လာကာ ကျယ်လောင် စွာ ဟစ်အော်လိုက်သည်။
"ခွေးကောင်လေး သေပေတော့"
ဝိညာဉ်ရိုင်းကလည်း သူ၏ သုံးမြှောင့် ဓားချွန်ဖြင့် တိုက်ခိုက်လိုက်သည်။
ချွင်! ချွင်! ချွင်!
လက်နက်ချင်း ထိမိသည်နှင့် သူတို့၏ ပြင်းထန် သော ချီဓာတ်များက တစ်ခုနှင့်တစ်ခု ဝုန်းခနဲ တွန်းတိုက်သဖြင့် လေထုထဲ မီးပွားများ တလက်လက်နှင့် ဖြစ်နေလေ တော့သည်။
တိုက်ပွဲ မစခင်က ဝိညာဉ်ရိုင်းသည် ယဲ့ဖန်အား သူ ဖိနှိပ်ထားနိုင်မည်ဟု ထင်ထားခဲ့သည်။
သို့သော် သူ့ခန့်မှန်းချက် လွဲသွားခဲ့မှန်း သူ မကြာခင် သတိထားလိုက်မိသည်။
ဆရာသခင် တစ်ပိုင်းအဆင့်သာ ဖြစ်သော် လည်း ယဲ့ဖန်က ရူးသွပ်လောက်သည့် သန်မာသော ချီဓာတ်များကို ထုတ်လွှတ် နေသည်။
သူ၏ တိုက်ကွက်တစ်ခုချင်း စီတိုင်းအား ဝိညာဉ် ရိုင်းအား နောက်ဆုတ်သထက် ဆုတ်လာ အောင် ပြုလုပ်လျက် ရှိသည်။ ထို့ပြင် ယဲ့ဖန်၏ တိုက်ကွက်များက ပို၍ သန်မာ လာ၏။
"သေစမ်း…ဒီငကြောင်ကောင်က ဘယ်လိုလဲဟ"
ဝိညာဉ်ရိုင်း ညည်းတွားရင်း သူ မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်နေသည်။ ဆရာသခင် တစ်ပိုင်း အဆင့်က သူ့အား ဖိနှိပ်ထား နိုင်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
ထို့အတူ ယဲ့ဖန် အားကုန် မသုံးရသေး မှန်းလည်း သူ သိနေသည်။
"မဖြစ်ဘူး"
ထိုစဉ် ဝိညာဉ်ရိုင်း သေရေးရှင်ရေး အခြေအနေ တစ်ခုကို အာရုံခံမိသွားသည်။ ထို့နောက် ယဲ့ဖန်၏ ဓားကျိုးကြောင့် သူ့လက်မောင်းတွင် ဒဏ်ရာတစ်ခု ရလာ၏။
ဝိညာဉ်ရိုင်း လျင်မြန်စွာ မတုံ့ပြန်မိပါက သူ့ လက်မောင်းတစ်ခုလုံး ပြတ်သွား လောက်သည်။
"ဒါလား ဆရာသခင် အထွတ်အထိပ်အဆင့်။ သာမန်ပါပဲ"
ယဲ့ဖန်၏ မောက်မာသော စကားလုံးများက ဝိညာဉ်ရိုင်းအား ဒေါပွသွားစေ၏။ သို့သော် သူ၏ အိပ်မက်ဆိုးက ယခုမှ စတင်မှာ ဖြစ်ပေသည်။
"ပထမတစ်ကွက်နဲ့ ငါ မင်းရင်ဘတ်ကို ထိုးခွဲပစ်မယ်"
"ဒုတိယတစ်ကွက်ဆို ငါ မင်းနံရိုးတွေကို ချိုးပစ်မယ်"
"တတိယတစ်ကွက်ဆို ငါ မင်းကျောကို ထိုးနှက်ပစ်မယ်"
စကားတစ်ခွန်းဆုံးတိုင်း ယဲ့ဖန်က ဝိညာဉ်ရိုင်း၏ ကိုယ်တွင် ဒဏ်ရာတစ်ခုစီ ချန်ရစ် လေသည်။
ဤသည်ကား လုံးဝကို တစ်ဖတ်ပိတ် တိုက်ပွဲ ကြီးပင်။
သူ၏ ဓားကျိုးက ပို၍ မြန်မြန်ဆန်ဆန်နှင့် လှုပ်ရှားလာသလို ပို၍လည်း ကြမ်းသထက် ကြမ်းလာသဖြင့် ဒဏ်ရာများ ပိုပို ဖြစ်လာစေပြီး ရဲရဲနီနေသော သွေးများ အလျင်အမြန် ပန်းထွက်လာသည်။
တစ်ခဏအတွင်းမှာပင် ဝိညာဉ်ရိုင်းသည် သွေးများ ပေကျံလာပြီး ဒဏ်ရာများနှင့် ပြည့်နှက်လာ၏။
"ခွေးမသား"
ဝိညာဉ်ရိုင်း ဒေါသူပုန်ထလာသည်။ ယဲ့ဖန်က သူ့ကို လေ့ကျင်စရာ ပစ်မှတ်အဖြစ် သဘောထား နေမှန်း သူ သိသည်။
ယဲ့ဖန်၏ တိုက်ကွက်များက မသေစေနိုင် သော်လည်း ဝိညာဉ်ရိုင်း၏ ကိုယ်တွင် ဒဏ်ရာ ဗလပွနှင့် ဖြစ်လာစေ၏။
"ဒဏ္ဍာရီအဆင့် လူအိုကြီးတွေပဲ သူ့ကို နှိမ်နင်း နိုင်တော့မယ်နဲ့ တူတယ်"
ဝိညာဉ်ရိုင်း မျက်ခုံး တစ်လှုပ်လှုပ် ဖြစ်လာကာ သူ သေချာပေါက် သေခါနီးလာသည်ကို သိလိုက် သည်။
ထို့ကြောင့် သူ ချက်ချင်း နောက်လှည့် ထွက်ပြေးရန် ပြင်လိုက်သည်။ သူ လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် မျက်တောင် တစ်ခတ် အတွင်း ဒါဇင်နှင့်ချီသော မီတာ အကွာ အဝေးသို့ သူ ရောက်လို့သွား၏။
သို့သော် ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က ပြုံး၍ ရေရွတ်လိုက်သည်။
"ထွက်ပြေးမလို့လား။ ဒါဆိုလည်း တကယ့် ဝိညာဉ် ထိန်းချုပ်ခြင်း နည်းလမ်းကို မင်းကို ငါ ပြရသေးတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် ယဲ့ဖန်က လက်အမူ အရာ တစ်ခု ပြုလုပ်လိုက်ပြီး နတ်ဆိုးချီ အမျှင်တန်းများက သူ့လက်ချောင်းများကြား ရစ်ဝဲလာသည်။
ရုတ်တရက် တခြား ပိန်းပိတ်အောင် မှောင်သည့် နတ်ဆိုးသစ်စေ့က သူ့လက်ထဲ ပေါ်လာသည်။
"ဒါ…ဒါ ကျွန်တွေရဲ့ အမှတ်အသားပဲ"
ယဲ့ဖန်လက်ထဲက သလင်းကျောက်ကို မြင်ပြီး ဝိညာဉ်ရိုင်း သေမတတ် ထိတ်လန့် လာသည်။
ဝိညာဉ် ထိန်းချုပ်သည့် ဆရာသခင်များက ရုပ်သေးများကို အလွယ်တကူ ထိန်းချုပ် နိုင်သည်။ သို့သော် အလွန် သန်မာသည့်သူ၏ ဝိညာဉ်ကို ထိန်းချုပ်နိုင်ရန်တော့ သူတို့ အတွက် အလွန် ခက်ခဲသည်။
ဒါက ဒဏ္ဍာရီအဆင့် လှည့်ကွက်တစ်ခုပင်။ ထင်မှတ်မထားဘဲ ယဲ့ဖန်က မဖြစ်နိုင်သည် များကို လုပ်ဆောင်နိုင်နေလေ၏။
ဝိညာဉ်ရိုင်း အလွန် နားဝေတိမ်တောင် ဖြစ်သွား ရသည်။ နတ်ဆိုးသစ်စေ့မှ အရိုးအေး မတတ် ချမ်းစိမ့်လွန်းလှသည့် သန်မာသော ချီဓာတ်များ ထွက်ပေါ်နေသည်။
"မဖြစ်ဘူး"
ယဲ့ဖန် သူ့ထံသို့ အရှိန်မြှင့်၍ လာနေသဖြင့် ဝိညာဉ်ရိုင်းသည် ချက်ချင်း လျင်မြန်စွာ ထွက်ပြေးလေတော့သည်။
ထိုစဉ် သူ့လည်ပင်းအား လက်တစ်ဘက်၏ ဖမ်းဆီး ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ ယဲ့ဖန်က အားသုံး၍ ဝိညာဉ်ရိုင်း၏ နဖူးအား နောက် လက်တစ် ဘက်ဖြင့် ထိုးနှက်လိုက်သည်။
ခွပ်!
ဝိညာဉ်ရိုင်း ကျယ်လောင်စွာ အော်ဟစ်မိပြီး တဆတ်ဆတ် တုန်ယင်လာသည်။ ဤအဖြစ် အပျက် များက ဆယ့်ငါးနစ် ကျော်ကျော်သာ ကြာမြင့်လိုက်သည်။
ထို့နောက် အနက်ရောင် အမှတ်အသား တစ်ခုက ဝိညာဉ်ရိုင်း၏ နဖူးအလယ် တည့် တည့်တွင် ပေါ်လာပြီးနောက် သူ ရုတ်တရက် မျက်လုံး ပွင့်လာသည်။
ဒုန်းခနဲ အသံနှင့်အတူ ဝိညာဉ်ရိုင်းသည် အလွန် လေးစား ရိုသေဟန်ဖြင့် မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး ယဲ့ဖန်အား စကားပြော လိုက်သည်။
"အရိုအသေပေးပါတယ်၊ သခင်ကြီး။ ကျွန် တော်မျိုးက မိစ္ဆာ ဝိညာဉ်ရိုင်းပါ"