← Chapters

ဆေးလုံးတာအို အဆင့် စစ်ဆေးပွဲ

Vol. 37 Ch. 506

ဆေးလုံးတာအို အဆင့် စစ်ဆေးပွဲ

Vol. 37 Ch. 506

စူးခရာ အင်မော်တယ် မြို့ဟောင်းအတွင်း ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ပိုင်နက်မှာ အတော်လေး ကြီးမား၏။ တုံ့ဟွားလုံ၏ လမ်းညွှန်မှုဖြင့် မိုဝူကျီက  မကြာခင် အဝေး တစ်နေရာမှ အစိမ်းရောင်စာလုံး လေးလုံးကို မြင်လိုက်ရသည်။

“ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့”

ထိုအစိမ်းရောင် စာလုံးလေးလုံး နောက်တွင်  မီတာထောင်ချီ ကျယ်ဝန်းသော  တန်ဖိုးကြီး အဆောက်အဦ တည်ရှိနေသည်။ ထိုအဆောက်အဦ အဝင်ဝတွင် အားကောင်းသော သားရဲများ စောင့်ကြပ်နေကြ၏။ မိုဝူကျီက မချဉ်းကပ် ရသေးသော်လည်း  ပြင်းထန်လှသည့် ဖိနှိပ်အားကို ခံစားနေရပြီ ဖြစ်၏။

ခမ်းနားလိုက်တာ …

စူးခရာ အင်မော်တယ်မြို့ဟောင်း ကဲ့သို့သော နေရာမျိုး၌ မီထောင်သောင်းချီသည့် အဆောက်အဦ ဆောက်နိုင်သည်မှာ မရိုးရှင်းလှပေ။

မိုဝူကျီနှင့် တုံ့ဟွားလုံတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ခန်းမကျယ်ထဲ  ရောက်ရှိလာသည့် အခါ ကျင့်ကြံသူအုပ်လိုက် သွားလာနေသည်ကို မြင်လိုက်ရပြီး အများစုမှာ ဆေးလုံးအတွက် တောင်းဆိုရန် ရောက်လာခြင်း ဖြစ်ကြသည်။

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဆေးလုံး တောင်းဆိုချက်များကို သီးသန့် လုပ်ဆောင်ပေးရန် လက်ခံမည့် ကောင်တာ ပါရှိလေ၏။ ပထမဦးဆုံး  ကိုယ်အလိုရှိသည့် ဆေးလုံး အမျိုးအစားကို ပြောပြလိုက်ပြီးနောက် လိုအပ်သည့် ပါဝင်ပစ္စည်းများနှင့် ဝန်ဆောင်ခကို ရှင်းပေးရ၏။ အချိန်ခဏ အကြာတွင် ဆေးလုံးကို လာယူလို့ ရလေပြီ။

ကျင့်ကြံသူ အတန်းလိုက်ကြီးက ကိုယ်လိုအပ်သော ဆေးပင်များနှင့် အင်မော်တယ် ကျောက်များ ပါဝင်သော သိုလှောင်လက်စွပ်ကို ပေးရန် ကောင်တာ၌ တန်းစီနေကြသည်။ မိုဝူကျီက စိတ်လှုပ်ရှားစွာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ဤ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ပိုက်ဆံ အလုံးအရင်းလိုက် ဝင်ပေသည်။

“အစ်ကိုကြီး   ... ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဆေးတစ်သုတ်မှာ ငါးဆယ်ရာခိုင်နှုန်း ယူတယ်။ ပြီးတော့ ကျင့်ကြံသူတွေ ဘက်က အင်မော်တယ်ကျောက်နဲ့ ပေးချေရတယ်။

တကယ်လို့  အစ်ကိုကြီးက ဒီ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ဆေးလုံးဆရာ ဖြစ်လာရင်  ဆေးလုံးဆရာ အမှတ်အသားပြားကို အသုံးပြုပြီးတော့ ဝယ်ယူထားတဲ့ ဆေးပင်နဲ့ ဆေးလုံးတွေကို လျှော့ဈေးနဲ့ ရနိုင်တယ်။ ဆေးလုံးဘုရင် ဆိုရင် အဆင့်ပေါ် မူတည်ပြီးတော့  အင်မော်တယ်ဆေးပင် တစ်စုံလုံးကို အလကားတောင် ရတယ်တဲ့”

တုံ့ဟွားလုံက မိုဝူကျီနား ကပ်ကာ တီးတိုး ပြောလိုက်သည်။

ဒီလောက်တောင် ကောင်းတယ်လား …

မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့သို့ လာလိုက်ခြင်းမှာ ရွေးချယ်မှု မှန်ကန်သွားကြောင်း ခံစားမိသွားသည်။

တုံ့ဟွားလုံက  ဤနေရာ ရောက်လာဖူးသည်မှာ သေချာ၏။ သူက မိုဝူကျီကို စစ်ဆေးမှု နေရာဆီ မြန်မြန်ဆန်ဆန် ခေါ်သွားကာ

“အစ်ကိုကြီး ဒီမှာစာရင်းသွင်းလိုက်  ... စာရင်းသွင်းပြီးရင် စစ်ဆေးမှု အတွက် သွားလို့ ရပြီ”

စစ်ဆေးမှုအတွက် စာရင်း ပေးသွင်းသူမှာ များများစားစား မရှိချေ။ တုံ့ဟွားလုံကို အပြင်ဘက်၌ စောင့်ဆိုင်းနေစေပြီး မိုဝူကျီက စာရင်း ပေးသွင်းရန် သွားလိုက်သည်။

“ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ဆေးလုံးဆရာ ဖြစ်လာဖို့ ဘယ်နေရာမှာ စာရင်း ပေးသွင်းရမလဲ”

စာရင်းပေးသည့် နေရာ၌ ဆံဖြူ၊ မုတ်ဆိတ်ဖြူဖြင့် အဘိုးကြီး တစ်ဦးသာ ရှိပေသည်။ မိုဝူကျီ ဝင်လာပြီးနောက် ထိုလူအိုကြီးက တုံ့ပြန်မှု ရှိမလာပေ။ ထို့ကြောင့်  မိုဝူကျီက အရင်ဦးစွာ မေးလိုက်ရသည်။

မိုဝူကျီကို ခြုံငုံကြည့်ကာ   သာမန်ဖြစ်ကြောင်း သိရှိပြီးနောက် သူက ပြောလိုက်၏

“အင်း  ... ဆေးလုံးဆရာ စစ်ဆေးပွဲအတွက် စာရင်းပေးမယ်ဆိုရင် အရင်ဆုံး အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်းပေးဖို့ လိုတယ်”

“အဲလောက်တောင် ဈေးများတယ်လား”

မိုဝူကျီက မညည်းညူဘဲ မနေနိုင်တော့ချေ။ ဤ အဆင့်မြင့် အင်မော်တယ်ကျောက် ပမာဏမှာ သူ့အား ခေါင်းကိုက်စေရန် လုံလောက်ပေသည်။

“ဒါက ဈေးနှုန်းပဲ”

လူအိုကြီးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ မိုဝူကျီ၏ “ဈေးများတယ်”ဟူသော စကားကို သူက လုံးဝ လျစ်လျူရှု ထားလေ၏။

ထို့နောက် မိုဝူကျီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်  “အဲဆို ဒီဈေးက ဆေးလုံးဆရာ အဆင့် ဘယ်လောက် အတွက်လဲ”

မိုဝူကျီက ဤဈေးနှုန်းမှာ အဆင့် ၁ ဆေးလုံး အကြီးအမှူး စစ်ဆေးမှု အတွက်သာ ဖြစ်နေမည်ကို အလွန် စိုးရိမ်မိလာသည်။ အကယ်၍  ထိုသို့ဆိုပါက သူက အဆင့် ၄ ဆေးလုံးဘုရင် အထိ ရောက်စေရန် အဆင့်မြင့် အင်မော်တယ်ကျောက် လေးသိန်း သုံးရလိမ့်မည်။

လူအိုကြီးက မထူးမခြားနား ပြောလိုက်သည်။

“အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်းက စာရင်းသွင်းခပါ။ စစ်ဆေးပွဲ တစ်ခုကို နှစ်ရာချီမှ ကျင်းပတာပါ။ စစ်ဆေးပွဲ ကျင်းပရာ နေရာက ဆေးလုံး တာအိုဘုံမှာပါ။

စုစုပေါင်း ဆယ်ဆင့် ရှိပြီးတော့ ပထမအလွှာ ဖြတ်သွားနိုင်ရင် အဆင့်  ၁ ဆေးလုံး အကြီးအမှူး ဖြစ်တာနဲ့ တူညီပြီးတော့  ဒုတိယအလွှာ အောင်သွားရင် အဆင့် ၂ ဆေးလုံး အကြီးအမှူး ဖြစ်လာမှာပါ ... တစ်ဆင့်မှာ ကျတာနဲ့ ချက်ချင်း ပြန်ထုတ် ခံရပါလိမ့်မယ်”

မိုဝူကျီက စနစ်အကြောင်း နားလည်သွားပေ၏။ ဤအဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်းမှာ ဆေးလုံးဘုံထဲ ဝင်ခွင့်ပေးဖို့ရန် အတွက် ဖြစ်ပြီး သူ ရောက်ရှိသည့် အလွှာကို ဆေးလုံးဆရာ အဆင့် သတ်မှတ်ပေးမည် ဖြစ်၏။

“စီနီယာ အဲဆိုရင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ဆေးလုံးတာအိုဘုံတွေ အများကြီး ရှိမှာပေါ့”

လူအိုကြီးက မိုဝူကျီကို မသာမယာ ကြည့်လိုက်ပြီး အကယ်၍ အားလုံးက ထိုသို့ အဓိပ္ပာယ် မရှိသည်များ ရေရွတ်နေကြလျှင် သူက စာရင်းသွင်းဌာန၌ အလုပ်လုပ်ရန် ဆန္ဒမရှိ ဖြစ်လာမိတော့မည်။

“ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ဆေးလုံးတာအိုဘုံ တစ်ခုပဲ ရှိတယ်။ မင်းဘာသာ ဘယ်အင်မော်တယ် နယ်မြေက ဖြစ်ဖြစ် စစ်ဆေးပွဲအတွက် အဲထဲ ကူးပြောင်း ပို့ဆောင်ခံရမှာပဲ”

လူအိုကြီးက အတော်လေး မကြည်မလင် ဖြစ်နေသော်လည်း မိုဝူကျီ၏ မေးခွန်းကို ဖြေပေးသေး၏။

မိုဝူကျီက သံသယများ ပြေလည်သွား၏။ သူက မေးခွန်းများ ထပ်မမေးတော့ဘဲ  သိုလှောင်အိတ်ကို ထုတ်ကာ လူအိုကြီးဆီ ပေးလိုက်သည်

“ဒီထဲမှာ အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်း ပါပါတယ်။ ကျုပ် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ ဆေးလုံးဆရာ ဖြစ်လာဖို့ စာရင်း ပေးသွင်းချင်ပါတယ်”

သူ့စိတ်ထဲ၌ လူအိုကြီးမှာ မိုဝူကျီ’၏ ကပ်စေးကုပ်မှုကို ကျိန်ဆဲနေလေပြီ။ သူတို့ အင်မော်တယ် ကျောက်များကို သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းကြတာ မဟုတ်ဘူးလား။

ဒီတစ်ယောက်က သိုလှောင်အိတ်သာ သုံးလေ၏။

အင်မော်တယ် ကျောက်များကို လက်ခံပြီးနောက် သူက လုပ်နေကျ ပုံစံအတိုင်း မေးလိုက်သည်

“နာမည်။ အဆင့်အတန်း၊ မွေးရပ်”

“မိုဝူကျီ၊ နယ်လှည့်ကျင့်ကြံသူ၊ ချန်လောင် ...” မိုဝူကျီက အလွန်ရိုးရှင်းသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

လူအိုကြီးက မိုဝူကျီ၏ အကြောင်းအရာကို သန့်ရှင်းသော ကျောက်စိမ်းပြားပေါ်၌ ထိုးထွင်းကာ မိုဝူကျီဆီ ပေးလိုက်သည်

“ဒီဟာက မင်းကို ဆေးလုံး တာအိုဘုံထဲ ဝင်ခွင့်ပေးမဲ့ အမှတ်အသားပြားပဲ။ ထိပ်ဆုံးအထပ် အထိသာ တက်သွားလိုက်တော့ ...”

ထိုသို့ ပြောပြီးနောက် သူက မိုဝူကျီ မတည်ရှိတော့သည့် အလား ပြုမူကာ  ငေးမောသည့် အခြေအနေ ပြန်ရောက်သွားလေသည်။

မိုဝူကျီက များများစားစား ဂရုမစိုက်တော့ဘဲ ကျောက်စိမ်းပြားကို ယူ၍ ထိပ်ဆုံးအထပ် တက်လာလိုက်သည်။

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့တွင် အထပ်ပေါင်း ခုနစ်ထပ် ရှိ၏။ မိုဝူကျီ ခုနစ်ထပ်မြောက်ကို ရောက်သည်နှင့် တည်နေရာ အစီအရင် ဂိတ်တံခါး တစ်ခုကို မြင်လိုက်ရသည်။ မိုဝူကျီက ထိုအစီအရင် ဂိတ်တံခါးမှာ ဆေးလုံး တာအိုဘုံဆီ ဦးတည်နေသည့် လမ်းကြောင်း ဖြစ်ကြောင်း သိလိုက်သည်။

အခန်းအလယ်တွင် လူလတ်အရွယ် ကျင့်ကြံသူ နှစ်ယောက် ထိုင်နေပြီး အဝင်ဝတွင် ရပ်နေကြသည့် အမျိုးသမီး ကျင့်ကြံသူ နှစ်ယောက်လည်း ရှိပေသည်။ မိုဝူကျီ ဝင်လာသည်နှင့် ထိုအမျိုးသမီး ကျင့်ကြံသူ နှစ်ယောက်က ရိုရိုကျိုးကျိုး ဦးညွှတ်ကာ ဘေးဖယ် ပေးလိုက်ကြသည်။ ကမ္ဘာမြေက အထူးသီးသန့် အခန်းနှင့် အကြမ်းဖျင်း တူလေသည်။

လူလတ်အရွယ် ကျင့်ကြံသူ နှစ်ဦးက ထိုင်နေကြသော်လည်း မိုဝူကျီက သူတို့ဆီမှ ထွက်ပေါ်နေသော ဆေးအရှိန်အဝါများကို ချက်ချင်း ခံစားမိလိုက်သည်။ သူတို့နှစ်ဦးမှာ သေချာပေါက် ဆေးလုံးဆရာများသာ ဖြစ်ရမည်။

“စစ်ဆေးခံမဲ့ ဆေးလုံးဆရာ တွေက ကျောက်စိမ်းပြားကို အသုံးပြုပြီး ဒီထဲကို ဝင်နိုင်တယ်။ တကယ်လို့ ဒီကို ပြန်အပို့ ခံလိုက်ရပြီဆိုရင် စစ်ဆေးမှု ပြီးဆုံးသွားတာပဲ”

“တာအို ရောင်းရင်းတို့ကို ကျေးဇူးတင်ပါတယ်”

ရိုးရိုးရှင်းရှင်း ကျေးဇူးစကား ဆိုပြီးနောက် မိုဝူကျီက အစီအရင် ဂိတ်တံခါးထဲ တွေဝေခြင်းမရှိ ဝင်သွားကာ ခုနစ်ထပ်မြောက်မှ ပျောက်ကွယ် သွားတော့သည်။

မိုဝူကျီ ထွက်သွားသည်နှင့် လူလတ်အရွယ် ကျင့်ကြံသူက ခေါင်းခါရင်း ပြောလိုက်သည်။

“ဟူး   ... ဒီခေတ်ကလေးတွေက တော်တော် ရည်မှန်းချက် ကြီးကြတာပဲ။

ဒီလူငယ်လေးဆို အသက်လည်း အရမ်းမကြီးသေးဘူး။ ဆေးအနံ့လည်း စွဲကပ်မနေဘူး ပြီးတော့ သစ်သားဝိညာဉ်ကြောတောင် မရှိတာကို  သူ့ကိုသူ ဆေးလုံးဆရာ အဖြစ် လာဖြေရဲသေးတယ်”

“သူက အသက်မကြီး သေးပေမဲ့ အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်းကို ထုတ်ပေးနိုင်တယ် ဆိုတော့  ဂိုဏ်းအကြီးကြီးက ဂိုဏ်းသားပဲ နေလိမ့်မယ်”နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။

“မဟုတ်လောက်ဘူး”ပထမ ဆေးလုံးဆရာက နောက်တစ်ခါ ‌ခေါင်းယမ်းကာ

“သူ့ဝိညာဉ် စွမ်းအားက မသိသာဘူး ပြီးတော့ သူက ကျင်းရှန်း အစောပိုင်း အဆင့်လောက်ပဲ ရှိဦးမယ်။  အားကောင်းတဲ့ ဝိညာဉ်စွမ်းအား အငွေ့အသက် မရှိတဲ့ လူငယ် ကျင့်ကြံသူက ဒီလောက်အဆင့် ရောက်လာတာက  ဆေးလုံးတွေကြောင့်ပဲ နေမယ်။  အဲလိုဆိုရင် သူ့အနာဂတ်က ကန့်သတ်ချက် ရှိနေပြီဆိုတော့  ဂိုဏ်းအကြီးကြီတွေက တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူး။

ပြီးတော့  စူးခရာ အင်မော်တယ် မြို့ဟောင်းလို နေရာမျိုးမှာ အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်း ရဖို့က သိပ်မခက်ခဲပါဘူး”

***

မိုဝူကျီက သူ့ကို ရည်မှန်းချက် ကြီးလွန်းသည့်သူ အဖြစ် ထင်မြင် ခံနေရကြောင်း မသိပေ။ သူက  တူညီသော ခန်းမကျယ် တစ်ခုအတွင်း ရောက်နေပြီ ဖြစ်၏။ ခန်းမမှာ လေးထောင်သဏ္ဌာန် ဖြစ်ပြီး ဘေးတစ်ဖက် တစ်ချက်၌  ဆေးလုံး ဖော်စပ်ဖို့ရာ နေရာများ ရှိပေသည်။ ခန်းမအဆုံးတွင် မှောင်မိုက်သော အနက်ရောင်  ဂိတ်တံခါးဖြင့် ကာဆီးထား၏။

ခန်းမအလယ်တွင် စာလုံးအချို့ မျောလွင့်နေသည်။

“ဆေးလုံးတာအိုဘုံ တစ်လွှာ၊ အဆင့် ၁ ဆေးလုံးအကြီးအမှူး စစ်ဆေးမှု”

ဘေးဖက်ကိုယ်စီ၌ နေရာ၏ ၈၀ ရာခိုင်နှုန်းလောက်မှာ ပြည့်နေပြီ ဖြစ်ရာ   ဘာမှမမေးမြန်း ကြည့်ဘဲဖြင့် မိုဝူကျီက ထိုလူများမှာ သူနှင့်အတူတူ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ အသိအမှတ်ပြု လက်မှတ်ရရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိလိုက်သည်။

မိုဝူကျီ ဝင်လာသည့်အခါ မည်သူမှ အရေးမစိုက်နေပေ။ ဤနေရာတွင် စစ်ဆေးခံမည့် ဆေးလုံးဆရာများ ဆက်တိုက်  ရောက်လာသလို  လူများစွာလည်း ဆက်တိုက် ပြန်အပို့ ခံနေရသည်။ အားလုံးက စကြဝဠာ  နေရာအနှံ့မှ ရောက်လာကြခြင်း ဖြစ်ရာ တစ်ယောက် နာမည်ကို တစ်ယောက် ဂရုစိုက်နေစရာ မလိုအပ်ပေ။

မိုဝူကျီက နေရာတစ်ခုဆီ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ ထို့နောက် သူက ကျန်ရှိနေသော ဆေးလုံးဆရာများ ဆီမှ သင်ယူရင်း သူ့ကျောက်စိမ်းပြားကို နေရာရှေ့ မြောင်းထဲကို ထည့်လိုက်သည်။

ရုတ်ခြည်းဆိုသလို နောက်ဆေးလုံးဆရာ၏ ကျောက်စိမ်းပြားမှ တောက်ပလာသော အဖြူရောင်အလင်းကို မြင်လိုက်ရ၏။

မိုဝူကျီက ထိုလူ အောင်မြင်တာလား၊ ကျရှုံးတာလား စဉ်းစားနေစဉ်  အခန်းနောက်ဆုံးမှ တံခါးကြီး ပွင့်သွားသည်ကို မြင်လိုက်ရသည်။ ဆေးလုံးဆရာက သူ့တောက်ပနေသော ကျောက်စိမ်းပြားကို ယူကာ ထိုတံခါးအတွင်း စိတ်လှုပ်ရှားစွာ ပြေးဝင်သွားတော့သည်။

အားလုံးက သူ့အား အားကျမှုများဖြင့် ကြည့်လိုက်ကြသည်။ ဆေးလုံးတာအိုဘုံ တစ်လွှာမှ ထွက်သွားနိုင်ခြင်းသည် အဆင့်  ၁ ဆေးလုံး အကြီးအမှူးအဖြစ် အသိအမှတ် ပြုခံရသည်သာ ဖြစ်၏။ ဆေးလုံးဖော်စပ်ခြင်း အောင်မြင်သူများသာ သူ့ကျောက်စိမ်းပြားက လင်းလာပြီး တံခါးမှာ ပွင့်လာလိမ့်မည်။

အကယ်၍ ဆေးလုံးဖော်စပ်မှု ကျရှုံးသွားလျှင် သူက ချက်ချင်း တန်းပြန်ရောက်သွားမည် ဖြစ်၏။ အကယ်၍  တစ်ယောက်ယောက်က အတင်းကျပ်လုပ်၍ တံခါးထဲ ဝင်မည်ဆိုလျှင်လည်း ချက်ချင်း အပြင် ပြန်ထုတ်ခံရမည် ဖြစ်ကာ ရလဒ်က ကျရှုံးခြင်းသာ ဖြစ်၏။ အကယ်၍ လူနှစ်ယောက်က တစ်ပြိုင်တည်း အောင်မြင်ခဲ့လျှင် တစ်ယောက် ဝင်သွားပြီး တံခါးပြန်ပိတ် သွားလိမ့်မည်။ ထို့နောက် ဒုတိယအကြိမ်မြောက် ပြန်ပွင့်လာပြီး နောက်ဆေးလုံးဆရာက ဝင်သွားနိုင်မည် ဖြစ်ပေသည်။

ဒီလိုကိုး …

အခြေအနေကို နားလည် သွားပြီးနောက် မိုဝူကျီက  သူ့နေရာရှေ့မှ အဖြစ်အပျက်ကိုသာ အာရုံစိုက် ထားလိုက်တော့သည်။

မြောင်းဘေးတွင် ပြသရေး ပိတ်ကားချပ် တစ်ခု ပေါ်လာလေ၏။ ထိုပိတ်ကားပေါ်တွင် မေးခွန်းပေါင်း တစ်ရာ ရှိနေပြီး ထိုမေးခွန်းများ၌ တချို့က အင်မော်တယ် ဆေးပင်များ၏ နာမည်ကို ပြသထားပြီး  ဆေးပင်ပုံစံကို ရေးဆွဲခိုင်းခြင်း ဖြစ်ပေသည်။ တချို့က ဆေးပင်နာမည် ပေးထားပြီး ဆေးပင်၏ သီးသန့်ပင်ကို ဝိသေသအကြောင်း ချရေးခိုင်းခြင်း ဖြစ်၏။ အင်မော်တယ် ဆေးပင်၏ ပုံစံကို ပြသထားပြီး နာမည်နှင့် ဝိသေသအကြောင်း ရေးခိုင်းထားသည်လည်း ပါဝင်ပေ၏။

မိုဝူကျီအတွက် ထိုမေးခွန်းများမှာ အလွန်တရာ လွယ်ကူလှသည်။ ထိုစဉ် သူက  ဟန်ချင်းရုကို အရမ်း ကျေးဇူးတင် မိသွားသည်။ အကယ်၍ ဟန်ချင်းရုက သူ့အား ချောင်မူရှစ် စာအုပ်ကို မပေးခဲ့လျှင်  သူက အင်မော်တယ် ဆေးပင်များကို ထိုမျှ နှံ့နှံ့စပ်စပ် သိလာမည် မဟုတ်ပေ။

ထိုမေးခွန်းများကို ဖြေဖို့ရာက အလွန် လွယ်ကူရာ သူက စိတ်စွမ်းအားကို သုံး၍ စာလုံးများနှင့် ပုံများကို ရေးလိုက်ရန်သာ လိုအပ်သည်။ အမွေးတိုင် တစ်ဝက်စာခန့်တွင် မိုဝူကျီက မေးခွန်း တစ်ရာလုံး ဖြေပြီးသွားလေပြီ။

မိုဝူကျီက နောက်ဆုံးမေးခွန်းကို ဖြေပြီးသောအခါ ပိတ်ကား၌ အစိမ်းရောင် အရွက်လေး ပေါ်လာသည်။ ထို့နောက် ဒုတိယအကြိမ် စစ်ဆေးမှု စတင်ရာ အင်မော်တယ်ကျောက်စိမ်း ဆေးလုံးကို ဖော်စပ်ခိုင်းခြင်း ဖြစ်၏။ ဆေးလုံး အရေအတွက်၏ ၅၀ ရာခိုင်နှုန်းမှာ အလယ်အလတ် အဆင့်နှင့် အထက် ရှိရပေမည်။ ထိုသို့ ပြပြီးသည်နှင့် ဆေးပင်များက မိုဝူကျီရှေ့ ရောက်ရှိလာသည်။

အရမ်းလွယ်ကူ လွန်းနေသည်။ မိုဝူကျီက အင်မော်တယ်ကျောက်စိမ်း ဆေးလုံးကို တစ်ခါမှ မဖော်စပ် ဖူးသော်လည်း သူ့အင်မော်တယ် ကျောက်စိမ်းဆေးလုံး အားလုံးမှာ ပြိုင်ဘက်ကင်း အဆင့် ဖြစ်ပေသည်။

သန့်စင်ခြင်း၊ မွမ်းမံခြင်း၊ အဆီအနှစ်များ ထုတ်ယူခြင်း၊ အဆီအနှစ်များ ခွဲထုတ်ခြင်း၊ ဆေးလုံး ဖြစ်တည်လာခြင်း၊ ဆေးလုံး ခွဲထုတ်ခြင်း …

မိုဝူကျီ တစ်ကြိမ်လျှင် တစ်ခါမျှသာ လုပ်ပြီး နှောင့်နှေးနေခြင်း မရှိပေ။ အမွေးတိုင် တစ်ဝက်စာအတွင်း ပြိုင်ဘက်ကင်း ဆေးလုံး တစ်သုတ်စာက ဆေးမီးဖိုအတွင်း ပေါ်လာခဲ့သည်။ မိုဝူကျီက ဆေးလုံးများကို ထားပေးထားသည့် ကျောက်စိမ်းပုလင်းထဲ ထည့်လိုက်ပြီးနောက် ကူးသန်းရေး အစီအရင် သင်္ကေတအပေါ် တင်ပေးလိုက်သည်။

ကျောက်စိမ်းပုလင်း ပါသွားသည်နှင့် မိုဝူကျီ၏ ကျောက်စိမ်းပြားမှ အလင်းများ ထွက်ပေါ်လာသည်။ ထို့နောက် နှစ်လွှာသို့ ဦးတည်နေသည့် တံခါးအနက်ကြီး ပွင့်သွားလေ၏။

မိုဝူကျီက ကျောက်စိမ်းပြားကို ယူကာ တံခါးဆီသာ သွားလိုက်တော့သည်။

မိုဝူကျီ ပျောက်ကွယ်သွားပြီးနောက် တစ်လွှာရှိ အခြား ဆေးလုံးဆရာများက တုံ့ပြန်လိုက်ကြသည်။

“အမွေးတိုင် တစ်တိုင်စာပဲ ကြာလိုက်တာ မလား၊  သူက အဆင့် ၁ ဆေးလုံး အကြီးအမှူးကို ဒီလို ပြီးသွားတာလား။  သူက ဆေးလုံး ဘုရင်များလား   ...”

“ဆေးလုံးဘုရင်တောင် ဒီလောက်မမြန်ဘူး။ သူ့အဆင့် ၁ အင်မော်တယ် ဆေးလုံးရဲ့ အရည်အသွေးကို သိချင်မိသား ...”

***

All Chapters