ပြန်ပေးဆွဲရသည့်အကြောင်းရင်း
Vol. 56 Ch. 792
အခန်း (၇၉၂) ပြန်ပေးဆွဲရသည့်အကြောင်းရင်း
ကုဟုန်နှင့် ကုန်းစွန်းမင်တို့ ထွက်ခွာသွားပြီးနောက် လင်ဟန့်ဟွာနှင့် မုကျွင်းတို့လည်း သဘာဝပသာဒနယ်မြေ ပင်လယ်ပြင်ကို တစ်ချက်ကြည့်လိုက်ကြပြီး ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။
ကျန်းကျောင်းဟွေ ထွက်ပြေးသွားသော်လည်း ဤအနီးတစ်ဝိုက်တွင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးရှိသေးသည်။ အစောပိုင်းကပင် ထိုသူနှင့်တိုက်ခိုက်ပြီးသည်ဖြစ်ရာ ထိုသူက အချိန်မရွေး လှုပ်ရှားမှုများ လုပ်လာနိုင်၏။
လင်ဟန့်ဟွာနှင့် မုကျွင်းတို့ ထိုကိစ္စကို ရှင်းရပေဦးမည်။ ဇာမဏီအရိုးပိုင်ဆိုင်ထားသော ထန်ယုံဟောင်ကိုလည်း ကျင်းထင်တောင်သို့ မြန်နိုင်သမျှမြန်မြန် ပြန်လည်ပို့ဆောင်ရန် လိုအပ်သည်။
သူတို့က ရန်ကျောက်ကဲတို့သားအဖကိုလည်း ကျင်းထင်တောင်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြ၏။
လက်ရှိတွင် တာ့ရွှမ်မင်းဆက်နှင့် ကွမ်းမင်ဂိုဏ်းမှလူများသည်လည်း ဒုက္ခမပေးနိုင်တော့ဘဲ ကျူတောပင်လယ်ဒေသတွင် အခြေအနေကောင်းနေသဖြင့် ရန်ကျောက်ကဲသည်လည်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အထွတ်ထိပ်အရှင်သခင် ‘အရှေ့တောင်ထိပ်တန်းအရှင်သခင်’ နေထိုင်ရန် ကျင်းထင်တောင်သို့ သွားရောက်ရန် ရည်ရွယ်ထားသည်။
ပြီးလျှင်တော့ အထက်ဘုံကမ္ဘာတွင် သူ၏ဝါဒတောင်ဂိုဏ်းအခြေကျစေပြီး သြဇာအာဏာလွှမ်းမိုးမှု ဖြန့်ကျက်နိုင်ရန် စီစဉ်ထားသည်။
ကျွမ်းကျောင်းဟွာနှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကိစ္စကတော့ လင်ဟန့်ဟွာတို့အုပ်စု ဖြေရှင်းမည် ဖြစ်၏။
လင်ဟန့်ဟွာနှင့် မုကျွင်းတို့ ထွက်ခွာသွားပြီးနောက် ရန်ကျောက်ကဲတို့အုပ်စုသည်လည်း သဘာဝပသာဒနယ်မြေ ၊ ပင်လယ်ပြင်မှ ထွက်ခွာပြီး ကန္တာနယ်မြေကိုဖြတ်ကျော်ကာ ဝိညာဉ်နယ်မြေသို့ ပြန်လာခဲ့ကြသည်။
အပြန်လမ်းတွင် အသင်္ချေနဂါးနန်းတော်ကိုစီးနှင်လာရင်း ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူမတောင့်တခဲ့သော ထူးကဲယင်သရဖူကို ဆွတ်ခူးနိုင်ခဲ့ပေပြီ။
ယခု ထူးကဲယင်သရဖူက သူမအတွက် ဖိအားတစ်ခုမဟုတ်တော့ဘဲ အချိန်ကာလကြာရှည်ခဲ့သောကိစ္စတစ်ခုက နောက်ဆုံးတော့ အဆုံးသတ်သွားပေပြီ။
သို့သော် သူမ စိတ်မအေးနိုင်သေးပေ။
ကျွမ်းကျောင်းဟွေက မမျှော်လင့်စွာပင် မန်ဝမ်ကိုခေါ်ဆောင်သွားသဖြင့် ဖန်းယွင်ရှန်း စိတ်ပူပန်နေခဲ့သည်။
ရန်ကျောက်ကဲကြည့်နေသည်ကို သတိထားမိတော့ ဖန်းယွင်ရှန်းက အနည်းငယ်ပြုံးရင်း ခေါင်းခါယမ်းလိုက်သည်။
“ကျွန်မ ဘာမှမဖြစ်ပါဘူး”
သူမက မန်ဝမ်နှင့်ခင်မင်သူများဖြစ်ကြသော်လည်း ကျွမ်းကျောင်းဟွေရောက်လာချိန်တွင် သူတို့က ထူးကဲယင်သရဖူကိုရရှိရန် တိုက်ခိုက်နေခြင်းဖြစ်သည်။
ကျွမ်းကျောင်းဟွေက ရန်ကျောက်ကဲကိုလက်စားချေရန် လူတစ်ယောက်ကို ဖမ်းဆီးသွားမည်ဆိုလျှင် ထိုသူက ဖန်းယွင်ရှန်းသာဖြစ်သင့်ပြီး မန်ဝမ် မဖြစ်နိုင်ပေ။
ဝါဒတောင်က နေသူတော်စင်ဂိုဏ်းကို ချေမှုန်းခဲ့သည့်အတွက် ရန်ကျောက်ကဲနှင့် မန်ဝမ်တို့၏ဆက်ဆံရေးက ရှုတ်ထွေးသလို မန်ဝမ်နှင့် ရင်းနှီးသူမှာလည်း ရန်ကျောက်ကဲမဟုတ်ဘဲ ဖန်းယွင်ရှန်းသာလျှင် ဖြစ်သည်။
တကယ်တော့ ရန်ကျောက်ကဲနှင့်မန်ဝမ်က သိပ်ပြီးတော့ပင် သိကြသည်မဟုတ်ပေ။
ရန်ကျောက်ကဲနှင့် ပြဿနာဖြစ်သည့်အတွက် ကျွမ်းကျောင်းဟွေက မန်ဝမ်ကိုဖမ်းဆီးသွားသည်ဆိုလျှင် သူ့အနေဖြင့် မန်ဝမ်ထံမှ ရန်ကျောက်ကဲအကြောင်း ပိုမိုသိရှိချင်သောကြောင့်သာ ဖြစ်နိုင်သည်။
သို့သော် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှရောက်လာသော ကျွမ်းကျောင်းဟွေက မန်ဝမ်အကြောင်း အသေးစိတ်မသိရှိနိုင်ပေ။ သူမသည်လည်း ရန်ကျောက်ကဲရောက်လာသည့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ လာရောက်သူဖြစ်ကြောင်း မည်သည့်နည်းနှင့်မှ မသိနိုင်ပေ။
ထို့ကြောင့် ဤအချက်များအားလုံးက အဓိပ္ပါယ် မရှိပေ။
သူ မန်ဝမ်ကိုဖမ်းဆီးသွားခြင်းမှာ မန်ဝမ်ကိုလိုချင်သောကြောင့်သာဖြစ်ပြီး ရန်ကျောက်ကဲနှင့်ရော ဖန်းယွင်ရှန်းကိုယ်တိုင်နှင့်ပါ သက်ဆိုင်ခြင်း မရှိပေ။
ထို့ကြောင့် အစပိုင်းတွင် စိတ်ရှုတ်ထွေးနေသည့် ဖန်းယွင်ရှန်းမှာ ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း စဉ်းစားပြီးသည့်နောက် ပြန်လည်တည်ငြိမ်လာသည်။
မန်ဝမ်က ထူးကဲယင်မိန်းမပျိုတစ်ယောက် ဖြစ်နေသောကြောင့် ဖမ်းဆီးသွားခြင်းလည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မန်ဝမ်လက်ထဲတွင် ထူးကဲယင်သရဖူလည်း ရှိမနေတော့ပေ။
ဆိုတော့ အခြားအကြောင်းတစ်ခု ရှိရပေမည်။
မည်သို့ပင်ဖြစ်စေ ကျွမ်းကျောင်းဟွေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မန်ဝမ်ဘဝ မည်သို့ရှိမည်လဲ ၊ ကံဆိုးမိုးမှောင်ကျရမည်လား ဖန်းယွင်ရှန်း မခန့်မှန်းနိုင်ပေ။
ဇာမဏီအရိုးကိုထုတ်ယူရန် မန်ဝမ်၏ခန္ဓာကိုယ်ကို သန့်စင်ပစ်ရမည့်ကိစ္စမျိုးလည်း ရှိမနေပေ။
သို့တိုင် သူမအနေဖြင့် မန်ဝမ်အတွက် စိတ်မပူဘဲ မနေနိုင်ခဲ့ပေ။
သူမဦးနှောက်ခြောက်မတတ်စဉ်းစားသော်လည်း ကျွမ်းကျောင်းဟွေသ မန်ဝမ်ကို ခေါ်ဆောင်သွားရသည့်အကြောင်းရင်းကို နားမလည်နိုင်ခဲ့ပေ။
အထက်ဘုံကမ္ဘာသို့ရောက်လာပြီးနောက် မန်ဝမ်က ကွမ်းမင်ဂိုဏ်းတည်ရှိရာ နေလတောင်ထွတ်တွင် အလွန်သိုသိပ်စွာနေထိုင်ခဲ့သည်။ ကွမ်းမင်ဂိုဏ်းမှတပည့်များသည်ပင် သူမကိုတွေ့မြင်ဖူးသူ ခပ်ရှားရှားဖြစ်ပြီး အပြင်ထွက်သည်က မရှိသလောက်ပင်။
ယနေ့ မန်ဝမ်ကိုတွေ့သည့်အချိန်ထိ သူမကို ကျွမ်းကျောင်းဟွေက မြင်ဖူးတွေ့ဖူးမည်ပင် မဟုတ်ပေ။
ရန်ကျောက်ကဲလှမ်းကြည့်လိုက်တော့ ဖန်းယွင်ရှန်းက အတွေးမျှင်မပြတ် စဉ်းစားနေသည်ကို တွေ့ရသည်။
ရန်ကျောက်ကဲကလည်း ထန်ယုံဟောင်နှင့် မန်ဝမ်ကိုသတ်ဖြတ်ရန် စိတ်ကူးမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက သူတို့နှစ်ယောက်ကို လေးစား၍ပင်နေသေးသည်။
ပြီးတော့ ထိုနှစ်ယောက်က ဝါဒတောင်နှင့် တစ်ခါမှရန်ဘက်မဖြစ်ခဲ့ကြဖူးပေ။
ထို့ကြောင့် ကျင်းထင်တောင်ကိုကူညီရန် ၊ သို့မဟုတ် ကျွမ်းကျောင်းဟွေကို ဆန့်ကျင်ရန် စိတ်မဝင်စားဘဲ ရန်ကျောက်ကဲက ထန်ယုံဟောင်ကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။ သူ့ကို ကျင်းထင်တောင်သို့ ဝင်ခွင့်ရရန်ပင် ကူညီပေးလိုက်သေး၏။
မန်ဝမ်သည်လည်း ထူးကဲယင်သရဖူဆုံးရှုံးသွားသည်ဖြစ်ရာ ရန်ကျောက်ကဲက သူမကိုရှင်းပစ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မန်ဝမ်က ထူးကဲယင်သရဖူကို ထိန်းချုပ်သော်လည်း ကမ္ဘာကိုခြိမ်းခြောက်သည့် တိုက်ပွဲများတွင်သာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ဝါဒတောင်နှင့်တိုက်ခိုက်သော သွေးစွန်းတိုက်ပွဲများတွင် ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။
ဖန်းယွင်ရှန်းက သူမကိုယ်စားပြောပေးလျှင်ပင် ရန်ကျောက်ကဲက မန်ဝမ်ကို သူမ၏ဆရာနှင့် တွေ့ဆုံခွင့်ရရန် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်ပို့ပေးရန် စဉ်းစားပေးဦးမည် ဖြစ်သည်။
သို့သော် ထန်ယုံဟောင်နှင့် မန်ဝမ်တို့က နေသူတော်စင်ဂိုဏ်းသားများဖြစ်ကြလေရာ ဝါဒတောင်နှင့် ရန်ဘက်ပြုမည်ဆိုပါက ရန်ကျောက်ကဲအနေဖြင့် သူတို့၏ရပ်တည်ချက်ကို နားလည်ပေးနိုင်သည့်တိုင် သူကိုယ်တိုင်ကတော့ အားနာနေမည် မဟုတ်ပေ။
ရန်ကျောက်ကဲက အရည်အချင်းရှိသူများကို သဘောကျတတ်သော်လည်း ရန်သူများကိုတော့ ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်ပေ။
ဖန်းယွင်ရှန်းက မန်ဝမ်အတွက် အလွန်စိုးရိမ်နေသည်။ သို့သော် တောင်ပိုင်းထိပ်တန်းမျိုးနွယ်များလက်အောက်သို့ ရောက်သွားသူတစ်ယောက်ကို ပြန်လည်ကယ်တင်ရန် မည်မျှခက်ခဲကြောင်း သူမသိရှိသည်။
ကျင်းထင်တောင်သို့ရောက်ရှိသွားသော ထန်ယုံဟောင်ကို ကျွမ်းကျောင်းဟွေ ရှာဖွေမည်ဆိုလျှင်လည်း ကောင်းကင်ပေါ်တက်ရသည့်အလား ခက်ခဲပေမည်။
မန်ဝမ်အတွက် အသက်စွန့်ရမည်ဆိုပါက ဖန်းယွင်ရှန်းအနေဖြင့် မျက်တောင်တစ်ချက်မခတ်ဘဲ စွန့်ဝံ့သူ ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲကို မန်ဝမ်အတွက် အသက်စွန့်ခိုင်းခြင်းကတော့ အနည်းငယ် စိတ်ကူးယဉ်ဆန်နေမည်မှာ သေချာသည်။ ရန်ကျောက်ကဲက ထိုသို့ပြုလုပ်ရန် သဘောတူလျှင်တာင်မှ မန်ဝမ်အတွက်မဟုတ်ဘဲ ဖန်းယွင်ရှန်းအတွက်သာ ဖြစ်ပေလိမ့်မည်။
ဖန်းယွင်ရှန်း ရင်ထဲမှ သက်ပြင်းချလိုက်သည်။
သူမတစ်ယောက်တည်း မန်ဝမ်ကိုသွားကယ်မည်ဆိုလျှင်လည်း သူမအန္တရယ်ရှိသည်ဆိုလျှင် ရန်ကျောက်ကဲကို သူမနှင့်လိုက်ခဲ့ရန် စေခိုင်းခြင်းနှင့် မည်သို့ကွာခြားပါတော့မည်လဲ။
သူမအတွက် မန်ဝမ်က ရန်ကျောက်ကဲထက်ပိုပြီး အရေးကြီးပါသလား။ ညီအစ်မရင်းချာပမာ ချစ်ခင်ရသူမန်ဝမ်အတွက် ရှောင်လွှဲမရသည့်အန္တရယ်ကို သူမ အမှန်တကယ်ပင် ရင်ဆိုင်မည်လား။
ရန်ကျောက်ကဲက ကျွမ်းကျောင်းဟွေ၏ ဇာမဏီအရိုးရယူရန် အရေးကြီးသော အစီအစဉ်ကို ဖျက်ဆီးခဲ့ပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင်၏တပည့် လီကျင်းကိုလည်း သတ်ဖြတ်ခဲ့ဖူးသည်။
တောင်ပိုင်းထိပ်တန်းမျိုးနွယ်များအနေဖြင့် သူ့ကို အရိုးထဲထိမုန်းတီးနေကြပေလိမ့်မည်။ ထို့ကြောင့် ရန်ကျောက်ကဲသာ တောင်ပိုင်း မီးတောက်နယ်မြေအတွင်းဝင်ရောက်လာပါက မည်သူမှ ပျော်ပျော်ရွှင်ရွှင် ဆီးကြိုကြမည် မဟုတ်ပေ။
ထို့ကြောင့် ရန်ကျောက်ကဲက ထိုအကြောင်းကိုမေးမြန်းသည့်အခါ ဖန်းယွင်ရှန်းက အရေးမစိုက်ဟန်ဖြင့် ဟန်ဆောင်ခဲ့ခြင်း ဖြစ်၏။
သို့သော် မန်ဝမ် အန္တရယ်နှင့်ကြုံရသည့်အခါ ဖန်းယွင်ရှန်းမှာ စိုးရိမ်စိတ်နစ်မွန်းလျှက် အနားပင်မယူနိုင် ဖြစ်နေရသည်။
ထူးကဲယင်ပြိုင်ပွဲတွင်အနိုင်ရရန် မျှော်လင့်ချက်ဖြင့် သူမက ကျင့်ကြံခြင်းကို ဘယ်သောအခါမှ မလျှော့ခဲ့ပေ။ သို့သော် ယခုတော့ သူမစိတ်ရှုတ်ထွေးပြီး စွမ်းအားမရှိသလို ခံစားနေရသည်။
ထူးကဲယင်သရဖူကိုရယူရန် မပြတ်တမ်းကြိုးစားနေချိန်တွင် သူမ၏စိတ်အားထက်သန်မှုနှင့် ဆန္ဒများက လက်ရှိထက်ပိုပြီး သန်မာနေခဲ့သည်။ ယခု ထိုသို့သော ပြင်းထန်သည့်စိတ်ဆန္ဒများ သူမနှလုံးသားထဲတွင် တစ်ဖန်ပြန်လည်ထကြွလာခဲ့သည်။
သူမသာ လုံလောက်သည့် တန်ခိုးစွမ်းအား ပိုင်ဆိုင်ထားပါက အခြား မည်သ့အကူအညီမှမယူဘဲ ဝမ်လေးကို ကယ်တင်ရန် ကြိုးစားနိုင်မည်ဖြစ်သည်။
ဖန်းယွင်ရှန်းကိုကြည့်ပြီး ရန်ကျောက်ကဲ ပြုံးလိုက်သည်။
“မန်ဝမ်အတွက် စိတ်ပူနေတာလား”
ရန်ကျောက်ကဲက ဖွင့်ဟမေးလာပြီမို့ ဖန်းယွင်ရှန်းလည်း ဖုံးကွယ်ရန် မစဉ်းစားတော့ပေ။
“အဲဒီ ကျွမ်းကျောင်းဟွေက ဘာလို့ ဝမ်လေးကိုခေါ်သွားတာလဲ သိချင်နေတာ”
ရန်ကျောက်ကဲက ပြုံးရင်း...
“မင်းရဲ့စိတ်ထဲမှာ အခုမှ အပြည့်အဝဆွဲဆောင်မှုရှိတဲ့အရာတစ်ခုကို တည်ဆောက်နိုင်ပြီထင်တာပဲ”
ဖန်းယွင်ရှန်း သက်ပြင်းချရင်း...
"ကျွမ်းကျောင်းဟွေက ရှင့်ကိုသူတို့နယ်မြေထဲရောက်လာဖို့ကလွဲရင် ဘာမှလိုချင်မှာမဟုတ်ဘူး ၊ ဝူထုန်တောင်စောင်းမှာ တန်ခိုးစွမ်းအားရှင်တွေ အများကြီးရှိတယ် ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်ကလည်း ပေါ့သေးသေး မဟုတ်ဘူး ၊ ပြီးတော့ ဒီကိစ္စက ရှင်နဲ့မဆိုင်ဘူး”
ရန်ကျောက်ကဲက နှုတ်ခမ်းကို ပွတ်သပ်ရင်း...
“မင်းက ဒီလိုပြောတော့ ငါ အရမ်းရင်နာရတယ် ၊ ယောကျ်ားလေးတွေဆိုတာက သူတို့မိန်းကလေးတွေ သူတို့အပေါ် အားကိုးဖို့အမြဲတမ်း မျှော်လင့်ထားတာလေ ၊ ဒါမှ သူတို့ရဲ့အတ္တက ကျေနပ်မှုရမယ်မဟုတ်လား ၊ မင်းက စွမ်းအားမြင့်မားတာမှန်ပေမယ့် နုနယ်တဲ့အခိုက်အတန့်လေးတွေမှာတော့ ငါပိုပြီး စိတ်လှုပ်ရှားမှုလေးတွေ ရှိလာတောပေါ့”
ထိုစကားကြားတော့ ဖန်းယွင်ရှန်း ရယ်ချင်သွားသည်။
“ရှင့်အတ္တနဲ့စိတ်ကျေနပ်ဖို့အတွက် ကျွန်မကိုလိုအပ်တယ်ပေါ့လေ”
ရန်ကျောက်ကဲ ရယ်မောလိုက်ရင်း...
“ဒါပေါ့... သေချာပေါက် မင်းကိုပဲလိုအပ်တာပေါ့”
ဖန်းယွင်ရှန်းနှလုံးသား နူးညံ့သွားပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
သို့သော် သူမက ခေါင်းခါယမ်းရင်း...
“ရှင် တကယ်ပဲ ဘာမှမလုပ်သင့်ပါဘူး”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဒါတော့ မင်းသဘောအတိုင်းပဲလေ”
ဖန်းယွင်ရှန်းက...
"တကယ်တော့ ကျွမ်းကျောင်းဟွေက ဝမ်လေးကို ဖမ်းခေါ်သွားတုန်းက တပ်မက်တဲ့စိတ်ကြောင့် မဟုတ်ခဲ့ဘူး ၊ ဇာမဏီအရိုးအတွက် ဒေါသထွက်နေလို့ ဝမ်လေးအပေါ်ပုံချပြီး ပစ်မှတ်ထားတာလည်း မဟုတ်ဘူး ၊ ကြည့်ရတာ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တောင် မရှိလောက်ဘူး ၊ ဝမ်လေး အန္တရယ်မရှိလောက်ဘူးထင်တာပဲ”
“ဒါပေမဲ့ သူ့ကိုဘာလို့ဖမ်းသွားရလဲဆိုတာကို ကျွန်မ နားမလည်နိုင်တာပါ ၊ ဒါကြောင့် ကျွန်မ စိတ်မအေးနိုင်ဘူး ဖြစ်နေတာ”
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားပြီးမှ မေးလိုက်သည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတုန်းက မင်း မန်ဝမ်ရဲ့ဇာစ်မြစ်ကိုသိခဲ့မှာပဲ ၊ မင်းက နေသူတော်စင်ဂိုဏ်းကို သူ့ထက်အရင်စောပြီး ရောက်ခဲ့တာပဲလေ ၊ သူ့မိသားစုအကြောင်း မသိဘူးလား”